← Chapters

အပိုင်း (၄၇၇)

Vol. 33 Ch. 477

အပိုင်း (၄၇၇)

Vol. 33 Ch. 477

ရှမ့်လန်က ပြောလိုက်၏။ “ကျုပ်က သူတို့သွေးမျိုးဆက်ကို အောင်မြင်အောင် နှိုးဆွပေးနိုင်ခဲ့မယ်ဆိုရင် ဒါမှမဟုတ် နောက်ထပ်တစ်ဆင့်အထိ မြှင့်တင်ပေးနိုင်မယ်ဆိုရင် ဘာဖြစ်သွားနိုင်မလဲ”

နာကျည်းမှုက ပြောလိုက်သည်။ “သူတို့တစ်ယောက်ချင်းစီတိုင်းက အသက် ၃၀ နီးပါးရှိနေပြီ။ သူတို့ရဲ့ သွေးမျိုးဆက်စွမ်းအင်တွေက စိတ်ဝိညာဉ်စွမ်းအင်တွေကို အနည်းဆုံး နှစ်ပေါင်း ၂၀ လောက် စုပ်ယူခဲ့ပြီးပြီ။ ဒါကိုသာ အောင်မြင်အောင် နှိုးဆွနိုင်မယ်ဆိုရင် သူတို့က ချက်ချင်းပဲ ကြီးမားတဲ့ခွန်အားနဲ့ စွမ်းအင်တွေကို ပိုင်ဆိုင်သွားလိမ့်မယ်”

အရူးကြီးကဲ့သို့ပင်။ အရူးကြီးက သိုင်းပညာကို တစ်ခါမှ မလေ့ကျင့်ခဲ့ဖူးပေ။ သူ လုပ်သမျှအရာအားလုံးက နေ့စဉ်နေ့တိုင်း ဓားများကို ကာကွယ်တားဆီးနေရုံပင်ဖြစ်၏။ သို့ပေမည့် မည်မျှ အစွမ်းထက်လိုက်သနည်း။ စစ်မြေပြင်တွင် သူ၏စွမ်းအင်က ဓားဘုရင် လီချင်းချိုးထက်တောင် ကျော်လွန်လျက်ရှိ၏။ တစ်ယောက်ချင်း တိုက်ခိုက်လျှင်တောင် သူက ကျွမ်းကျင်သူ ၉၉ ရာခိုင်နှုန်းကို တားဆီးထားနိုင်၏။

အဘယ့်ကြောင့်နည်း။ ထိုအရာက ကျုံးချူးကဲ့က အရူးကြီးခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ရွှေရောင်သွေးမျိုးဆက် စွမ်းအင်ကို နှိုးဆွပေးခဲ့လို့ပင်ဖြစ်၏။ ထိုစွမ်းအားက အရူးကြီးခန္ဓာကိုယ်ထဲတွင် ၁၀ နှစ်ကျော်ကြာ ရှိခဲ့ပြီးသား ဖြစ်၏။ ထိုအရာကို လမ်းညွှန်မပေးနိုင်သောကြောင့်သာ တိမ်မြှုပ်နေခြင်းဖြစ်၏။ လမ်းညွှန်ပေး၍ နှိုးဆွလိုက်သည်နှင့် တပြိုင်နက် ထိုအရာက ချက်ချင်း အစွမ်းထက်သွားပေလိမ့်မည်။

သူတောင်းစား ၁၀ ယောက်၏ သွေးမျိုးဆက်စွမ်းအင်များက လွန်ခဲ့သည့် နှစ်ပေါင်း ၂၀၊ ၃၀ လောက် စုဆောင်း ထားခဲ့၏။ ထိုအရာကို တစ်ချက်လောက် နှိုးဆွလိုက်ရုံနှင့် အရူးကြီးလောက် အစွမ်းမထက်လျှင်တောင်မှ တကယ်ကို တုန်လှုပ်စရာ ကောင်းနေဦးမှာ သေချာ၏။

