← Chapters

( သေချာပေါက် အခိုးမခံရအောင် တားပေးမယ်)

Vol. 3 Ch. 21

( သေချာပေါက် အခိုးမခံရအောင် တားပေးမယ်)

Vol. 3 Ch. 21

အစီအရင် ဝိညာဉ်၏ အလွန်ချဲ့ကားထားသော မျက်နှာထားကြောင့် ချီယွမ်နှင့် ပိုင်ရှီရို့ပင် အံ့ဩမှင်သက် သွားခဲ့သည်။

( နှစ်တစ်သောင်းလောက် ရှင်သန်ပြီးတဲ့ ဒီဘိုးတော်ရဲ့ ရုပ်ကိုလည်း ကြည့်လိုက်ပါအုန်း။ ဘာကိစ္စတွေများ ဖြစ်ခဲ့လို့ ကြေကွဲလူငယ်လို ဝမ်းနည်းတကြီး လာလုပ် နေရတာလဲ )

ထိုအချိန်တွင် အစီအရင်ဝိညာဉ်၏ပုံစံက အတွေး လွန်နေဟန်ရှိပြီး မျက်လုံးအတွင်းမှာလည်း မျက်ရည်များ ဝေ့ဝဲလာကာ အလွန် စိတ်ပျက်နေတော့သည်။

“ပိုင်ယန်ကျီကို အဲ့ဒီတုန်းက ငါရဲ့ အစ်ကိုလို့ကို ခေါ်ဆိုခဲ့ပြီး ငါတို့က တော်တော်လေး ရင်းနှီးခဲ့ကြတယ်။ သူ ထိုးသွင်းသိမြင်ခြင်းနယ်မြေကို မကျော်ဖြတ်နိုင်ပဲ သေဆုံးခဲ့တုန်းက ဆိုရင် သူ့ရဲ့နောက်မျိုးဆက်တွေကို စောင့်ရှောက် ပေးဖို့ပါ ငါ့ကိုမှာကြားခဲ့တာ”

“သူသေပြီး မကြာခင်မှာပဲ ငါလဲ အစီအရင်ဝိညာဉ်ရဲ့ အတိဒုက္ခ ကျော်ဖြတ်ခြင်းကို ရင်ဆိုင်ခဲ့ရတယ်။ အဲ့ဒီ ပြင်းထန်တဲ့ အရှိန်အဝါရဲ့ဖိနှိပ်မှုကြောင့် ငါနက်နက်ရှိုင်းရှိုင်းကြီးကို အိပ်ပျော်သွားခဲ့တယ်။ ဒါပေမဲ့ ငါနိုးလာတဲ့အချိန်မှာ.....”

အတိတ်ကို ပြန်ပြောနေရင်းဖြင့် စိတ်ဝိညာဉ်သည် အသက်တစ်ချက် ရှူသွင်းကာ ကိုယ့်ကိုယ်ကိုယ် တည်ငြိမ်အောင် ပြုလုပ်လိုက်သည်။

“အဲ့ဒီအချိန်မှာ ငါသိလိုက်ရတာက အတိဒုက္ခကို ကျော်ဖြတ်ဖို့ ငါ သဲကြီးမဲကြီး ကြိုးစားနေချိန်မှာ အဲ့ဒါကို အခွင့်ကောင်းယူပြီး အသုံးမကျတဲ့ သူခိုးတစ်ချို့က အစီအရင်ရဲ့ ပင်မနေရာထဲကို ဝင်လာကြတယ်။ ငါစုဆောင်းထားသမျှ စည်းစိမ်တွေကို ခိုးယူသွားခဲ့တယ်”

“အဲ့ဒီအချိန်တုန်းက အတိဒုက္ခကို ကျော်ဖြတ်ခဲ့ရတဲ့အတွက် ငါ့ရဲ့ အခြေအနေက တော်တော်လေးကို အားနည်းနေခဲ့တယ်။ ဒါ့ကြောင့် ငါစုဆောင်းထားတဲ့ မိုးမြေရတနာတွေနဲ့ ငါ့ရဲ့ ဝိညာဉ်ခန္ဓာကိုယ်ကို ထိန်းသိမ်းဖို့ သေလောက်အောင် လိုအပ်နေခဲ့တာ။ ငါ့ရဲ့ သိုလှောင်ဂူထဲကို သွားလိုက်ချိန်မှာ တွေ့လိုက်ရတဲ့အရာက ဟင်းလင်းပြင် နေရာကြီးတစ်ခုပဲ။ ရတနာမပြောနဲ့ ငှက်‌မွှေးတစ်ခုတောင် မကျန်ခဲ့ဘူး”

