သခင်လေးရှန့်
Vol. 126 Ch. 1756
“စစ်ပွဲလား...”
သခင်လေးက ရှန့်က ညာဘက်ပါးကို ကုတ်လိုက်ရင်း ခဏအကြာ၌ ဝိုင်ဗူးထဲမှ အရပ်ကို တစ်ငုံ့ သောက်လိုက်သည်။ နူးညံ့သိမ်မွေ့ပုံ ရသည့် အကြီးအကဲကတော့ တိတ်တဆိတ်ပင် စောင့်ကြည့် နေခဲ့သည်။ သူ၏ တောက်ပသော မီးခိုးရောင် နှောသည့် မျက်လုံးများမှာ ဝိညာဉ် အလင်းနှင့် တစ်လှည့်စီ တဖျတ်ဖျတ် လက်နေသည်။
“သာမန်လူတွေက စည်းစိမ်ဥစ္စာအတွက် စိတ်အားထက်သန်စွာ စစ်ခင်းကြတယ်... ငါကတော့ နှလုံးသား အတွက် စစ်ခင်းတယ်...”
သခင်လေးရှန့်က နောက်တစ်ငုံ သောက်လိုက်၏။ သူ၏ ကဗျာဆန်ဆန် စကားလုံးများက လောက၏ မန်နာနှင့် ပဲ့တင်ထပ်သွားသည်။
“ဒီရေစီးအောက်မှာ ပုန်းကွယ်နေတဲ့ လျှို့ဝှက်ကြံစည်မှုတွေ ရှိနေသေးတယ်... သခင်လေး”
လူအိုကြီးက ဖြည်းညင်းစွာပင် ပြောလိုက်သည်။ သခင်လေးရှန့်က ခေါင်းညိတ်လိုက်၏။
“ကျူးကျော်မှုတွေမှာ ဒီလိုဖြစ်တာ မျှော်လင့်ထားပြီးသားပဲလေ... ခင်ဗျား သူ့ကို ရှာတွေ့ပြီလား”
“မတွေ့သေးဘူး”
လူအိုကြီးက မျက်မှောင်ကြုတ်ရင်း ပြောလိုက်သည်။ သူ ရှေးဟောင်း ချိပ်ပိတ်နယ်မြေ အဖြစ် ဖွဲ့စည်းထားသည့် ကြယ်ကွင်းပြင် ဆယ့်ရှစ်ခုလုံးကို အသေအချာ ရှာဖွေခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း... ထိုအော်ရာ၏ အစအနကိုမျှ မတွေ့ရှိခဲ့ချေ။
“ကောင်းကင် ထိန်းချုပ်သူက မှားများ နေတာလား...”
သခင်လေးရှန့်က သံသယဖြင့် ပြောလိုက်၏။ လူအိုကြီးက ဤနေရာတွင် ထိုအော်ရာကို မတွေ့ဟု ဆိုလျှင် အမှန်တကယ် မရှိဟု ဆိုလိုသည်။ လူအိုကြီး၏ စွမ်းရည်ကို သူ အပြည့်အဝ ယုံကြည်သည်။
“သခင်လေး...”
လူအိုကြီးက သတိပေးသည့် လေသံဖြင့် ခေါ်လိုက်၏။ ၎င်းက အလောတကြီး နိုင်လှသော်လည်း ဆူပူသည့် အငွေ့အသက် အနည်းငယ်မျှပင် မပါခဲ့ချေ။ သေးငယ်သည့် သတိပေးချက်လေးတစ်ခုကဲ့သို့သာ ခံစားရသည်။
“သိပါတယ်... ကျုပ် သိပါတယ်”
သခင်လေးရှန့်က ပေါ့ပေါ့ပါးပါးပင် လက်ဝှေ့ယမ်းလိုက်သည်။
“ဟုတ်ပါတယ်လေ... ရွှေရောင်မျက်လုံးက အားလုံးကို မြင်နိုင်တယ်... အားလုံးကို သိနိုင်တယ်... ရာနှုန်းပြည့် မမှန်တဲ့ အချက်အလက်ကို ဘယ်တော့မှ မပေးဘူး... စိတ်ပူစရာမလိုပါဘူး... ကျုပ်ကို ငယ်ရွယ်ပြီး မသိနားမလည်တဲ့သူအဖြစ်ပဲ သူတို့ မှတ်ယူကြလိမ့်မယ်။”
လူငယ်လေးသည် နောက်တစ်ငုံ သောက်လိုက်၏။ သူ၏ မျက်လုံးများက လန်းဆန်းကာ စိတ်သက်သာရာ ရနေဟန် ရှိသည်။
“…”
လူအိုကြီးကတော့ တိတ်ဆိတ်နေ၏။ ထို့နောက်... ဝိညာဉ် အလင်းများ တဖျပ်ဖျပ် တောက်ပနေသည့် မျက်ဝန်းများဖြင့် ပတ်ဝန်းကျင် အာကာသတစ်လျှောက် ဝေ့ကြည့်လိုက်သည်။
“စိတ်ဝင်စားစရာပဲ...”
