← Chapters

အပြန်အလှန် ထိန်းကျောင်းခြင်း အနုပညာ ၊ မျက်ခုံးနှစ်ခုကြားမှ နူးညံ့သော အထိအတွေ့

Vol. 57 Ch. 853

အပြန်အလှန် ထိန်းကျောင်းခြင်း အနုပညာ ၊ မျက်ခုံးနှစ်ခုကြားမှ နူးညံ့သော အထိအတွေ့

Vol. 57 Ch. 853

ထိုစကားကို ကြားလိုက်ရသောအခါ စုရှောင်မု လှမ်းကြည့်လိုက်သည်။

အလယ်ပိုင်းဒေသမှ ကျင့်ကြံသူများသည် စိတ်လှုပ်ရှားကာ မျက်နှာများ နီရဲလာသည်အထိ ပြင်းထန်စွာ ငြင်းခုံနေကြသည်ကို သူမ မြင်လိုက်ရသည်။ အစောက ရှိခဲ့သော ပူးပေါင်းဆောင်ရွက်လိုသည့် အငွေ့အသက်များ လုံးဝ ပျောက်ကွယ်သွားလေသည်။

"ဒါက..."

"တွေ့လား... သခင်ကြီးရဲ့ မဟာဗျူဟာက ဘယ်လောက် ပြောင်မြောက်သလဲ ဆိုတာပဲ"

ဖူရှင်းယန်က ဂရုမစိုက်သလို ပြောလိုက်သည်။

"ဒီဂိုဏ်းတွေက အရှေ့ပိုင်းဒေသကို ဝင်ချင်တယ်ဆိုရင် တခြားဂိုဏ်းတွေနဲ့ ပေါင်းစည်းရလိမ့်မယ်၊ ဒါပေမဲ့ အဲဒါက ပြောသလောက် ဘယ်လွယ်ပါ့မလဲ"

"လောကကြီးမှာ လှုပ်ရှားမှုမှန်သမျှက အကျိုးစီးပွားကြောင့် ဖြစ်ပေါ်လာတာဆိုတာ နင်လည်း သိတာပဲ၊ ကိုယ်ကျိုးစီးပွားနဲ့ ယှဉ်လာရင် ဆရာနဲ့ တပည့်၊ သားအဖချင်းတောင် ရန်သူဖြစ်သွားနိုင်သေးတာ ဒီဂိုဏ်းတွေဆို ပြောမနေနဲ့တော့"

"သူတို့တွေ အချင်းချင်း ကောက်ကျစ်ကြတော့မှာ၊ တခြားဂိုဏ်းက အကြီးအကဲတွေက သူတို့အာဏာကို ထိန်းထားရုံနဲ့ ကျေနပ်မှာ မဟုတ်သလို လက်ခံမယ့် ဂိုဏ်းတွေကလည်း သူတို့ရထားတဲ့ အကျိုးအမြတ်တွေကို ပြန်ထုတ်ပေးချင်မှာ မဟုတ်ဘူး၊ ဒီလို ပြိုင်ဆိုင်မှုတွေအောက်မှာ အလယ်ပိုင်းဒေသက ဂိုဏ်းတွေ သေချာပေါက် ပြိုကွဲပြီး ဖရိုဖရဲ ဖြစ်ကုန်လိမ့်မယ်၊ နောက်ဆို ဘယ်တော့မှ အကျိုးစီးပွား မဟာမိတ်အဖွဲ့ ဖွဲ့နိုင်တော့မှာ မဟုတ်ဘူး၊ ဒါက သခင်ကြီး မြင်ချင်တဲ့ဟာပဲ"

ဖူရှင်းယန်၏ ရှင်းပြချက်ကို ကြားပြီးနောက် ရွှယ်အန်း ဘာကြောင့် ယခုလိုလုပ်ခဲ့သည်ကို စုရှောင်မု နားလည်သွားသည်။

သို့သော် သူမတွင် သံသယအချို့ ရှိနေဆဲဖြစ်သည်။

"ဒါဆို ဟဲ့ဝမ်ပင်းကျတော့ရော... အစ်ကိုရွှယ်အန်းရဲ့ စိတ်ထားအရဆို အဲ့ဒီလူကို ဒီတိုင်း လွှတ်ပေးလိုက်မှာ မဟုတ်ဘူးမလား"

ထိုစကားကို ကြားသောအခါ ဖူရှင်းယန်က ရယ်မောပြီး ခေါင်းခါလိုက်သည်။

"ဟဲ့ဝမ်ပင်း အသက်ရှင်မယ်လို့ နင်ထင်နေတာလား"

