ခွင့်လွှတ်ခြင်းကို ငြင်းဆန်ခြင်း
Vol. 17 Ch. 245
~အချိန်များကား တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့ပြီး ငါးရက်တိုင်တိုင် ကြာမြင့်ခဲ့လေပြီ။
ချီဟွမ်နှင့် ဝူချင်းတို့သည် ကျိုကျိုးမှ ပြိုင်ဘက်ကင်းမြို့သို့ ပြန်လည် ရောက်ရှိလာခဲ့ကြသည်။
ငါးရက်ကြာ စုံစမ်းစစ်ဆေးပြီးနောက်တွင် သူတို့သည် ဖုန်းကျိန့်ရှုံး၏ သဲလွန်စကို ရှာဖွေ တွေ့ရှိခဲ့ကြလေ၏။
"ဗိမာန်သခင် ကျွန်တော်တို့ အတည်ပြုနိုင်ခဲ့ပါပြီ။ မိသားစုခေါင်းဆောင်ဖုန်း ကျန့်လင်တောင်ကြားထဲမှာ ရှိနေပါတယ် ခင်ဗျာ"
ချီဟွမ်က ရိုသေစွာ လျှောက်တင်လိုက်သည်။
"ကျန့်လင်တောင်ကြား"
ဖုန်းဝူချန်၏ မျက်ဝန်းများ အနည်းငယ် ကျဉ်းမြောင်းသွားပြီး၊ မျက်စိတစ်မှိတ်အတွင်း ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါများ ဖြတ်ပြေးသွား၏။
"လုံးဝ သေချာပါတယ် ၊ ကျွန်တော်ကိုယ်တိုင် ကျန့်လင်တောင်ကြားထဲကို ခိုးဝင်ကြည့်ခဲ့တာပါ။ မိသားစုခေါင်းဆောင်ဖုန်း ဘေးကင်းလုံခြုံပါတယ်။ မြေအောက်ထောင်ထဲမှာ အကျဉ်းချခံထားရုံလေးပါပဲ"
ဟု သွမ့်ဝူချင်းက ထပ်လောင်း သတင်းပို့လိုက်သည်။
ဤစကားကို ကြားလိုက်ရသောအခါ ရှောင်ချင်းချင်းသည် နောက်ဆုံးတွင်မှ လုံးဝဥဿုံ စိတ်သက်သာရာ ရသွားပြီး ဝမ်းသာမျက်ရည်များပင် ကျလာခဲ့လေ၏။ ဖုန်းကျိန့်ရှုံး၏ တိကျသော သတင်းကို ရရှိလိုက်သည်နှင့် ဖုန်းမိသားစုဝင်များအားလုံးလည်း သက်ပြင်းတစ်ချက် ချနိုင်ခဲ့ကြတော့သည်။
"ကျန့်လင်တောင်ကြားက ဘယ်လောက် အင်အားကြီးလဲ"
ဖုန်းဝူချန်က မေးမြန်းလိုက်သည်။
"အရမ်း အရမ်းကို ကြောက်ဖို့ကောင်းပါတယ် ခင်ဗျာ"
ချီဟွမ်က ထိုအကြောင်းကို ပြန်တွေးမိရုံမျှဖြင့် တုန်လှုပ်သွားဟန်ဖြင့် လျှောက်တင်လိုက်သည်။
"ထျန်းယွမ်ဘုံ ပညာရှင် လေးယောက်တောင် ရှိတယ်။ တောင်ကြားသခင်ရဲ့ အရှိန်အဝါက ဗိမာန်သခင်ထက်တောင် ပိုပြင်းထန်တယ်။ သူ ထျန်းယွမ်ဘုံ ပဉ္စမအလွှာ ဖြစ်နေမှာကိုတောင် ကျွန်တော် စိုးရိမ်မိတယ်။ အတိအကျတော့ ကျွန်တော်လည်း မသိခဲ့ပါဘူး"
"ထျန်းယွမ်ဘုံ ပဉ္စမအလွှာ"
ဖုန်းမိသားစုဝင်များအားလုံး ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားကြသည်။ ထိုအရာသည် မည်မျှ ကြောက်ဖို့
ကောင်းလိုက်မည်နည်း။
လျိုချင်းယန်က တုန်ယင်နေသော အသံဖြင့် ဝင်ပြောလာ၏။
"ကျန့်လင်တောင်ကြားရဲ့ အင်အားက အရမ်း အရမ်း ကြောက်ဖို့ကောင်းနေတာ မဟုတ်လား။ ကျွန်တော်တို့ သူ့ကို ဘယ်လို သွားကယ်ကြမလဲ။ ကိုးထပ် ချန်ခွန်း မျှော်စင်ကို တကယ်ကြီး ပေးလိုက်ရတော့မှာလား"