“အဲ့တာထက်ပိုပြီး ဒေါသထွက်ချင်စရာ ကောင်းတဲ့ကိစ္စက ဘာလဲ မင်းတို့သိလား။ ရှေ့နှစ်တွေ တိုင်းမှာ အတိဒုက္ခကို ငါကျော်ဖြတ်ခဲ့ရတိုင်း အဲဒီအသုံးမကျတဲ့ သူခိုးတစ်အုပ်က အကြိမ်တိုင်း လာပြီးတော့ ငါကြိုးစားစုထားသမျှ စည်းစိမ်တွေကို ပြောင်သွားအောင် ခိုးတယ်။ အကြိမ်တိုင်းပဲ…. တစ်ကြိမ်မှတောင် လွတ်သွားတာ မရှိဘူး”

အစီအရင် ဝိညာဥ်က ပြောနေတာ ရပ်လိုက်ပြီးမှ ချီယွမ်တို့ကို အလွန် ဝမ်းနည်းနေသော မျက်နှာဖြင့် မော့ကြည့် လာခဲ့သည်။

“အတိဒုက္ခ ကျော်ဖြတ်ပြီးတိုင်းမှာ အခြေအနေကို ပြန်ထိန်းညှိဖို့ အတွက် လုံလောက်တဲ့ မိုးမြေရတနာကို အသုံးမပြုခဲ့ ရတာကြောင့် နတ်အသွင် ပြောင်းခြင်းနယ်ပယ် ထိပ်သီးအဆင့်ကို ရောက်နေတဲ့ ငါ့ရဲ့ ကျင့်ကြံမှုက အလယ်အလတ် အဆင့်ကို တိုက်ရိုက်ပဲ လျော့ကျသွားခဲ့တယ်”

“မင်းတို့ တိမ်ကြွေဂိုဏ်းရဲ့ ခေါင်းဆောင်ပဲ အစီအရင် ပင်မနေရာကို ဝင်ခွင့်ရှိတာ။ ဒါကြောင့်ဒီကိစ္စက မင်းတို့တိမ်ကြွေဂိုဏ်းနဲ့ သေချာပေါက် ပတ်သက်နေရမယ်”

“အစီအရင်ရဲ့ စည်းမျဉ်းတွေကြောင့်သာ မဟုတ်ဘူးဆိုရင် အဲဒီ အသုံးမကျတဲ့ သူခိုးတွေကို ငါကိုယ်တိုင်လိုက်ရှာ ပြီးတော့ ဖျက်ဆီးပစ်တာ ကြာနေလောက်ပြီ။ အဲ့ဒါကို မင်းတို့ကများ အကြောက်လန့်မရှိ ငါ့ကိုအပြစ်တင်‌ မေးခွန်းထုတ်ရဲ သေးတာလား”

အကြိမ်ကြိမ် ဓားပြတိုက်ခံရသော ဖြစ်စဉ်ကို နားထောင်ပြီးနောက်တွင် ချီယွမ် ရုတ်တရက် နားလည်သွားခဲ့သည်။

( ဒါကြောင့် ဒီဘိုးတော်က ငါဝိညာဉ် ကျောက်တုံးတစ်ရာ ပေးမယ်လို့ ပြောတဲ့အချိန်မှာ သေလောက်အောင် ကြိုးစားခဲ့တာကိုး။ ဆင်းရဲမွဲတေ သွားတဲ့အပြင် ဒေါသကို လက်တုံ့မပြန်နိုင်ပဲ အကြိမ်ကြိမ် ပြန်ခံစားနေရတဲ့ ဒုက္ခကလည်း တော်တော်လေး မသေးပါလား )

