← Chapters

အပိုင်း (၄၇၂)

Vol. 33 Ch. 472

အပိုင်း (၄၇၂)

Vol. 33 Ch. 472

“သူတို့က ငါတို့ကို ပိုပြီးတော့ ဝိုင်းပိတ်ပြီးတားဆီးလေ တစ်လအကြာမှာ ရလဒ်ထွက်ပေါ်လာတဲ့အချိန်မှာ သက်ရောက်မှုက ပိုပြီးကြီးလေ ဖြစ်လိမ့်မယ်။ သူတောင်းစား ၁၁ ယောက်လုံးသာ အောင်မြင်သွားခဲ့ပြီ ဆိုရင် ဒီကိစ္စက အားလုံး ထိတ်လန့်အံ့အားသင့်မယ့် ကိစ္စ ဖြစ်လာမယ်။ ပြီးတော့ ပဉ္စမမင်းသားရဲ့ ထီးနန်းယှဉ်ပြိုင်မှုပွဲအတွက် ပိုပြီးတော့ အကျိုးရှိလာလိမ့်မယ်” ရှမ့်လန်က ခပ်တည်တည်ဖြင့် ပြောလိုက်သည်။

ဝူလဲ့က ပြောလိုက်၏။ “သခင်လေး… ထီးနန်းယှဉ်ပြိုင်တယ်ဆိုတာ အသံတိတ် တိုးတိုးတိတ်တိတ် လုပ်ရတာ မဟုတ်လား။ စပါးကို များများစု၊ ဘုရင်ကိုလည်း ဖြည်းဖြည်းချင်း ဖြစ်အောင်လုပ် ဆိုတဲ့ စကားပုံတောင် ရှိသေးတယ်လေ။”

ရှမ့်လန်က ပြောလိုက်သည်။ “အင်း… ဒါက အသံတိတ်နိုင်တဲ့ အရည်အချင်း ရှိလား၊ မရှိလား ဆိုတဲ့အပေါ် မူတည်မှာပေါ့”

လောကတွင် အခက်ခဲဆုံးအရာက အသံတိတ်နေခြင်းပင် ဖြစ်၏။ သို့ပေမည့် အသံတိတ်နေခြင်းသည် လူမသိသူမသိနှင့် အားလုံးသောသူတို့၏ မေ့လျော့ခြင်း ခံရမည့်အရာပင်။

ထိုအချိန်မှာပဲ ပညာတတ်များနှင့် သိုင်းပညာရှင်အုပ်စုတို့က မကျေမနပ် ဖြစ်လာခဲ့ကြ၏။

“ဝင်တိုက်ကြ။ ဝင်တိုက်ကြစမ်း။ ဒီသူတောင်းစား ၁၁ ယောက်လုံးကို ဝင်ရိုက်ကြစမ်း”

“ဟုတ်တယ်… ရိုက်သတ်ပစ်။ ရွှဲ့ပြည်နယ်နန်းတွင်းရဲ့ ဂုဏ်သိက္ခာကို ပြန်လည်တည်ထောင်ကြမယ်။ သူတော်စင်ပညာရှိကြီးတွေရဲ့ လမ်းစဉ်ကို သန့်စင်အောင် ပြန်လုပ်ကြမယ်”

“ဝင်တိုက်ကြ။ ဒီသူတောင်းစား ၁၁ ယောက်ကို ဝင်တိုက်ကြ”

ထိုနောက် လူပေါင်းရာချီတို့က နင်ကျန်း၏ စံအိမ်ထဲသို့ အတင်းဝင်ရောက်၍ အကြမ်းဖက်ရန် ကြံစည်ကြသည်။

ရှမ့်လန်က အမိန့်ပေးလိုက်၏။ “ထွက်ခဲ့ကြ”

တကယ့်ကို ခန့်ညားထည်ဝါလွန်းသည့် အမျိုးသမီးစစ်သည်တော်တစ်ရာက ထွက်ပေါ်လာသည်။ “ရှမ့်နု၊ ဝူလဲ့… ဒီလူတွေ အပြင်မှာ ဝိုင်းရံနေတာကို ခွင့်ပြုနိုင်တယ်။ ဒါပေမဲ့ သူတို့ နံရံ ဒါမှမဟုတ် တံခါးနားကို ကပ်လာပြီ ဆိုတာနဲ့ ပြတ်ပြတ်သားသား လုပ်။ သူတို့ရဲ့ ဥတွေကို ချေပစ်လိုက်”