မုရုန်ထျန်းလီကဲ့သို့ ထျန်းယွမ်ဘုံ တတိယအလွှာ ပညာရှင်တစ်ဦးသည်ပင် အင်ပါယာ နှစ်ခုကို ဖိနှိပ်နိုင်စွမ်း ရှိခဲ့၏။ ထိုသို့ဖြစ်ပါလျှင် ပဉ္စမအလွှာ ပညာရှင်တစ်ဦး ဆိုလျှင်…….။
"အင်ပါယာတစ်ခုကိုတောင် ချေမှုန်းပစ်နိုင်တဲ့ ကြောက်စရာကောင်းတဲ့ အစွမ်းပဲ။ မိသားစုခေါင်းဆောင်ကို ကယ်တင်ဖို့က လွယ်ကူတဲ့ ကိစ္စတော့ မဟုတ်တော့ဘူး။ တကယ်လို့ ငါတို့မှာ တခြား ရွေးချယ်စရာမှ မရှိတော့ဘူး ဆိုရင် ကိုးထပ် ချန်ခွန်း မျှော်စင်ကို ပေးလိုက်ရဖို့ ရှိနိုင်တယ်"
ဟု ဖုန်းချန်ယန်သည် မျက်မှောင်ကို တင်းကြပ်စွာ ကြုတ်လိုက်ပြီး မှတ်ချက်ချလာသည်။
"ကျွန်တော့်အဖေကို ကယ်နိုင်သမျှ ကိုးထပ် ချန်ခွန်း မျှော်စင်ကို သူတို့လက်ထဲ ခဏ ပေးထားရတာ ဘာများ အရေးကြီးလို့လဲ"
ဖုန်းဝူချန်က အေးစက်စွာ ဆိုလိုက်သည်။
"တစ်နေ့ ကျွန်တော် အဲ့ဒါကို ပြန်ယူမှာပဲ"
ကျန့်လင်တောင်ကြား၏ အင်အားမှာ ကြောက်မက်ဖွယ်ကောင်းလှပြီး ထိပ်တိုက် ရင်ဆိုင်ခြင်းမှာ လုံးဝ မဖြစ်နိုင်သေးပေ။ ဖုန်းဝူချန်တွင် ထိုမျှသော စွမ်းရည် မရှိသေး။
ဟုတ်ပါသည်။ ဤသည်မှာ ယခု လောလောဆယ် အတွက်သာ ဖြစ်သည်။ ဖုန်းဝူချန်တွင် ထိုစွမ်းရည် မရှိသေးခြင်းသာ ဖြစ်၏။
ထိုအခါ၊ သွမ့်ဝူချင်းက မျက်မှောင်ကြုတ်ရင်း မေးခွန်းထုတ်လာသည်။
"တကယ်လို့ သူတို့က ကျွန်တော်တို့ကို သက်သေပပျောက်အောင် သတ်ပစ်လိုက်ရင်ရော၊ အဲ့ဒီအချိန်ကျရင် အသက်တွေပါ အန္တရာယ်ရှိသွားနိုင်ရုံတင် မကဘူး ရတနာကိုပါ အလုခံလိုက်ရလိမ့်မယ်လေ"
သွမ့်ဝူချင်း ပြောသည်မှာလည်း ကျိုးကြောင်းဆီလျော်မှု ရှိလေသည်။
ကျန့်လင်တောင်ကြားကသာ ကိုးထပ် ချန်ခွန်း မျှော်စင်ကို ရရှိသွားခဲ့ပြီး သူတို့၏ ကြောက်မက်ဖွယ် အင်အားနှင့် ပေါင်းစပ်လိုက်ပါက ဖုန်းဝူချန်ကို သတ်ပစ်ရန်မှာ မဖြစ်နိုင်သည့် ကိစ္စ မဟုတ်တော့ပေ။
အနည်းဆုံးတော့ မျှော်စင်၏ သတင်း အပြင်သို့ ပေါက်ကြားမသွားစေရန်နှင့် အခြားသူများ လာရောက် လုယက်ခြင်း မခံရစေရန် တားဆီးနိုင်မည် ဖြစ်သည်။
"ဝူချန်။ အန္တရာယ်ကင်းအောင်လို့ ရှောင်ရှောင် တံခါးပိတ် ကျင့်ကြံတာကနေ ထွက်လာတဲ့အထိ စောင့်လိုက်တာ ကောင်းမယ်။ ပြီးမှ မင်းတို့နှစ်ယောက် အတူတူ တောင်ကြားကို သွားကြပေါ့။ အနည်းဆုံးတော့ သူတို့ ရှောင်ရှောင်ရဲ့ အကာအကွယ်လွှာကို ဖျက်ဆီးနိုင်မှာ မဟုတ်ပါဘူး"
ဖုန်းချန်ယန်က အကြံပြုလိုက်သည်။
"လောလောဆယ်တော့ ဒီလိုပဲ လုပ်ရတော့မှာပေါ့ဗျာ"
