← Chapters

ကမ္ဘာတစ်ခုလုံး၏ အာရုံစိုက်မှု

Vol. 57 Ch. 844

ကမ္ဘာတစ်ခုလုံး၏ အာရုံစိုက်မှု

Vol. 57 Ch. 844

ရှုန်းမော့တောင်ကြားသည် မူလနယ်မြေရှိ သွေးကွန်ရက်တောင်နှင့် အလွန် ဝေးကွာလှသည်။

အကယ်၍ ရွှယ်အန်းသာ ယခင်ကဲ့သို့ ရွှေအင်မော်တယ်အဆင့်သာ ရှိသေးချိန်ဆိုလျှင် ထိုနေရာသို့ သွားရန် သုံးရက်ခန့် ကြာမြင့်ပေလိမ့်မည်။

သို့သော် ယခုအခါ စစ်မှန်အင်မော်တယ်တစ်ပိုင်းအဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်ရာ ရွှယ်အန်း၏ အင်အားသည် ဆယ်ဆမက တိုးပွားလာခဲ့ပြီး သူ၏ ခရီးနှင်သည့် အရှိန်နှုန်းသည်လည်း အံ့မခန်း တိုးတက်လာခဲ့သည်။

သူ၏ အရိပ်သည် ဖျပ်ခနဲ လှုပ်ရှားလိုက်ရုံဖြင့် ကီလိုမီတာ ထောင်ပေါင်းများစွာကို ဖြတ်ကျော်နိုင်သည်။

သူ့ အရှိန်နှုန်းသည် မြန်ဆန်လွန်းသဖြင့် လေထုကိုပင် ပေါက်ကွဲစေပြီး သူဖြတ်သန်းသွားရာလမ်းကြောင်းတွင် အလင်းတန်းရှည်ကြီး ကျန်ရစ်ခဲ့လေသည်။

သူဖြတ်ကျော်သွားရာ လမ်းတစ်လျှောက်ရှိ ဂိုဏ်းများနှင့် အထက်တန်းလွှာ မိသားစုများအားလုံး တုန်လှုပ်သွားကြပြီး ကောင်းကင်ယံသို့ မော့ကြည့်ကာ အံ့သြမှင်သက်နေကြသည်။

"ဘယ် နတ်ဘုရားအဆင့် အကြီးအကဲကများ ဒီလောက် ခမ်းခမ်းနားနားနဲ့ ခရီးနှင်နေတာပါလိမ့်"

ထိုသို့ တီးတိုးဆွေးနွေးသံများကြားတွင် ရှုန်းမော့တောင်ကြားသည် တဖြည်းဖြည်း နီးကပ်လာခဲ့လေသည်။

ယခုအချိန်တွင်...

ရှုန်းမော့တောင်ကြား အတွင်းရှိ ဧည့်သည်များသည် ခန်းမဆောင်ကြီးတွင် ပြည့်နှက်နေပြီး ပတ်ဝန်းကျင်တစ်ခုလုံး စည်ကားသိုက်မြိုက်နေသည်။

ခန်းမဆောင်ကြီး အတွင်း၌

အနောက်ပိုင်းဒေသ ဝေ့မိသားစုမှ ကျွမ်းကျင်သူ အများအပြားသည် ရှုန်းမော့တောင်ကြားမှ အကြီးအကဲများနှင့် စုဝေးကာ ကိစ္စရပ်များကို ဆွေးနွေးနေကြသည်။

မုတ်ဆိတ်မွေးနှင့် တင်းမာသောမျက်နှာထားရှိသည့် ဝေ့မိသားစု အကြီးအကဲတစ်ဦးသည် အေးစက်စွာ ပြောလိုက်သည်။

"ကျုပ်တို့ ဝေမိသားစုရဲ့ ခေါင်းဆောင်ရော၊ သခင်လေးပါ ဒီရွှယ်အန်း လက်ချက်နဲ့ သေဆုံးခဲ့ရတယ်၊ သူ ဒီလို လုပ်ရပ်မျိုး လုပ်မှတော့ ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်တာ ခံရလိမ့်မယ်"

