← Chapters

ကြောက်မက်ဖွယ် စွမ်းအား

Vol. 18 Ch. 269

ကြောက်မက်ဖွယ် စွမ်းအား

Vol. 18 Ch. 269

~ဖုန်းဝူချန်၏ အေးစက်သော အကြည့်ကို မြင်လိုက်ရသောအခါ ရှောင်မိသားစုမှ အဆင့်မြင့် ပုဂ္ဂိုလ်များ အားလုံး တုန်လှုပ်သွားကြသည်။

ရှောင်ချင်းရှန်၏ မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေ၏။ ဖုန်းဝူချန်အပေါ် ကြောက်ရွံ့နေခြင်း ဖြစ်သည်။

ရှောင်ရန် ပင်လျှင် သူ၏ နှလုံးသားထဲတွင် သတိထားရမည့် အရှိန်အဝါ များ တိုးဝှေ့လာသည်ကို ခံစားလိုက်ရသည်။

ရှောင်ထျန်းချန်မှာတော့ ယခုအခါ အဆုံးမရှိသော နောင်တများ ရရှိနေလေပြီ။ အကယ်၍သာ ထိုနှစ်က သူ ဤမျှလောက် စိတ်နှလုံး မမာကြောခဲ့ဘူး ဆိုလျှင် ဖုန်းကျိန့်ရှုံးအပေါ် သူ မည်မျှပင် မကျေနပ်မှုများ ရှိနေပါစေ ဖုန်းဝူချန်ကို သွားရောက် တွေ့ဆုံရန် အချိန် ရှာခဲ့သင့်သည်။ ယခင် မျိုးဆက်၏ ရန်ငြိုးများကို နောက် မျိုးဆက်အထိ သယ်ဆောင်သွားရန် မသင့်ခဲ့ပေ။ ဘာပဲဖြစ်ဖြစ် ဖုန်းဝူချန်ဆိုသည်မှာ သူ၏ မြေးအရင်း မဟုတ်ပါလား။

အကယ်၍သာ ရှောင်ထျန်းချန် ထိုအချိန်က ဤမျှ စိတ်နှလုံး မမာကြောဘဲ ဖုန်းဝူချန်ကို သွားရောက် တွေ့ဆုံရန် အချိန်ပေးခဲ့မည် ဆိုလျှင် မိသားစု နှစ်စုကြားမှ ဆက်ဆံရေးမှာ ဤအခြေအနေအထိ ဆိုးရွားသွားမည် မဟုတ်ပေ။

ထို့အပြင် ရှောင်မိသားစုသည် ဖုန်းဝူချန်၏ တည်ရှိမှုကြောင့် မရေမတွက်နိုင်သော အခြားသူများ၏ မနာလိုမှုကို ခံရနိုင်ပြီး သူတို့ ကျိုကျိုးနယ်၏ အရှင်သခင်များပင် ဖြစ်လာနိုင်ခဲ့သည်။

ရှောင်ထျန်းချန်၏ မျက်နှာပေါ်တွင် ခါးသီးသော အမူအရာတစ်ခု ထင်ဟပ်နေပြီး ဆယ်စုနှစ်ပေါင်းများစွာ ရုတ်တရက် အိုမင်းသွားသလိုပင်။ နောင်တတရား၏ အရသာက သူ့ကို အလွန်တရာ မသက်မသာ ဖြစ်စေခဲ့သည်။

"ဟူး"

မဟာ အကြီးအကဲ ရှောင်ယွမ်ရှန်းတစ်ယောက် ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း ခေါင်းခါလိုက်၏။

ရှောင်မိသားစုသည် ဤအခြေအနေကို သူတို့ ကိုယ်တိုင် ဖန်တီးခဲ့ခြင်း ဖြစ်ပြီး ဖုန်းဝူချန်ကို အပြစ်တင်ဖို့ နေနေသာသာ သူတို့ ကိုယ့်ကိုယ်ကိုယ်သာ အပြစ်တင်ရမည် ဖြစ်သည်။

"ဒီလို ပါရမီရှင်မျိုးကို ထူးကဲတဲ့ အင်အားစုတွေ အများကြီးက အပြိုင်အဆိုင် လိုချင်နေကြမှာကို ရှောင်မိသားစုက ဒီလို မိုက်မဲတဲ့ အလုပ်မျိုး လုပ်ခဲ့တယ်။ မိသားစု ဘိုးဘေးတော့ နောင်တရလွန်းလို့ အူတွေတောင် စိမ်းနေလောက်ပြီ"

ဖုန်းလန်ဂိုဏ်း၏ ဂိုဏ်းချုပ်က ခေါင်းခါလိုက်သည်။

"ကိုယ့်မြေး ကိုယ်တောင် မမှတ်မိဘူး ဆိုတော့ ဖုန်းဝူချန်က ရှောင်မိသားစုနဲ့ အဆက်ဖြတ်တာ မဆန်းပါဘူး"