ဖုန်းဝူချန်က ခေါင်းညိတ်လိုက်သည်။ သူသည်လည်း ကျန့်လင်တောင်ကြားကို ရင်ဆိုင်ရန် ယုံကြည်မှု အပြည့် မရှိသေးပေ။
ဖုန်းဝူချန်သည် ထျန်းယွမ်ဘုံ ပထမအလွှာတွင် သူ၏ အဆင့်ကို ခုမှသာ တည်ငြိမ်အောင် ထိန်းထားနိုင်ခဲ့ခြင်း ဖြစ်သည်။ သူ၏ စစ်မှန်သော တိုက်ခိုက်ရေး အစွမ်းမှာ အများဆုံး တတိယအလွှာ ပြိုင်ဘက် တစ်ဦးကိုသာ ရင်ဆိုင်နိုင်စွမ်း ရှိသေးသည်။ စတုတ္ထအလွှာကိုပင် သူ ယှဉ်နိုင်စွမ်း မရှိသေး။ ထိုသို့ဖြစ်ပါလျှင် ပဉ္စမအလွှာ ဆိုလျှင် ဝေးချေသည်။
မည်သို့ပင် ဆိုစေကာမူ ဖုန်းကျိန့်ရှုံး အသက်ရှင်နေသေးသည် ဆိုသည့် အချက်က ဖုန်းမိသားစုအတွက် သတင်းကောင်းပင် ဖြစ်လေသည်။
ထိုအခိုက်အတန့်၌ အစောင့်တစ်ဦးသည် ခန်းမဆောင်ထဲသို့ ဝင်ရောက်လာပြီး သတင်းပို့လာ၏။
"သခင်မကြီး သခင်လေး။ ဟို ရှောင်ချင်းရှန်။ သူ ပြန်ရောက်လာပြန်ပါပြီ"
"ရှောင်ချင်းရှန်"
ဖုန်းဝူချန်၏ မျက်မှောင်များ အနည်းငယ် ကြုတ်သွား၏။
‘ဒီလူ ဘာလာ ရှုပ်ပြန်တာလဲ’
သူ၏ ရင်ထဲတွင် မရှင်းပြနိုင်သော ဒေါသများ တိုးတက်လာသည်။ ရှောင်မိသားစုမှ လူများအပေါ် သူ သံယောဇဉ် တစ်စက်မျှပင် မရှိပေ။
ဖုန်းကျိန့်ရှုံး၏ အခြေအနေကြောင့် စိတ်ရှုပ်ထွေးနေချိန်တွင် ရှောင်ချင်းရှန် ရောက်ရှိလာသည့် အချိန်ကိုက်ထက် ပို၍ ဆိုးရွားသွားစရာ မရှိနိုင်တော့ပေ။
ရှောင်ချင်းရှန်သည် ခန်းမဆောင်ထဲသို့ တိုက်ရိုက် ဝင်ရောက်လာသည်။ သူ၏ အမူအရာတွင် မောက်မာသော ဟန်ပန်များ ရှိနေဆဲ ဖြစ်သော်လည်း သူ၏ မျက်ဝန်းများထဲမှ မထီမဲ့မြင် အကြည့်များမှာမူ အနည်းငယ် လျော့ပါးသွားခဲ့သည်။
ဖုန်းဝူချန်၏ ဂုဏ်ပုဒ်ကို သိရှိသွားခဲ့သည့် အချိန်မှစ၍ ရှောင်ချင်းရှန်တစ်ယောက် ကြောက်လန့်၍ သေမတတ်ပင် ဖြစ်ခဲ့ရသည်။ ထိုသတင်းကို မိသားစုထံ ပြန်လည် ပေးပို့လိုက်သောအခါ ရှောင်မိသားစု တစ်ခုလုံးလည်း တုန်လှုပ်ခြောက်ခြား သွားခဲ့ရလေသည်။
ပဉ္စမအဆင့် လက်နက်သန့်စင်သူ။ စတုတ္ထအဆင့် ဆေးပညာရှင်။ ဤဂုဏ်ပုဒ်များသည် ရှောင်မိသားစုကို မှေးမှိန်သွားစေရန် လုံလောက်သည်ထက်ပင် ပိုလွန်းနေခဲ့သည်။
ယနေ့ ဖုန်းမိသားစုသည် ယခင်နှစ်များက ဖုန်းမိသားစုနှင့် လုံးဝ မတူညီတော့ပါချေ။
ရှောင်ချင်းရှန်အား အေးစက်စွာ တစ်ချက် ကြည့်လိုက်ပြီးနောက် ဖုန်းဝူချန်က အေးစက်စက် မေးလိုက်သည်။
"ပြောစရာ ရှိရင် မြန်မြန်ပြော။ မရှိရင် ထွက်သွား"
ဖုန်းဝူချန်နှင့် အခြားသူများ၏ မျက်နှာထားများကို မြင်သောအခါ ရှောင်ချင်းရှန်က ရယ်မောရင်း ဆိုလိုက်သည်။
"ဘာလဲ။ ဖုန်းမိသားစုက ငါ့ကို ဒီလောက်တောင် ကြိုဆိုမှု မရှိကြဘူးလား"
