← Chapters

(အထင်သေးခဲ့တဲ့ သူတွေအားလုံးကို မျက်နှာဖြတ်ရိုက်မယ်)

Vol. 3 Ch. 23

(အထင်သေးခဲ့တဲ့ သူတွေအားလုံးကို မျက်နှာဖြတ်ရိုက်မယ်)

Vol. 3 Ch. 23

တိမ်ကြွေဂိုဏ်း၏ အပြင်ခန်းမတွင်

"အကြီးအကဲကို တင်ပြပါတယ်။ အသစ်ဝင်လာတဲ့ အစေခံတပည့်တွေအတွက် လုပ်ရမယ့် တာဝန်ကို ခွဲဝေပြီးပါပြီ။ အကြီးအကဲ တစ်ချက်လောက် ကြည့်ပေးပါ"

ခမ်းနားသော ခန်းမအတွင်းတွင် အစိမ်းရောင် အကြီးအကဲဝတ်စုံကို ဝတ်ဆင်ထားသည့် လူတစ်ဦးသည် ထိပ်ပိုင်း၌ ထိုင်နေခဲ့ပြီး ပြင်ပခန်းမ၏ အိမ်တော်ထိန်းဝတ်စုံကို ဝတ်ဆင်ထားသော သက်လတ်ပိုင်းအရွယ် ယောက်ျားတစ်ဦးသည် လေးစားစွာဖြင့် အောက်ကနေ ရပ်နေခဲ့သည်။ ထိုသက်လတ်ပိုင်းအရွယ် ယောက်ျားကြီးက ပြောပြီးသည်နှင့် လက်ထဲတွင် ကိုင်ထားသော စာအုပ်တစ်အုပ်ကို လေးစားစွာ ကမ်းပေးလိုက်သည်။

"ကောင်းပြီလေ။ ကြည့်တာပေါ့"

အကြီးအကဲဖြစ်သူက ခေါင်းညိတ်လိုက်ပြီး စာအုပ်ကို စတင်လှန်လှော ဖတ်ရှုသည်။ အချိန်တစ်ခု ကြာပြီးနောက်တွင် ခေါင်းမော့လာကာ ညွှန်ကြားလာ၏။

"ဒီထဲက တပည့်အသစ် ချီတကို ဆေးပင်ဥယျာဥ်မှာ တာဝန်ပေးလိုက်။ ပြီးရင် ဝမ်လုချန်ကို ဝိညာဥ်သားရဲ အစာကျွေးခိုင်းမယ်။ ကျန်တာတွေ အားလုံးကိုတော့ ဒီအတိုင်းပဲထားလိုက်"

ထိုသက်လတ်ပိုင်းအရွယ် ယောက်ျားကြီးသည် အနည်းငယ် အံ့သြသွားခဲ့သည်။ ဆေးပင်ဥယျာဉ်ကို စောင့်ဆိုင်းရသောအလုပ်က အလွန် သက်သောင့်သက်သာ ဖြစ်သည့်အပြင် အနားယူရန် အချိန်ပေါများသည့်အတွက် ကျင့်ကြံလို့ရသည်။ ထို့အပြင် ပတ်ဝန်းကျင်ရှိ ပေါများသော ဝိညာဥ်စွမ်းအင်ကြောင့် တခြားသော သစ်ခုတ်ခြင်းနှင့် ရှင်းလင်းရေး တာဝန်များထက် အလွန့်အလွန် ကောင်းမွန်သည်။ ပုံမှန်အားဖြင့် တသီးတခြား နေတတ်သော အကြီးအကဲ မိုကျန်းယန်ထံမှ တပည့်သစ်တစ်ယောက်ကို အခုလိုမျိုး သိသာစွာ မျက်နှာသာပေးခြင်းက အလွန်ရှားပါးသော ဖြစ်စဥ်တစ်ခုပင်။

(ဖြစ်နိုင်တာ အဲဒီချီတက အဆက်အသွယ်တစ်ချို့ ရှိနေတာလား)