"ဒီလောက် စိတ်နှလုံး မာကြောပြီး ကျေးဇူးတရား မသိတတ်တာ ငါသာ ဆိုရင် ငါလည်း ရှောင်မိသားစုနဲ့ အဆက်ဖြတ်မှာပဲ"

အခြား တစ်ယောက်က မှတ်ချက်ချလိုက်သည်။

"ဖုန်းဝူချန်က သူ့မြေး ဆိုတာကို ထားလိုက်ဦး။ ရှောင်ချင်းချင်းကလည်း သူ့ရဲ့ သွေးသားအရင်း သမီး မဟုတ်လား။ ကိုယ့်သမီး အရင်းကို ရှောင်မိသားစုကနေ မောင်းထုတ်တယ် ဆိုတာ အရမ်း ရက်စက်လွန်းတယ်"

ဒုတိယထပ် သီးသန့်ခန်းများတွင် အင်အားစု အသီးသီးမှ မိသားစုခေါင်းဆောင်များနှင့် အဆင့်မြင့် ပုဂ္ဂိုလ်များ စိတ်ဝင်တစား ဆွေးနွေးနေကြတော့သည်။

ဖုန်းမိသားစုသည် ရှောင်မိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်ထားပြီး ဖြစ်သော်လည်း ရှောင်မိသားစုကသာ လှုပ်ရှားမှု မပြုလုပ်သရွေ့ ဖုန်းဝူချန်ကလည်း သူတို့ကို တိုက်ခိုက်မည် မဟုတ်ပေ။

မည်သို့ပင် ဆိုစေကာမူ ထိုမိသားစုမှာ ရှောင်ချင်းချင်း၏ မိသားစု ဖြစ်နေသေးသည်။ ဖုန်းဝူချန်တစ်ယောက် သွေးအေးပြီး ရက်စက်လွန်းသည်ဟု ဆိုဦးတော့ သူ ရှောင်မိသားစုကို ဖျက်ဆီးမည် မဟုတ်ပေ။ အကြောင်းမှာ သူ ရှောင်ချင်းချင်း သူတို့ကြောင့် ဒုက္ခရောက်မည်ကို မလိုလားသောကြောင့် ဖြစ်သည်။

ရှောင်မိသားစုထံမှ တုံ့ပြန်မှု မလာသောအခါ ဖုန်းဝူချန်လည်း စကားပို မဖြုန်းတီးလိုတော့ပေ။

ရှီဝမ်ဂိုဏ်းက နောက်ဆုတ်သွားပြီ။ ရှောင်မိသားစုက တိတ်ဆိတ်နေဆဲ။

ဖုန်းဝူချန်နှင့် ဖုန်းလန်ဂိုဏ်းကြားတွင်လည်း ရန်ငြိုး မရှိ။

ယခု သူ၏ အကြီးမားဆုံး ရန်သူများမှာ ကျန့်လင်တောင်ကြားနှင့် မုရုန်ထျန်းတို့သာ ဖြစ်သည်။

မုရုန်ထျန်း၏ နောက်ကွယ်တွင် အစွမ်းထက်သော နန်းကုန်းမိသားစု ရှိနေသည်။

မုရုန်ထျန်းသည် နန်းကုန်း မိသားစုခေါင်းဆောင်၏ မြေး ဖြစ်သည်ကို ကျိုကျိုးနယ်မှ အင်အားစု အားလုံး သိကြ၏။

ထိုမျှမက၊ သူ၏ မြင့်မားသည့် စွမ်းအားကိုလည်း သူတို့ သိရှိထားကြသည်။ သူသည် ကျိုကျိုး ကောင်းကင်မှ ဂုဏ်ယူဖွယ် ပါရမီရှင်များထဲမှ တစ်ဦး ဖြစ်ပြီး မျိုးဆက်သစ်များထဲတွင် အဆင့် နှစ် ချိတ်သူ ဖြစ်သည်။

ကျိုကျိုးနယ်မှ အထူးချွန်ဆုံး ပါရမီရှင်မှာ အခြားသူ မဟုတ် ဖုန်းလန်ဂိုဏ်း၏ ဂိုဏ်းချုပ်လေး ပင်။ ကျိုကျိုးနယ်၏ အစွမ်းအထက်ဆုံး ပါရမီရှင်အဖြစ် အများက အသိအမှတ် ပြုထားကြသည်။

သူ၏ ကျင့်ကြံခြင်းအဆင့်မှာ ထျန်းယွမ်ဘုံ ပဉ္စမအလွှာသို့ ရောက်ရှိနေပြီ ဖြစ်ပြီး သူ၏ စွမ်းအားမှာ ဖုန်းလန်ဂိုဏ်း ဂိုဏ်းချုပ်နှင့် နီးပါး တန်းတူ ရှိနေသည်။

