← Chapters

နှစ်တစ်ရာပ တိုတောင်းလွန်းတယ်၊ နှစ်သန်းတစ်ရာက ပိုကောင်းတယ်

Vol. 57 Ch. 842

နှစ်တစ်ရာပ တိုတောင်းလွန်းတယ်၊ နှစ်သန်းတစ်ရာက ပိုကောင်းတယ်

Vol. 57 Ch. 842

ထိုရက်တွင်...

နေမင်းကြီးသည် တရှိန်ရှိန် မြင့်တက်နေချိန်ဖြစ်သည်။

သွေးကွန်ရက်တောင်မှ မိုင်တစ်ရာခန့် ကွာဝေးသော ကောင်းကင်ယံတွင် များပြားလှသော လှေပျံများနှင့် ရထားလုံးများ စုရုံးနေကြသည်။

ထို လှေပျံများနှင့် ရထားလုံးများတွင် ရှိနေသူအားလုံးမှာ ဂိုဏ်းကြီးများနှင့် အထက်တန်းလွှာ မိသားစုများမှ တိုက်ရိုက်ဆင်းသက်သော သမီးပျိုများနှင့် ဂုဏ်ယူဝင့်ကြွားသော မိန်းမပျိုလေးများ ဖြစ်ကြသည်။

ဤအမျိုးသမီးများသည် နူးညံ့သိမ်မွေ့ပြီး ဆွဲဆောင်မှုရှိသူများလည်းပါသလို အေးစက်ကာ ရင်သပ်ရှုမောဖွယ် လှပသူများလည်း ရှိကြသည်။

သို့သော် ခြွင်းချက်မရှိစွာ ၎င်းတို့ အားလုံးသည် မျိုးရိုးမြင့်များမှ ဆင်းသက်လာသူများ ဖြစ်ပြီး အစွမ်းထက်သော ကျင့်ကြံမှုအဆင့်ရှိကြသော အလှပဂေးများ ဖြစ်ကြသည်။

ယခုအချိန်တွင်...

ဤမိန်းမပျိုမလေးများသည် ရထားလုံးဦးပိုင်းတွင် ရပ်လျက် မိုင်တစ်ရာခန့်အကွာရှိ ဟင်းလင်းပြင်ကို ဖြတ်သန်းကာ ဖြစ်ပေါ်နေသော ချောက်နက်ကြီးကို လှမ်းကြည့်နေကြသည်။

"သူ တကယ်ပဲ ဒါကို ပေါ့ပေါ့ပါးပါး ဖန်တီးလိုက်တာလား"

အမျိုးသမီးတစ်ဦးက တိုးတိုးလေး ရေရွတ်လိုက်သည်။

အားလုံး တိတ်ဆိတ်သွားကြသည်။

အမှန်တကယ်တွင် ဂိုဏ်းများနှင့် အထက်တန်းလွှာ မိသားစုများမှ ဤ ကောင်းကင်ဘုံ သမီးပျိုလေးများသည် ရွှယ်အန်း ကြံကျင့်ရန် ဝင်ရောက်သွားသော နေ့ကတည်းက ဤနေရာသို့ အပြေးအလွှား ရောက်ရှိလာကြခြင်းဖြစ်သည်။

သူတို့တွင် ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိသည်။

ထိုရည်ရွယ်ချက်မှာ အင်မော်တယ်သခက်ကို သတ်ဖြတ်ပြီး ဤနယ်မြေ၏ ထိပ်တန်းပုဂ္ဂိုလ် ဖြစ်လာသော ထိုအမျိုးသားနှင့် ရင်းနှီးခွင့်ရရန် အစွမ်းကုန် ကြိုးစားခြင်းပင် ဖြစ်သည်။

အစပိုင်းတွင် ဤသမီးပျိုလေးများသည် ယုံကြည်မှု အပြည့်ရှိခဲ့ကြသည်။

သို့သော် အချိန်ကြာလာသည်နှင့်အမျှ

ရောက်ရှိလာသော သမီးပျိုများနှင့် မိန်းမပျိုလေးများ အရေအတွက် တိုးပွားလာပြီး ၎င်းတို့၏ အဆင့်အတန်းနှင့် ကျင့်ကြံမှုအဆင့်များသည်လည်း ပိုမိုမြင့်မားကာ လွှမ်းမိုးနိုင်စွမ်း ရှိလာကြသည်။