ရှမ့်လန်က ပြောလိုက်သည်။ “အင်း... မြို့ပတ်ပတ်လည်မှာ စောင့်ကြည့်နေတဲ့လူတွေက အရမ်းကိုများတယ်။ မနက်ဖြန် ကျုပ်သူတို့ကို မြို့ပြင်က လူမရှိတဲ့ နေရာတစ်ခုကို ခေါ်သွားမယ်။ ပြီးရင် သူတို့ရဲ့သွေးမျိုးဆက် စွမ်းအင်တွေကို နှိုးဆွပေးမယ်။ ပြီးတော့ သူတို့ကို လျှို့ဝှက်လေ့ကျင့်ပေးရမယ်”

ထိုအချိန်မှာပဲ နာကျည်းမှုက ရုတ်တရက် ပြောလိုက်၏။ “ရှမ့်... တိတ်ဆိတ်တဲ့နေရာကို သွားဖို့အတွက် ကျုပ် သဘောတူတယ်။ ဒါပေမဲ့ သူတို့ရဲ့ သွေးမျိုးဆက်တွေကို နှိုးဆွတဲ့ကိစ္စကို နှစ်ရက်လောက် နောက်ဆုတ် ပေးလို့ရမလား”

ရှမ့်လန်က ထိုစကားကို ကြားသည့်အချိန်မှာတော့ အံ့အားသင့်သွား၏။ “ဘာလို့လဲ”

နာကျည်းမှုက ပြောလိုက်သည်။ “သူတို့ရဲ့ သွေးမျိုးဆက်စွမ်းအင်တွေကို နှိုးဆွခံရပြီးတာနဲ့ သူတို့က သာမန်လူတွေ ဖြစ်သွားမယ်။ ပြီးတော့ အစွမ်းထက်တဲ့လူတွေ ဖြစ်သွားမယ်။ ဒီတော့ သူတို့ရဲ့စိတ်ဓာတ်က လုံးဝ ပြောင်းလဲ သွားလိမ့်မယ်။ လူတစ်ယောက်က ဆင်းရဲဒုက္ခ ခံစားရတယ်ဆိုတာ တန်ဖိုးကြီးတဲ့ အရာတစ်ခုပဲ။

သူတို့က မသန်မစွမ်းတွေ ဖြစ်နေကြသေးတယ်။ သူတို့က နေ့တိုင်း ပျော်ရွှင်နေတယ်ဆိုပေမဲ့ သူတို့ရဲ့နှလုံးသားက အေးစက်ပြီး မျှော်လင့်ချက်ကင်းမဲ့နေကြတယ်။ ဒီအရာကို နှစ်ရက်လောက် အချိန်ယူပြီး ပြန်လည် ပြောင်းလဲပေးရမယ်။ သူတို့ကို စည်းကမ်းတွေ လေ့ကျင့်ပေးရမယ်။ ဒီလိုလေ့ကျင့်ပြီးမှသာ သူတို့ရဲ့ နှလုံးသား ထဲက စွဲစွဲမြဲမြဲ မှတ်မိနေမှာ။”

ရှမ့်လန်က ပြောလိုက်၏။ “ခင်ဗျား သူတို့ကို ဘယ်လိုလေ့ကျင့်ပေးချင်တာလဲ”

နာကျည်းမှုက ပြောလိုက်သည်။ “အင်း.. ရိုက်နှက်ပြီး လေ့ကျင့်ရမှာပေါ့။ သေလောက်အောင် ရိုက်ပစ်ရမယ်”

ပြီးနောက် နာကျည်းမှုက သူ၏အခန်းဆီသို့ ပြန်လှည့်သွားခဲ့၏။ ပြီးနောက် ကြိမ်လုံးတစ်လုံးကို ရှာဖွေပြီး သူ၏အင်္ကျီလက်မောင်းအောက်ထဲတွင် ဝှက်ကာ ယူလာ၏။ ခြံဝင်းထဲသို့ ပြန်လည်ရောက်ရှိလာပြီးနောက် သူတောင်းစား ၁၀ ယောက်တို့ကို အရိုအသေပြုလိုက်၏။

