← Chapters

ဗီလိန်တွေ စကားများလွန်းရင် သေတက်တယ်

Vol. 57 Ch. 848

ဗီလိန်တွေ စကားများလွန်းရင် သေတက်တယ်

Vol. 57 Ch. 848

ထိုအသံကို ကြားလိုက်သည်နှင့် ကွင်းပြင်ရှိ လူတိုင်း၏ မျက်နှာ အရောင်အဆင်းများ ပြောင်းလဲသွားသည်။

အထူးသဖြင့် ဖူရှင်းယန်တို့သည် တစ်ကိုယ်လုံး တုန်ယင်သွားပြီး မော့ကြည့်လိုက်ကြသည်။

မိုးကုပ်စက်ဝိုင်းမှ ကြီးမားသော ယာဉ်တန်းကြီးတစ်ခုသည် ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်ကို သူတို့ တွေ့လိုက်ရသည်။

ဤယာဉ်တန်းကြီးတွင် မြင့်မားစွာ ပျံသန်း

နေသည့် သင်္ဘောများစွာ ပါဝင်ပြီး ၎င်းတို့၏ ကြီးမားခမ်းနားသော အရှိန်အဝါသည် ရင်သပ်ရှုမောဖွယ် ကောင်းလှသည်။

၎င်းတို့သည် မှင်သက်စွာ ငေးကြည့်နေကြသည်။

အထူးသဖြင့် ယန်ဟန်ထျန်းနှင့် အခြားသော ဂိုဏ်းချုပ် တစ်ဒါဇင်ခန့်မှာမူ ထိုအချိန်တွင် တစ်လက်မမျှပင် မလှုပ်ရဲကြပေ။ အဘယ်ကြောင့်ဆို ယာဉ်တန်းကြီးထဲမှ ရေတွက်၍မရနိုင်သော အင်အားကြီးမားသည့် အရှိန်အဝါများကို သူတို့ ခံစားမိနေသောကြောင့် ဖြစ်သည်။

ထိုအထဲတွင် စစ်မှန်အင်မော်တယ် အဆင့်ရှိသော လူဒါဇင်ပေါင်းများစွာ၏ အရှိန်အဝါများပင် ပါဝင်နေသည်။

ထိုကဲ့သို့သော ဖိအားအောက်တွင် သူတို့သည် ကြောင်အမ်းအမ်းဖြင့်သာ ရပ်နေပြီး ယာဉ်တန်းကြီး ဖြည်းဖြည်းချင်း ချဉ်းကပ်လာသည်ကို ငေးကြည့်နေကြရသည်။

အဆုံးတွင်...

ယာဉ်တန်းကြီးသည် စစ်ဟွာမြို့ အနီးသို့ ရောက်ရှိလာသည်။

ရှေ့ဆုံးမှ ဦးဆောင်လာသော ဧရာမ သင်္ဘောကြီး၏ ဦးပိုင်းတွင် အမျိုးသားတစ်ယောက် ရပ်နေပြီး အောက်မှ လူအုပ်ကြီးကို ဂရုမစိုက်သော မျက်နှာထားဖြင့် ငုံ့ကြည့်နေသည်။

ထိုပုံရိပ်ကို မြင်လိုက်ရသည်နှင့် ဖူရှင်းယန်နှင့် စစ်ဟွာမြို့မှ လူများအားလုံး လှုပ်လှုပ်ရွရွ ဖြစ်သွားကြသည်။

အထူးသဖြင့် စုရှောင်မုဆို ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

"အစ်ကိုကြီးရွှယ်၊ အစ်ကိုကြီး ပြန်လာပြီပဲ"

ထိုစကားသံ ထွက်ပေါ်လာသည်နှင့် ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသည်။

ယန်ဟန်ထျန်းနှင့် သူ့သားသမီးများအား ကူညီရန် ရောက်ရှိနေသော ဂိုဏ်းချုပ်များသည် ကြောင်တောင်တောင်ဖြင့် ရပ်နေမိကြသည်။

ဒီလူက... အရှေ့ပိုင်းနယ်မြေတစ်ခုလုံးကို တုန်လှုပ်သွားစေပြီး သံမဏိအရိုး မဟာမိတ်အဖွဲ့နဲ့ ဖန်မိသားစုကို သုတ်သင်ခဲ့တဲ့ ရွှယ်အန်းဆိုတာလား...