အစီအရင်ဝိညာဉ်သည် အစီအရင်၏ အရှိန်အဝါများ စုဝေးကာ ဖြစ်ပေါ်လာသော အဆီအနှစ်မှ ဆင်းသက်လာခြင်း ဖြစ်သည်။ အစီအရင် တည်ရှိနေသရွေ့ ထိုသူ၏ ဘဝကလည်း အဆုံးမရှိပေ။ သို့ပေမဲ့ ကောင်းကင်ဘုံကလည်း အစီအရင် ဝိညာဉ်ကို လွယ်ကူစွာ ကြီးထွားခွင့် မပေးပါချေ။ နှစ်တစ်ရာ ကြာတိုင်းတွင် ကောင်းကင်ဘုံမှ အစီအရင် စိတ်ဝိညာဥ်အတွက် အတိဒုက္ခကို ကျော်ဖြတ် ခိုင်းတတ်သည်။ အတိဒုက္ခ မိုးကြိုးကို ကျော်ဖြတ်နိုင်ပြီး ရှင်သန်နိုင်မည်ဆိုလျှင် နောက်ထပ် နှစ်တစ်ရာ ရှင်သန်ခွင့်ရကာ ဆက်လက် ကျင့်ကြံနိုင်လိမ့်မည်။ ထိုသို့မဟုတ်လျှင် အငွေ့အဖြစ် ပျောက်ကွယ်သွား ရမည်။

အစီအရင်ဝိညာဉ်အဟောင်း သေဆုံးပြီးသည်နှင့် အသစ်သည် အလိုအလျောက်ဖြစ်ပေါ်လာကာ အစမှ ပြန်လည် စတင်ကျင့်ကြံရသည်။ လက်ရှိအစီအရင် ဝိညာဉ်သည် အလွန် သနားစဖွယ် ကောင်းလှသည်။ အတိဒုက္ခ မိုးကြိုးကို ကျော်ဖြတ်လာပြီး ဂူအတွင်းသို့ ဝင်ရောက်ကာ ကျင့်ကြံမည့် အချိန်မှာပဲစုဆောင်းထားသမျှ ရတနာများသည် အခိုးခံလိုက်ရ၏။

( ဒီလောက်တောင် ဒေါသကြီးနေတာ မဆန်းတော့ပါဘူးလေ )

“ဒီလောက်ကြီးတဲ့ ပြဿနာကို သခင်ကြီးက ဘာလို့ဂိုဏ်းကို မပြောခဲ့တာလဲ”

ပိုင်ရှီရို့ မနေနိုင်ခဲ့ပေ။

အစီအရင် ဝိညာဉ်က အေးစက်စွာ မျက်နှာမဲ့လိုက်သည်။

“ငါ ငတုံး မဟုတ်ဘူး။ မင်းတို့ တိမ်ကြွေဂိုဏ်းရဲ့ ဂိုဏ်းသားတွေက သံသယဖြစ်စရာ အကောင်းဆုံး လူတွေ မဟုတ်ဘူးလား။ ဘာကိစ္စ ငါက သတင်းပေးပြီးတော့ သူခိုးက သူခိုးဖမ်းချင်ယောင်ဆောင်နေတာကို ကြည့်နေရမှာလဲ”

“သခင်ကြီး အမှတ်မှားနေပါပြီ။ ဒီကိစ္စက သေချာပေါက် တိမ်ကြွေဂိုဏ်းနဲ့ မပတ်သက် လောက်ပါဘူး”

ပိုင်ရှီရို့၏ စကားလုံးများတွင် မသေချာမှုများ ပါဝင်နေခဲ့သည်။

“ဟမ်း ဘာမှ ထပ်ပြော မနေနဲ့တော့။ ဒီကိစ္စကို မင်းတို့တိမ်ကြွေဂိုဏ်းဘက်က လုပ်ထားတာ မဟုတ်မှန်း သက်သေမပြနိုင်ဘူးဆိုရင် ငါ့ဘက်က စိတ်ကောင်း စေတနာ ထားလာဖို့ကို စဉ်းတောင်မစဉ်းစားနဲ့”

အစီအရင် ဝိညာဉ်၏ လေသံက ပြတ်သားပါသည်။ သူမတို့အတွက် ဆွေးနွေးစရာ နေရာတစ်ခုတောင် ချန်မထားခဲ့ပေ။ နှစ်တစ်ရာ ကြာတိုင်းမှာ ကြိုးစားစုဆောင်းထားသမျှ ရတနာတိုင်းကို ခိုးယူခံခဲ့ရသည့် ဘယ်သူကများ အခုလိုဒေါသမထွက်ဘဲ နေပါ့မလဲ။ ပိုင်ရှီရို့ နှုတ်ခမ်း ကိုက်လိုက်ပြီး သူမ၏ အကြည့်သည် အနည်းငယ် တည်ငြိမ်လာခဲ့သည်။

