← Chapters

မျှော်လင့်ချက်မဲ့စွာ ခုခံခြင်း

Vol. 57 Ch. 841

မျှော်လင့်ချက်မဲ့စွာ ခုခံခြင်း

Vol. 57 Ch. 841

ရှုန်းမော့တောင်ကြားသည်

လက်ရှိခေတ်ကာလ၏ ထိပ်တန်းဂိုဏ်းကြီးတစ်ခုအနေဖြင့် အလွန်ကျယ်ပြန့်သော ဧရိယာကို ပိုင်ဆိုင်ထားပြီး မိုင်ပေါင်းသန်းချီသော နယ်မြေကို အုပ်စိုးထားကာ အင်အားကြီးသူများကို အဆက်မပြတ် မွေးထုတ်ပေးလျက်ရှိသည်။

ယခုအချိန်တွင်

ရှုန်းမော့တောင်ကြား၏ ခန်းမဆောင်ကြီးအတွင်း၌...

အစောင့်အဖြစ် ကျန်ရစ်ခဲ့သော အကြီးအကဲများသည် ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြသည်။

"အမှန်တရား စစ်ဆေးပွဲ အခြေအနေ ဘယ်လိုရှိလဲ သိချင်မိတယ်၊ သခင်လေးကို သတ်သွားတဲ့ အဲဒီကောင်လေးကို လက်စဖျောက်ပြီးပြီလား မသိဘူး"

ထိပ်ဆုံးခုံတွင် ထိုင်နေသော အကြီးအကဲတစ်ဦးသည် မေးလိုက်သည်။

"ဟား... မဟာအကြီးအကဲက ပူပန်လွန်းနေပါပြီ၊ ဘိုးဘေးကိုယ်တိုင် ကျင့်ကြံနေတာက ထွက်လာပြီပဲလေ၊ ပြီးတော့ သွေးကွန်ရက်တောင်က ထူးချွန်တဲ့ တိုက်ရိုက်တပည့်တွေလည်း အများကြီး ပါသွားသေးတာဆိုတော့ အဲ့ဒီ ကောင်လေးတစ်ယောက်တည်းကို ရှင်းပစ်ဖို့က လွယ်လွယ်လေးပါ"

အခြားအကြီးအကဲတစ်ဦးက ရယ်မောကာ ပြောလာသည်။

ခန်းမထဲရှိ အကြီးအကဲအားလုံးလည်း ခေါင်းညိတ်ထောက်ခံလိုက်ကြသည်။

"ငါကဝောာ့ ဘာလို့ အဲ့ဒီလောက် အခမ်းအနားကြီးတွေ လုပ်နေမလဲလို့ပဲ သိချင်တယ်၊ ငါသာဆိုရင် ကိုယ်တိုင်သွားပြီး အဲ့ဒီကောင်စုတ်လေးကို ဖမ်းမှာ ဒါဆို ကိစ္စပြီးနေပြီ"

မုတ်ဆိတ်မွေးနှင့် အကြီးအကဲက မထီမဲ့မြင် ပြောလာသည်။

သူသည် ယခင်ကတည်းက ဘိုးဘေးအနေဖြင့် ဤကိစ္စသေးသေးလေးအပေါ် အလွန်အကျွံ လုပ်ဆောင်နေသည်ဟု ခံစားရသူဖြစ်သည်။

၎င်းသည် ကျင့်ကြံမှုအဆင့် အနည်းငယ်ရှိရုံမျှသာရှိသော လူငယ်လေး တစ်ယောက်သာ မဟုတ်ပါလား

သူ့မှာ ဘယ်လောက်တောင် ထူးခြားတဲ့ စွမ်းရည်တွေ ရှိနေနိုင်မှာမို့လို့လဲ

အဲ့ဒီကိုသွားပြီး ဖမ်းလိုက်တာနဲ့ ကိစ္စက ပြီးပြတ်သွားမှာပဲလေ

အမှန်တရား စစ်ဆေးပွဲတွေ ဘာတွေ လုပ်နေစရာကို မလိုတာ...