“ကောင်းပါပြီ” အမျိုးသမီး စစ်သည်တော် ၁၀၀ က အော်ဟစ်လိုက်သည်။

ချက်ချင်းပဲ အပြင်ဘက်တွင် ရှိနေသည့် ပညာတတ်များနှင့် သိုင်းပညာရှင်များတို့သည် ကျောရိုးထဲတွင် စိမ့်ခနဲ ခံစားလိုက်ကြရ၏။ ခန္ဓာကိုယ်ကို ကျုံ့သွားမိ၏။

ဥတွေကို ကြိတ်ချေပစ်မယ် ဟုတ်လား။ ဤအရာက အလွန် ကြောက်မက်ဖွယ်ရာ ကောင်းလှ၏။ ပျက်စီးသွားသည်နှင့် ကြောက်မက်ဖွယ်ရာကောင်းသည့် နာကျင်မှုကို ခံစားရနိုင်၏။ ထို့အပြင် ထိုနာကျင်မှုကြောင့် သေဆုံးသွားနိုင်၏။ ဥကို ကြိတ်ချေခြင်း ဆိုသည်မှာ တကယ့်ကို ဆိုးရွားသည့် ကိစ္စပင် ဖြစ်သည်။

ဤရက်အနည်းငယ်အတွင်းမှာ ရှမ့်လန်က အလွန်အလုပ်များလျက် ရှိနေ၏။ နေ့စဉ်နေ့တိုင်း သူက မြေအောက်လျှို့ဝှက်ခန်းထဲတွင် စမ်းသပ်မှုပေါင်းများစွာကို ပြုလုပ်နေ၏။ သွေး၊ ကူပိုးကောင်နှင့် တခြားသော စမ်းသပ်မှုများ ဖြစ်၏။ ဤသည်က အကြိမ်ထောင်ပေါင်းများစွာ စမ်းသပ်မှု ဖြစ်၏ သူက ၉၉.၉၉ အောင်မြင်ခဲ့ပြီး လောကသစ်၏ တံခါးဝဆီသို့ ရောက်ရန် ခြေတစ်လှမ်းသာ လိုတော့၏။

အရူးလန်က နေ့စဉ်နေ့တိုင်း သူ၏ မူဝါဒရေးရာ အဆိုအမိန့်များနှင့် ကဗျာများကို အလွတ်ကျက်မှတ်နေ၏။ ဤလူက ရှမ့်လန်၏ ဤလောကဆီသို့ ရောက်ရှိပြီးသည့်နောက် မြင်ဖူးသမျှထဲတွင် ပထမဦးဆုံး ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်၏။ သူက လူတိုင်းနီးပါးကို သိမ်ငယ်စေနိုင်သည်။

အမှန်တကယ်အားဖြင့် မြင်ရုံနှင့် မှတ်မိနိုင်စွမ်း ရှိသည့် မှတ်ဉာဏ်ကို ပိုင်ဆိုင်နေ၏။ စာသားအားလုံးကို တစ်ကြိမ် ဖတ်ရုံနှင့် အလွတ်ရနိုင်၏။ ဤအချက်က ကျင်းမူကုန်းကို မနာလိုဝန်တိုစိတ်များပင် ပေါက်စေပြီး သွေးပင် အန်ချင်စိတ် ပေါက်၏။ ရှမ့်လန် ကိုယ်တိုင်ပင်လျှင် မနာလို ဖြစ်မိနေသည် မဟုတ်ပါလား။

ထင်မှတ်ထားသည်မှာ တစ်လအတွင်း အရူးလန်က မူဝါဒရေးရာ အဆိုအမိန့် ၊ စကားပြေ ၁၀၀၀ ကျော်နှင့် ကဗျာပေါင်း ၁၀၀၀ တို့ကို အလွတ် ကျက်မှတ်နိုင်မည်ဟု ထင်မှတ်ခဲ့၏။ နောက်ဆုံးမှာတော့ တစ်ဖက်လူက တစ်နေ့လျှင် ၆ နာရီသာ အလွတ်ကျက်မှတ်ပြီး ကျန်သည့် အချိန်များတွင် ဆော့ကစားလျက် ရှိနေသေး၏။