၎င်းသည် အလယ်ပိုင်းနယ်မြေမှ ယန်ထျန်းဂိုဏ်းနှင့် သွေးကွန်ရက်တောင်တန်းတို့လို အင်အားကြီးတွေကို ရန်စမိပြီး သေဆုံးသွားပြီဟု သတင်းထွက်နေသည် မဟုတ်ပါလား

အခုဘာလိုဖြစ်ကုန်တာလဲ

ယန်ဟန်ထျန်းနှင့် အခြားသူများ၏ မျက်လုံးများ ပြူးကျယ်ကုန်ပြီး စကားမပြောနိုင်အောင် ဖြစ်နေကြသည်။

ရွှယ်အန်းသည် ထိုစကားကို ကြားသောအခါ ပြုံးလိုက်သည်။

"ဟုတ်တယ်... ငါ ပြန်လာပြီ၊ ငါသာ အမြန် ပြန်မလာရင် တချို့လူတွေက ငါတကယ် သေပြီလို့ ထင်နေကြတော့မှာ"

ထို့နောက်ရွှယ်အန်း၏ အကြည့်သည် ယန်ဟန်ထျန်းနှင့် အခြားသူများ၏ မျက်နှာများကို ဝေ့ဝဲကြည့်လိုက်သည်။

ဘုန်း!

ယန်ဟန်ထျန်းတို့မှာ သူတို့၏ ဝိညာဉ်များ လှုပ်ခါသွားသည့်ပမာ ခံစားလိုက်ရပြီး မနေနိုင်ဘဲ ခြေလှမ်း တစ်ဒါဇင်ကျော် အလိုအလျောက် နောက်ဆုတ်သွားမိကြသည်။

၎င်း၏ အကြည့်တစ်ချက်တည်းနှင့်ပင် ယခင်က မောက်မာစွာ ပြုမူနေသူများကို လွင့်ထွက်မတတ် ဖြစ်သွားစေသည်။

သခင်ကြီးရဲ့ စွမ်းအားက အခုဆို ပိုပြီး ခန့်မှန်းရခက်လာပြီပဲ...

ဖူရှင်းယန်သည် မှင်သက်စွာ ရပ်နေရင်း ထိုအတွေးသည် သူမခေါင်းထဲ ရုတ်တရက် ဝင်လာသည်။

ထိုအချိန်မှ ယန်ဟန်ထျန်းနှင့် အခြားသူများ အသိပြန်ဝင်လာကြပြီး အားလုံး ထိန်းမရသိမ်းမရ တုန်ယင်လာကြသည်။

ထိုအချိန်ကျမှသာ ဤလူသည် ရွှယ်အန်း စစ်စစ်ဖြစ်ကြောင်း သူတို့ ယုံကြည်သွားကြသည်။

ထိုတင်မက သူသည် ကောလာဟလတွေထဲကထက်ပင် စွမ်းအားကြီးမားနေပုံရသည်။

ထို့ပြင် ရွှယ်အန်း၏ နောက်မှ ယာဉ်တန်းကြီးသည် ရေတွက်မရနိုင်သော အင်အားကြီး ပုဂ္ဂိုလ်များ၏ အရှိန်အဝါများဖြင့် ပြည့်နှက်နေသည်။

ထိုအရာသည် ယန်ဟန်ထျန်းတို့၏ မျက်နှာများကို ဖြူဖျော့သွားစေပြီး တုန်ယင်စေသည်။

"အ... အရှင်ရွှယ်၊ အရှင် ဘေးကင်းကင်းနဲ့ ပြန်ရောက်လာတာ တကယ့်ကို ဝမ်းမြောက်စရာပါပဲ၊ ဒီကိစ္စက ကျွန်တော်တို့နဲ့ ဘာမှမဆိုင်ပါဘူး၊ အားလုံးက ယန်ဟန်ထျန်း လုပ်တာပါ... ကျွန်တော်တို့ရဲ့ အသက်ကို ချမ်းသာပေးပါ"

ထိုအချိန်တွင် ဉာဏ်ကောင်းသော ဂိုဏ်းချုပ်တစ်ဦးသည် တုန်တုန်ယင်ယင်ဖြင့် အသက်ချမ်းသာပေးရန် တောင်းပန်လေသည်။

ရွှယ်အန်းက သူ့ကို ကြည့်ပြီး ဂရုမစိုက်သော လေသံဖြင့် မေးလိုက်သည်။

"ဟော... ခင်ဗျားနဲ့ ဘာမှ မဆိုင်ဘူးပေါ့"

"ဟုတ်... ဟုတ်ပါတယ်၊ တကယ့်ကို ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး၊ ကျွန်တော်က ဒီအတိုင်း ပွဲလာကြည့်တာပါ"

