အပိုင်း (၄၆၈)
Vol. 33 Ch. 468
ရှမ့်လန်က ချန်းဖန်မြို့စားအိမ်တော်အတွက် လူသစ်ခေါ်ယူမှုကို လူသိရှင်ကြား ပြုလုပ်ခဲ့သည်။ ထိုလုပ်ရပ်က ရေကန်ထဲသို့ ကျောက်တုံးကြီးတစ်တုံးကို ပစ်ချလိုက်သကဲ့သို့ပင် လှိုင်းတံပိုးများ ထန်စေခဲ့၏။
ရှမ့်လန်က အမှိုက်သရိုက် အရူးလန်ကို ပဉ္စမမင်းသား၏ မြို့စားအိမ်တော်ဆီသို့ ခေါ်ဆောင်လာခဲ့ပြီး အဆင့်ခုနစ် စာရေးချုပ်အရာရှိ အဖြစ် ခန့်အပ်ခဲေ၏။ ဤသည်က အလွန်အမင်း အံ့အားသင့်စရာပင်။
ပိုမို၍ အရေးကြီးမားသည်က ရှမ့်လန်သည် မသန်စွမ်း ဒုက္ခသည်အားလုံးကို ခေါ်ဆောင်လာခဲ့၏။ ထိုသူတောင်းစားဆယ်ယောက်တို့အား ပညာရှိများအဖြစ် ခန့်အပ်ခဲ့၏။ ဤသတင်းက နန်းမြို့တော် တစ်ခုလုံး၌ အရှိန်အဟုန်ပြင်းပြင်း ပျံ့နှံ့သွားခဲ့သည်။ လူတိုင်းနီးပါးတို့က ထိုအကြောင်းအရာကို ပြောဆိုလျက် ရှိနေပြီး သူတို့၏ ပါးစပ်ထဲတွင် ရှမ့်လန် က အလုံးစုံ ရူးသွပ်သွားခဲ့ပြီ ဖြစ်သည်။
နောက်ဆုံးမှာတော့ ဘုရင်မင်းမြတ် နင်ယွမ်ရှန်းကပင် သည်းမခံနိုင်တော့ချေ။ သူက ရှမ့်လန်အား နန်းတော်ထဲသို့ ချက်ချင်းခေါ်ဆောင်ရန် လီစွမ်းအား အမိန့်ပေးခဲ့၏။ သူက ဒေါသတကြီး ဖြစ်လို့နေခဲ့၏။
“ရှမ့်လန်... ဒါဘာအဓိပ္ပာယ်လဲ။ ဘာအဓိပ္ပာယ်လဲ။ မင်းငါ့ကို စိန်ခေါ်နေတာလား။ မင်းငါ့ကို အရှက်ခွဲနေတာလား။ မင်းငါ့ကို သိက္ခာကျအောင် လုပ်နေတာလား။ နင်ကျန်းကို လူအင်အား လုံလုံလောက်လောက် မပေးလို့ သူတောင်းစားဆယ်ယောက်ကို ခေါ်ပြီး ငါ့ကို သိက္ခာချတာလား။ မင်းငါ့ကို အရှက်ခွဲတာလား”
“အရင်တစ်ခေါက် လူသစ်ခေါ်ဖို့ဆိုပြီ ဆိုင်ခုံခင်းတည်းက ငါမင်းကို တော်တော်သည်းခံခဲ့ပြီးပြီ။ အရာရှိမင်းတွေ ခေါ်တာ ဈေးရောင်းသလို ခုံခင်းစရာလိုလား။ အခု မင်းက ငါ့ရဲ့ဂုဏ်သိက္ခာကို နင်းချေနေတာပဲ။ ရှင်းပြစမ်း။ ငါ့ကိုအခု ရှင်းပြစမ်း”
ဘုရင်မင်းမြတ်သည် ဒေါသကြောင့် မျက်နှာတစ်ခုလုံး ဖြူရော်နေခဲ့၏။ သူ နင်ယွမ်ရှန်းက နင်ကျန်းအပေါ်တွင် မကောင်းခဲ့တာမျိုး ရှိနိုင်၏။ သို့ပေမည့် ရှမ့်လန်အပေါ်တွင် သူ မည်မျှ မျက်နှာသာပေးခဲ့သနည်း။ ကြိုက်သလို လုပ်ခွင့်ရှိ၏။ သို့ပေမည့် အဘယ့်ကြောင့် သူ့ကို အရှက်ခွဲရသနည်း။
