လူကယ်ခြင်း
Vol. 17 Ch. 253
~ဓားတစ်ချက်၏ အစွမ်းသတ္တိ၊ ၎င်း၏ လွှမ်းမိုးနိုင်သော တည်ရှိမှုသည် ကျန့်လင်တောင်ကြား တစ်ခုလုံးကို သွေးပျက်သွားစေခဲ့၏။
ပေမင်ခုံသည် သွေးအနှစ်သာရကို ဆင့်ခေါ်၍ သူ၏ အမြင့်ဆုံး အစွမ်းကို ပြန်လည် ရရှိစေခဲ့ပြီး သူ၏ တိုက်ခိုက်ရေး စွမ်းအားမှာ အလွန်တရာ ကြောက်မက်ဖွယ် ကောင်းလှသည်လေ။
သို့သော်ငြားလည်း ဖုန်းဝူချန်က သူ၏ စွမ်းအား အားလုံးကို ကုန်စင်အောင် အသုံးပြု၍ ‘ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ'အား ဆင့်ခေါ်၍ ထိပ်တိုက် တွေ့ဆုံမှုသည် ပေမင်ခုံအား ဒဏ်ရာရရှိသွားစေခဲ့ပြီး ပို၍ပင် အားကြီးသော စွမ်းအားကို ထုတ်ဖော် ပြသလိုက်၏။
ပေမင်ခုံသည် သူ၏ အမြင့်ဆုံး အစွမ်းဖြင့်ပင် 'ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ'၏ ရှေ့မှောက်တွင် တိုက်ကွက် တစ်ကွက်မျှပင် မခံနိုင်ခဲ့ပေ။
ဤဓားတစ်ချက်တည်းဖြင့် ဖုန်းဝူချန်သည် သူ၏ အမြင့်ဆုံး အခြေအနေတွင် ရှိနေသော ပေမင်ခုံအား အနိုင်ယူနိုင်စွမ်း ရှိခဲ့သည်။
'ဝိညာဉ် ချေမှုန်း ဓားသိုင်းပညာ'သည် အင်မော်တယ်သိုင်းကျမ်း တစ်ခု ဖြစ်ရသည်နှင့် အမှန်တကယ်ပင် ထိုက်တန်လှပေသည်။ ၎င်း၏ စွမ်းအားမှာ မည်သည့် မြေကမ္ဘာ အဆင့် သိုင်းပညာနှင့်မျှ နှိုင်းယှဉ်၍ မရနိုင်ချေ။
ဟိန်းဟောက် မြည်ဟည်းသံကြီးသည် တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ကျန့်လင်တောင်ကြား တစ်ခုလုံးမှာ လုံးဝ တိတ်ဆိတ် ငြိမ်သက်သွားတော့၏။ တပည့်များမှာ ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်တွင် မှောက်ဝပ်နေကြပြီး ဖုန်းဝူချန်၏ အစွမ်းသတ္တိကြောင့် လုံးဝ ခြောက်ခြားလျက် မလှုပ်ဝံ့ကြတော့ပေ။
အမြင့် ကောင်းကင်ယံထက်တွင် ဖုန်းဝူချန်၏ မျက်နှာမှာ ဖြူဖျော့သော အရောင်အဆင်းသို့ ပြောင်းသွား၏။ အင်မော်တယ် သိုင်းကို အသုံးပြုခြင်းသည် သူ၏ လက်ရှိ အခြေအနေဖြင့် အလွန်အမင်း အားကုန်စေပြီး သူ၏ အစစ်အမှန်ယွမ်များကို ကြီးကြီးမားမား ကုန်ဆုံးစေခဲ့သည်။
ကြောက်မက်ဖွယ် ဓားအလင်းရောင်၏ တိုက်ခိုက်မှုအောက်တွင် ပေမင်ခုံသည် မည်မျှပင် သန်မာစေကာမူ လုံးဝ ခံနိုင်ရည် ရှိမည် မဟုတ်ပေ။ မသေလျှင်တောင်မှ ပြင်းထန်စွာ ဒဏ်ရာရရှိမည်မှာ သေချာလှသည်။
ကြောက်မက်ဖွယ် အားလှိုင်း အကြွင်းအကျန်များ တဖြည်းဖြည်း ပျောက်ကွယ်သွားသောအခါ ပေမင်ခုံ၏ ဝေဝါးနေသော ပုံရိပ်သည် လူတိုင်း၏ အမြင်အာရုံထဲတွင် တဖြည်းဖြည်း ပေါ်ထွက်လာသည်။
ပေမင်ခုံသည် မြင်မကောင်းရှုမကောင်းအောင်ပင် သွေးများ ရွှဲနစ်နေပြီး သူ့ဒဏ်ရာများမှာ အလွန်အမင်း ပြင်းထန်လှသည်။ မျက်နှာသွင်ပြင်မှာ သွေးတစ်စက်မျှ မကျန်တော့ဘဲ ဖြူဖျော့နေ၏။ သူ၏ ခန္ဓာကိုယ်သည် လေထဲတွင် တုန်ယင်လျက် ဆိုင်းငံ့ထားပြီး အချိန်မရွေး အောက်သို့ ပြုတ်ကျသွားနိုင်သည့် အခြေအနေ ဖြစ်သည်။
