ထျန်းတိုက်ကျုံး (၂)
Vol. 126 Ch. 1754
လွန်ခဲ့သည့် ဆယ်စုနှစ် အနည်းငယ်ခန့် အတွင်း၌ ထျန်းရှောင်ချွမ်း တစ်ယောက် ဝေ့ဝူယင်အား အပြင်းအထန် တွန်းအားပေးခဲ့သည်မှာ အမှန်ပင်။ ထိုအရာ အားလုံးက ထျန်းတိုက်ကျုံး လွတ်မြောက်စေရန်နှင့် သူမ၏ ကိုယ်ပိုင် ရည်ရွယ်ချက်ကို အပြီးသတ်နိုင်ရန်အတွက် ဖြစ်သည်။
ထိုတစ်တောက်လျှောက်လုံး သူမ ဝေ့ဝူယင်ကို အကြိမ်ကြိမ် နှောက်ယှက်ခဲ့ကာ ဟွမ်ရီကောင်းပင် သေဆုံးခဲ့ရသည် အထိ တွန်းအားပေးခဲ့သည်။ သို့သော်လည်း ထိုအရာများမှာ တစ်ခုမှ အလုပ်မဖြစ်ခဲ့ပေ။
နောက်ဆုံးတွင် ဝေ့ဝူယင်မှာ သူ၏ မဟာ သူရဲကောင်း ကို စေလွှတ်ခဲ့ကာ ထျန်းတိုက်ကျုံးအား တိုက်ရိုက် လွှတ်မြောက်စေသည်။ ထို့ကြောင့်ပင် သူမ၏ အစီအစဉ်များအားလုံးမှာ မိုက်မဲပြီး အဓိပ္ပါယ်မရှိသလို ဖြစ်သွားခဲ့သည်။ သူမ လုပ်ခဲ့သည့် တစ်ခုတည်းသောအရာမှာ ကြောက်မက်ဖွယ်ကောင်းသော သတ္တဝါတစ်ဦးကို စိတ်အနှောင့်အယှက် ဖြစ်စေခဲ့ခြင်းသာ ဖြစ်သည်။ အာရုဏ်ဦး အဂ္ဂိရတ် ကုန်စည်ပြပွဲ အတွက် အစီအစဉ် တင်ဆက်သူ အဖြစ် ဆောင်ရွက်ခဲ့ခြင်းကပင် သူ့ကို ကျေနပ်စေဖို့ မလုံလောက်ခဲ့ချေ။
“သူက မင်းကို သူ့အတွင် ဘာလုပ်ပေးစေချင်တယ် ဆိုတာ ငါ သိချင်တယ်...”
ထျန်းတိုက်ကျုံးကတော့ လုံးဝ စိတ်မပူပုံရသည်။ သို့သော်လည်း... ဝေ့ဝူယင်ထံတွင် ထျန်းရှောင်ချွမ်းနှင့် ပတ်သက်သည့် အစီအစဉ်များ ရှိနေပါက၊ သူ ပြန်လည်သုံးသပ်ရတော့မည် ဖြစ်သည်။
“သူ မင်းကို ပြောပြထားတာ ရှိလား...”
ထျန်းတိုက်ကျုံးက တိုက်ရိုက်ပင် မေးလိုက်သည်။ ထျန်းရှောင်ချွမ်း ခေါင်းခါလိုက်သည်။ ယခုအချိန်အထိ သူမ စကားတစ်ခွန်းမျှ မဟဝံ့သေးချေ။
သူမကမူ ခေါင်းခါလိုက်သည်။ စကားတစ်လုံးမျှပင် မပြောဝံ့သေးပေ။
“ဟမ့်...”