စုရှောင်မု လန့်သွားသည်။

ဖူရှင်းယန်သည် အဝေးမှ အသစ်ထွက်ပေါ်လာသော တောင်တန်းကြီးကို ကြည့်ကာ တိုးတိုးလေး ပြောလိုက်သည်။

"စောစောကပဲ သခင်ကြီး ပြောခဲ့တယ်လေ၊ ဒီဂိုဏ်းခေါင်းဆောင်တွေ အရှေ့ဘက်ဒေသကို ဝင်ချင်ရင် ကိုယ့်ကိုယ်ကိုယ် သတ်သေရမယ်၊ ပြီးမှ သူတို့ဂိုဏ်းသားတွေ ဝင်ခွင့်ရမယ်လို့၊ ဒါပေမဲ့ သေချာတာပေါ့... သူတို့အားလုံးက အသက်ကို တန်ဖိုးထားကြတယ်၊ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ်တော့ သတ်မှာ မဟုတ်ဘူး"

"ဒါပေမဲ့ ဟဲ့ဝမ်ပင်းကတော့ မတူဘူး၊ သူက ၀မ်ရှန့်ခန်းမရဲ့ အနာဂတ်ကို ဖျက်ဆီးခဲ့တဲ့လူပဲ၊ သူပြန်ရောက်သွားရင် ဂိုဏ်းသားတွေက သူ့ကို ဘယ်လိုမြင်ကြမလဲ"

"အစ်မ ပြောချင်တာက..."

ဖူရှင်းယန် ခေါင်းညိတ်လိုက်သည်။

"ငါထင်တာ မမှားဘူးဆိုရင် သူပြန်ရောက်သွားရင် နောက်တစ်နေ့ မနက်ခင်း နေရောင်ကိုတောင် မြင်ရမှာ မဟုတ်ဘူး၊ ဒေါသထွက်နေတဲ့ ဂိုဏ်းသားတွေက သူ့ကို ခေါင်းဖြတ်ပြီး တောင်းပန်ဖို့အတွက် ဆက်သကြလိမ့်မယ်"

ထိုစကားကို ကြားလိုက်ရသောအခါ စုရှောင်မု ကျောချမ်းသွားသည်။

ရွှယ်အန်း၏ လုပ်ရပ်များနောက်ကွယ်မှ အကြောင်းရင်းများကို သူမ နားလည်သွားပြီ ဖြစ်သော်လည်း ထိုအကြောင်းရင်းများကြောင့်ပင် ရွှယ်အန်း အပေါ်ထားရှိသော သူမ၏ လေးစားမှု ပိုကြီးမားလာခဲ့သည်။

"အစ်ကိုရွှယ်အန်းက ကျင့်ကြံခြင်းမှာ ထူးချွန်ရုံမကဘူး၊ သူ့ရဲ့ တွေးခေါ်ပုံတွေကလည်း အရမ်းကို စေ့စပ်သေချာပြီး ကြောက်စရာ ကောင်းလိုက်တာ၊ သူက တကယ်တမ်း ဘယ်လိုလူမျိုးပါလိမ့်"

စုရှောင်မု တိုးတိုးလေး ရေရွတ်လိုက်သည်။

ဖူရှင်းယန်သည် သက်ပြင်းချရင်း အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။

"ဒါက... သခင်ကြီးရဲ့ အာဏာချိန်ခွင်လျှာညှိတဲ့ နည်းလမ်း ဖြစ်ကောင်းဖြစ်နိုင်တယ်"

အပြင်လောကတွင် အရှေ့ဘက်ဒေသကြီး သည် အဓိကနယ်မြေအဖြစ် ပြောင်းလဲသွားမှုအပေါ် ရုတ်ရုတ်သဲသဲ ဖြစ်နေကြချိန် ရွှယ်အန်းသည် စစ်ဟွာမြို့ရှိ အတွင်းဆောင်သို့ ပြန်ရောက်နေပြီ ဖြစ်သည်။

အန်းယန်သည် သူ့ကို စောင့်မျှော်နေသည်။

ရွှယ်အန်းကို မြင်လိုက်သည်နှင့် အန်းယန် ပြုံးလိုက်သည်။

"ကိစ္စအားလုံး ပြီးသွားပြီလား

"

ရွှယ်အန်းက ခေါင်းညိတ်ပြီး ပြုံးကာ ပြောသည်။

"မင်းရဲ့ ယောက်ျား လှုပ်ရှားမှတော့ အလွယ်တကူ မပြီးမြောက်တာ ဘယ်ရှိပါ့မလဲ၊ မင်းလို မိန်းမကိုတောင် ငါအောင်နိုင်ခဲ့သေးတာပဲ၊ သာမန် အရှေ့ဘက်ဒေသလောက်ကတော့ ပြောမနေနဲ့တော့"

