← Chapters

ဟဲမော့အား သတ်ဖြတ်ခြင်း

Vol. 17 Ch. 247

ဟဲမော့အား သတ်ဖြတ်ခြင်း

Vol. 17 Ch. 247

~စားသောက်ဆိုင် တစ်ဆိုင်လုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွား၏။

မျက်လုံးများအားလုံးသည် အံ့အားသင့်မှု၊ ထိတ်လန့်မှု အရိပ်အယောင်များဖြင့် ဖုန်းဝူချန်ထံတွင်သာ စုပြုံ ကျရောက်နေကြသည်။

ပေါ့ပေါ့ပါးပါး လွှင့်ပစ်လိုက်ရုံမျှဖြင့် ဖုန်းဝူချန် ပြသလိုက်သော စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ်

ကောင်းလှ၏။

"ဒီလူငယ်လေးရဲ့ စွမ်းအားက တကယ်ပဲ ကြောက်ဖို့ ကောင်းလိုက်တာ"

"သူ့ကိုယ်သူ ဖုံးကွယ်ထားတာ နက်လွန်းတယ်။ သူ့ရဲ့ ကျင့်ကြံခြင်း အဆင့်ကိုတောင် လုံးဝ အကဲခတ်လို့ မရဘူး"

"ဟိုလူက ကျန့်လင်တောင်ကြားက ထင်တယ်ဟ။ ဒီကလေး သတ္တိ တော်တော်ရှိတာပဲ"

ယခင်က တိတ်ဆိတ်နေသော စားသောက်ဆိုင်သည် ရုတ်တရက် ဆူညံပွက်လောရိုက်သွားတော့သည်။

စားသောက်ဆိုင် အပြင်ဘက်တွင် စစ်သည်တော်အများအပြား စုရုံးရောက်ရှိလာကြပြီး ဘာဖြစ်ပျက်ခဲ့သည်ကို စူးစမ်းလိုစိတ်များဖြင့် ဝိုင်းဝန်း ကြည့်ရှုနေကြ၏။

ဖုန်းဝူချန်သည် စားပွဲပေါ်တွင် ရွှေဒင်္ဂါးတစ်ပြား တင်လိုက်ပြီးနောက် စားသောက်ဆိုင်ထဲမှ ထွက်ခွာလာခဲ့ကာ ဟဲမော့ရှိရာသို့ ဦးတည် လျှောက်လှမ်းသွားသည်။

ဖုန်းဝူချန်၏ အစွမ်းမှာ အလွန် ကြီးမားလှ၏။ သူ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်ရုံဖြင့် ဟဲမော့အား စားသောက်ဆိုင် အပြင်ဘက် လမ်းမထက်မှ အခြားလမ်းမတစ်ခုဆီသို့ အဟုန်ပြင်းစွာ လွင့်စင်သွားစေခဲ့ပြီး လမ်းတစ်လျှောက်ရှိ စံအိမ် အဆောက်အအုံ လေးခုကိုပါ ထိုးဖောက် ဝင်တိုက်သွားသည်။

ဟဲမော့၏ ဦးခေါင်းမှ သွေးများ စီးကျနေပြီး ပြင်းထန်စွာ ဒဏ်ရာရရှိသွား၏။

သို့ဖြစ်သော်ငြားလည်း သေဆုံးသွားခြင်း မရှိသေးဘဲ ထနိုင်စွမ်းလည်း မရှိတော့ပေ။

ဖုန်းမိသားစုမှာတုန်းက ဒီလူ သူ့ကို မထိရဲခဲ့ဘူး။ ယခု ကျိုကျိုးကို ရောက်လာမှ ဖုန်းဝူချန်က သူ့ကို ရိုက်ရုံတင် မက ၊ တကယ် သတ်ရဲလိမ့်မည်ဟု သူ ဘယ်တုန်းကမှ မထင်ထားခဲ့မိပေ။

"ကျန့်လင်တောင်ကြားက ဟဲမော့ မဟုတ်လား။ ဘယ်သူက သူ့ကို ဒီလောက် ရက်ရက်စက်စက် တိုက်ခိုက်ရဲတာလဲ"

"ဘယ်သူက ဒီလောက် သတ္တိကောင်းပြီး ကျန့်လင်တောင်ကြားက လူကို လာထိပါလိမ့်"

"လွင့်လာတဲ့ လမ်းကြောင်းကို ကြည့်ရတာ စားသောက်ဆိုင်ထဲကနေ ပစ်ထုတ်ခံလိုက်ရတာ ထင်တယ်"

ဟဲမော့ လွင့်စင်လာခဲ့သော လမ်းကြောင်းအတိုင်း လိုက်ကြည့်လိုက်ကြသောအခါ လူအုပ်ကြီးသည် ဖုန်းဝူချန်နှင့် အခြားနှစ်ဦး သူတို့ထံသို့ လျှောက်လှမ်းလာနေသည်ကို တွေ့မြင်လိုက်ကြရ၏။