ရှုန်းမော့တောင်ကြား၏ မဟာအကြီးအကဲသည်လည်း ထိုစကားကိုကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။

"ဝေ့ညီအစ်ကို ပြောတာ မှန်ပါတယ်၊ ရွှယ်အန်းရဲ့ မာန်မာနထောင်လွှားမှုက နောက်ဆုံးကျရင် သူ့ဆီ ပြန်ပြီး အကျိုးသက်ရောက်ပါလိမ့်မယ်"

အားလုံးက သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။

သို့သော် ထိုအချိန်တွင် အမုန်းတရားများ ပြည့်နှက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

"အဲ့ဒီလို ပြောပေမယ့် ရွှယ်အန်းက သာမန်လူ မဟုတ်ဘူး၊ ကျုပ်တို့သာ မပူးပေါင်းဘဲ သူ့ကို အတူတူ မချေမှုန်းကြရင် ကံဆိုးမိုးမှောင်ကျမယ့်သူတွေက ဒီရောက်နေတဲ့ လူတွေအားလုံး ဖြစ်သွားနိုင်တယ်"

အားလုံး၏ မျက်လုံးများက ထိုအသံရှိရာသို့ ရောက်သွားကြသည်။

ပြောလာသူမှာ တန်းစီရပ်နေကြသော လူအုပ်၏ နောက်ဆုံးတွင် ရပ်နေသည့် အမျိုးသမီးတစ်ဦးဖြစ်သည်။

သူမသည် အနောက်ပိုင်းဒေသ ဟွာယုနတ်ကျောင်း၏ ရွှေ့မင်မှလွဲ၍ အခြားသူ မဟုတ်ပေ။

ယခုအချိန်တွင် သူမ၏ နှလုံးသားတစ်ခုလုံး အမုန်းတရားများဖြင့် ဖုံးလွှမ်းနေသည်။

အဘယ်ကြောင့်ဆို လွန်ခဲ့သော သုံးရက်က ရွှယ်အန်းသည် သွေးကွန်ရက်တောင်ကို မြေလှန်ပစ်ပြီး အင်မော်တယ်သခင်ကို သတ်ဖြတ်လိုက်သည်အား သူမ ကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်သည်။

ထိုစဉ်က သူမသည် ကြောက်လန့်လွန်းသဖြင့် လိပ်ပြာလွင့်မတတ် ဖြစ်ခဲ့ရပြီး အနောက်ပိုင်းဒေသရှိ ဂိုဏ်းများဆီသို့ ချက်ချင်း ထွက်ပြေးခဲ့သည်။

သို့သော် သူမ မမျှော်လင့်ထားခဲ့သည်မှာ ဟွာယုနတ်ကျောင်းသို့ ပြန်ရောက်သောအခါ ဂိုဏ်းတံခါးဝကိုပင် ဝင်ခွင့်မရခဲ့ခြင်း ဖြစ်သည်။

သူမ၏ လုပ်ရပ်များကို ဟွာယုနတ်ကျောင်းမှ သိရှိပြီးဖြစ်ကာ ဂိုဏ်းချုပ်နှင့် အကြီးအကဲများအားလုံး ထိုသတင်းကြောင့် ဒေါသတကြီး တုန်လှုပ်နေခဲ့ကြသည်။

အကြောင်းမှာ ရွှေ့မင်သည် ရွှယ်အန်းကို အမှန်ပင် ပြစ်မှား စော်ကားခဲ့သောကြောင့်ဖြစ်သည်။

အခု ရွှယ်အန်းကို ဘယ်သူလို့ထင်လဲ

သူသည် ကွေ့ယီ၏ နံပါတ်တစ် ဂိုဏ်းကြီးဖြစ်သော သွေးကွန်ရက်တောင်ကို နင်းခြေခဲ့ပြီး အင်မော်တယ်သခင်အဆင့်ကိုပင် သတ်ဖြတ်ခဲ့သော ပြိုင်ဘက်ကင်း စွမ်းအားရှင် တစ်ဦးဖြစ်သည်။

ထိုကဲ့သို့သော ပုဂ္ဂိုလ်မျိုးကို ဟွာယုနတ်ကျောင်းလို သေးငယ်သော ဂိုဏ်းလေးက ရန်စရန် မတတ်နိုင်ချေ။

ထို့ပြင် ဟွာယုနတ်ကျောင်းမှ ဂိုဏ်းချုပ်နှင့် အကြီးအကဲများသည် အဖြစ်မှန်ကို သေချာ စိစစ်ကြည့်လိုက်သောအခါ ဒေါသကြောင့် ပေါက်ကွဲလုနီးပါး ဖြစ်သွားကြသည်။

သွေးကွန်ရက်တောင်သို့ သွားရာလမ်းတွင် ရွှေ့မင်နှင့် သူမ၏ အပေါင်းအပါများသည် ရွှယ်အန်းနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

အကယ်၍သာ ထိုအချိန်က သူနှင့် ကောင်းမွန်သော ဆက်ဆံရေး တည်ဆောက်ခဲ့ပါက ဟွာယုနတ်ကျောင်းသည် ယခုဆိုလျှင် ပြိုင်ဘက်ကင်း စွမ်းအားရှင်တစ်ဦးကို ကျောထောက်နောက်ခံအဖြစ် ရရှိနေမည်ဖြစ်သည်။

ထိုသို့သာဆိုလျှင် ဟွာယုနတ်ကျောင်း၏ အဆင့်အတန်းသည် ယခင်ကနှင့် နှိုင်းယှဉ်မရအောင် မြင့်တက်သွားမည်ဖြစ်ပြီး ကောင်းကင်အဆင့်ဂိုဏ်းတစ်ခုပင် ဖြစ်လာနိုင်သည်။

သို့သော် ဤအရာအားလုံးကို ရွှေ့မင်က ဖျက်ဆီးပစ်လိုက်သည်။

သူမသည် တုံးအစွာဖြင့် ရွှယ်အန်းကို ထပ်ခါတလဲလဲ ရန်စခဲ့သည်။

ထိုသို့သော အမှားများကြောင့် ဟွာယုနတ်ကျောင်းရှိ လူတိုင်းက ရွှေ့မင်အပေါ် မုန်းတီးကြသည်မှာ သဘာဝကျသည်။

ကန်ကျင်းသာ သူမအတွက် ထပ်ခါတလဲလဲ အသနားခံ မပေးခဲ့လျှင် အကြီးအကဲများသည် သူမကို နေရာမှာတင် ကွပ်မျက်ပစ်ကြလိမ့်မည်။

သို့သော်လည်း ရွှေ့မင်သည် ဟွာယုနတ်ကျောင်းမှ အထုတ်ခံလိုက်ရသည်။

ဟွာယုနတ်ကျောင်းမှ အကြီးအကဲများသည် ရှင်းလင်းပြတ်သားသော ဆုံးဖြတ်ချက် ချထားပြီးဖြစ်သည်။

ဤမိန်းမကို ဆက်ထား၍ မဖြစ်ပေ။

ရွှယ်အန်း ကြံကျင့်ရာမှ ထွက်လာပြီးနောက် ဤကိစ္စကို သတိရသွားလျှင် ဟွာယုနတ်ကျောင်း တစ်ခုလုံးပါ ဤတုံးအသော မိန်းမနှင့်အတူ အသေခံရပေလိမ့်မည်။

ထို့ကြောင့် ဟွာယုနတ်ကျောင်းက သူမကို ဝေးနိုင်သမျှ ဝေးဝေးသို့ ထွက်သွားရန်နှင့် ဘယ်တော့မှ ပြန်မလာရန် ပြောခဲ့ပြီး ပြန်လာသည်ကို တွေ့လျှင် ဘာမှ ဆွေးနွေးမနေဘဲ သတ်ပစ်မည်ဖြစ်ကြောင်း ရှင်းလင်းစွာ ပြောခဲ့သည်။

ရွှေ့မင်သည် မျှော်လင့်ချက်မဲ့သွားသော်လည်း သူတို့ကို မဖီဆန်ရဲသဖြင့် အိမ်ရာမဲ့သော ခွေးတစ်ကောင်ပမာ သနားစဖွယ်သာ ဟွာယုနတ်ကျောင်းမှ ထွက်ခွာခဲ့ရသည်။

