← Chapters

ထျန်းတိုက်ကျုံး (၆)

Vol. 126 Ch. 1763

ထျန်းတိုက်ကျုံး (၆)

Vol. 126 Ch. 1763

ယင်ယန် အကာအကွယ် စက်ဝိုင်း အတွင်း၌ တာအို လက်တွဲဖော် နှစ်ဦးမှာ ဓားကိုင်လျက်၊ တစ်ဦးနှင့်တစ်ဦး ကျောချင်းကပ် ရပ်နေကြ၏။ သူတို့၏ အကြည့်များက လေးနက်နေကြသည်။

အပြင်ဘက်မှ ကြည့်ပါက သူတို့၏ စက်လုံးပုံ တိမ်တိုက် အကာအရံမှာ အဆက်မပြတ် ဝန်းရံ တိုက်ခိုက်ခံနေရသည့်အလား ရူးသွပ်စွာ လှိုင်းထနေသည်ကို တွေ့မြင်ရလိမ့်မည် ဖြစ်သည်။ တစ်စက္ကန့်၏ အပုံ တစ်ထောင်ပုံ တစ်ပုံတိုင်း ကုန်လွန်သွားတိုင်း သူတို့၏ မျက်နှာအမူအရာများမှာ ပို၍ မှောင်မိုက်လာကြသည်။ လျှို့ဝှက် စွမ်းအင်များမှာ အကာအကွယ် စက်လုံးအတွင်းကို လှိုင်းလုံးများပမာ စီးဆင်း ဝင်ရောက် နေကြသည်။

“လျှို့ဝှက် နယ်မြေ...”

စုနန်ကျူးက တာအို လက်တွဲဖော် နှစ်ယောက်အား ဝန်းရံနေသည့် စွမ်းအားကို အတိအကျပင် ဖော်ထုတ်လိုက်သည်။ ကျားယန်၏ မျက်လုံးများမှာလည်း ကျဉ်းမြောင်းသွားခဲ့သည်။ သို့သော်လည်း... သူက ဘာမှ မပြောချေ။

ထျန်းထိုက်ကျုံးက ယင်ယန် အကာအကွယ် စက်ဝိုင်းကို စိုက်ကြည့်ရင်း အနည်းငယ် ပြုံးလိုက်၏။ ထို့နောက် သူက စိတ်လိုလက်ရပင် ချီးကျူးလိုက်သည်။

“မင်းတို့ နှစ်ယောက်က နယ်ပယ်တွေနဲ့ တိုက်ခိုက်ဖူးတဲ့ အတွေ့အကြုံ ရှိတယ်ပေါ့... အလွှာအပြင်ဘက်က ကျင့်ကြံသူတွေက တကယ့်ကို မယုံကြည်နိုင်စရာ ကောင်းလှပါပေတယ်”

ရွှေရောင် တိမ်တိုက်များနှင့် လျှို့ဝှက် သင်္ကေတများ ပေါင်းစပ် ဖွဲ့စည်းထားသော စက်လုံးမှာ လျှို့ဝှက်နယ်မြေ၏ စွမ်းရည်များကို ချေဖျက်နိုင်ကြောင်း သူ ချက်ချင်း သတိထားမိသည်။ သူတို့ အသုံးပြုနေသည့် နည်းလမ်းက ထူးဆန်းစွာဖြင့် သိမ်မွေ့လှသည်။

ကျန့်ယန်နှင့် ဖန်ယွဲ့တို့ စုံတွဲမှာ ချီးကျူးစကား အပေါ် သာယာခြင်း မရှိပဲ အကာအကွယ် စက်ဝန်းကိုသာ အာရုံစိုက် နေကြ၏။ ၎င်းကိုသာ အပြီးသတ် မဖြေရှင်းနိုင်ပါက သူတို့ လောကတစ်ခုလုံးနှင့် အဆုံးမရှိ တိုက်ခိုက်နေရလိမ့်မည် ဖြစ်သည်။ စင်တီမီတာ အနည်းငယ် အတွင်းရှိ အာကာသ ပင်လျှင် ချွန်ထက်သည့် လက်နက် တစ်ခု အဖြစ် သူတို့ ခန္ဓာကိုယ်ကို ထိုးဖောက်သွားနိုင်သည်။

သို့သော်လည်း ယခုအချိန်အထိ ကျန့်ယန်မှာ ကြောက်စိတ် မပေါ်သေးချေ။ လျှို့ဝှက်နယ်မြေမှာ ကြောက်မက်ဖွယ် ကောင်းလှသော်လည်း သူ၏ တိုက်ခိုက်လိုစိတ်များက ပြင်းထန်စွာ တောက်လောင်နေဆဲ ဖြစ်သည်။ လောကရှန့်ထိုများနှင့် ကောင်းကင်ရှန့်ထိုများကို အချိန်ကာလ ကြာမြင့်စွာ ပြုစုပျိုးထောင်ပေးခဲ့သည့် ကလန် တစ်ခုတွင် နေထိုင်သူ တစ်ယောက် အနေဖြင့် သူတို့နှင့် မည်ကဲ့သို့ တိုက်ခိုက်ရမည်ကို သူ သင်ယူခဲ့ပြီး ဖြစ်သည်။

“ယွဲ့အာ...”

သူ အော်ဟစ်လိုက်သည်။

“အင်း...”

ဖန်ယွဲ့က မတုန့်မဆိုင်းပင် တုန့်ပြန်လိုက်သည်။ သူမက ဓားကို အပေါ်သို့ ပစ်တင်ကာ လက်နှစ်ဖက်ဖြင့် လက်ဟန် ချိပ်စည်းများကို ဖွဲ့စည်းရင်း တင်ပျဉ်ချိတ်ကာ ထိုင်ချလိုက်၏။ ကျန့်ယန်က ယင်သွေးကြောဖြတ်ဓားကို ဘယ်ဘက်လက်ဖြင့် ဖမ်းဆုပ်လိုက်ကာ ဓားနှစ်လက်ကို တစ်ဖက် တစ်ချက်စီတွင် ကိုင်စွဲလိုက်သည်။

ဝှစ်...

ရုတ်တရက်... ဖန်ယွဲ့ ပျောက်ကွယ်သွားခဲ့သည်။ ကျန့်ယန်က သူမကို သူ၏ အတွင်းပိုင်း လောက ထဲသို့ ထည့်သွင်းလိုက်ခြင်း ဖြစ်သည်။

ထို့နောက် ကျန့်ယန်က ဓားနှစ်လက်စလုံးကို ဝှေ့ယမ်းလိုက်ရင်း လေးဘက်လေးတန်သို့ ဓားအလင်း လှိုင်းများကို ထုတ်လွှတ်လိုက်သည်။ အခိုင်အမာ ဖြစ်တည်နေသည့် ရွှေရောင် တိမ်တိုက်များနှင့် လျှို့ဝှက် သင်္ကေတများ ပေါင်းစပ် ဖွဲ့စည်းထားသည့် စက်လုံးမှာ သူ၏ နဖူးအလယ် တည့်တည့်သို့ စုပ်ယူခံလိုက်ရကာ အနက်ရောင်နှင့် ရွှေရောင် ယင်ယန် သင်္ကေတ ပါဝင်သည့် တတိယမျက်လုံးကို ဖြစ်ပေါ်စေခဲ့လေသည်။

၎င်းက ပတ်ဝန်းကျင် အာကာသ အတွင်းရှိ အချိန် ၊ အာကာသ ၊ မန်နာနှင့် အလင်း သဲလွန်စအားလုံးကို ဖျက်ဆီးပစ်လိုက်သည်။ ကျန့်ယန်မှာ ခြိမ်းခြောက်မှုများကို တိုက်ခိုက်မှု တစ်ခုတည်းဖြင့် ချက်ချင်း ဖယ်ရှားပစ်လိုက်ခြင်း ဖြစ်သည်။

ထျန်းတိုက်ကျုံးက ပြုံးလိုက်၏။ ထို့နောက် ရှေ့သို့ တစ်လှမ်း လှမ်းလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ကျန့်ယန် ဖျက်ဆီးခဲ့သည့် အာကာသမှာ နတ်ဘုရား တစ်ပါး၏ ဥပဒေသ အောက်တွင် ရှိနေသည့် အလား ပြန်လည် ဖြစ်ပေါ်လာခဲ့၏။ ထိုအထက်၌ တံတားတစ်စင်း ထွန်းလာ၏။

ဝှစ်...

ထျန်းတိုက်ကျုံးမှာ တံတားကို နင်းရင်း တည်ငြိမ်စွာ လျှောက်လာခဲ့သည်။ လျှို့ဝှက် အာဏာရှင် တစ်ယောက်၏ မျက်တောင် တစ်ခတ်စာ အတွင်းမှာပင် သူက မိုင်သန်းပေါင်းများစွာကို ဖြတ်သန်းကာ ကျန့်ယန်၏ ရှေ့သို့ ရောက်ရှိလာခဲ့ပြီး ဖြစ်သည်။ ကျန်ယန်နှင့် ဆယ်မီတာမျှပင် မကွာဝေးတော့ချေ။

“ငါက အဝေးမှာပဲ နေမယ်လို့ မင်း ထင်နေတာလား...”