မျက်နှာစိမ်း သုံးယောက်။

လူအုပ်ကြီးသည် ဖုန်းဝူချန်နှင့် သူ၏ အဖော်များကို ယခင်က တစ်ခါမျှ မမြင်ဖူးကြသည်မှာ သေချာလှ၏။

'ဒီလောက် မျက်နှာစိမ်းတွေ။ ဒါပေမဲ့ ဟဲမော့ကို ဒဏ်ရာရအောင် လုပ်သွားတာ သူတို့ပဲ ဖြစ်ရမယ်။ ကျိုကျိုးမှာ ကျန့်လင်တောင်ကြားကို မသိတဲ့လူရော ရှိလို့လား။ ဘယ်သူက ဟဲမော့ကို သွားထိရဲမှာလဲ။'

ဟဲမော့သည် ယွမ်တန်ဘုံ တတိယအလွှာ၌သာ ရှိကောင်း ရှိနိုင်သော်လည်း ကျိုကျိုးတွင် သူ၏ ကျော်ကြားမှုမှာ မသေးလှပေ။ ထို့ပြင် ကျန့်လင်တောင်ကြား၌လည်း အတိုင်းအတာတစ်ခုအထိ နေရာရထားသူ ဖြစ်သည်။

အကြောင်းမူကား ထိုအရာများမှာ သူ၏ ကိုယ်ပိုင်အရည်အချင်းကြောင့် မဟုတ်ဘဲ ဟဲမော့ထံတွင် တတိယအဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သော အစ်ကို 'ဟဲထျန်းရှုံး' ရှိနေသောကြောင့် ဖြစ်၏။ ထို့အပြင် ထိုအစ်ကို၏ ဆရာမှာ ပဉ္စမအဆင့် ဆေးပညာရှင်ကြီး တစ်ဦး ဖြစ်နေသောကြောင့်တည်း။

ဤဆက်ဆံရေးများကြောင့် ဟဲမော့သည် မိမိဘာသာ အဆင်ပြေနေခဲ့ပြီး ကျိုကျိုးတွင် သူ့အား မည်သူကမျှ အလွယ်တကူ မထိရဲကြပေ။

ဖုန်းဝူချန်နှင့် သူ၏ အဖော်များ ချဉ်းကပ်လာသောအခါ ပတ်ဝန်းကျင်မှ စစ်သည်တော်များသည် လမ်းဘေးသို့ ရှဲဖယ်ပေးလိုက်ကြသည်။

ပြင်းထန်စွာ ဒဏ်ရာရနေသော ဟဲမော့က သူ၏ ဖြူဖျော့နေသော မျက်နှာကို ကြမ်းကြုတ်စွာ ရှုံ့မဲ့လျက် ဖုန်းဝူချန်အား စိမ်းစိမ်းကြည့်ကာ ရန်တွေ့လိုက်သည်။ "ကျိုကျိုးမှာ ဘယ်သူမှ ငါ့ကို မထိရဲဘူး။ မင်း မင်း ငါ့ကို သတ်ရဲတယ်ပေါ့။ ငါ အာမခံတယ်။ မင်း အရှင်ပြန်ဖို့တောင် မလွယ်တော့ဘူး"

ဖုန်းဝူချန်၏ မျက်နှာမှာ မည်သို့မျှ ပြောင်းလဲသွားခြင်း မရှိဘဲ ဟဲမော့အား အေးစက်စွာ မမှိတ်မသုန် စိုက်ကြည့်နေ၏။ သူ၏ ကြောက်မက်ဖွယ် အကြည့်များက ဘေးမှ ဝိုင်းကြည့်နေသူများကိုပင် ထိတ်လန့်သွားစေသည်။

'ဒီလောက် ငယ်ငယ်ရွယ်ရွယ် ကောင်လေးတစ်ယောက်က ဒီလောက် ကြောက်ဖို့ကောင်းတဲ့ အကြည့်မျိုး ပိုင်ဆိုင်ထားတယ်။'

"မင်းက ကျန့်လင်တောင်ကြားက လူ ဖြစ်နေလို့လား" ဖုန်းဝူချန်က အေးစက်စွာ မေးမြန်းလိုက်သည်နှင့် တပြိုင်နက် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များက လေထုထဲသို့ ပျံ့နှံ့ထွက်ပေါ်လာသည်။

ထိုလေးလံ အေးစက်သော သေခြင်းအရှိန်အဝါတို့သည် လူအုပ်ကြီးအား ကြောက်ရွံ့မှုဖြင့် တုန်လှုပ်သွားစေပြီး ဖုန်းဝူချန်အပေါ် ထိတ်လန့်သော ခံစားချက်များ ပိုမို တိုးပွားလာစေသည်။

'ဒီလူငယ်လေးရဲ့ နောက်ခံက ဘာများလဲ။ သူ့ရဲ့ သတ်ဖြတ်လိုစိတ်က သိပ်ကြောက်ဖို့ကောင်းတာပဲ။'

'ဟဲမော့က ကျန့်လင်တောင်ကြားကမှန်း သိသိကြီးနဲ့တောင် သူက လက်လှမ်းရဲတယ်ပေါ့လေ။'