အမျိုးသမီးများသည် ကြီးမားသော ဖိအားကို မခံစားရဘဲ မနေနိုင်တော့ပေ။

သို့သော် ၎င်းတို့သည် ဒေသတစ်ခုလုံးတွင် ကျော်ကြားသော မျိုးရိုးမြင့် သမီးပျိုများနှင့် မိန်းမပျိုလေးများ ဖြစ်ကြသည့်အလျောက် သဘာဝကျစွာပင် တစ်ယောက်စီ၌ ထူးခြားသော အရည်အချင်းများ ရှိကြသည်။ ထို့ကြောင့် ယခုအချိန်တွင် မည်သူမျှ အရှုံးမပေးကြဘဲ အချိန်ကျလာသောအခါ ရွှယ်အန်းထံ ချဉ်းကပ်နိုင်ရန် အသင့်ပြင်ဆင်ထားကြသည်။

ထို့ပြင် သူတို့အတွက် ဤအရာသည် ရှက်စရာကိစ္စဟု မယူဆကြချေ။

ဆန့်ကျင်ဘက်အားဖြင့် ရွှယ်အန်းကဲ့သို့ ပြိုင်ဘက်ကင်း စွမ်းအားရှင်တစ်ဦးကို မှီခိုအားကိုးခွင့်ရခြင်းသည် အလွန် ဂုဏ်ယူစရာကောင်းသော ကိစ္စရပ်တစ်ခုဟု ခံယူထားကြသည်။

ဤအချက်ကို သူတို့၏ သက်ဆိုင်ရာ ဂိုဏ်းများနှင့် အထက်တန်းလွှာ မိသားစုများကလည်း ထပ်ခါတလဲလဲ မှာကြားပြီး အလေးထား ပြောဆိုထားကြသည်။

အဘယ်ကြောင့်ဆို ဤကွေ့ယီတွင် အရာရာသည် ခွန်အားအပေါ်တွင်သာ မူတည်သောကြောင့်ဖြစ်သည်။

သင့်မှာ အင်အားရှိလျှင် သင်သည် ရုပ်ဆိုးပြီး အိုမင်းနေလျှင်တောင်မှ သင့်အိပ်ရာကို နွေးထွေးစေမည့် အမျိုးသမီး အများအပြား ဝိုင်းဝိုင်းလည်နေကြမည်ဖြစ်သည်။

ရွှယ်အန်းက သွေးကွန်ရက်တောင်ကို ချေမှုန်းပြီး အင်မော်တယ်သခင်ကို သတ်ဖြတ်လိုက်သည့် မှတ်တမ်းများသည် ကွေ့ယီတစ်ခွင် ပျံ့နှံ့သွားပြီးနောက်တွင် ပိုလို့ပင် ဆိုးရွားလာသည်။

အမျိုးသမီးများသည် ထိုမှတ်တမ်းများကို သဘာဝကျစွာပင် မြင်တွေ့ခဲ့ကြပြီးဖြစ်သည်။

ရေကြည့်မှန်မှ ပုံရိပ်များထဲတွင် ရွှယ်အန်းသည် ချောမောသော ရုပ်ရည်နှင့် မြင့်မြတ်သောအရှိန်အဝါ ပိုင်ဆိုင်ထားကြောင်း တွေ့ရသဖြင့် ပုံမှန်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် အထင်ကြီးတတ်သော ဤမျိုးရိုးမြင့် သမီးပျိုများနှင့် ဂုဏ်ယူဝင့်ကြွားတက်သော မိန်းမပျိုလေးများပင်လျှင် ရင်ခုန်မိပြီး ကြွေဆင်းသွားကြလေသည်။

"သုံးရက် ပြည့်သွားပြီ၊ ရွှယ်အန်း မကြာခင် ကြံကျင့်တာကနေ ထွက်လာတော့မယ်"