"ခင်ဗျားမှာ နည်းနည်းပါးပါး အသိစိတ် ရှိသေးရင် မြန်မြန်သာ ထွက်သွားတော့"
လျိုချင်းယန်က ရိုင်းစိုင်းစွာ အေးစက်စက် ကဲ့ရဲ့လိုက်သည်။
သူ၏ ဒေါသကို မျိုသိပ်လိုက်ရင်း ရှောင်ချင်းရှန်က မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။
"ဖုန်းဝူချန်။ မင်း အခု တော်တော်လေး အရေးပါတဲ့ လူတစ်ယောက် ဖြစ်နေပြီဆိုတာ ငါ သိပါတယ်။ လက်နက်သန့်စင်သူပဲ ဖြစ်ဖြစ် ဆေးပညာရှင်ပဲ ဖြစ်ဖြစ်။ မင်းရဲ့ 'အတွေးဖြင့် ပုံဖော်ခြင်း' ဆိုတဲ့ နတ်ဘုရားလို စွမ်းရည်က ကျိုကျိုးတစ်ခွင်လုံးမှာ ကျော်ကြားနေပြီလေ။ ဒါပေမဲ့ မင်းကို သေစေချင်တဲ့ လူတွေကလည်း မနည်းမနောပဲ ရှိနေပုံပဲ"
"ခင်ဗျား ပြောလို့ ပြီးပြီလား"
ဖုန်းဝူချန်က အေးစက်စွာ ဖြတ်ပြောလိုက်သည်။
ရှောင်ချင်းရှန်က ဖုန်းဝူချန်ကို လျစ်လျူရှုလိုက်ပြီး သူ၏ အကြည့်ကို ရှောင်ချင်းချင်းထံသို့ ပြောင်းလိုက်၏။
"ချင်းချင်း။ မင်း မမေ့သေးဘူး မဟုတ်လား။ နောက် ရက် နှစ်ဆယ်ဆိုရင် ငါတို့ အဖေရဲ့ အသက် ခုနစ်ဆယ်ပြည့်မွေးနေ့ပဲ"
"အဖေက မှာလိုက်တယ်။ ဖုန်းဝူချန်ရဲ့ အောင်မြင်မှုတွေကို ထောက်ရှုပြီး မင်းရဲ့ အပြစ်တွေကို ခွင့်လွှတ်လိုက်ပြီ တဲ့။ ဒီနေ့ကစပြီး မင်းက ရှောင်မိသားစုဝင် တစ်ယောက် ပြန်ဖြစ်သွားပြီ။ အဖေက မင်း အဲ့ဒီ ပွဲတော်ကို ပြန်လာတက်စေချင်နေတယ်"
"ခွင့်လွှတ်တယ်။ ဟား"
ဖုန်းဝူချန်တစ်ယောက် မထိန်းနိုင်ဘဲ ကျယ်လောင်စွာ ရယ်မောလိုက်မိသည်။ ထို့နောက် သူ၏ အသံက ရေခဲတမျှ အေးစက်သွား၏။
"တကယ် ရယ်စရာ ကောင်းလိုက်တာ"
"ရှောင်မိသားစုရဲ့ အကြီးအကဲက သူ့ကိုယ်သူ ဘာကြီး မှတ်နေလို့လဲ"
"သူ့သဘောနဲ့သူ နှင်ထုတ်လိုက်။ သူ့သဘောနဲ့သူ ခွင့်လွှတ်လိုက်"
"သူ ကျုပ်အမေကို ဘာ မှတ်နေတာလဲ"
"ပြီးတော့ ကျုပ်ရဲ့ အောင်မြင်မှုတွေကို ထောက်ရှုပြီး ဟုတ်လား"
"ကျုပ်အောင်မြင်မှုက ရှောင်မိသားစုနဲ့ ဘာ သွား ဆိုင် လို့ လဲ"
"ဖုန်းမိသားစုရဲ့ ကိစ္စတွေက သူနဲ့ ဘာမှမဆိုင်ဘူး။ သူ့မှာ ဝင် စွက်ဖက် ခွင့် မရှိဘူး"
"သူ့မွေးနေ့ သူ ကျင်းပချင်ရင် သူ့ဘာသာသူ ပျော်ပျော်ကြီး ကျင်းပနေလိုက်။ ဖုန်းမိသားစုနဲ့ ဘာမှ မပတ်သက် ဘူး"
ဖုန်းဝူချန်သည် ပြောလေ ဒေါသထွက်လေ ဖြစ်လာပြီးနောက် သူ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါများမှာ မထိန်းချုပ်နိုင်ဘဲ ပေါက်ကွဲလာပြီး ရှောင်ချင်းရှန်၏ နှလုံးသားကို ကြောက်လန့်တကြား တုန်ယင်သွားစေတော့သည်။
"မင်း"