“ညီအစ်ကိုတို့... ကျုပ်နာမည်က နာကျည်းမှုပါ။ ဒီနေ့ကစပြီး ကျုပ်က ထောင်စုမှူးဖြစ်လာခဲ့ပြီ။ ကျုပ်တို့ အားလုံးက အိုးတူခွက်တူ စားကြမယ့်လူတွေကြီးပဲ။ ကျုပ်ကို စောင့်ရှောက်ပေးပါအုံး”

သူတောင်းစား ၁၀ ယောက်တို့က မြေကြီးပေါ်မှာ လဲလျောင်းလျက် ရှိနေ၏။ သူတို့က အနည်းငယ် စိတ်မရှည်ကြသော်လည်း လက်များကိုမြှောက်ကာ ပြောလိုက်သည်။ “ကောင်းပြီ၊ ကောင်းပြီ။ ဒါဆိုရင် ငါတို့ မင်းကို သေချာပေါက် စောင့်ရှောက်ပေးရမှာပေါ့။ မင်းက ထောင်စုမှူးဆိုပေမဲ့ ငါတို့ရဲ့ အကူအညီမပါဘဲနဲ့ မင်းက ထောင်စုမှူး မဖြစ်နိုင်ဘူးလေ”

“သဘောသဘာဝအရဆိုရင် ထောင်စုမှူး ဖြစ်ဖို့အတွက် ရာစုမှူးတွေ လိုသေးတာပေါ့။ ဒီတော့ မင်းက ငါတို့စကားကို နားထောင်ရမယ်”

“ဟုတ်တယ်၊ ဟုတ်တယ်။ ထောင်စုမှူးဖြစ်တယ်ဆိုပေမဲ့ နောက်မှရောက်လာတာ။ ဒီတော့ ငါတို့လောက် မင်းက အတွေ့အကြုံ မရှိဘူး။”

“အင်း . နာကျည်းမှုလေး.. အရာရှိတစ်ယောက်ဖြစ်ဖို့ အရေးကြီးဆုံးက ဘာလဲ။ လူဆိုတာ ဘာလဲ အရင်ဆုံး သင်ယူတတ်ရမယ်”

နာကျည်းမှုက ပြောလိုက်၏။ “ကောင်းပါပြီ၊ ကောင်းပါပြီ။ ကျုပ်က ခင်ဗျားတို့ရဲ့ ဆုံးမစကားကို မှတ်သား ထားပါ့မယ်”

ပြီးနောက် သူ၏မျက်နှာက ရုတ်တရက် အေးစက်သွားခဲ့လေ၏။ သူက အင်္ကျီလက်မောင်း အောက်ထဲတွင် ဖွက်ထားခဲ့သည့် ကြိမ်လုံးကို ထုတ်ယူလိုက်၏။ ရှေ့သို့ပြေးတက်ပြီး သူတောင်းစား ၁၀ ယောက်ကို ကြိမ်လုံးနှင့် အားရပါးရ ရိုက်နှက်တော့သည်။

“ဖြောင်း၊ ဖြောင်း၊ ဖြောင်း... ထစမ်း။ အားလုံးမတ်တပ်ရပ်ကြစမ်း”

သူက တစ်ယောက်ချင်းစီတိုင်းကို ရိုက်နှက်လျက် ရှိနေ၏။ နာကျည်းမှုသည် ထိုသူတို့၏ဘောင်းဘီ သေးများ စိုထွက်သွားသည်အထိပင် ပြင်းပြင်းထန်ထန် ရိုက်နှက်၏။

တစ်ခဏချင်းမှာပင် သူတောင်းစား ၁၀ ယောက်လုံးက မင်သက်သွားခဲ့၏။ သူတို့အားလုံးက သရဲတစ္ဆေများကဲ့သို့ အော်ဟစ်ငိုကြွေးလျက်ရှိနေပြီး ဝံပုလွေများကဲ့သို့ပင် အူလျက်ရှိနေ၏။ သို့ပေမည့် နာကျည်းမှု၏ နည်းဗျူဟာက အကျယ်လောင်ဆုံး အော်ဟစ်ငိုယိုသူကို ရိုက်နှက်ခြင်းပင်ဖြစ်၏။ နောက်ဆုံးမြေကြီးပေါ်တွင် လူးလိမ့်သည်အထိ ရိုက်နှက်၏။ ဘောင်းဘီထဲတွင် သေးများထွက်ကျသည်အထိ ရိုက်နှက်သည်။