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးသည် သူမ၏ လှပသော ခန္ဓာကိုယ်ကောက်ကြောင်းမှာ ထင်ရှားစွာ ပေါ်လွင်လျက်ရှိသည်ယ

"နီချန်နတ်သမီးက စေ့စပ်ထားပြီးသား မဟုတ်ဘူးလား၊ ဘာလို့ ဒီကိုလာပြီး စိတ်ဝင်စားနေရတာလဲ"

အေးစက်သော အမူအရာရှိသည့် အခြားအမျိုးသမီးတစ်ဦးသည် မေးလိုက်သည်။

သူမ၏ လေသံတွင် လှောင်ပြောင်မှု အရိပ်အယောင် ပါဝင်နေသည်။

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးသည် ရှက်ရွံ့ခြင်းမရှိဘဲ ဂရုမစိုက်သည့်ဟန်ဖြင့် ပြန်ပြောလိုက်သည်။

"ငါ့မိသားစု ရှာပေးတဲ့ ခင်ပွန်းလောင်းကို ငါ သဘောမကျလို့ စေ့စပ်ပွဲ ဖျက်လိုက်ပြီ၊ ပြီးတော့ ရွှယ်အန်းလို ကမ္ဘာကိုတုန်လှုပ်စေတဲ့ စွမ်းအားရှင်မျိုးကသာ ငါ့ရဲ့ စစ်မှန်တဲ့ ပန်းတိုင်ပဲ"

ဤစကားကြောင့် အေးစက်သော အမျိုးသမီးက မထီမဲ့မြင် နှာခေါင်းရှုံ့လိုက်သည်။

"နင်ပြောနေတာက နင်သွားလိုက်တာနဲ့ ရွှယ်အန်းက နင့်ကို သဘောကျသွားမယ့်

အတိုင်းပဲ"

"ခစ်ခစ်... လီပင်းယန် နင်လည်း အတူတူပဲ မဟုတ်ဘူးလား၊ နင်က အမြဲတမ်း နင့်နှလုံးသားက ရေခဲလို သန့်ရှင်းစင်ကြယ်ပြီး ဘယ်ယောက်ျားကိုမှ စိတ်မဝင်စားဘူးလို့ ပြောခဲ့တာလေ၊ ဘာလို့ အခုမှ အပြေးအလွှား ရောက်လာရတာလဲ"

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးက ထေ့ငေါ့စွာ ပြန်ပက်လိုက်သည်။

လီပင်းယန်၏ မျက်နှာထားမှာ ပြောင်းလဲခြင်း မရှိဘဲ အေးစက်စွာ ပြောလိုက်သည်။

"မိန်းမတွေဆိုတာ သူရဲကောင်းတွေနဲ့ စွမ်းအားရှင်တွေကို သဘောကျကြတာပဲလေ၊ အရင်က ငါ စိတ်မလှုပ်ရှားခဲ့တာက အဲ့ဒီယောက်ျားတွေအားလုံးက သာမန်အဆင့်တွေဖြစ်ပြီး ဘယ်သူမှ သူရဲကောင်း မဟုတ်ခဲ့လို့ပဲ၊ ရွှယ်အန်း ပေါ်လာမှပဲ ငါ့နှလုံးသားက သူ့ဆီ ယိမ်းယိုင်သွားတာ"

"ဟဟ"

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးသည် အေးစက်စွာ ရယ်မောကာ တစ်စုံတစ်ခု ထပ်ပြောချင်နေသည်။

ထိုအချိန်တွင်...