ထိုဂိုဏ်းချုပ်သည် အလွန်ရိုကျိုးစွာ ပြောလိုက်သည်။

ရွှယ်အန်းက ခေါင်းညိတ်လိုက်သည်။

"ကြည့်ရတာ တကယ်ပဲ ခင်ဗျားကို လွှတ်ပေးသင့်တဲ့ပုံပဲ"

ဂိုဏ်းချုပ်မှာ အလွန်ဝမ်းသာသွားပြီး ကျေးဇူးတင်စကား ပြောရန် ပြင်လိုက်သည်။

သို့သော် ရွှယ်အန်းက ဆက်ပြောလိုက်သည်။

"ကံဆိုးတာက... ခုနက ခင်ဗျားပြောတဲ့ စကားတွေ အကုန်လုံးကို ကျွန်တော် ကြားလိုက်ရတာပဲ"

ထိုဂိုဏ်းချုပ်သည် စကားတစ်ခွန်းမှ မပြောနိုင်ခင်မှာပင် ရွှယ်အန်း၏ မျက်လုံးများ လက်ခနဲ ဖြစ်သွားပြီး မည်သည့် လှုပ်ရှားမှုမှ မမြင်လိုက်ရသော်လည်း ထိုဂိုဏ်းချုပ်၏ ခေါင်းသည် ဘုန်း ခနဲ

ပေါက်ကွဲသွားတော့သည်။

ဦးနှောက်အစအနများနှင့် သွေးများသည် ရောနှောကာ မီးရှူးမီးပန်းပမာ ပေါက်ကွဲထွက်သွားပြီးနောက် အသက်မဲ့နေသော ခန္ဓာကိုယ်သည် အသားတုံးကြီးတစ်တုံးပမာ လဲကျသွားသည်။

ထိုဂိုဏ်းချုပ်သည် အနည်းဆုံး ရွှေအင်မော်တယ်အဆင့်ကျင့်ကြံသူ တစ်ဦးဖြစ်သော်လည်း ရွှယ်အန်းအား လှုပ်ရှားအောင် လုပ်နိုင်သည့် အခွင့်ထူးမပြောနှင့် အော်တောင်မအော်လိုက်နိုင်ဘဲ သေဆုံးသွားရသည်။

ကွင်းပြင်တစ်ခုလုံး ကြောက်ရွံ့မှုတို့ဖြင့် တုန်လှုပ်သွားသည်။

ယန်ဟန်ထျန်းနှင့် အခြားသူများ၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး သွားချင်း တဒတ်ဒတ် ရိုက်သံများပင် ထွက်နေသည်။

ထိုအချိန်တွင် ရွှယ်အန်းသည် ယန်ဟန်ထျန်းလှည့်ကာ အေးစက်စွာ မေးလိုက်သည်။

"ငါ့ရဲ့ အရိုးတွေတောင် ဆွေးလောက်ပြီလို့ ပြောခဲ့တဲ့သူက ခင်ဗျားထင်တယ်"

ယန်ဟန်ထျန်း တစ်ကိုယ်လုံး ပြင်းထန်စွာ တုန်ခါသွားပြီး တောင်တန်းကြီးများ သူ့အပေါ် ဖိကျလာသလို ခံစားလိုက်ရသည်။

ရွှယ်အန်း၏ တည်ငြိမ်သော မေးခွန်းကပင် သူ့ကို အသက်ရှူကြပ်စေသည်။

သူ စကားပင် မပြောရဲလောက်အောင် ကြောက်လန့်နေသဖြင့် ခက်ခက်ခဲခဲ အသက်လုရှူရင်း ရွှယ်အန်းကို မျှော်လင့်ချက်မဲ့ကာ ထိတ်လန့်သော မျက်လုံးများဖြင့်သာ ကြည့်နေမိသည်။

ထိုစဉ် သူ့သားဖြစ်သူ ယန်ထျန်းဂိုဏ်း၏ သခင်လေး ယန်ချင်းရီသည် ရှေ့သို့ တစ်လှမ်းတိုးလာပြီး ရွှယ်အန်းကို ရိုသေစွာ ဦးညွှတ်လိုက်သည်။

"အရှင့်ရဲ့ စွမ်းအားက တကယ်ကို ဂြိုလ်တစ်ခုလုံးကို လွှမ်းခြုံနိုင်ပါတယ်၊ ကျွန်တော်တို့ ယန်ထျန်းဂိုဏ်း တစ်ခုလုံးက အရှင့်ကို အထူးလေးစားပါတယ်။ ဒီကိစ္စမှာ ကျွန်တော်တို့ မှားသွားပါတယ်၊ သခင်ကြီး နားလည်ပေးဖို့ မေတ္တာရပ်ခံချင်ပါတယ်"