နင်ယွမ်ရှန်းက သစ္စာဖောက်ခံရသည်ဟုပင် ခံစားနေမိ၏။ ရေနွေးတစ်ခွက်ကို ကောက်မော့ပြီးနောက် နင်ယွမ်ရှန်းက အေးစက်သည့် လေသံဖြင့် ပြောလိုက်၏။ “ရှမ့်လန်... မင်းဒီနေ့ငါ့ကို ရှင်းပြချက်တစ်ခု ပေးရမယ်။ ငါ နင်ကျန်းရဲ့ စံအိမ်အပြင်ဘက်ကို ရေနက်တပ်ဖွဲ့ကလူတွေကို လွှတ်ထားပြီးပြီ။ တစ်နာရီ အတွင်းမှာ ရပ်တန့်ဖို့ အမိန့်မပေးဘူးဆိုရင် သူတို့က အိမ်တော်ထဲဝင်စီးပြီး သူတောင်းစား ၁၁ ယောက်လုံးကို သတ်ပစ်လိမ့်မယ်။ ရှမ့်လန်... မင်း ရွှမ်ဝူအိမ်တော်ကိုသာ ပြန်တော့။ ငါ နင်ယွမ်ရှန်းက မင်းလို အရည်အချင်းရှိတဲ့လူကို သုံးဖို့ မတတ်နိုင်တော့ဘူး”
ထိုအချိန်မှာတော့ နင်ကျန်း၏ မြို့စားအိမ်တော်အပြင်ဘက်တွင် ရေနက်တပ်ဖွဲ့မှ ကျွမ်းကျင်သူ ရာပေါင်းများစွာ ရောက်ရှိလာခဲ့၏။ တစ်နာရီအတွင်း တန်းဖြုတ်ရန် အမိန့်ရောက်ရှိမလာပါက ချက်ချင်း အထဲသို့ ဝင်စီးပြီး သူတောင်းစားအားလုံးကို သတ်ဖြတ်ရပေလိမ့်မည်။
ရှမ့်လန်က လေးနက်တည်ကြည်စွာ ပြောလိုက်၏။ “အရှင်မင်းကြီး... ကျုပ် တကယ် ပြောနေတာပါ”
နင်ယွမ်ရှန်းက ထကာအော်ဟစ်လိုက်သည်။ “မင်းက ငါ့ကို အရှက်ခွဲဖို့ ကြိုးစားနေတာလား။ ငါ နင်ယွမ်ရှန်းက မင်းကို ဘယ်လိုဒုက္ခပေးမိလို့လဲ။ မင်းငါ့ကို ဘာလို့ဒီလောက်တောင် မုန်းနေရတာလဲ။”
အရှင်မင်းကြီးက စဉ်းစားလေ ဒေါသထွက်လေ ဖြစ်၏။ သူက လက်ကို ဝှေ့ယမ်းလိုက်၏။ “လီစွမ်း... အမိန့်ပေးလိုက်စမ်း။ ရေနက်တပ်ဖွဲ့ကလူတွေကို ချက်ချင်းစပြီး လှုပ်ရှားတော့လို့။ သူတောင်းစား ၁၁ ယောက်လုံးကို သတ်ပစ်လိုက်။ ရှမ့်လန်ကို ဒီည ရွှမ်ဝူအိမ်တော်ဆီ ပြန်ပို့လိုက်တော့။ ပြီးတော့ သူ့ကို ကျင်းကျိုးဆီ ပို့လိုက်။ သူက အရမ်းကို ကြီးကျယ်မောက်မာလွန်းတယ်။ ငါသူ့ကို သုံးဖို့ မဝံ့ရဲတော့ဘူး”
သူ တကယ်ပင် ဝမ်းနည်းမိသည်။
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... ကျုပ်ကြားတာ ဒီနှစ် အထူးစာမေးပွဲတစ်ခုကို ထပ်ပြီး ကျင်းပမယ်ဆို။”
နန်းတွင်းစာမေးပွဲကို မနှစ်က ကျင်းပခဲ့ပြီး နောက်နှစ်မှ နောက်တစ်ကြိမ် ကျင်းပမှာဖြစ်၏။ သို့ပေမည့် ရွှဲ့ပြည်နယ်တွင် အဖြစ်အပျက်များစွာဖြစ်ပေါ်ခဲ့ပြီး မကြုံစဖူး အောင်ပွဲကိုလည်း ရရှိခဲ့၏။ ထို့ကြောင့် နိုင်ငံသူ နိုင်ငံသားများ၏ စိတ်ဓာတ်ကို မြှင့်တင်ရန်အတွက် နင်ယွမ်ရှန်းက အထူးစာမေးပွဲတစ်ခုကို ထပ်မံပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