စိတ်ထဲတွင် အနည်းငယ် အံ့အားသင့်နေခဲ့သော်ငြား ထိုသက်လတ်ပိုင်းအရွယ် ယောက်ျားကြီးသည် မျက်နှာထက်တွင် ဘာတစ်ခုကိုမှ ထုတ်မပြရဲပါချေ။ အကြီးအကဲ၏ ညွှန်ကြားချက်ကို လျင်မြန်စွာ ထောက်ခံလိုက်သည်။

"နားလည်ပါပြီ"

ထို့နောက်တွင် အကြီးအကဲ ကမ်းပေးလာသော စာအုပ်ကို ပြန်ယူရင်း ဝမ်လုချန်၏နာမည်ကို ချီတနှင့် ပြောင်းလဲလိုက်သည်။

အိမ်တော်ထိန်းကြီး၏ မူလအစီအစဥ်သည် တပည့်သစ် ခန့်အပ်ခြင်းအတွက် တာဝန်ရှိသော အကြီးအကဲ ယင်ချင်းယွမ်၏တူ ဖြစ်သူ ဝမ်လုချန်အတွက် ကောင်းမွန်သော နေရာတစ်ခု ရနိုင်ရန် ကြိုးပမ်းပေးခဲ့သည်။ သို့သော်ငြား ယင်ချင်းယွမ်၏ အနေအထားသည် ပြင်ပခန်းမကို စီမံရသော အကြီးအကဲ မိုကျန်းယန်လောက် အာဏာမသက်ရောက်ချေ။ အကြီးအကဲ မိုကျန်းယန်ဘက်မှ တိုက်ရိုက်ပြောဆိုလာသည့်အတွက် အိမ်တော်ထိန်းထံတွင်လည်း ရွေးချယ်စရာ မရှိတော့ပါချေ။

"ဘာကိစ္စမှ မရှိဘူးဆိုရင် မင်းသွားလို့ရပြီ"

ပြင်ပခန်းမ၏ ကိစ္စများအတွက် အနည်းငယ်သော ညွှန်ကြားချက်များ ပြောပြီးသည်နှင့် မိုကျန်းယန် လက်တစ်ဖက် ယမ်းပြကာ အိမ်တော်ထိန်းကို ထွက်သွားဖို့ အချက်ပြလိုက်သည်။ အိမ်တော်ထိန်း ထွက်သွားပြီးနောက်တွင် မိုကျန်းယန်သည် တရားထိုင်ကာ လေ့ကျင့်ဖို့ ပြင်ဆင်လိုက်သည်။ ထိုအချိန်မှာပဲ အပြင်ဘက်မှ အော်သံတစ်ခု ကြားလိုက်ရသည်။

ထိုဆူညံသံကြောင့် မိုကျန်းယန် အနည်းငယ် မျက်မှောင်ကြုတ်သွားကာ ထိုင်ခုံမှ ထရပ်ပြီး အပြင်ခန်းမသို့ လမ်းလျှောက်ထွက်လာခဲ့သည်။

အခန်းအပြင်သို့ ထွက်လိုက်သည်နှင့် အမဲရောင် အဝတ်စနှင့် ဖုံးအုပ်ထားပြီး မလှုပ်မယှက် တောင့်တင်းနေသော ပစ္စည်းကြီးတစ်ခုကို တပည့်များစွာက သယ်ဆောင်လာတာ မြင်လိုက်ရ၏။ ထိုပစ္စည်းကြီး၏ ပုံစံသည် လူတစ်ယောက်နှင့် ဆင်တူနေခဲ့သည်။

(ဘာတွေဖြစ်နေတာလဲ)

အနည်းငယ် ရှုပ်ထွေးနေသော မျက်နှာနှင့် မိုကျန်းယန် ထွက်ပေါ်လာတာကို မြင်သဖြင့် ထိုတပည့်များသည် အရှိန်ကို တိုးမြှင့်လိုက်သည်။ မိုကျန်းယန် အရှေ့မှာ ပစ္စည်း ချပြီးသည်နှင့် အဝတ်စကို လှန်လိုက်သည်။ ချက်ချင်းဆိုသလို ဝမ်လုချန်၏ တောင့်တင်းနေသော ကိုယ်ခန္ဓာကြီး ထွက်ပေါ်လာလေရဲ့။

