← Chapters

ဟွမ်ဖူမိသားစုအား အမြစ်ပြတ် ချေမှုန်းခြင်း

Vol. 18 Ch. 268

ဟွမ်ဖူမိသားစုအား အမြစ်ပြတ် ချေမှုန်းခြင်း

Vol. 18 Ch. 268

~ဆေးပညာရှင်များ သူ့ရှေ့တွင် ဒူးထောက်နေကြသည်ကို ကြည့်ရင်း ဖုန်းဝူချန်တစ်ယောက် မျက်နှာအမူအရာ တစ်ချက် မပြောင်းခဲ့ပေ။

ဖုန်းဝူချန်က မျက်နှာသေဖြင့် ဆိုသည်။ "နတ်ဘုရား ဆေးလုံး သခင်ကြီး၊ ခင်ဗျား ဖော်စပ်ထားတဲ့ ထျန်းယွမ် ဆေးလုံးက ရွှေဒင်္ဂါး ကုဋေ နှစ်ထောင့် ရှစ်ရာနဲ့ ရောင်းထွက်သွားတယ်။ ဒါဆိုရင် ကျွန်တော့်ရဲ့ ထျန်းယွမ် ဆေးလုံး တန်ဖိုးက ကုဋေ တစ်သောင်း ရှိသင့်တယ်။ ပြီးရင် ကျွန်တော် 'ဟွာယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံး' တစ်လုံး ဖော်စပ်ပေးမယ်။ ဒါက ထျန်းယွမ်ဘုံ ကျင့်ကြံသူ တစ်ယောက်ကို အဆင့်တစ်ဆင့် တိုးမြှင့်ပေးနိုင်တယ်"

"သေချာ နားထောင် အဆင့် တစ်ဆင့် တိုးမြှင့်ပေးတာ နော်။" ဖုန်းဝူချန်က လေးနက်စွာ ကြေညာလိုက်သည်။

"ဒီဆေးလုံးက ကုဋေ လေးသောင်း တန်တယ်။ ဆေးလုံး နှစ်လုံးပေါင်းလိုက်ရင် ကုဋေ ငါးသောင်း အတိအကျပဲ။ ဒီဆေးလုံးရဲ့ အာနိသင်က မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းထက် ပို သာလွန်တယ်။ ကုဋေ လေးသောင်း ဆိုတာတောင် လျှော့ပြောလိုက်သေးတယ်"

ဤသို့ ပြောလိုက်ပြီးနောက် ဖုန်းဝူချန်က သူ ဖော်စပ်ထားသော ထျန်းယွမ် ဆေးလုံးကို ပစ်ပေးလိုက်ရာ ၎င်းက ချူချန်ခုံးထံသို့ ပျံသန်းသွားသည်။ ချူချန်ခုံးက ထိတ်လန့်တကြား အမူအရာဖြင့် အလျင်အမြန် ဖမ်းယူလိုက်ရ၏။

"ဟွာယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံးကိုတော့ ကျွန်တော် နောက်မှ ပို့ပေးလိုက်မယ်။" ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။

'ဟွာယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံး' ကို ဖုန်းဝူချန် ဖော်စပ်နိုင်မှတော့ သူက ဘာလို့ မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းကို ဈေးဆွဲနေဦးမှာလဲ။

'ဟွာယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံး' ၏ အာနိသင်များက မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းထက် ပိုမို အစွမ်းထက်သည်ဟု ဆိုကြသော်ငြား မြင့်မြတ်ကြာပန်း ဆိုသည်မှာ ကောင်းကင်နှင့်မြေကြီးက မွေးဖွားပေးလိုက်သည့် ရတနာဖြစ်ပြီး နှိုင်းယှဉ်၍ မရနိုင်သော သန့်စင်သည့် စွမ်းအင်များ ပါဝင်နေသည်။ ဆေးလုံး တစ်လုံးက မည်မျှပင် အစွမ်းထက်သည် ဆိုစေကာမူ ၎င်းတွင် အညစ်အကြေး အချို့ ပါဝင်နေမည်သာ ဖြစ်သည်။ မည်သည့် ဆေးပညာရှင်မျှ အညစ်အကြေး လုံးဝ ကင်းစင်သော ဆေးလုံး တစ်လုံးကို မဖော်စပ်နိုင်ပေ။

ထို့ကြောင့် ဖုန်းဝူချန်၏ ပထမဆုံး ရွေးချယ်မှုမှာ မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းသာ ဖြစ်သည်။

ဖုန်းဝူချန်ထံတွင် ရွှေဒင်္ဂါး ကုဋေ ငါးသောင်း မရှိပေ။ သို့သော် သူ့ထံတွင် ဆေးလုံးများ ရှိနေသည်။

ထိုစကားကို ကြားသောအခါ ချူချန်ခုံးက အလျင်အမြန် ဆိုသည်။ "ဆေးဘိုးဘေးလေးရဲ့ နတ်ဘုရားအလား စွမ်းဆောင်ရည်တွေက အရမ်း နက်ရှိုင်းလှပါတယ်။ ဆေးဘိုးဘေးလေးရဲ့ 'တစ်ချက်တည်းသော အတွေးဖြင့် ဆေးလုံး ဖော်စပ်ခြင်း' ကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့် ရပြီး ဆေးပညာရှင် တစ်ယောက်ရဲ့ တကယ့် အရည်အချင်း အစစ်အမှန်ကို မြင်တွေ့ခွင့် ရတာ ကျွန်တော်တို့ အားလုံးအတွက် ဂုဏ်ယူစရာပါ။ ကျွန်တော်တို့က ဆေးဘိုးဘေးလေး ဆီက ရွှေဒင်္ဂါးတွေကို ဘယ်လိုလုပ် လက်ခံရဲမှာလဲ။ မြေကမ္ဘာနှလုံးသား မြင့်မြတ်ကြာပန်းကို ဒီတပည့်က အလေးအနက်ထား လက်ဆောင်ပေးတဲ့ ပစ္စည်း တစ်ခု အဖြစ် သတ်မှတ်ပေးပါ"

"ကျွန်တော်တို့ ဆေးဘိုးဘေးလေးဆီမှာ ကိုယ့်ကိုယ်ကိုယ် ဆက်ကပ်ဖို့ ဆန္ဒရှိပါတယ်"

ဆေးပညာရှင်များက တစ်ယောက်ပြီး တစ်ယောက် ပန်ကြားကြပြီး သူတို့၏ စိတ်ရင်းအမှန်ဖြင့် လက်နက်ချ အညံ့ခံလိုကြောင်း ဖော်ပြကြသည်။

သူတို့ ဖုန်းဝူချန်အပေါ် စော်ကားခဲ့မှုများနှင့် သံသယ ဝင်ခဲ့မှုများကို ပြန်လည် တွေးတောမိသောအခါ သူတို့အားလုံး အလွန်အမင်း အရှက်ရသွားကြပြီး တွင်း ရှာကာ ဝင်ပုန်းလိုက်ချင်စိတ်များ ပေါက်လာကြသည်။

"'ဟွာယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံး'"

"ထျန်းယွမ်ဘုံ အတွင်းမှာ အဆင့်တစ်ဆင့် တိုးမြှင့်ပေးနိုင်တယ်"

"ဒီဆေးလုံးရဲ့ အာနိသင်တွေက အရမ်း ကြောက်စရာ ကောင်းတယ်။ ဒီဆေးလုံးကိုသာ ရနိုင်ခဲ့ရင် တစ်လအတွင်း ကျင့်ကြံခြင်းအဆင့် အဆင့်ချိုးဖြတ် တက်ရောက်နိုင်တယ်"

နန်းကုန်း မိသားစုခေါင်းဆောင် ဖုန်းလန်ဂိုဏ်း၏ ဂိုဏ်းချုပ် ပေမင် ဘိုးဘေး ရှောင်ထျန်းချန် နှင့် ရှီဟွမ်ဂိုဏ်း၏ ဂိုဏ်းချုပ် အပါအဝင် အခြားသူများ နောက်တစ်ကြိမ် တုန်လှုပ်သွားကြပြန်သည်။ သူတို့၏ မျက်နှာများက အံ့အားသင့်မှုကို ဖော်ပြနေခဲ့သည်။

တုန်လှုပ်နေစဉ်မှာပင် သူတို့အားလုံး တစ်ချိန်တည်း စိတ်လှုပ်ရှား လာကြ၏။

'ဟွာယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံး' ၏ အမည်ကို ကြားလိုက်ရုံမျှဖြင့် သူတို့၏ စိတ်လှုပ်ရှားမှုကို လှုံ့ဆော်ပေးရန် လုံလောက်နေခဲ့ပြီ။

သူတို့အားလုံး 'ဟွာယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံး' အကြောင်း ကြားဖူးကြပြီး ၎င်း၏ ကြောက်မက်ဖွယ် အာနိသင်များကို သိရှိထားကြသည်။ သို့သော် မည်သူမျှ မမြင်ဖူး ၊ မသုံးစွဲဖူးကြပေ။

ထိုဆေးလုံး၏ အာနိသင်များ အမှန်တကယ် မည်မျှ ဆန်းပြားနိုင်သည်ကို သူတို့ မသိကြပေ။

'ဖုန်းဝူချန်က 'ဟွာယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံး' ကို တကယ် ဖော်စပ်နိုင်တယ်။'

ဤဆေးလုံးသည် အမှန်တကယ်ပင် စစ်မှန်သော ပဉ္စမအဆင့် ဆေးလုံး တစ်လုံး ဖြစ်ပြီး ပဉ္စမအဆင့် ဆေးလုံးများထဲတွင် ဖော်စပ်ရန် အခက်ခဲဆုံး ဖြစ်သည်။

ဖုန်းဝူချန်လို စတုတ္ထအဆင့် ဆေးပညာရှင် တစ်ယောက်က ၎င်းကို တကယ် ဖော်စပ်နိုင်ပါ့မလား။

ထို့အပြင် ဖုန်းဝူချန်က ဆေးလုံး သန့်စင်နည်းကို ဘယ်က ရခဲ့သနည်း။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ဆေးပညာ စွမ်းရည်များကို သူ ဘယ်နေရာမှာ သင်ယူခဲ့သနည်း။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းသော သဘာဝကို သူတို့ နောက်ဆုံးတွင် သဘောပေါက် သွားခဲ့ကြသည်။

သို့သော် ဖုန်းဝူချန် လန့်ဖို့ ကောင်းလေလေ ကျန့်လင်တောင်ကြားနှင့် ရှောင်မိသားစု၏ သတ်ဖြတ်လိုစိတ် ပိုမို ပြင်းထန်လာလေလေ ဖြစ်သည်။

အကယ်၍ သူတို့ ဖုန်းဝူချန်ကို မရှင်းလင်း ခဲ့လျှင် သေဆုံးရမည့်သူမှာ သူတို့ ကိုယ်တိုင် ဖြစ်လာပေလိမ့်မည်။

"'ဟွာယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံး'။ ဒါ ဒါ ဆဋ္ဌမအဆင့် ဆေးပညာရှင် တစ်ယောက်တောင် ဖော်စပ်နိုင်မှာ မဟုတ်ဘူး"

နတ်ဘုရား ဆေးလုံး သခင်ကြီး တုန်ယင်စွာ ဆိုလိုက်သည်။

'ဟွာယန် ခရမ်းရောင် ဝိညာဉ် ဆေးလုံး' ၏ ကြောက်မက်ဖွယ် အာနိသင်များကို အခြား ဆေးပညာရှင်များထက် သူ ပိုမို သိရှိနေသည်။

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ဆေးပညာ ဘုံအဆင့်က နတ်ဘုရား ဆေးလုံး သခင်ကြီးကို လုံးဝ လက်နက်ချ အညံ့ခံ သွားစေခဲ့သည်။

ချူချန်ခုံးနှင့် အခြားသူများ အတွက်တော့ ပြောစရာပင် လိုတော့မည် မဟုတ်ပေ။ သူတို့ ချက်ချင်း တပည့် ဝင်ခံလိုက်ချင်စိတ်များ ပေါက်လာကြသည်။

"ခင်ဗျားတို့ အားလုံး စိတ်ရင်း အမှန် တချို့ ပြသခဲ့ကြတာ မြင်ရတော့ ကျွန်တော် ဒီကိစ္စကို ခင်ဗျားတို့ကို အပြစ် မတင်တော့ပါဘူး။ ထကြတော့"

ဖုန်းဝူချန်က ပေါ့ပေါ့ပါးပါးပင် ဆိုလိုက်သည်။ အကယ်၍ သူသာ အခြား အစွမ်းထက် ဆေးပညာရှင် တစ်ဦးဦး ဖြစ်ခဲ့မည် ဆိုလျှင် နတ်ဘုရား ဆေးလုံး သခင်ကြီး အပေါ် သူတို့၏ သံသယ ဝင်မှုများနှင့် စော်ကားမှုများ အတွက် သူတို့အားလုံးကို သတ်ပစ် ခဲ့လောက်ပြီ ဖြစ်သည်။

"နတ်ဘုရား ဆေးလုံး သခင်ကြီးကို ကျေးဇူးတင်ပါတယ်"

မော့ယန်၊ ချူချန်ခုံးနှင့် အခြားသူများ ရိုသေစွာ ကျေးဇူးတင်စကား ဆိုလိုက်ကြပြီး ချက်ချင်း စိတ်သက်သာရာ ရသွားကြ၏။

ဤအခိုက်အတန့်တွင် ခန်းမထဲရှိ လူတိုင်း၏ မျက်လုံးများ ဒုတိယထပ်မှ အင်အားစုများ အပါအဝင် ဖုန်းဝူချန်ကို ကြည့်သောအခါ ကြောက်ရွံ့ ရိုသေမှုများဖြင့် ပြည့်နှက် နေကြပြီး မည်သူမျှ သူ့ကို မေးခွန်း ထပ်မထုတ် ရဲကြတော့ပေ။

အဓိက အင်အားစုကြီး အသီးသီးမှ ဆေးပညာရှင်များ နတ်ဘုရား ဆေးလုံး သခင်ကြီးနှင့် ချူချန်ခုံးကို မနာလို ဖြစ်နေကြသည်။ သူတို့လည်း ဖုန်းဝူချန်ထံမှ လမ်းညွှန်မှု ရရှိလိုကြသည်။

နတ်ဘုရား ဆေးလုံး သခင်ကြီး၏ ကိစ္စ ဖြေရှင်း ပြီးစီးသွားသည်နှင့် ဖုန်းဝူချန်၏ အကြည့်များ တတိယထပ်ဆီသို့ ဝေ့ကြည့်လိုက်သည်။ သူ၏ မျက်လုံးများ အေးစက် သွား၏။

"ပေမင် ဘိုးဘေး၊ ကျန့်လင်တောင်ကြားက ကျုပ် အဖေကို ဖမ်းဆီးပြီး ခြေထောက် တစ်ဖက် ချိုးခဲ့တယ်။ ဒီ အကြွေး စာရင်း ရှင်းရမယ့် အချိန် တန်ပြီ"

"ဟမ့်။ မင်းက ငါ့သားကို သတ်ခဲ့တာကွ။ ငါက မင်းနဲ့ စာရင်း ရှင်းချင် နေတာ"

ပေမင်ကျန်းက ဒေါသတကြီး ပြန်ဟောက်လိုက်သည်။

ကျန့်လင်တောင်ကြားမှာ ယခုအခါ ရှေ့တိုးရ အခက် နောက်ဆုတ်ရ အခက် အကျပ်အတည်း ကြားတွင် ရောက်ရှိနေခဲ့ချေပြီ။

ပေမင်ကျန်းသည် သား ဖြစ်သူ အတွက် လက်စား ပြန်ချေမည်မှာ သေချာသည်။ ထို့ကြောင့် ဤတိုက်ပွဲမှာ ရှောင်လွှဲ၍ မရနိုင်တော့ပေ။

ဖုန်းဝူချန်နှင့် ကျန့်လင်တောင်ကြား ကြားမှ ရန်ငြိုးများက နတ်ဘုရား ဆေးလုံး သခင်ကြီးကို အခက်တွေ့ သွားစေသည်။ သဘာဝအတိုင်း သူ ဖုန်းဝူချန်နှင့် ရန်သူ ဖြစ်မည် မဟုတ်ပေ။

သို့သော် သူသာ ဖုန်းဝူချန် ဘက်မှ ရပ်တည်ပြီး ကျန့်လင်တောင်ကြားကို ဆန့်ကျင် တိုက်ခိုက်မည် ဆိုလျှင်လည်း မသင့်တော်ပေ။

နန်းကုန်းမိသားစု၏ သီးသန့်ခန်းဆီသို့ သူ၏ အေးစက်သော အကြည့်များဖြင့် ဝေ့ကြည့်လိုက်ရင်း ဖုန်းဝူချန်က ဆိုသည်။

"မုရုန်ထျန်း မင်းက သူတို့နဲ့ ပူးပေါင်းမလို့လား ဒါမှမဟုတ် ငါနဲ့ တစ်ယောက်ချင်း ရင်ဆိုင်မလို့လား"

"ငါက လူအများကြီးနဲ့ တစ်ယောက်တည်းကို တိုက်ခိုက်တဲ့ မတရားတဲ့ အလုပ်မျိုး မလုပ်ဘူး"

ဟု မုရုန်ထျန်းက အေးတိအေးစက် တုံ့ပြန်လိုက်သည်။

ထို့နောက် ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် အကြည့်များ ရှီဝမ်ဂိုဏ်းဘက်သို့ လှည့်သွား၏။

"ဂိုဏ်းချုပ် ရှီဟွမ် ရှီဝမ်ဂိုဏ်းက ဟွမ်ဖူမိသားစုကို ထောက်ပံ့ပြီး ကျုပ်ကို ဆန့်ကျင်မယ်လို့ အစောကြီး ကတည်းက ကြားထားတယ်။ အဲ့ဒါ အမှန် ဟုတ်၊ မဟုတ် ကျုပ်သိချင်တယ်"

ထိုစကားကို ကြားသောအခါ ရှီဝမ်ဂိုဏ်းမှ အကြီးအကဲ၏ မျက်နှာထား အကြီးအကျယ် ပျက်ယွင်းသွားပြီး နှလုံးသားထဲထိ ထိတ်လန့် သွားသည်။

ဂိုဏ်းချုပ် ရှီဟွမ် မျက်မှောင် နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်မိသည်။ နတ်ဘုရား ဆေးလုံး သခင်ကြီးနှင့် လေလံရုံ တို့ ဖုန်းဝူချန်ထံတွင် လက်နက်ချ အညံ့ခံ သွားခဲ့ပြီ ဖြစ်ကြောင်း သူ သိထား၏။

အကယ်၍ ရှီဝမ်ဂိုဏ်းက ဖုန်းဝူချန်နှင့် ရန်သူ ဖြစ်သွားခဲ့လျှင် သူတို့သည် နတ်ဘုရား ဆေးလုံး သခင်ကြီး နှင့် လေလံရုံ တို့နှင့်ပါ ရန်သူ ဖြစ်သွားပေလိမ့်မည်။

အချိန်အတော်ကြာ တိတ်ဆိတ်နေရာမှ ဂိုဏ်းချုပ် ရှီဟွမ် နောက်ဆုံးတွင် ပါးစပ် ဖွင့်လိုက်သည်။

"ရှီဝမ်ဂိုဏ်းက မင်းနဲ့ ရန်သူ ဖြစ်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။ ဟွမ်ဖူမိသားစုရဲ့ ကိစ္စတွေကို ငါတို့ဂိုဏ်းက ဒီထက် ပိုပြီး ဝင် မစွက်ဖက် တော့ဘူး"

ထိုစကားကို ကြားသောအခါ ဟွမ်ဖူယွင်ကျုံး ဒေါသတကြီး ပေါက်ကွဲ ထွက်လာသည်။

"ဂိုဏ်းချုပ် ရှီဟွမ်။ ခင်ဗျား ကတိ ဘယ်လို ဖျက်ရဲတာလဲ"

ထိုအခါ၊ ရှီဟွမ် ဂိုဏ်းချုပ်က လေသံမာမာဖြင့် ဆိုသည်။

"ဟွမ်ဖူမိသားစုကလည်း ငါတို့ဂိုဏ်းကို ပေးထားတဲ့ ကတိတွေကို ခုထိ မဖြည့်ဆည်း ရသေးဘူး။ မင်းက ဘယ်လိုလုပ် ကတိ မတည်ဘူးလို့ ပြောရဲတာလဲ"

ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ကောင်းမှုက လူတိုင်း၏ စိတ်ကူး ထက် ကျော်လွန် နေခဲ့သည်။ ရှီဟွမ် ဖုန်းဝူချန်နှင့် ရန်သူ ဖြစ်ရလောက်အောင် မိုက်မဲမည် မဟုတ်ပေ။

ဖုန်းဝူချန်က အဝေးမှနေ၍ ရုတ်တရက် လက်လှမ်း ဆုပ်ကိုင် လိုက်သည်။

ဟွမ်ဖူယွင်ကျုံးသည် ချက်ချင်းပင် သီးသန့်ခန်းထဲမှ စုပ်ယူ ခံလိုက်ရပြီး ကျိုးပဲ့သွားသော နံရံကို ဖြတ်၍ ထွက်လာခဲ့သည်။

"ယွင်ကျုံး"

ဟွမ်ဖူထျန်းပါး အကြီးအကျယ် တုန်လှုပ် ထိတ်လန့် သွားပြီး အလျင်အမြန် မျက်စိတစ်မှိတ်အတွင်း လှုပ်ရှားကာ တားဆီး လိုက်သည်။

ဝမ်းနည်းစရာ ကောင်းစွာပင် ဟွမ်ဖူထျန်းပါးမှာ တစ်လှမ်း နောက်ကျ သွားခဲ့သည်။ ထိတ်လန့်တကြားဖြင့် သူ အော်ဟစ်လိုက်သည်။

"ဖုန်းဝူချန် ရပ်လိုက်"

ဟွမ်ဖူယွင်ကျုံးမှာ ဖုန်းဝူချန်၏ လည်ပင်း ဆုပ်ကိုင်ခြင်းကို ခံလိုက်ရပြီး အားနည်းစွာ ရုန်းကန် နေသည်။ သူ၏ မျက်နှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက် နေပြီး မျက်လုံးများထဲတွင် မျှော်လင့်ချက် ကင်းမဲ့ နေ၏။

ဖုန်းဝူချန်၏ စွမ်းအား အလွန် ကြောက်မက်ဖွယ် ကောင်းလှသည်။

ဟွမ်ဖူယွင်ကျုံး၏ ယွမ်တန်ဘုံ နဝမအလွှာ ကျင့်ကြံခြင်း အဆင့်ဖြင့် သူ့တွင် ခုခံနိုင်စွမ်း လုံးဝ မရှိခဲ့ပေ။

"ဒီနေ့ ငါ ဟွမ်ဖူမိသားစုကို အမြစ်ပြတ် ရှင်းပစ်ချင်တယ်"

ဖုန်းဝူချန်က ခပ်ပြတ်ပြတ် ဆိုလိုက်ပြီး သူ၏ လက်ကောက်ဝတ်ကို ပြင်းထန်စွာ တင်းကြပ် လိုက်သည်။ လူတိုင်း၏ မျက်စိ ရှေ့မှာပင် သူ ဟွမ်ဖူယွင်ကျုံး၏ လည်ပင်းကို ရက်စက်စွာ ချိုးပစ် လိုက်တော့သည်။

"ယွင်ကျုံး"

ဟွမ်ဖူထျန်းပါး၏ မျက်နှာထား အကြီးအကျယ် ပြောင်းလဲသွားပြီး ထိတ်လန့်တကြား ဟိန်းဟောက် လိုက်သည်။

ဖုန်းဝူချန် လက်လွှတ်လိုက်ရာ ဟွမ်ဖူယွင်ကျုံးသည် ဒုတိယထပ် လက်ရန်းပေါ်မှ ပြုတ်ကျ သွားပြီး သေဆုံးသွားတော့သည်။

ရုတ်တရက် လူသတ်မှုကြောင့် ခန်းမထဲမှ လူများ ကြောက်လန့် တကြား ဖြစ်သွားကြပြီး မျက်နှာများ ဖြူဖျော့ သွားကြသည်။

"ဖုန်းဝူချန်"

ဟွမ်ဖူထျန်းပါး ဒေါသတကြီး ပေါက်ကွဲ ထွက်လာပြီး ထျန်းယွမ်ဘုံ ပထမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားကို မကြောက်မရွံ့ ထုတ်လွှတ်ကာ ဖုန်းဝူချန်ထံသို့ အပြေး ဝင်တိုက် လေသည်။

ရှီဝမ်ဂိုဏ်းက သူတို့၏ ထောက်ပံ့မှုကို ရုပ်သိမ်း သွားသည့် အချက်က ဟွမ်ဖူထျန်းပါးကို အဆုံးစွန်ထိ ဒေါသထွက် စေခဲ့ပြီး ဖြစ်သည်။

ယခု ဟွမ်ဖူယွင်ကျုံး သေဆုံး သွားမှု ကြောင့် သူ အသိစိတ် လုံးဝ ပျောက်ဆုံး သွားခဲ့ လေပြီ။

"ဘုန်း"

ဟွမ်ဖူထျန်းပါးက သူ၏ စွမ်းအား အပြည့် ပါသော လက်သီးချက်ကို ဖုန်းဝူချန်၏ ရင်ဘတ်ပေါ်သို့ မိုးကြိုး ပစ်ချသံ ကဲ့သို့ ထိုးနှက် လိုက်သည်။ တည့်တည့် ထိမှန် သွား၏။

သို့သော် ဟွမ်ဖူထျန်းပါး မယုံကြည်နိုင် ဖြစ်သွားသည်မှာ သူ၏ အားကုန် ထိုးနှက်လိုက်သော တိုက်ခိုက်မှုက ဖုန်းဝူချန်ကို တစ်လက်မ လေးတောင် လှုပ်ရှား သွားစေ နိုင်ခြင်း မရှိခဲ့ပေ။

မည်သည့် ခုခံကာကွယ်မှု စွမ်းအားမျှ မသုံးဘဲ ဖုန်းဝူချန် ဤ ပြင်းထန်ပြီး ကြောက်မက်ဖွယ် လက်သီးချက်ကို သူ၏ ခန္ဓာကိုယ် သက်သက်ဖြင့် တားဆီး လိုက်သည်။

ဤသို့သော စွမ်းရည် ကြောင့် ထိုနေရာတွင် ရှိနေသော စွမ်းအားရှင် အများအပြား ဖုန်းဝူချန်ကို လျှော့မတွက် ဝံ့ကြတော့ပေ။

"ဒါ ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ"

ဟွမ်ဖူထျန်းပါး လုံးဝ တုန်လှုပ် သွားပြီး ဖုန်းဝူချန် မည်မျှ ကြောက်မက်ဖွယ် ကောင်းနိုင်သည်ကို သူ စိတ်ကူး ပုံဖော်၍ မရနိုင် ဖြစ်သွားသည်။

ဖုန်းဝူချန်၏ မျက်နှာ အေးစက် နေပြီး သူ၏ အေးစက်သော မျက်လုံးများက ဟွမ်ဖူထျန်းပါးကို စူးစိုက် ကြည့်နေသည်။

"သူ့ ခန္ဓာကိုယ် သက်သက်နဲ့ ထျန်းယွမ်ဘုံ ပထမအလွှာရဲ့ အားကုန် တိုက်ခိုက်မှုကို တားဆီး လိုက်တယ်။ ဖုန်းဝူချန်ရဲ့ ခန္ဓာကိုယ် က အရမ်း သန်မာ တာပဲ"

ဖုန်းလန်ဂိုဏ်း၏ အကြီးအကဲက လေးနက်စွာ မှတ်ချက်ချ လိုက်ပြီး သူ၏ အဘိုးကြီး မျက်လုံးများ တုန်လှုပ်နေသည်။

'ဖုန်းဝူချန်ရဲ့ စွမ်းအားက တကယ် မရိုးရှင်းဘူး။'

ရှီဟွမ်ဂိုဏ်း ဂိုဏ်းချုပ်က မျက်မှောင်ကြုတ်ရင်း စိတ်ထဲမှ တွေးလိုက်သည်။ ထျန်းယွမ်ဘုံ ပထမအလွှာ၏ အားကုန် တိုက်ခိုက်မှုကို သူ၏ ခန္ဓာကိုယ် သက်သက်ဖြင့် တားဆီး နိုင်ခဲ့လျှင် သူ မည်မျှ ကြောက်မက်ဖွယ် ကောင်းသည်ကို စိတ်ကူး ကြည့်နိုင် ပေသည်။

အဓိက အင်အားစုကြီး ငါးခုမှ အဆင့်မြင့် ပုဂ္ဂိုလ်များ၏ မျက်နှာထားများ လေးနက် သွားကြသည်။ ဖုန်းဝူချန်၏ ကြောက်မက်ဖွယ် ခန္ဓာကိုယ် ကြံ့ခိုင်မှုက သူတို့၏ အာရုံစိုက်မှုကို ရရှိ သွားခဲ့သည်။

"တကယ်ပဲ သူ့စွမ်းအားက မနည်းဘူး။ ငါ သူ့ကို တကယ် တိုက်ခိုက် ကြည့်ချင်တယ်။ သူ ဘယ်လောက် အစွမ်းထက်လဲ သိရအောင်"

နန်းကုန်းမိသားစု၏ သခင်လေးက ခပ်ပြတ်ပြတ် မဲ့ပြုံး ပြုံးလိုက်ပြီး သူ၏ နှလုံးသားထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ တက်ကြွ လာသည်။

"သူ့စွမ်းအားက မင်းထက် သာလွန် တယ်"ဟု မုရုန်ထျန်းက ကောက်ချက်ချလိုက်သည်။

ထိုအခါ၊ နန်းကုန်း သခင်လေးက မုရုန်ထျန်းဘက်သို့ လှည့်ကြည့်ရင်း "မင်း သူ့ကို သတ်နိုင်မယ် ထင်လား”

ဟု မေးလိုက်သည်။

"သူ့ကို သတ်တာ ငါ့ လက်ဖဝါး လှန်လိုက်သလိုပဲ လွယ်တယ်"

မုရုန်ထျန်းက ဂရုမထားဘဲ ပြုံးရင်း တုံ့ပြန်လိုက်သည်။ သူက သူ၏ ကိုယ်ပိုင် စွမ်းအားအပေါ် အလွန် ယုံကြည်မှု ရှိနေသည်။

ဖုန်းဝူချန်က အလွန်အမင်း သန်မာသော ခန္ဓာကိုယ်ကို ပြသလိုက်ရာ အဓိက အင်အားစု အသီးသီးမှ ပါရမီရှင်များ တုန်လှုပ် သွားကြပြီး ဖုန်းဝူချန်ကို ကြောက်မက်ဖွယ် ပြိုင်ဘက် တစ်ဦး အဖြစ် သတ်မှတ် လိုက်ကြသည်။

"မဆင်မခြင် လုပ်ရဲတယ်"

ဖုန်းဝူချန်က ခံစားချက်ကင်းမဲ့စွာ ရှုံ့ချလိုက်ပြီး သူ၏ ညာလက်သီး

ရုတ်တရက် ပေါက်ကွဲ ထွက်လာသည်။ ပြင်းထန်ပြီး ရက်စက် လှသည်။

"ဘုန်း"

"ဝေါ့"

ဖုန်းဝူချန် လက်သီး တစ်ချက် ပစ်သွင်း လိုက်ပြီး ဟွမ်ဖူထျန်းပါး၏ ရင်ဘတ်ကို ထိမှန် သွားသည်။ ရက်စက် ကြမ်းကြုတ်သော စွမ်းအားက ထိုသူ၏ ရင်ဘတ်ကို ချိုင့်ဝင် သွားစေပြီး သွေးများ အန် ထွက်လာကာ သူ၏ ခန္ဓာကိုယ် အမြောက်ဆံ တစ်ခု သဖွယ် လွင့်ထွက် သွားသည်။

လေလံရုံ ခန်းမကို ဖောက်ထွင်း ပြီး လေလံရုံ၏ အပြင်ဘက်သို့ တိုက်ရိုက် ရောက်ရှိ သွား၏။

ဖုန်းဝူချန်၏ စွမ်းအားက ပြင်းထန်လှလေရာ၊ ဟွမ်ဖူထျန်းပါးကို အဆောက်အဦး အများအပြား ကို ဖြတ်၍ ပျက်စီး သွားစေခဲ့သည်။

"မိသားစု ဘိုးဘေး"

ဟွမ်ဖူမိသားစုမှ ကျန်ရှိသော စွမ်းအားရှင် ခြောက် ခုနစ် ယောက် အလွန်အမင်း ထိတ်ပျာသွားကြသည်။

ဖုန်းဝူချန် ဤလက်သီးချက်တွင် လုံးဝ သက်ညှာ မထားခဲ့ပေ။ ဟွမ်ဖူထျန်းပါး၏ အတွင်း ကလီစာများ ကြေမွ သွားပြီး သူ ထိုနေရာတွင် ချက်ချင်း သေဆုံး သွား ခဲ့လေသည်။

အစစ်အမှန်ယွမ် တစ်စက် မျှပင် မသုံးဘဲ ဖုန်းဝူချန် ထျန်းယွမ်ဘုံ ပထမအလွှာ စွမ်းအားရှင် တစ်ဦးကို လက်သီး တစ်ချက်တည်းဖြင့် သတ်ဖြတ် လိုက်သည်။

ဤသို့ ကြမ်းကြုတ်သော စွမ်းအားကို လူတိုင်း အထင်ကြီး လေးစား သွားကြသည်။

"မင်းတို့ အားလုံးလည်း သေရမယ်"

သူ၏ အေးစက်သော အကြည့်များက ဟွမ်ဖူမိသားစုမှ ကျန်ရှိသော လူများထံသို့ ဝေ့ကြည့် လိုက်ပြီး ဖုန်းဝူချန်က ခပ်ပြတ်ပြတ် ဆိုလိုက်သည်။

ဟွမ်ဖူ မိသားစုဝင် အားလုံး သေဆုံး ရန် သူ ရည်ရွယ်ထားသည်။

အတွေး တစ်ချက် ဆင့်ခေါ်လိုက်သည်နှင့် စိမ်းပြာရောင် မီးတောက်များ တောက်လောင် လာပြီး ဖုန်းဝူချန်က လက်ကို ဝှေ့ယမ်း လိုက်ရာ စိမ်းပြာရောင် မီးတောက် အများအပြား လျှပ်စီး ကဲ့သို့ လျင်မြန်စွာ ပစ်ခတ်လေတော့သည်။

"အား အား အား"

ဟွမ်ဖူမိသားစုမှ ကျန်ရှိသော လူများ မျှော်လင့်ချက် ကင်းမဲ့ သွားကြသည်။

ကြောက်မက်ဖွယ် စိမ်းပြာရောင် မီးတောက်များက သူတို့ကို ဝါးမြို သွားပြီး သူတို့ နာနာကျင်ကျင် အော်ဟစ် နေစဉ်မှာပင် ချက်ချင်း ပြာ အဖြစ်သို့ ကွယ်ပျောက်သွားကြသည်။

ဟွမ်ဖူမိသားစု လုံးဝ မျိုးတုံး ပျောက်ကွယ် သွားခဲ့လေပြီ။

သူ၏ ရန်သူများကို ကိုင်တွယ် ရာတွင် ဖုန်းဝူချန် ဘယ်တော့မှ သက်ညှာ ညှာတာ ခြင်း မရှိ။ ရန်သူ ဖြစ်လျှင် သေကို သေရမည်။

ဟွမ်ဖူမိသားစု ရှင်းလင်း ပြီးစီးသွားသည်နှင့် ဖုန်းမိသားစု ခြိမ်းခြောက်မှု တစ်ခု လျော့နည်း သွားပြီး ဖုန်းဝူချန် စိတ်သက်သာရာ ရသွားသည်။ စိတ် မငြိမ်မသက် ဖြစ်စေသော အချက် နောက်ဆုံးတွင် ပျောက်ကွယ် သွားခဲ့လေပြီ။

သူ၏ ရက်စက်သော နည်းလမ်းများက ခန်းမထဲရှိ လူတိုင်းကို ပို၍ပင် ကြောက်လန့် သွားစေပြီး စကား ပြောရဲသူ တစ်ယောက်မျှ မရှိတော့ပေ။

ဟွမ်ဖူမိသားစုကို ရှင်းလင်း ပြီးနောက် ဖုန်းဝူချန်၏ အကြည့်များ ပြောင်းလဲ သွားပြီး ရှောင်မိသားစု ဘက်သို့ လှည့်ကြည့်ကာ ခပ်ပြတ်ပြတ် မေးလိုက်သည်။

"ရှောင် မိသားစုခေါင်းဆောင် ၊ခင်ဗျားတို့ ရှောင်မိသားစုက ကော ဘယ်လိုလဲ"

All Chapters