ရှမ့်နုကိုပင် သွားရောက်ကာ ပရောပရည် လုပ်နေ၏။ သို့မဟုတ် စာအုပ်များကိုလည်း သွားဖတ်လျှင် ဖတ်နေတတ်၏။ ထိုသို့မဟုတ်လျှင် ကျင်းမူကုန်းနှင့်အတူ စာရေးချင် ရေး၏။

ထိုအရာများမလုပ်ရလျှင် တခြားသောသူများ၏ ကံကြမ္မာကို လိုက်လံကာ ဟောပြောနေသေး၏။ ပြောရမည်ဆိုလျှင် တကယ့်ကို စိတ်ပျက်ဖွယ်ရာပင်။

သို့ပေမည့် သူ၏အကြိုက်က အနည်းငယ်တော့ ပြင်းထန်၏။ နင်ယန်၏ စစ်သည်များက အမျိုးသမီးစစ်သည်တော်များ ဖြစ်ပြီး ရုပ်ရည်ချောမောသူ တချို့လည်း ရှိ၏။ သို့ပေမည့် သူက ရှမ့်နုကိုသာ သဘောကျ၏။ ရှမ့်နုက အရပ် ၈ ပေ နီးပါးခန့် ရှိပြီး ခန္ဓာကိုယ် တစ်ခုလုံးကလည်း ကြွက်သားအမြှောင်းမြှောင်းနှင့် တောင့်တင်း၏။

ပြောရမည်ဆိုလျှင် အရူးလန်၏ အရပ်က ရှမ့်နု၏ ပုခုံးနားအထိသို့ မရောက်ပေ။ တကယ်သာ ဖြစ်မြောက်သွားပါက သူတို့ မည်ကဲ့သို့ လိင်ဆက်ဆံကြမည်နည်း။ ရှမ့်နုက အပေါ်က နေမည်လား။ တစ်မိနစ် မပြည့်ခင်ပင် အရူးလန်၏ အရိုးအားလုံး ကြေမွပြီး သေဆုံးသွားပေလိမ့်မည်။ ရှမ့်နု၏ ကိုယ်အလေးချိန်က သားသတ်သမား၏ အလေးချိန်ထက်ပင် ပိုမိုကာ များပြားသည်။

ကျင်းမူကုန်းသည် ထိုအရာနှင့် ပတ်သက်၍ သည်းမခံနိုင်တော့ချေ။ ထို့ကြောင့် မေးမြန်းလိုက်၏။

“အရူးလန်… ခင်ဗျား ဘာလို့ ရှမ့်နုကို သဘောကျရတာလဲ။ ခင်ဗျားရဲ့ အကြိုက်က နည်းနည်း ထူးခြားမနေဘူးလား။ ခင်ဗျားက ဧရာမ မိန်းမကြီးတွေကို ကြိုက်တတ်တဲ့ ဝါသနာ ရှိနေတာလား”

အရူးလန်က ခေါင်းခါလိုက်သည်။ “ဒါ လုံးဝ မဟုတ်ဘူး”

ကျင်းမူကုန်းက မေးလိုက်၏။ “ဒါဆိုရင် ခင်ဗျားနဲ့ အတူအိပ်ခဲ့တဲ့ မိန်းကလေးတွေက ဘာလို့ ကီလိုဂရမ် ၁၀၀ ကျော်၊ ပေါင် ၂၂၀ ကျော်တွေချည်း ဖြစ်နေတာလဲ”

အရူးလန်က သက်ပြင်းချလိုက်သည်။ “ဘာလို့လဲဆိုတော့ သူတို့က ဈေးပေါလို့လေ။ ပိုက်ဆံပမာဏ အတူတူ အတွက် ပိန်လှီတဲ့ အမျိုးသမီးတစ်ယောက်နဲ့ အိပ်မယ့်အစား ကီလိုဂရမ် ၁၀၀ ကျော်တဲ့ အမျိုးသမီးနဲ့ အိပ်မယ်ဆိုရင် ၁၀ ကြိမ်လောက် အိပ်လို့ရတယ်။ ဒါက ပိုတန်တယ်။”