ထျန်းတိုက်ကျုံးက ရယ်မောရင်း မေးလိုက်သည်။ ကျန့်ယန်က ထိုမေးခွန်းကို မဖြေဘဲ စကားတစ်လုံးတည်းဖြင့်သာ တုံ့ပြန်လိုက်လိုက်၏။

“ငါ့ကို စိတ်ပျက်အောင် မလုပ်နဲ့...”

“ကောင်းပြီ”

ထျန်းတိုက်ကျုံးက ခေါင်းညိတ်လိုက်သည်။ ကျန့်ယန်က အချိန်မဆွဲတော့ပဲ ဓားနှစ်ဖက်ကို ကိုင်စွဲကာ ရှေ့သို့ ခုတ်ထစ်လိုက်သည်။ အလွန်နီးကပ်သည့် အကွာအဝေးကြောင့်ပင် သူ၏ တိုက်ခိုက်မှုက စိတ်ကူး မယဉ်နိုင်လောက်အောင် လျှင်မြန်လှသည်။ သူက ခြေချခြင်း ကျင့်စဉ် နှစ်ခုကို တစ်ပြိုင်နက်တည်း အသုံးပြုနေခြင်း ဖြစ်သည်။

နဝမ အဆင့် ခြေချခြင်း ကျင့်စဉ်... ရွှေရောင်ဓား၏ ကောင်းကင်တေးသွား...

နဝမ အဆင့် ခြေချခြင်း ကျင့်စဉ်... မြူခိုးဓား၏ ကောင်းကင်တေးသွား...

ခြေချခြင်း ကျင့်စဉ် နှစ်ခုစလုံးမှာ ကြယ်တာရာ နယ်မြေများကိုပင် ဖျက်ဆီးနိုင်သည့် အမြင့်ဆုံး ခြေချခြင်း ကျင့်စဉ်များထဲ၌ ပါဝင်ကာ လောကရှန့်ထို နှစ်ဦး၏ ပေါင်းစည်းမှုတွင် အပြစ်အနာအဆာ ကင်းခဲ့သည့် ဓားအလင်း တစ်ခုကို ဖြစ်ပေါ်စေခဲ့လေသည်။ ၎င်းမှာ ယခင်ကထက် နှစ်ဆမျှ အင်အားကြီးမားလာ၏။

“ဟမ့်...”

ထျန်းတိုက်ကျုံးက လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ဓားနှစ်ဖက်ကို ဖမ်းယူလိုက်၏။ ဓားအလင်းက ရုတ်ချည်းပင် ပြိုကွဲ သွားခဲ့သည်။

ပြီးပြည့်စုံစွာ ပြုစုပျိုးထောင်ထားသည့် အင်ပါယာ ဥပဒေသ အော်ရာမှာ ဓားသွား တစ်ခုချင်းစီ အတွင်း ကျူးကျော် ဝင်ရောက် သွားခဲ့သည်။ အဆိုပါ အော်ရာမှာ ဩဇာတိက္ကမကြီးမားပြီး အာဏာရှင်ဆန်လှသော်လည်း နူးညံ့ပြီး တည်ငြိမ်နေ၏။

“ချိုး”

ဖောက်ဖျက်လို့ မရနိုင်သည့် အင်ပါယာ အမိန့်တစ်ခုကို နားထောင်နေရ သကဲ့သို့ လက်ထဲရှိ ဓားနှစ်လက်မှာ စတင် တုန်ရီလာကြ၏။

ကျန်ယန်၏ မျက်လုံးများမှာ ထိစပ်လုမတတ် အထိ ကျဉ်းမြောင်း သွားခဲ့သည်။

ခရက်…

ဓားနှစ်လက်အနက် တစ်လက်မှာ အက်ကွဲသွားကာ ကျန်တစ်လက်မှာ နှစ်ပိုင်း ပြတ်သွားခဲ့သည်။

“အပင်ပေါက်ခြင်း အဆင့်…”

စုနန်ကျူးနှင့် ကျားယန်တို့ နှစ်ဦးစလုံး ထိတ်လန့် တုန်လှုပ်စွာဖြင့် အော်ဟစ်လိုက်မိကြ၏။

ဘုန်း… ဘုန်း…

ချက်ချင်းပင်… သူတို့ နှစ်ယောက်စလုံး ရှေ့သို့ ပြေးထွက်လာကြကာ လျှို့ဝှက် စွမ်းအင်ကို ကြမ်းတမ်းစွာ ထုတ်လွှတ်ရင်း ညကောင်းကင်၏ သေခြင်းမဲ့ကြယ်တာရာများ အစီအရင်ကို ထိုးဖောက်ရန် ကြိုးစားလိုက်ကြသည်။