သူတောင်းစား ၁၀ ယောက်လုံးက ပထမဦးဆုံး အော်ဟစ်ငိုကြွေး၏။ ပြီးနောက် ဆဲဆို၏။ နောက်တော့ တိုင်တန်းကြ၏။

“သခင်လေးရှမ့်... ကျုပ်တို့ကိုကယ်ပါအုံး။ ပဉ္စမမင်းသား... ကျုပ်တို့ကို ကယ်တော်မူပါအုံး။ ကျုပ်တို့သေတော့မယ်”

“ကျုပ်တို့သေတော့မယ်။ ကျုပ်တို့ကတော့သွားပြီ”

“ဒီအဖွဲ့ကိုဖျက်ပြီ။ ဒီအဖွဲ့ကို ဖျက်လိုက်ပြီပဲ”

ဤသည်မှာတော့ နာကျည်းမှုက အဖွဲ့ကို ဖျက်သိမ်းမည်ပြောသော သူတောင်းစားကို စူးစိုက်ကြည့်လိုက်၏။

“မင်းက အဖွဲ့ကိုဖျက်သိမ်းချင်တယ်ဟုတ်လား” သူ၏အကြည့်က လူတစ်ယောက်ကို အရှင်လတ်လတ်ဝါးစားတော့မည်အတိုင်းပင်။

ထိုသူတောင်းစားက တုန်လှုပ်သွားခဲ့၏။ ပြီးနောက် တုန်ယင်နေသည့်အသံဖြင့် ပြောလိုက်သည်။ “ကျုပ်တို့က အရာရှိ လာလုပ်တာလေ။ ဒုက္ခလာခံတာမဟုတ်ဘူး။ ပဉ္စမမင်းသားနဲ့ သခင်လေးရှမ့်တောင် ကျုပ်တို့ကို ဘာမှမလုပ်ဘူး။ ခင်ဗျားက ထောင်စုမှူးတစ်ယောက်ပဲ။ ဘာလုပ်နိုင်မှာမလို့လဲ”

နာကျည်းမှုက အေးစက်စက်ဖြင့် ပြောလိုက်၏။ “မင်းက အဖွဲ့ကို ဖျက်သိမ်းချင်တယ် ဟုတ်လား”

သူတောင်းစားက တုန်လှုပ်သွားခဲ့သော်လည်း ခပ်တည်တည်နှင့် ပြန်လည်ကာ ပြောဆိုသည်။ “ဘာလဲ ... ဩဇာအာဏာ လာပြနေတာလား။ အရာရှိသစ်တစ်ယောက် အနေနဲ့ သတိထားပြီး ပြုမူဆက်ဆံသင့်တယ်။ ကျုပ်တို့ သူတောင်းစားဂိုဏ်းမှာ ဒီလိုကိစ္စတွေ အများကြီးတွေ့ဖူးတယ်။ ခင်ဗျား ကျုပ်တို့ကို ခြိမ်းခြောက်နိုင်မယ် ထင်နေတာလား”

နာကျည်းမှုက အေးစက်စက်ဖြင့် ပြောလိုက်၏။ “မင်းက အဖွဲ့ကို ဖျက်သိမ်းချင်တယ် ဟုတ်လား”

သူ၏အသံက ပိုမို၍အေးစက်လာခဲ့၏။ မျက်လုံးထဲရှိ သတ်ဖြတ်လိုခြင်း အငွေ့အသက်များက ပိုမိုကာ ပြင်းထန် လာသည်။

