← Chapters

နတ်ဘုရား ဆေးလုံးမြို့တော်

Vol. 18 Ch. 257

နတ်ဘုရား ဆေးလုံးမြို့တော်

Vol. 18 Ch. 257

~နတ်ဘုရား ဆေးလုံးမြို့တော်၊

နတ်ဘုရား ဆေးလုံးမြို့တော်က ကျိုကျိုးတွင် အစည်ကားဆုံးနှင့် အကြီးမားဆုံး မြို့တော် ဖြစ်သည်။

မြို့တော် အတွင်း၌ ခမ်းနားထည်ဝါသော အဆောက်အအုံများမှာ စနစ်တကျ တန်းစီ တည်ရှိနေ၏။

ဤနေရာတွင် ကျိုကျိုး၏ အကြီးမားဆုံး လေလံရုံ ဖြစ်သော ကျိုကျိုး လေလံရုံ တည်ရှိလေသည်။

ဤသို့ စည်ကားလှသော မြို့တော်ကြီး တစ်ခုတွင် မည်သည့်အခါမျှ ရှားပါးခြင်း မရှိသည်မှာ ဩဇာတိက္ကမ ကြီးမားသော ပုဂ္ဂိုလ်များနှင့် အစွမ်းထက် အင်အားစုများပင် ဖြစ်သည်။

မြို့တော်ကြီးသည် အရောင်အသွေးစုံလင်စွာဖြင့် ပွင့်လန်းနေ၏။ ဖုန်းဝူချန် တစ်ယောက် မြို့၏ လမ်းမများပေါ်တွင် ဂရုမစိုက်ဟန်ဖြင့် ခြေလှမ်းကျဲကြီးများနှင့် လျှောက်လှမ်းနေလေသည်။

သူ၏ မျက်နှာထားမှာ တည်ငြိမ်ပြီး သဘာဝကျလှ၏။ သူ၏ ဘေးတွင် ကောင်းကင်ဘုံမှ နတ်သမီးတစ်ပါးကဲ့သို့ လှပသော အဖြူရောင် ဝတ်စုံနှင့် မိန်းမ‌လှလေး တစ်ဦး လိုက်ပါလျက် ရှိသည်။

ထိုမိန်းမ‌လှလေးမှာ အခြားသူ မဟုတ်ပေ။ လင်ရှောင်ရှောင် ပင်တည်း။ သူမ၏ ရင်သပ်ရှုမောဖွယ် အလှတရားနှင့် ချိုမြန်၍ အပြစ်ကင်းစင်သော အပြုံးတို့သည် မရေမတွက်နိုင်သော ယောက်ျားများ၏ ဗို့အားပြင်းသော မျက်ဝန်းများကို ဖမ်းစားထားလျက် ရှိသည်။

ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ လမ်းမများပေါ်တွင် လျှောက်လှမ်းနေကြသည်မှာ လူတိုင်း၏ အာရုံကို သုံးရာ ရာခိုင်နှုန်းမျှ ဆွဲဆောင်လျက် ရှိ၏။

ရုပ်ရည် ချောမော ခန့်ညားသော လူငယ်ကလေး တစ်ဦးနှင့် ဆွဲဆောင်မှု ရှိလှသော မိန်းမ‌လှလေး တစ်ဦး။

သူတို့က ကောင်းကင်ဘုံက ဖန်တီးပေးထားသော အတွဲတစ်တွဲပမာပင်။ အခြားသူများကို မနာလို ဖြစ်စေသည်။

လှပသော လက်ဝတ်ရတနာကလေးများကို တွေ့မြင်သောအခါ ဖုန်းဝူချန်သည် လင်ရှောင်ရှောင်အတွက် တစ်ခု ရွေးချယ်လိုက်ပြီး သူ ကိုယ်တိုင် ဆင်မြန်းပေးလိုက်သည်။ ဤ နွေးထွေးသော အပြုအမူသည် အမျိုးသမီးများစွာကို မနာလို ဖြစ်စေပြီး အသည်းယားစေခဲ့သည်။

"အစ်ကိုကြီးဖုန်း။ လှရဲ့လားဟင်"

လင်ရှောင်ရှောင်က ပြုံးလျက် မေးလိုက်သည်။

"ငါ့ရဲ့ ရှောင်ရှောင်လေးက အလှဆုံးပဲ ပေါ့။ မင်း ဝတ်ဆင်ထားသမျှ အရာအားလုံးက ကြည့်ကောင်းနေတာချည်းပဲ"

ထိုသို့ ဖုန်းဝူချန်က ချီးကျူးလိုက်ရာ လင်ရှောင်ရှောင်၏ လှပသော မျက်နှာလေးပေါ်တွင် စွဲမက်ဖွယ် အပြုံးတစ်ခုက ပို၍ပင် တောက်ပစွာ ထွက်ပေါ်လာသည်။