ဖုန်းဝူချန်၏ စကားလုံးများမှာ သွေးအေးပြီး ရက်စက်လွန်းလှသဖြင့် ရှောင်ချင်းရှန်တစ်ယောက် ဒေါသကြောင့် မျက်နှာကြီး သံမဏိပြားကဲ့သို့ ညိုမည်းသွား၏။ သူက ဒေါသတကြီး ပြန်လည်ချေပသည်။
"ဖုန်းဝူချန်။ မင်း မမေ့နဲ့။ သူက မင်းရဲ့ အမေ့ဘက်က အဘိုး နော်"
"အဘိုး။ ဟက်။ ရှောင်ချင်းရှန်။ ခင်ဗျားခေါင်းကို မြည်း ကန်သွားတာလား"
"အခုမှ ကျုပ်ကို မိသားစု သံယောဇဉ်အကြောင်း လာပြောနေတာလား"
ဖုန်းဝူချန်၏ မျက်နှာတွင် မထီမဲ့မြင်နှင့် အထင်သေး ကဲ့ရဲ့သော အမူအရာများ အပြည့်။ သူက လျိုချင်းယန်ကို ကြည့်ရင်း မေးလိုက်သည်။
"ချင်းယန်။ မင်းအဘိုးက မင်းကို ဆယ့်ရှစ်နှစ်လုံးလုံး တစ်ခါမှ လာမတွေ့ဘဲ နေခဲ့ဖူးလား"
"မင်းကို ဆယ့်ရှစ်နှစ်လုံးလုံး လုံးဝ လျစ်လျူရှုထားခဲ့လား"
"မင်း ဒီလောကကြီးမှာ ရှိမှ ရှိသေးရဲ့လား ဆိုတာတောင် ဂရုမစိုက်ဘဲ နေခဲ့ဖူးလား"
ဖုန်းဝူချန်၏ စကားများကို ကြားလိုက်ရသောအခါ ရှောင်ချင်းချင်း၏ မျက်ဝန်းများမှ မျက်ရည်များ စီးကျလာလေသည်။
လျိုချင်းယန်က မဲ့ပြုံး တစ်ချက် ပြုံးလိုက်သည်။
"ကျွန်တော့်အဘိုးက ကျွန်တော့်အပေါ်မှာ ကျွန်တော့်အဖေထက်တောင် ပိုပြီး ကောင်းသေးတယ်။ သူက ကျွန်တော့်ကို နေ့တိုင်း လာတွေ့တယ်။ ကျွန်တော် ဘာလုပ်လုပ် ကျွန်တော့်ဘက်က အမြဲ ရပ်တည်ပေးတယ်"
"ရှောင်ချင်းရှန်။ ကြား လား"
ဖုန်းဝူချန်က မထီမဲ့မြင် ကဲ့ရဲ့လိုက်သည်။
"ကျုပ်၊ ဖုန်းဝူချန်မှာ အဘိုး ဆိုတာ မရှိ ဘူး"
"ကျုပ်မှာ အဖေ နဲ့ အမေ ပဲ ရှိတယ်"
"ပြန်သွား။ ပြီးတော့ ဟို အဖိုးကြီးကို သွားပြောလိုက်"
"ကျုပ်အမေက သူ့ရဲ့ ခွင့်လွှတ်မှု မလိုအပ် ဘူး"
"သူက ဖုန်းမိသားစုဝင်။ ရှောင်မိသားစုဝင် မဟုတ် ဘူး"
"ခင်ဗျားတို့ ရှောင်မိသားစုက သိပ်ကို အထက်တန်းကျ သိပ် မြင့်မြတ် နေတယ်လို့ ထင်မနေနဲ့"
ခေတ္တမျှ ရပ်တန့်ပြီးနောက် သူက ဆက်လက် ကြွေးကြော်လိုက်သည်။
"ပြီးတော့ ပြန်သွားပြီး သူ့ကို မေးလိုက်ဦး။ ဒီနှစ်တွေ အားလုံး သူ ဘာတွေ လုပ်နေခဲ့လဲ လို့။ အဖေ တစ်ယောက်ရဲ့ တာဝန်ကို သူ ကျေပွန် ခဲ့ လို့ လား လို့"
"ကျုပ်အမေရဲ့ မျက်နှာ သာ ထောက်မနေရင် ခင်ဗျား ဖုန်းအိမ်တော်ထဲကို ခြေတစ်လှမ်း ချခွင့်တောင် ရှိမှာ မဟုတ်ဘူး"
ရှောင်ချင်းရှန်တစ်ယောက် ဒေါသကြောင့် မျက်နှာပေါ်တွင် သွေးကြောများ ထောင်ထလာသည်အထိ ဖြစ်သွားရသည်။
"ကောင်း တယ်။ သိပ် ကောင်း တယ်။ ဖုန်းဝူချန်"
"မင်း နည်းနည်းလေး အောင်မြင်မှု ရ နေတာနဲ့ ကိုယ့်ကိုယ်ကိုယ် အထင်ကြီး မနေနဲ့"