မူလကဆိုလျှင် သူမ၏ ကျင့်ကြံမှုအဆင့်နှင့် ရုပ်ရည်ကြောင့် အခြေချရန် နေရာကောင်းတစ်ခု ရှာဖွေခြင်းသည် လွယ်ကူသော ကိစ္စဖြစ်သည်။

သို့သော် ဤအချိန်တွင် သူမ၏ လုပ်ရပ်များသည် နေရာအနှံ့ ပျံ့နှံ့နေပြီဖြစ်သည်။

သူမအကြောင်း ကြားလိုက်ရသည်နှင့် လူအများသည် ရွှယ်အန်းကို ပြစ်မှားထားသော အမျိုးသမီးကို လက်ခံထားရန် ကြောက်ရွံ့ကြသည်။ ရွှယ်အန်းသည် မကြာသေးမီက ဂယက်ရိုက်ခတ်မှုများ ပြုလုပ်ခဲ့ပြီး ကွေ့ယီတွင် ထိပ်တန်းအဆင့် ဖြစ်လုနီးပါး ဖြစ်နေသူဖြစ်သည်။

ထို့ကြောင့် မည်သူမျှ သူမကို မကြိုဆိုရဲကြပေ။

ထပ်ခါတလဲလဲ ငြင်းပယ်ခံရပြီးနောက်...

ရွှေ့မင်သည် လုံးဝ စိတ်ဓာတ်ကျသွားသည်။

ကံကောင်းထောက်မစွာဖြင့် ထိုအချိန်တွင် ရှုန်းမော့တောင်ကြားသို့ သွားရောက်မည့် ဝေ့မိသားစုဝင်များနှင့် တွေ့ဆုံခဲ့သည်။

သူမသည် ယုံကြည်နိုင်စရာမရှိလောက်အောင် ထူထဲသော မျက်နှာပေးဖြင့် ဝေ့မိသားစုဝင်များထံ ကပ်တွယ်လိုက်ပြီး သူတို့နှင့်အတူ ရှုန်းမော့တောင်ကြားသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယခုအခါ ရွှေ့မင်သည် ရွှယ်အန်းကို အရိုးထဲထိ မုန်းတီးနေပြီဖြစ်သည်။

သူမသည် ကိုယ့်အပြစ်ကို ကိုယ်မသိပဲ သူမ၏ လက်ရှိ ဒုက္ခများသည် ရွှယ်အန်းကြောင့်သာ ဖြစ်သည်ဟု အခိုင်အမာ ယုံကြည်နေသည်။

ထို့ကြောင့် သူမသည် ရွှယ်အန်းကို ချေမှုန်းရန် အမြဲတမ်း ကြံစည်နေမိသည်။

သို့သော် သူမ၏ ကိုယ်ပိုင်စွမ်းအားဖြင့် ထိုသို့လုပ်ရန်မှာ ဟာသတစ်ခုသာ ဖြစ်ကြောင်းလည်း သူမ သိသည်။

ထို့ကြောင့် ရှုန်းမော့တောင်ကြားသို့ ရောက်သည်နှင့် ရွှယ်အန်းကို သတ်ဖြတ်ရာတွင် အခြားလူများက ဦးဆောင်လာအောင် မနားတမ်း လှုံ့ဆော်ခဲ့သည်။

သို့သော် သူမ၏ မျှော်လင့်ချက်များ မကြာမီ ပျက်ပြယ်သွားသည်။

သူမ မျှော်လင့်ထားသလို ဆူပူအုံကြွမည့်အစား ရှုန်းမော့တောင်ကြားသည် တောင်ကာကွယ်ရေး အစီအရင် အောက်တွင် အကာအကွယ်ယူကာ အခွံထဲတွင် ပုန်းအောင်းနေသော သူရဲဘောကြောင်သူများအဖြစ်သို့ ပြောင်းလဲသွားသည်။

ထိုသည်မှာ သူမကို အလွန် မကျေမနပ် ဖြစ်စေသည်။

ထို့ကြောင့် ခန်းမဆောင်ကြီးထဲတွင် သူမ၏ အတွေးများကို မထိန်းနိုင်ဘဲ ထုတ်ပြောလိုက်မိခြင်း ဖြစ်သည်။

မဟာအကြီးအကဲက ခေတ္တမျှ ရပ်တန့်သွားပြီးနောက် မှိုင်းညှို့နေသော အသံကြီးဖြင့် မေးလိုက်သည်။

"ဒီ မိန်းကလေးက..."