ရှမ့်လန်က ပြောလိုက်၏။ “အရှင်မင်းကြီး... အရူးလန်နှင့် သူတောင်းစားဆယ်ယောက်က အရည်အချင်း ရှိတဲ့လူတွေ။ လူတစ်သိန်းမှာ တစ်ယောက်တောင် ရှိတဲ့လူတွေ မဟုတ်ဘူး”
“ဟား ဟား ဟား ဟား ဟား ဟား...” ဘုရင်မင်းမြတ်က ဒေါသတကြီးဖြင့် ရယ်မောလိုက်သည်။
ရှမ့်လန်က ပြောလိုက်၏။ “ဒီအရူးလန်က အသက် ၃၀ ကျော်ပြီ။ ဆယ်ကျော်သက်အရွယ်ထဲက လောကကြီး တစ်ခုလုံးကို လှည့်လည်သွားလာခဲ့တာ။ သူက ကျောင်းမတက်ဖူးဘူး။ ဘယ်စာမေးပွဲကိုမှ မဖြေခဲ့ဖူးဘူး။ ဒါပေမဲ့ အထူးစာမေးပွဲဖြေဆိုဖို့ တစ်လကျော် လိုသေးတယ်။ အရှင်မင်းကြီးသာ သူ့ကို စာမေးပွဲ ဝင်ရောက် ဖြေဆိုခွင့်ပေးမယ်ဆိုရင် ကျိန်းသေပေါက် စာမေးပွဲအောင်မယ်လို့ ကျုပ် အာမခံတယ်”
ဘုရင်မင်းမြတ်က နှာခေါင်းရှုံ့လိုက်၏။ အရူးလန်က ငယ်ရွယ်စဉ်တည်းက လောကကြီးအနှံ့ လှည့်လည် သွားရောက်ခဲ့၏။ သို့ပေမည့် လိမ်ညာလှည့်ဖျားကာဖြင့် အသက်ရှင်နေထိုင်ခဲ့ရခြင်း ဖြစ်သည်။
ထို့အပြင် အထူးစာမေးပွဲ ဖြေဆိုရန် တစ်လသာလျှင် လိုတော့၏။
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ဒီသူတောင်းစားဆယ်ယောက်က သိုင်းပညာပါရမီရှင်တွေပဲ။ သူတို့က သိုင်းပညာ မလေ့ကျင့်ဖူးဘူး။ ငယ်ငယ်တည်းက သူတောင်းစားတွေ ဖြစ်ခဲ့တယ်။ အားလုံးက မသန်စွမ်းကြဘူး။ သိုင်းပညာအခြေခံ တစ်ခုတောင် မရှိဘူး။
ဒါပေမဲ့ သူတို့က လူတစ်သိန်းမှာ တစ်ယောက်တွေ့ရခဲတဲ့ လူမျိုးတွေ။ သိုင်းစာမေးပွဲမတိုင်ခင် တစ်လပဲ အချိန်လိုတော့တယ်။ ကျုပ်သူတို့ကို လေ့ကျင့်ပေးဖို့ တစ်လအချိန်ရှိတယ်။ သူတို့က စာမေးပွဲ အောင်အောင် ဖြေကြလိမ့်မယ်”
ဤစကားကို ကြားသည့်အချိန်မှာတော့ အရှင်မင်းကြီးသည် ရှမ့်လန်ကို ရူးသွပ်နေသူတစ်ယောက်ကဲ့သို့ပင် ကြည့်ရှုလိုက်၏။ သူက ရူးသွပ်နေလေသည်လား။ သို့မဟုတ် သူ၏ရှေ့တွင် ရှိနေသည့် အကောင်က ရူးသွပ်နေလေသည်လား။
သာမန်အရည်အချင်းရှိသူများပင် သိုင်းစာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် ဆယ်နှစ်ကျော်ကြာ ကြိုးစားရ၏။ ကျန်းကျင်းကို ကြည့်သင့်၏။ လင်းကျိုးကို ကြည့်သင့်၏။ မည်သို့မှ လွယ်ကူသည့် စာမေးပွဲမျိုးမဟုတ်ပေ။