မယုံနိုင်လောက်အောင် အားနည်းသွားသော ပေမင်ခုံသည် ယခုအခါ တိုက်ခိုက်နိုင်စွမ်း ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ သူ၏ ဆက်လက် ပျံဝဲနေနိုင်ခြင်းမှာ သူ၏ စိတ်စွမ်းအားကြောင့်သာ ဖြစ်၏။
ပေမင်ခုံ အသက်ရှင်နေသေးသည်မှာ ကံကောင်းလှသော်လည်း ၎င်းသည် သူ့အတွက် အနာကျင်ရဆုံးသော အတွေ့အကြုံလည်း ဖြစ်သည်။
ကျိုကျိုးကောင်းကင်၏ ဂုဏ်ယူဝံ့ကြွားဖွယ် မျိုးဆက်သစ်များထဲမှ တစ်ဦးအနေဖြင့် ပေမင်ခုံ၏ ဖုန်းဝူချန်နှင့် တိုက်ပွဲသည် သူ့အား အသာစီး မရရှိစေရုံသာမက နောက်ဆုံးတွင် ပြင်းထန်သော ဒဏ်ရာများ ရရှိသွားစေခဲ့သည်။ ဤသည်မှာ သူ၏အတွက် ကြီးမားလှသော အရှက်ရမှုကြီးတစ်ခု ဖြစ်တော့သည်။
ဖုန်းဝူချန်က လက်တစ်ချက် ဝှေ့ယမ်းလိုက်ပြီး ကိုးထပ် ချန်ခွန်း မျှော်စင်ကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ပြန်လည် ရုပ်သိမ်းလိုက်သည်။ သူ၏ အေးစက်သော အကြည့်များက အောက်ဘက်မှ အလွန်အမင်း ကြောက်လန့်နေကြသော တပည့်များထံသို့ ကျရောက်သွားပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။
"ငါ့အဖေကို လွှတ်။ မဟုတ်ရင် ငါ သူ့ကို သတ်မယ်"
"မြန်မြန်။ ဖုန်းကျိန့်ရှုံးကို လွှတ်လိုက်တော့"
ကျန့်လင်တောင်ကြား၏ အကြီးဆုံး တပည့်က ရုတ်တရက် အသိပြန်ဝင်လာပြီး ကြောက်လန့်တကြား ဟိန်းဟောက်လိုက်သည်။
"ငါ မင်းလက်ထဲမှာ ရှုံးနိမ့်ရမှာလား။ မယုံနိုင်ဘူး"
ပြင်းထန်စွာ ဒဏ်ရာရနေသော ပေမင်ခုံသည် စကားလုံး အနည်းငယ်ကို မနည်း ကြိုးစား ထွက်ဆိုလိုက်၏။ ထို့နောက် သူ မထိန်းနိုင်တော့ဘဲ သူ၏ ကမ္ဘာကြီးမှာ မှောင်အတိကျသွားကာ အောက်သို့ ထိုးကျသွားတော့သည်။
"တောင်ကြား သခင်လေး"
ကျန့်လင်တောင်ကြားမှ တပည့်များမှာ ထိတ်လန့်တကြား အခြေအနေသို့ ရောက်သွားကြ၏။
"ခုံအာ"
ပေမင်ခုံ ပြုတ်ကျသွားသည့် အခိုက်အတန့်မှာပင် အလွန်အမင်း ထိတ်လန့်တကြားနှင့် ဒေါသတကြီး ဟိန်းဟောက်သံကြီး အဝေး၊ ကောင်းကင်ယံထက်မှ ရုတ်တရက် ထွက်ပေါ်လာ၏။
ခမ်းနားပြီး ကြောက်မက်ဖွယ် ကောင်းသော တည်ရှိမှုများသည် ထိတ်လန့်ဖွယ် အမြန်နှုန်းဖြင့် ချဉ်းကပ်လာနေကြသည်။
သူတို့မှာ ကျန့်လင်တောင်ကြားမှ အဆင့်မြင့် ပုဂ္ဂိုလ်များပင် ဖြစ်၏။
ကျန့်လင်တောင်ကြားမှ အစွမ်းထက် ပုဂ္ဂိုလ်ကြီးများ ပြန်ရောက်လာကြပြီ ဖြစ်ချေသည်။
"မကောင်းတော့ဘူး"
လင်ရှောင်ရှောင်၏ မျက်နှာ ဖြူဖျော့သွားပြီး စိုးရိမ်တကြီး ဆိုလိုက်သည်။
"အစ်ကိုကြီးဖုန်း။ ကျန့်လင်တောင်ကြားက ပညာရှင်တွေ ပြန်ရောက်လာကြပြီ"
"ဒုက္ခတော့ ရောက်ပြီ"
ဖုန်းဝူချန်၏ မျက်မှောင်များ တင်းကြပ်စွာ ကြုတ်သွားပြီး အလျင်အမြန် မှာကြားလိုက်သည်။
"ရှောင်ရှောင်။ မေမေ့ကို ကာကွယ်ထား"
"ဝှစ်"
အလွန်အမင်း စိတ်လှုပ်ရှားနေသော အခြေအနေတွင် ဖုန်းဝူချန်သည် လျှပ်တပြက် နေရာရွှေ့ပြောင်းခြင်းကို အသုံးပြုလိုက်ပြီး ပြုတ်ကျလာသော သတိလစ်နေသည့် ပေမင်ခုံအား ဖမ်းယူလိုက်သည်။
ပေမင်ခုံသည် ယခုအခါ ဖုန်းဝူချန်၏ အသက်ကယ် ကြိုးတစ်မျှင် ဖြစ်လာသည်မှာ ယုံမှားဖွယ်မရှိပေ။