ဖုန်းဝူချန်၏ ချီးကျူးစကားများက လင်ရှောင်ရှောင်၏ နှလုံးသားကို ပီတိများဖြင့် ချိုမြသွားစေ၏။ သူမက ဖုန်းဝူချန်၏ လက်မောင်းအား ချစ်ခင်စွာ တွဲခိုထားလိုက်သည်။

"အစ်ကိုကြီးဖုန်း။ ကျွန်မ ဒေါ်ဒေါ်ရှောင် အတွက်လည်း တစ်ခု ရွေးပေးချင်တယ်"

လင်ရှောင်ရှောင်က ပျော်ရွှင်စွာ ပြောလိုက်ပြီး ဂရုတစိုက်ပင် ရွေးချယ်နေတော့သည်။

ထိုအခိုက်အတန့်၌ ဖုန်းဝူချန်သည် အချို့သော ထူးခြားသည့် အကြည့်များကို သတိထားမိလိုက်ပြီး ဖြစ်သော်လည်း သူ ဂရုမစိုက်ခဲ့ပေ။

'ဟို ပုံတူပန်းချီကားထဲက လူငယ်လေး ဟိုမှာ မဟုတ်လား။ တော်တော် တူတာပဲ။ သူပဲ ဖြစ်ရမယ်။'

"ဟုတ်တယ်၊ ဟုတ်တယ်။ သူနဲ့ တကယ် တူတယ်ကွ။ ဒီကောင်လေးက ကျန့်လင်တောင်ကြားက သတ်ချင်နေတဲ့လူ ဖြစ်နိုင်မလား"

"ဒါပေမဲ့ မဟုတ်လောက်ပါဘူး။ ပေမင်ခုံ သတ်နိုင်ခဲ့တဲ့လူက ကြောက်စရာကောင်းတဲ့ ကျင့်ကြံဆင့် ရှိရမှာပေါ့။ ငါ သူ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို ဘာတစ်ခုမှ မမြင်ရဘူး။ ဒီကလေးက သာမန်လူ တစ်ယောက်လိုပဲဟ"

"ပေမင်ခုံကို သတ်ပြီးတာတောင် သူ အပြင်ထွက်ရဲသေးတယ်။ သေချင်နေပြီ ထင်တယ်"

လမ်းမများပေါ်တွင် လူအများအပြား၏ မျက်လုံးများသည် ယခုအခါ ဖုန်းဝူချန်ထံသို့ စူးစိုက်နေကြ၏။

အစပိုင်းတွင် သူသည် အာရုံစိုက်မှု များစွာ မရရှိခဲ့ပေ။ သို့သော် လင်ရှောင်ရှောင်၏ ရင်သပ်ရှုမောဖွယ် အလှတရားကြောင့် လူတိုင်း၏ သတိပြုမိမှုကို ရရှိသွားပြီးနောက် လူများသည် ဖုန်းဝူချန် ပုံတူပန်းချီကားထဲမှ လူနှင့် လုံးဝ တူညီကြောင်း သဘောပေါက်သွားကြသည်။

လက်ဝတ်ရတနာ ရောင်းချနေသော ဇနီးမောင်နှံပင်လျှင် ဖုန်းဝူချန်အား ထိတ်လန့်တကြား ကြည့်လိုက်ကြသည်။ သူတို့အမြင်တွင် သူသည် ပုံတူပန်းချီကားထဲမှ လူနှင့် အလွန် တူညီနေသည်မှာ ထင်ရှားလှ၏။

သို့သော်ငြားလည်း ဖုန်းဝူချန် နတ်ဘုရား ဆေးလုံးမြို့တော် အတွင်းသို့ ဝင်ရောက်လာစဉ်ကတည်းက အချို့သူများ သူ့အား သတိပြုမိခဲ့ပြီး ဖြစ်သည်။

"ဆိုင်ရှင်ကြီးတို့ ဘာဖြစ်နေတာလဲရှင့်"

ထိုဇနီးမောင်နှံ၏ ထိတ်လန့်နေသော မျက်နှာအမူအရာများကို သတိပြုမိသောအခါ လင်ရှောင်ရှောင်က နားမလည်နိုင်စွာ မေးလိုက်ပြီး သူတို့၏ ကြောက်ရွံ့နေသော အကြည့်များနောက်သို့ လိုက်၍ ဖုန်းဝူချန်အား တစ်ချက် လှမ်းကြည့်လိုက်သည်။

ဆိုင်ရှင်က ဘယ်ဘက်ရှိ လမ်းမ၏ နံရံကို ကြောက်လန့်တကြား ညွှန်ပြလိုက်သည်။ ထိုနေရာတွင် ပုံတူပန်းချီကားတစ်ချပ် ကပ်ထား၏။ ပုံတူပန်းချီကားထဲမှ လူသည် ဖုန်းဝူချန်နှင့် သိသိသာသာ ဆင်တူနေသည်။

ခေါင်းလှည့်၍ ကြည့်လိုက်သောအခါ ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့ နားလည် သဘောပေါက်သွားကြသည်။