“ဆက်ခံသူ… ခင်ဗျားက ဆင်းရဲသားတွေရဲ့ ဘဝကို နားလည်မှာ မဟုတ်ဘူး။ ခင်ဗျားက မွေးတည်းက အလှအပတွေ ဝိုင်းဝိုင်းလည်နေတဲ့ ကြားထဲမှာ မွေးဖွားလာခဲ့တာ။ ခင်ဗျား ကြိုက်တဲ့ ဘယ်မိန်းမနဲ့မဆို ခင်ဗျား အိပ်လို့ရတယ်။ ကျုပ်တို့လို ဆင်းရဲသားတွေအတွက်တော့ မျက်စိမှိတ်လိုက်ရင် အတူတူပါပဲ။ အဲဒီအချိန်မှာ မျက်စိမှိတ်လိုက်ရင် အကုန် အဆင်ပြေတယ်”

ကျင်းမူကုန်းက ငိုချင်သွား၏။ သူက အသက် ၂၀ နီးပါး ရှိနေ၏။ သို့ပေမည့် သူက အမျိုးသမီး တစ်ယောက်တည်းနှင့်သာ အိပ်စက်ဖူး၏။ ထိုတစ်ချိန်ကလည်း သူက အိပ်စက်ခဲ့ခြင်း မဟုတ်ချေ။ သူ့ကို အိပ်စက်သွားခြင်းသာ ဖြစ်၏။ သို့ပေမည့် သူက ထိုအရာကို ဝန်ခံလိမ့်မည် မဟုတ်ချေ။

ထိုအစား အရှက်မရှိ ခေါင်းညိတ်ကာ ဝန်ခံလိုက်၏။ သူက အတွေ့အကြုံ ရင့်ကျက်လွန်းလှသည့် စွယ်စုံပညာရှင် တစ်ယောက်ကဲ့သို့ပင် ဟန်ထုတ်လိုက်သေးသည်။

ဟုတ်ပေ၏။ အရူးလန်က ကျင်းမူကုန်း၏ နောက်ခံအကြောင်းကို သိရှိပြီးဖြစ်၍ စနောက်နေခြင်း ဖြစ်၏။

ကျင်းမူကုန်းက ပြောလိုက်သည်။ “အင်း… ခင်ဗျားရဲ့ အကြိုက်က သာမန်ပဲ ဆိုရင် ဘာလို့ ရှမ့်နုကို ကြိုက်ရတာလဲ”

အရူးလန်က ပြောလိုက်၏။ “အင်း… ခင်ဗျားက ရှမ့်နုကို ၂၈၇ ကီလိုဂရမ်လောက် ရှိတယ်လို့ မြင်တယ်။ ဒါပေမဲ့ ကျုပ်ကတော့ ရှမ့်နုကို ဝိတ်ချထားတဲ့ အခြေအနေ ၁၃၀ ကီလိုဂရမ်လောက်ပဲ ရှိတယ်လို့ မြင်တယ်။ သူက ကျိန်းသေပေါက် လှပတဲ့ မိန်းကလေး တစ်ယောက်ပဲ။ ပြီးတော့ အပျိုစစ်စစ်။ ဒီတော့ သူ့အပေါ်မှာ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ထားရမယ်။ နားလည်တယ် မဟုတ်လား”

ဝတုတ်က ကြောင်အသွားခဲ့၏။ “အစ်မရှမ့်နုက ဝိတ်လျှော့ချင်စိတ် ရှိမှာ မဟုတ်ဘူး။ ဟုတ်ပြီလား။ သူသာ ဝိတ်လျှော့သွားမယ်ဆိုရင် သူ့ရဲ့ တိုက်ပွဲဝင်စွမ်းရည်တွေ အကုန်လုံး လျော့ကျသွားလိမ့်မယ်။ လက်ရှိ ခန္ဓာကိုယ်ရဲ့ ဝိတ်အခြေအနေနဲ့ဆိုရင် ရန်သူနဲ့ တိုက်ခိုက်မယ်ဆိုရင် တိုက်ခိုက်ဖို့တောင် မလိုဘူး။ တက်ဖိလိုက်ရုံနဲ့ ပွဲပြီးပြီ”

အရူးလန်က ပြောလိုက်သည်။ “အင်း… အမျိုးသမီး တစ်ယောက်က သူနှစ်သက်တဲ့ ယောကျ်ားတစ်ယောက် အတွက် အဝတ်အစားလှလှတွေ ဝတ်တယ်တဲ့။ ဒီတော့ ကျုပ်ကိုသာ သူ သဘောကျသွားမယ် ဆိုရင် ကျုပ်အတွက် ဝိတ်ချပေးဖို့ စိတ်ဆန္ဒ ပေါ်လာလိမ့်မယ်”