ဤလောကကြီး၏ သိုင်းပညာမှာ ရှေးတရုတ်ပြည်ထက် များစွာ ပိုမိုကာ ကြီးကျယ်ခမ်းနား၏။ ထို့ကြောင့် သိုင်းပညာစာမေးပွဲဆိုသည်မှာ ရှေးတရုတ်ပြည်ထက် ပိုမိုကာ အဆင့်မြင့်၏။ လက်ရှိတည်ရှိနေကြသည့် တပ်ချုပ်များက စစ်ရေးစာမေးပွဲ၊ သိုင်းပညာစာမေးပွဲကို အောင်မြင်ခဲ့ကြပြီး စစ်ပညာရှင်များအဖြစ် ရပ်တည်လာနိုင်ကြသူများပင်။
ထို့အပြင် သိုင်းပညာရှင်နှင့် စာပေပညာရှင်တို့၏ အတတ်ပညာများမှာ မနိမ့်ကျချေ။ အထူးသဖြင့် ဤနေရာက နန်းမြို့တော် ဖြစ်သောကြောင့် အရည်အချင်းရှိသူများနှင့် ပြည့်နှက်နေ၏။ သိုင်းပညာ စာမေးပွဲဆိုသည်မှာ သေမင်းတမန် စာမေးပွဲတစ်ခုပင် ဖြစ်၏။
ပြောရမည်ဆိုလျှင် ကျင်းရှိယန်ကဲ့သို့ ကျွမ်းကျင်သူတစ်ယောက်ပင်လျှင် စာမေးပွဲအောင်ရန် အခွင့်အရေး နည်းပါး၏။ သူတောင်းစားဆယ်ယောက်က ကိုယ်လက်အင်္ဂါပင် ကောင်းမွန်ခြင်း မရှိချေ။ သိုင်းပညာအခြေခေလည်း မရှိပေ။ တစ်လလောက် လေ့ကျင့်ရုံနှင့် သိုင်းစာမေးပွဲကို မည်သို့ အောင်နိုင်မည်နည်း။ ထိုအရာက အရူးတစ်ယောက်၏ အိပ်မက်ကဲ့သို့ပင်။
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး... ကျုပ် တကယ့်ကို ကတိပြုဝံ့တယ်။ တစ်လအတွင်း အရူးလန်သာ ပညာရှိစာမေးပွဲ မအောင်မြင်ခဲ့ရင်၊ ဒီသူတောင်းစားဆယ်ယောက်သာ သိုင်းပညာစာမေးပွဲ မအောင်မြင်ခဲ့ရင် ကျုပ် ရွှမ်ဝူအိမ်တော်ဆီ အမြီးကုတ်ပြီး ပြန်သွားမယ်။ နန်းမြို့တော်ကနေ ထာဝရ ထွက်ခွာသွားမယ်။ အရှင်မင်းသား နင်ကျန်းကို ထီးနန်းရဖို့ကိစ္စ ကျုပ်ဘာတစ်ခုမှ ထပ်မပြောတော့ဘူး”
...............
တဲနန်းဆောင် တစ်ခုအတွင်းမှာတော့ ...
ဝိုင်ကို သောက်ပြီးသည့်နောက် ဓားပြကြီး နာကျည်းမှုက ကျိုးကျောင်းရန်ကို စိတ်ရှုပ်ထွေးလျက် ရှိနေသည့် ခံစားချက်များဖြင့် လှမ်းကာ ကြည့်ရှုလိုက်၏။ “ညီမလေးရန်... ကျုပ်... ကျုပ်တောင်းပန်ပါတယ်”
ကျိုးကျောင်းရန်က ပြောလိုက်သည်။ “ဘာ့ကြောင့်လဲ။ ရှင် ကျင်းကျိုးကို မသတ်နိုင်ရုံတင် မကဘူး။ ဒါပေမဲ့ ရှင် ကျွန်မကို ဘာလို့ ဒီလိုအခြေအနေမျိုးနဲ့ စိတ်ဓာတ်ကျစေတာလဲ။”
နာကျည်းမှုက ပြောလိုက်၏။ “ကျုပ်... ကျုပ်မလုပ်နိုင်ခဲ့ဘူး။ ကျင်းကျိုးက ဖြောင့်မတ်မှန်ကန်ပြီး သီလသမာဓိနှင့် ပြည့်စုံတဲ့လူတစ်ယောက်ပဲ”
ကျိုးကျောင်းရန်က မထီမဲ့မြင်ဖြင့် ရယ်မောလိုက်သည်။ “သီလသမာဓိရှိတယ်။ ဟုတ်လား။ ဒါဆိုရင် ကျွန်မ ကျိုးကျောင်းရန်က ယုတ်မာတဲ့ မိန်းမလား”
နာကျည်းမှုက စိုးရိမ်တကြီးဖြင့် လှမ်းကာ ပြောလိုက်၏။ “ညီမလေးရန်... ကျုပ်... ညီမလေးရန်အတွက် အစားပြန်လုပ်ပေးမယ်။ ကျိုးမျိုးနွယ်စု ဘာ့ကြောင့် ဖျက်ဆီးခံရလဲဆိုတာကို ညီမလေးရန် သိချင်တယ် မဟုတ်လား။ ကျုပ်... ညီမလေးရန်အတွက် စုံစမ်းပေးမယ်။
ညီမလေးရန်... ကျုပ်အခုပဲ ညီမလေးရန်အတွက် လက်စားချေပေးပါ့မယ်။ ညီမလေးရန်ရဲ့ ရန်သူအားလုံးကို သတ်ပစ်မယ်။ ကျုပ် မကြောက်ဘူး။ အများဆုံး သေသွားရုံပဲ။
ညီမလေးရန်... ကျုပ်က ညီမလေးရန်အတွက် ဘာမဆို လုပ်ရဲတယ်။ ကျိုးမျိုးနွယ်ကို ဖျက်ဆီးခဲ့တဲ့ ရန်သူက မဟာပညာရှင်လို အင်အားကြးမားရင်တောင် ကျုပ် လက်စားချေမယ်။”
ကျိုးကျောင်းရန်က ညင်သာစွာ သက်ပြင်းချလိုက်၏။ “မလိုတော့ဘူး။ အဲဒီလူ ဘယ်သူလဲဆိုတာ ကျွန်မ သိတယ်။ ဒါပေမဲ့ လက်စားချေဖို့ မလိုတော့ဘူး”
နာကျည်းမှုက တုန်လှုပ်သွားခဲ့သည်။ “ညီမလေးရန်... စိတ်မဆိုးပါနဲ့။ ညီမလေးရန်... ကျုပ်ကို ခွင့်လွှတ်ပါ။”
ပြီးနောက် နာကျည်းမှု၏ ပါးစပ်၊ နှာခေါင်းပေါက်ထဲမှ တစ်စုံတစ်ခု စီးကျလာ၏။ ထိုအရာကို ကိုင်ကြည့်လိုက်သည့် အချိန်မှာတော့ သွေးအမဲရောင်များ ဖြစ်နေ၏။
“ညီမလေးရန်... ဝိုင်ထဲမှာ အဆိပ်ခတ်ထားတာလား”
“ဟုတ်တယ်” ကျိုးကျောင်းရန်က အေးစက်စက်ဖြင့် ပြန်ဖြေလိုက်သည်။
နာကျည်းမှုက မယုံကြည်နိုင်သလို ဖြစ်သွားခဲ့၏။ “ကျုပ်... ကျုပ်ညီမလေးရန်အတွက် အများကြီး လုပ်ပေးခဲ့တယ်။ ညီမလေးရန်အတွက် လူတွေအများကြီးကို သတ်ပေးခဲ့တယ်။ ညီမလေးရန်အတွက် အရာအားလုံးကို စွန့်လွှတ်ဖို့ ဆန္ဒရှိခဲ့တယ်။ ဒါပေမဲ့ ညီမလေးရန်... ကျုပ်ကို အဆိပ်ခတ်ခဲ့တယ် ဟုတ်လား။ ကျုပ်ကို ချစ်တယ်လို့ ပြောခဲ့တာ လိမ်ညာခဲ့တာပေါ့။”
ကျိုးကျောင်းရန်က မထီမဲ့မြင်ဖြင့် ရယ်မောလိုက်သည်။ “ဟုတ်တယ်။ လိမ်ညာခဲ့တာပဲ။ ရှင်က စစ်ဘေးဒုက္ခသည်၊ နိမ့်ကျတဲ့လူတစ်ယောက်ပဲ။ ကျွန်မရဲ့အဖေက ရှင့်ကို သူ့သားအရင်းတစ်ယောက်လို မွေးစားခဲ့တယ်။ ဒါပေမဲ့ ရှင့်က ကျွန်မရဲ့ တကယ့်အစ်ကိုတစ်ယောက်လို့ ထင်နေတာလား။ ကျွန်မရဲ့မျက်စိထဲမှာ ရှင်က ကျွန်တစ်ယောက်ပဲ”
နာကျည်းမှုက မိုးကြိုးပစ်ခံရသကဲ့သို့ပင် တုန်လှုပ်သွားခဲ့၏။ သွေးမဲများ တစ်လုတ်ပြီးတစ်လုတ် အန်ထွက် လာခဲ့၏။ အချိန်ခဏကြာပြီးသည့်နောက် သူ၏မျက်လုံးများမှ သွေးများပင် စီးကျလာခဲ့၏။