ထျန်းတိုက်ကျုံး နှာခေါင်းရှုံ့လိုက်မိ၏။ ပုံမှန် အားပြိုင်မှုများတွင် ဆိုလျှင် သူက အမြဲတမ်း အကြီးမားဆုံးသော လျှို့ဝှက်ချက်ကို ထိန်းသိမ်းထားတတ်သူ ဖြစ်သည်။ နောက်ဆုံးရလဒ် မထွက်ပေါ်လာခင် အချိန်အထိ သူ ဘာတွေးနေသည်ကို မည်သူမှ မသိခဲ့ကြချေ။ သို့သော်လည်း... ယခုအခါတွင်တော့ ဆန့်ကျင်ဘက်ပင် ပြိုင်ဘက်ဖြစ်သူ မည်သည့်အရာများ တွေးတောနေသည်ကိုပင် သူ မခန့်မှန်းနိုင်ခဲ့ချေ။
ဝေ့ဝူယင်က သူ့ကို လွှတ်ပေးခဲ့ရုံသာ မက သူ့ဇနီးကိုလည်း လိုချင်နေခဲ့သည်။ ထျန်းရှောင်ချွမ်းက ဘာမှ မသိဟု ဆိုသော်လည်း ယင်ကို ချိပ်ပိတ်ထားရန်နှင့် ခန္ဓာကိုယ်ကို ကာကွယ်ရန် သူမကို လမ်းညွှန်ချက်များ ပေးခဲ့ပြီး ဖြစ်သည်။ အကယ်၍ သူမသာ ၎င်းကို ချိုးဖောက်ပါက ခြိမ်းခြောက်မှုက ရှင်းလင်းပေသည်။
သို့သော်လည်း... ဝေ့ဝူယင်မှာ ထျန်းရှောင်ချွမ်း၏ အလှကို မက်မောသောကြောင့် လိုချင်ခြင်း ဖြစ်ကြောင်း တွေးတောလောက်သည် အထိ ထျန်းတိုက်ကျုံး မအသေးချေ။ ဝေ့ဝူယင်မှာ အဂ္ဂိရတ် တာအိုတွင် သူနှင့် နှိုင်းယှဉ်နိုင်သည့် ကျင့်ကြံခြင်း အဆင့်ကို ရောက်ရှိထားသူ ဖြစ်သည်။ ထို့အပြင် ကိုယ်ပိုင် ကြယ်တာရာ နယ်မြေ တစ်ခုကို တည်ထောင်ကာ များလှစွာသော မြေကြီး ရှန့်ထိုများကိုပင် လက်သပ် မွေးထားသူ ဖြစ်သည်။ သူ့အတွေးများက ထိုမျှ ရိုးရှင်းလိမ့်မည် မဟုတ်ချေ။
ဝေ့ဝူယင်၏ အစစ်အမှန် ရည်မှန်းချက်က မည်သည့် အရာ ဖြစ်ကြောင်း မသိလေရာ ထျန်းတိုက်ကျုံး တစ်ယောက် မချင့်မရဲ ဖြစ်လာခဲ့၏။ ယောက်ျား တစ်ယောက် အနေဖြင် ထိုခံစားချက်ကို သူ မကြိုက်ချေ။
“ငါက နောက်ထပ် ကျားကွက် တစ်ခုပေါ်မှာ ရှိနေတာလား... သူ့ရဲ့ ကစားသမား တစ်ယောက်တောင် ဖြစ်နေတာလား”
ထျန်းတိုက်ကျုံး ခါးသီးစွာ တွေးလိုက်မိ၏။ သို့သော်လည်း သူ၏ ကျင့်ကြံခြင်း နှလုံးသားက မတုန်မလှုပ် ရှိနေဆဲ ဖြစ်သည်။ ခါးသီးမှုက လျှင်မြန်စွာပင် ပျောက်ကွယ်သွားခဲ့၏။
“နင် မကွာရှင်းချင်ဘူး ဆိုရင်တော့ ဒီကိစ္စကို ငါ ကိုင်တွယ်လိုက်မယ်... ကောင်းကင်ပြိုကျလာမယ် ဆိုရင်တောင် ငါ အစားထိုးပေးမယ်”
ထျန်းတိုက်ကျုံး၏ စကားလုံးများက မိန်းကလေး နှစ်ယောက်စလုံးကို တုန်ရီသွားစေခဲ့၏။ ကောင်းကင် ပြိုကျလာလျှင်ပင် အစားထိုးပေးမည်။ ဘယ်လောက်တောင် အံ့ဩစရာ ကောင်းလှသည့် စကားလုံးများနည်း။
“အိုး...”
ထျန်းတိုက်ကျုံးက နောက်တစ်ကြိမ် ခေါင်းမော့ကြည့်လိုက်၏။ အလွန် ကြောက်မက်ဖွယ် ကောင်းသော အော်ရာများကို ပိုင်ဆိုင်ထားသည့် မြေကြီး ရှန့်ထိုများကို ကြည့်ရင်း သူက အနည်းငယ် ပြုံးလိုက်သည်။
“သူတို့ ရောက်လာပြီ...”