ထိုသူတောင်းစားသည် ချက်ချင်းဆိုသလိုပဲ ကြောက်လန့်မှုကြောင့် တုန်လှုပ်သွားခဲ့၏။ သို့ပေမည့် ဤအုပ်စုက ပြဿနာ ရှာနေသူများဖြစ်ပြီး အရာအားလုံးကို ဆုံးရှုံးပြီးသားလည်း ဖြစ်၏။ မည်သို့ပင် ဆိုစေကာမူ သူတို့က အရှုံးမပေးနိုင်ချေ။

နာကျည်းမှု၏စကားကို ကြားသည့်အချိန်မှာတော့ ထိုသူက ချက်ချင်းပဲ ပြန်လည်ကာ မေးခွန်းထုတ်လိုက်၏။ “ဟုတ်တယ်။ ဖျက်သိမ်းချင်တယ်။ ဘာဖြစ်လဲ”

နာကျည်းမှုက ပြောလိုက်သည်။ “မင်းက အဖွဲ့ကို ဖျက်သိမ်းချင်တယ်လို့ ပြောတယ်။ မင်းက တပ်ပြေးပဲ။ ဒီတော့ စစ်ဥပဒေအရ တပ်ပြေးတွေကို ကြိုးပေးပြီး သတ်ရမယ်”

ပြီးနောက် စကားတစ်ခွန်းမှမဆိုဘဲ နာကျည်းမှုက ကြိုးတစ်ချောင်းကို ရှာဖွေ၏။ သစ်ပင်ပေါ်သို့တက်ပြီး ကြိုးကွင်းတစ်ခုကို ပြင်၏။ ပြီးနောက် သူက ထိုသူတောင်းစား၏လည်ပင်းကို ဆွဲချုပ်ကာဖြင့် ခေါင်းကို ကြိုးကွင်းထဲသို့ ထည့်၏။

“မင်းက တပ်ပြေးတစ်ယောက်ဖြစ်နေပြီဆိုမှတော့ ငါတို့နဲ့ ညီအစ်ကို မဟုတ်တော့ဘူး။ ငရဲပြည် ရောက်တဲ့အချိန်မှ ငါတို့ကို အော်ဟစ်ဆဲဆိုမနေနဲ့တော့” နာကျည်းမှုက ထိုင်ခုံကို ကန်ထုတ်လိုက်သည်။

သူတောင်းစား၏ခန္ဓာကိုယ်က ချက်ချင်းပဲ အောက်သို့ပြုတ်ကျပြီး လေထဲတွင် တွဲလောင်းကြီးဖြစ်နေ၏။ အစမှအဆုံးအထိ နာကျည်းမှုက တစ်စက္ကန့်မျှပင် တုံ့ဆိုင်းခြင်း မရှိခဲ့ချေ။ ကြိုးပေးသတ်မည်ဟု ပြောဆိုလျှင် အမှန်တကယ် ကြိုးပေးသတ်၏။

သူတောင်းစားက အစွမ်းကုန်ရုန်းကန်၏။ မျက်နှာများက နီရဲလာခဲ့၏။ မျက်လုံးများက ပြူးကျယ်လာ၏။ လျှာကြီးကလည်း ထွက်လာသည်။

ကျန်သည့်သူတောင်းစား ကိုးယောက်လုံးက မင်သက်နေ၏။ သူတို့က ကြောက်ရွံ့လွန်းသောကြောင့် သတိလစ် မေ့မြောမတတ်ပင် ဖြစ်နေကြ၏။ တစ်ဖက်လူက တကယ့်ကို ငရဲမင်းပင်ဖြစ်၏။ လူသတ်မည်ပြောလျှင် တကယ်သတ်၏။ ကြိုးပေးမည်ပြောလျှင် တကယ်ကြိုးပေး၏။