"ဖုန်းဝူချန်။ ရပ်လိုက်စမ်း"
ကျန့်လင်တောင်ကြား၏ တောင်ကြားသခင်က ရူးသွပ်မတတ် ဟိန်းဟောက်လိုက်ပြီး သူ၏ မျက်လုံးများမှာ သွေးများဖြင့် နီရဲနေသည်။
သည်အချိန်တွင်၊ ဖုန်းဝူချန်သည် သတိလစ်နေသော ပေမင်ခုံအား သူ၏ လည်ပင်းမှ ဆုပ်ကိုင်လျက် မြှောက်ထားလိုက်သည်။
ဤအပြုအမူက ကျန့်လင်တောင်ကြားမှ အဆင့်မြင့် အဖွဲ့ဝင်များကို ချက်ချင်း နေရာမှာပင် ရပ်တန့်သွားစေပြီး ရှေ့သို့ တစ်လှမ်းမျှပင် တိုးလာရန် မဝံ့ရဲကြတော့ပေ။
"တောင်ကြားသခင် ပြန်ရောက်လာပြီ"
ကျန့်လင်တောင်ကြားမှ တပည့်များမှာ မျှော်လင့်ချက် မြင်တွေ့လိုက်ရသဖြင့် အားတက်သွားတော့၏။
ကျန့်လင်တောင်ကြားမှ အင်အားကြီး ပုဂ္ဂိုလ်များမှာ ဒေါသကြောင့် မီးတောက်မတတ် ဖြစ်နေကြသော်လည်း ဖုန်းဝူချန်၏ မြင့်မားသော အရည်အချင်းကြောင့်လည်း လန့်နေကြရသည်။
သူတို့သည် ပေမင်ခုံ၏ စွမ်းအားကို ကောင်းစွာ သိရှိကြသည်။ လုံးဝကို ကြောက်မက်ဖွယ် ကောင်းလှသည်။ သို့သော် ပေမင်ခုံ တစ်ယောက် ဖုန်းဝူချန်၏ လက်ချက်ဖြင့် ရှုံးနိမ့်သွားခဲ့သည်မှာ သူတို့ တစ်ခါမျှ မမျှော်လင့်ထားခဲ့သော အရာ ဖြစ်သည်။
ဖုန်းဝူချန် သန်မာကြောင်း သိထားသော်လည်း သူ ပေမင်ခုံအား အနိုင်ယူနိုင်လောက်အောင် သန်မာလိမ့်မည်ဟု သူတို့ တစ်ခါမျှ မတွက်ဆထားမိပေ။
"လူယုတ်မာ၊ ခုံအာကို လွှတ်လိုက်။ မဟုတ်ရင် မင်းအဖေကို ငါ သတ်ပစ်မယ်"
ကျန့်လင်တောင်ကြား၏ အကြီးအကဲ ပေမင် ဘိုးဘေးကြီးက အမိန့်ပေးသံဖြင့် ဟိန်းဟောက်လိုက်ပြီး သူ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ်များမှာ ကောင်းကင်သို့ ထိုးတက်သွားသည်။ ထျန်းယွမ်ဘုံ ပဉ္စမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားများလည်း ပေါက်ကွဲထွက်လာပြီး ကျယ်ပြန့်လှသော ဟင်းလင်းပြင်ကြီးတစ်ခုလုံး တုန်ခါသွားစေ၏။
"ရှင်၊ ကျိန့်ရှုံးကို သတ်ရဲ သတ်ကြည့်လေ။ ကျွန်မ ရှင့်သား ကို သတ်ပစ်မယ်"
ရှောင်ချင်းချင်းက ဒေါသတကြီး ပြန်လည် အော်ဟစ်လိုက်ပြီး အလွန် မာရေကျောရေနိုင်သော အသွင် ပေါက်နေသည်။
"ရှောင်ချင်းချင်း။ မင်းနောက်မှာ ရှောင်မိသားစု မရှိတော့ဘဲနဲ့ မင်း ကျန့်လင်တောင်ကြားကနေ အရှင် ထွက်သွားနိုင်မယ် ထင်နေတာလား။ ခုံအာကို အခု ချက်ချင်း လွှတ်"
ပေမင် ဘိုးဘေးကြီး၏ မျက်နှာမှာ ကြမ်းကြုတ်စွာ ရှုံ့မဲ့သွားပြီး သူ၏ အကြည့်များမှာ မယုံနိုင်လောက်အောင် ပြင်းထန်နေသည်။
"ကျွန်မတို့ကို သတ်နိုင် မသတ်နိုင် ဆိုတာကတော့ စောင့်ကြည့် ရ သေး တာ ပေါ့"
လင်ရှောင်ရှောင်က အေးစက်စွာ ပြန်လည် ချေပလိုက်သည်။
"ခင်ဗျားတို့ ပြောခဲ့တယ် မဟုတ်လား။ ကျုပ်က ကျန့်လင်တောင်ကြားက လူတစ်ယောက်ကို သတ်ရင် ကျုပ်အဖေရဲ့ ခြေထောက်တစ်ဖက်ကို ချိုးမယ်ဆို။ အခု အောက်ကို ကြည့်လိုက်ဦး။ ကျုပ်က ကျန့်လင်တောင်ကြားက တာဝန်ခံ အကြီးအကဲတစ်ယောက်ကို သတ်ပစ်လိုက်ပြီ။ ခင်ဗျားတို့ထဲက ဘယ်သူက ကျုပ်အဖေရဲ့ နောက်ခြေထောက်တစ်ဖက်ကို ချိုးရဲသေးလဲ။ ကြည့်ကြတာပေါ့!”