ဖုန်းဝူချန်အား ကျန့်လင်တောင်ကြားမှ အလိုရှိနေလေပြီ။

"အစ်ကိုကြီးဖုန်း။ သူတို့ အစ်ကိုကြီးဖုန်း ပုံကို ဆွဲထားတာ အရမ်း ရုပ်ဆိုးတာပဲနော်"

လင်ရှောင်ရှောင်က ကျီစယ်လိုက်သည်။

ဖုန်းဝူချန်က သူ၏ ပခုံးများကို တွန့်လိုက်ပြီး ရယ်မောလိုက်သည်။

"အစ်ကိုလည်း အဲ့ဒီလို ထင်တာပဲ။ သူတို့ ပုံမဆွဲတတ်ရင်လည်း ဒီလို ရှုပ်အောင် မလုပ်သင့်ဘူး၊ ဟားဟား"

ထိုအခိုက်အတန့်မှာ၊ လင်ရှောင်ရှောင်က သူမ၏ လက်ကို ဝှေ့ယမ်းလိုက်ရာ နံရံပေါ်မှ ပုံတူပန်းချီကားသည် ချက်ချင်းပင် ပြာမှုန့်အဖြစ်သို့ ပြောင်းလဲသွားသည်။

နတ်ဘုရား ဆေးလုံးမြို့တော်တွင် ဤသို့သော ပုံတူပန်းချီကားကို ဖျက်ဆီးရဲသူမှာ လင်ရှောင်ရှောင် တစ်ယောက်တည်းသာ ရှိကောင်း ရှိနိုင်ပေမည်။

ကျန့်လင်တောင်ကြားမှ သူ့အား အလိုရှိနေကြောင်း သိရှိနေပါလျက်နှင့် ဖုန်းဝူချန်သည် လုံးဝ စိုးရိမ်ပူပန်ခြင်း မရှိဘဲ အနည်းငယ်မျှပင် ဂရုမစိုက်ခဲ့ပေ။

"ရှောင်ရှောင်။ သွားစို့။ လေလံရုံကို သွားကြည့်ကြမယ်။ ငါ ဒီကို လာတဲ့လမ်းမှာ နတ်ဘုရား ဆေးလုံးမြို့တော် လေလံရုံအကြောင်း ကြားခဲ့တယ်"

ဖုန်းဝူချန်က ပြုံးလျက် ပြောလိုက်ပြီး လင်ရှောင်ရှောင်၏ ကျောက်စိမ်းကဲ့သို့ နူးညံ့သော လက်ကလေးကို ဆွဲကာ ကျိုကျိုး လေလံရုံဆီသို့ ဦးတည် ထွက်ခွာသွား တော့သည်။

နတ်ဘုရား ဆေးလုံးမြို့တော်သည် မော့ယန်၏ နယ်မြေ ဖြစ်သည်။ သို့သော် ဖုန်းဝူချန်က ပေါ်ပေါ်ထင်ထင်ပင် လှည့်ပတ် သွားလာနေပြီး ယခုအခါ၊ သူက လေလံရုံ တက်ရန်ပင် အစီအစဉ် ရှိနေသေးသည်။

မော့ယန်သည် လေလံရုံတွင် ဂုဏ်ထူးဆောင် ကိုယ်စားလှယ် အကြီးအကဲအဖြစ် တာဝန် ထမ်းဆောင်နေရာ ထိုနေရာသို့ သွားခြင်းသည် သူ့အတွက် သေလမ်း ရှာဖွေနေခြင်းနှင့် လက်တွေ့တွင် တူညီလှသည်။

အမှန်စင်စစ် ဖုန်းဝူချန်သည် ဤအကြောင်းကို မသိရှိခဲ့ပါပေ။

သူတို့နှစ်ဦး လေလံရုံဆီသို့ ဦးတည်ရန် လှည့်ထွက်လိုက်သည်နှင့် အရပ်ရှည်ရှည် ပိန်ပိန် လူတစ်ဦးသည် အစောင့် ဒါဇင်ကျော်နှင့်အတူ သူတို့၏ လမ်းကို ပိတ်ဆို့ထားလိုက်သည်။

ထိုလူမှာ ဖုန်းဝူချန်ထက် အသက် အနည်းငယ် ပိုကြီးပြီး အဖိုးတန် အနက်ရောင် ပိုးဝတ်စုံကို ဝတ်ဆင်ထားကာ အလွန်အမင်း ရုပ်ဆိုးသော မျက်နှာသွင်ပြင် ရှိလေသည်။ မည်မျှပင် ကောင်းမွန်စွာ ဝတ်စားဆင်ယင်ထားစေကာမူ ရုပ်ဆိုးသော လူတစ်ယောက်သည် စိတ်ညစ်ဖွယ် ကောင်းနေဆဲ ဖြစ်ပြီး သူ၏ အကြည့်မှာ ကြောက်မက်ဖွယ် ကောင်းလှသည်။

သူ၏ မယုံနိုင်လောက်အောင် ရုပ်ဆိုးမှု ရှိနေသော်လည်း ထိုလူ၏ ကျင့်ကြံခြင်းအဆင့်မှာ လျှော့တွက်၍ မရပေ။

