တရားမျှတမှုကို တောင်းဆိုရန် လူများ စုစည်းလာခြင်း
Vol. 57 Ch. 846
ကွေ့ယီ အရှေ့ပိုင်းနယ်မြေ
စစ်ဟွာမြို့တွင်...
ဖူရှင်းယန်၏စိတ်သည် ရေပြင်ကဲ့သို့ တည်ငြိမ်သော်လည်း တင်းမာသော မျက်နှာထားဖြင့် ဂိုဏ်းသားသစ်အချို့အား အခြေခံကျင့်ကြံခြင်းပညာရပ်များကို သင်ကြားပေးနေသည်။
ပါရမီနှင့် ခန္ဓာကိုယ်ဖွဲ့စည်းပုံ ကောင်းမွန်ကြသော ထိုအမျိုးသမီး ဂိုဏ်းသားသစ်များသည် တစ်ချိန်လုံး ညည်းညူနေကြသည်။
အဘယ်ကြောင့်ဆို သူတို့အားလုံးသည် အရှေ့ပိုင်းနယ်မြေရှိ မျိုးရိုးမြင့် အသိုင်းအဝိုင်းမှ လာသော သူဌေးသမီးများ ဖြစ်ကြပြီး ငယ်စဉ်ကတည်းက အလိုလိုက် အချစ်ခံထားရသူများ ဖြစ်သဖြင့် ဤနေရာရှိ ဆင်းရဲဒုက္ခများကို သည်းမခံနိုင်ကြပေ။
အထူးသဖြင့် ယခုအခါ စစ်ဟွာမြို့၏ မြို့သခင် ဖြစ်နေသော ဖူရှင်းယန်သည် အလွန်စည်းကမ်းကြီးပြီး သူမ၏ တပည့်များအပေါ် တင်းကျပ်သော သတ်မှတ်ချက်များ ထားရှိသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဂိုဏ်းသားသစ်များသည် သူမကို အတော်လေး ကြောက်ရွံ့ကြသည်။
၎င်းတို့သည် ခေတ္တနားချိန်ရမှသာ စုဝေးပြီး တီးတိုး ပြောရဲကြသည်။
"ဒီနေရာက တော်တော်ကို ပျင်းဖို့ကောင်းတာပဲ၊ ငါ့အဖေက ဒီမှာ ကျင့်ကြံခြင်းပညာရပ်တွေ သင်ယူဖို့ စစ်ဟွာမြို့ကို လွှတ်လိုက်တာ၊ ဒါပေမဲ့ ဖူရှင်းယန်က တစ်နေ့လုံး ပျင်းစရာကောင်းတဲ့ စည်းကမ်းတွေကိုပဲ သင်ပေးနေတယ်"
"ငါထင်တာတော့ ဒီဖူရှင်းယန်က ငါတို့ကို တကယ် မသင်ပေးချင်ဘူး ထင်တယ်၊ သူက ငါတို့ကို မောင်းထုတ်ချင်လို့ ဒီလိုအရာတွေကို အကြောင်းပြပြီး လုပ်ခိုင်းနေတာပဲ"
"အင်း... ငါလည်း အဲ့ဒီလိုပဲ ခံစားရတယ်၊ အိမ်မှာတုန်းက ငါတို့က ထိပ်တန်းအဆင့်အတန်းနဲ့ နေခဲ့ရတာ၊ ဒီရောက်မှ ဟိုဟာလုပ် ဒီဟာလုပ် ခိုင်းစေခံနေရတယ်၊ တွေးကြည့်ရင်ကို အရမ်း မွန်းကြပ်တာပဲ"
ထိုအမျိုးသမီးများသည် မကျေနပ်သော မျက်နှာထားများဖြင့် ပြောဆိုနေကြသည်။
"ဟူး... စစ်ဟွာမြို့ရဲ့ နောက်ကွယ်က ဟိုလူ ပြန်လာပါဦးမလား"
"ဟင်း... ပြန်လာဖို့ဆိုတာ ဝေးရော၊နေပါဦး... ငါ့မိသားစုဆီက ကြားတာတော့ အဲ့ဒီလူက အလယ်ပိုင်းနယ်မြေကို ရောက်ရောက်ချင်း အင်အားကြီးတဲ့လူတွေကို သွားရန်စမိတယ်တဲ့၊ ငါ့အထင်တော့ အဲ့ဒီလူ အခုလောက်ဆို ကံကောင်းဖို့ထက် ကံဆိုးဖို့က ပိုများနေလောက်ပြီ"
အရှေ့ပိုင်းနယ်မြေနှင့် အလယ်ပိုင်းနယ်မြေသည် အလွန်ဝေးကွာသောကြောင့် သတင်းစီးဆင်းမှုသည် အလွန်နောက်ကျလေသည်။
