← Chapters

ဒေါသတကြီး ဝင်ရောက် တိုက်ခိုက်ခြင်း

Vol. 17 Ch. 250

ဒေါသတကြီး ဝင်ရောက် တိုက်ခိုက်ခြင်း

Vol. 17 Ch. 250

~ကျိုကျိုးတွင် အစွမ်းထက် ပြိုင်ဘက်များဖြင့် ပြည့်နှက်နေပြီး အင်ပါယာကြီး လေးခု၏ အင်အားကို များစွာ ကျော်လွန်နေလေသည်။

ဖုန်းဝူချန်သည် ထျန်းယွမ်ဘုံ ပထမအလွှာ၌သာ ရှိသေးပြီး ဤအဆင့်ထက် သာလွန် သန်မာသူများစွာ ရှိနေသေး၏။

သို့ဖြစ်သော်ငြားလည်း ဖုန်းဝူချန်သည် ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။

သူ၏ ထျန်းယွမ်ဘုံသို့ တက်လှမ်းနိုင်ခဲ့ခြင်းသည် နတ်ဆိုးနဂါးနတ်ဘုရား၏ နည်းလမ်းများကို ပိုမို အသုံးပြုနိုင်ပြီဟု အဓိပ္ပာယ်ရသည်။ သာမန် ကျိုကျိုးမှ အစွမ်းထက် ပြိုင်ဘက်များက နတ်ဆိုးနဂါးနတ်ဘုရား၏ အံ့မခန်း စွမ်းပကားကို မည်သို့ နားလည်နိုင်မည်နည်း။

"ဘယ်သူလဲ။ ထွက်ခဲ့"

ရှောင်မိသားစုမှ ထွက်ခွာလာပြီး မကြာမီမှာပင် ဖုန်းဝူချန်သည် တစ်စုံတစ်ယောက်က သူ့အား အရိပ်ထဲမှ ခြေရာခံ လိုက်လာနေသည်ကို အာရုံခံမိလိုက်ပြီး ချက်ချင်း အေးစက်စွာ အော်ဟစ်လိုက်သည်။

"အိုးဟိုးဟိုး၊ စတုတ္ထအဆင့် ဆေးပညာရှင်တစ်ယောက် ဖြစ်တာနဲ့ ထိုက်တန်ပါပေတယ်။ အာရုံခံနိုင်စွမ်း သိပ်မြင့်တာပဲ"

အေးစက်စက် လှောင်ရယ်သံတစ်ခု ထွက်ပေါ်လာပြီး အနက်ရောင် အရိပ်တစ်ခု လင်းလက် ပေါ်ထွက်လာကာ အသက် သုံးဆယ်အရွယ် လူတစ်ဦး ပေါ်ထွက်လာ၏။

"ယွမ်တန်ဘုံ နဝမအလွှာပဲ။ သူက ကျန့်လင်တောင်ကြားက"

လင်ရှောင်ရှောင်က မျက်မှောင်ကြုတ်ရင်း တိုးညှင်းစွာ ကပ်ပြောလိုက်သည်။

"အစ်ကိုကြီးဖုန်း။ တခြားလူတွေလည်း အမှောင်ထဲကနေ ကျွန်မတို့ကို စောင့်ကြည့်နေကြတုန်းပဲ"

ထိုလူက အနည်းငယ် မဲ့ပြုံးပြုံးရင်း ဆိုသည်။

"မင်းက ဖုန်းဝူချန် ဖြစ်ရမယ် ဟုတ်လား။ ထျန်းဖုန်းမြို့က သတင်းနဲ့ မင်းက ယန်ဟော်အင်ပါယာကနေ လာတာကို ပေါင်းလိုက်ရင် မင်း ဘယ်သူဘယ်ဝါမှန်း ခန့်မှန်းရတာ လွယ်ပါတယ်"

"အဲ့ဒီတော့ ဘာဖြစ်လဲ"ဟု ဖုန်းဝူချန်က ဂရုမစိုက်ဟန်ဖြင့် တုံ့ပြန်လိုက်သည်။

"မင်းက ငါတို့ ကျန့်လင်တောင်ကြားက လူတစ်ယောက်ကို သတ်ခဲ့တယ် မလား။ ငါလည်း မင်းအဖေရဲ့ ခြေထောက်တစ်ဖက်ကို ချိုးပစ်လိုက်ပြီကွ"

ထိုလူက လှောင်ပြောင်သရော်သည့်ဟန်ဖြင့် မဲ့ပြုံး ပြုံးလိုက်သည်။

"ဘာပြောတယ်"

ရှောင်ချင်းချင်း၏ မျက်နှာမှာ ကြောက်လန့်တကြား ဖြူဖျော့သွားတော့သည်။

ဖုန်းဝူချန်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာကာ ထိုလူအား သတ်ဖြတ်ရန် အသင့်ပြင်လိုက်သည်။

"မင်း သေချင်နေတာပဲ"