ယွမ်တန်ဘုံ သတ္တမအလွှာပင်။

ဤလွှမ်းမိုးနိုင်သော နောက်ခံ ရှိသည့် လူမှာ အခြားသူ မဟုတ်။ နတ်ဘုရား ဆေးလုံးမြို့တော်မှ စုန့်မိသားစု၏ သခင်လေး ပင်တည်း။

ဤသို့သော ရုပ်ဆိုး အကျည်းတန်သည့် သဏ္ဌာန်ကြောင့် ဖုန်းဝူချန်ပင် လန့်သွားပြီး သရဲတစ်ကောင်ကို မြင်လိုက်ရသည်ဟု ထင်မှတ်သွားသည်။

ထို ရုပ်ဆိုး အကျည်းတန်သော မျက်နှာနှင့် လူက အပြုံးတစ်ခုကို ပြသလိုက်ရာ ဖုန်းဝူချန်အား အန်ချင်စိတ် ပေါက်သွားစေ၏။ လင်ရှောင်ရှောင်မှာမူ အမှတ် တစ်သောင်းတန် ထိခိုက်မှုကြီး ရရှိသွားသည့်အလား သူမ၏ မျက်လုံးကလေးများကို ရိုးရှင်းစွာ ပိတ်ထားလိုက်သည်။

တစ်စုံတစ်ယောက်သည် မည်မျှ ကြောက်မက်ဖွယ်ကောင်းအောင် ရုပ်ဆိုးနိုင်ပါသနည်း။ လူများ တည့်တည့် ကြည့်ရန်ပင် မဝံ့ရဲလောက်အောင် ဆိုးရွားလှပြီး ရုပ်ဆိုးခြင်းမှာ အဆင့်အသစ်တစ်ခုသို့ပင် ရောက်ရှိနေသည်။

"ငါ့ရဲ့ မိန်းမလှလေး၊ ဒီသခင်လေးက မင်းကို မျက်စိကျနေတာ တော်တော်ကြာပြီ။ ငါ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ အတူတူ အစားသွားစားရအောင်လေ"

ထိုလူက ပြုံးလျက် မေးလိုက်ပြီး သူ၏ အကြည့်များမှာ လင်ရှောင်ရှောင်အပေါ်တွင် မဆင်မခြင် ရွေ့လျားနေသည်။

'အစား စားမယ် ဟုတ်လား။'

ဖုန်းဝူချန်တစ်ယောက် နားမလည်နိုင် ဖြစ်သွားသည်။

'သောက်ကျိုးနည်း။ ဒီလောက် ရုပ်ဆိုးနေပြီးတော့ သူက အစာစားချင်သေးတယ်။ မအန်ချတာတောင် တော်တော် တော်နေပြီ။ ဒီလောက် ရုပ်ဆိုးတဲ့လူနဲ့ အတူ ထမင်းစားတာနဲ့ မစင်စားတာနဲ့ ဘာကွာလို့လဲ။'

ဖုန်းဝူချန်၏ မျက်နှာအမူအရာကို သတိပြုမိသောအခါ ထိုလူက ခပ်ပြတ်ပြတ် ဟိန်းဟောက်လိုက်သည်။

"ငါ မင်းကို ပြောနေတာ မဟုတ်ဘူး။ ငါနဲ့ အတူ ထမင်းစားဖို့ အိပ်မက်တောင် မမက်နဲ့"

"ငါက မင်းနဲ့ ထမင်းစားမယ် ဟုတ်လား"

ဖုန်းဝူချန်က နားမလည်နိုင်စွာဖြင့် ထပ်မံ ကြည့်လိုက်ပြီး မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်သည်။

"စိတ် ကူး ယဉ် မနေ နဲ့"

ထိုလူက မောက်မာစွာ ဆိုလိုက်ပြီး ဖုန်းဝူချန်အား အထင်သေးသော အကြည့်ဖြင့် ကြည့်လိုက်သည်။

"စိတ်ကူးယဉ် မနေနဲ့။ ဘယ်သူမဆို။ ဘယ်လို သာမန်လူမဆို ဒီသခင်လေးနဲ့ အတူ ထမင်းစားလို့ ရမယ် ထင်နေလား။ မင်းဘဝမှာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ဘူး။ ဒါကြောင့် အဲ့ဒီ မျှော်လင့်ချက်ကိုသာ ဖျောက်လိုက်"

ဤစကားကို ကြားသောအခါ ဖုန်းဝူချန်၏ မျက်နှာမှာ မထိန်းနိုင်ဘဲ တွန့်ကွေးသွားသည်။ ထိုလူ၏ စကားများက သူ့အား အမှန်တကယ်ပင် ပျို့အန်ချင်စိတ် ပေါက်သွားစေသည်။