အဝေးတစ်နေရာ၌ အင်အားကြီးမားသော စွမ်းအင်တစ်ခုသည် ကောင်းကင်ယံသို့ ထိုးတက်လာသည်။ မိုင်တစ်ရာ ကွာဝေးနေသော်လည်း အမျိုးသမီးများအားလုံး လန့်ဖျပ်သွားကြသည်။

"သူပဲ"

"ရွှယ်အန်း နိုးလာပြီ"

အမျိုးသမီးများအားလုံး တုန်လှုပ်သွားကြပြီး ရွှယ်အန်း ကြံကျင့်ရာမှ ထွက်လာပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် သူတို့၏ လှေပျံများနှင့် ရထားလုံးများကို မောင်းနှင်ကာ မိုင်တစ်ရာအကွာရှိ ချောက်နက်ကြီးဆီသို့ အပြိုင်အဆိုင် ပြေးဝင်သွားကြသည်။

ယခုအချိန်တွင်...

ရွှယ်အန်းကို စောင့်ကြပ်ပေးနေသော ရွှယ်လွေ့လီ၊ မုယာနှင့် ကျန်းချီတို့သည်လည်း စွမ်းအင်ကြောင့် နိုးထလာပြီး ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ကြသည်။

ရွှယ်အန်း ပတ်ဝန်းကျင်ရှိ အရှိန်အဝါများသည် ပြင်းထန်သော လှိုင်းလုံးကြီးများသဖွယ် မြင့်တက်လာပြီး အမျိုးမျိုးသော ပုံရိပ်ယောင်များအဖြစ်သို့ပင် ပြောင်းလဲသွားသည်ကို သူတို့ မြင်တွေ့လိုက်ရသည်။

ရုတ်တရက်ဆိုသလို စွမ်းအင်များသည် ရွှယ်အန်း၏ ခန္ဓာကိုယ်ထဲသို့ ပြင်းထန်စွာ ပြန်လည်ဝင်ရောက်သွားသည်။

ထို့နောက် ရွှယ်အန်းသည် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

ရွှယ်အန်း မျက်လုံးဖွင့်ပြီး မော့ကြည့်လိုက်သောအခါ ထက်ရှသော အလင်းတန်းတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကို ပိုင်းဖြတ်လိုက်သည့်ပမာ ထင်ရသည်။

အပြေးအလွှား ရောက်ရှိလာကြသော အထက်တန်းလွှာ မိသားစုများမှဆင်းသက်သည့် မိန်းကလေးများအားလုံး ရင်ထဲတွင် တုန်လှုပ်မှုကို ခံစားလိုက်ရသည်။

ထိုသည်မှာ ရွှယ်အန်း၏ မျက်လုံးများထဲမှ တောက်ပသော အလင်းရောင်ကြောင့် ဖြစ်ကြောင်း သူတို့ သိလိုက်ကြသည်။

ထို့နောက်တွင် ရွှယ်အန်း၏ မျက်လုံးထဲမှ အလင်းရောင်သည် မှေးမှိန်သွားပြီး သူ၏ အရှိန်အဝါသည်လည်း သန့်ရှင်းစင်ကြယ်သော အခြေအနေသို့ ပြန်လည် ရောက်ရှိသွားသည်။ အဆုံးတွင် သူသည် နှစ်အနည်းငယ်ခန့် ပိုငယ်သွားသလိုထင်ရပြီး အရွယ်မရောက်သေးသော လူငယ်လေးတစ်ဦးနှင့်ပင်တူသွားသည်။

ရွှယ်လွေ့လီ၊ မုယာ နှင့် ကျန်းချီတို့သည် အလွန်အမင်း စိတ်လှုပ်ရှားသွားကြပြီး ပြိုင်တူ ဦးညွှတ်လိုက်ကြသည်။

"သခင်ကြီး"

ရွှယ်အန်း၏ နှုတ်ခမ်းများ ပြုံးယောင်သမ်းသွားပြီး အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။

ဤသုံးရက်အတွင်း ရွှယ်အန်းသည် ကြီးမားသော အကျိုးကျေးဇူးများကို ရိတ်သိမ်းနိုင်ခဲ့သည်။

ပထမအချက်မှာ သူသည် စစ်မှန်နတ်ဘုရား တစ်ပိုင်းအဆင့် ကျင့်ကြံမှုအဆင့်ကို အပြည့်အဝ ခိုင်မာအောင် လုပ်ဆောင်နိုင်ခဲ့ပြီး ဒုတိယအချက်မှာ သူ၏ စိတ်အခြေအနေအားလုံးကို ပြန်လည်ဆန်းစစ်ကာ သူ၏ တာအို နှလုံးသားကို အပြစ်အနာအဆာကင်းစင်ပြီး ကြည်လင်တောက်ပနေအောင် တိုက်ချွတ်နိုင်ခဲ့ခြင်းဖြစ်သည်။

ထိုသည်မှာ ကျင့်ကြံမှုအဆင့် တိုးတက်ခြင်းထက်ပင် ပိုမိုကြီးမားသော အောင်မြင်မှုတစ်ခု ဖြစ်သည်။

အဘယ်ကြောင့်ဆို ခိုင်မာသော နှလုံးသားရှိမှသာ ကျင့်ကြံမှုအဆင့်တွင် သိသာထင်ရှားသော တိုးတက်မှုကို ရရှိနိုင်သောကြောင့်ဖြစ်သည်။

ယခုအချိန်တွင် မိန်းမပျိုလေးများ အားလုံးသည်လည်း သူတို့၏ လှေပျံများနှင့် ရထားလုံးများပေါ်မှ ဆင်းသက်လာပြီး ချောက်နက်ကြီး၏ အစွန်းဘက်သို့ လျှောက်လှမ်းလာကြသည်။

ဤအခိုက်တွင် သူတို့၏ မျက်လုံးထဲ၀ယ် လွင့်မျောနေသော ဝတ်ရုံဖြူကို ၀တ်ဆင်ထားသည့် လူငယ်လေးတစ်ဦးပမာ ရွှယ်အန်းကိုသာ ကြည့်နေပြီး သူတို့၏ တိုးတက်ရေးအတွက် လှေကားထစ်တစ်ခုဟု မြင်နေကြသည်။ ထို့ကြောင့် သူတို့အားလုံးသည် မိမိတို့၏ အလှဆုံးအပိုင်းများကို ပြသရန် အစွမ်းကုန် ကြိုးစားကာ ကျက်သရေရှိစွာ ဦးညွှတ် အရိုအသေ ပြုလိုက်ကြသည်။

"အရှင်... ကျွန်မကတော့ အနောက်ပိုင်းဒေသဝမ်မိသားစုရဲ့ တရား၀င်သမီး ရှောင်ချန်းပါ"

"အရှင်ရွှယ်အန်းကို နှုတ်ခွန်းဆက်ပါတယ်၊ ကျွန်မကတော့ အလယ်ပိုင်းဒေသ လင်းမိသားစုက လင်းရှောင်ရှောင်ပါ"

နှုတ်ဆက်သံများသည် ဆက်တိုက်ဆိုသလို ထပ်နေအောင် ထွက်ပေါ်လာသည်။

အချို့ဆိုလျှင် ပို၍ပင် ပွင့်လင်းကြသည်။

"အရှင်ရွှယ်အန်း ကျွန်မ ရှင်ရဲ့ စွမ်းအားကို လေးစားမိပါတယ်၊ ကျေးဇူးပြုပြီး ကျွန်မကို ကိုယ်လုပ်တော်အဖြစ် လက်ခံပေးပါ"

ဤစကားကြောင့် ရွှယ်လွေ့လီနှင့် မုယာတို့မှာ အံ့သြလွန်းသောကြောင့် စကားပင် မပြောနိုင်တော့ချေ။

ဘယ်လိုတွေဖြစ်နေရတယလဲ

ဒီလောက်ထိ ပွင့်ပွင့်လင်းလင်း လာပြောရုံနဲ့ ရမှာမို့လို့လား

သို့သော် ပြိုင်ဆိုင်မှု ပြင်းထန်လာချိန်မှာပင် ရွှယ်အန်း၏ မျက်နှာတွင် မနှစ်မြို့သော အရိပ်အယောင်များ ပေါ်လာပြီး အေးစက်စွာ ပြောလိုက်သည်။

"မလိုဘူး"

ထိုသို့ပြောပြီးနောက် သူသည် လက်ဝှေ့ယမ်းလိုက်ကာ မှော်ရတနာ ခန်းမဆောင်ကို ဖွင့်လိုက်သည်။