‘ ဒါမှမဟုတ် ငါတို့ရှေ့က ဒီလူငယ်လေးက ဟဲမော့ထက်တောင် ပိုကြောက်စရာကောင်းတဲ့ နောက်ခံ ရှိနေလို့လား။'

ဟဲမော့သည် ထိတ်လန့်တကြား ဖြစ်သွားသလို အမျက်လည်း ထွက်လာ၏။ ကျိုကျိုးတွင် ရှိနေစဉ် သူ ဤကဲ့သို့ အနိုင်ကျင့်ခံရခြင်းမျိုး တစ်ခါမျှ မကြုံဖူးခဲ့ပေ။ အခြား အဓိက အင်အားစုများမှ ပညာရှင်များပင် သူနှင့် တွေ့ဆုံသောအခါ အတိုင်းအတာတစ်ခုအထိ လေးစားမှု ပြသကြရသည်။

သို့သော် ဖုန်းဝူချန်ကမူ သူ့အား လုံးဝ မျက်လုံးထဲ ထည့်ထားခြင်း မရှိပါတကား။

"လူငယ်လေး။ စိတ်လိုက်မာန်ပါ မလုပ်နဲ့ဦး။ ဟဲမော့ရဲ့ အစ်ကိုက တတိယအဆင့် ဆေးပညာရှင်တစ်ယောက်ပဲ။ ပြီးတော့ သူ့အစ်ကိုရဲ့ ဆရာက ပဉ္စမအဆင့် ဆေးပညာရှင်ကြီး" အဘိုးအိုတစ်ဦးက ရုတ်တရက် အသံကျယ်ဖြင့် သတိပေးလိုက်သည်။

"ဩော်" ဖုန်းဝူချန်၏ မျက်နှာတွင် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။ ထို့နောက် သူက မဲ့ပြုံးတစ်ချက် ပြုံးလိုက်သည်။ "ဒါ ဒီလိုကိုး။ မဆန်းပါဘူး။ ကျိုကျိုးမှာ ဘယ်သူမှ မင်းကို မထိရဲဘူးလို့ ပြောနေတာ။ မင်းနောက်မှာ ပဉ္စမအဆင့် ဆေးပညာရှင်တစ်ယောက် ရှိနေတာကိုး"

"မင်း။ အကြောင်းစုံ မသိဘဲနဲ့များ ဟဲမော့ရဲ့ အစ်ကိုကို လာတိုက်ခိုက်ရဲတယ်။ မင်း သေချင်နေတာပဲ" လူတစ်ယောက်က ရုတ်တရက် ရှေ့ထွက်လာပြီး ဖုန်းဝူချန်အား အေးစက်စွာ ကြိမ်းမောင်းလိုက်သည်။ သူသည် ဟဲမော့အား ကူညီရန် ရည်ရွယ်ထားပုံရ၏။

"မင်းက တကယ် သေလမ်းရှာနေတာပဲ။ ဟဲမော့ကို ဒဏ်ရာရအောင် လုပ်ပြီးမှတော့ အရှင်ပြန်ထွက်သွားဖို့ စိတ်မကူးနဲ့တော့" အစွမ်းထက်သော ကျင့်ကြံမှု ရှိသည့် အခြားလူ အနည်းငယ်ပါ ထပ်မံ ထွက်ပေါ်လာကြသည်။

ဖုန်းဝူချန်၏ အေးစက်သော အကြည့်များက ထိုလူလေးဦးထံသို့ ကျရောက်သွားပြီး သူက အေးစက်စွာ မေးမြန်းလိုက်သည်။ "ခင်ဗျားတို့က ကျွန်တော့်ကို တားမလို့လား"

ဟဲမော့၏ နောက်တွင် ပဉ္စမအဆင့် ဆေးပညာရှင်တစ်ဦး ရှိနေသည် ဖြစ်ရာ ဤသည်မှာ ဟဲမော့ထံ မျက်နှာသာရအောင် လုပ်ဆောင်ရန် အကောင်းဆုံး အခွင့်အရေး ဖြစ်သည်။ အနာဂတ်တွင် အကျိုးအမြတ်များစွာ ရိတ်သိမ်းနိုင်ဖွယ် ရှိ၏။

ပဉ္စမအဆင့် ဆေးပညာရှင်တစ်ဦး၏ ဂုဏ်ပုဒ်မှာ အလွန် မြင့်မြတ်လှသည် မဟုတ်ပါလား။ မည်သူက ထိုသို့သော ပုဂ္ဂိုလ်ထံ မျက်နှာသာရအောင် မလုပ်ချင်ဘဲ နေပါမည်နည်း။

ယန်ဟော်အင်ပါယာမှ ယန်ထျန်းရှန်ကဲ့သို့ပင် ပဉ္စမအဆင့် ဆေးပညာရှင်တစ်ဦး ဖြစ်သောကြောင့် သူသည် အင်ပါယာ၏ နန်းတွင်း အကြံပေးအဖြစ် ခန့်အပ်ခြင်း ခံခဲ့ရသည်။