စစ်ဟွာမြို့သို့ ရောက်ရှိလာသော နောက်ဆုံးသတင်းမှာ ဝမ်တန်မြို့တွင် ရွှယ်အန်းပြုလုပ်ခဲ့သော ကိစ္စရပ်များသာ ဖြစ်ပြီး နောက်ဆက်တွဲ အကြောင်းအရာများမှာ ကောလာဟလများသာ ဖြစ်သည်။
ရွှယ်အန်းသည် ကောင်းကင်ဘုံသုံးဂိုဏ်းမှ လူများနှင့် ယန်ထျန်းဂိုဏ်းအပြင် သွေးကွန်ရက်တောင်တန်းကိုပါ ရန်စခဲ့ပုံရသည်။
သတင်းများသည် မရေရာသော်လည်း အရှေ့ပိုင်းနယ်မြေရှိ မျိုးရိုးမြင့် မိသားစုများနှင့် ဂိုဏ်းများအားလုံး၏ စိတ်ကို လှုပ်ခတ်သွားစေသည်။
အဘယ်ကြောင့်ဆို ထိုအဖွဲ့အစည်းများသည် ကောင်းကင်ဘုံဂိုဏ်းများဖြစ်သောကြောင့်ဖြစ်သည်။
အရှေ့ပိုင်းနယ်မြေမှ လူများအတွက် ထိုဂိုဏ်းများသည် မှန်းဆ၍ပင် မရနိုင်လောက်အောင် ကြီးမားသော တည်ရှိမှုများ ဖြစ်ကြသည်။
ရွှယ်အန်းသည် စွမ်းအားကြီးမားသော်လည်း တစ်ကိုယ်တည်းသာဖြစ်ပြီး ယခုအခါ ကောင်းကင်ဘုံဂိုဏ်းများကိုပါ ရန်စမိထားသဖြင့် သူသည် ကံကောင်းခြင်းထက် ကံဆိုးခြင်းနှင့် ကြုံရဖို့ ပိုများနိုင်သည်။
ထိုအတွေးများကြောင့် လူအများစုသည် စစ်ဟွာမြို့အပေါ် အမြင်ပြောင်းလာကြတော့သည်။
ထိုအချိန်တွင် လက်ဖက်ရည်ခွက် ကိုင်ထားသော စုရှောင်မုသည် သူမ၏ စီနီယာအစ်မဖြစ်သူ ဖူရှင်းယန် အနားသို့ လျှောက်လာခဲ့သည်။
"စီနီယာအစ်မ... လက်ဖက်ရည် သောက်ပါဦး"
ဖူရှင်းယန်သည် ခေါင်းအနည်းငယ်ညိတ်ကာ လက်ဖက်ရည်ခွက်ကို ယူလိုက်ပြီး ဖြည်းဖြည်းချင်း သောက်လိုက်သည်။
ထိုစဉ် စုရှောင်မုသည် အဝေးမှ တီးတိုးပြောဆိုနေကြသော အမျိုးသမီး ဂိုဏ်းသားများကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်ပြီး မကျေနပ်သည့်အသံဖြင့် ပြောလိုက်သည်။
"စီနီယာအစ်မ... ဟိုနားကတစ်သိုက်က ကောင်းတာတွေ ပြောနေတာ မဖြစ်နိုင်ဘူး၊ ပြီးတော့ အစ်မက ဘာလို့များ ဒီလို ပျင်းရိပြီး အလိုလိုက်ခံထားရတဲ့ သူဌေးသမီးတွေကို ဂိုဏ်းထဲ လက်ခံလိုက်တာလဲဆိုတာ ကျွန်မ နားကိုမလည်နိုင်ဘူး"
ဖူရှင်းယန် သက်ပြင်းအသာချလိုက်သည်။
"ဒီရက်ပိုင်း အရှေ့ပိုင်းနယ်မြေက လူတွေရဲ့ စိတ်တွေက မငြိမ်မသက် ဖြစ်နေကြတယ်၊ အပြောင်းအလဲတွေ ဖြစ်လာမှာ စိုးရိမ်လို့ ငါတို့ စစ်ဟွာမြို့နဲ့ အနီးဆုံး မျိုးရိုးမြင့် မိသားစုတွေဆီက မိန်းကလေးတွေကို လက်ခံပြီး အင်အားဖြည့်တင်းဖို့ ရည်ရွယ်လိုက်တာပါ"
ထိုစကားကို ကြားသောအခါ စုရှောင်မု၏ မျက်နှာထား ပိုမိုလေးနက်သွားပြီး အနည်းငယ် တုန်ရီသော အသံဖြင့် ပြောလိုက်သည်။
"စီနီယာအစ်မ... အပြင်မှာ သခင်ကြီးနဲ့ ပတ်သက်ပြီး ထွက်နေတဲ့ ကောလာဟလတွေက...."