ဖုန်းဝူချန်က အေးစက်စွာ ကြုံးဝါးလိုက်ပြီး သူ၏ အေးစက်သော အကြည့်များက ကျန့်လင်တောင်ကြားမှ အဆင့်မြင့် အဖွဲ့ဝင် တစ်ဦးထံသို့ ကျရောက်သွားသည်။
ဖုန်းဝူချန်၏ အေးစက်ပြီး သတ်ဖြတ်လိုစိတ် ပြင်းထန်သော စူးရှသည့် အကြည့်နှင့် ဆုံမိသောအခါ ထိုလူမှာ ချက်ချင်း တုန်လှုပ်သွားပြီး သူ၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။
ဤပုဂ္ဂိုလ်မှာ ဖုန်းဝူချန်ထံသို့ သတင်း လာပို့ခဲ့သော ယွမ်တန်ဘုံ နဝမအလွှာ ပညာရှင်ပင် ဖြစ်သည်။
"ကျုပ်အဖေ ခြေထောက်ကို ခင်ဗျား ချိုးခဲ့တာ မဟုတ်ဘူးလား။ ခင်ဗျား ကိုယ်တိုင် ဝန်ခံပြောခဲ့တာကို တိတိပပ မှတ်မိနေတယ်။”
ဖုန်းဝူချန်က လေးနက်စွာ ဆိုလိုက်ပြီး သူ၏ ဘယ်ဘက်လက်ကို မြှောက်ကာ ထိတ်လန့်နေသော ထိုအဆင့်မြင့် အဖွဲ့ဝင်ထံသို့ ညွှန်လိုက်သည်။
"ဝှစ်"
“ရွှတ်"
ကြောက်မက်ဖွယ် စွမ်းအားများ သူ၏ လက်ညှိုးထိပ်တွင် စုစည်းသွားပြီး သွေးရောင် အလင်းတန်းတစ်ခု ဖျတ်ခနဲ လက်လာသည်။ ဆိုးရွားပြီး ကြောက်မက်ဖွယ်ကောင်းသော ထိုအလင်းတန်းသည် လျှပ်စီး၏ အလျင်နှုန်းဖြင့် ရုတ်တရက် ပစ်ခတ်သွားလေ၏။ မျက်စိတစ်မှိတ်အတွင်း ထိုအဆင့်မြင့် အဖွဲ့ဝင်၏ နှလုံးသားကို ထွင်းဖောက် ဝင်ရောက်သွားသည်။
သွေးရောင် အလင်းတန်းက မျက်စိတစ်မှိတ်အတွင်း ဖြတ်ပြေးသွားပြီး ယွမ်တန်ဘုံ နဝမအလွှာ ပညာရှင်အား ဝိဉာဉ်ခြွေသွားခဲ့လေသည်။
"ဟွမ်ရှန်း"
"သောက်ကောင်လေး၊ မင်း သတ်ရဲသေး တယ် ဟုတ်လား"
ပေမင် ဘိုးဘေးကြီးနှင့် အခြား အဆင့်မြင့် အဖွဲ့ဝင်များမှာ ဒေါသကြောင့် ဆွေ့ဆွေ့ခုန်နေကြတော့သည်။
ဖုန်းဝူချန်သည် ဤမျှ လက်ရဲဇက်ရဲ ရှိနေသေးသည့်အပေါ် သူတို့ ဒေါသထွက်နေကြသည်။
သို့သော် သူတို့ထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ ဝင်ရောက် မစွက်ဖက်ရဲကြပေ။ ပေမင်ခုံမှာ ဖုန်းဝူချန်၏ လက်ထဲတွင် ဓားစာခံ လုပ်ခံထားရရာ မဆင်မခြင် မလှုပ်ရှားရဲကြပေ။
"ငါ့အဖေ ခြေထောက် တစ်ဖက် ချိုးတဲ့ အတွက် မင်းအသက်နဲ့ ပြန်ပေးဆပ်ရမယ်"
ဖုန်းဝူချန်က အေးစက်စွာ ထုတ်ဖော်လိုက်ပြီး ကျန့်လင်တောင်ကြားမှ အဆင့်မြင့် အဖွဲ့ဝင်များကို ကြောက်ရွံ့ခြင်း အလျဉ်းမရှိပေ။
ထိုအခိုက်၊ ပထမ အကြီးအကဲက မျက်မှောင်ကြုတ်ရင်း တိုးတိုးလေး ကပ်ပြောလိုက်သည်။