“ကျိုးကျောင်းရန်... မင်းငါ့ကို သတ်ချင်တယ်ဆိုရင် ဘာလို့ အဆိပ်သုံးရတာလဲ။ ဘာလို့ အဆိပ်သုံးရတာလဲ။ ဓားနဲ့လည်း သတ်လို့ရတာပဲ။ ဓားနဲ့သတ်စမ်းပါ”
နာကျည်းမှုက သူ၏အဝတ်အစားများကို ဆွဲဖြဲလိုက်၏။ ကြွက်သားများနှင့် ပြည့်နှက်နေသည့် ရင်ဘတ်ကို ပြသလိုက်၏။ “ကိုယ်တိုင်သတ်ပစ်လိုက်စမ်းပါ။ မင်းကိုယ်တိုင် သတ်စမ်းပါ။ ငါ ရှောင်မှာ မဟုတ်ဘူး”
ကျိုးကျောင်းရန်၏ မျက်နှာက တောင့်တင်းသွား၏။ သူမက ဓားကို ဆွဲထုတ်ပြီး နာကျည်းမှု၏ ရင်ဘတ်ထဲသို့ ထိုးစိုက်လိုက်သည်။
“စွပ်...”
နာကျည်းမှု၏ ရင်ဘတ်သည် ဓားဖြင့်ထိုးစိုက်ခြင်း ခံခဲ့ရ၏။
နာကျည်းမှုသည် အဆိပ်မိနေသော်လည်း ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ဖြစ်၏။ နာကျည်းမှု၏ ရှေ့တွင် ကျိုးကျောင်းရန်က အသုံးမဝင်ချေ။ ယခု နာကျည်းမှုက သူ၏လက်ချောင်းတစ်ချောင်းတည်းဖြင့် ကျိုးကျောင်းရန်ကို သတ်ဖြတ်နိုင်၏။ သို့ပေမည့် မလုပ်ခဲ့ချေ။ ကျိုးကျောင်းရန်အား သူ၏ ရင်ဘတ်ကိုပင် ဓားနှင့် ထိုးစေခဲ့သည်။
“အမှိုက်ကောင်... သေလိုက်တော့” ကျိုးကျောင်းရန်က အေးစက်စက် ပြောလိုက်၏။ ပြီးနောက် သူမက ဓားကို ဆွဲထုတ်ပြီး နာကျည်းမှုကို ကန်ကျောက်လိုက်၏။
နာကျည်းမှုက ရေထဲသို့ ပြုတ်ကျသွားတော့သည်။
......
ဘုရင်မင်းမြတ်၏ အစိုးရစာမေးပွဲကြီးကို ပုံမှန်အားဖြင့် ဆောင်းဦးရာသီတွင် ကျင်းပလေ့ရှိ၏။ ထို့ကြောင့် ဆောင်းဦးကာလ စာမေးပွဲဟု ခေါ်ဆို၏။ အထွေထွေစာမေးပွဲကိုမူ နွေဦးရာသီတွင် ကျင်းပလေ့ရှိ၏။ မည်သည့်အချိန်အခါမဆို နိုင်ငံလုံးဆိုင်ရာ ပျော်ရွှင်စရာအောင်ပွဲများ ရှိလျှင် အထူးစာမေးပွဲကို ထပ်တိုး ထည့်သွင်း ကျင်းပလေ့ရှိ၏။
ယခင် ဘုရင်မင်းမြတ်က နှစ်ပေါင်း ၂၀ ကျော် နန်းစံခဲ့သော်လည်း အထူးစာမေးပွဲကို တစ်ကြိမ် တစ်ခါမှ ကျင်းပခဲ့ခြင်း မရှိချေ။ သို့ပေမည့် လက်ရှိဘုရင်မင်းမြတ် နင်ယွမ်ရှန်းမှာတော့ နှစ်ပေါင်း ၂၀ ကျော် နန်းသက်တမ်းအတွင်း အထူးစာမေးပွဲကို သုံးကြိမ်တိုင်တိုင် ထပ်တိုး ကျင်းပခဲ့ပြီးဖြစ်သည်။
ပထမအကြိမ်သည် သူ၏ နန်းတက်ပွဲ အထိမ်းအမှတ် ကျင်းပခြင်းဖြစ်၏။ ဒုတိယအကြိမ်မှာမူ သူ၏ နန်းသက် ၁၀ နှစ်ပြည့်သည့် အထိမ်းအမှတ်အဖြစ် ကျင်းပ၏။ ယခု တတိယအကြိမ်မှာမူ သူ၏ နန်းသက် နှစ် ၂၀ ပြည့် အထိမ်းအမှတ်ဖြင့် ကျင်းပခြင်း ဖြစ်၏။