"ဟွန့်... အမြဲတမ်း ပေါက်ကရတွေပဲ ပြောနေတယ်"

အန်းယန်က ရှုံ့မဲ့ကာပြောလိုက်ပြီးမှ လေသံတိုးတိုးဖြင့် မေးသည်။

"ယောက်ျား... ကျွန်မတို့တွေ သွေးနတ်ဘုရားနယ်ပယ်ကို တကယ် သွားကြမှာလား"

ရွှယ်အန်း ခေါင်းညိတ်လိုက်သည်။

"ယန်အာ... ကိုယ်တို့ သွေးနတ်ဘုရားနယ်ပယ်ကို မဖြစ်မနေ သွားရမယ်၊ တစ်ချက်က မင်းရဲ့ ချိပ်ပိတ်စည်းအတွက်၊ ဒုတိယအချက်ကတော့..."

ရွှယ်အန်း ထိုသို့ ပြောလိုက်ချိန်တွင် သူ၏ မျက်လုံးများထဲ၌ အေးစက်သော အရိပ်အယောင်များ ပေါ်လာသည်။

"လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်သောင်းတုန်းက ဟွာလူသားမျိုးနွယ်တွေအပေါ် ကျရောက်ခဲ့တဲ့ ကပ်ဘေးဆိုးအတွက် ဘယ်သူက တရားခံလဲဆိုတာ စုံစမ်းဖို့ပဲ"

ရွှယ်အန်းသည် သွမ်ခွန်းနှင့် သွေးနတ်ဘုရားတို့ကို သုတ်သင်စဉ်က သူသိချင်သည်များကို သွမ်ခွန်း၏ နတ်ဘုရားအာရုံ အကြွင်းအကျန်များထဲတွင် ရှာဖွေခဲ့သည်။

သို့သော် သွမ်ခွန်း၏ မှတ်ဉာဏ်ပုံရိပ်များထဲတွင် ဟွာလူသားမျိုးနွယ်ကို သတ်ဖြတ်ခဲ့သော ကြယ်တာရာ မဟာမျိုးနွယ်စုကြီးမှ လူများ၏ ပုံရိပ်များသည် ဝေဝါးနေပြီး တရားခံကို ခွဲခြား၍ မရနိုင်အောင် ဖြစ်နေသည်ကို ရွှယ်အန်း တွေ့ရှိခဲ့ရသည်။

ရွှယ်အန်း ယခင်ကလည်း ဤသို့သော အခြေအနေမျိုး ကြုံဖူးသည်။

သို့သော် ဤသို့ဖြစ်လေလေ ကွယ်ဝှက်နေသော ကြိုးကိုင်သူများ၏ ကောက်ကျစ်စဉ်းလဲမှုနှင့် ရက်စက်မှုကို သက်သေပြလေလေဖြစ်သည်။

ထို့ကြောင့် ရွှယ်အန်း၏ သတ်ဖြတ်လိုစိတ်များ ပိုမို ပြင်းထန်လာသည်။

မင်းက ဘယ်သူပဲဖြစ်ဖြစ် မင်းရဲ့ သြဇာအာဏာ ဘယ်လောက်ပဲ ကြီးမားမား မင်းပေးခဲ့တဲ့ သွေးကြွေးအတွက် ပြန်ပေးဆပ်စေရမယ်...

ရွှယ်အန်း စိတ်ထဲတွင် တွေးလိုက်သည်။

ထိုစကားကို ကြားသောအခါ အန်းယန်သည် စိတ်မကောင်းဖြစ်သွားပြီး ရွှယ်အန်း၏ မျက်ခုံးများကို သူမ၏ လက်ဖြင့် ညင်သာစွာ သပ်ပေးလိုက်သည်။

"ယောက်ျားရယ်... ရှင်က ဟွာလူသားမျိုးနွယ် ဘိုးဘေးတွေအတွက် လက်စားချေချင်တယ်ဆိုတာ ကျွန်မ သိပါတယ်၊ ဒါပေမဲ့ ရှင့်ကို အမုန်းတရားတွေနဲ့ ကန်းသွားမှာမျိုး ကျွန်မ မလိုလားဘူး၊ ရှင်က သန်မာတယ် ဆိုပေမဲ့ ရှင့်ပခုံးပေါ်က ဝန်ထုပ်ဝန်ပိုးတွေက အကန့်အသတ်မရှိ ပိုပိုလေးလာလို့ မဖြစ်ဘူးလေ"