“တစ်ခုခု ဖြစ်သွားလို့လား”
သခင်လေးရှန့်၏ နားရွက်များက အနည်းငယ် ထောင်သွားခဲ့၏။ လူအိုကြီးက တစ်စုံတစ်ခုကို စိတ်ဝင်စားစရာ အဖြစ် သတ်မှတ်ခြင်းမှာ အတော်လေး ရှားပါးသည့် ကိစ္စ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အခြေခံ၊ အသက်အရွယ်နှင့် ကျယ်ပြန့်သည့် အတွေ့အကြုံတို့ကို ထည့်သွင်းစဉ်းစားပါက ဤကိစ္စက သာမန် မဟုတ်နိုင်ချေ။
“ရှေးဟောင်းပိတ်ဆို့နယ်မြေကို အာကာသနဲ့ အချိန် ကျိုးကြောင်း ဆက်နွယ်မှုက ပိတ်ဆို့ထားတယ်... သူတို့ရဲ့ အစစ်အမှန် နာမည်တွေကို မပြောပဲ တာအို ဘွဲ့နာမည်လောက်ကို ပေါ့ပေါ့ပါးပါး ရည်ညွှန်း ပြောဆိုမယ် ဆိုရင် ကောင်းကင်နဲ့ ပဲ့တပ်ထပ်နေတဲ့ ဝိညာဉ်တွေတောင် သတိထားမိမှာ မဟုတ်ဘူး”
လူအိုကြီးက အကဲဖြတ်လိုက်၏။ ရှေ့ဟောင်း ချိပ်ပိတ်နယ်မြေကို ပိတ်ဆို့ထားသည့် ကောင်းကင် ရတနာမှာ ၎င်း၏ တာဝန်များကို အလွန် သေချားစွာ သေချာစွာ ထမ်းဆောင်ထားကာ နယ်မြေတစ်ခုလုံးကို ထိထိရောက်ရောက် ပိတ်ဆို့ထားသည်။
“ဪ... ဒါဆို ငါ့ရဲ့ စော်ကားမှုတွေကို သူတို့ မကြားနိုင်ဘူးပေါ့”
သခင်လေးရှန့်မှာ စိတ်လှုပ်ရှား လာခဲ့၏။
“ဒါဆို သခင်လေးက စော်ကားနေမှန်းတော့ သိတယ်ပေါ့”
လူအိုကြီးက ပြုံးရင်း စနောက်လိုက်၏။ သခင်လေးရှန့်က ရယ်မောလိုက်သော်လည်း ဘာမှတော့ ဆက်မပြောတော့ချေ။
တစ်ခဏ ကြာပြီးနောက် လူအိုကြီးက စကားစလိုက်၏။
“သခင်လေး... အဲဒီ အော်ရာကို ခုထိ ရှာမတွေ့တာကတော့ နည်းနည်း ထူးဆန်းနေသလိုပဲ”
“ဒါဆို ခင်ဗျားပါ သံသယဝင်လာပြီလား... ဒါက ကျုပ်တို့ကို အိမ်ကနေ ပထုတ်ဖို့ စီစဉ်ထားတဲ့ ကမ္မ ထောင်ချောက် တစ်ခုများလား...”
သခင်လေးရှန့်က ဝိုင်ဗူးကို ခါးတွင် ချိတ်ဆွဲလိုက်ရင်း သံသယ ဖြစ်စွာဖြင့် မေးလိုက်သည်။
“အဲဒီလို ဖြစ်နိုင်ခြေတော့ အတော် နည်းပါတယ်”
လူအိုကြီးက အကဲဖြတ်လိုက်သည်။
“လိုအပ်ရင် ကျုပ်တို့ ဒီကနေ ထွက်လို့ရလား...”