သူ့စကားများသည် နှိမ့်ချလွန်းခြင်း မရှိသလို မောက်မာလွန်းခြင်းလည်း မရှိပေ။

ယန်ချင်းရီ၏ ဦးညွှတ်ထားသော မျက်လုံးများထဲတွင် မိမိကိုယ်ကို အထင်ကြီးသော အရိပ်အယောင် အနည်းငယ်ပင် ဖြတ်ပြေးသွားသည်။

သူ့ကိုယ်သူ ဒီလောက်ထိ နှိမ့်ချပြထားမှတော့ ဒီလောက်များတဲ့ ကျင့်ကြံသူတွေ ရှေ့မှာ သူတိုက်ခိုက်ရဲမယ် မထင်ဘူး...

သူ စိတ်ထဲတွင် တွေးတောနေသည်။

သို့သော် ရွှယ်အန်းက ရယ်မောလိုက်သည်။

"ဒါနဲ့... မင်းက ဘယ်သူများလဲ"

"ကျွန်တော်က ယန်ထျန်းဂိုဏ်းရဲ့ သခင်လေး ယန်ချင်းရီပါ၊ ပြီးတော့..."

ယန်ချင်းရီသည် သူ့ကိုယ်သူ အမွှမ်းတင်သော စကားအချို့ ထပ်ပြောချင်နေသေးသည်။

သို့သော် ထိုအချိန်တွင် ရွှယ်အန်းသည် ပေါ့ပါးစွာ လက်ဝှေ့ယမ်းလိုက်သည်။

သူ့၏ တာအိုဓားသည်လက်ခနဲ ဖြတ်ပြေးသွားပြီး ယန်ချင်းရီ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို တစ်ပြိုင်နက်တည်း ပြိုကွဲပျက်စီးသွားစေသည်။

"ငါ မင်းကို မေးမှမမေးတာ၊ ဘာလို့ အဓိပ္ပာယ်မရှိတဲ့ စကားတွေ ဖောင်ဖွဲ့နေရတာလဲ"

ရွှယ်အန်းက အေးစက်စွာ ပြောလိုက်သည်။

ယန်ချင်းရီသည် စကားများလွန်းလို့ သေရလိမ့်မည်ဟု သေသည်အထိ တွေးမိမည် မဟုတ်ပေ။

ရွှယ်အန်း ပေါ်လာသည်မှ ယခုအချိန်အထိ စကားအနည်းငယ်သာ ပြောရသေးသော်လည်း ဂိုဏ်းချုပ်တစ်ဦးနှင့် ဂိုဏ်းသခင်လေးတစ်ဦး သေဆုံးခဲ့ပြီဖြစ်သည်။

ဤစွမ်းအားပြမှုကို မြင်လိုက်ရသော ယန်ဟန်ထျန်းသည် အလွန်တိတ်ဆိတ်သွားပြီး သူ့သား အသတ်ခံရတာတောင် အသံမထွက်ရဲပေ။

သူ ခေါင်းပင် မမော့ရဲဘဲ ရွှယ်အန်း သူ့ကို မမြင်ဘဲ ကျော်သွားပါစေဟု ဆုတောင်းရင်း ခေါင်းကို တတ်နိုင်သမျှ ငုံ့ထားလိုက်သည်။

သို့သော် ယန်ချင်းရွှမ်ကမူ နာကျင်စွာ အော်ဟစ်လိုက်သည်။

"အစ်ကို..."

ထို့နောက် သူမသည် ရွှယ်အန်းကို နာကြည်းမှု၊ မုန်းတီးမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

"နင်... မိစ္ဆာကောင်၊ သတ္တိရှိရင် ငါ့ကိုပါ သတ်လိုက်လေ"

ယန်ချင်းရွှမ် ဤသို့ ပြောလိုက်သော်လည်း သူမ၏ ရင်ထဲတွင် အလွန်စိုးရိမ်ထိတ်လန့်နေသည်။

သို့သော် ယခုအခါ လမ်းမရှိတော့သဖြင့် သေခြင်းတရား၏ ရှေ့မှောက်တွင် အသက်ရှင်ရန် ရလိုရငြား စွန့်စားပြီး ပြောလိုက်ခြင်း ဖြစ်သည်။