...
အဆုံးမဲ့ ကောင်းကင် နယ်မြေ၏ နယ်နိမိတ် တစ်လျှောက်၌ အခြေအနေများမှာ စက္ကန့်နှင့် အမျှ ပိုမို၍ ကြောက်မက်ဖွယ် ကောင်းလာ နေခဲ့သည်။ ကောင်းကင် ဖျက်ဆီးသူများနှင့် အင်ပါယာ မျိုးနွယ်၏ စစ်တပ်များမှာ ဖြန့်ကျက်ကာ နေရာယူထားသည့်တိုင် တဖြည်းဖြည်း တိုးပွားလာသည့် အဆုံးမဲ့ ခရီးသွား နယ်မြေ၏ လျှို့ဝှက် အာဏာရှင် အရေအတွက်ကြောင့် ဒေသခံများ ကြားတွင် စိုးရိမ် ပူပန်မှုများ၊ သတိထားမှုများ ပေါ်ပေါက် လာခဲ့သည်။
သို့သော်လည်း သူတို့၏ စိတ်ခွန်အားများကတော့ ခိုင်မာစွာ ရှိနေသေးဆဲ ဖြစ်သည်။ မဟာစက်ဝန်း ကြယ်ကွင်းပြင် တစ်လျှောက် ဖြစ်ပေါ်နေသည့် ပျက်စီးမှုများမှာ ဤကျူးကျော်သူများ ယူဆောင်လာသည့် ဖျက်ဆီးမှု လက္ခဏာများပင် ဖြစ်သည်။ ထိုကျူးကျော်သူများကို ကြောက်ရွံ့နေလို့ ဘာမှ ထူးလိမ့်မည် မဟုတ်ချေ။
သူတို့၏ နောက်တွင် မိသားစုများ၊ မိတ်ဆွေများ ရှိသည်။ ထိုချစ်ရသူများ အတွက် သူတို့ တိုက်ခိုက်ရမည်။ သူတို့၏ နေအိမ်ကို လုယက် ဖျက်ဆီးခွင့် လုံးဝ လုံးဝ မပေးနိုင်ချေ။
“ဒီကောင်တွေက ဘယ်က ငနဲတွေလဲ...”
ကောင်းကင် ဧကရာဇ်ပိုင်က အရှေ့ အရပ်ရှိ ကောင်းကင် အုပ်စိုးသူကို ထိန်းချုပ်ရင်း ဒေါသတကြီး အော်ဟစ်လိုက်၏။
"စိတ်အေးအေးထား..."
ထျန်းတိုက်ကျုံး၏ အဘိုးဝမ်းကွဲ တော်စပ်ပြီး နဂါး လက်သီး အင်ပါယာ ဧကရာဇ် အဖြစ် ကျော်ကြားသည့် ထျန်းဝေလုံက တည်ငြိမ် အေးချမ်းသည့် လေသံဖြင့် ပြောလိုက်သည်။
သူက မြေကြီး ရှန့်ထို အဆင့်ကို လွန်ခဲ့သည့် နှစ်ရာဂဏန်းလောက်ကမှ တက်လှမ်းခဲ့သည့် နုပျိုသော မြေကြီး ရှန့်ထို မိန်းကလေး တစ်ဦးနှင့် အတူ အရှေ့တောင်ဘက် အရပ်ရှိ ကောင်းကင် ဖျက်ဆီးသူကို ထိန်းချုပ် မောင်းနှင် နေခဲ့ခြင်း ဖြစ်သည်။
ထိုအခိုက်၌ ကောင်းကင် ဧကရာဇ်နှင့် ကောင်းကင် အင်ပါယာများ အားလုံးမှာ စစ်ဘက်သုံး ဝိညာဉ် ကျောက်စိမ်း ပစ္စည်းများကို သုံး၍ အချိန်နှင့်တပြေးညီ အချင်းချင်း ဆက်သွယ်နိုင်သော ဝိညာဉ် ကွန်ရက်တစ်ခု အတွင်းတွင် ရှိနေကြခြင်း ဖြစ်သည်။ ထျန်းလင်းယု၊ ထျန်းမူယန်၊ ထျန်းရှန်းယန် (ထျန်းမူယန်၏ မြေးဝမ်းကွဲ)၊ ယန်ချောင်ယွီတို့သာ မက ကောင်းကင် ဧကရာဇ်ပိုင်နှင့် ကောင်းကင် ဧကရာဇ်ကုန်းတို့လည်း ရှိနေခဲ့သည်။