"သူ့ကို ငါ့အတွက် သတ်ပေး။ မင်းတို့ကို ဆုကြီးကြီး ချီးမြှင့်မယ်" ဟဲမော့က ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့အပေါ် ပေးအပ်ထားသော တကယ့် တာဝန်ကိုပင် မေ့လျော့သွားပုံရ၏။

ဟဲမော့၏ တာဝန်မှာ ဖုန်းဝူချန်အား ကျန့်လင်တောင်ကြားသို့ ဖိတ်ခေါ်ရန် ဖြစ်သော်လည်း သူ၏ ဒေါသအရှိန်ကြောင့် ထိုအရာများကို ဂရုမစိုက်နိုင်တော့ပေ။

"စိတ်ချ ဟဲမော့။ ငါတို့ ဒီမှာ ရှိနေတယ်။ သူ မင်းကို ဒီထက်ပိုပြီး မထိခိုက်စေရဘူး" ယွမ်တန်ဘုံ အဋ္ဌမအလွှာမှ လူတစ်ဦးက ယုံကြည်မှုအပြည့်ဖြင့် မဲ့ပြုံး ပြုံးလိုက်သည်။

သို့သော် သူ၏ စကားသံဆုံးသည်နှင့် တစ်ပြိုင်နက် ထိုလူ၏ မျက်နှာအမူအရာသည် ရုတ်တရက် ထိတ်လန့်တကြား ဖြစ်သွား၏။ သူ၏ မြင်ကွင်းထဲတွင် လက်ဝါးပုံရိပ်တစ်ခု လျင်မြန်စွာ ကြီးမားလာသည်ကို တွေ့လိုက်ရပြီး ပေါက်ကွဲစေနိုင်သော စွမ်းအားများ ပြည့်နှက်နေသည့် လက်တစ်ဖက်က သူ့ထံသို့ အရှိန်ပြင်းစွာ ကျဆင်းလာနေသည်။

ဖုန်းဝူချန်သည် ရက်စက်စွာ တိုက်ခိုက်လိုက်ပြီး သနားညှာတာမှု အလျဉ်းမရှိပေ။ မျက်စိတစ်မှိတ်အတွင်း သူ၏ လက်ဝါးသည် ထိုလူ၏ 'ထျန်းလင်' (ငယ်ထိပ်) ပေါ်သို့ ရိုက်ခတ်သွားပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာ၏။

"ဘုန်း"

“ဝေါ့”

ထိုလူသည် ဝေဒနာကို မအောင့်နိုင်တော့ဘဲ သွေးများ ဝေါ့ခနဲ အန်ချကာ နေရာမှာပင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။

"ငါ့ကို တားတဲ့ လူ သေ စေ ရ မယ်" ဖုန်းဝူချန်က အေးစက်စွာ ကြေညာလိုက်သည်။

ထိုအဖြစ်အပျက်က ကျန်လူ သုံးဦးအား ကြောက်လန့်တကြား နေရာတွင်ပင် ပျော့ခွေ လဲကျသွားစေပြီး သူတို့၏ မျက်နှာများမှာ ဖြူဖျော့သွားကြသည်။

ဝိုင်းဝန်း ကြည့်ရှုနေသော စစ်သည်တော်များမှာ ကျောက်ရုပ်ကြီးပမာ ငြိမ်သက်သွားကြပြီး သူတို့၏ မျက်ဝန်းများတွင် ထိတ်လန့်မှုများ ပြည့်နှက်နေ၏။

'ယွမ်တန်ဘုံ အဋ္ဌမအလွှာ ပညာရှင်တစ်ယောက်။ ငါတို့ရှေ့က ဒီလူငယ်လေးရဲ့ လက်ဝါးတစ်ချက်တည်းနဲ့ ချက်ချင်း သေသွားတယ်။'

ဟဲမော့သည် အကြီးအကျယ် ကြောက်လန့်သွားပြီး သူ၏ ပြင်းထန်သော ဒဏ်ရာဒဏ်ချက်များနှင့် နာကျင်မှုများကို အံတုကာ အသက်လု၍ ထပြေးရန် ဒရောသောပါး ကြိုးစားတော့သည်။

'ငါ ငါ လွတ်အောင် ပြေးနိုင်မှ ဖြစ်မယ်။ လွတ်မှ ငါ လက်စားချေခွင့် ရမှာ။'

သို့သော် ဟဲမော့အတွက် ဝမ်းနည်းစရာ ကောင်းသည်မှာ သူ့အား ကူညီရန် ထွက်လာသူများအနက် တစ်ဦးမှာ အသတ်ခံလိုက်ရပြီး ကျန်သုံးဦးမှာလည်း သွေးပျက်မတတ် ကြောက်ရွံ့နေကြပြီ ဖြစ်ရာ အခြား မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့တိုးထွက်လာရန် မဝံ့ရဲကြတော့ပေ။

ယွမ်တန်ဘုံ အဋ္ဌမအလွှာမှ တစ်ဦးအား လက်ဝါးတစ်ချက်တည်းဖြင့် အနိုင်ယူ သတ်ဖြတ်လိုက်နိုင်သော ဤမျှ ကြောက်မက်ဖွယ်ကောင်းသည့် စွမ်းအားက လူတိုင်း၏ သတ္တိကို ချိုးဖျက် လိုက်လေပြီ။