ရှောင်ချင်းရှန်၏ မျက်နှာမှာ မယုံနိုင်လောက်အောင် ညိုမှောင်သွား၏။ သူက ရှောင်မိသားစု ဤသို့ နှိမ့်ချ ဆက်ဆံခြင်းဖြင့် ဖုန်းဝူချန်ကို စိတ်လှုပ်ရှားသွားစေမည်ဟု ထင်မှတ်ထားခဲ့သည်။ သို့သော် သူ အံ့ဩ တုန်လှုပ် သွားခဲ့ရသည်မှာ ဖုန်းဝူချန်က ဤမျှ ကျေးဇူးတရား ကင်းမဲ့စွာ ရှောင်မိသားစုကို လုံးဝ အလေးမထား ပမာမခန့် ပြုမူလိမ့်မည်ဟု မထင်ထားခဲ့မိခြင်း ဖြစ်သည်။
"အဲ့ဒါ ရှောင်မိသားစုရဲ့ ကိစ္စပဲ။ ဖုန်းမိသားစုနဲ့ ဘာမှ မဆိုင်ဘူး"
ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် တုံ့ပြန်လိုက်သည်။
"ရှောင်မိသားစု ဘယ်လောက်ပဲ အင်အားကြီးကြီး။ ကျုပ်နဲ့ ဘာမှ မပတ်သက်ဘူး"
"ဒါပေမဲ့။ ခင်ဗျားကို တစ်ခုတော့ ပြောထားလိုက်မယ်"
"ဖုန်းမိသားစုက တစ်နေ့ ရှောင်မိသားစုကို ကျော်တက်သွားမှာပဲ"
နတ်ဆိုးနဂါးနတ်ဘုရား၏ မှတ်ဉာဏ်များနှင့် အတွေ့အကြုံများ ရှိနေသော ဖုန်းဝူချန်သည် သိနေ၏။
သူ၏လက်ထဲတွင် လုံလောက်သော စွမ်းအားများ ရှိလာသည်နှင့် သူ လိုချင်သမျှ မည်သည့်အရာကိုမဆို ပြုလုပ်နိုင်မည် ဖြစ်သည်။
"မောက်မာလိုက်တဲ့ စကား"
ရှောင်ချင်းရှန် တစ်ယောက် ဒေါသကြောင့် သူ၏ အဆုတ်များပင် ပေါက်ကွဲထွက်မတတ် ခံစားလိုက်ရ၏။ သို့သော် ဤအဖြစ်အပျက်က ဖုန်းဝူချန်သည် မည်မျှ မောက်မာပြီး မိမိကိုယ်ကို အထင်ကြီးလွန်းသူ ဖြစ်သည်ကို သူ့အား ရှင်းရှင်းလင်းလင်း မြင်တွေ့သွားစေခဲ့သည်။
ယခင်က ရှောင်ချင်းရှန်သည် ဖုန်းမိသားစုထံ အလွန်အမင်း မောက်မာစွာ ချဉ်းကပ်ခဲ့ပြီး သူတို့ကို လုံးဝ မျက်လုံးထဲ မထည့်ခဲ့ပေ။
သို့သော် ဖုန်းဝူချန်၏ ဂုဏ်ပုဒ်ကို သိရှိသွားပြီးနောက်တွင်မူ ယခု သူ ရှောင်ချင်းချင်း၏ အပြစ်ကို ခွင့်လွှတ်ပြီး ရှောင်မိသားစုဝင်အဖြစ် အဆင့်အတန်း ပြန်လည် ပေးအပ်ရန် ကမ်းလှမ်းလာခဲ့သည်။
သူတို့ တကယ် ရှောင်ချင်းချင်းကို ခွင့်လွှတ်ချင်ခဲ့လျှင် အဘယ်ကြောင့် အစောကြီးက မလုပ်ခဲ့သနည်း။
ဘာအတွက်ကြောင့် ယခု ဒီအချိန်မှ လာပြီး ခွင့်လွှတ် နေရသနည်း။
ဦးနှောက်ရှိသူ မည်သူမဆို ရှောင်မိသားစု၏ ရည်ရွယ်ချက်ကို ခန့်မှန်း ကြည့်နိုင်ပါသည်။
ဖုန်းဝူချန်သည် လက်နက်သန့်စင်ခြင်းနှင့် ဆေးပညာ နယ်ပယ်များတွင် ကြီးမားသော အောင်မြင်မှုများ ရရှိထားခဲ့လေပြီ။
ရှောင်မိသားစုတွင် ပဉ္စမအဆင့် 'အတွေးဖြင့် ပုံဖော်ခြင်း' လက်နက်သန့်စင်သူ ရှိပါသလား။
သူတို့ထံတွင် အသက်ငယ်ရွယ်သော စတုတ္ထအဆင့် ဆေးပညာရှင် ရှိပါသလား။
မရှိပါ။ ရှောင်မိသားစုတွင် မရှိပါ။
ယခု ရှောင်မိသားစုက ရုတ်တရက် ရှောင်ချင်းချင်းအား ခွင့်လွှတ်လိုသည်ဟု ဆိုလာသောအခါ ဖုန်းဝူချန်က သူတို့၏ ရည်ရွယ်ချက်များကို မသိဘဲ နေပါမည်လော။