ထိုအချိန်မှာပဲ ရှမ့်နုက ဝင်ပြောလိုက်၏။ “အိပ်မက်မက်မနေနဲ့။ ကျွန်မ ရှင့်ကို ကြိုက်မှာ မဟုတ်ဘူး။ ရှင့်က အရမ်း ငယ်ပါ သေးတယ်။”

အရူးလန်၏ မျက်နှာက နီရဲသွားခဲ့၏။ “မိန်းကလေးရှမ့်နု… ဒီကောလဟာလတွေကို မယုံပါနဲ့။ ဒါတွေ အကုန်လုံးက ပေါက်ပန်းလေးဆယ်တွေ ပြောနေတာပဲ”

ရှမ့်နုက ပြောလိုက်၏။ “အင်း… ဒါကို ကျွန်မ မျက်လုံးနဲ့ ကိုယ်တိုင် မြင်ခဲ့တာလေ”

……………

နှစ်ရက်ခန့်ကြာမြင့်ပြီး ညသို့ ရောက်သည့်အချိန်မှာတော့ ရှမ့်လန်က ပင်းအာကို ရင်ခွင်ထဲ ထည့်ကာ အိပ်စက်လျက် ရှိနေ၏။ ထိုအချိန်မှာပဲ သူက ရုတ်တရက် နိုးထလာခဲ့၏။ ဝူလဲ့၏အသံတိုးတိုးက ပေါ်ပေါက်လာခဲ့သောကြောင့်ပင်။

သို့ပေမည့် ရှမ့်လန် လှုပ်ရှားသည့် အချိန်မှာပဲ ပင်းအာက နိုးထလာခဲ့၏။

“ဘာဖြစ်လို့လဲ ယောကျ်ား” ပင်းအာက တီးတိုး ရေရွတ်လိုက်၏။ သူမက နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသည့်အချိန်မျိုးတွင်သာလျှင် ‘ယောကျ်ား’ ဟု ခေါ်တတ်၏။ မူလအားဖြင့် နိုးထနေသည့် အချိန်မျိုးတွင် ‘သမက်တော်’ သို့မဟုတ် ‘သခင်လေး’ ဟုသာ ခေါ်ဆိုတတ်သည်။

“ဘာမှ မဟုတ်ပါဘူး။ ဆက်ပြီး အိပ်တော့” ရှမ့်လန်က အသာပင် ပြောလိုက်၏။ ပြီးနောက် ပင်းအာ၏ ပါးလေးကို အသာ နမ်းရှိုက်လိုက်၏။

“အင်း” ပင်းအာက မျက်လုံးကို မှိတ်ပြီး မူလပုံစံအတိုင်း အိပ်စက်လျက် ရှိနေ၏။ ရှမ့်လန် သူမကို ဖက်ထားသည့် ပုံပန်းသွင်ပြင်မျိုးကဲ့သို့ပင်။

အခန်းထဲမှ ထွက်လျှောက်ပြီးနောက် ရှမ့်လန်က မေးမြန်းလိုက်၏။ “ရောက်လာပြီလား”

ဝူလဲ့က ပြောလိုက်၏။ “ရောက်လာပြီ”

ဟုတ်ပေ၏။ ဓားဘုရင် လီချင်းချိုးက ဓားပြကြီး နာကျည်းမှု၏ အလောင်းကို နန်းမြို့တော်ဆီသို့ ခေါ်ဆောင် လာခဲ့၏။ မြေအောက်ခန်းထဲမှာတော့ ဓားပြကြီး နာကျည်းမှု၏ အလောင်းသည် စားပွဲပေါ်တွင် လှုပ်ရှားမှု ကင်းမဲ့စွာဖြင့် လဲလျောင်းလျက် ရှိနေသည်။

“အသက်မရှူတော့ဘူး။ နှလုံးခုန်သံလည်း မရှိဘူး။ ဒါပေမဲ့ ပုပ်သိုးမသွားခဲ့ဘူး”

လီချင်းချိုးက ပြောလိုက်၏။ “ဒါ ရှားရှားပါးပါး ကိစ္စပဲ။”