ဟဲမော့သည် ဖုန်းဝူချန်အား ထိတ်လန့်ခြင်း၊ မျှော်လင့်ချက်မဲ့ခြင်းများဖြင့် ကြည့်ရှုနေမိသည်။ အကယ်၍သာ သူ ဖုန်းဝူချန်အား မခြိမ်းခြောက်ခဲ့မိပါလျှင် ဤသို့သော အခြေအနေသို့ ဆိုက်ရောက်လာမည် မဟုတ်ဟု ယခုအခါတွင် သူ နောင်တ ရနေလေပြီ။

"ဝှစ်"

ဖုန်းဝူချန်၏ ခန္ဓာကိုယ်သည် ရုတ်ချည်း လင်းလက်သွားပြီး ဟဲမော့၏ ထွက်ပြေးရာ လမ်းကြောင်းကို ပိတ်ဆို့ လိုက်သည်။

ဖုန်းဝူချန်၏ ရုတ်တရက် ပေါ်ထွက်လာမှုသည် လမ်းမပေါ်မှ စစ်သည်တော်များကို ကြောက်လန့်တကြား နောက်သို့ ဆုတ်သွားစေပြီး မည်သူတစ်ဦးတစ်ယောက်မျှ အနားကပ်ရန် မဝံ့ရဲကြတော့ပေ။

"မင်း ဘယ် ပြေး မလို့ လဲ"

ဖုန်းဝူချန်က အေးစက်စွာ မေးလိုက်သည်။

"မ မ သတ် ပါ နဲ့"

ဖုန်းဝူချန် အနားသို့ ရောက်လာသည်ကို မြင်သောအခါ ဟဲမော့သည် ကြောက်လန့်တကြား ဒူးထောက်ချလိုက်ပြီး အသက် ဘေး အတွက် ငိုယိုကာ တောင်းပန်တော့သည်။

"မင်း နောက် မှာ ပဉ္စမအဆင့် ဆေးပညာရှင် ရှိ တယ် မဟုတ် လား။ ငါ အခု မင်း ကို သတ် တော့ မယ် လေ။ ဘာ လို့ သူ ထွက် မ လာ သေး တာ လဲ" ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် မေးလိုက်သည်။

"ဂလု"

ဟဲမော့သည် ကြောက်လန့်တကြား တံတွေးကို အကြိမ်များစွာ မျိုချလိုက်မိပြီး သူ၏ မျက်နှာမှာ စက္ကူတစ်ရွက်ကဲ့သို့ ဖြူဖျော့သွားသည်။

"ဖုန်း ဖုန်းဝူချန်။ ကျွန်တော် မှား သွား ပါ ပြီ။ ကျေးဇူး ပြု ပြီး ကျွန်တော့် ကို

မ သတ် ပါ နဲ့"

ဟဲမော့သည် သူ၏ ဦးခေါင်းကို မြေကြီးနှင့် ဆောင့်ကာ အသက် ဘေး အတွက် တောင်းပန်လေသည်။ သေခြင်းတရား၏ အရှိန်အဝါကြောင့် သူ၏ ခုခံကာကွယ်မှုများ အားလုံး ပြိုကျ သွား ခဲ့ လေ ပြီ။

"မင်းကို သတ်ရုံတင် မကဘူး။ ကျန့်လင်တောင်ကြားက ငါ့အဖေကို ဖမ်း သွား တဲ့ အတွက်။ အဲ့ဒီ မှာ ရှိ တဲ့ လူ တိုင်း သေ စေ ရ မယ်"

ဖုန်းဝူချန်၏ အသံမှာ နိမ့်ကျနေပြီး 'ကျိုယို' ငရဲ နက်နက်ထဲမှ ထွက်ပေါ်လာသည့်အလား အရိုးထဲထိ စိမ့်ဝင်အောင် အေးစက် လှ ၏။ (ဘာသာပြန်သူ မှတ်ချက်: မူရင်း၌ 'Jiuyou Abyss' ဟု ပါရှိပြီး၊ ၎င်းမှာ တရုတ်ဒဏ္ဍာရီလာ အနက်ရှိုင်းဆုံး ငရဲဘုံကို ရည်ညွှန်းပါသည်။)

"ဝှစ်"

ဖုန်းဝူချန်၏ စကားသံဆုံးသည်နှင့် သူ၏ နောက်ကျောဘက်မှ လေထု ထိုးခွဲ သံ တစ်ခု ရုတ်တရက် ထွက်ပေါ် လာ ပြီး ကြီးမား သော စွမ်းအား များ ပါဝင် သည့် အဖြူရောင် စွမ်းအင် တစ်ခု ပေါက်ကွဲ ထွက် လာ သည်။

"ဘုန်း"

ထိုအရာကို အာရုံခံ မိ သည် နှင့် ဖုန်းဝူချန်သည် ခေါင်း ပင် လှည့် မကြည့်။ သူ၏ ဘယ် လက် ကို နောက် သို့ ဝှေ့ ယမ်း လိုက် ရာ ပေါ့ သော အသံ တစ်ချက် နှင့် အတူ ထို အဖြူရောင် စွမ်းအင် ကို အစွမ်း ကုန် ချေမှုန်း လိုက် သည်။