"မင်းက သရဲထက်တောင် ပိုရုပ်ဆိုးသေးတယ်။ သရဲတွေတောင် မင်းကို မြင်ရင် ကြောက်လန့်သွားလောက်တယ်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်ဦး။ လူတွေ အားလုံး ထွက်ပြေးကုန်ပြီ။ မင်း လူကြားထဲ မျက်နှာပြရဲတဲ့ သတ္တိ ဘယ်က ရလဲ ဆိုတာ ငါ တကယ် မသိဘူး။ ကျေးဇူးပြုပြီးတော့ သရဲတွေကိုပဲ သွားခြောက်ပါ။ လူတွေကိုတော့ လွှတ်ပေးပါ"

ဖုန်းဝူချန်က အားကိုးရာမဲ့စွာ ခေါင်းခါလိုက်သည်။

ယခင်က စည်ကားနေသော လမ်းမပေါ်မှ လူအုပ်ကြီးမှာ ကြာမြင့်စွာကပင် ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ လမ်းများမှာ အေးစက်ပြီး လူသူကင်းမဲ့လျက် သရဲမြို့တစ်မြို့ကဲ့သို့ ဖြစ်နေ၏။

"မင်း သေချင်နေတာပဲ"

ဖုန်းဝူချန်၏ စကားများက ထိုရုပ်ဆိုးသော လူအား ချက်ချင်း ဒေါပွသွားစေပြီး သူ၏ သတ်ဖြတ်လိုစိတ်များ ပြင်းထန်စွာ ပေါက်ကွဲလေ၏။

သူက "ဒီကောင်လေးကို သတ်ပြီး အဲ့ကောင်မလေးကို ဖမ်းခေါ်ခဲ့”

ဟု ဟောက်လိုက်တော့၏။

သို့သော် သူ့အနောက်မှ ဒါဇင်ခန့်သော အစောင့်များမှာ ပျာယာခတ်ကာ ဖြူဖျော့နေကြပြီ ဖြစ်ပြီး သူတို့၏ ထိတ်လန့်နေသော အကြည့်များမှာ ဖုန်းဝူချန်ထံတွင် စူးစိုက်နေသည်။

"သ ..သခင် လေး။ သူက ပုံတူပန်းချီ ကားထဲက လူပါ"

အစောင့်တစ်ဦးက တုန်လှုပ်စွာဖြင့် ထစ်ထစ်ငေါ့ငေါ့ ဆိုလိုက်သည်။

အခြား အစောင့်တစ်ဦးကလည်း ထိတ်လန့်တကြား ပြောလိုက်သည်။

"သူ သူက ကျန့်လင်တောင်ကြားက တောင်ကြားသခင်လေးကို သတ်သွားတဲ့ လူပဲ"

"ဘာ၊ ပုံတူပန်းချီကားထဲက လူ"

ထိုရုပ်ဆိုးသော လူ၏ မျက်နှာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ ခန္ဓာကိုယ်မှာ တုန်ယင်လာကာ ကြောက်ရွံ့မှုများမှာ သူ၏ ရွံရှာဖွယ် မျက်နှာသွင်ပြင်ပေါ်တွင် ထင်ရှားစွာ ပေါ်လာသည်။

အနီးကပ် ကြည့်လိုက်သောအခါ ထိုရုပ်ဆိုးသော လူသည် သူ၏ ရှေ့မှ ဖုန်းဝူချန်မှာ ပုံတူပန်းချီကားထဲမှ လူနှင့် သိသိသာသာ ဆင်တူနေသည်ကို သတိပြုမိလိုက်သည်။

သူ.. ကြည့်လေလေ ပိုတူလေလေပင်။

ပေမင်ခုံသည် ဤမျှ ကြောက်မက်ဖွယ် အစွမ်း ရှိပါလျက်နှင့် ပုံတူပန်းချီကားထဲမှ လူ၏ လက်ချက်ဖြင့် သေဆုံးသွားခဲ့ရသည်။ သူ ယွမ်တန်ဘုံ သတ္တမအလွှာ ကျင့်ကြံသူ တစ်ဦးမျှသာ ဖြစ်သည်ကို ဆိုဖွယ်ရာ မရှိတော့ပေ။

'တကယ်ပဲ သူပဲ။ ပေမင်ခုံကို သတ်သွားတာ သူပဲ။'

ထိုရုပ်ဆိုးသော လူက ကြောက်လန့်တကြား တွေးလိုက်ပြီး သူ၏ ခန္ဓာကိုယ်မှာ ချွေးအေးများ စို့ထွက်လာကာ မျက်နှာမှာ ပြာနှမ်းသွားသည်။

"မင်း ငါ့ကို သတ်ချင်တယ် ဟုတ်လား"

ဖုန်းဝူချန်က အေးတိအေးစက် ရယ်မောရင်း မေးလိုက်ပြီး ထိုရုပ်ဆိုးသော လူထံသို့ စူးရှစွာ ကြည့်လိုက်သည်။

"အဲ၊ အထင် မှား တာ ပါ။ လုံးဝ အထင် မှား တာ ပါ"