“ခင်ဗျားက လူသတ်ဝံ့တယ်ဟုတ်လား။ ညီအစ်ကိုတို့.. သူနဲ့ တိုက်ခိုက်ကြစို့” သူတောင်းစား ၁၀ ယောက်လုံးက နေ့စဉ်အတူတူ နေထိုင်ကြသည်ဖြစ်သောကြောင့် သံယောဇဉ်က အလွန်ကြီးမားကြ၏။ တစ်စုံတစ်ယောက်က လှုံ့ဆော်လိုက်သည်နှင့် တပြိုင်နက် ကျန်သည့်သူတောင်းစားကိုးယောက်တို့သည် ကြိုးပေးသတ်ခံရသည့် သူတောင်းစားကို ကယ်တင်ရန် ရှေ့သို့ပြေးတက်သွားခဲ့ကြသည်။

သို့ပေမည့် နာကျည်းမှုက သူတို့၏ရှေ့တွင် ပိတ်ရပ်ထား၏။

ထို့ကြောင့် သူတောင်းစား ကိုးယောက်လုံးက နာကျည်းမှုထံသို့ ပြေးဝင်ပြီး သူတို့နှင့်အတူ အသေခံ တိုက်ခိုက်ရန် ကြိုးစားကြ၏။ သို့ပေမည့် နာကျည်းမှုက တစ်ယောက်ပြီး တစ်ယောက်တို့ကို ကန်ထုတ်သည်။

အားလုံးသောသူတို့က ကန်ထုတ်ခြင်းကို ခံခဲ့ရ၏။ တစ်ယောက်ချင်းစီတိုင်းက ၁၀ မီတာနီးပါးခန့် လွင့်စင်သွားခဲ့၏။ တချို့က နံရံနှင့်ဆောင့်မိပြီး သွေးများပင် အန်ထွက်၏။ တချို့၏ဦးခေါင်းက မြေကြီးနှင့် ဆောင့်မိပြီး သွေးများစီးကျလာ၏။

သစ်ပင်အောက်တွင် တွဲလောင်းကျနေသော သူတောင်းစားမှာတော့ အစွမ်းကုန် ရုန်းကန်လျက်ရှိနေ၏။ သို့ပေမည့် သူ၏ရုန်းကန်အားက တဖြည်းဖြည်း အားနည်းလာခဲ့၏။ လျှာက အပြင်သို့ ရှည်လျားစွာ ထွက်ကျလာပြီး မျက်လုံးများက သွေးကဲ့သို့ နီရဲလာခဲ့၏။ ချေးများ၊ သေးများပင် ထွက်ကျလာခဲ့သည်။

နင်ကျန်းက မကြည့်နိုင်တော့ချေ။ ရှေ့ဆီသို့ လှမ်းတက်လိုက်၏။ “ထောင်စုမှူးကျိုး... ဒါ ပထမဦးဆုံးအကြိမ် အပြစ်ကျူးလွန်တာမဟုတ်လား။ သူ့ရဲ့အသက်ကို ချမ်းသာပေးလိုက်ပါ”

ချက်ချင်းပဲ ကျန်သည့်သူတောင်းစား ကိုးယောက်လုံးက မြေပေါ်တွင် ဒူးထောက်ထိုင်ချလိုက်ကြသည်။ “ဟုတ်ပါတယ် တပ်မှူး.. ကျုပ်တို့ညီအစ်ကိုရဲ့ အသက်ကို ချမ်းသာပေးပါ”

သူတို့က ငိုယိုတောင်းပန်ကြ၏။

နာကျည်းမှုက အေးစက်စက်ပြောလိုက်သည်။ “စစ်ဥပဒေမှာ သနားညှာတာမှုဆိုတာ မရှိဘူး”

နင်ကျန်းက ဦးညွှတ်ကာ ပြောလိုက်၏။ “သူတို့ကို ကျုပ်ပဲ စုဆောင်းခဲ့တာပါ။ ကျုပ်က သူတို့ကို အရင်ဆုံး စည်းကမ်းမသင်ကြားခဲ့ဖူး။ သူတို့က အဖွဲ့ဖျက်သိမ်းမယ်လို့ပြောတယ်။ ဆိုရိုးစကားတစ်ခုရှိတယ် မဟုတ်လား။ ပညာရေးမှာ ခွဲခြားမှုမရှိဘူးတဲ့။ ဒီတော့ သူတို့ကို မသင်ကြားဘဲနဲ့တော့ အပြစ်ပေးလို့ မရနိုင်ဘူး။”