ထိုလူက ကြောက်ရွံ့ခြင်းမရှိဘဲ မဲ့ပြုံး ပြုံးလျက်ပင် ဆိုသည်။

"ဖုန်းဝူချန်။ မင်း သန်မာမှန်း ငါသိပါတယ်။ ငါ့ကို သတ်ဖို့ဆိုတာ မင်းအတွက် လွယ်လွယ်လေးပါ"

"ဒါပေမဲ့ တောင်ကြားသခင်က မင်းကို စကားပါးလိုက်တယ်။ မင်း ကျန့်လင်တောင်ကြားက လူ တစ်ယောက်ကို သတ်တိုင်း ငါတို့က မင်းအဖေရဲ့ ခြေထောက်တစ်ဖက်ကို ချိုးမယ်။ နှစ်ယောက် သတ်ရင် ခြေထောက်နှစ်ဖက်လုံး ချိုးမယ်။ မင်းအဖေမှာ လက်နှစ်ဖက် ခြေထောက်နှစ်ဖက် ပြီးတော့ ခေါင်းတစ်လုံး ရှိတယ်။ ဆိုတော့ မင်း ငါတို့ ကျန့်လင်တောင်ကြားက လူ ငါးယောက်ကို သတ်လို့ ရတာပေါ့။ ဒါပေမဲ့ သူ ဘယ်လောက်ကြာကြာ ခံနိုင်မလဲတော့ ငါ မသိဘူး"

"မင်း"

ဖုန်းဝူချန်သည် အလွန်အမင်း ဒေါသထွက်သွားသော်လည်း ဤအခိုက်အတန့်တွင် လှုပ်ရှားရန် အမှန်တကယ် မဝံ့ရဲခဲ့ပေ။

"ဆိုးညစ်ပြီး အရှက်မရှိတဲ့ ခွေးအိုကြီးတွေ"

လင်ရှောင်ရှောင်က ကျိန်ဆဲလိုက်သည်။

"ဟွန့်။ တောင်ကြားသခင်က ငါ့ကို ပြောခိုင်းလိုက်သေးတယ်။ မင်းကို ကျန့်လင်တောင်ကြားမှာ လိမ္မာပါးနပ်စွာနဲ့ စောင့်နေလိုက်ပါတဲ့။ ကိုးထပ် ချန်ခွန်း မျှော်စင်ကို အဆင်သင့် ပြင်ထားတဲ့"

"မွေးနေ့ပွဲတော် ပြီးတာနဲ့ တောင်ကြားသခင် ချက်ချင်း ပြန်လာခဲ့လိမ့်မယ်"

"ဒါနဲ့ မင်း ဟဲမော့ကို သတ်လိုက်တာ နတ်ဘုရား ဆေးလုံး သခင်ကြီးသိသွားပြီ။ နတ်ဘုရား ဆေးလုံး သခင်ကြီးက စိတ်အခြေအနေ သိပ်ကောင်းမနေဘူး။ မင်း ကိုယ့်ကိုယ်ကိုယ် သတိထားနေတာ ကောင်းလိမ့်မယ်။ မင်းအဖေကိုတောင် မတွေ့လိုက်ရဘဲ အသက် မပျောက်စေနဲ့"

ထိုလူက ဆက်လက်၍ မဲ့ပြုံး ပြုံးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ဖျတ်ခနဲ ဝေဝါးသွားကာ ထွက်ခွာသွားတော့သည်။

"ကျန့်လင်တောင်ကြား"

ဖုန်းဝူချန်မှာ အေးရိုးများ တင်းမာနေအောင် အံကြိတ်လိုက်၏။ ဒေါသများမှာ ကောင်းကင်သို့ ထိုးတက်သွားပြီး သူ၏ သတ်ဖြတ်လိုသော အရှိန်အဝါများမှာ တစ်ဖန် ပေါက်ကွဲထွက်လာပြန်သည်။

ကျန့်လင်တောင်ကြားက ဖုန်းကျိန့်ရှုံးအား ဓားစာခံအဖြစ် အသုံးချပြီး ခြိမ်းခြောက်ခဲ့ခြင်းသည် ဖုန်းဝူချန်အား နက်နက်ရှိုင်းရှိုင်း ဒေါသထွက်စေခဲ့ပြီး ဖြစ်သည်။ ယခု သူတို့က ဖုန်းကျိန့်ရှုံး၏ ခြေထောက် တစ်ဖက်ကို ချိုးပစ်လိုက်သောအခါ ဖုန်းဝူချန်၏ အမျက်ဒေါသကို လုံးဝ မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်သွားတော့၏။

ဒေါသတကြီး အမျက်ထွက်နေသော ဖုန်းဝူချန်သည် ဤအခြေအနေကို ရယ်မောလိုက်ချင်မိသည်အထိပင်။

'ကျန့်လင်တောင်ကြားလောက်က ငါ ဖုန်းဝူချန်ကို ရန်သူ လုပ်ရဲတယ်ပေါ့။'