မကြာသေးခင်ကမှ အသစ် ခန့်အပ်ထားသည့် အမျိုးသမီး ကောင်းကင် ဧကရာဇ်နှင့် ဆိုပါက ကောင်းကင် ဧကရာဇ် လေးဦး၊ အင်ပါယာ ဧကရာဇ် လေးဦး၊ စုစုပေါင်း မြေကြီးရှန့်ထို ရှစ်ဦး ရှိနေသည်။ ပုံမှန်အားဖြင့် ထိုအင်အားမှာ အလွန် ကြောက်မက်ဖွယ် ကောင်းလှကာ ကြယ်တာရာ နယ်မြေပေါင်းများစွာကိုပင် သိမ်းယူ ပစ်နိုင်ဖို့ လုံလောက်သည်။
သို့သော် ပြင်ပမှ ကျူးကျော်သူ အင်အားစုသည်လည်း စုစုပေါင်း မြေကြီး ရှန့်ထို ဆယ့်သုံးဦးကို စုစည်းထားခဲ့ပြီး ဖြစ်သည်။ သူတို့က အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေကို လမ်းကြောင်း အမျိုးမျိုးမှ ပိတ်ဆို့ ဝန်းရံထားကာ အရေအတွက်မှာလည်း တိုးပွားလာနေဆဲ ဖြစ်သည်။
ကောင်းကင် ဧကရာဇ် ပိုင်နှင့် ကောင်းကင် ဧကရာဇ်ကုန်း နှစ်ဦးမှာ ကောင်းကင် ဖျက်ဆီးသူ တစ်စင်းကို ပူးတွဲ မောင်းနှင်နေကြကာ ကျန်သူများကတော့ လွတ်လပ်စွာဖြင့် ဦးတည်ချက် ခြောက်ခုအနက် တစ်ခုကို အစောင့်အရှောက် လုပ်နေကြသည်။
“သူတို့ မျက်လုံးထဲက လောဘတွေက ထင်ရှားလွန်းတယ်”
ထျန်းမူယန်က မျက်မှောင်ကြုတ်ရင်း ရေရွတ်လိုက်၏။ ထိုကျူးကျော်သူများမှာ ယခုအထိ မလှုပ်ရှားကြသေးသော်လည်း မီးအလင်းရောင်ကို တွေ့သည့် ပိုးဖလံများလို ဝန်းရံ နေကြပြီ ဖြစ်သည်။ သူတို့၏ မျက်လုံးများထဲတွင် ကြောက်ရွံ့မှု လုံးဝ မရှိပဲ လောဘနှင့် အခွင့်အရေး ယူလိုသည့် ဆန္ဒတို့သာ ရှိနေခဲ့သည်။
အဆုံးမဲ့ ကောင်းကင် အတွင်းရှိ နယ်မြေများနှင့် ဂြိုဟ်များ၊ လများပေါ်သို့ အကြည့်များ ရောက်ရှိသွားတိုင်း ကျူးကျော်သူတို့၏ အမူအရာများက မရိုးမရွ ဖြစ်လာကြောင်း သူ မြင်နိုင်ပေသည်။
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်းရှိ ကောင်းကင်ခန္ဓာ တစ်ခုချင်းစီမှာ အဆုံးမဲ့ ကောင်းကင် နေကြယ်၏ ကြွယ်ဝလှသည့် အမတေများထဲတွင် နှစ်ပေါင်း သောင်းနှင့်ချီ စိမ်ထားသည့် အဖိုးတန် ရတနာများ ဖြစ်ကြပြီး နတ်ဘုရား ဆန်လှသည့် အရင်းအမြစ်နှင့် အဖိုးတန် ပစ္စည်း အများအပြားကို ထိန်းသိမ်းထားသည်။