"ရှောင်မိသားစုက အခုမှ ဆက်ဆံရေး ပြန် ပြင်ချင် နေတာလား"
ဖုန်းချန်ယန်က အေးစက်စွာ မေးလိုက်သည်။
"နည်းနည်း နောက်ကျ သွားပြီလို့ မထင်ဘူးလား"
"ချင်းချင်း။ ရှောင်မိသားစုက နင့်ကို အခွင့်အရေး ပေးနေတာ။ ကျေးဇူးကန်း မနေနဲ့"
ရှောင်ချင်းရှန်က ရှောင်ချင်းချင်းအား ဒေါသတကြီး စိုက်ကြည့်ရင်း ဆိုသည်။
"အခွင့်အရေး"
ဖုန်းဝူချန်၏ အထင်တသေးဖြစ်မှုမှာ ပိုမို ကြီးထွားလာတော့သည်။
ရှောင်မိသားစုက မိမိကိုယ်ကို အထက်တန်းကျသည်ဟု သဘောထားလေလေ၊ သူ ထိုမိသားစုကို ပိုမို ရွံရှာ မုန်းတီး လေလေ ဖြစ်ပါ၏။
"ဒီမှာ၊ ကျုပ်အမေက ရှောင်မိသားစုရဲ့ အခွင့်အရေး မလိုအပ် ဘူး"
"ရှောင်မိသားစုက ဘာများ ကောင်းနေလို့လဲ"
"ပြန်သွားပြီး အနိုင်ကျင့် ခံရဖို့ လား။ ဒါမှမဟုတ် ခင်ဗျားတို့အတွက် ကျွန် သွား ခံ ပေး ရ မှာ လား"
"အစ်ကိုကြီး.. ပြန်ပါတော့ရှင်"
ရှောင်ချင်းချင်းက ဝင်ရောက် ပြောဆိုလိုက်သည်။ သူမ၏ မျက်နှာအမူအရာတွင် ဝမ်းသာခြင်း ဝမ်းနည်းခြင်း လုံးဝ မရှိပေ။
"အဖေ့ရဲ့ မွေးနေ့ကို သမီးတစ်ယောက် အနေနဲ့ ကျွန်မ တက်ရောက်မှာ သေချာ ပါတယ်"
"ဒါပေမဲ့ ကျွန်မ သွားမှာ ဖုန်းမိသားစုဝင် တစ်ယောက် အနေနဲ့ ပါ။ ရှောင်မိသားစုဝင် တစ်ယောက် အနေနဲ့ မဟုတ် ဘူး"
ထိုသို့ ပြောဆိုပြီးနောက် သူမ လှည့်ထွက်သွားလေသည်။
ရှောင်ချင်းချင်းသည် လွန်ခဲ့သော နှစ်များစွာကတည်းက ရှောင်မိသားစုမှ နှင်ထုတ်ခြင်း ခံခဲ့ရသည်။ သူတို့ သူမနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့ကြပြီး ဆယ့်ရှစ်နှစ်လုံးလုံး တစ်ခါမျှ အဆက်အသွယ် မလုပ်ခဲ့ပါ။
သည်အဖြစ်က သူမအတွက် အလွန် ကြီးမားသော ထိုးနှက်ချက် တစ်ခု ဖြစ်ခဲ့ပါသည်။
ရှောင်ချင်းချင်း၏ စကားများက ရှောင်မိသားစု၏ 'ခွင့်လွှတ်ခြင်း' ကို သူမ ငြင်းဆန် လိုက်ကြောင်း ညွှန်ပြနေပေတော့သည်။
ရှောင်ချင်းချင်း၏ ထွက်ခွာသွားသော ကျောပြင်ကို ကြည့်ရင်း ဖုန်းဝူချန်သည် ရှုပ်ထွေးသော ခံစားချက် ပေါင်းစုံကို ခံစားလိုက်ရသည်။
ဒါက သူ့အမေ လိုချင်သော အရာ မဟုတ်မှန်း သူ သိပါသည်။ သို့သော် သူ ခိုင်မာစွာ ရပ်တည် ရမည်။
သို့မဟုတ်ပါက ရှောင်မိသားစုသည် ဖုန်းမိသားစုအပေါ် အမြဲတစေ နင်းချေ သွားမည် ဖြစ်ပြီး သူတို့ကို ဘယ်သောအခါမှ ခေါင်းမော့ ကြည့်နိုင်ခွင့် ပေးလိမ့်မည် မဟုတ်ပေ။
"ရှောင်ချင်းရှန်"
ဖုန်းဝူချန်၏ ပြင်းထန်သော အကြည့်များက ရှောင်ချင်းရှန်အား အရိုးထဲထိ စိမ့်ဝင်သွားစေသော အေးစက်မှုဖြင့် ဖိညှပ်ထားလိုက်သည်။