"အထင်မှားတာပါ။ လုံးဝ အထင်မှားတာပါ။ ကျွန်တော် ခင်ဗျားကို ထမင်းစားဖို့ ဖိတ်တာလေ ဟုတ်တယ် မဟုတ်လား။ ကျွန်တော့် အစ်ကိုကြီးကို ကြောက်အောင် မလုပ်ချင်ပါဘူး။ ဒါဆိုလည်း ထားလိုက်ပါတော့။ ဒါနဲ့ ကျွန်တော့်အစ်ကိုကြီးကို သတိပေးရဦးမယ်။ ဒီနတ်ဘုရား ဆေးလုံးမြို့တော်က နတ်ဘုရား ဆေးလုံး သခင်ကြီး ပိုင်တာဗျ.. ကျွန်တော် ခွင့်ပြုပါဦး။ နောက်မှ ပြန်တွေ့ကြမယ် နော် ။ ဟင့်အင်း။ ပြန်မတွေ့ကြတော့ဘူး"

ထိုရုပ်ဆိုးသော လူက ထိတ်လန့်တကြား ဆိုလိုက်ပြီး စကား မဆုံးခင်မှာပင် အဝေးသို့ လှစ်ခနဲ ပြေးသွားလေပြီ။

ထို ဒါဇင်ခန့်သော အစောင့်များမှာလည်း ထိတ်လန့်တကြား ဖရိုဖရဲ ထွက်ပြေးကြပြီး လဲကျသူ လဲကျ၊ ထိခိုက်သူ ထိခိုက်နှင့် လုံးဝ ဝရုန်းသုန်းကား ဖြစ်သွားကြသည်။

ဖုန်းဝူချန်သည် ဤသို့သော အသေးအမွှား လူများကို အရေးတယူ လုပ်မနေတော့ပေ။ သို့သော် သူတို့သာ ရန်သူများ ဖြစ်ခဲ့ပါလျှင် ဇာတ်လမ်းမှာ တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပေလိမ့်မည်။

စုန့်မိသားစုမှ ရုပ်ဆိုးသော သခင်လေး ထွက်ခွာသွားသည်နှင့် တကယ့် ကစားသမား အစစ်အမှန်များ ပေါ်ထွက်လာကြသည်။

"အစ်ကိုကြီးဖုန်း။ သတ်ဖြတ်လိုတဲ့ အရှိန်အဝါ တွေပဲ"

လင်ရှောင်ရှောင်က မျက်မှောင်ကြုတ်လိုက်ပြီး သူ၏ ချစ်စဖွယ် မျက်နှာလေးမှာ အေးစက်သွားသည်။

"ဝှစ် ဝှစ် ဝှစ်"

ထိုအချိန်တွင်၊ ဟဲထျန်းရှုံးသည် နတ်ဘုရား ဆေးလုံးမြို့တော်မှ ပညာရှင် ဒါဇင်ပေါင်းများစွာနှင့်အတူ လျင်မြန်စွာ ချဉ်းကပ်လာသည်။ သူတို့အထဲတွင် ထျန်းယွမ်ဘုံမှ ပညာရှင် အများအပြား ပါဝင်၏။ အများအပြား ဆိုသည်မှာ လေးဦးအထိ ရှိပြီး နှစ်ဦးမှာ ထျန်းယွမ်ဘုံ ဒုတိယအလွှာ၌ ရှိနေသည်။ အလွန် ခြိမ်းခြောက်နိုင်သော အခင်းအကျင်းပင် ဖြစ်သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ပညာရှင် ဒါဇင်ပေါင်းများစွာတို့သည် ဖုန်းဝူချန်နှင့် လင်ရှောင်ရှောင်တို့အား ဝန်းရံထားလိုက်သည်။

"ဖုန်းဝူချန်။ မင်း သတ္တိ တော်တော် ရှိတာပဲ။ ကျန့်လင်တောင်ကြားရဲ့ တောင်ကြားသခင်လေးကို သတ်ပြီးတာတောင် နတ်ဘုရား ဆေးလုံးမြို့တော်မှာ ပေါ်လာရဲသေးတယ်"

ဟဲထျန်းရှုံးက မုန်းတီးစွာ ဆိုလိုက်ပြီး သူ၏ မျက်ဝန်းများမှာ မုန်းတီးမှုနှင့် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။

"မင်း ငါ့ကို သိတယ် ဟုတ်လား"

ဖုန်းဝူချန်က အံ့ဩစွာ မေးလိုက်သည်။

ဟဲထျန်းရှုံးက ခပ်ပြတ်ပြတ် ဟိန်းဟောက်လိုက်သည်။

"ငါက မင်းကို သတ်ပြီး ငါ့ညီအတွက် လက်စားချေမယ့် လူပဲ"

"ဒါဆို မင်းက ဟဲမော့ရဲ့ အစ်ကိုပေါ့။ အခုမှပဲ သဘောပေါက်တော့တယ်"

ဖုန်းဝူချန်က တည်ငြိမ်စွာ ပြုံးလိုက်ပြီး ပညာရှင် ဒါဇင်ပေါင်းများစွာကို အကဲခတ်ကြည့်လိုက်သည်။