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်း၌ လျှို့ဝှက် မြေကြီး အဆင့် ပစ္စည်း အရေအတွက်မှာ မရေမတွက်နိုင်လောက်အောင်ပင် များသည်။ ၎င်းတို့ကို မှန်ကန်စွာ အသုံးချနိုင်မည့် ကျင့်ကြံသူနှင့် အဂ္ဂိရတ် ပညာရှင်များ လုံလောက်စွာ မရှိခြင်းသာ ဖြစ်သည်။ ၎င်းတို့မှာ လုံးဝ အလဟသ ဖြစ်နေခဲ့ရကာ ထုတ်ယူခဲ့သမျှမှာလည်း ရာခိုင်နှုန်း အနည်းငယ်မျှသာ ရှိပေသေးသည်။
အဆုံးမဲ့ ကောင်းကင် ကြယ်တာရာ နယ်မြေ အတွင်းရှိ တန်ခိုးရှင် အင်အားစု အများအပြားတွင် လျှို့ဝှက် မြေကြီး အဆင့် ရတနာများကို သိုလှောင်ထားသည့် ဂိုဒေါင်ပေါင်းများစွာ ရှိကာ ၎င်းတို့မှာ နှစ်ထောင်ပေါင်းများစွာ တည်ရှိနေခဲ့ခြင်း ဖြစ်သည်။
အလွှာကြားက လောကမှ ဆင်းသက်လာသည့် လျှို့ဝှက် အာဏာရှင် အများအပြားတွင် ရတနာများကို စုံစမ်း ထောက်လှမ်းနိုင်သည့် ကံကြမ္မာ ရှာဖွေရေး အစီအရင်များ ရှိကြပေသည်။
ထျန်းတိုက်ကျုံး ဦးဆောင်သည့် မဟာ စက်ဝန်း ကြယ်ကွင်းပြင်မှာ နှစ်ပေါင်း သောင်းချီတိုင်အောင် သာယာ ဝပြောခဲ့ကာ ထိုအတောအတွင်း မသုံးမစွဲပဲ စုဆောင်းထားသည့် ပစ္စည်းဂိုဒေါင် ရာပေါင်းများစွာကို အလွှာကြားက ကျင့်ကြံသူများ အာရုံ ခံမိခဲ့ပြီး ဖြစ်သည်။
သို့ဖြစ်လေရာ သူတို့ မည်ကဲ့သို့ လောဘမတက်ပဲ နေနိုင်ပါမည်နည်း။
ထိုအကြောင်းကြောင့် အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာ ကျူးကျော်သူ အလွန်နည်းပါးနေခြင်း ဖြစ်သည်။ အာရုဏ်ဦး ဖီဆန် တည်းဟူသော ဧရာမ အရွယ် နေကြယ်ကြီး တစ်စင်း ရှိသော်လည်း ၎င်း၏ ထူးခြားမှုကို ခံစားမိရန် ခက်ခဲသည်။
အဝေးမှ ကြည့်လျှင် အာရုဏ်ဦး ဖီဆန်မှာ သာမန် သေမျိုး နေကြယ်ကြီး တစ်စင်းနှင့် ပို၍ တူကာ ကြယ်တာရာ နယ်မြေ အကာအကွယ်လွှာကလည်း ကံကြမ္မာ ရှာဖွေရေး အစီအရင်များကို အတွင်းပိုင်းသို့ ထိုးဖောက် ကြည့်လို့ မရအောင် တားဆီးထားသည်။ အရွယ်အစား အားဖြင့် ကြည့်ရပါကလည်း အာရုဏ်ဦး ကြယ်တာရာ နယ်မြေမှာ ယခုမှ ဖွံ့ဖြိုးဆဲ ဖြစ်သည်။ ယခင် စည်ကားထွန်းပြောင်ခဲ့သည့် သူတော်စင် ခုနစ်ပါး ကြယ်ကွင်းပြင်နှင့် နှိုင်းယှဉ်ကြည့်ရပါက သေးငယ် ခြောက်ကပ်လွန်းလှသည်ဟု ဆိုရပေမည်။
ပိုးဖလံများ၏ သဘာဝ အရ ပိုးစုန်းကြူး တစ်ကောင်ထံ ပြေးမည့် အစား မီးတောက်မီးလျှံများထံကိုသာ ပြေးလွှားကြလိမ့်မည် ဖြစ်သည်။ ၎င်းက ကြိုးပမ်း အားထုတ်မှုနှင့် ထိုက်တန်ခြင်း မရှိပါချေ။
***