နန်းတက် ၂၀ ပြည့် အထူးစာမေးပွဲ ကျင်းပမည်ဖြစ်ကြောင်း လူအများအပြားတို့က သိရှိထားပြီးဖြစ်သည်။ သို့ပေမည့် နိုင်ငံသည် ကြီးမားသည့်အန္တရာယ်ကို ကျရောက်ခဲ့သည်။
မြောက်ပိုင်းက ဝူပြည်နယ်နှင့် ပဋိပက္ခဖြစ်ပွားလျက်ရှိခဲ့ပြီး အနောက်မြောက်ဘက်ပိုင်းတွင် ချောင်ပြည်နယ်နှင့် တိုက်ခိုက်နေရ၏။ အနောက်ဘက်ပိုင်းတွင်လည်း စုမျိူးနွယ်နှင့် ရင်ဆိုင်ခဲ့ရပြီး တောင်ဘက်ပိုင်းတွင်လည်း တောင်ပိုင်းနိုင်ငံနှင့် ရင်ဆိုင်နေရ၏။
ဤနွေဦးရာသီ တလျှောက်လုံး၌ ဘုရင်မင်းမြတ်သည် အရှက်ရဖွယ် ကိစ္စရပ်များကို တစ်ခုပြီးတစ်ခု ကြုံတွေ့ခဲ့ရ၏။ ထို့ကြောင့် သူအနေနှင့် မည်သို့ စိတ်လက်ကြည်သာစွာဖြင့် နှစ် ၂၀ ပြည့် အခမ်းအနား စာမေးပွဲကို ကျင်းပရန် စိတ်ရှိမည်နည်း။
သို့ပေမည့် အခြေအနေများက လျင်လျင်မြန်မြန် ပြောင်းလဲသွားခဲ့၏။ မည်သူက ထင်မှတ်မိမည်နည်း။ ခြောက်လ မကြာသေးသည့် အချိန်ကာလအတွင်းမှာပဲ အရာရာက ပြောင်းလဲသွားခဲ့၏။ ရွှဲ့ပြည်နယ်က ဂုဏ်ရှိန်ဂုဏ်ဝါနှင့် ထွန်းပြောင်သည့် အောင်ပွဲတစ်ခုကို ရရှိခဲ့သည်။
သူတို့က စုကလန်၏ ပုန်ကန်မှုကို အပြီးတိုင် ချေမှုန်းပြီး ချင်နိုင်ငံနှင့် မဟာမိတ်ဖွဲ့နိုင်ခဲ့၏။ မြောက်ဘက်မှ ဝူပြည်နယ်ကလည်း အရှုံးပေးခဲ့ကြောင်း ဝန်ခံခဲ့ပြီး မဟာမိတ်ဖွဲ့ခဲ့ရ၏။ အနောက်ဘက်ပိုင်းရှိ ချောင်ပြည်နယ် ကလည်း အနောက်ဘက်သို့ ဆုတ်ခွာခဲ့ရ၏။ သို့သော်ငြား စေ့စပ်ညှိနှိုင်းမှုများကို ထပ်မံပြုလုပ်ရန် ရှိနေသေးသည်။
ဘုရင်မင်းမြတ် နင်ယွမ်ရှန်း၏ ဂုဏ်သတင်းက တစ်ရှိန်ထိုး တိုးတက်လာခဲ့၏။ ထို့ကြောင့် ဘုရင်မင်းမြတ်က စိတ်ပြောင်းသွားခဲ့၏။ သူက အထူးစာမေးပွဲကို ကျင်းပရန် ကြေညာလိုက်သည်။ အထူးစာမေးပွဲ ကျင်းပသည်နှင့် တပြိုင်နက် စာပေဆိုင်ရာ စာမေးပွဲများသာမက သိုင်းပညာဆိုင်ရာ စာမေးပွဲများကိုပါ ထည့်သွင်းကျင်းပပေမည်။
ကျောင်းတော်သားများအတွက် ဤအရာထက်ပိုမိုကာ ဝမ်းမြောက်ဖွယ်ရာ ကိစ္စရပ်ဟူ၍ ရှိလိမ့်မည် မဟုတ်ချေ။ အထူးစာမေးပွဲတစ်ခုကို ထပ်တိုးကျင်းပခြင်းဆိုသည်မှာ သူတို့အတွက် အခွင့်အရေးတစ်ခု ပိုမိုကာ ရရှိခြင်းပင်ဖြစ်၏။ နှစ်နှစ်တိတိ စောင့်စားရမည့်အချိန်ကို လျော့ချခဲ့ခြင်းပင်။
………..