ဖူရှင်းယန်သည် ခေါင်းကို ပြတ်ပြတ်သားသား ခါလိုက်သည်။
"သခင်ကြီး ဒုက္ခရောက်နေတယ် ဆိုတာ ငါမယုံဘူး၊ သူတို့ကို ဂရုမစိုက်နဲ့"
"ဟုတ်ကဲ့၊ ကျွန်မလည်း အဲဒီလိုပဲ ယုံကြည်ပါတယ်၊ သခင်လေးကို ကျွန်မတို့ ဘိုးဘေးကတောင် လေးစားတာပဲ၊ သူ ဘယ်လိုလုပ် ဒုက္ခရောက်နိုင်မှာလဲ"
စုရှောင်မုက အားယူပြီး ပြောလိုက်သည်။
သို့သော် ထိုအချိန်တွင် သူမ၏ စကားများသည် ကိုယ့်ကိုယ်ကို နှစ်သိမ့်နေပုံသာ ပိုပေါက်နေသည်။
ထိုစဉ်မှာပင်...
အပြင်ဘက်မှ ရုတ်တရက် ဆူညံသံများ ထွက်ပေါ်လာသည်။
ထို့နောက် မောက်မာသော အသံတစ်သံသည် အခန်းထဲထိ ပဲ့တင်ထပ်လာသည်။
"စစ်ဟွာမြို့က လူတွေ အကုန် သေကုန်ကြပြီလား၊ အပြင်ကို လူလွှတ်လိုက်စမ်း"
ထိုစကားကို ကြားလိုက်ရသောအခါ ဖူရှင်းယန် မျက်နှာ ပျက်သွားပြီး ချက်ချင်းပင် အပြင်သို့ ပြေးထွက်သွားသည်။
စုရှောင်မုနှင့် အခြားသော ဂိုဏ်းသားများစွာလည်း အလျင်အမြန် လိုက်သွားကြသည်။
စစ်ဟွာမြို့၏ ကာကွယ်ရေး အစီအရင် အပြင်ဘက်တွင် လူတစ်စုသည် လေထဲတွင် ရပ်နေသည်။
သူတို့တစ်ယောက်စီတိုင်းသည် မောက်မာသော ပုံစံများ ရှိကြပြီး ရှေ့ဆုံးမှ ဦးဆောင်လာသူ အမျိုးသား၏ မျက်နှာမှာ လှောင်ပြောင်လိုသော အရိပ်အယောင်များ ပြည့်နှက်နေသည်။
ထိုအမျိုးသား၏ နောက်တွင် မောက်မာသော ပုံစံရှိသည့် မိန်းကလေးတစ်ဦး ရပ်နေသည်။
ထိုမိန်းကလေးကို မြင်လိုက်ရသောအခါ ဖူရှင်းယန် အနည်းငယ် အံ့သြသွားသည်။
ထိုမိန်းကလေးမှာ လွန်ခဲ့သော ရက်အနည်းငယ်က စစ်ဟွာမြို့သို့ ပို့ဆောင်ခံခဲ့ရသော ယန်ထျန်ဂိုဏ်းမှ တိုက်ရိုက်ဆင်းသက်သူ ယန်ချင်းရီပင် ဖြစ်သည်။
၎င်းသည် ဤနေရာရှိ ဆင်းရဲဒုက္ခများကို သည်းမခံနိုင်သဖြင့် ဖူရှင်းယန်အား ပြန်လည်ပြောဆိုကာ ဒေါသတကြီးပြုမှုရန် ကြိုးစားခဲ့သောကြောင့် ဖူရှင်းယန်သည် သူမကို မြို့မှ အတင်းအကျပ် မောင်းထုတ်ခဲ့ခြင်း ဖြစ်သည်။