လင်ရှောင်ရှောင်သည် ဖုန်းဝူချန်ထံမှ တိုးထွက်လာသော ဒေါသများကို ခံစားမိနေသည်။

အစ်ကိုကြီးဖုန်းအား သိကျွမ်းလာခဲ့သည့် အချိန်တစ်လျှောက်လုံးတွင် အစွမ်းထက် ရန်သူများ၏ ချုံခိုတိုက်ခိုက်ခြင်းကို ခံရစဉ်ကဖြစ်စေ၊ ထိုက်ရွှီဂိုဏ်းနှင့် ရင်ဆိုင်ရစဉ်ကဖြစ်စေ အစ်ကိုကြီးဖုန်းသည် ဤမျှ ဒေါသထွက်ခဲ့ခြင်း မရှိခဲ့ဖူးပေ။

"ကျန့် လင် တောင်ကြားကို သွားမယ်"

ဖုန်းဝူချန်သည် သူ၏ နှလုံးသားထဲမှ တိုးထွက်လာသော ဒေါသများကို ဖိနှိပ်လိုက်ပြီး သူ၏ နှုတ်မှ ထွက်ပေါ်လာသော စကားလုံး လေးလုံးမှာ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။

ကျိုကျိုးကို ဖြတ်သန်းရမည့် ခရီးစဉ်သည် ကျန့်လင်တောင်ကြားမှ အစပြုလေပြီ။

ဖုန်းဝူချန်နှင့် သူ၏ အဖော်နှစ်ဦးသည် ကျန့်လင်တောင်ကြားဆီသို့ အမြန်ဆုံး ထွက်ခွာသွားကြသည်။ အကယ်၍သာ သူတို့တွင် အခွင့်အရေး ရှိခဲ့ပါလျှင် ကျန့်လင်တောင်ကြားမှ အဆင့်မြင့် ပုဂ္ဂိုလ်များ မပြန်လာသေးခင် ဖုန်းကျိန့်ရှုံးအား ကယ်တင်နိုင်ကောင်း ကယ်တင်နိုင်ပေမည်။

ကျိုကျိုးသည် အလွန် ကျယ်ပြန့်လှပြီး ကျန့်လင်တောင်ကြားမှာ ကျိုကျိုး၏ မြောက်ဘက်ရှိ နက်ရှိုင်းသော တောင်တန်းများအတွင်း တည်ရှိသည်။ ရှောင်မိသားစုမှာမူ တောင်ပိုင်းစွန်းတွင် ရှိနေရာ အတော်အတန် ဝေးကွာလှပေသည်။

ဖုန်းဝူချန်နှင့် အခြားသူများ လျင်မြန်စွာ ထွက်ခွာသွားပြီးနောက် သူတို့အား တိတ်တဆိတ် စောင့်ကြည့်နေခဲ့သော အခြား ပုံရိပ်တစ်ခုသည် လင်းလက် ပေါ်ထွက်လာ၏။ သူ၏ မျက်နှာမှာ တုန်လှုပ်မှုနှင့် ကြောင်ငေးမှုတို့ ရောနှောနေသည်။

"ဓားပျံသန်းခြင်း"

ထိုလူသည် နေရာမှာပင် တောင့်တင်းသွားပြီး ကျောက်ရုပ်ကြီးပမာ ဖြစ်သွားသည်။

"ဝှစ်"

ထိုအချိန်မှာပင် လူငယ်တစ်ဦး ဝဲပျံ ပေါ်ထွက်လာသည်။ သူသည်လည်း ဖုန်းဝူချန်၏ ဓားပျံသန်းခြင်းကို မျက်မြင် တွေ့လိုက်ရသူ ဖြစ်၏။

ထိုလူငယ်မှာ ရှောင်မိသားစုမှ မျိုးဆက်သစ်တစ်ဦး ဖြစ်သော 'ရှောင်ယွင်' ဖြစ်ပြီး သူတို့၏ နံပါတ်တစ် ပါရမီရှင်လည်း ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်မှာ အလွန် မြင့်မားလှပြီး ထျန်းယွမ်ဘုံ ဒုတိယအလွှာသို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူ၏ ကျော်ကြားမှုမှာ ကျိုကျိုးတွင် အလွန် ကျော်ဇောလှပြီး ကျိုကျိုးကောင်းကင်မှ ဂုဏ်ယူရသည့် လူငယ် ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်၏။

ရှောင်ယွင်၏ ဖခင် 'ရှောင်ရန်' မှာလည်း ရှောင်ထျန်းချန်၏ သားအကြီးဆုံး ဖြစ်ပြီး ရှောင်ထျန်းချန်၏ အသက် ခုနစ်ဆယ်ပြည့် ခမ်းနားသော မွေးနေ့ပွဲ အပြီးတွင် ရှောင်မိသားစု၏ မိသားစုခေါင်းဆောင် နေရာကို ဆက်ခံရန် သတ်မှတ်ထားသူ ဖြစ်သည်။ ရှောင်ရန်၏ ကျင့်ကြံခြင်းအဆင့်မှာ ထျန်းယွမ်ဘုံ ပဉ္စမအလွှာသို့ ရောက်ရှိနေခဲ့ပေပြီ။

ထျန်းယွမ်ဘုံ ပဉ္စမအလွှာမှ ပုဂ္ဂိုလ် နှစ်ဦး ရှိနေသည့် အတွက် ရှောင်မိသားစု၏ အင်အားမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။

'ဓားပျံသန်းခြင်း။ ဒါ အရည်အချင်း နည်းနည်း ရှိတယ် ဆိုတာကိုတော့ ပြနေတာပဲ။'

ရှောင်ယွင်က ယုံကြည်မှု အပြည့်ဖြင့် ရေရွတ်လိုက်ပြီး သူ၏ မျက်ဝန်းများတွင် ရက်စက် ကြမ်းကြုတ်မှုများ ဖြတ်ပြေးသွားသည်။

'ယန်ဟော်အင်ပါယာရဲ့ နံပါတ်တစ် ပါရမီရှင် ဟုတ်လား။ ငါ အခွင့်အရေး ရရင်။ ရှောင်မိသားစု ဆိုတာ မင်း အလှမ်းမမီနိုင်တဲ့ နေရာ ဆိုတာကို မင်း နားလည်သွားစေရမယ်။'

'ဆေးပညာရှင် တစ်ယောက်ရဲ့ စွမ်းရည်တွေ ရှိနေတာက ဘာ အသုံးဝင်မှာလဲ။ အစွမ်းအစကသာ အရာအားလုံးပဲ။'

ရှောင်မိသားစု၏ နံပါတ်တစ် ပါရမီရှင် ဖြစ်ပြီး ကြီးမားသော အစွမ်းအစ ရှိသည့် ရှောင်ယွင်ထံတွင် ဖုန်းဝူချန်အား အနိုင်ယူနိုင်မည်ဟု လုံးဝ ယုံကြည်မှု ရှိနေ၏။

ဖုန်းဝူချန်နှင့် ပတ်သက်သော အရာများစွာကို သိရှိနေပါလျက်၊ ထို့အပြင် ဖုန်းဝူချန်၏ အစွမ်းကို သိရှိနေပါလျက်နှင့်ပင် ရှောင်ယွင်ထံတွင် ဤ ယုံကြည်မှုမျိုး ရှိနေခဲ့သည်။

---

ဖုန်းဝူချန်နှင့် သူ၏ အဖော်များ ကျန့်လင်တောင်ကြားသို့ ရောက်ရှိသောအခါ နှစ်နာရီ ကြာသွားခဲ့လေသည်။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အမြန်နှုန်းဖြင့် သွားနေပါလျက်နှင့် နှစ်နာရီ ကြာသည် ဆိုခြင်းက အကွာအဝေး မည်မျှ ဝေးကွာကြောင်း ညွှန်ပြနေ၏။

ကျန့်လင်တောင်ကြားသည် တောင်တန်းများ အတွင်း နက်ရှိုင်းစွာ တည်ရှိနေပြီး ကြီးမား ခမ်းနားသော နန်းတော်များဖြင့် တည်ဆောက်ထားသည်။ အတွင်း၌ တပည့် နှစ်သောင်း နီးပါး နေထိုင်ကြပြီး ပါရမီရှင် များစွာလည်း ရှိနေသည်။ ၎င်းသည် အမှန်တကယ်ပင် ဧရာမ အဖွဲ့အစည်းကြီး တစ်ခု ဖြစ်၏။

ကျန့်လင်တောင်ကြား၏ ဝင်ပေါက်သို့ ရောက်ရှိသောအခါ ရှောင်ချင်းချင်းက စိုးရိမ်တကြီး မေးလိုက်သည်။

"ချန်အာ။ သား အဖေ့ရဲ့ အရှိန်အဝါကို အာရုံခံမိလား"

"ဟုတ်။ အရမ်း အားနည်းနေတယ်။ သူ ဒဏ်ရာ ပြင်းပြင်းထန်ထန် ရထားတာပါ"

ဖုန်းဝူချန်က လေးနက်စွာ တုံ့ပြန်လိုက်ပြီး သူ၏ တငွေ့ငွေ့ လောင်ကျွမ်းနေသော ဒေါသများမှာ တစ်ဖန် ပေါက်ကွဲထွက်လာပြန်သည်။

"မင်းတို့ ဘယ်သူတွေလဲ"

ဂိတ်တံခါးကို စောင့်နေသော တပည့်တစ်ဦးက ဖုန်းဝူချန်တို့ အဖွဲ့၏ တည်ရှိမှုကို သတိပြုမိသွားပြီး အော်ဟစ် မေးမြန်းလိုက်သည်။

"ဘုန်း ဘုန်း"

"ဝေါ့ ဝေါ့"

ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ကြောက်မက်ဖွယ် 'ချီ' စွမ်းအင် လှိုင်းတစ်ခု ပစ်လွှတ်ပြီး တပည့် နှစ်ဦးအား ပြင်းထန်စွာ ဒဏ်ရာရစေကာ တောင်ကြား အတွင်းသို့ လွင့်စင်သွားစေသည်။ သူ ကိုယ်တိုင်လည်း အတွင်းသို့ ဒေါသတကြီး ဝင်ရောက်သွားတော့၏။

ဒေါသတကြီး အမျက်ထွက်နေသော ဖုန်းဝူချန်သည် ဂိတ်တံခါးကို အတင်းအကြပ် ဝင်ရောက် စီးနင်းလိုက်လေပြီ။

"ကျူးကျော်သူ ဝင်လာတယ်"

တောင်ကြား အတွင်း၌ တပည့်တစ်ဦးက အသံကျယ်ဖြင့် အော်ဟစ်လိုက်သည်။

ကြီးမားလှသော ကျန့်လင်တောင်ကြားကြီးသည် တစ်စုံတစ်ယောက် ဝင်ရောက်လာသည်ဟု ကြားလိုက်ရသည်နှင့် တပည့် အများအပြား နန်းတော်ထဲမှ တသီတတန်းကြီး ထွက်ပေါ်လာကြသည်။ အစွမ်း ပိုထက်သူများမှာမူ သူတို့၏ အဆင့်မြင့် ကိုယ်ဖော့ပညာများကို အသုံးပြု၍ အလျင်အမြန် ပျံသန်း ရောက်ရှိလာကြ၏။

ကျယ်ပြန့်လှသော ရင်ပြင်ကြီးသည် မျက်စိတစ်မှိတ်အတွင်း ကျန့်လင်တောင်ကြားမှ တပည့်များဖြင့် ပြည့်သွားတော့သည်။

"မင်းတို့ ဘယ်သူတွေလဲ။ သတ္တိ တော်တော် ရှိတယ်ပဲ။ ဒီနေရာက ဘယ်နေရာလဲ ဆိုတာ မင်းတို့ သိရဲ့လား"

ဦးဆောင်လာသော တပည့်က လေးနက်စွာ ကြိမ်းမောင်းလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါများ ထုတ်လွှတ်နေသည်။

"ကျန့်လင်တောင်ကြား"

ဖုန်းဝူချန်က အေးစက်စွာ ပြန်လည် ဖြေကြားလိုက်သည်။

"ဒီနေရာက ကျန့်လင်တောင်ကြားမှန်း သိလျက်နဲ့တောင် ကျူးကျော် ဝင်ရောက်ရဲတယ်ပေါ့လေ။ မင်းတို့ သေလမ်း ရှာနေတာပဲ"

ဦးဆောင်လာသော တပည့်က ဟိန်းဟောက်လိုက်သည်။ သူတို့ သုံးဦး ဒုက္ခလာရှာကြကြောင်း သူ သိသည့်အတိုင်းပင်။

"ဒီလောကမှာ ဘာမှ မသိ နားမလည်တဲ့ လူတွေ ဘာလို့ ဒီလောက် များနေရတာလဲ မသိဘူး"

အခြား တပည့်တစ်ဦးက ခေါင်းခါလျက် မဲ့ပြုံး ပြုံးလိုက်သည်။

"မင်း နာမည် ပြော။ ငါ့လူတွေက နာမည် မရှိတဲ့ သူတွေကို မသတ်ဘူး"

ဦးဆောင်သော တပည့်က အေးစက်စွာ မေးမြန်းလိုက်ပြီး ထျန်းယွမ်ဘုံ သတ္တမအလွှာ၏ စွမ်းအားများကို ဒေါသတကြီး ထုတ်လွှတ်လိုက်သည်။

"ဖုန်းဝူချန်"

ဖုန်းဝူချန်က အေးစက်စွာ တုံ့ပြန်လိုက်၏။

"ဖုန်း ဖုန်းဝူချန်"

ဦးဆောင်သော တပည့်နှင့် အခြား ကျန့်လင်တောင်ကြား တပည့်များအားလုံး ထိတ်လန့်သွားကြပြီး သူတို့၏ မျက်လုံးများ ပြူးကျယ်လာကာ ထိတ်လန့်မှုများ တဖြည်းဖြည်း ကိန်းဝပ်လာရသည်။

ဖုန်းဝူချန်၏ လုပ်ရပ်များနှင့် ကြောက်မက်ဖွယ် အစွမ်းအစများကို သူတို့ ဟဲမော့၏ စကားများမှ တစ်ဆင့် သိရှိထားကြပြီး ဖြစ်သည်။ အသေးစိတ် မဟုတ်သော်လည်း ထိုအချက်များသည် သူတို့အား ကြောက်ရွံ့ ထိတ်လန့်စေရန်နှင့် သတိထားစေရန် လုံလောက်လှပေသည်။

ကျန့်လင်တောင်ကြား၏ ဦးဆောင်သော တပည့်ပင်လျှင် သူ၏ နက်ရှိုင်းသော ထိတ်လန့်မှုကို ဖုံးကွယ် မထားနိုင်ခဲ့ပေ။

ကျန့်လင်တောင်ကြား၏ အဆင့်မြင့် ပုဂ္ဂိုလ်များသည် မိသားစုခေါင်းဆောင် ရှောင်၏ ခမ်းနားသော မွေးနေ့ပွဲတော်သို့ တက်ရောက်နေကြပြီး တောင်ကြားတွင် တာဝန်ခံ အကြီးအကဲ တစ်ဦးနှင့် တပည့် အချို့သာ ကျန်ရစ်ခဲ့သည်။ အဆင့်မြင့် အဖွဲ့ဝင်များ မရှိသည့်အခါ သူတို့ ကြောက်ရွံ့ရန် အကြောင်း အရင်း ရှိနေပေပြီ မဟုတ်ပါလား။

"ငါ့အဖေကို လွှတ်ပေး"

ဖုန်းဝူချန်က အေးစက်စွာ တောင်းဆိုလိုက်ပြီး သူ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များက ပတ်ဝန်းကျင်သို့ သက်ရောက်သွားကာ တပည့်များ၏ မျက်နှာများကို ကြောက်လန့်မှုဖြင့် ဖြူဖျော့သွားစေသည်။ သူတို့ထဲမှ သတ္တိနည်းသူများမှာ မြေပြင်ပေါ်သို့ ပုံလျက်သား လဲကျသွားကြ၏။

"ဖုန်းဝူချန်။ မင်း အဖေကို ကယ်ချင်ရင်၊ ကိုးထပ် ချန်ခွန်း မျှော်စင်ကို ထုတ်ပေး လေ"

ဦးဆောင်သော တပည့်က သူ၏ နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ဖိနှိပ်လျက် ဟိန်းဟောက်လိုက်သည်။

"မင်း သတ္တိရှိရင် လာယူလေ"

ဖုန်းဝူချန်က ပြင်းထန်စွာ ပြန်လည် ချေပလိုက်ပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်ရာ ရွှေရောင် အလင်းတန်းတစ်ခု ပေါက်ကွဲ ထွက်လာသည်။

ကိုးထပ် ချန်ခွန်း မျှော်စင်သည် ကောင်းကင်ထက်သို့ မြင့်တက်သွားပြီး ၎င်း၏ စူးရှ တောက်ပသော အလင်းရောင်သည် ကြီးမားလှသော နန်းတော်ကြီးကို ဖုံးလွှမ်းသွား၏။ ဧရာမ ရွှေရောင် အခင်းအကျင်းကြီး တစ်ခု အထက်မှ ကျဆင်းလာပြီး ၎င်း၏ ဖိနှိပ်နိုင်စွမ်းနှင့် ကြောက်မက်ဖွယ် စွမ်းအားတို့က ကျန့်လင်တောင်ကြားမှ တပည့်များအား အလွန်အမင်း ထိတ်လန့်သွားစေသည်။

ထို ကြောက်မက်ဖွယ် ဖိနှိပ်မှု စွမ်းအားက သူတို့၏ ကျောစိမ့်သွားအောင် တုန်လှုပ်စေ၏။

တစ်ပိုင်း'အင်မော်တယ်'လက်နက် ပေါ်ထွက်လာသည်နှင့် ကျန့်လင်တောင်ကြားမှ တပည့် နှစ်သောင်းနီးပါး ဖိနှိပ်ခြင်း ခံလိုက်ရသည်။

ကိုးထပ် ချန်ခွန်း မျှော်စင်မှ ထုတ်လွှတ်နေသော ကြောက်မက်ဖွယ် အရှိန်အဝါနှင့် ရင်ဆိုင်ရသောအခါ တပည့်များစွာမှာ ရင်ပြင်ကြီးပေါ်သို့ ဖိကပ်ခံလိုက်ရပြီး လုံးဝ လှုပ်ရှားနိုင်စွမ်း မရှိတော့ပေ။

ဖုန်းဝူချန်၏ ခြိမ်းခြောက်နေသော အမူအရာကို ကြည့်ရသည်မှာ အဆင့်မြင့် ပုဂ္ဂိုလ်များ မပြန်လာခင် ကျန့်လင်တောင်ကြား တစ်ခုလုံးကို သတ်ဖြတ်ရန် အစီအစဉ် ရှိနေသည့်အလားပင်။

"ရပ်လိုက်။ ဖုန်းဝူချန်"

ဒေါသထွက်နေသော အဘိုးအို တစ်ဦး၏ အသံကြီး ထွက်ပေါ်လာပြီး အကြီးအကဲ တစ်ဦး ရုတ်တရက် ပေါ်ထွက်လာသည်။ သူ၏ ကြောက်မက်ဖွယ် အစစ်အမှန်ယွမ် စွမ်းအားကို ပေါက်ကွဲ ထုတ်လွှတ်လိုက်ရာ သူသည် ထျန်းယွမ်ဘုံ ပထမအလွှာမှ စစ်သည်တော် တစ်ဦး ဖြစ်ကြောင်း သိသာနေ၏။

"ထျန်းယွမ်ဘုံ ပထမအလွှာလေးနဲ့များ ငါ့ကို လာတားချင်သေးတယ် ဟုတ်လား"

ဖုန်းဝူချန်က ဟိန်းဟောက်လိုက်ပြီး သူ၏ အစစ်အမှန်ယွမ် စွမ်းအားများ ပိုမို ထွက်ပေါ်လာသည်။ သူ၏ လက်ကို ပစ်လွှတ်လိုက်ရာ ကြီးမားလှသော စွမ်းအားတစ်ခု ကောင်းကင်ယံတွင် ပျံ့နှံ့သွားပြီး ရင်ပြင်ကြီးပေါ်မှ တပည့်များမှာ ကြောက်လန့်တကြား အလျင်အမြန် ထွက်ပြေးကြရသည်။

"ပျောက်ကွယ်သွားစမ်း"

"ဘုန်း"

သွေးများ ပက်ဖျန်း ထွက်လာပြီး ထိုအကြီးအကဲ၏ မျက်နှာ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွားသည်။ သူ သူ၏ စွမ်းအား အားလုံးကို ထုတ်ဖော်၍ ခုခံကာကွယ်ရေး သိုင်းပညာ တစ်ခု ထုတ်ဖော်လိုက်၏။

နောက်တစ်ခဏတွင် ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး အကြီးအကဲ၏ ခန္ဓာကိုယ်မှာ အနက်ရောင် အလင်းတန်း တစ်ခုအဖြစ် နောက်သို့ ပစ်လွင့်ထွက်သွားတော့သည်။

သူ၏ ခုခံကာကွယ်ရေး စွမ်းအင်မှာ ထိုရိုက်ခတ်မှုကြောင့် လုံးဝ ကြေမွ ပျက်စီးသွားလေပြီ။

တစ်ကြိမ်တည်းသော ထိတွေ့မှု မျှဖြင့် ထျန်းယွမ်ဘုံ ပထမအလွှာမှ အကြီးအကဲ တစ်ဦးသည် ဖုန်းဝူချန်၏ လက်တစ်ဖက် ဝှေ့ယမ်းလိုက်မှု မျှဖြင့် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့လေပြီ။

ဖုန်းဝူချန်၏ နည်းလမ်းများမှာ ရက်စက် ကြမ်းကြုတ်ပြီး သနားညှာတာမှု ကင်းမဲ့လှသည်။ သူသည် ကျန့်လင်တောင်ကြားမှ တပည့်များ အားလုံးကို သတ်ဖြတ်ရန် မျက်တောင် တစ်ချက်ပင် ခတ်လိမ့်မည် မဟုတ်ပေ။

"သူတို့ကို အခု ချက်ချင်း လွှတ်။ မဟုတ်ရင် ကျန့်လင်တောင်ကြားက လူအားလုံးကို ကျုပ် သတ်ပစ်မယ်"

ဖုန်းဝူချန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏ လွှမ်းမိုးနိုင်သော အရှိန်အဝါများက ပတ်လည်တွင် ဝေ့ဝဲနေသည်။ နန်းတော်အပေါ်တွင် ဝဲပျံနေသော ကိုးထပ် ချန်ခွန်း မျှော်စင်သည် သူ၏ စိတ်အညွှတ် တစ်ချက်ဖြင့် ပြင်းထန်စွာ လည်ပတ်လာသည်။

ဖုန်းဝူချန်၏ အမူအရာသည် ဤမျှ ကြမ်းကြုတ်လှသဖြင့် ကျန့်လင်တောင်ကြားမှ တပည့်များ၏ ဝိညာဉ်ခန္ဓာများပင် ကြောက်လန့်မှုဖြင့် တုန်ယင်လာကြသည်။

ဤသည်မှာ သူ၏ အထွတ်အထိပ် ခန္ဓာ ပထမအဆင့်နှင့် အစစ်အမှန်ယွမ် စွမ်းအား မျှသာ ရှိသေးသည်။ သူ၏ ဒုတိယအဆင့် အထွတ်အထိပ် ခန္ဓာ သို့မဟုတ် သွေးမျိုးဆက် စွမ်းအားကိုပင် စတင် အသုံးပြုခြင်း မရှိသေးပေ။

"ဖုန်းဝူချန်။ မင်း ကျန့်လင်တောင်ကြားက လူ တစ်ယောက်ကို သတ်ရဲ သတ်ကြည့်။ မင်းအဖေကို ကယ်ဖို့ အိပ်မက်တောင် မမက်နဲ့တော့"