"ကောင်လေး။ မင်း နည်းနည်း တော့ အရည်အချင်း ရှိသားပဲ"

မောက်မာ သော အေးစက် စက် ရယ်သံ တစ်ခု နောက် မှ ထွက်ပေါ် လာ သည်။

ရောက်ရှိ လာ သူ မှာ ခမ်းနား ထည်ဝါ သော ပိုး ဝတ် စုံ ကို ဝတ်ဆင် ထား ပြီး ယပ်တောင် တစ်ချောင်း ကို ကိုင်ဆောင် ထားသည့် လူငယ် တစ်ဦး ဖြစ် သည်။ သူ၏ ပုံစံ မှာ ပညာတတ် လူကြီးလူကောင်း တစ်ဦး ကဲ့သို့ ပင်။

"သခင်လေး ကျန်း"

လမ်းမ ပေါ် တွင် စစ်သည်တော် များ အားလုံး ၏ မျက်လုံး များ ထို သူ ထံ သို့ လှမ်း လိုက် ကြ သည်။

ထို လူငယ် မှာ ထျန်းဖုန်း မြို့ မှ ကျန်းမိသားစု၏ သား အကြီးဆုံး 'ကျန်းပုဖန်' ဖြစ် ပြီး သူ၏ ကျင့်ကြံခြင်း အဆင့် မှာ ယွမ်တန်ဘုံ အဋ္ဌမ အလွှာ သို့ ရောက်ရှိ နေ ပြီ ဖြစ် ရာ ယခင် လူ ထက် များစွာ ပိုမို သန်မာ ၏။

ကျန်းမိသားစုသည် ထျန်းဖုန်း မြို့ တွင် နက်ရှိုင်း သော အမွေအနှစ် နှင့် ကြောက်မက်ဖွယ် အင်အား များ ကို ပိုင်ဆိုင် ထား သည့် မျိုးနွယ် ကြီး တစ်ခု ဖြစ် သည်။

ကျန်းပုဖန်သည် ကျန်းမိသားစု၏ ပါရမီရှင် တစ်ဦး ဖြစ် ပြီး ထျန်းဖုန်း မြို့ ၏ အလားအလာ အရှိ ဆုံး လူငယ် တစ်ဦး လည်း ဖြစ် သည်။ သူသည် အသက် နှစ်ဆယ် မတိုင်မီ တွင် ပင် ယွမ်တန်ဘုံ အဋ္ဌမ အလွှာ သို့ တက်လှမ်းခဲ့သူ ဖြစ် ၏။

"သခင်လေး ကျန်း။ ကျေးဇူးပြုပြီး ကျွန်တော့်ကို ကယ်ပါ‌ဦး"

ကျန်းပုဖန်ကို မြင်လိုက် ရသည်နှင့် ဟဲမော့သည် သူ့ ကို အသက် ကယ် တင် ရှင် အဖြစ် သတ်မှတ် လိုက် ပြီး ကပျာကယာ အော်ဟစ် တောင်းပန် လိုက် သည်။

ဖုန်းဝူချန်က

"ဘယ်သူ လာ လာ မင်း ကို ဘယ်သူ မှ မကယ် နိုင် ဘူး" ဟု အေးစက်စွာ ဆို လိုက်ပြီး ပြောပြောဆိုဆိုပင် ဟဲမော့၏ ရင်ဘတ်ဆီသို့ လက်သီးတစ်လုံးကို တအား ထိုးသွင်းလိုက်တော့၏။

"ဝှစ်"

ကျန်းပုဖန်သည် မျက်မှောင်ကြုတ်လိုက် ပြီး သူ၏ အစစ်အမှန်ယွမ်ကို ချက်ချင်း နှိုး ဆော် ကာ ကိုယ်ဖော့ပညာ ကို အသုံးပြုလိုက်သည်။ ဝှစ် ခနဲ အသံ နှင့် အတူ အနက်ရောင် အရိပ် တစ်ခု လင်း လက် သွား ပြီး အဖြစ်အပျက်က မျက်တောင် တစ်ခတ် မျှ သာ ဖြစ် လိုက် ပါ သည်။ သူ ဟဲမော့ အား ဖုန်းဝူချန်၏ လက်သီး ထိုး ချက် အောက် မှ ကယ်တင် လိုက် နိုင် ခဲ့ ၏။

ထို အမြန်နှုန်း မှာ မယုံနိုင် လောက် အောင် ကြောက်မက်ဖွယ် ကောင်း လှ သည်။ တူညီ သော အဆင့် ရှိ သူ များ အကြား တွင် ကျန်းပုဖန်၏ အမြန်နှုန်း မှာ ဧကန် မုချ အသာစီး ရ ရှိ ပေ သည်။