ရှမ့်လန်က အလောင်းကို သေသေချာချာ စစ်ဆေးကြည့်လိုက်သည်။

နာကျည်းမှုက ပထမဦးဆုံး အဆိပ်မိခဲ့၏။ ထို့အပြင် သွေးအဆိပ်လည်း ရှိ၏။ ရှမ့်လန်က ငွေအပ် တစ်ချောင်းကို ယူပြီး ဓားပြကြီးနာကျည်းမှု၏ ခန္ဓာကိုယ်ကို ထိုးစိုက်လိုက်၏။ ထိုအထဲတွင် သွေးများ ပါဝင်နေ၏။ သွေးကို ရေထဲသို့ ပြန်ထည့်လိုက်၏။

“အင်း… သက်ရှိသတ္တဝါ တစ်ကောင်ကောင် ယူခဲ့အုံး”

ခဏလောက် ကြာပြီးသည့်နောက် ကြီးမားလွန်း လှသည့် ဒရယ်ကြီး တစ်ကောင်ကို ယူဆောင်လာခဲ့၏။ ရှမ့်လန်က ထိုဒရယ်ကြီး၏ ပါးစပ်ထဲဆီသို့ ရေများကို လောင်းထည့်လိုက်၏။

ပါးစပ်ထဲ နှစ်လုပ်စာလောက် သောက်ပြီးသည့်နောက် ဒရယ်ကြီးသည် ပါးစပ်ထဲမှ သွေးများ အန်ထွက်ကာ သေဆုံးသွားခဲ့၏။ ဤအရာက တကယ့်ကို အဆိပ်တစ်ခုကဲ့သို့ပင်။ အနည်းငယ်လောက် သောက်လိုက်ရုံနှင့် ကြီးမားလွန်းသည့် ဒရယ်ကြီးပင်လျှင် တစ်ခါတည်း သေဆုံးသွားခဲ့သည်။

ဓားပြကြီးနာကျည်းမှုသောက်ခဲ့သည့် ဝိုင်ထဲတွင် တကယ်ကို များပြားလွန်းသည့် အဆိပ်များ တည်ရှိနေမှာ သေချာ၏။ ပြီးနောက် သူက ရင်ဘတ်တွင် ရှိနေသည့် ဓားဒဏ်ရာကို ကြည့်ရှုလိုက်၏။ ဤဒဏ်ရာက နှလုံးသား၏ အလယ်ဗဟို ကို ထိုးနှက်ခဲ့ခြင်းဖြစ်၏။

ကျိုးကျောင်းရန်က တကယ်ကို ရက်စက်လွန်း၏။ သူမက စိတ်ဆုံးဖြတ်ချက် ပိုင်နိုင်စွာဖြင့် နှလုံးသားကို တစ်ခါတည်း ဓားနှင့် ထိုးနှက်ခဲ့ခြင်း ဖြစ်၏။ သူမက ဓားပြကြီးနာကျည်းမှုကို တစ်ချက်တည်း သတ်ဖြတ်လိုစိတ် ရှိခဲ့သည်။

သို့ပေမည့် ဓားပြကြီးနာကျည်းမှု၏ နှလုံးသားက ထိုနေရာတွင် မရှိချေ။ ထို့အပြင် ထိုအခြေအနေကလည်း သန္ဓေအဖြစ် မွေးဖွားလာခဲ့ခြင်း မဟုတ်ချေ။ ပြောရမည် ဆိုလျှင် တချို့သော ထူးခြားသည့် အကြောင်းအရာများကြောင့် သူ၏ ကိုယ်တွင်း အင်္ဂါအစိတ်အပိုင်းများ အားလုံးက ပြောင်းပြန်ဖြစ်တည်လျက် ရှိနေ၏။

ထိုထူးခြားမှုများထဲတွင် မျက်နှာလည်း အပါအဝင် ဖြစ်၏။ ရှမ့်လန်က ဓားပြကြီးနာကျည်းမှု၏ မျက်နှာကို သေသေချာချာ ကြည့်ရှုလိုက်သည့်အချိန်မှာတော့ ထိတ်လန့်တုန်လှုပ်သွားမိ၏။ ဤမျက်နှာက အက်ဆစ်ဖြင့် တိုက်စားခံရသည်ထက်ပင် ပိုမိုကာ ကြောက်မက်ဖွယ်ရာ ကောင်း၏။ မီးလောင်ထားသကဲ့သို့ ဖြစ်နေရုံသာမက မျက်နှာ အသွင်အပြင် တစ်ခုလုံးကလည်း လုံးဝကို ပုံပျက်ပန်းပျက် ဖြစ်လို့နေသည်။