ဝေ့မိသားစုမှ အကြီးအကဲတစ်ဦးက ပြုံးလိုက်သည်။

"ဒီ ထင်ရှားတဲ့ ပုဂ္ဂိုလ်ကတော့ ကျုပ်တို့ အနောက်ပိုင်းဒေသ ဟွာယုနတ်ကျောင်းက တက်သစ်စ ပါရမီရှင်လေးပါ၊ သူက ရွှယ်အန်းနဲ့ ရန်ငြိုးရှိလို့ ကျုပ်တို့နဲ့အတူ လိုက်လာတာပါ"

ထိုစကားကို ကြားသောအခါ မဟာအကြီးအကဲက တည်ငြိမ်စွာ ပြောလိုက်သည်။

"စိတ်ပူစရာမလိုဘူး မိန်းကလေး၊ ရွှယ်အန်းက သေချာပေါက် အမြစ်ပြတ်အရှင်းခံရမှာပါ၊ ဒါပေမဲ့ ဒီကိစ္စက ရေရှည် စီမံကိန်း ချမှတ်ပြီး သေချာ လုပ်ဆောင်ဖို့ လိုအပ်တယ်"

"ရေရှည် စီမံကိန်း ဟုတ်လား?၊ရှင်တို့ အဆင်သင့် ဖြစ်တဲ့အချိန်ကျရင် ရွှယ်အန်းက အခွင့်အရေးပေးမှာ မဟုတ်ဘဲ အိမ်ပေါက်ဝအထိ တန်းရောက်လာမှာကိုပဲ ကျွန်မ စိုးရိမ်တာ"

ရွှေ့မင်က ရွံရှာစွာ ပြောလိုက်သည်။

မဟာအကြီးအကဲက မုတ်ဆိတ်မွေးကို သပ်ရင်း ပြုံးလိုက်သည်။

"ရွှယ်အန်း မလာရင် ကောင်းတာပေါ့၊ တကယ်လို့ သူ လာရဲရင်တော့ ဒီနေရာက သူ့ရဲ့ သင်္ချိုင်းမြေ ဖြစ်သွားလိမ့်မယ်"

"ဟုတ်တယ်၊ ငါတို့ ရှောင်မိုတောင်ကြားရဲ့ တောင်ကာကွယ်ရေး အစီအရင်က အလကား ပြထားတာလို့ သူထင်နေတာလား"

မုတ်ဆိတ်မွေးနှင့် အကြီးအကဲသည် ယခုအချိန်တွင် ယုံကြည်မှု ပြန်လည်ရရှိလာပြီး မာန်ပါပါ ပြောလိုက်သည်။

ရွှေ့မင်သည် မကျေမနပ် ဖြစ်နေသော်လည်း ဤလူများ ထိုသို့ပြောဆိုသည်ကို ကြားလိုက်ရသဖြင့် သူမ ရင်ထဲတွင် လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာသည်။

ရှုန်းမော့တောင်ကြားက လူတွေ ဒီလို ပြောရဲမှတော့ သူတို့မှာ ယုံကြည်မှု တစ်ခုခုရှိပုံရတယ်...

ဟွန်း... ရွှယ်အန်း... နင့်ရဲ့ နိဂုံးချုပ်မယ့် အချိန်ကို ငါ စောင့်ကြည့်နေမယ်..