“အစီအရင် ဝိညာဉ်သခင်ကြီး၊ သခင်ကြီး ရဲ့ နောက်ထပ် အတိဒုက္ခ ကျော်ဖြတ်ချိန်က ဘယ်တော့လောက် ရောက်လာမှာလဲ”

အစီအရင် ဝိညာဉ်က သဘောပေါက် သွားသည့်နှယ် မီးထ‌တောက်တော့မတတ် နီရဲနေသော မျက်လုံးများဖြင့် သူမကို လှည့်ကြည့် လာလေရဲ့။

“မင်း ဘာလုပ်ချင်နေလို့လဲ”

“ဒီကိစ္စကို ကျွန်မကိုယ်တိုင် စုံစမ်းချင်လို့ပါ”

“မင်းကလေ”

အစီအရင်ဝိညာဉ်သည် မဲ့ရွဲ့လိုက်သည်။

“ငါ့ရဲ့နောက်ထပ် အတိဒုက္ခ ကျော်ဖြတ်ခြင်းက နောက်နှစ်တဝက် အတွင်းမှာပဲ ကျရောက်လာလိမ့်မယ်။ ဒါပေမယ့် မင်းကဝိညာဉ် အခြေတည်နယ်ပယ် နှောင်းပိုင်းအဆင့်ပဲ ရှိသေးတဲ့ အငယ်တန်း တပည့်တစ်ယောက်ပဲ ရှိသေးတာ။ မင်းတစ်ယောက်တည်းနဲ့ ဘယ်လို စုံစမ်းမှာလဲ”

“အစီအရင် ဝိညာဉ်သခင်ကြီး ကျေးဇူးပြုပြီး စိတ်အေးလက်အေး နားနေပါ။ ကျွန်မရဲ့ သန်မာမှုက နိမ့်ကျတယ် ဆိုပေမယ့် ကျွန်မတို့ဂိုဏ်းရဲ့ အပြစ်မရှိတဲ့ တပည့်တွေကို သခင်ကြီးရဲ့ သံသယတွေ မခံစေချင်ဘူး။ ဒါကြောင့် ကျွန်မအစွမ်းကုန် ကြိုးစားပြီး သခင်ကြီးကျေနပ်စေနိုင်မဲ့ ဖြေရှင်းချက်ပေးမှာပါ”

ဤကိစ္စကို ဖြေရှင်းချင်လျှင် အမှန်တရားကို ရှာမှဖြစ်မည်မှန်း ပိုင်ရှင်ရို့ နားလည်ထားသည်။ အမှန်တရားကို မရှာဖွေနိုင်ပဲ အစီအရင် စိတ်ဝိညာဥ်ကို ဘယ်လိုမှ ဖျောင်းဖျလို့ မရနိုင်ပါချေ။

ထို့ကြောင့်ပဲ သူမသည် အစီအရင် ဝိညာဉ်ကို အရိုအသေ ပေးပြီးတာနှင့် နေရာမှာ အံ့သြစွာရပ်နေခဲ့သော ချီယွမ်ကိုပါ တပါတည်းဆွဲခေါ်ရင်း လှည့်ထွက်သွားခဲ့သည်။ သူမတို့ အဝေးကြီး မရောက်ခင်မှာပဲ အစီအရင်ဝိညာဉ်၏ စိတ်ဆိုးသော လေသံကို ကြားလိုက်ရလေ၏။

“နေအုန်း ဟိုကောင်လေး မင်းငါ့ကို ဝိညာဉ်‌ကျောက်တုံး ပြန်ပေးမယ်လို့ မပြောခဲ့ဘူးလား။ အခုလာပြီး ပြန်ပေးလိုက်စမ်း”

ချီယွမ်သည် လမ်းလျှောက်မြဲ လျှောက်နေရင်း ပုံမှန်လို လှမ်းပြောလိုက်သည်။

“နောက်တစ်ခေါက် တွေ့ရင် သေချာပေါက် ပေးမယ်လေ”

“ဟာ အကျင့်မကောင်းတဲ့ကောင် မင်း..မင်းငါ့ကို လှည့်စားပြန်ပြီ”

ဒေါသထွက်နေသော အစီအရင်ဝိညာဉ်၏ အသံကို လျစ်လျူရှု့ရင်း ချီယွမ် တိတ်တဆိတ် စဉ်းစားလိုက်သည်။ ဘယ်လိုပင် စဉ်းစားပါစေ ဤကိစ္စက ဖြေရှင်းဖို့ လွယ်ကူမည်လို့ မထင်မိဘူး။