ကျန်ရှိသော အကြီးအကဲများသည် ဤမုတ်ဆိတ်မွေးနှင့် အကြီးအကဲမှာ စိတ်ဆတ်မှန်း သိကြသော်လည်း သူ၏ ကျင့်ကြံမှုအဆင့်မှာ ရှုန်း‌မော့တောင်ကြားတွင် ဘိုးဘေးပြီးလျှင် ထိပ်တန်းအဆင့် ရှိသူဖြစ်သည်။

အကြီးအကဲများ ခန်းမထဲတွင် အားပါးတရ ဆွေးနွေးနေကြစဉ်...

ရုတ်တရက်ဆိုသလို အပြင်ဘက်မှ ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာသည်။

ခန်းမထဲရှိ အကြီးအကဲအားလုံး၏ မျက်နှာများ မည်းမှောင်သွားကြသည်။

"အပြင်မှာ ဘာတွေ ဆူညံနေကြတာလဲ"

မဟာအကြီးအကဲက တင်းမာစွာ မေးလိုက်သည်။

တပည့်တစ်ဦးသည် အပြင်ထွက်ကြည့်ရန် ပြင်လိုက်စဉ်မှာပင်...

ခန်းမတံခါးကြီးသည် ပွင့်ဟသွားပြီး ချွေးများရွှဲစိုကာ ထိတ်လန့်တုန်လှုပ်နေသော တပည့်တစ်ဦးသည် အပြေးအလွှား ဝင်ရောက်လာသည်။

"အကြီးအကဲတို့... အရမ်းဆိုးရွားတဲ့ ကိစ္စကြီး ဖြစ်ပျက်သွားခဲ့ပါတယ်"

မဟာအကြီးအကဲ၏ မျက်နှာသည် ရေပြင်ကဲ့သို့ တည်ငြိမ်နေဆဲဖြစ်သည်။

"ထိတ်လန့်နေလို့ ဘာမှမထူးဘူး၊ ဘာဖြစ်တာလဲ သေချာ ဖြည်းဖြည်းချင်း ပြောစမ်း"

သူသည် လက်ဖက်ရည်ခွက်ကို မကာ တစ်ငုံ သောက်လိုက်သည်။

သို့သော် နောက်တခဏအတွင်ပင် သူသောက်လိုက်သော လက်ဖက်ရည်များ ပြန်ထွက်ကုန်သည်။

အဘယ်ကြောင့်ဆို တပည့်ဖြစ်သူက တုန်တုန်ယင်ယင်ဖြင့် ပြောလိုက်သော စကားကြောင့်ဖြစ်သည်။

"ဘိုး... ဘိုးဘေးက အမှန်တရား စစ်ဆေးပွဲမှာ ကျဆုံးသွားပါပြီ"

"ဘာပြောလိုက်တယ်"

ခန်းမကြီးထဲရှိ အကြီးအကဲများအားလုံး ရုတ်တရက် မတ်တပ်ရပ်လိုက်ကြပြီး မျက်နှာများတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။

မဟာအကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"ဘာတွေဖြစ်ခဲ့တာလဲ၊ သွေးကွန်ရက်တောင်က လူတွေ လက်ချက်လား"

သူ့စိတ်ထဲတွင် ရှုန်း‌မော့ဘိုးဘေးကို သတ်နိုင်သူမှာ သွေးကွန်ရက်တောင်မှ လူများသာ ရှိနိုင်မည်ဟု တွေးထားသည်။

သို့သော် တပည့်ဖြစ်သူက ခါးသီးစွာ ပြုံးကာ ခေါင်းခါပြသည်။

"မဟုတ်ဘူး၊ အခုဆို သွေးကွန်ရက်တောင်လည်း မရှိတော့ပါဘူး"

ဤစကားကို ကြားလိုက်ရသောအခါ ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြီး ဆူညံ့သံများ ထွက်ပေါ်လာသည်။

"ယုတ္တိမရှိလိုက်တာ"

"ပေါက်ကရတွေ၊ မင်း ရူးနေတာလား"

မုတ်ဆိတ်မွေးနှင့် အကြီးအကဲလည်း ပေါက်ကွဲလာတော့သည်။

"ကောင်လေး... မင်းပါးစပ်က အမှိုက်စကားတွေပဲ ထွက်နေပါလား၊ ငါတို့ရဲ့ ဘိုးဘေးကြီးက ဘယ်လိုလုပ် ကျဆုံးနိုင်မှာလဲ၊ ပြီးတော့ အဓိကဂိုဏ်းကြီးတစ်ခုဖြစ်တဲ့ သွေးကွန်ရက်တောင်က ဘယ်လိုလုပ် မရှိတော့တာ ဖြစ်နိုင်မှာလဲ"