ဒူးထောက်နေဆဲဖြစ်သော ဝမ်လုချန်၏ မျက်နှာသည် ဒေါသများ ပြည့်နှက်နေကာ ဝက်အသည်းလိုမျိုး နီရဲနေသည်။ မိုကျန်းယန်ကို မြင်သည်နှင့် ဝမ်လုချန်၏ မျက်လုံးသည် နီရဲလာကာ မျက်ရည်ကျလုမတတ် တိုင်တောလိုက်သည်။

"အကြီးအကဲမို၊ ကျွန်တော် တိုင်ကြားချင်ပါတယ်။ ချီတက မကောင်းတဲ့ သိုင်းပညာတွေ လေ့ကျင့်နေပြီး ကျွန်တော်တို့ တပည့်တွေကို ဒဏ်ရာရအောင် လုပ်ခဲ့တယ်။ အကြီးအကဲမို ကျေးဇူးပြုပြီး တရားမျှတမှုကို ရှာပေးပါ"

နားနေအဆောင်သို့ ပြန်ရောက်ပြီးသည့်တိုင်အောင် ထိုထူးဆန်းသည့် ခန္ဓာကိုယ်က ပုံစံမပြောင်းသေးသည့်အတွက် ဝမ်လုချန် အလွန် ကြောက်ရွံ့သွားကာ အပါးစေ အစေခံတပည့်များကို အလျင်အမြန် ခေါ်ဆောင်ရင်း နားနေအိမ်မှတစ်ဆင့် အကြီးအကဲမိုရှိရာသို့ ပို့ဆောင်ပေးဖို့ ညွှန်ကြားလိုက်သည်။ အကြီးအကဲ မိုကျန်းယန်ကပဲ သူ၏ အနေအထားကို ကုသပေးနိုင်မည့်အပြင် တိုင်ကြားဖို့လည်း လိုအပ်နေသည်မလား..

အပြင်လူများ မြင်သွားပြီး အရှက်ရမှုမှ ကာကွယ်နိုင်ရန်အတွက် ဝမ်လုချန်သည် ကိုယ့်ကိုယ်ကို အဝတ်စနှင့် အုပ်ခဲ့ရသည်။ အလျင်လိုနေသည့်အတွက် လက်အောက်ခံ တပည့်များခမျာ အနီးအနားရှိ လွယ်ကူသော အမဲရောင်အစကိုသာ ဖုံးအုပ်ခဲ့ကြသည်။ သို့ပေမဲ့ ထိုအမဲရောင်အစ၏ ပုံစံက သေတဲ့သူများအတွက်သာ အသုံးပြုဟန်ပဲ။

(တကယ်ကို ကံဆိုးလိုက်တာ။ ချီတ ငါ မင်းကို ဘယ်တော့မှ လွှတ်မပေးဘူး)

ထိုအချိန်တွင် ချီယွမ်အပေါ် ထားရှိသော ဝမ်လုချန်၏ အမုန်းတရားများက ထိပ်ဆုံးမှတ်အထိ မြှင့်တက်သွားကာ ဘဝပေးရန်သူဖြစ်သော လင်ကျန်းထက်ပင် မြင့်မားသွားခဲ့သည်။

"မကောင်းတဲ့ သိုင်းပညာ ဟုတ်လား”

မိုကျန်းယန် မျက်မှောင်ကြုတ်သွားပြီး ချက်ချင်းဆိုသလို အရှေ့တိုးလာကာ ဝမ်လုချန်၏ လက်တစ်ဖက်ကို ဆွဲယူပြီး အသေးစိတ် စစ်ဆေးလိုက်သည်။ အချိန်တစ်ခု ကြာပြီးနောက်တွင် အခြေအနေကို နားလည်သွားသဖြင့် မိုကျန်းယန်၏ မျက်နှာသည် ပြေလျော့သွားတော့သည်။