ဤပွဲတော်ကြီးသို့ မလာမီကပင် သူသည် အန်းယန်ကို သူ့သမီးနှစ်ယောက်နှင့်အတူ ပြခန်းဆောင်ထဲသို့ ဝင်နေရန် မှာကြားထားခဲ့သည်။

ထို့အပြင် ပေါ့ပေါ့ဆဆ အပြင်မထွက်ရန်လည်း ပြောထားသည်။

ယနေ့တွင် ရွှယ်အန်း ကိစ္စများ ပြီးပြတ်သွားချိန်မှသာ အန်းယန်ကို ခန်းမဆောင်ထဲမှ ထွက်ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။

အန်းယန် ထွက်လာသည်နှင့် သူမ၏ မျက်လုံးများ အနည်းငယ် နီရဲနေသည်ကို တွေ့လိုက်ရသည်။

"ယောက်ျား... ဒဏ်ရာရသွားသေးလား"

ရွှယ်အန်းသည် ဖုံးကွယ်ထား၍ မရမှန်း သိသဖြင့် ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ဘာမှမဖြစ်ပါဘူး၊ ဒဏ်ရာ အသေးစားလေးပါ၊ အခု ပျောက်သွားပါပြီ"

သူ ထိုသို့ပြောသော်လည်း အန်းယန်၏ မျက်နှာတွင် နာကျင်သော အမူအရာ ရှိနေဆဲဖြစ်သည်။

ရွှယ်အန်းသည် သူမနှင့် နှစ်ပေါင်းများစွာ အတူနေလာခဲ့ကြသဖြင့် သူတို့ကြားတွင် နက်ရှိုင်းသော သံယောဇဉ် ရှိနေပြီးဖြစ်ရာ မှော်ရတနာခန်းမဆောင်ထဲတွင် ရှိနေချိန်၌ပင် ရွှယ်အန်း၏ ဒဏ်ရာများကို သူမ နက်ရှိုင်းစွာ ခံစားသိရှိနေခဲ့သည်။

"နောက်တစ်ခါ ဒီလို မလုပ်ရဘူးနော်၊ ရှင့်ကြောင့် ကျွန်မ ဘယ်လောက် စိတ်ပူခဲ့ရလဲ သိလား"

အန်းယန် မျက်ရည်ကျလုမတတ် ဖြစ်နေသည်။

ရွှယ်အန်း ပြုံးလိုက်ပြီး အန်းယန်ကို ရင်ခွင်ထဲသို့ ညင်သာစွာ ဆွဲသွင်းလိုက်သည်။

"အင်းပါ... အင်းပါ... ဒီတစ်ခါပါပဲ၊ နောက်တစ်ခါ မဖြစ်စေရဘူး၊ ဟုတ်ပြီလား"

"ကတိနော်... ကတိ၊ မဖောက်ဖျက်ကြေး"

ထိုသို့ပြောကာ အန်းယန်သည် လက်သန်းလေး ထိုးပေးလာသည်။

ရွှယ်အန်း ရယ်မောလိုက်ပြီး အန်းယန်နှင့် လက်သန်းချိတ် ကတိပြုရန် သူ့လက်သန်းကို ထုတ်ပေးလိုက်သည်။

"လက်သန်းချိတ်ကတိ၊ နှစ်သန်းတစ်ထောင် တည်ပါစေ"

အန်းယန်က ရေရွတ်လိုက်သည်။

ရွှယ်အန်း ရယ်မောခြင်းကို မထိန်းနိုင်တော့ပေ။

"ကိုယ်မှတ်မိတာတော့ နှစ်တစ်ရာပဲ မဟုတ်ဘူးလား"

အန်းယန်က ရွှယ်အန်းကို မျက်စောင်းထိုးလိုက်သည်။

"နှစ်တစ်ရာဆိုတာ တိုတောင်းလွန်းတယ်၊ နှစ်သန်းတစ်ထောင်က ပိုကောင်းတယ်”

All Chapters