တပည့်ဖြစ်သူမှာ မျက်ရည်ကျလုမတတ် ဖြစ်နေရှာသည်။

"တပည့်က ဒီလိုကိစ္စမျိုးကို နောက်ပြောင်ရဲပါ့မလဲ၊ ဒါ အမှန်တရားပါ"

"ဒါဆို ဘိုးဘေးရော သွေးကွန်ရက်တောင်ကိုပါ ဖျက်ဆီးပစ်နိုင်တဲ့ စွမ်းအားကို ဘယ်သူက ပိုင်ဆိုင်ထားလို့လဲ"

မဟာအကြီးအကဲက မယုံကြည်နိုင်သော မျက်နှာထားဖြင့် တင်းမာစွာ မေးလိုက်သည်။

တပည့်ဖြစ်သူက အသက်ပြင်းပြင်းရှူလိုက်သည်။

"အဲ့လူက သခင်လေးကို သတ်ခဲ့တဲ့ ရွှယ်အန်းပဲ"

"ဘာ"

ခန်းမကြီးထဲရှိ အကြီးအကဲအားလုံး အံ့အားသင့်သွားကြပြီး မယုံကြည်နိုင်မှုများ မျက်နှာပေါ်တွင် အထင်းသားဖြစ်နေသည်။

"ဒါ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ၊ ရွှယ်အန်းက ပါရမီရှင်တစ်ယောက် ဖြစ်နေရင်တောင် သွေးကွန်ရက်တောင်က ဒီလောက်များတဲ့ စွမ်းအားရှင်တွေကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ"

မုတ်ဆိတ်မွေးနှင့် အကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။

တပည့်ဖြစ်သူမှာ ကြောက်လန့်တကြား မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားပြီးမှ တစ်စုံတစ်ခုကို သတိရသွားကာ ကျောက်စိမ်းပြားတစ်ခုကို ကမန်းကတန်း ထုတ်လိုက်သည်။

"ဒီတပည့်က ရှင်းရှင်းလင်းလင်း မပြောပြတတ်ပါဘူး၊ ဒါပေမဲ့ ဖြစ်စဉ်တစ်ခုလုံးကို ရေကြည့်မှန်ကျင့်စဥ်နဲ့ မှတ်တမ်းတင်ထားပါတယ်၊ ကြည့်ကြပါ အကြီးအကဲတို့"

မဟာအကြီးအကဲသည် ကျိန်ဆဲပြီး ရှေ့တိုးကာ ကျောက်စိမ်းပြားကို ယူလိုက်ပြီး လျှို့ဝှက်နည်းပညာကို အသက်သွင်းလိုက်သည်။

ခန်းမနံရံပေါ်တွင် ကြီးမားသော ရေ ကြည့်မှန်ပြင်ကြီး ပေါ်လာသည်။

အကြီးအကဲအားလုံး အာရုံစိုက် ကြည့်ရှုလိုက်ကြသည်။

အစပိုင်းတွင် အကြီးအကဲများသည် တပည့်ဖြစ်သူ တစ်စုံတစ်ခုကြောင့် လန့်ဖျပ်ပြီး ပေါက်ကရ လျှောက်ပြောနေသည်ဟု ထင်ကာ ပေါ့ပေါ့ပါးပါး ဖြစ်နေကြသေးသည်။

သို့သော် ရေကြည့်မှန်ပေါ်မှ မြင်ကွင်းများ ပေါ်လာသည်နှင့်အမျှ အကြီးအကဲများ၏ မျက်နှာမှ အပြုံးများလည်း တဖြည်းဖြည်း တောင့်တင်းသွားသည်။

အထူးသဖြင့် ရွှယ်အန်းသည် ရှုန်းမော့ဘိုးဘေးကို ဓားချက်တစ်ချက်တည်းဖြင့် သတ်ဖြတ်လိုက်သည်ကို မြင်သောအခါ အကြီးအကဲအားလုံး ကြက်သေသေပြီး မျက်နှာအရောင်များ ပြောင်းသွားကြသည်။

"ဘိုးဘေး"

"ဆရာသခင်"