လျှို့ဝှက် အာဏာရှင် အဆင့် ခုနစ် ဖြစ်သည့် အာဏာရှင် ရှန့်ထို အဆင့်ကို ဝင်ရောက်ဖို့ ရည်မှန်းချက် ရှိသူတိုင်းမှာ ဥပဒေသ မျိုးစေ့ အပင်ပေါက်ခြင်း အဆင့်၏ အရေးပါမှုကို နားလည်ကြသည်။ ဥပဒေသ မျိုးစေ့ တစ်ခု၏ ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းကို အမျိုးအစား သုံးမျိုး ခွဲခြားထားသည်။ ၎င်းတို့မှာ သန္ဓေတည်ခြင်း အဆင့်၊ ပျိုးထောင်ခြင်း အဆင့်နှင့် အပင်ပေါက်ခြင်း အဆင့် တို့ဖြစ်သည်။

သန္ဓေတည်ခြင်း အဆင့်မှာ ဥပဒေသ မျိုးစေ့ကို ဖန်တီးခြင်း ဖြစ်သည်။ သဘာဝအတိုင်း ဖြစ်စေ၊ အတင်းအကြပ် သဘာဝဖြင့် ဖြစ်စေ… ဥပဒေသ မျိုးစေ့ကို အောင်မြင်စွာ ဖန်တီးပြီးနောက် ပျိုးထောင်ခြင်း အဆင့်ကို သဘာဝအတိုင်းပင် ဝင်ရောက်သွားသည်။

အဘယ်ကြောင့် ဆိုသော် မျိုးစေ့ တစ်ခု ဖွံ့ဖြိုးတိုးတက်ရန် အတွက် ရေလောင်း၊ ပေါင်းသင်၊ မြေဩဇာဖြည့် ပြုစု ပျိုးထောင်ပေးဖို့ လိုအပ်ကာ ထို့နောက်မှသာ ဖူးပွင့်နိုင်သောကြောင့် ဖြစ်သည်။

ပျိုးထောင်ခြင်း အဆင့်မှာ လောကရှန့်ထိုများ အတွက် အလွန်ပင် အရေးကြီးသည်။ ဥပဒေသ မျိုးစေ့ တစ်ခုမှာ လျှို့ဝှက်တာအိုထံသို့ တံတားတစ်စင်း အဖြစ် လုပ်ဆောင် ပေးနိုင်ကာ ကောင်းကင် ရောင်ခြည်ကို ထုတ်ယူနိုင်ရန်၊ ထိန်းသိမ်းရန်နှင့် ကျင့်ကြံရန် လုပ်ဆောင် ပေးနိုင်သည်။ ထိုအတွက် ဥပဒေသ မျိုးစေ့ကို အနည်းဆုံး ၉% ပြုစုပျိုးထောင်ပေးဖို့ လိုအပ်သည်။ အနည်းဆုံး ၉ ရာခိုင်နှုန်း အထိ ရောက်ရှိမှသာ ကောင်းကင်ရှန့်ထို အဆင့်ကို တက်လှမ်းရန် အဆင့်မှီသည်။

သို့သော်လည်း အာဏာရှင် ရှန့်ထို (လျှို့ဝှက် အရှင်သခင်) တစ်ယောက် ဖြစ်လာဖို့ အတွက်မူ ပျိုးထောင်ခြင်း အဆင့်၏ ၈၁% ကို ရောက်ရှိရမည်ဖြစ်သည်။

ဤအချက်တစ်ခုတည်းကပင် ထျန်းတိုက်က်ကျုံး၏ အင်ပါယာ ဥပဒေသ မျိုးစေ့ အပင်ပေါက်ခြင်း အဆင့်သို့ ရောက်ရှိသွားခဲ့ခြင်း၏ အရေးပါပုံကို အပြည့်အဝ နားလည်ရန် လုံလောက်သည်။

ပျိုးထောင်ခြင်း အဆင့်ကို ရာနှုန်းပြည့် အောင်မြင်မှသာ အပင်ပေါက်ခြင်း အဆင့်ကို ရောက်ရှိနိုင်လိမ့်မည် မဟုတ်ပါလား။

ထိုထျန်းတိုက်ကျုံးမှာ တစ်ခေတ်တွင် တစ်ယောက် ပေါ်ထွန်းခဲသည့် ပါရမီရှင် တစ်ယောက် ဖြစ်နေသည်မှာ ထင်ရှား နေချေပြီ ဖြစ်လေသည်။

စုနန်ကျူးနှင့် ကျားယန်တို့ နှစ်ယောက် အချိန် မဆွဲပဲ ကိုယ်စီ လက်နက်များကို ထုတ်ယူလိုက်ကြလေတော့၏။

***

All Chapters