ရှေ့ဆုံးမှ ဦးဆောင်လာသော အမျိုးသားမှာ မေးစရာပင်မလိုဘဲ ယန်ထျန်ဂိုဏ်းမှမှန်း သိသာနေသည်။
သူ၏ ခြိမ်းခြောက်လိုသော အမူအရာသည် လက်စားချေရန် လာခြင်းဖြစ်ကြောင်း ပြသနေသည်။
ဖူရှင်းယန် စိတ်ထဲတွင် တွက်ချက်လိုက်သော်လည်း မျက်နှာက ခပ်တည်တည်ပင် ရှိနေသည်။ ထို့နောက် သူမသည် လေပေါ်သို့ ပျံတက်သွားပြီး ကာကွယ်ရေး အစီအရင် တစ်ဖက်မှနေ၍ ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်။
"မိတ်ဆွေ... ငါတို့ စစ်ဟွာမြို့ကို လာပြီး ရိုင်းရိုင်းစိုင်းစိုင်း ပြောဆိုနေတာ ဘာသဘောလဲ"
"ရိုင်းရိုင်းစိုင်းစိုင်း ပြောတယ်ဟုတ်လား"
ထိုအမျိုးသားက မောက်မာစွာ ပြောလိုက်ပြီး ဂရုမစိုက်သော လေသံဖြင့် ဆက်ပြောသည်။
"ညီမလေး... နင့်ကို ပြန်ဆူငေါက်ခဲ့တဲ့ မိန်းမက သူလား"
ယန်ချင်းရွှမ်သည် အလိုလိုက်ခံထားရသူ ပီပီ ခေါင်းညိတ်ပြလိုက်ပြီး ဖူရှင်းယန်ကို နာကြည်းစွာ စိုက်ကြည့်လိုက်သည်။
"ဟုတ်တယ် အစ်ကို... ဒီမိန်းမက ညီမကို နည်းမျိုးစုံနဲ့ ဒုက္ခပေးပြီး ပစ်မှတ်ထားခဲ့တာ၊ နောက်ဆုံးတော့ သူက ညီမကို မောင်းတောင် ထုတ်လိုက်သေးတယ်"
ယန်ချင်းရီသည် အေးစက်စွာ ပြုံးလိုက်ပြီး ဖူရှင်းယန်ကို ကစားစရာတစ်ခုပမာ အကဲခတ်ကြည့်လိုက်သည်။
"ကြားတယ်မလား၊ ငါ့ညီမက ပြောတယ်၊ မင်းက သူ့ကို အရင် စပြီး ပစ်မှတ်ထားတာတဲ့၊ ဒါကြောင့် ဒီတစ်ခါ ငါလာတာက ငါ့ညီမကိုယ်စား မင်းဆီက တောင်းပန်စကား ကြားချင်လို့ပဲ"
"တောင်းပန်စကား ဟုတ်လား"
ဖူရှင်းယန်က အေးစက်စွာ ပြန်မေးလိုက်သည်။
ယန်ချင်းရီက ဂုဏ်ယူစွာဖြင့် ခေါင်းညိတ်သည်။
"ဟုတ်တယ်... ငါ့ညီမက ယန်ထျန်ဂိုဏ်းရဲ့ အချစ်တော် သခင်မလေးကွ၊ တခြားသူတွေရဲ့ ငေါက်ငမ်းတာကို ဘယ်လိုလုပ် ခံနိုင်မှာလဲ၊ အခုချက်ချင်း တောင်းပန်လိုက်စမ်း၊ ဒါဆိုရင် မင်းကို အလွတ်ပေးဖို့ ငါစဉ်းစားပေးမယ်"
ထိုအချိန်တွင်...