"ပြန်သွား။ ပြီးတော့ ရှောင်ထျန်းချန်ကို သွားပြောလိုက်"
"ကျုပ်အမေကို နောက် တစ်ခါ လာမ ရှုပ် ဖို့ ပြောလိုက်"
"မဟုတ်ရင် ကျုပ်ကို ယဉ်ကျေးမှု မရှိတော့ တာကို အပြစ် လာ မတင် နဲ့ လို့"
ရှောင်ချင်းချင်းသည် ဖုန်းကျိန့်ရှုံး၏ ကိစ္စကြောင့် စိုးရိမ် ပူပန် စိတ်ရှုပ်ထွေး နေခဲ့ပြီး ဖြစ်သည်။
ယခု ရှောင်ချင်းရှန်က သူမ၏ ဒဏ်ရာများပေါ် ဆား လာ ပက် နေပြန်သည်။
"ဟမ့်"
ရှောင်ချင်းရှန်က ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။
"ငါတို့ ရှောင်မိသားစု မရှိဘဲ မင်းတို့ သေဖို့သာ စောင့်နေလိုက်။ ကျေးဇူးကန်းတဲ့ အကောင်စုတ်"
သူ ဖုန်းဝူချန်အား ဒေါသတကြီး ကြည့်လိုက်ပြီးနောက် ဒေါသဖြင့် ဝုန်းဒိုင်းကြဲ ထွက်ခွာသွားတော့သည်။
ခြေလှမ်း အနည်းငယ် လှမ်းပြီး မှ ရှောင်ချင်းရှန်က အေးစက်စွာ ထပ်ပြောလိုက်သေးသည်။
"မင်းကို ပြောဖို့ မေ့သွားလို့"
"ထိုက်ရွှီဂိုဏ်းရဲ့ ဂိုဏ်းချုပ်လေး မုရုန်ထျန်းက နန်းကုန်းမိသားစု အကြီးအကဲရဲ့ မြေး ပဲ"
"ဟွမ်ဖူမိသားစုက ရှီဝမ်ဂိုဏ်းရဲ့ အကူအညီကို ရထားတယ်"
"မင်းတို့ရဲ့ သနားစရာ ဖုန်းမိသားစု သေမင်း တမန် ခေါ်သွားမယ့် အချိန်ကို ဘယ်လို ရုန်းကန် မလဲ ဆိုတာ ငါ ကြည့်ချင် သေး တယ်"
ဖုန်းဝူချန်က မျက်နှာတစ်ချက် မပျက်ဘဲ တုံ့ပြန်လိုက်သည်။
"ဒါဆိုလည်း ခင်ဗျား မျက်လုံး ပြူး ပြီး သေချာ ကြည့် ထား ပေါ့"
"ကျုပ် သူတို့ အားလုံးကို ကျုပ်ခြေထောက်အောက် ဘယ်လို နင်းချေ ပစ် မလဲ ဆိုတာ သေချာ ကြည့် နေ"
ဖုန်းချန်ယန်၏ မျက်နှာမှာ အလွန်အမင်း အရုပ်ဆိုး သွားသည်။
"မုရုန်ထျန်းက နန်းကုန်းမိသားစု အကြီးအကဲရဲ့ မြေးတဲ့လား"
"ကျိုကျိုးရဲ့ အဓိက အင်အားစု ငါးခုထဲက တစ်ခု အနေနဲ့ နန်းကုန်းမိသားစုရဲ့ အင်အားက ကြောက်စရာ ကောင်း လှ တယ်"
ဖုန်းမိသားစုသည် ယခုအခါ ကျိုကျိုးမှ အဓိက အင်အားစု သုံးခု ဖြစ်သော ကျန့်လင်တောင်ကြား၊ နန်းကုန်းမိသားစု နှင့် ရှီဝမ်ဂိုဏ်း တို့နှင့် ရင်ဆိုင်နေရလေပြီ။ အမှန်တကယ် မတည်ငြိမ် သော အခြေအနေ တစ်ရပ် ပင်။
ယန်ဟော်အင်ပါယာ၏ ထောက်ခံမှု ရှိနေလျှင်ပင် အသုံးမဝင်တော့။ ဤ အင်အားစု သုံးခုထဲမှ မည်သည့် တစ်ခု မဆို ယန်ဟော်အင်ပါယာကို ချေမှုန်းပစ်နိုင်သော တုန်လှုပ်စရာ စွမ်းရည်များကို ပိုင်ဆိုင်ထားကြသည် မဟုတ်ပါလား။
ဤ အဓိက အင်အားစု သုံးခုမှာ ဧရာမ ကြီးမားလှသည်။ ဖုန်းမိသားစု အနေဖြင့် သူတို့ကို အမှန်တကယ် ယှဉ်ပြိုင် နိုင်စွမ်း ရှိပါမည်လော။