"တောင်ကြားသခင်။ ကျွန်တော် ဖုန်းဝူချန်ရဲ့ ဝိညာဉ်ခန္ဓာကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်လိုက်မယ်၊ ခင်ဗျား အခွင့်အရေးယူပြီး တောင်ကြားသခင်လေးကို ကယ်ပါ။ ကျွန်တော်တို့ သူတို့ကို အရှင် လုံးဝ ပြန်လွှတ်လို့ မဖြစ်ပါဘူး။”
ထိုအခါ၊ ကျန့်လင်တောင်ကြား၏ ဘိုးဘေး ပေမင်က "အခု လှုပ်ရှားကြ”ဟု ပြင်းထန်စွာ ဟိန်းဟောက်လိုက်သည်။
သူ၏ စိတ်ရှည်မှုမှာ အဆုံးစွန်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်ပြီး ဖုန်းဝူချန်၏ ခန္ဓာကိုယ်အား တစ်စစီ ဆုတ်ဖြဲပစ်ရန် ဆုံးဖြတ်လိုက်လေပြီ။
ပထမ အကြီးအကဲသည် သူ၏ ဝိညာဉ်စွမ်းအား အားလုံးကို ဆင့်ခေါ်လိုက်ပြီး ပြတ်သားသော တိုက်ခိုက်မှုတစ်ခုကို စတင်လိုက်သည်။ စတုတ္ထအဆင့် ဆေးပညာရှင်တစ်ဦး၏ လွှမ်းမိုးနိုင်ပြီး ခမ်းနားလှသော ဝိညာဉ်စွမ်းအားသည် ဖုန်းဝူချန်ထံသို့ ရူးသွပ်မတတ် တိုးဝင်သွား၏။
ကျန့်လင်တောင်ကြား၏ ဘိုးဘေး ပေမင်သည် ဝင်ရောက် စွက်ဖက်ရန် အသင့်ပြင်ထားပြီး ဖြစ်သည်။ ဖုန်းဝူချန် ပြင်းထန်စွာ ထိခိုက်သွားသည်နှင့် တစ်ပြိုင်နက် သူသည် ပေမင်ခုံအား အမြန်ဆုံး အမြန်နှုန်းဖြင့် ကယ်တင်မည် ဖြစ်သည်။
သို့သော် သူတို့ကို နားမလည်နိုင်အောင် ဖြစ်သွားစေသည်မှာ ထိုကြောက်မက်ဖွယ် ဝိညာဉ်စွမ်းအားသည် ဖုန်းဝူချန်ထံသို့ ပေါက်ကွဲ ထိမှန်သွားသော်လည်း လုံးဝ တုံ့ပြန်မှု မရှိခြင်းပင် ဖြစ်သည်။
"အမ်…ဒါက"
ပထမ အကြီးအကဲမှာ ကြောင်ငေးသွားပြီး ရှုပ်ထွေးမှုများဖြင့် ဖုံးလွှမ်းသွားကာ ဘယ်လို ဖြစ်ပျက်နေသည်ကို လုံးဝ နားမလည်နိုင်တော့ပေ။
ကျန့်လင်တောင်ကြားမှ အဆင့်မြင့် ပုဂ္ဂိုလ်များမှာလည်း ကြောင်ငေးသွားကြသည်။
'ဒါ လောကကြီးမှာ ဘာတွေ ဖြစ်နေတာလဲ။'
"အဘိုးကြီး။ ခင်ဗျားက ဒီလောက် စွမ်းအား နည်းနည်းလေးနဲ့ ကျုပ်ကို
ထိ ခိုက်စေနိုင်မယ်လို့ ထင်နေလား"
ဖုန်းဝူချန်က မထီမဲ့မြင် မဲ့ပြုံး ပြုံးလိုက်ပြီး သူ၏ နှုတ်ခမ်းများမှာ ယုံကြည်မှု ရှိစွာ ကွေးတက်သွားသည်။
"ဟွန့်"
"ဝေါ့"
တဆက်တည်း၌၊ ဖုန်းဝူချန်က သူ၏ ဝိညာဉ်စွမ်းအားကို နှိုးဆော်လိုက်၏။ ၎င်းမှာ သန်မာပြီး လွှမ်းမိုးနိုင်စွမ်း ရှိလှ၏။ ထို့နောက် လေးလံသော အအေးစက်ဆုံး နှာမှုတ်သံ တစ်ချက်နှင့်အတူ သူ၏ ကြီးမားလှသော ဝိညာဉ်စွမ်းအားက ပထမ အကြီးအကဲအား သွေးများ အန်ထုတ်သွားစေ၏။
"ပထမ အကြီးအကဲ"
ဘိုးဘေး ပေမင်နှင့် အခြားသူများမှာ လန့်ဖျတ်သွားကြသည်။
"စတုတ္ထအဆင့် ဆေးပညာရှင် တစ်ယောက်က ဘယ်လိုလုပ် ဒီလောက် လွှမ်းမိုးနိုင်တဲ့ ဝိညာဉ်စွမ်းအား ရှိနေရ တာလဲ။ ငါ့ကို ချက်ချင်း ပြင်းပြင်းထန်ထန် ဒဏ်ရာ ရအောင် လုပ် နိုင်တယ်"
ပထမ အကြီးအကဲမှာ ကြောက်လန့်မှုကြောင့် ကျောက်ရုပ်ကြီးပမာ ငိုင်ကျသွားသည်။
ဖုန်းဝူချန်ကဲ့သို့ပင် စတုတ္ထအဆင့် ဆေးပညာရှင် တစ်ဦး ဖြစ်ပါလျက် သူ၏ ဝိညာဉ်စွမ်းအားမှာ အလွန် လွှမ်းမိုးနိုင်လွန်းသဖြင့် ပထမ အကြီးအကဲအား ချက်ချင်းပင် ပြင်းထန်စွာ ဒဏ်ရာ
ရရှိသွားစေခဲ့ခြင်းပင်။
ပထမ အကြီးအကဲသည် စတုတ္ထအဆင့် ဆေးပညာရှင်အဖြစ်သို့ တက်လှမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီ ဖြစ်ပြီး သူ၏ ဝိညာဉ်စွမ်းအားမှာ လုံးဝ သန်မာလှသည်။
ဘိုးဘေး ပေမင်နှင့် အခြားသူများမှာ လုံးဝ ဆွံ့အ၊ မှင်သက်ကြသည်။
ပထမ အကြီးအကဲရဲ့ ဝိညာဉ်စွမ်းအားနဲ့ အကြီးအကဲက ဖုန်းဝူချန်ရဲ့ ဝိညာဉ်စွမ်းအားကို… မယှဉ်ပြိုင်နိုင်ခဲ့
ဘူးလား။
"အဘိုးကြီး။ ခင်ဗျား ကိုယ်ထဲက မီး အဆိပ်တွေကို ကြည့်ရတာ။ ခင်ဗျား စတုတ္ထအဆင့် ဆေးပညာရှင်အဖြစ် တက်လှမ်းခဲ့တာ ရှစ်နှစ်ရှိနေပြီပဲ"
ဖုန်းဝူချန်က မထီမဲ့မြင် ဆိုလိုက်သည်။
“ရှစ်နှစ်လုံးလုံး ခင်ဗျားရဲ့ ဆေးပညာအဆင့်မှာ ဘာတိုးတက်မှုမှ မရှိဘူးတဲ့လား။ မီးအဆိပ်တွေက မကြာမကြာ ထထလာတယ်။ ခံရတာ တော်တော် ခက်ခဲနေမှာပဲ ဟုတ်လား။ ရှစ်နှစ်တောင် ကျော်လာတာကို ခင်ဗျား ဝိညာဉ်စွမ်းအားက နည်းနည်းလေးပဲ တိုးတက်လာတယ်နော်။”
ဤစကားကို ကြားသောအခါ ပထမ အကြီးအကဲမှာ အလွန် တုန်လှုပ်သွားပြီး ရုပ်တုတစ်ခုသဖွယ် နေရာမှာပင် တောင့်တင်းသွားသည်။ သူ၏ မျက်လုံးအိုကြီးများက ဖုန်းဝူချန်ထံတွင် စူးစိုက်နေ၏။
"ဖုန်းဝူချန်..သူ.. ဘယ်လိုများ သိနေရတာလဲ။ ပထမအကြီးအကဲ စတုတ္ထအဆင့် ဆေးပညာရှင်အဖြစ် ငါ ရပ်တန့်နေခဲ့တာ ရှစ်နှစ်တိတိ ရှိခဲ့ပြီဆိုတာကို သူ ဘယ်လိုလုပ်ပြီး ရိပ်မိနေတာလဲ။ ငါ့သွေးကြောထဲက မီးအဆိပ်တွေကို သူ မြင်နေတာလား။ ရှစ်နှစ်လုံးလုံး ငါ့ဝိညာဉ်စွမ်းအားတွေ တိုးတက်မှု မရှိသလောက် ဖြစ်နေတာကိုတောင် သူက ဖောက်ထွင်းသိမြင်နေတယ်တဲ့လား..."