ရှမ့်လန် သိရှိထားသည်မှာ ဓားပြကြီး နာကျည်းမှုသည် ကျိုးရိချမ် ဖြစ်၏။ သူက အသက် ၁၈ နှစ်ဖြင့် သိုင်းပညာပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည့် လူတစ်ယောက် ဖြစ်ခဲ့၏။ ခန္ဓာကိုယ်တွင် ကြီးမားသည့် ပြောင်းလဲမှုများ ဖြစ်တည်လာခဲ့သောကြောင့် ကုသရန် ကောင်းကင်ပင်လယ် နန်းဆောင်ဆီသို့ စေလွှတ်ခြင်းကို ခံရ၏။

ထိုသူ၏ သွေးမျိုးရိုးဗီဇ အရည်အချင်းက တကယ့်ကို ထူးခြားလွန်းသောကြောင့် နန်းဆောင်သခင်၏ အမည်ခံ တပည့်အဖြစ်ပင် လက်ခံခြင်း ခံခဲ့ရ၏။ ဤကဲ့သို့သော ပြောင်းလဲမှုအားလုံးတို့က သူ၏ သွေးမျိုးရိုးဗီဇ ကြောင့်သာ ဖြစ်သည်။

ထိုအချိန်က ကောင်းကင်ပင်လယ် နန်းဆောင်တွင် သူက ကုသ၍ ပျောက်ကင်းလုနီးပါး ဖြစ်ခဲ့သော်လည်း ကျိုးမျိုးနွယ်အတွက် လက်စားချေရန် ကောင်းကင်ပင်လယ် နန်းဆောင်ဆီမှ ထွက်ခွာသွားခဲ့၏။ ပြီးနောက် ယခုကဲ့သို့ပင် လေလွင့်နေခဲ့ခြင်း ဖြစ်၏။

ဤနှစ်ပိုင်းအတွင်း သူက မိမိအတွက် အသက်ရှင်ခဲ့ခြင်း လုံးဝ မရှိဘဲ ကျိုးမျိုးနွယ်အတွက် သို့မဟုတ် ဆိုးသွမ်းလွန်းသည့် ကျိုးကျောင်းရန်အတွက်သာ အသက်ရှင်ခဲ့၏။ ထို့ကြောင့် ဤကဲ့သို့ အခြေအနေမျိုးနှင့် နိဂုံးချုပ်ရခြင်း ဖြစ်သည်။

နာကျည်းမှု တစ်ယောက်တည်းသာ မဟုတ်ပေ။ အရူးလန် ခေါ်ဆောင်လာသော သူတောင်းစား ၁၀ ယောက်လုံးကလည်း သူတို့၏ သွေးမျိုးရိုးဗီဇကြောင့် ဤကဲ့သို့ ခန္ဓာကိုယ် ပုံစံများ ပြောင်းလဲလာခဲ့ကြခြင်း ဖြစ်၏။ သူတို့၏ မျက်နှာသွင်ပြင်များက ပုံပျက်လျက် ရှိနေပြီး ခန္ဓာကိုယ်များကလည်း ကွေးကောက်နေ၏။ ခြေထောက်များကလည်း လိမ်ကောက်နေ၏။ တကယ်ကို မသန်စွမ်းသူများကဲ့သို့ပင်။

“သခင်လေး… ဒါက ဓားပြကြီးနာကျည်းမှုလား” ဝူလဲ့က မေးမြန်းလိုက်၏။

“ဟုတ်တယ်”

ရှမ့်လန်က ပြန်လည်ကာ မေးမြန်းလိုက်၏။ “ဒါနဲ့ ခင်ဗျား သူ့ကို အရမ်းလေးစားတယ်ဆို”

ဝူလဲ့က ပြောလိုက်သည်။ “ဟုတ်ပါတယ်”