ရှမ့်လန်၏စကားကို ကြားသည့်အချိန်မှာတော့ ဘုရင်မင်းမြတ်က မျက်မှောင် ကြုတ်လိုက်မိ၏။ အရှေ့တွင်ရှိနေသည့် ဤကောင်စုတ်လေးသည် သူ၏ သည်းခံနိုင်မှုကို အဆုံးစွန်ထိ ထိပါးလျက်ရှိနေ၏။
အရူးလန်ဆိုသည်မှာ မည်သူဖြစ်သနည်း။ ထိုသူက အလွန့်ကို ဆိုးရွားသည့် ဂုဏ်သတင်းနှင့် ကျော်ကြားသူ ဖြစ်၏။ ထိုသူ့ကို နင်ကျန်း၏အိမ်တော်၌ စာရေးချုပ်အရာရှိအဖြစ် ခန့်အပ်ခြင်းဆိုသည်ကို သူ လက်ခံနိုင်သော်လည်း ရှမ့်လန်က အထူးစာမေးပွဲကိုပင် ဝင်ရောက်ဖြေဆိုစေချင်နေသည်။ လောကကြီးက သူ့ကို မည်သို့ ထင်မှတ်သွားမည်နည်း။
ပြည်နယ်အဆင့် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန်ဆိုသည်မှာ အရည်အချင်း သတ်မှတ်ချက်များ ရှိ၏။ ခရိုင်အဆင့်ကျောင်းတော်သားများသာ ထိုကဲ့သို့ စာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိ၏။
ထို့အပြင် စာမေးပွဲကို ဝင်ရောက်ဖြေဆိုရန် အဆိုပြုသည့်သူများက သူတောင်းစားတစ်ယောက်တည်းလည်း မဟုတ်ချေ။ ဒါဇင်နှင့်ချီသော သူတောင်းစားများ ဖြစ်သည်။
နန်းမြို့တော်တွင် လူဦးရေ မည်မျှများများ ရှိသနည်း။ လူဦးရေ သန်းပေါင်းများစွာ တည်ရှိနေပြီး ပါရမီရှင်ပေါင်းများစွာ တည်ရှိနေ၏။
အစမ်းစာမေးပွဲ ဆိုသည်ကပင် သေမင်းတမန် စောင့်ကြည့်လျက်ရှိနေသည့် စာမေးပွဲတစ်ခုပင်။ စာပေ စာမေးပွဲမှာ ခက်ခဲလွန်းသလို သိုင်းပညာဆိုင်ရာ စာမေးပွဲမှာလည်း တကယ်ကို ခက်ခဲလွန်း၏။ သို့ပေမည့် ရှမ့်လန်က သူ၏လူ ၁၁ ယောက်လုံးကို ဝင်ရောက် ဖြေဆိုစေချင်နေသည်။
“မင်း တကယ်ပြောနေတာလား” ဘုရင်မင်းမြတ်က ရှမ့်လန်ကို စူးစိုက်ကြည့်ရှုကာ မေးမြန်းလိုက်၏။
ရှမ့်လန်က ခေါင်းညိတ်လိုက်သည်။ “တကယ်ပါ။ ကျုပ် အလေးအနက် ပြောနေတာပါ”
ဘုရင်မင်းမြတ်သည် ဤအရေးကို ယုံကြည်စရာမရှိဟု ခံစားနေမိ၏။
ရှမ့်လန်က ပြောလိုက်သည်။ “အရှင်မင်းကြီး.. မနှစ်ကနေ ဒီနေ့အထိ ကျုပ်လုပ်ခဲ့သမျှ အရာအားလုံးက ဝင့်ကြွားပြောဆိုပြီး ပြုလုပ်နေတယ်လို့ ထင်ရပေမဲ့ အဆုံးသတ်တွေမှာ ကျုပ်ပြောသလို ဖြစ်ခဲ့တာကြီးပဲ မဟုတ်လား”