"အဓိပ္ပါယ်မရှိတာ။ မင်းတို့ကောင်တွေက ဒီလိုအခြေအမြစ်မရှိတဲ့ စကားကို ပြောရဲတာလား။ ဒါက ဒီအတိုင်း အပျော့စား အရိုးသွေဖည်ခြင်း၊ သွေးကြောမှတ် ပိတ်ထားခြင်းနဲ့ အသက်ရှူလမ်းကြောင်း ပိတ်ပင်ခြင်း သိုင်းတစ်ချို့ သုံးထားတာပဲ။ ဘာမှမလုပ်ဘဲ ထားရင်တောင်မှ အချိန်တစ်ခုကြာရင် အလိုလို သက်သာသွားလိမ့်မယ်။ ဒါက ဘယ်လိုလုပ် မကောင်းတဲ့ သိုင်းပညာဖြစ်ရမှာလဲ"

မိုကျန်းယန်သည် အေးစက်စွာ ပြောနေရင်းဖြင့် သူ၏ ချီစွမ်းအင်ကို ဝမ်လုချန်၏ ခန္ဓာကိုယ်အတွင်းသို့ လည်ပတ်စေကာ ပိတ်ဆို့နေသော သွေးကြောများကို ဖွင့်လှစ်ပေးခဲ့သည်။

မိုကျန်းယန်၏ စကားအဆုံးမှာပဲ ခြေထောက်မှ ခံစားချက်ကို ပြန်ရလိုက်သဖြင့် ဝမ်လုချန် မြေပြင်ပေါ်သို့ ပုံလျက်လဲကျသွားကာ သက်ပြင်းမော တစ်ချက်ချလိုက်သည်။ နောက်တစ်စက္ကန့်မှာပဲ ဝမ်လုချန် အမြန်ကုန်းရုန်းထလိုက်ရင်း အရိုအသေ ပေးလိုက်ပြီး...

"အကြီးအကဲကို တစ်ကယ်ပဲ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အဲဒီချီတက အကြောင်းအရင်းမရှိဘဲ ကျွန်တော့်ကို ရိုက်နှက်ခဲ့တာ။ သူက..."

ဝမ်လုချန်၏ စကားမဆုံးခင်မှာဘဲ မိုကျန်းယန်သည် လက်တစ်ဖက်ယမ်းကာ တားမြစ်လိုက်သည်။ သူ၏ လေသံအတွင်းမှာ အပြစ်တင် ဆိုဆုံးမမှုများ ပြည့်နေလေရဲ့။

"မင်း အဆင်ပြေပြီဆိုမှတော့ သွားလို့ရပြီ။ အနာဂတ်ကျရင် စိတ်လိုလက်ရ မပြုမူဘဲ ကိုယ့်ရဲ့စကားကို သေချာစဥ်းစားပြီးမှ ပြောပါ။ ပြီးတော့ မင်းရဲ့ ဂိုဏ်းတူညီအစ်ကိုတွေ အချင်းချင်းကို ထပ်မံပြီး ရိုက်နှက်ရဲမယ်ဆိုရင် ငါ ဒီတစ်ခေါက်ကလိုမျိုး လွှတ်ပေးမှာ မဟုတ်ဘူး"

မိုကျန်းယန်သည် ချက်ချင်းဆိုသလို အင်္ကျီလက်စများ ခါယမ်းနေအောင် လှည့်ဝင်သွားခဲ့သည်။

"ဟုတ်... ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ"

ဝမ်လုချန် မငြင်းဆိုရဲစွာဖြင့် တောင့်တင်းစွာ သဘောတူလိုက်လေရဲ့။

"သခင်လေးဝမ်၊ ကျွန်တော်တို့ ဘာလုပ်ကြမလဲ"