တာဝန်ခံ အကြီးအကဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။

"အဘိုးကြီး။ ခင်ဗျားကများ ကျုပ်ကို ခြိမ်းခြောက်ရဲသေးတယ် ဟုတ်လား"

ဖုန်းဝူချန်၏ စူးရှသော အကြည့်များက တာဝန်ခံ အကြီးအကဲထံသို့ ကျရောက်သွားပြီး သူ၏ လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်ရာ အစွမ်းထက်သော စွမ်းအားတစ်ခု ထပ်မံ ရုတ်ခတ်သွားပြန်လေ၏။

ထိုအချိန်၌ ကိုးထပ် ချန်ခွန်း မျှော်စင်သည် အောက်သို့ ပြင်းထန်စွာ ကျဆင်းလာတော့သည်။

ဧရာမ မျှော်စင်ကြီး ကျဆင်းလာသည် ဖြစ်ရာ ကျန့်လင်တောင်ကြားမှ တပည့်များအကြား အသေအပျောက် အများအပြား ဖြစ်ပေါ်လာမည်မှာ သေချာနေလေပြီ။

"မြန်မြန် ရှောင်ကြ"

တာဝန်ခံ အကြီးအကဲက ထိတ်လန့်တကြား အော်ဟစ်လိုက်ရာ အလွန်အမင်း ကြောက်လန့်နေကြသော တပည့်များမှာ ဦးတည်ရာမဲ့သော ယင်ကောင်များသဖွယ် ဝရုန်းသုန်းကား ဖြစ်သွားကြသည်။

ထိုအခိုက်အတန့်၌ပင် ပုံရိပ်တစ်ခုသည် အလျင်အမြန် ဝင်ရောက်လာပြီး လက်တစ်ဖက်ကို ညင်သာစွာ ဝှေ့ယမ်းလိုက်ရာ 'အုန်း' ဟူသော အသံနှင့်အတူ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် စွမ်းအားကို မျက်စိတစ်မှိတ်အတွင်း ဖြိုခွင်းလိုက်သည်။

"ထျန်းယွမ်ဘုံ တတိယအလွှာ"

လင်ရှောင်ရှောင်၏ မျက်ခုံးတန်းလေးများ အနည်းငယ် ကျုံ့သွားသည်။

ကျန့်လင်တောင်ကြားတွင် ဤမျှ အစွမ်းထက်သော ပညာရှင်တစ်ဦး နေထိုင်နေသေးသည်ကို သူမ အံ့ဩမိသွား၏။

ကိုးထပ် ချန်ခွန်း မျှော်စင် ပြင်းထန်စွာ ကျဆင်းလာသောအခါ အသစ် ရောက်လာသူသည် သူ၏ လက်ဝါးကို မြှောက်လိုက်သည်။

"ဘုန်း"

"ဝုန်း...ဝုန်း"

ကျယ်လောင်လှသော ပေါက်ကွဲသံကြီးနှင့်အတူ ကြီးမားလှသော ရင်ပြင်ကြီးမှာ ပြင်းထန်စွာ တုန်ခါသွားပြီး ကြေမွသွားကာ ဧရာမ အက်ကြောင်းကြီးများ ပျံ့နှံ့သွားတော့သည်။

သို့သော်လည်း ကိုးထပ် ချန်ခွန်း မျှော်စင်၏ ကြောက်မက်ဖွယ် စွမ်းအားအောက်တွင် ထိုလူမှာ ထိခိုက် ဒဏ်ရာရခြင်း မရှိဘဲ လွှမ်းမိုးနိုင်သော ဖိနှိပ်မှု စွမ်းအားကို အလွယ်တူပင် တားဆီးလိုက်နိုင်သည်။

အသစ် ရောက်လာသူ၏ အစွမ်းအစမှာ ယုံမှားဖွယ်မရှိ ကြောက်မက်ဖွယ် ကောင်းလှပေသည်။

အသစ် ရောက်လာသူက သူ၏ မျက်နှာမှာ မောက်မာနေပြီး မျက်ဝန်းများမှာ ယုံကြည်မှု အပြည့်ဖြင့် အနည်းငယ် အေးစက်စက် ပြုံးလျက် ဆိုလိုက်သည်။

"စိတ်လျှော့ပါ ဖုန်းဝူချန်။ မင်း ကျန့်လင်တောင်ကြားက လူအားလုံးကို သတ်ချင်တယ် ဆိုရင်။ အရင်ဆုံး ငါ့ကို ကျော်ဖြတ်သွားရလိမ့်မယ်"

"တောင်ကြား သခင်လေး"

တာဝန်ခံ အကြီးအကဲနှင့် တပည့်များအားလုံး ဝမ်းသာအယ်လဲ ဖြစ်သွားကြသည်။

All Chapters