ထိတ်လန့်တကြား အော်ဟစ်သံများ ဆက်တိုက် ထွက်ပေါ်လာသည်။

သို့သော် ချက်ချင်းပင် နောက်ဆက်တွဲ မြင်ကွင်းများသည် သူတို့အမြင်ကို ဖမ်းစားသွားပြန်ရာ မှင်သက်စွာ ဆက်လက်ကြည့်ရှုနေမိကြသည်။

ရေကြည့်မှန်ပြင်မှ မြင်ကွင်းများအားလုံး ပြီးဆုံးသွားသောအခါ ခန်းမကြီးတစ်ခုလုံးသည် သင်္ချိုင်းကုန်းတစ်ခုပမာ တိတ်ဆိတ်သွားသည်။

အကြီးအကဲအားလုံး၏ မျက်နှာတွင် ထိတ်လန့်ကြောက်ရွံ့မှုများ အထင်းသား ပေါ်နေသည်။

မှတ်တမ်းထဲတွင် ရွှယ်အန်း ပြသခဲ့သော စွမ်းအားမှာ အံ့မခန်း လွှမ်းမိုးနိုင်လွန်းသည်။

သူသည် တောင်တန်းများကို ဓားအဖြစ်အသုံးပြုပြီး အင်မော်တယ်သခင်တစ်ယောက်ကိုတောင် ချေမှုန်းပစ်လိုက်သည်။

မဖြစ်နိုင်သလောက်ရှိသော ဤစွမ်းဆောင်ရည်များအားလုံးသည် ငယ်ရွယ်ပုံရသော ထိုလူငယ်၏ လက်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။

ဤအချက်အလက်များသည် အကြီးအကဲများကို ကြောက်ရွံ့စေခဲ့သည်။

မကြာမီကမှ မာန်မာနထောင်လွှားနေသည့် မဟာအကြီးအကဲမှာ ယခုအခါ မျက်နှာများ ဖြူရော်နေပြီး ချွေးများ စိုရွှဲကာ တစ်ကိုယ်လုံး တုန်ယင်နေသဖြင့် စကားပင် မပြောနိုင်တော့ချေ။

လူတိုင်း၏ မျက်လုံးများသည် မဟာအကြီးအကဲထံသို့ ရောက်ရှိသွားသည်။

ယခု ဘိုးဘေး ကျဆုံးသွားပြီဖြစ်သောကြောင့် ၎င်းသည် ရှုန်းမော့တောင်ကြားတွင် ဝါအရင့်ဆုံးနှင့် အာဏာအရှိဆုံး ပုဂ္ဂိုလ် ဖြစ်လာခဲ့သည်။

မဟာအကြီးအကဲမှာ မျက်နှာဖြူရော်နေသော်လည်း စိတ်ကို အတတ်နိုင်ဆုံး တည်ငြိမ်အောင် ထိန်းထားလိုက်သည်။

သူသည် ခေတ္တမျှ တုံ့ဆိုင်းနေပြီးမှ ခါးသီးစွာ ပြောလိုက်သည်။

"ဘိုးဘေးရော သခင်လေးပါ ဒီလူ့လက်ချက်နဲ့ သေဆုံးခဲ့ရပြီ၊ ငါတို့နဲ့ သူ့ကြားက ရန်ငြိုးက ဖြေဖျောက်လို့ မရတော့ဘူး၊ ပြီးတော့ အဲ့ရွှယ်အန်းက ဒီလောက်နဲ့ ရပ်တန့်မယ့် ပုံမပေါ်ဘူး၊ ဂိုဏ်းတံခါးတွေကို ပိတ်ပြီး တောင်ကာကွယ်ရေး အစီအရင်ကို ဖွင့်ဖို့ အမိန့်ပေးလိုက်ကြ၊ ငါတို့ အခွင့်ကောင်းကို စောင့်ကြတာပေါ့"

တောင်ကာကွယ်ရေး အစီအရင် ဆိုသည့်အသံကို ကြားလိုက်ရမှသာ ခန်းမကြီးထဲရှိ အကြီးအကဲများ၏ မျက်နှာသည် အနည်းငယ် ကောင်းမွန်လာကြသည်။

"ဟုတ်တယ်... တောင်ကာကွယ်ရေး အစီအရင်ကို ဖွင့်ကြစို့"