မိုကျန်းယန် ထွက်သွားသည့်တိုင်အောင် နေရာမှာတင် ကျောက်ရုပ်ကြီးလို ရပ်နေခဲ့သော ခေါင်းဆောင်ဖြစ်သူကြောင့် နောက်လိုက်တစ်ချို့သည် မနေနိုင်စွာ မေးလာကြသည်။

"ဒီကိစ္စက မပြီးသေးဘူး"

ဝမ်လုချန် အံကြိတ် ပြောဆိုလိုက်ရင်း သူ၏ မျက်လုံးအတွင်းသို့ ကောက်ကျစ်သော အတွေးများ ဖြတ်ပြေးသွားသည်။

"ငါ အခုပဲ အတွင်းခန်းမကို သွားပြီးတော့ ငါ့ရဲ့ အစ်ကိုဝမ်းကွဲကို အဲ့​သူတောင်းစား ချီတကို သင်ခန်းစာပေးပေးဖို့ သွားတောင်းဆိုမယ်။ သြော် ပြီးတော့ ဟိုမိန်းမ လျိုယင်းယင်းကိုလည်း ငါ့ဆီခေါ်လာခဲ့"

…

တိမ်ကြွေဂိုဏ်းမှ ပေးထားသော နားနေရာအဆောင်သို့ ပြန်ရောက်ပြီးနောက်တွင် ချီယောင်သည် ထိုင်ခုံတစ်ခုံ ဆွဲယူကာ ထိုင်လိုက်သည်။ ထို့နောက်တွင် စနစ်ကို ဖိတ်ခေါ်လိုက်သည်။ ချီသန့်စင်ခြင်း အဆင့်၃သို့ တက်ရမည်ဆိုသော တာဝန်ကို ပြီးမြောက်သွားသဖြင့် စနစ်ထံမှ တာဝန်တစ်ခု ပေးနေသင့်ပေသည်။

"ပိုင်ရှင်က အင်မော်တယ်ဂိုဏ်းတစ်ခုဖြစ်တဲ့ တိမ်ကြွေဂိုဏ်းကို ဝင်ရောက်ပြီးတော့ ကောင်းမွန်တဲ့ အောင်မြင်မှုတွေ ရနေခဲ့ပြီး ပိုင်ရှင်ရဲ့ ကျင့်ကြံရေး လမ်းကြောင်းကလည်း အစပေါ်လာပြီ ပြောရမယ်။ အခု ချီသန့်စင်ခြင်း အဆင့်၃ကို အဆင့်တက်နိုင်တဲ့အတွက် ပိုင်ရှင်ရဲ့ ဆန္ဒတွေနဲ့ နီးစပ်လာပါပြီ"

"တစ်ကယ်တော့ ပိုင်ရှင်ရဲ့ဆန္ဒထဲမှာ အခြေခံတည်ထောင်ခြင်း နယ်ပယ် ကျင့်ကြံသူ တစ်ယောက်အဖြစ် ကျင့်ကြံနိုင်ပြီးတော့ မိသားစုဆီ ပြန်သွားရင်း အရှက်ခွဲခဲ့သမျှ လူတွေအားလုံးရဲ့ မျက်နှာကို ဖြတ်ရိုက်ချင်တာမလား။ ဒါပေမဲ့ အခုတော့ သည်းခံထားပါဦး။ ပိုင်ရှင်အနေနဲ့ ဒီအစေခံ တပည့်တွေရဲ့ကြားထဲမှာ ထင်ရှားတဲ့ ရပ်တည်မှုတစ်ခု ရအောင် အရင်လုပ်ရဦးမယ်"

"တာဝန်အကြောင်းအရာ... တိမ်ကြွေသစ်တော၏ အနောက်ဘက် တောင်မှာရှိတဲ့ ချီသန့်စင်ခြင်းနယ်ပယ် နတ်ဆိုးသားရဲတစ်ကောင်ကို အမဲလိုက်ပါ။ အဲဒီနတ်ဆိုးသားရဲရဲ့ ကျင့်ကြံမှုက ချီသန့်စင်ခြင်း အဆင့်၃တော့ အနည်းဆုံးရှိရမယ်"