"ငါ ကြားတယ်။ မင်းဆရာက ကျိုကျိုးက နတ်ဘုရား ဆေးလုံးသခင်ကြီး ဆို။ ပြီးတော့ ငါ အခုလေးတင်ပဲ ကြားလိုက်သေးတယ်။ နတ်ဘုရား ဆေးလုံးမြို့တော်က သူ့နယ်မြေတဲ့"

ဟဲထျန်းရှုံးက ပြန်၍ ဟိန်းဟောက်လိုက်သည်။

"နတ်ဘုရား ဆေးလုံးမြို့တော်က မင်းရဲ့ သင်္ချိုင်းပဲကွ"

"ဖုန်းဝူချန်ကို သတ်ကြ"

တဆက်တည်း၌ ပညာရှင် ဒါဇင်ပေါင်းများစွာတို့သည် သူတို့၏ အစစ်အမှန်ယွမ်များကို နှိုးဆော်လိုက်ကြပြီး ကြောက်မက်ဖွယ် စွမ်းအား လှိုင်းလုံးများဖြင့် ကောင်းကင်ကို တုန်ခါသွားစေသည်။ မြေကြီး တုန်ခါသွားပြီး လမ်းမ မျက်နှာပြင်များမှာ ချက်ချင်း ပေါက်ကွဲ ကြေမွသွားကာ ပတ်ဝန်းကျင်မှ အဆောက်အအုံများမှာလည်း ကြေမွ ပျက်စီးသွားကြသည်။

"ကြည့်ရတာ မင်းတို့ ဒီကို သေဖို့ လာကြတာပဲ ထင်တယ်"

ဖုန်းဝူချန်က မထီတရီ ရယ်မောလိုက်သည်။

ပညာရှင် ဒါဇင်ပေါင်းများစွာတို့ မတိုက်ခိုက်နိုင်ခင်မှာပင် ဟဲထျန်းရှုံး၏ မျက်နှာအမူအရာမှာ သိသိသာသာ ပြောင်းလဲသွားပြီး သူ၏ မျက်နှာတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

ဖုန်းဝူချန် "သေဖို့ လာကြတာ" ဟူသော စကားလုံးများကို ပြောဆိုလိုက်သည့် အချိန်တွင် သူသည် ဟဲထျန်းရှုံး၏ ရှေ့မှောက်သို့ ရောက်ရှိနေခဲ့ပြီ ဖြစ်ပြီး သူ၏ ညာလက်က ဟဲထျန်းရှုံး၏ လည်ပင်းကို ဆုပ်ကိုင်လျက် သူ့အား လေထဲသို့ မြှောက်ထားလိုက်လေပြီ။

ထို ကြောက်မက်ဖွယ် အမြန်နှုန်းကြောင့် အစွမ်းထက် ပညာရှင်များအားလုံး တုံ့ပြန်ရန် အခွင့်အရေးပင် မရလိုက်ကြပေ။

သူတို့ ဘာဖြစ်နေသည်ကို သဘောပေါက်သွားသည့် အချိန်တွင် ဟဲထျန်းရှုံး အန္တရာယ် ကျရောက်နေပြီ ဖြစ်သည်ကို တွေ့မြင်လိုက်ကြရသည်။

" ဒီအသုံးမကျတဲ့ လူတွေကို ခေါ်ပြီး ငါ့ကို လာသတ်တယ် ဟုတ်လား။ မင်း ငါ ဖုန်းဝူချန်ကို အထင်သေးလွန်းသွားပြီ"

ဖုန်းဝူချန်က ခပ်ပြတ်ပြတ် ရယ်မောလိုက်သည်။

"ရပ်လိုက် ဖုန်းဝူချန်"

ထျန်းယွမ်ဘုံ ဒုတိယအလွှာ ပညာရှင်တစ်ဦးက ဒေါသတကြီး အော်ဟစ်လိုက်ပြီး ဖုန်းဝူချန်၏ နောက်ကျောဘက်သို့ လျင်မြန်စွာ လင်းလက် ရောက်ရှိလာကာ ကြောက်မက်ဖွယ် စွမ်းအားများ ပါဝင်သော လက်ဝါးဖြင့် ရိုက်ခတ်လိုက်သည်။

"ဘုန်း"

ထျန်းယွမ်ဘုံ ဒုတိယအလွှာ ပညာရှင်၏ လက်ဝါးသည် ဖုန်းဝူချန်၏ နောက်ကျောကို ထိမှန်သွားသောအခါ ကျယ်လောင်စွာ ပေါက်ကွဲသွားပြီး သူ ဖုန်းဝူချန်ကို ထိမှန်သွားပြီဟု ထင်မှတ်ကာ တိတ်တဆိတ် ပျော်ရွှင်သွားသည်။

သူ၏ တုန်လှုပ်ခြောက်ခြားမှုအဖြစ် ထျန်းယွမ်ဘုံ ဒုတိယအလွှာ ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် ထိုးနှက်မှုက ဖုန်းဝူချန်အား တစ်လက်မမျှပင် လှုပ်ရှားသွားအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။

'ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ။'

ထို ထျန်းယွမ်ဘုံ ဒုတိယအလွှာ ပညာရှင်မှာ ကြောင်ငေးသွားပြီး အခြား ပညာရှင် ဒါဇင်ပေါင်းများစွာတို့မှာလည်း ထိုနည်းတူပင်။

သူ၏ အစွမ်းကုန် ထိုးနှက်မှုဖြင့်ပင် ထျန်းယွမ်ဘုံ ဒုတိယအလွှာ ပညာရှင်သည် ဖုန်းဝူချန်အား ဒဏ်ရာရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပေ။ ဤမျှ ကြောက်မက်ဖွယ် စွမ်းအားကို ရင်ဆိုင်ရပါလျက်နှင့် ဖုန်းဝူချန်သည် နေရာမှပင် ရွေ့လျားသွားခြင်း မရှိခဲ့။

"မင်း တွေ့လား။ ဒါ မင်း ခေါ်လာတဲ့ အစွမ်းထက်တဲ့ လူတွေလား"

ဖုန်းဝူချန်က မထီမဲ့မြင် ကဲ့ရဲ့လိုက်သည်။ သူ၏ နောက်ကျောဘက်မှ ထိုးနှက်ချက်မှာ သူ၏အတွက် အရေးပါသော အရာ မဟုတ်ပေ။

"ဘုန်း"

"ဝေါ့"

အလွန်အမင်း ကြမ်းတမ်းသော စွမ်းအားတစ်ခု ဖုန်းဝူချန်၏ နောက်ကျောဘက်မှ ရုတ်တရက် ပေါက်ကွဲထွက်လာပြီး ကျယ်လောင်သော ပေါက်ကွဲသံကြီး ထွက်ပေါ်လာသည်။ ထျန်းယွမ်ဘုံ ဒုတိယအလွှာ ပညာရှင်သည် သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ ခန္ဓာကိုယ်မှာ ထိုပေါက်ကွဲမှုကြောင့် လွင့်စင်ထွက်သွားသည်။

ထျန်းယွမ်ဘုံ ဒုတိယအလွှာ ပညာရှင်သည် သတိလစ်သွားသည်။

မရေမတွက်နိုင်သော ကျင့်ကြံသူများ၏ မျက်လုံးထဲတွင် အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုတစ်ခု ဖြစ်သည့် ထျန်းယွမ်ဘုံ ဒုတိယအလွှာသည် ဖုန်းဝူချန်၏ ရှေ့မှောက်တွင် အားနည်းလှပေသည်။

ဟဲထျန်းရှုံးသည် ဖုန်းဝူချန်အား ထိတ်လန့်တကြား ကြည့်နေမိသည်။ သူသည် ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အစွမ်းကို ကောင်းစွာ သတိပြုမိသော်လည်း ဤမျှ အစွမ်းထက်သော တိုက်ခိုက်ရေးသမားများစွာ အကြားတွင် ဖုန်းဝူချန်က သူ့အား ပထမဆုံး ဖမ်းဆီးနိုင်လိမ့်မည်ဟု မယုံကြည်နိုင်ခဲ့ပေ။ ထို့နောက် ထျန်းယွမ်ဘုံ ဒုတိယအလွှာ ကျင့်ကြံသူတစ်ဦးအား တိုက်ကွက် တစ်ကွက်တည်းဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိသွားစေခဲ့သည်။

တိုက်ခိုက်ခြင်းပင် မပြုဘဲ ဖုန်းဝူချန်သည် ကြမ်းတမ်းသော စွမ်းအားများ တိုးထွက်လာမှုဖြင့် ထျန်းယွမ်ဘုံ ဒုတိယအလွှာ ကျင့်ကြံသူတစ်ဦးအား သတိလစ်သွားသည်အထိ ချေမှုန်းပစ်လိုက်သည်။ သည်အဖြစ်က မည်မျှ ကြောက်မက်ဖွယ် ကောင်းလိုက်ပါသနည်း။

ရှိနေသော အစွမ်းထက် လူသား ဒါဇင်ပေါင်းများစွာတို့မှာ တုန်လှုပ်သွားကြပြီး ဖုန်းဝူချန်အား အလွန်အမင်း ကြောက်ရွံ့သော အကြည့်များဖြင့် ကြည့်ရှုနေကြကာ မည်သူတစ်ဦးတစ်ယောက်မျှ ရှေ့မတက်ရဲကြတော့ပေ။

အကယ်၍ ထျန်းယွမ်ဘုံ ဒုတိယအလွှာ ကျင့်ကြံသူ တစ်ဦးပင် မျက်စိတစ်မှိတ်အတွင်း သတိလစ်သွားနိုင်ပါလျှင် သူတို့လည်း ထိုနည်းတူ လျင်မြန်စွာ အသတ်ခံလိုက်ရမည် မဟုတ်ပါလား။

All Chapters