ရွှေမင်း ခါးသီးစွာ တွေးလိုက်သည်။

ထိုစဉ်

ရှောင်မိုတောင်ကြား တစ်ခုလုံး ရုတ်တရက် ပြင်းထန်စွာ လှုပ်သွားပြီး အပြင်ဘက်မှ ရွှယ်အန်း၏ အေးစက်သော အသံထွက်ပေါ်လာသည်။

"ရှုန်းမော့တောင်ကြားက လူတွေ.၊ မင်းတို့ လည်ပင်းတွေကို ဆေးကြောပြီး သေဖို့ ထွက်ခဲ့ကြစမ်း"

သူ့ အသံထွက်ပေါ်လာသည်နှင့် ရှောင်မိုတောင်ကြား တစ်ခုလုံး အစပိုင်းတွင် တိတ်ဆိတ်သွားပြီး ပေါက်ကွဲသွားကြသည်။

ခန်းမဆောင်ကြီးထဲမှ အကြီးအကဲများ၊ ဝေမိသားစုမှ ကျွမ်းကျင်သူများနှင့် ရွှေ့မင်အပါအဝင် လူတိုင်းသည် အပြင်သို့ အပြေးအလွှား ထွက်လာပြီး မော့ကြည့်လိုက်ကြသည်။

ကောင်းကင်ယံထက်ရှိ မိုင်ပေါင်းတစ်ထောင်ကျော် စုစည်းထားသော မြေကမ္ဘာ စွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် အတားအဆီးကြီး၏ နောက်ကွယ်တွင် ရွှယ်အန်းသည် တည်ငြိမ်အေးဆေးစွာ ရပ်နေလေသည်။

"တကယ်ကြီး သူပါလား"

ရှုန်းမော့တောင်ကြားမှ လူများသည် မနေနိုင်ဘဲ ထိတ်လန့်တကြား အသက်ရှူမှားသွားကြသည်။

ရွှယ်အန်း ဤမျှလောက် မြန်မြန် ရောက်လာလိမ့်မည်ဟု မည်သူမျှ ထင်မထားခဲ့ကြပေ။

ထိုအချိန်၌ပင်

သွေးကွန်ရက်တောင် ရှေ့မှ ရေကြည့်မှန် ကို ကြည့်ရှုနေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများသည်လည်း စိတ်လှုပ်ရှားသွားကြသည်။

"ငါ မှတ်မိသလောက် ဒီကနေ ရှုန်းမော့တောင်ကြား အထိက မိုင်သန်းပေါင်းတစ်ထောင်တောင် ဝေးတယ် မဟုတ်လား၊ စစ်မှန်အင်မော်တယ်အဆင့် ဘိုးဘေးတစ်ယောက် အမြန်ဆုံးနှုန်းနဲ့ သွားရင်တောင် ၃ ရက် ၄ ရက်လောက် ကြာဦးမှာ၊ ရွှယ်အန်းက နေရာလပ်ကို ခုန်ကျော်နိုင်တာများလား၊ ဒါမှမဟုတ်ရင် ဒီလောက် တိုတောင်းတဲ့ အချိန်အတွင်း သူ ဘယ်လိုလုပ် ရောက်သွားနိုင်မှာလဲ"

တစ်စုံတစ်ယောက်က အာမေဋိတ်သံဖြင့် မေးလိုက်သည်။

ရှေးဟောင်းဂိုဏ်း ခေါင်းဆောင်များ၏ မျက်နှာထားများ ပိုမို တည်ကြည် လေးနက်လာကြသည်။

လွန်ခဲ့သောအချိန်ကမှ ရွှယ်အန်းသည် မဆင်မခြင် လုပ်လွန်းနေပြီး ကြီးမားသော ဆုံးရှုံးမှုနှင့် ရင်ဆိုင်ရနိုင်သည်ဟု သူတို့ ထင်မြင်ခဲ့ကြသည်။

သို့သော် ယခုအခါ ရွှယ်အန်း နောက်ပြောင်နေခြင်း မဟုတ်ကြောင်း ထင်ရှားနေပြီဖြစ်သည်။

သူ့တွင် ရှုန်းမော့တောင်ကြား၏ တောင်ကာကွယ်ရေး အစီအရင်ကို အချိန်တိုအတွင်း ဖျက်ဆီးနိုင်မယ့်စွမ်းရည် ရှိနေပုံရသည်။

All Chapters