မုရုန်ထျန်းက အဆင့် နှစ် ချိတ်သည် ဆိုသောအချက်ကပင် သူ မည်မျှ အစွမ်းထက်သည်ကို ပြသနေသည်။

"ဖုန်းဝူချန် တိုက်ကွက်ထုတ်လိုက်တော့"

ကြောက်မက်ဖွယ် အကြည့်များက ဖုန်းဝူချန်ထံတွင် စူးစိုက်နေပြီး ပေမင်ကျန်းက ခပ်ပြတ်ပြတ် အော်ဟစ်လိုက်သည်။ သူ၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုသော အရှိန်အဝါ များက အဆက်မပြတ် သိပ်သည်းနေ၏။

"ဟားဟား"

ခပ်ဟဟ လှောင်ရယ်လိုက်ပြီး ဖုန်းဝူချန်၏ ပုံရိပ်သည် လေလံရုံထဲမှ ဝုန်းခနဲ ပျံထွက်သွားသည်။

မျက်စိ တစ်မှိတ် အတွင်း သူ နတ်ဘုရား ဆေးလုံးမြို့တော်၏ အထက် ကောင်းကင်ယံတွင် ပေါ်ထွက် လာခဲ့၏။

ပေမင်ကျန်း၊ ပေမင် ဘိုးဘေး နှင့် ထိပ်တန်း စွမ်းအားရှင်များ ပါရမီရှင်များ လည်း ကောင်းကင်ယံသို့ တစ်ယောက်ပြီး တစ်ယောက် ပေါ်ထွက် လာကြသည်။

ဖုန်းဝူချန်နှင့် ပေမင်ကျန်းတို့၏ တိုက်ပွဲကို မည်သူမျှ လက်လွတ် မခံချင်ကြပေ။

ကျိုကျိုးနယ်မှ စွမ်းအားရှင် အားလုံး ဖုန်းဝူချန်၏ စွမ်းအား အမှန်တကယ် မည်မျှ သန်မာသည်ကို မြင်တွေ့ လိုကြသည်။

သို့သော် လူအုပ်ကြီး၏ နှလုံးသားထဲတွင် ဖုန်းဝူချန် ပေမင်ကျန်းကို အနိုင်ယူ နိုင်လိမ့်မည်ဟု ယုံကြည်သူ များများစားစား မရှိလှပေ။

ပေမင်ကျန်း၏ ကျော်ကြားမှုက ကျိုကျိုးနယ် တစ်ခွင်လုံး ပဲ့တင်ထပ် နေပြီး သူ့ကို စိန်ခေါ် ရဲသူ များများစားစား မရှိခဲ့ချေ။

လေလံရုံ အတွင်းမှာတော့ ကျိုကျိုးနယ် တစ်ခွင်မှ မိသားစုများနှင့် အင်အားစုများ ပိုင်ဆိုင်သော စွမ်းအားရှင်များ ပုရွက်ဆိတ်အုံမှ ထွက်လာသလို အလုံးအရင်းဖြင့် ထွက်ပေါ် လာကြသည်။

တိုက်ပွဲကို ပိုမို ကောင်းမွန်စွာ မြင်တွေ့ နိုင်ရန် စွမ်းအားရှင် အများအပြား အဆောက်အဦးများ၏ အမိုးထိပ်သို့ အလျင်အမြန် တက်ရောက် သွားကြသည်။ တစ်မိနစ်ပင် မပြည့်သော အချိန်အတွင်း များပြားလှသော ကျင့်ကြံသူများ နတ်ဘုရား ဆေးလုံးမြို့တော်ရှိ အဆောက်အဦး တိုင်းလိုလိုတွင် ပြည့်နှက် သွား၏။

နတ်ဘုရား ဆေးလုံးမြို့တော်မှာ စွမ်းအားရှင်များဖြင့် ပြည့်နှက် နေတော့သည်။

"ပေမင် ဘိုးဘေး၊ ခင်ဗျားတို့သာ အုပ်စုဖွဲ့ တိုက်ခိုက်မယ် ဆိုရင် ကျွန်တော် အရင်က သိကျွမ်းခဲ့တာတွေကို မေ့ပစ်လိုက်တယ်လို့ အပြစ် မတင်နဲ့"

နတ်ဘုရား ဆေးလုံး သခင်ကြီးက ကောင်းကင်ယံမှနေ၍ ပေမင် ဘိုးဘေးအား ဒေါသတကြီး သတိပေးလိုက်သည်။

နတ်ဘုရား ဆေးလုံး သခင်ကြီး၏ ကျင့်ကြံခြင်းအဆင့်မှာ ထျန်းယွမ်ဘုံ ဒုတိယအလွှာတွင်သာ ရှိပြီး ပေမင် ဘိုးဘေး နှင့် အခြားသူများထက် များစွာ နိမ့်ကျနေသော်လည်း သူ့တွင် ