← Chapters

(ဒီမိန်းကလေးက သေချာပေါက် မရိုးရှင်းဘူး)

Vol. 3 Ch. 30

(ဒီမိန်းကလေးက သေချာပေါက် မရိုးရှင်းဘူး)

Vol. 3 Ch. 30

ထိုအချိန်မှာပဲ ပိုင်ရှီရို့က အနီးရှိ ဝါးလုံးသစ်တောလေးကို လှမ်းကြည့်ကာ အပြုံးတစ်ခုနဲ့ပြောလာခဲ့သည်။

"ဒါနဲ့ ဂိုဏ်းတူမောင်လေးကို ဂိုဏ်းတူညီမလေးကျန်းနဲ့ မိတ်ဆက်ပေးရဦးမယ်။ သူမကအတွင်းခန်းမကနေ ဒီဆေးဥယျာဉ်ကို စောင့်ကြပ်ဖို့ လွှတ်ထားတဲ့ တပည့်တစ်ယောက်ပဲ။ ဆေးဥယျာဉ်ထဲမှာ ဂိုဏ်းတူမောင်လေးချီ အခက်အခဲရှိမယ်ဆိုရင် သူမဆီသွားပြီးတော့ အကူအညီတောင်းလို့ရတယ်။ "

ပိုင်ရှီရို့၏ တွေးတောပေးသော အပြုအမူကြောင့် ချီယွမ်အနည်းငယ် စိတ်ရှုပ်သွားခဲ့သည်။ ပိုင်ရှီရို့လိုမျိုး ထူးချွန်ကာ အရည်အချင်းရှိသည့်အပြင် အဆုံးမဲ့အလှတရားကို ပိုင်ဆိုင်ထားသည့် မိန်းကလေးမျိုးသည် တာအိုအပေါင်းအဖော်အဖြစ် လေ့ကျင့်ရန် အသင့်တော်ဆုံး စံနှုန်းတစ်ခုဖြစ်လေရာ ကျင့်ကြံရေးလောကအတွင်းမှာ မရေမတွက်နိုင်သော ဆွဲဆောင်မှုများကို ရရှိလိမ့်မည်။

ထို့အပြင် လက်ရှိတွင် သူက ဝိဉာဉ်သွေးကြောလေးခုနှင့် သာမန်အစေခံတပည့်တစ်ယောက် ဖြစ်သည့်အပြင် ရုပ်ရည်ကလည်း သာမန်ဆန်သည်။ ထိုမျှလှပသော ဂိုဏ်းတူအစ်မထံမှ အထူးအာရုံစိုက်မှုကို ရရှိဖို့ မထိုက်တန်ပါချေ။ ရှုပ်ထွေးစွာဖြင့် ပိုင်ရှီရို့၏ အများနဲ့မတူဘဲ အဖိုးတန်သော စိတ်နေစိတ်ထားကို ချီယွမ်လက်ခံလိုက်သည်။

ချီယွမ်တစ်ယောက် အတွေးများနေစဉ်မှာပဲ ပိုင်ရှီရို့က ဦးဆောင်ကာ ဝါးလုံးတောအုပ်လေးအတွင်းသို့ ခေါ်သွားခဲ့သည်။

"ဂိုဏ်းတူညီမလေး ကျန်းရဲ့ အဓိကတာဝန်က အနောက်တောင်ဘက်က ဝိဉာဉ်သားရဲတွေ ဆေးဥယျာဉ်ထဲ ကျူးကျော်လာမှာကို တားမြစ်ဖို့ပဲ။ ဒါကြောင့်သူမရဲ့ နေရာကလည်း ဥယျာဉ်အပြင်ဘက်အခြမ်းမှာရှိတယ်။ တောင်အနောက်ဘက်နဲ့နီးတဲ့ အပြင်ဘက်ခြမ်းမှာဆိုတော့ ဆေးပင်လယ်ကွင်းတွေနဲ့ နည်းနည်းလေးလှမ်းတာပေါ့။ ဒါကြောင့် ဝမ်ထောင်က ဂိုဏ်းတူမောင်လေးချီရဲ့ လယ်ကွင်းထဲကနေ ညတွင်းချင်း ခိုးယူဖို့ အခွင့်အရေးရခဲ့တာ။"

"ပြီးတော့ဂိုဏ်းတူညီမလေးကျန်းက အေးဆေးနေရတာပဲ ကြိုက်ပြီးတော့ တခြားလူတွေနဲ့ပတ်သက်ရတာ မုန်းတယ်။ ဒါပေမယ့် သူနဲ့အမနဲ့က ရင်းနှီးတဲ့ ညီအစ်မတွေလိုမျိုးပဲ။ ဂိုဏ်းတူမောင်လေးချီကို အမကမိတ်ဆက်ပေးတာမလို့ နောက်ပိုင်း မောင်လေးအကူအညီတောင်းရင် သူငြင်းမှာမဟုတ်ဘူး။"

ဝါးလုံးသစ်တောလေး၏ အလယ်ပိုင်းတွင် ရိုးရှင်းကာကျက်သရေရှိသော နှစ်ထပ်ဝါးလုံးအိမ်တစ်ခုရှိသည်။ စိတ်ဝိဉာဉ်စွမ်းအင်ပါဝင်သော ပန်းပင်နှင့်စိမ်းစိုစို မြက်ပင်များကြောင့် သာယာပျော့ပျောင်းသော ပတ်ဝန်းကျင်ကို ဖန်တီးပေးသည်။ ထိုဝါးလုံးအိမ်အနီးသို့ရောက်လာသည်နှင့် ပိုင်ရှီရို့ရပ်တန့်ကာ အော်လိုက်၏။

"ဂိုဏ်းတူညီမလေးကျန်း အစ်မလာတွေ့တယ်။"

အချိန်ခဏကြာပြီးနောက်တွင် တံခါးပွင့်သွားခဲ့ပြီး ခရမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသော ငယ်ရွယ်သည့် မိန်းကလေးတစ်ယောက်ထွက်ပေါ်လာခဲ့သည်။ သူမ၏ရုပ်ရည်သည် သာမန်ဖြစ်ပြီး သူမ၏ပုံသဏ္ဍာန်ကို နူးညံ့သည်ဟုတောင် ဖော်ပြနိုင်သည်။ ကြည်ရှင်းကာ အသက်ဝင်လှသော မျက်လုံးတစ်စုံမှလွဲလျှင် သူမထံ၌ မမေ့နိုင်လောက်စရာ အလှတရားမျိုး မပိုင်ဆိုင်ထားချေ။

ပိုင်ရှီရို့ကို မြင်သည်နှင့် ထိုမိန်းကလေးသည် အနည်းငယ်ပြုံးသွားခဲ့ပြီး နွေးထွေးစွာပြောလိုက်သည်။

"ဂိုဏ်းတူအမ ဘယ်လိုလုပ်ရောက်လာတာလဲ”

ပိုင်ရှီရို့အရှေ့တိုးကာ သူမ၏လက်ကို ဆွဲယူလိုက်ပြီး အပြုံးတစ်ခုနှင့်

"ဂိုဏ်းတူညီမလေးနဲ့တွေ့ဖို့အတွက် တပည့်အသစ်တစ်ယောက်ကို အမခေါ်လာတယ်။ သူကဒီဆေးဥယျာဉ်ထဲမှာ အလုပ်လုပ်နေတာ။ သူ့ကိုဂရုစိုက်ပေးပါဦး။"

ထိုမိန်းကလေးသည် ချီယွမ်ကိုတည်ငြိမ်စွာ လှမ်းကြည့်လာခဲ့ပြီး ခေါင်းညိမ့်ပြလာသည်။

"ဂိုဏ်းတူအမခေါ်လာတယ် ဆိုမှတော့ ညီမလေး ကောင်းကောင်းဂရုစိုက်ပေးပါမယ်။"

ချီယွမ်လျင်မြန်စွာ အရှေ့တိုးလာကာ

"ဂိုဏ်းတူ အစ်မကျန်းကို အရိုအသေပေးပါတယ်။"

မျက်စိရှေ့က ကျန်းယုယန်သည် အခြေခံတည်ထောင်ခြင်းနယ်ပယ် အလယ်အလတ်အဆင့်သို့ ရောက်ရှိနေပြီး ဤဆေးဥယျာဉ်အတွင်းတွင် နေထိုင်လာတာ သုံးနှစ်ရှိပြီမှန်း ချီယွမ်နားလည်ထားသည်။ သူမသည် တသီးတခြားနေတတ်ပြီး အပြင်ထွက်တာ ရှားပါးသည်။ အခုလိုမျိုး လူကိုယ်တိုင် ပထမဦးဆုံးတွေ့ဆုံရခြင်းပင်။

ကျန်းယုယန်၏ ရုပ်ရည်သည် သာမန်ဆန်ပြီးထူးခြားသည့် အချက်မရှိသော်ငြား တစ်ခုခုကို ချီယွမ်ခံစားလိုက်ရသည်။ သို့ပေမယ့် ထိုခံစားချက်ကို အမည်တပ်လို့မရပါချေ။

"အထဲဝင်ပြီးစကားပြောကြရအောင်"

ကျန်းယုယန် အပြုံးတစ်ခုနှင့်ခေါင်းညိမ့်လိုက်ကာ အတွင်းထဲသို့ ဦးဆောင်ပြီးခေါ်သွားလိုက်သည်။

“မလိုတော့ပါဘူး ဒီတစ်ခေါက်သူနဲ့ညီမလေးကို မိတ်ဆက်ဖို့ အမလာခဲ့တာဆိုပေမယ့် အဓိကကတာ့ ညီမလေးကိုလာတွေ့တာပါ။”

ပိုင်ရှီရို့ခေါင်းယမ်းကာ စိတ်အားထက်သန်စွာဖြင့် ဆက်လက်ပြောဆိုလိုက်သည်။

“ဂိုဏ်းတူ ညီမလေးကျန်းက ဆေးဥယျာဉ်ကို စောင့်ကြပ်ဖို့အတွက်နဲ့ ဒီလိုမျိုး ဝေးလံတဲ့နေရာမှာ တစ်ယောက်တည်းနေနေတာ အရမ်းကိုကြာခဲ့ပြီ။ သုံးနှစ်ဆိုတဲ့အချိန်ကာလက တော်တော်လေးကြိုးစားအားထုတ်ထားတာပဲ။ ဒါကြောင့် ရက်ပိုင်းအတွင်းမှာ အမအကြီးအကဲချူဆီကို အကူအညီတောင်းပြီးတော့ ညီမလေးကို အတွင်းခန်းမကို ပြန်ပြောင်းနိုင်အောင် လုပ်ပေးမယ်။ ညီမလေးဘယ်လိုထင်လဲ”

"မပြောင်းဘူး"

ကျန်းယုယန် တစ်ယောက် အနည်းငယ်စိတ်လှုပ်ရှားစွာဖြင့် ချက်ချင်းငြင်းချက် ထုတ်လာခဲ့သည်။

"ဂိုဏ်းတူအမ ကျေးဇူးပြုပြီး ဒီကိစ္စကို အကြီးအကဲချူကို မပြောပါနဲ့လား။ ညီမလေးက လူကြားထဲနေရတာ မကြိုက်တာ အမလည်းသိတာပဲ။ ဒီနေရာက ဆူညံပွက်လောရိုက်နေတဲ့ နေရာကနေ ဝေးလံတဲ့အတွက် ညီမလေးအတွက် ကျင့်ကြံဖို့ အကောင်းဆုံးနေရာ တစ်ခုပဲ။ ဒါကြောင့် ဒီနေရာမှာပဲ ပိုပြီးကြာကြာနေရဖို့တောင် မျှော်လင့်မိတယ်။"

ကျန်းယုယန်၏ စိတ်ပိုင်းဖြတ်ထားသော ပုံစံကြောင့် ပိုင်ရှီရို့ သက်ပြင်းချကာ ဆက်လက်မပြောဆိုတော့ချေ။

"ကောင်းပါပြီ ဒါဆိုရင် အမ ကတိပေးတယ်။ ညီမလေးပြောင်းဖို့ ဆန္ဒရှိလာပြီဆိုရင် အချိန်မရွေးအမဆီ လာခဲ့လိုက်။”

ထို့ကြောင့် ချီယွမ်၏ သံသယသည် ပိုမိုကြီးမားလာခဲ့သည်။

အတွင်းတပည့်များအတွက် ဆေးဥယျာဉ်ကို စောင့်ကြပ်ရခြင်းသည် လိုချင်ဖွယ်ရာ တာဝန်တစ်ခုမဟုတ်ပါချေ။ အချိန်မရွေးသတိရှိနေဖို့ လိုအပ်ပြီး လိုအပ်လျှင် အနောက်တောင်မှ ကျူးကျော်လာမည့် ဝိဉာဉ်သားရဲများနှင့် ရင်ဆိုင်ရလိမ့်မည်။ အတွင်းခန်းမသို့ ပြောင်းလဲနိုင်မည့် အခွင့်အရေး ရသည်တောင်မှ ငြင်းချက်ထုတ်လာသော ကျန်းယုယန်၏ ပုံစံသည် အနည်းငယ် သံသယဝင်ဖွယ်ကောင်းလှသည်။

ဖြစ်နိုင်ချေ တစ်ချို့ကြောင့် ချီယွမ် မျက်ခုံးပင့်ကာ ပိုင်ရှီရို့နှင့် စကားပြောနေသော ကျန်းယုယန်ကို လှမ်းကြည့်လိုက်သည်။ ချီယွမ်၏ မျက်နှာထားက ပိုမို တည်ငြိမ်လာ၏။

(ဒီမိန်းကလေးက လုံးဝမရိုးရှင်းဘူး)

ထိုအချိန်တွင် အတွင်းခန်းမ၏.....

သဘာဝအတိုင်းဖြစ်ပေါ်နေသော ဂူအနီးတွင် ဝိဉာဉ်စွမ်းအင်များ ပြည့်နှက်‌နေသည်။

“ဝမ်းကွဲအကို ဒီ‌တစ်ခေါက် ကူညီပေးမှ ရမယ်နော်။ ယင်ကျန်းနဲ့ ချီတ အဲ့ဒီသူတောင်းစား နှစ်ယောက်လုံးက ကျွန်တော့်ကို အကြိမ်ကြိမ် အရှက်ခွဲခဲ့တယ်။ ဒီတစ်ခေါက် ကျွန်တော် လက်တုံ့ပြန်တဲ့အချိန်မှာ သူတို့ကအခြေအနေကို ပြောင်းပြန်လှန်နိုင်ခဲ့ပြီး ကျွန်တော့်အပေါ် အပြစ်ဖို့ခဲ့တယ်။ ကျွန်တော့်ဘေးမှာ ရှိနေတဲ့ မိန်းကလေးကိုတောင်မှ အလွတ်မပေးခဲ့ဘူး။ အကိုက ကျွန်တော့်ရဲ့ အကိုဝမ်းကွဲမှန်းသိနေတာတောင်မှ သူတို့ကဂရုမစိုက်ဘဲ ဒီလိုလုပ်တာ အကို့ကိုမလေးစားတာပဲ။ ဒါ့အပြင် ဦးလေးနဲ့ ရင်းနှီးတဲ့ အဲ့ဒီအကြီးအကဲ မိုကျန်းယန်က အမြဲတမ်းကျွန်တော့်ကို အထင်သေးနေတယ်။ ဟိုသူတောင်းစားနှစ်ကောင်ကိုပဲ မျက်နှာသာပေးနေတာ။ ကျွန်တော်သာ လက်စားမချေဘူးဆိုရင် ဘယ်လိုလုပ် စိတ်အေးချမ်းနိုင်မှာလဲ”

စားပွဲအနားမှာ ရပ်နေသော ဝမ်လုချန်၏ မျက်နှာတစ်ခုလုံးသည် အမုန်းတရားများပြည့်နှက်နေခဲ့ပြီး သစ်သားထိုင်ခုံတွင်ထိုင်နေသော လူငယ်လေးကို ညည်းညူပြောဆိုနေခဲ့သည်။ ပိုးထည်ဝတ်ရုံနှင့် ကျောက်စိမ်းနှဖူးစည်းကို ဝတ်ဆင်ထားပြီး ခန့်ညားသောအသွင်အပြင်ကို ပိုင်ဆိုင်ထားသော ထိုလူငယ်က မြင့်မားသော ထိုင်ခုံတွင် ထိုင်နေခဲ့သည်။ ထိုသူသည် တိမ်ကြွေဂိုဏ်းက အတွင်းခန်းမ၏ ထိပ်သီးတပည့် သုံးယောက်ထဲမှ တစ်ယောက်ဖြစ်သော ယင်ဟောင် ပင် ။

“မင်းက အကွက်ချတဲ့ကိစ္စကိုတောင်မှ ပြောင်မြောက်အောင် မလုပ်နိုင်ဘဲနဲ့ ပြဿနာတွေရှာနေခဲ့တယ်။ တစ်ကယ်ကို အသုံးမကျတဲ့အပြင် အရှက်ရစရာ ကောင်တစ်ကောင်ပဲ”

ယင်ဟောင်သည် ဝမ်လုချန်ကို ရွံရှာစွာ လှမ်းကြည့်ရင်း အေးစက်စွာပြောလိုက်သည်။

“အကယ်လို့ ငါ့အဖေကသာ မင်းကိုကာကွယ်ဖို့ မပြောထားရင် မင်းရဲ့ကျင့်ကြံဆင့်တွေ ဖျက်ဆီးခံရပြီး ဂိုဏ်းက မောင်းထုတ်ခံရမှာ။ ဒီနေရာမှာလာပြီး တညည်းသည်းလုပ်နေနိုင်မှာ မဟုတ်ဘူး။”

ဝမ်လုချန်သည် အရှက်ရခြင်းကြီးစွာဖြင့် ခေါင်းငုံ့လိုက်သည်။

“ဝမ်းကွဲအကို ပြောတာမှန်ပါတယ်။ ကျွန်တော် တုံးအခဲ့တာ။ အဲ့ဒီချီတက ဒီလောက်ထိဉာဏ်နီဉာဏ်နက် များမယ်လို့ ဘယ်သူထင်ခဲ့မှာလဲ...”

ဝမ်လုချန်၏ စကားမဆုံးခင်မှာပဲ ယင်ဟောင်ဖြတ်ပြောလာခဲ့သည်။

“ပါးစပ်ပိတ်ထားစမ်း။ မင်းဟာမင်း တုံးတာနဲ့ လူတိုင်းကို တုံးမယ်လို့ထင်နေလား”

အကြောက်တရားဖြင့် တုန်လှုပ်သွားသော ဝမ်လုချန်သည် လျင်မြန်စွာဖြင့် ပါးစပ်ပိတ်လိုက်သည်။ ထပ်မံမပြောဆိုရဲတော့ချေ။ ယင်ဟောင်၏ မျက်လုံးအတွင်းတွင် နက်မှောင်မှုတစ်ချို့ဖြတ်ပြေးသွားကာ အေးစက်စွာမေးလိုက်လေ၏။

“ငါကြားတာတော့ ပိုင်ရှီရို့က အဲ့ဒီချီတကို တော်တော်လေး အာရုံစိုက်နေပြီး သူ့ကိုသွားတွေ့ဖို့ ပြင်ပခန်းမအထိသွားခဲ့တယ်ဆို။ ဘာတွေဖြစ်နေတာလဲ”

ဝမ်လုချန်၏ မျက်နှာက ချက်ချင်းဆိုသလို ဝင်းလက်သွားကာ လျင်မြန်စွာဖြေကြားလိုက်သည်။

“ကျွန်တော်လည်း အဲ့ဒီကိစ္စကိုကြားထားတယ်။ အဲ့ဒီချီတဂိုဏ်းထဲဝင်လာပြီး ဒုတိယရက်မှာပဲ ဂိုဏ်းတူအစ်မက သူ့ကိုသွားတွေ့ခဲ့တာ သူတို့နှစ်ယောက်အတူတူ ပြင်ပခန်းမထဲကနေ ထွက်သွားခဲ့ပြီး အချိန်တစ်ခုကြာမှပြန်ရောက်ခဲ့တယ်တဲ့။ သူတို့ဘာတွေလုပ်ခဲ့လဲ ဘယ်သူမှမသိဘူး။ ပြီးတော့ ရက်အနည်းငယ်ကြာပြီးနောက်မှာ အဲ့ဒီချီတကို အကြီးအကဲမိုကျန်းယန်က ဆေးဥယျာဉ်မှာ အလုပ်လုပ်ဖို့ တိုက်ရိုက်တာဝန်ပေးခဲ့ပြီး အများကြီးဆုတွေလည်း ချခဲ့တယ်။ ဒီကိစ္စကသေချာပေါက် ဂိုဏ်းတူအစ်မနဲ့ ပတ်သက်နေမှာ”

ဝမ်းကွဲဖြစ်သူ ယင်ဟောင်သည် ပိုင်ရှီရို့ကို စိတ်ဝင်စားနေကာ သူမကို အနာဂတ်တာအို ကျင့်ကြံဖော်အဖြစ် သတ်မှတ်ထားမှန်း ဝမ်လုချန်နားလည်သည်။ ထို့ကြောင့် ဝမ်းကွဲအစ်ကို ယင်ဟောင်က ပိုင်ရှီရို့နှင့်သူ၏ကြားတွင် တတိယလူကြားဝင်မည်ကို လက်ခံလိမ့်မည် မဟုတ်ချေ။ ယင်ဟောင်အတွက် တည်တည်ငြိမ်ငြိမ် နေနိုင်တော့မှာ မဟုတ်ဘူး။

ထင်သည့်အတိုင်းပင် ယင်ဟောင်၏ မျက်နှာသည် နီရဲလာကာ မျက်လုံးအတွင်းမှာလည်း လူသတ်လူရိပ်များ ပြည့်နှက်လာ၏။ ဝမ်လုချန် မီးထဲသို့ လောင်စာမထည့်ရခင်မှာပဲ ယင်ဟောင်က ရုတ်တရက်မတ်တပ်ရပ်လာကာ မှောင်မိုက်စွာပြောဆိုလိုက်သည်။

“ငါတို့ရဲ့ တိမ်ကြွေဂိုဏ်းက မကောင်းတဲ့ကျင့်ကြံသူတွေ ကျင့်ကြံလို့ရတဲ့နေရာမဟုတ်ဘူး။ ပြီးတော့ကျင့်ကြံသူတွေကြားမှာလည်း မကောင်းတဲ့လုပ်ရပ် လုပ်ထားတာကို ဂိုဏ်းကတင်းကြပ်စွာတားမြစ်ထားတယ်။ ဂိုဏ်းသားအချင်းချင်း မကောင်းကြံတာက ဂိုဏ်းအတွက်တော့ ကိစ္စကြီးတစ်ခုပဲ။ ငါဆိုရင်တောင်မှ အဲ့ဒီကောင်လေးကို တိုက်ရိုက်ဆန့်ကျင်လို့ မရဘူး။ “

“ဒါပေမယ့် မင်းကတော့ မတူညီဘူး။ မင်းကလက်ရှိမှာ ဝိဉာဉ်သားရဲကို စောင့်ရှောက်ဖို့ တာဝန်ယူထားရတယ်မလား။ အဲ့ဒီသားရဲတွေက ရိုင်းစိုင်းပြီး ထိန်းသိမ်းဖို့ခက်ခဲတယ်။ အဲ့ဒီထိန်းချုပ်ရ ခက်တဲ့ကောင်တွေ ရုတ်တရက်ကြီးထဖောက်ပြီး တစ်စုံတစ်ယောက်ကို တိုက်ခိုက်တယ်ဆိုတာ မဖြစ်နိုင်ဘူးလား”

ထို့နောက်တွင် ယင်ဟောင်သည် သိုလှောင်အိတ်အတွင်းမှ ကျောက်စိမ်းပုလင်းတစ်လုံး ဆွဲယူကာ ဝမ်လုချန်ဆီ ပစ်ပေးလိုက်သည်။

“အဲ့ဒီစိတ်ဝိဉာဉ်သားရဲတွေကို အပြင်ထွက်ပြီး လေ့ကျင့်ခန်းလုပ်ဖို့ ခေါ်သွားရတဲ့အချိန်ကို အခွင့်ကောင်းယူလိုက်။ ‌အခြေခံတည်ထောင်ခြင်းနယ်ပယ်ရှိတဲ့ ကြေးနီမီးတောက်ကျားကို ချီတရဲ့အဆောင်ပြန်လမ်းမှာ ထားထားလိုက်။ ပြီးလို့ အချိန်ကျလာရင် ဒီဆေးကို အသုံးပြုပြီးတော့....”

ယင်ဟောင်၏ အသံသည် တဖြည်းဖြည်းတိုးဝင်သွားကာ ခပ်တိုးတိုးဖြစ်သွားသည်နှင့်အတူ ဝမ်လုချန်၏ မျက်လုံးတို့ ပိုမိုတောက်ပလာပြီး အဆက်မပြတ်ခေါင်းညိမ့်လိုက်သည်။

စာစဉ်ပြီး၏

All Chapters