အစီအရင်ဝိညာဉ်၏ အတိဒုက္ခ ကျော်ဖြတ်ချိန်ကို တိကျစွာ မှန်းဆ နိုင်သည့်အပြင် နှစ်စဉ် မပြတ် ခိုးယူနိုင်သည့်အတွက် ထိုသူခိုးသည် သေချာပေါက် သာမန်သူ တစ်ယောက် မဖြစ်နိုင်ချေ။ ထိုသူခိုး၏ စိတ်ဓာတ်ကို စိတ်ကူးတောင် ယဉ်ကြည့်လို့မရပါချေ။ အကြိမ်ပေါင်းများစွာ ခိုးယူ ခံရခြင်းကြောင့် အခုဆိုရင် အစီအရင်ဝိညာဉ်သည် အလွန်အမင်း ဆင်းရဲ မွဲတေနေခဲ့ပြီ ဖြစ်သည်။ ထို့ကြောင့်ပင် သူ့ထံမှ အဆင့်နှိမ့် ဝိညာဉ်ကျောက်တုံး တစ်ရာကိုတောင်မှ အသည်းအသန် လိုအပ်နေခဲ့သည် မဟုတ်လော။ ဤအရာကိုသိလျက်နှင့်တောင်မှ ထိုသူခိုးသည် သနားစရာ ဝိညာဉ်လေးကို ဆက်လက် ပစ်မှတ်ထား နေသေးသည်။ အလွန်ကို နှလုံးသားမရှိသော သူခိုးပါပေ။

အချိန်တစ်ခု ကြာပြီးနောက်တွင် အပြင်ခန်းမ၌…

“ဂိုဏ်းတူမောင်လေးချီကို ကျေးဇူးတင်ပါတယ်။ မောင်လေးရဲ့ ကျေးဇူးကြောင့်သာ အစီအရင်ဝိညာဉ်ရဲ့ စိုးရိမ်မှုတွေကို နားလည်နိုင်ခဲ့တာ။ အမှန်တော့ ဒီကိစ္စက တိမ်ကြွေဂိုဏ်းအတွက် အရမ်းကို အရေးပါတယ်။ ဂိုဏ်းတူမောင်လေးရဲ့ ကူညီမှုကို အကြီးအကဲမိုဆီ သေချာပေါက် တင်ပြပေးပါ့မယ်။ ဂိုဏ်းတူမောင်လေး အတွက် အဆင့်သတ်မှတ်ခြင်း ခန်းမမှာ ကောင်းမွန်တဲ့ သတ်မှတ်ခြင်း ခံရအောင် သူကူညီပေးလိမ့်မယ်။ ပြီးရင် ဂိုဏ်းဘက်ကလည်း အထူးဆုလာဒ် ပေးအုန်းမှာပါ”

အပြင်ခန်းမသို့ ရောက်သောအခါတွင် ပိုင်ရှီရို့သည် သူမ၏ စိုးရိမ်မှုများကို ဖယ်ထုတ်ရင်း ချီယွမ်ကို ကျေးဇူးတင်စွာ ပြုံးပြလိုက်သည်။

“ဂိုဏ်းတူအမ ကြင်နာလွန်းနေပါပြီ။ တစ်ကယ်တော့ ဒီကိစ္စက ကိစ္စကြီးတစ်ခု မဟုတ်ပါဘူး”

ချီယွမ်သည် လက်တစ်ဖက်သာ ယမ်းပြလိုက်သည်။ အစီအရင် စိတ်ဝိဉာဉ်နှင့် ထပ်မံ ပတ်သက်ရမှာကို စိတ်မဝင်စားပါချေ။ သူ့အနေနဲ့ စနစ်မှ ပေးထားသော တာဝန်ကို ပြီးမြောက်ပြီး ဝိညာဉ်အခြေတည် နယ်ပယ်သို့ အဆင့်တက်ဖို့သာ စိတ်ဝင်စား၏။

“ဒါဆိုရင် ကျွန်တော် သွားတော့မယ်နော်”

“ကောင်းပါပြီ အကယ်လို့ ဒီပြင်ပခန်းမမှာ အခက်အခဲ တစ်ခုခု ရှိရင် အတွင်းခန်းမရဲ့ဝါးကျောက်စိမ်း တောင်ထိပ်ကို လာပြီး အမကို လာရှာလို့ရပါတယ်”