စစ်ဟွာမြို့မှ လူများအားလုံး အိမ်ထဲမှ ထွက်လာကြပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်နေကြသည်။
လူအုပ်ကြီး၏ အကြည့်အောက်တွင် ဖူရှင်းယန်၏ မျက်လုံးထဲမှ သတ်ဖြတ်လိုသော အငွေ့အသက်များ ပိုမိုပြင်းထန်လာသည်။
သို့သော် သူမ ပေါက်ကွဲခါနီးတွင် အဝေးမှ တိမ်များကြား၌ ပုန်းအောင်းနေသော နောက်ထပ် လူတစ်စုကို သတိထားမိလိုက်သည်။
ထိုတွေ့ရှိမှုကြောင့် ဖူရှင်းယန် လန့်သွားပြီး ယန်ချင်းရီ၏ မျက်လုံးထဲတွင် ရံဖန်ရံခါ လက်ခနဲ ပေါ်လာတတ်သော အေးစက်သည့် အရိပ်အယောင်များကိုပါ သတိထားမိလိုက်သည်။
ဖူရှင်းယန်၏ စိတ်ထဲ တဖြည်းဖြည်း လေးလံသွားသည်။
ရှင်းနေပြီ...
ယန်ချင်းရီသည် ဤအခြေအနေကို အခွင့်ကောင်းယူနေခြင်းသာ ဖြစ်ပြီး သူကိုယ်တိုင်သည်လည်း စစ်ဟွာမြို့ကို စမ်းသပ်ရန် တခြားသူများ လွှတ်လိုက်သော ငါးစာသက်သက်သာ ဖြစ်သည်။
တချို့လူတွေက တကယ်ပဲ သည်းမခံနိုင်တော့ဘူးနဲ့တူတယ်...
ဖူရှင်းယန် စိတ်ထဲမှ မဲ့ပြုံး ပြုံးလိုက်ပြီး ပေါ့ပါးစွာ ပြောလိုက်သည်။
"ဒါက ယန်ထျန်ဂိုဏ်းရဲ့ သဘောထားလား၊ ဒါမှမဟုတ် နင်ရဲ့ ကိုယ်ပိုင် သဘောထားလား ဆိုတာ ငါသိချင်မိတယ်၊ နင်တို့ရဲ့ ဂိုဏ်းချုပ်ကိုယ်တိုင်က သူ့တပည့်ကို စစ်ဟွာမြို့မှာ လက်ခံပေးဖို့ ငါ့ဆီ စာရေးပြီး အကူအညီတောင်းခဲ့တာ ဆိုတာ နင်သိသင့်တယ်၊ ပြီးတော့ အဲ့... ဆူငေါက်တယ် ဆိုတဲ့ ကိစ္စက..."
"ယုတ္တိရှိရှိပြောရရင် သူ စစ်ဟွာမြို့ကို ဝင်လာပြီး ငါ့တပည့်ဖြစ်လာပြီ ဆိုကတည်းက သူ့ရဲ့ အသက်ရှင်ခြင်း၊ သေဆုံးခြင်း၊ ဆုပေး၊ ဒဏ်ပေးတာ အားလုံးက ငါ့ရဲ့ ဆုံးဖြတ်ချက်အောက်မှာပဲ ရှိတယ်၊ နားလည်လား"
ထိုစကားကြောင့် ယန်ချင်းရီနှင့် ယန်ချင်းရွှမ်တို့၏ မျက်နှာများ အကြီးအကျယ် ပြောင်းလဲသွားသည်။
ထို့နောက် ယန်ချင်းရီမှ အေးစက်စွာ ပြောလိုက်သည်။
"လူတွေ ပြောကြတာ စစ်ဟွာမြို့က လူတွေက ဗိုလ်ကျတယ်ဆိုတာ တကယ်ပဲကိုး၊ အကြောင်းပြချက်မရှိဘဲ ငါ့ညီမကို မောင်းထုတ်ဖို့ ဆင်ခြေတွေ ပေးတယ်၊ အခုလည်း စကားလုံးလှလှတွေနဲ့ ဆင်ခြေပေးပြီး ရန်တွေ့ရဲသေးတယ်၊ ဒီနေ့တော့ မင်းတို့ စစ်ဟွာမြို့က တကယ်ပဲ ဘယ်လောက် စွမ်းလဲဆိုတာ ငါကိုယ်တိုင် ကြည့်ရမှပဲ”