သခင်လေးရှန့်က ထပ်မေးလိုက်၏။ ဤတစ်ကြိမ်တွင်တော့ လူအိုကြီးက ယုံကြည်ချက် အပြည့်ဖြင့် ခေါင်းညိတ်လိုက်သည်။
“ဒီနေရာမှာ ကန့်သတ်ချက်တွေ ရှိပေမယ့် ဟင်းလင်းပြင် တာအို ရတနာတွေနဲ့ ဆိုရင် အလွယ်လေး ကျော်လွှားလို့ ရတယ်... နယ်ပယ် တစ်ခုတည်းမှာ အားကောင်းနေပေမယ့် ဒီအားနည်းချက်တွေက အဲဒါရဲ့ အဆင့်နိမ့် အရည်အသွေးနဲ့ စဉ်းစားဉာဏ်မရှိဘဲ ဖန်တီးထားတာကို မီးမောင်းထိုးပြနေတယ်... အာကာသ နဲ့ အချိန် ကျိုးကြောင်း ဆက်နွယ်မှုဟာ အစစ်အမှန် အီသာကျောင်းရဲ့ အာကာသ ရတနာ တစ်ခု ဖန်တီးဖို့ အသုံးပြုခဲ့တဲ့ စွမ်းအင်ကြောင့် ဖြစ်နိုင်တယ်လို့ ကျုပ် ယုံကြည်တယ်... တစ်နည်း ပြောရရင် ကျွန်တော်တို့ဟာ အစစ်အမှန် အီသာ ကျောင်းရဲ့ အကာအကွယ်မဲ့တဲ့ အတွင်းပိုင်း လောက တစ်ခုနဲ့ မခြား နေရာ တစ်ခုမှာ ရှိနေတာ”
“ဒီလိုဆိုရင်တော့ ဒါက ထောင်ချောက်တော့ မဟုတ်ဘူး... ဘယ်လောက် ထူးဆန်းလိုက်လဲ
သခင်လေးရှန့်က မေးစေ့ကို ပွတ်သပ်ရင်း စဉ်းစားဟန်ဖြင့် မှတ်ချက်ပေးလိုက်သည်။
“ကျုပ် ဆက်ပြီး ရှာဖွေကြည့်ဦးမယ်”
လူအိုကြီးက ပြောလိုက်သည်။ သူ၏ မျက်လုံးများ အတွင်းရှိ ဝိညာဉ် အလင်းကတော့ တဖျပ်ဖျပ် လက်နေကာ ပိုမို၍ တောက်ပလာခဲ့၏။
“ဒီ စစ်ပွဲကကော ဘယ်လိုလဲ”
သခင်လေးရှန့်က လူအိုကြီးကို ဆက်လက်၍ အနှောက်အယှက် မပေးတော့ပဲ သင်္ဘော အစွန်းသို့ ရွေ့လျား သွားခဲ့သည်။ သူက ခြေချထိုင်လိုက်ကာ လက်များကို နောက်ဖက်သို့ ထောက်ရင်း မှီလိုက်၏။ ကျန်းယန်၏ ဓားအလင်းက သူ့ မျက်လုံးများ အတွင်း တောက်ပနေခဲ့သည်။
“လောကရှန့်ထို ကိုးပါးလား...”
သူ၏ အကြည့်များက အဆုံးမဲ့ ခရီးသွား နယ်မြေ၏ လောကရှန့်ထို ခုနစ်ပါး၊ ထျန်းတိုက်ကျုံးနှင့် ထာဝရ သရဖူ အခမ်းအနား ကျင်းပရာ လောကနယ်မြေရှိ ကြီကြပ်သူတို့ အပေါ်သို့ တစ်လှည့်စီ ကျရောက် သွားခဲ့သည်။ ထိုလူ အားလုံးမှာ မဟာ စက်ဝန်း ကြယ်ကွင်းပြင် အတွင်း သို့မဟုတ် အနီးတွင် ရှိနေကြသည်။
“လျှို့ဝှက် အလင်းရောင်ပြန် ခါးပတ်ပါတဲ့ ဒီနေကြယ်ကလည်း တကယ့်ကို ရတနာ တစ်ခုပဲ”
လူအိုကြီးက ဝင်ရောက် ပြောဆိုလိုက်သည်။
“သခင်လေး... စိတ်ကူးမယဉ်ဖို့ အကြံပြုလိုပါတယ်... အဲဒီနေကြယ်က ဝိညာဉ်ချည်နှောင် ထားပြီးသားပါ... သေမျိုး အကန့်အသတ်တဲ့ အထွတ်အထိပ်ကို ရောက်ဖို့ ကြိုးစားတဲ့ ဘယ်သူ ဖြစ်ဖြစ် နေကြယ်ဟာ အဲဒီလူနဲ့ ပူးပေါင်းပြီး ပျောက်ကွယ်သွားပါလိမ့်မယ်... ကျုပ် လက်ရှိ အခြေအနေအရဆိုရင် အဲဒီ ချည်နှောင်မှု ကို ဖယ်ရှားလို့ မရနိုင်ပါဘူး...”