'ဒါ ဘယ်လို နတ်ဘုရား စွမ်းရည်လဲ။'
ဘိုးဘေး ပေမင်နှင့် ပထမ အကြီးအကဲတို့ အလွန်အမင်း တုန်လှုပ်နေကြစဉ်မှာပင် တပည့်များက ဖုန်းကျိန့်ရှုံးအား ခေါ်ဆောင်လာခဲ့ကြပြီ ဖြစ်သည်။
ဖုန်းကျိန့်ရှုံး၏ ညာဘက် ခြေထောက်မှာ ကြေမွနေပြီး အလွန် ဆိုးရွားစွာ ဒဏ်ရာရရှိနေ၏။
" ဒေါ်ဒေါ်ရှောင်။ ဟိုမှာ ဦးလေးဖုန်း"
လင်ရှောင်ရှောင်က အလျင်အမြန် လှမ်းပြောလိုက်သည်။
"ကျိန့်ရှုံး"
ရှောင်ချင်းချင်းက စိုးရိမ်တကြီး ခေါ်လိုက်သည်။ ဤအခိုက်အတန့်မှာ၊ သူမသည် နောက်ဆုံး၌ စိတ်ခံစားချက်များကို မထိန်းချုပ်နိုင်တော့ဘဲ မျက်ရည်များမှာ ထိန်းမနိုင်သိမ်းမရ စီးကျလာတော့သည်။
ရှောင်ချင်းချင်းသည် ဝမ်းသာမျက်ရည်များ ကျလာခဲ့သည်။ နောက်ဆုံးတွင် သူ ဖုန်းကျိန့်ရှုံးအား လူကိုယ်တိုင် တွေ့မြင်လိုက်ရပြီ ဖြစ်သည်။
"ဦးလေးဖုန်း။ မြန်မြန် ဒီဆေးလုံးကို သောက်လိုက်ပါ"
လင်ရှောင်ရှောင်က ကုသဆေးလုံး တစ်လုံးကို ထုတ်ပေးလိုက်သည်။
"ထျန်း ..ထျန်းယွမ်ဘုံ"
ဖုန်းကျိန့်ရှုံး၏ မျက်လုံးများမှာ ကြောက်လန့်မှုဖြင့် ပြူးကျယ်သွားပြီး ဖုန်းဝူချန်အား ကြည့်ကာ အံ့ဩတကြီး အာမေဋိတ်ပြုလိုက်သည်။
"ချန်အာ ၊ ထျန်းယွမ်ဘုံကို တက်လှမ်းနိုင် ခဲ့ပြီ ဟုတ်လား"
ဖုန်းကျိန့်ရှုံး၏ ခြေထောက် ကျိုးကြေနေပြီး သူ၏ ဒဏ်ရာများ အလွန် ပြင်းထန်နေသည်ကို မြင်လိုက်ရသောအခါ ဖုန်းဝူချန်ထံမှ ထုတ်လွှတ်နေသော သတ်ဖြတ်လိုသည့် အရှိန်အဝါများမှာ အဆပေါင်းများစွာ တိုးမြင့်လာ၏။
"ကျန့်လင်တောင်ကြားက လူနှစ်ယောက်တောင် ကျုပ်လက်ချက်နဲ့ သေသွားပြီလေ...။ ကဲ... ပြောစမ်းပါဦး...။ အခုရော... ကျုပ်အဖေရဲ့ ခြေထောက်ကို ချိုးဖို့ သတ္တိရှိသေးလား…”
ဖုန်းဝူချန်က ခက်ထန်စွာ မေးလိုက်သည်။ သူ၏ အသံတွင် နိမ့်ကျသော ဟိန်းဟောက်သံ တစ်ခု ပါဝင်နေပြီး စကားလုံးတိုင်းမှာ အရိုးထဲ စိမ့်အောင် အေးစက်သော သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေ၏။
ထိုအခါ၊ ဖုန်းဝူချန်အား စားမတတ်ဝါးမတတ် ကြည့်လျက် ဘိုးဘေး ပေမင်က ခြိမ်းခြောက်လိုက်၏။
"ဖုန်းဝူချန်။ ခုံအာသာ သေသွားရင် မင်း တို့လည်း အသက်မရှင်စေရဘူး"
ဘိုးဘေး ပေမင်သည် ရုတ်တရက် အောက်သို့ လင်းလက် ပျံသန်းသွားပြီး ထျန်းယွမ်ဘုံ ပညာရှင်များလည်း ဆက်တိုက် ပေါ်ထွက်လာကာ ဖုန်းကျိန့်ရှုံးတို့ သုံးဦးအား ဝန်းရံထားလိုက်သည်။
ပြင်းထန်သော စွမ်းအားများကို သူ၏ လက်ဝါးတွင် စုစည်းလိုက်ပြီး ဘိုးဘေး ပေမင်သည် ဖုန်းကျိန့်ရှုံးတို့ အုပ်စုအား ရင်ဆိုင်လိုက်ကာ ဟိန်းဟောက်လိုက်၏။
"ဖုန်းဝူချန်၊ သူ့ ကို လွှတ်စမ်း"