ကျိုးရိချမ် ဖြစ်စေ၊ ဓားပြကြီး နာကျည်းမှု ဖြစ်စေ နှစ်ယောက်လုံးသည် မရေတွက်နိုင်သည့် ကြည်ညို လေးစားမှုများနှင့် ပြည့်နှက်လျက်ရှိနေသည့် လူပင် ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ငယ်ငယ်ရွယ်ရွယ်နှင့် သိုင်းပညာပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့သည်သာမကချေ။ ဓားပြကြီးနာကျည်းမှုအဖြစ် တကယ့်ကို ကြီးမားသည့် အရှိန်အဝါတစ်ခုကို ဖန်တီးတည်ဆောက်နိုင်ခဲ့သူ တစ်ယောက် ဖြစ်၏။ သူက ရွှဲ့ပြည်နယ် တစ်ခုလုံးတွင် ဒဏ္ဍာရီလာ သိုင်းပညာရှင် တစ်ယောက်အဖြစ် နာမည်ကျော်ကြားခဲ့၏။

ဝူလဲ့က မေးမြန်းလိုက်သည်။ “သခင်လေး… သူ သေသွားပြီလား”

ရှမ့်လန်က ပြန်ဖြေ၏။ “ငါ မသိဘူး”

နာကျည်းမှု သေခြင်း။ မသေခြင်းကို ရှမ့်လန်က သေသေချာချာ မသိရှိချေ။ မသေသေးဟုပြောလျှင် နှလုံးခုန်သံက ပျောက်ဆုံးနေ၏။ အသက်လည်း မရှူတော့ချေ။ သို့ပေမည့် သေပြီဟု ဆိုရပြန်အောင်လည်း ရှမ့်လန်က သူ၏ X-Ray အမြင်နှင့် သေသေချာချာ ကြည့်ရှုလျက် ရှိ၏။ ထိုသူ၏ ခန္ဓာကိုယ်ထဲတွင် သိမ်မွေ့သည့် စွမ်းအင်လှိုင်းများက လှုပ်ခတ်လျက် ရှိနေသေးကြောင်း မြင်ရသေးသည်။

ပြောရမည်ဆိုလျှင် အမှန်တကယ် သေဆုံးခြင်း ဆိုသည်မှာ ဦးနှောက်သေဆုံးသွားခဲ့ခြင်းသာ ဖြစ်၏။ သွေးက ဦးနှောက်သို့ လုံလောက်သည့် အောက်ဆီဂျင်ကို မပို့ဆောင်နိုင်သည့် အခြေအနေမျိုးတွင် ဦးနှောက်တစ်ခုလုံး သေဆုံးသွားခြင်း ဖြစ်ပေါ်စေခဲ့၏။ ဦးနှောက်က အချိန်တိုင်း စွမ်းအင်ပမာဏ ကြီးမားစွာ လိုအပ်သည့် အရာမျိုးပင်။

ဓားပြကြီးနာကျည်းမှု အသက်မရှူ၊ နှလုံးမခုန်သည်မှာ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီ ဖြစ်၏။ ယုတ္တိဗေဒအရ ပြောရမည် ဆိုလျှင် သူ၏ ဦးနှောက်က သေဆုံးသွားသင့်၏။ သို့ပေမည့် သွေးထဲတွင် ထူးခြားသည့် စွမ်းအင်တစ်မျိုး ရှိနေပုံပေါ်၏။ ထိုအရာက ဦးနှောက်ကို အနည်းငယ် အချိန်ထိ ရှင်သန်နိုင်အောင် ထိန်းသိမ်းထားနိုင်စွမ်း ရှိနေ၏။ ထို့ကြောင့်ပင် အတိုင်းအတာ တစ်ခုအထိ မသေသေးခြင်း ဖြစ်၏။

နာကျည်းမှု၏ သွေးမျိုးရိုးက တကယ့်ကို ကောင်းကင်အား ဆန့်ကျင်နိုင်လောက်အောင်ပင် ထူးကဲ၏။ အရူးကြီး၏ သွေးမျိုးရိုးထက် အနည်းငယ်သာလျှင် နိမ့်ကျပေလိမ့်မည်။ အသက် ၁၈ နှစ်နှင့် သိုင်းပညာပြိုင်ပွဲ၌ ဗိုလ်စွဲခဲ့ခြင်းမှာ အံ့အားသင့်စရာ မဟုတ်တော့ချေ။

All Chapters