“ဝိညာဉ်ချည်နှောင် ထားတာလား.... သူ့မှာ နေကြယ်ဝိညာဉ် ရှိတယ်ပေါ့”
သခင်လေးရှန့်မှာ အနည်းငယ် အံ့အားသင့် သွားခဲ့၏။ ဝိညာဉ်ချည်နှောင်ထားခြင်းမှာ စိတ်မျက်လုံးအတွင်း ရှိနေသည့် နေကြယ်တစ်ခုနှင့် ခြားနားခြင်း မရှိပါချေ။
“ရှိပါတယ်”
လူအိုကြီးက ပြန်ဖြေလိုက်သည်။ သူ၏ မျက်လုံးများက အဆုံးမဲ့ ကောင်းကင် နေကြယ်ကို စိုက်ကြည့် နေခဲ့သည်။ မက်မောမှု အလင်းရောင် အချို့က သူ့ အကြည့်အတွင်း လင်းလက် လာသော်လည်း တစ်ခါမှ မတည်ရှိဖူးသလိုပင် အလွန် လျှင်မြန်စွာ ပြန်လည် ပျောက်ကွယ် သွားခဲ့သည်။
နေကြယ် ဝိညာဉ်များမှာ နေကြယ်များ အတွက် အလွန် ရှားပါးသည်။ ၎င်းတို့ကို သေမျိုး တာအို၏ ကြယ်တာရာ လမ်းကြောင်းမှ အခြေတည် ဝိညာဉ်များ ကဲ့သို့ ဖော်ပြနိုင်သည်။ နေကြယ် တစ်ခုတွင် နေကြယ် ဝိညာဉ် ရှိသည့် အခါ ၎င်းတို့မှာ ကြယ်တာရာ ဝိညာဉ်များနှင့် အလွန် ဆင်တူကြပြီး အခြေခံ အသိဉာဏ်နှင့် အတူ ကိုယ့်ကိုယ်ကို ခုခံ ကာကွယ်ရန် ဗီဇအရ လုပ်ဆောင်နိုင်စွမ်း ရှိသည်။ နေကြယ် ဝိညာဉ် အချို့မှာ သိသိသာသာ ပိုမို၍ အဆင့်မြင့်သည်။ ဖီဆန်လေးမှာ အကောင်းဆုံး ဥပမာပင် ဖြစ်သည်။
“အဲဒီ နေကြယ်နဲ့ ချည်နှောင် ထားတဲ့သူက တော်တော် ကံကောင်းတာပဲ”
သခင်လေးရှန့်မှာ နောင်တရသည့် အရိပ်အယောင် များများစားစား မပြချေ။ ကံပါလာလျှင် ရလိမ့်မည်။ ကံမပါလျှင်လည်း မျက်ရည်တစ်စက်မျှ ကျဆင်လိမ့်မည် မဟုတ်ချေ။ အလားတူပင် သူ ပိုင်ဆိုင်သည်ဟု သတ်မှတ်ထားသည့် အရာများကိုလည်း အခြား မည်သူမှ ယူဆောင်သွားလို့ ရလိမ့်မည် မဟုတ်ချေ။ သူ မလိုချင်သော အရာများကိုလည်း သူ့ဘဝ တစ်လျှောက်လုံး ဒုတိယ အကြိမ် လှည့်ကြည့်လိမ့်မည် မဟုတ်ချေ။
“သခင်လေး... ကျုပ် စစ်မြေပြင်ရဲ့ ကူးပြောင်းရေး ဝင်္ကပါ နေရာကို ရှာတွေ့ပြီ”
“ကောင်းပြီလေ... ဒါဆိုလည်း သွားကြစို့”
သခင်လေးရှန့်က မတ်တပ် ထရပ်လိုက်ရင်း လက်ရန်းကို ကိုင်လိုက်၏။ သူက သင်္ဘောဦးမှ ထွက်ခွာရန် ရည်ရွယ်ချက် မရှိသည့်ပုံ ပေါ်သည်။
လူအိုကြီးက ညင်သာစွာ ပြုံးလိုက်ကာ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်၏။ ချက်ချင်းပင် သန့်ရှင်း စင်ကြယ်သည့် သင်္ဘောမှာ အဖြူရောင် ကြယ်တံခွန် တစ်ခု အဖြစ် ပြောင်းလဲ သွားခဲ့သည်။
သူတို့ ထွက်ခွာ သွားပြီးနောက် တစ်ဝက်တစ်ပျက် ဖောက်ထွင်း မြင်ရသည့် ပုံရိပ်ယောင် တစ်ခုမှာ ပေါ်လာခဲ့၏။ အကယ်၍ တည်နေရာကို ဂရုတစိုက် မှတ်သားထားမည် ဆိုပါက သူက လူအိုကြီး၏ နောက်ဖက် တိုက်ရိုက် နေရာတွင် ရပ်တည် နေခဲ့ကြောင်း သိရှိနိုင်ပေလိမ့်မည်။
၎င်းမှာ ဝေ့ဝူယင် ၏ ဟင်းလင်းပြင် ပုံရိပ်ပင် ဖြစ်လေတော့သည်။
***