"ရွှယ်အန်းက ဘယ်လောက်ပဲ အစွမ်းထက်ထက် ငါတို့ ရှုန်းမော့တောင်ကြားက နှစ်ထောင်ပေါင်းများစွာ စုဆောင်းထားတဲ့ နဂါးစွမ်းအင်တွေကိုတော့ ဖျက်ဆီးနိုင်မယ်လို့ ငါမယုံဘူး"

ဤစကားများက အကြီးအကဲအားလုံး၏ စိတကို ပြန်လည်နိုးကြားစေခဲ့ပြီး ပြင်ဆင်မှုများကို ချက်ချင်း စတင်ကြတော့သည်။

မကြာမီတွင်

မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော ရှုန်းမော့တောင်ကြား နယ်မြေတစ်ခုလုံး လှုပ်ရှားလာသည်။

မရေမတွက်နိုင်သော တပည့်များသည် တောင်ကာကွယ်ရေး အစီအရင်ကို စတင်ရန် နေရာယူလိုက်ကြသည်။

ရှုန်းမော့တောင်ကြား စတင်တည်ထောင်ကတည်းက ဤတောင်ကာကွယ်ရေး အစီအရင်ကို တည်ဆောက်ထားခဲ့ခြင်း ဖြစ်သည်။

ပုံမှန်အားဖြင့် ၎င်းကို အသက်မသွင်းဘဲ ထားလေ့ရှိပြီး အစီအရင်၏ လမ်းကြောင်းများသည် မြေကြီးအောက်ထိ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက်ကာ မိုင်ပေါင်းထောင်ချီ ပတ်လည်မှ မြေကမ္ဘာစွမ်းအင်များကို စုပ်ယူလျက် လိုအပ်လာမည့်နေ့ရက်အတွက် တိတ်တဆိတ် ပြင်ဆင်နေခဲ့သည်။

ထိုရက်မှာ ယနေ့ပင် ဖြစ်သည်။

ဤသည်မှာ တောင်ကာကွယ်ရေး အစီအရင်ကို အပြည့်အဝ အသက်သွင်းလိုက်သော ပထမဆုံးအကြိမ် ဖြစ်သည်။

ရုတ်တရက်ဆိုသလို ထူထဲသော မြေဝါရောင် စွမ်းအင်များသည် ရှုန်းမော့တောင်ကြား တစ်ခုလုံးကို လွှမ်းခြုံသွားသည်။

နှစ်ပေါင်းထောင်ချီ စုဆောင်းထားသော အားကောင်းလှသည့် နဂါးစွမ်းအင်များက ရှောင်မိုတောင်ကြားကို ကာကွယ်ပေးထားသည်။

ဤမြင်ကွင်းကို မြင်လိုက်ရသောအခါမှ ရှုန်းမော့တောင်ကြားရှိ လူများလည်း စိတ်သက်သာရာရသွားကြပြီး ယခုဆိုလျှင် စိတ်အေးလက်အေး နေနိုင်ပြီဟု ယုံကြည်လိုက်ကြသည်။

ထိုအချိန်တွင် ရှုန်းမော့တောင်ကြား၏ လှုပ်ရှားမှုသတင်းသည် နေရာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားသည်။

ဂိုဏ်းအများအပြားနှင့် အထက်တန်းလွှာ မိသားစုများသည် ဤအခြေအနေကို တိတ်တဆိတ် စောင့်ကြည့်ချင်စိတ် ဖြစ်ပေါ်လာကြသည်။

ရွှယ်အန်းသည် ကျင့်ကြံရာမှ ထွက်လာပြီးနောက် ရှုန်းမော့တောင်ကြားကို မည်သို့ ကိုင်တွယ်မည်ကို သူတို့အားလုံး သိချင်နေကြသည်။

ရွှယ်အန်းသာ အခက်အခဲနှင့် ရင်ဆိုင်ရသည့်အခါ နောက်ဆုတ်သွားမည်လား ဆိုတာကိုလည်း သိချင်သည်။

လူအများသည် ထိုသို့တူညီစွာ တွေးတောနေကြသည်။

ဤအခြေအနေများအောက်တွင်...

သုံးရက်ဟူသော အချိန်ကာလသို့ အမြန်ရောက်ရှိလာခဲ့လေသည်။

All Chapters