ကျန်းပုဖန်က မောက်မာ စွာ ရယ်မော လိုက် သည်။

"လူ သတ် ချင် တယ် ဟုတ် လား။ ဒီ သခင်လေး ကို အရင် ခွင့် တောင်း သင့် တယ် လေ။ ဟားဟား၊ အမြန်နှုန်း နဲ့ ပတ်သက် လာ ရင် ငါ လည်း ကိုယ့် ကိုယ် ကို"

သို့သော် သူ၏ စကား မဆုံး ခင် မှာ ပင် သူ၏ ဂုဏ် ယူ ဝံ့ ကြွား နေ သော အပြုံး မှာ ရုတ်တရက် ခဲ သွား တော့ သည်။

"မင်း ရဲ့ အမြန်နှုန်း က ဘာ မှ ထူး ထူး ခြားခြား မဟုတ် ပါ ဘူး"

ဖုန်းဝူချန်၏ အေးစက် သော အသံ သည် ကျန်းပုဖန်၏ ဘယ် ဘက် ခြမ်း မှ ရုတ်တရက် ထွက်ပေါ် လာ သည်။

"ဘုန်း"

"ဝေါ့"

ဖုန်းဝူချန်သည် တစ္ဆေ တစ်ကောင် သဖွယ် ပေါ် လာ ပြီး ဟဲမော့၏ ရင် ဘတ် ကို လက်သီး ဖြင့် ထိုး လိုက် သည်။ ကျယ်လောင် သော အသံ နှင့် အတူ ပေါက်ကွဲ ထွက် သွား သော စွမ်းအား ကြောင့် ဟဲမော့သည် သွေး များ အန် ထွက် လာ ပြီး သူ၏ ခန္ဓာကိုယ် မှာ ကျန်းပုဖန်၏ လက် အတွင်း မှ လွင့် စင် ထွက် သွား လေ သည်။

"ဘုန်း ဘုန်း ဘုန်း"

ကြောက်မက်ဖွယ် စွမ်းအား ကြောင့် ဟဲမော့သည် အမြောက် ဆန် တစ်ခု ကဲ့သို့ လွင့် စင် သွား ပြီး အဆောက်အအုံ တစ်ခု ပြီး တစ်ခု ကို ထိုး ဖောက် ဝင်တိုက် ကာ ဖုန် များ တလိမ့်လိမ့် ထ သွား စေ သည်။

ဖုန်းဝူချန်၏ လက်သီး ချက် မှာ အလွန် ရက်စက် လှ ပြီး ဟဲမော့အား သနား ညှာတာ မှု မရှိ ဘဲ သတ်ဖြတ် လိုက် လေ ပြီ။

ထို ကြောက်မက်ဖွယ် စွမ်းအား ကြီး သည် လမ်းမ ပေါ် ရှိ စစ်သည်တော် အများ အပြား ကို ထိတ်လန့် သွား စေ ပြီး မထိန်းချုပ် နိုင် အောင် တုန် ယင် လာ စေ သည်။

'ဒါ ဒါ ဘယ် လို ဖြစ် နိုင် မှာ လဲ' ကျန်းပုဖန်၏ မျက်နှာ ပေါ် တွင် တုန်လှုပ် ခြောက်ခြား မှု များ ပြည့်နှက် နေ ပြီး ဖုန်းဝူချန်၏ အမြန်နှုန်း သည် သူ ပင် သတိ မထား လိုက် မိ စေ အောင် ဤမျှ ကြောက်မက်ဖွယ် ကောင်း လိမ့် မည် ဟု သူ မည်သို့ မျှ မယုံကြည် နိုင် ပေ။

ကျန်းပုဖန်သည် သူ၏ အမြန်နှုန်း အပေါ် အမြဲ ဂုဏ် ယူ ဝံ့ ကြွား ခဲ့ သူ ဖြစ် သည်။ သို့သော် ဖုန်းဝူချန်၏ ရှေ့ တွင် သူ တန်ဖိုး ထား ရ သော အမြန်နှုန်း မှာ ယုတ် နိမ့် သွား ခဲ့ လေ ပြီ။

တုန်လှုပ် ခြောက်ခြား သွား သော ကျန်းပုဖန်သည် ထို နေရာ တွင် ကျောက်ရုပ်ကြီးပမာ ကြောင် ငေး ၍ ရပ် နေ မိ သည်။ သူ၏ ဝိညာဉ် ထွက် သွား ခဲ့ သည့် အလား ပင်။

ကျန်းပုဖန် မယုံကြည်နိုင် ဖြစ် ခဲ့ သည်။ 'ငါ့ ထက် ငယ် တဲ့ လူ တစ်ယောက် က အမြန်နှုန်း ရော အစွမ်း အ စ မှာ ပါ ငါ့ ထက် သာ နေ တယ် တဲ့ လား။' ထို့ထက် ပို၍ သူ့ ကို တုန်လှုပ် ခြောက်ခြား သွား စေ သည် မှာ ဖုန်းဝူချန်သည် သူ၏ အစစ်အမှန်ယွမ် ကို ပင် လည်ပတ်စေခဲ့ ခြင်း မရှိ ဟူ သော အချက် ပင် ဖြစ် သည်။