"ရှောင်ရှောင်၊ မင်း.. မေမေနဲ့ ဖေဖေ့ကို ခေါ်ပြီး ထွက်သွားတော့"
ဖုန်းဝူချန်က အေးစက်စွာ အမိန့်ပေးလိုက်ပြီး ခြိမ်းခြောက်မှုကို လုံးဝ အလေးမထားပေ။
"ဟွန့်။ ထွက်သွားနိုင်မယ် ထင်နေ လား"
အကြီးအကဲ တစ်ဦးက ဒေါသတကြီး ဆိုလိုက်ပြီး လင်ရှောင်ရှောင်နှင့် အခြားသူများအား မထီမဲ့မြင် တစ်ချက် ဝေ့ကြည့်လိုက်၏။
"ငါ ထွက်သွားချင်ရင် နင်တို့ မတားနိုင် ဘူး"
လင်ရှောင်ရှောင်က အေးစက်စွာ တုံ့ပြန်လိုက်ပြီး သူ၏ အစစ်အမှန်ယွမ်ကို လည်ပတ်လိုက်ရင်း ဖုန်းကျိန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့အား ပင့်မြှောက်လိုက်သည်။
တစ်ချိန်တည်းမှာပင် သူတို့ ပတ်လည်တွင် စိမ်းပြာရောင် အကာအကွယ်လွှာတစ်ခုကို ဖွဲ့စည်းလိုက်၏။
"မိုက်မဲတဲ့ ကောင်မလေး။ မင်း သေလမ်း ရှာနေတာပဲ"
အကြီးအကဲ တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး သူ၏ အစစ်အမှန်ယွမ်ကို အားကောင်းစေကာ သူတို့ထံသို့ လက်ဝါးဖြင့် ပြင်းထန်စွာ ရိုက်ခတ်လိုက်သည်။
"ဘုန်း"
"ဝေါ့"
ပြင်းထန်သော လက်ဝါး ရိုက်ချက်သည် အကာအကွယ်လွှာကို ထိမှန်သွားပြီး ဘုန်းခနဲ ပေါက်ကွဲလာသည်။ ထိုအကြီးအကဲ၏ မျက်နှာသွင်ပြင်မှာ ပြင်းထန်စွာ ပြောင်းလဲသွားပြီးနောက် ချက်ချင်းပင် သွေးများ အန်ထုတ်လိုက်ရကာ သူ၏ ခန္ဓာကိုယ်မှာ နောက်သို့ လွင့်စင်ထွက်သွားတော့သည်။
'ဒါ ဒါ ဘယ် လို ဖြစ် နိုင် မှာ လဲ။'
ထိုအကြီးအကဲ၏ နှလုံးသားမှာ ထိတ်လန့်မှုများဖြင့် ပြည့်နှက်သွားသည်။ ထို ကြောက်မက်ဖွယ် စွမ်းအားက သူ့အား ငရဲထဲသို့ ထိုးကျသွားသကဲ့သို့ ခံစားလိုက်ရပြီး အရိုးထဲထိအောင် ထိတ်လန့်သွားစေသည်။
"ဒုတိယ အကြီးအကဲ"
ဘိုးဘေး ပေမင်နှင့် အခြား အဆင့်မြင့် ပုဂ္ဂိုလ်များမှာ အံ့ဩ ထိတ်လန့်သွားကြသည်။
'ထျန်းယွမ်ဘုံ ပထမအလွှာမှာ ဘယ်လိုလုပ် ဒီလောက် ကြောက်စရာကောင်းတဲ့ အကာအကွယ်လွှာ ရှိနိုင်ရမှာလဲ။'
‘ဒါ... ဒါ ဘယ်လို စွမ်းအားကြီးမျိုးလဲ။ ဒုတိယအကြီးအကဲရဲ့ ထျန်းယွမ်ဘုံ တတိယအလွှာ ကျင့်ကြံခြင်း အဆင့်နဲ့တောင်မှ... ဒီအရာကို တုန်ခါအောင်တောင် မလုပ်နိုင်ခဲ့ဘဲ... ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားခဲ့ပြီ…’
"ကိုယ့် အစွမ်း ကိုယ် မသိ တာ"
လင်ရှောင်ရှောင်က မထီမဲ့မြင် ဆိုလိုက်ပြီးနောက် ဖုန်းကျိန့်ရှုံးနှင့် ရှောင်ချင်းချင်းတို့အား ခေါ်ဆောင်ကာ ကောင်းကင်သို့ ပျံတက်သွားသည်။
ဘိုးဘေး ပေမင်နှင့် ကျန်လူများမှာ အလွန်အမင်း တုန်လှုပ်သွားကြပြီး သူတို့ကို လိုက်လံ မတားရဲတော့ပေ။
ထို စိမ်းပြာရောင် အကာအကွယ်လွှာမှာ အလွန် အားပြင်းလှသည် ဖြစ်ရာ သူတို့အား လုံးဝ ကြောင်ငေးသွားစေခဲ့ လေသည်။