"တာဝန်၏ ခက်ခဲမှု... ကြယ်၃ပွင့် (အလယ်အလတ်အဆင့်)"

"တာဝန်၏ ဆုလာဘ်... အမှတ်၁၅၀၊ သာလွန်အဆင့် ပျိုမြစ်ခြင်း ဆေးလုံး၅လုံးနဲ့ အဆင့်နိမ့် ဝိညာဥ်ကျောက်တုံး ၃၀၀"

စနစ်၏ ဖော်ပြချက်ကြောင့် ချီယွမ် သဘောပေါက်လိုက်သည်။

(ဒီငတုံးစနစ်ရဲ့ ပုံစံကို ငါ နားလည်သွားပြီ။ ငါသာ တာဝန်တွေကို ပြီးမြောက်အောင် ဆောင်ရွက်နိုင်ရင် ပင်ကိုပါရမီ တိုးလာဖို့တောင် မပြောနဲ့။ ဝိညာဉ်ကျောက်တုံးတွေ ဆေးလုံးတွေ ဒါ့အပြင် မှော်လက်နက်တွေနဲ့ စိတ်ဝိညာဥ်သုံး ရတနာတွေအားလုံးက ငါ့ရဲ့ လက်တစ်ကမ်းမှာပဲ ရှိနေလိမ့်မယ်။ ဒါတင်မကဘူး။ အသစ်ရလာတဲ့ သိုင်းကျမ်းတွေအပေါ်မှာ နားလည်နိုင်စွမ်းတွေ တိုးလာဦးမှာပဲ။ ဒီငတုံးစနစ်က ထောက်ပံ့တာ တော်တော်ကြမ်းတယ်။ ဒီလောက်ကြီးမားတဲ့ ထောက်ပံ့မှုကြီးနဲ့ဆိုရင် ငါ မပြောနဲ့ ဝက်တစ်ကောင်ဆိုရင်တောင်မှ သေချာပေါက် ကောင်းကင်ပေါ်အထိ ထိုးတက်နိုင်မှာပဲ။ ဒါပေမဲ့ ဒီလောက်အင်အားကြီးတဲ့ ငတုံးစနစ်ကို ရထားတာတောင်မှ တာဝန်တွေ လုပ်နေရတာ ငါ မပျော်နေဘူး)

ချီယွမ် ချက်ချင်းဆိုသလို ဝတ်ဆင်ထားသော အစေခံဝတ်စုံကို ငုံ့ကြည့်ရင်း နူးညံ့စွာ သက်ပြင်းချလိုက်သည်။

(ဒီငတုံးစနစ် ပေါ်လာကတည်းက ငါ့မှာရှိတဲ့ ဂုဏ်သိက္ခာ နည်းနည်းလေးက အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့ရတယ်)

နောက်ဆုံးတော့ ချီယွမ် ခေါင်းယမ်းကာ ခေါင်းထဲမှ အရေးမပါသော အတွေးများကို ဖယ်ထုတ်လိုက်သည်။ ထို့နောက်တွင် လက်တစ်ဖက် အပေါ်မြှောက်လိုက်ပြီး အခန်းအတွင်းသို့ ကန့်သတ်ချက်တစ်ခု ထားလိုက်လေကာ စတင်ကျင့်ကြံသည်။

ချီယွမ်၏ ခန္ဓာကိုယ်အတွင်းတွင် ရွှေအမြုတေသည် ဆန်းကြယ်သော အရောင်များ ဝန်းရံနေခဲ့ပြီး အဆက်မပြတ် လှုပ်ရှားနေသည်။ ခန္ဓာကိုယ်အတွင်းရှိ ချီစွမ်းအင်နှင့် လိုက်လျောစွာ တုံ့ပြန်နေမှုသည် အချိန်မရွေး အပြင်ဘက်သို့ ပေါက်ကွဲထွက်တော့မတတ်ပင်။

………

All Chapters