'ဒီ လူငယ် လေး ရဲ့ ကျင့်ကြံခြင်း အဆင့် က တကယ် ပဲ ဘာ လဲ။ ဒီ လောက် ငယ် ငယ် ရွယ် ရွယ် နဲ့ တကယ် ပဲ ဒီ လောက် ကြောက် ဖို့ ကောင်း နိုင် လို့ လား။'

ဖုန်းဝူချန်သည် သူ၏ ဘေး မှ ကျန်းပုဖန်အား တစ်ချက် လှမ်း ကြည့် လိုက် ပြီး အေးစက် စွာ ဆို လိုက် သည်။ "မင်းလည်း ဝင်ရှုပ် ဖို့ ကြံ စည်နေတာ ဆို ရင်။ ငါ မင်းကိုပါ သတ်ပစ်ဖို့

ဝန်မလေးဘူးနော်"

ဤ စကား ကို ကြား သောအခါ တုန်လှုပ် နေ သော ကျန်းပုဖန်သည် မျက်မှောင် ကြုတ် လိုက် ပြီး မျက်နှာ ညိုမှောင် သွား သည်။ ကျန်းမိသားစု၏ ပါရမီရှင် တစ်ဦး အနေဖြင့် သူ ဤ ကဲ့သို့ အထင် သေး ခံ ရ ခြင်း မျိုး တစ်ခါ မျှ မကြုံ ဖူး ခဲ့ ပေ။

သူ၏ နှလုံးသား ထဲ တွင် ဒေါသ များ ထွက် လာ ပြီး ကျန်းပုဖန်သည် ကြောက်မက်ဖွယ် စွမ်းအား ကို ထုတ် လွှတ် လိုက် ကာ အသံ ကျယ် ဖြင့် ကြွေးကြော် လိုက် သည်။

"မင်း စမ်း ကြည့် လေ"

"ငါ ကျန့်လင်တောင်ကြား က ဟဲမော့ ကို တောင် သတ် ရဲ သေး တာ။ မင်း ထင် လား။ ငါ ကျန်းမိသားစု ကို ကြောက် နေ မယ် လို့" ဖုန်းဝူချန်က အေးစက် စွာ တုံ့ပြန် လိုက် သည်။ သူက လုံးဝ ကြောက်ရွံ့ ခြင်း မရှိပေ။ ပြင်းထန် ပြီး စူးရှ လှ သော သတ်ဖြတ် လို စိတ် များ သူ၏ ပတ်ဝန်းကျင် တွင် ပျံ့နှံ့ သွား ၏။

သူ ဟဲမော့အား သတ်ဖြတ် လိုက် ပြီး ဖြစ် သည့် အတွက် ကျိုကျိုး ၌ သူ၏ ခရီး မှာ ချောမွေ့ လိမ့် မည် မဟုတ် တော့ သည် မှာ သေချာ နေ သည်။ ဖုန်းဝူချန်သည် ကိစ္စ များ ပိုမို ကြီးထွား သွား ရန် မကြောက် ပေ။ ကျိုကျိုး တစ်ခု လုံး သာ ပြောင်းပြန် လန် သွား ခဲ့ လျှင် ပင် မည်သူက သူ့အား အဘယ် သို့ ပြု လုပ် နိုင် မည် နည်း။

"ချန်အာ"

ရှောင်ချင်းချင်းက ကပျာကယာ လှမ်း၍ တား လိုက် သည်။ "ချန်အာ တော် ပါ တော့ ကွယ်"

"အစ်ကိုကြီး ဖုန်း။ ကျွန်မတို့ မှာ အရေးကြီး တဲ့ ကိစ္စ တွေ ရှိ သေး တယ် လေ" လင်ရှောင်ရှောင်ကလည်း

ဝင်ရောက် ဟန့်တားလိုက်သည်။

"သွားကြစို့"

ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် ဆိုလိုက် ပြီး သူ၏ အရှိန်အဝါကို ပြန်လည် ရုပ်သိမ်းလိုက်သည်။

"မင်း ဘယ် သူ လဲ"

ဟု ကျန်းပုဖန်က မျက်မှောင်ကြုတ်ရင်း မေးလိုက်၏။

ဖုန်းဝူချန်သည် ပြန် လည် ဖြေကြား ခဲ့ ခြင်း မရှိ သလို ဖြေ ရန် လည်း မလို အပ် ပေ။

"ခွေးကောင်"

ကျန်းပုဖန်သည် အမျက် ထွက် လာ ပြီး သူ၏ မျက်နှာ မှာ ဒေါသ ကြောင့် ရှုံ့ မဲ့ သွား ကာ ဖုန်းဝူချန်အား သတ် ပစ် လို စိတ် များ ပေါ် လာ သည်။

သို့သော် အကြောင်း တစ်ခုခု ကြောင့် ဖုန်းဝူချန်က သူ့ အား လုံးဝ အရေး မပါ သည့် အရာ တစ်ခု သဖွယ် ကြည့် လိုက် သော အကြည့် က ကျန်းပုဖန်အား စိုးရိမ် ထိတ်လန့် စေ ခဲ့ သည်။

All Chapters