စိတ်အား ထက်သန်နေသော ပိုင်ရှီရို့သည် မထွက်သွားခင်မှာ ချီယွမ်ကို ကျေနပ်စွာဖြင့် အကြိမ်ရေ တစ်ချို့ ကြည့်သွားသည်။ ထို့နောက်မှာမှ အလင်းတန်း အဖြစ် ပြောင်းလဲကာ ကောင်းကင်ထက်သို့ သွားလိုက်လေ၏။

ပိုင်ရှီရို့ ထွက်သွားပြီးနောက်… ချီယွမ် ခြေခြောက်လှမ်းမျှ လှမ်းပြီး ချိန်မှာပဲ သူ့၏ မြင်ကွင်းရှေ့သို့ ခြောက်ယောက် ခုနှစ်ယောက် ရှိလောက်သော လူတစ်အုပ် ဝင်ရောက် လာခဲ့သည်။

ပြင်ပခန်းမ၏ တပည့်ဝတ်စုံများကို ဝတ်ဆင်ထားပြီး မတူညီသော ကျင့်ကြံဆင့်များ ရှိသည့် ထိုလူတစ်အုပ်သည် မောက်မာဟန်ရသော ခပ်ဝဝ လူငယ် တစ်ယောက်ကို ဝန်းရံထားသည်။ ထိုလူငယ်ကကတော့ ပြင်ပခန်းမ၏ အစေခံတပည့် ဝမ်လုချန်မှအပ တစ်ခြားမရှိနိုင်ချေ။ လူသစ် ခေါ်ဆောင်ခြင်း စစ်ဆေးမှုတွင် ဂုဏ်သတင်းကောင်းကို ဖန်တီးနိုင်သည့် အတွက် ဝမ်လုချန်တွင် နောက်လိုက်များ ရရှိလာခဲ့သည်။

“ဒါက လင်ကျန်းလား”

သိပ်မဝေးသော နေရာတွင် ရှိနေသော လင်ကျန်းကို ချီယွမ် ချက်ချင်းပဲ မှတ်မိလိုက်သည်။ ထိုကံကြမ္မာ၏ သားတော်လေးခဗျာ အရိုက်ခံ ထားရဟန်ပင်။ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးတွင် အညိုမဲများ ပြည့်နေခဲ့ပြီး မြေကြီးပေါ်မှ ထဖို့အတွက်တောင် အလွန်အမင်း ရုန်းကန် နေရ၏။

“နေအုန်း”

ထိုမြင်ကွင်းကြောင့် ချီယွမ် ချက်ချင်းပဲ မျက်လုံးများ ကျဥ်းမြောင်းသွားကာ ဝင်လုချန်နှင့် သူ၏ လူတစ်အုပ်ကို တားမြစ်လိုက်သည်။

ချီယွမ်၏ တားမြစ်လာမှုကြောင့် ဝမ်လုချန်က မျက်ခုံးတစ်ဖက် ပင့်ကာ လှည့်ကြည့်လာရင်း ရွံရှာဟန်ဖြင့် မေးခွန်း ထုတ်လာလေရဲ့။

“ချီတ မင်းဝင်မရှုပ်ဖို့ ငါအကြံ ပေးလိုက်မယ်နော်။ မဟုတ်ရင် မင်းလည်း အရိုက်ခံ ရမယ်မှတ်”

ဂိုဏ်းအတွင်း ဝင်ရောက်ပြီးနောက်တွင် အကြီးအကဲတစ်ယောက်၏ တူဖြစ်ရုံသာမက အတွင်းခန်းမတွင်လည်း အခြေခံတည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ယောက်နှင့် အစ်ကိုဝမ်းကွဲ တော်စပ်သောကြောင့် ဝမ်လုချန်သည် ပြင်ပခန်းမ အတွင်းမှာ မောက်မာစွာ ပြုမူရဲလေသည်။ ထို့ကြောင့် ချီယွမ်ကို မျက်လုံးထဲ မထည့်တော့ချေ။

ချီယွမ်က ခံစားချက်မဲ့စွာ မော့ကြည့်လိုက်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ငါပြောပြီးသား ထင်တယ်နော်.. လင်ကျန်းကငါ့ရဲ့ ကာကွယ်မှု အောက်မှာ ရှိနေတယ် ဆိုတာကို။ သူ့ကို ထိရဲတဲ့အတွက် မင်းဆိုရင်တောင်မှ ငါ့ကို ဖြေရှင်းချက်ပေးရမယ်”

…….

All Chapters