ရွှယ်အန်း ရင်ထဲ နွေးထွေးသွားပြီး အန်းယန်ကို ညင်သာစွာ ပွေ့ဖက်လိုက်သည်။

"ကိုယ်သိပါတယ်၊ ကိုယ်က ပြန်မွေးဖွားလာတာဆိုတော့ သေချာပေါက် ကောင်းကောင်းမွန်မွန် နေထိုင်ရမှာပေါ့၊ ဒါမှ မင်းနဲ့ သမီးလေးနှစ်ယောက်ကို စိတ်မပျက်စေမှာ"

"အင်းပါ..."

အန်းယန်က ရွှယ်အန်း၏ ရင်ခွင်ထဲ၌ ခပ်တိုးတိုးလေး ပြောလိုက်သည်။

ရုတ်တရက်ဆိုသလို

သူမ တစ်ခုခုကို သတိရသွားသလို ခေါင်းမော့လာပြီး ပြောလိုက်သည်။

"အာ... ကျွန်မ သမီးလေးနှစ်ယောက်ကို မကြည့်ဖြစ်တာ ရက်တော်တော်ကြာသွားပြီ၊ သူတို့နှစ်ယောက် မှော်ရတနာပြခန်း ကို ဘာတွေလုပ်ပစ်လိုက်ပြီလဲ မသိဘူး"

ထိုသို့ပြောပြီး အန်းယန်သည် မှော်ရတနာပြခန်းကို ချက်ချင်းဖွင့်ကာ ဝင်သွားလိုက်သည်။

ခဏကြာအထဲမှ အန်းယန်၏ အသံ ထွက်ပေါ်လာသည်။

"ဘုရားရေ... နင်တို့ ဒီထဲမှာ တိုက်ခိုက်ထားကြတာလား"

"ရေခဲမုန့်တွေ အကုန် ဘယ်ရောက်သွားပြီလဲ"

"ဘာ... မသိဘူး ဟုတ်လား၊ ဒါဆို နင်တို့ ပါးစပ်မှာ ပေနေတဲ့ ခရင်မ်တွေက ဘာတွေလဲ"

"ရွှယ်အန်း... လာကြည့်ပါဦး၊ ရှင့်သမီးနှစ်ယောက် ဘာတွေ လုပ်ထားလဲဆိုတာကို"

ရွှယ်အန်းမှာ မတတ်သာတော့ဘဲ ပြုံးလိုက်ပြီး မှော်ရတနာပြခန်းထဲသို့ လိုက်ဝင်သွားရသည်။

အထဲတွင် ကလေးမလေး နှစ်ယောက်သည် ခေါင်းငုံ့ကာ ဘေးချင်းယှဉ်ရပ်လျက် အဆူခံနေရသည်။

ရွှယ်အန်း ဝင်လာသည်ကို မြင်သည်နှင့် ဒေါသထွက်နေသော အန်းယန်သည် ရှုပ်ပွနေသော အခန်းကို လက်ညှိုးထိုးပြကာ ပြောလိုက်သည်။

"တွေ့လား၊ ရှင့်ရဲ့ အသည်းကျော် သမီးနှစ်ယောက်က ဒီနေရာကို ဖျက်ဆီးလုနီးပါး လုပ်ထားတယ်"

"ပြီးတော့ ဒီထဲမှာ ကျွန်မထားထားတဲ့ ရေခဲမုန့်ဘူးကြီး ဒါဇင်နဲ့ချီကိုလည်း သူတို့ စားပစ်လိုက်ကြပြီ"

ရွှယ်အန်းသည် ခေါင်းသာကုတ်လိုက်သည်။

"ကုန်သွားရင်လည်း ထပ်ဝယ်လိုက်ကြတာပေါ့ကွာ..."