နာကျည်းမှုက ပြောလိုက်၏။ “အရှင်မင်းသား... ကျုပ်က စစ်တပ်ထဲမှာ ရှိခဲ့တော့ စစ်ဥပဒေကို နားလည်တယ်။ သူတို့ကို မသင်ကြားခဲ့တာ လစ်ဟင်းချက်တွေ ရှိနေလို့ပဲ။ ကျုပ်က ထောင်စုမှူးဖြစ်နေမှတော့ လေ့ကျင့်မှုကို ကျုပ်ပဲ တာဝန်ယူမယ်။ အရှင်မင်းသားက ဘုရင်မင်းမြတ်ရဲ့ သားတော်ဖြစ်တယ် ဆိုရင်တောင်မှ အလွန်အကျွံ ဝင်ပြီးတော့ ပါဝင် မပတ်သက်သင့်ဘူး။”

“ကောင်းပါပြီ”

နင်ကျန်းက ပိုမိုနှိမ့်ချစွာဖြင့် ဦးညွှတ်လိုက်သည်။ “အင်း ... တပ်မှူး... ဒါတွေအားလုံးက ခင်ဗျားရဲ့ လုပ်ပိုင်ခွင့်ပါပဲ။ ကျုပ်သူတို့ကို ကောင်းကောင်းမသင်ကြားပေးခဲ့ဘူး။ ဒါကြောင့် ကျုပ်မှာလည်း အပြစ်ရှိပါတယ်”

ရှမ့်လန်က ပြောလိုက်၏။ “တပ်မှူးကျိုး... ဒီလိုလုပ်ရအောင်။ ဒီအရှင်မင်းသားရဲ့ဆံပင်နဲ့ ဒီရာစုမှူးရဲ့အသက်နဲ့ လဲလှယ်လိုက်ပါလား”

စကားတစ်ခွန်းမှမဆိုဘဲ နင်ကျန်းက ဓားမြှောင်တစ်ချောင်းကို ဆွဲထုတ်ပြီး သူ၏ရှည်လျားလွန်းသောဆံပင်ကို ဖြတ်ချလိုက်၏။ ဆံချည်တစ်မျှင်လောက်ကို သင်္ကေတအဖြစ် ဖြတ်ချခဲ့သော ချောင်ချောင်နှင့်မတူဘဲ သူက သူ၏ ဆံပင်အားလုံးကို လုံးဝဖြတ်ချလိုက်၏။ ခေါင်းပေါ်တွင် ဆံပင်တိုတိုလေးသာ ကျန်ရစ်ခဲ့တော့သည်။

ဤအချိန်မှာတော့ သစ်ပင်ပေါ်တွင် တွဲလောင်းကျလျက် ရှိနေသည့် သူတောင်းစားက မလှုပ်ရှားတော့ပေ။ သေဆုံးသွားပြီဟု ထင်ရ၏။ နာကျည်းမှုက ရှေ့ကိုတက်ပြီး ထိုသူတောင်းစားကို အောက်ချပေး၏။ နှလုံးခုန်သံကို နားထောင်ကြည့်ရာ အသက်မရှူတော့ချေ။

ရှမ့်လန်က ပြောလိုက်၏။ “အင်း... နှလုံးဖိပြီးတော့ အသက်ရှူလမ်းကြောင်း ပွင့်သွားအောင် လုပ်ကြည့်အုံး”

ပြီးနောက် သူက နာကျည်းမှုအား မည်ကဲ့သို့လုပ်ဆောင်ရမည်ကို ပြောပြလိုက်သည်။

စကားတစ်ခွန်းမှ ဆက်မဆိုဘဲ နာကျည်းမှုက ထိုသူတောင်းစား၏ ပါးစပ်ထဲသို့ လေမှုတ်သွင်း၏။ ပြီးနောက် ရင်ဘတ်ကို ဖိနှိပ်၏။ သူတောင်းစား၏ပါးစပ်က တံတွေးများနှင့် ပြည့်နှက်နေပြီး လျှာကလည်း ထွက်ကျနေ၏။ ခံတွင်းနံ့က တကယ်ကို ဆိုးဝါးလွန်း၏။ သို့ပေမည့် နာကျည်းမှုက ထိုအရာများကို လုံးဝ မခံစားရသည့်အတိုင်းပင်။