အဘယ်ကြောင့်ဆို အင်အားကြီး ပုဂ္ဂိုလ်အများစုသည် မိန်းမများကို မသတ်ကြပေ။

သူမ ထင်သည့်အတိုင်းပင် ရွှယ်အန်းသည် ဖျော့တော့စွာ ပြုံးလိုက်သည်။

"တုံးါမနေစမ်းပါနဲ့၊ ငါက မိန်းမတွေကို မသတ်ဘူး"

ယန်ချင်းရွှမ်သည် သူမ လောင်းကြေးထပ်လိုက်သည် မှန်ကန်သွားသည်ဟု ခံစားလိုက်ရပြီး တိတ်တဆိတ် သက်ပြင်းချလိုက်သည်။

သို့သော် ထိုအချိန်တွင် ရွှယ်အန်းသည် ပျင်းရိသော လေသံဖြင့် အပျင်းကြောဆန့်ရင်း ပြောလိုက်သည်။

"ရွှယ်လွေ့လီ"

"ရှိပါတယ် သခင်ကြီး"

"ဒီလူတွေကို မင်းကို လွှဲလိုက်ပြီ"

"ဟုတ်ကဲ့"

ရွှယ်လွေ့လီသည် အမိန့်ရသည်နှင့် ဓားကို ကိုင်ကာ ထိုလူစုရှေ့သို့ ထွက်လာခဲ့သည်။

အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး ထွက်လာသည်ကို မြင်သောအခါ ယန်ဟန်ထျန်း အနည်းငယ် စိတ်သက်သာရာ ရသွားသည်။ ထိုကြောက်စရာကောင်းသော ရွှယ်အန်းနှင့် မရင်ဆိုင်ရသရွေ့ တော်သေးသည်ဟု တွေးလိုက်သည်။

ထို့အပြင် ဤအမျိုးသမီး၏ ပုံပန်းသွင်ပြင်အရ ကြည့်ရရင် ရွှယ်အန်း၏ အစေခံတစ်ယောက်လောက်သာ ဖြစ်ဘိမ့်မည်။

သို့ဖြစ်ကာ ၎င်း ကျင့်ကြံမှုအဆင့်လည်း သိပ်မြင့်ပုံမရပေ။

ဤသို့ဆိုလျှင် အသက်ရှင်ဖို့ အခွင့်အရေး ရှိကောင်းရှိနိုင်သည်။

သို့သော် ရွှယ်လွေ့လီ၏ နောက်ထပ်စကားများသည် သူ့ကို တွင်းနက်ကြီးထဲသို့ တွန်းချလိုက်သလို ဖြစ်သွားသည်။

"ကျန့်ဟုန်ဂိုဏ်းက... ရွှယ်လွေ့လီပါ၊ သင်ကြားပြသပေးဖို့ စောင့်မျှော်နေပါတယ်"

ထိုစကားကြားသည်နှင့် ယန်ဟန်ထျန်းရော သူ့သမီး ယန်ချင်းရွှမ်ပါ ထိတ်လန့်တုန်လှုပ်သွားကြသည်။

"မင်းက... စစ်မှန်မေးမြန်းခြင်း

အဆင့်ရဲ့ အဆင့်၆နေရာက ရွှယ်လွေ့လီဟုတ်လား၊ မဖြစ်နိုင်တာ၊ မင်းလိုလူက ဘယ်လိုလုပ် ရွှယ်အန်းရဲ့ အစေခံ ဖြစ်နေရတာလဲ"

ယန်ဟန်ထျန်း သူ့မျက်လုံးသူပင် မယုံနိုင်ဖြစ်နေသည်။

သို့သော် ရွှယ်လွေ့လီက ရိုးရှင်းစွာ ပြန်ပြောလိုက်သည်။

"သခငမကြီးရဲ့ အစေခံ ဖြစ်ရတာ ကျွန်မအတွက် ဂုဏ်ယူစရာပါ"

ထို့နောက် သူမ ရှေ့သို့ တစ်လှမ်းတိုးကာ ဓားကို ဝှေ့ယမ်းလိုက်သည်။

ဓားအလင်းတန်း ဖြတ်သွားသော နေရာတွင် ယန်ဟန်ထျန်းနှင့် သူ့သမီး ဖြစ်စေ အခြားသော ဂိုဏ်းချုပ်များ ဖြစ်စေ မည်သူမျှ ခုခံနိုင်ခြင်း မရှိဘဲ ဓားအလင်းတန်း၏ ဝါးမျိုခြင်းကို ခံလိုက်ရပြီး ဖုန်မှုန့်အဖြစ်သို့ ပြောင်းလဲသွားကြသည်။

All Chapters