အန်းယန်သည် ရွှယ်အန်းကို မျက်စောင်းထိုးကြည့်လိုက်သည်။

"ဒါက ဝယ်တာ မဝယ်တာ ကိစ္စလား၊ အဲ့ဒါ ရေခဲမုန့်ဘူးကြီး ဒါဇင်နဲ့ချီနော်၊ ရှင့်သမီးတွေ အကုန်စားပစ်လိုက်တာ၊ သူတို့က မိန်းကလေးတွေလေ... ဒီလိုပုံစံနဲ့ စားနေရင် နောက်ကျ ဝက်ပုတ်လေးတွေ ဖြစ်သွားရင် ဘယ်လိုလုပ်မလဲ"

အန်းယန်မှာ ရင်တွေကွဲမတတ် ဖြစ်နေသည်။

ရွှယ်အန်းက ငြိမ်ကုပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။

"အာ... ကိုယ်ထင်တာကတော့ ကိုယ့်သမီးတွေက ဝက်ပုတ်လေးတွေ ဖြစ်လာမှာ မဟုတ်ပါဘူး၊ သူတို့မှာ ကိုယ်ရှိနေတာပဲဟာ"

"ဟွန်း... ရှင်က သူတို့ကို အလိုလိုက်လွန်းတယ်"

အန်းယန်က ဒေါသ မပြေသေးပေ။

သို့သော် ရွှယ်အန်းက သမီးနှစ်ယောက်ကို ခိုးကြည့်လိုက်ပြီး မျက်လုံးမှိတ်ပြကာ နိုင်ပြီ ဟူသော လက်ဟန်အမူအရာ လုပ်ပြလိုက်သည်။

ထိုသည်ကိုမြင်တော့ ကလေးမလေး နှစ်ယောက်သည် ကြောင်ကြီးများလို ပြုံးဖြီးဖြီးမျက်နှာပေးများဖြင့် ရယ်မောလိုက်ကြသည်။

"နင်တို့က ရယ်ရဲသေးတယ်ပေါ့လေ"

အန်းယန် ဒေါသတကြီး ပြောလိုက်သည်။

"ဖေဖေ လုပ်တာ"

ရွှယ်နျန်သည် ရွှယ်အန်းကို လက်ညှိုးထိုးလိုက်သည်။

"ဟုတ်တယ်၊ သမီးတို့ကို ရယ်အောင်လုပ်တာ ဖေဖေပဲ၊ သူက နိုင်ပြီဆိုတဲ့ လက်ဟန်တောင် လုပ်ပြနေသေးတယ်"

ရွှယ်ရှန်းသည် ရွှယ်အန်းကို ချက်ချင်းပင် သစ္စာဖောက်ကာ ရောင်းစားလိုက်လေသည်။

ရွှယ်အန်း၏ ပြုံးနေသော မျက်နှာကြီးမှာ တောင့်ခဲသွားသည်။

အန်းယန်က ရွှယ်အန်းကို လက်ညှိုးထိုးလိုက်ကာ အမိန့်ပေးလိုက်သည်။

"ရှင်ရော၊ ရှင်တို့နှစ်ယောက်ရော... သုံးယောက်လုံး ဟိုဒေါင့်မှာ သွားရပ်နေကြ"

လူကြီးတစ်ယောက်နှင့် ကလေးနှစ်ယောက်တို့သည် ဒေါင့်တွင် သွားရပ်လိုက်ကြရသည်။

ထို့နောက် ရွှယ်ရှန်းက တိုးတိုးလေး မေးသည်။

"ဖေဖေ... ဖေဖေလည်း မေမေကို ကြောက်တာပဲလား"

"ဒါက ကြောက်တာ မဟုတ်ဘူး၊ လေးစားတာကွ"

ရွှယ်အန်းက ပြောလိုက်သည်။

"တော်ပါ ဖေဖေရာ... ဖေဖေ ကြောက်နေတာ သိသာကြီးကို"

ရွှယ်ရှန်းက ရွှယ်အန်း၏ ဟန်ဆောင်မှုကို ညှာတာခြင်းမရှိဘဲ ဖွင့်ချလိုက်သည်။

"အဟွတ် အဟွတ်... စကားကိုနည်းနည်းပြောပြီး ကောင်းကောင်းသ။ရပ်စမ်းပါ"

ရွှယ်အန်းမှာ အနေရခက်စွာ ပြောလိုက်ရသည်။

ခဏအကြာ ရွှယ်ရှန်းသည် သက်ပြင်းချလိုက်သည်။

"သမီးတို့ ရွှယ်မျိုးရိုး သုံးယောက်ပေါင်းတာတောင် အမေတစ်ယောက်ကို မနိုင်ပါလားနော်"

"ဖေဖေက အင်မော်တယ်သခင်ဖြစ်ပြီးတာတောင် အရမ်း အားနည်းတာပဲ"

ရွှယ်အန်း၏ မျက်ခွံများ လှုပ်သွားသည်။

"မတတ်နိုင်ဘူးလေ၊ အင်မော်တယ်သခင် ဖြစ်နေရင်တောင် အိမ်က ကျားမကြီးကိုတော့ ကြောက်ရတာပဲ”

All Chapters