အသက်ရှူလမ်းကြောင်းဆိုင်ရာ ကယ်တင်ခြင်းနှင့် နှလုံးဖိနှိပ်ခြင်းကို အဆက်မပြတ် လုပ်ဆောင်၏။ ၁၀ မိနစ်လောက်ကြာပြီး နောက်ဆုံးမှာတော့ ထိုလူ၏အသက်ရှူသံနှင့် နှလုံးခုန်သံတို့က ပြန်လည် အသက်ဝင် လာခဲ့၏။

ကျန်ရှိသည့်သူတောင်းစား ကိုးယောက်လုံးက မြေကြီးပေါ်မှာ ပျော့ခွေလျက်ရှိနေ၏။ သူတို့အားလုံးက ပျော်ရွှင်မှုကြောင့် မျက်ရည်များပင် စီးကျကြ၏။ တကယ်ပဲ အသက်ပြန်ရှင်လာခဲ့၏။ သေဆုံးသွားခဲ့ပြီဖြစ်သော လူတစ်ယောက်ကို အမှန်တကယ် ကယ်တင်နိုင်ခဲ့၏။ တကယ့်ကို အံ့ချီးစရာပဲ။

သူတောင်းစားကို ကယ်တင်ခဲ့ပြီးနောက် နာကျည်းမှုက အေးစက်သည့်မျက်နှာထားဖြင့် မတ်တပ်ထရပ်ကာ စကားတစ်လုံးချင်းစီတိုင်းကို ခပ်မာမာဆို၏။ “ဒီအချိန်မှာ အရှင်မင်းသားက သူ့ရဲ့ဆံပင်ကို အသုံးပြုခဲ့တယ်။ ဒါပေမဲ့ အရှင်မင်းသားမှာ ဆံပင်က ဒါပဲရှိတော့တယ်။ နောက်တစ်ကြိမ် အရှင်မင်းသားကို သူ့ရဲ့ ခေါင်းကိုဖြတ်ပြီး အစားထိုးခိုင်းချင်တာလား။

ဒါ တစ်ကြိမ်တည်းသော အပြစ်ဖြစ်ပြီး နောက်ဆုံးအကြိမ်လည်း ဖြစ်တယ်။ နောက်တစ်ကြိမ် ထပ်ဖြစ်မယ်ဆိုရင် ကျုပ်က သနားညှာတာမှုမရှိဘဲနဲ့ သတ်ပစ်မယ်။ ကြားကြလား။”

ချက်ချင်းပဲ သူတောင်းစား ကိုးယောက်လုံးက ပြောဆိုလိုက်၏။ “ဟုတ်ကဲ့၊ ကြားပါတယ်”

နာကျည်းမှုက ပြောလိုက်သည်။ “အခု လူတိုင်းမတ်တပ်ရပ်။ ခန္ဓာကိုယ်ကို မတ်မတ်နေ။ နှစ်နာရီတိတိ မလှုပ်ရှားရဘူး။ လဲကျသွားရင်တောင် ပြန်ထရမယ်။ တစ်ယောက်လှုပ်ရှားခဲ့ရင် ငါ့ကို ရက်စက်တယ်ဆိုပြီး အပြစ်မတင်နဲ့။ ငါက ရက်စက်တဲ့လူပဲ။ မင်းတို့ သေချင်ရင် ငါက မြှုပ်နှံပေးဖို့ အသင့်ပဲ။ စကား နားမထောင်ရင် နားထောင်တတ်တဲ့အထိ ငါက ဆက်ပြီး ရိုက်မှာပဲ”

All Chapters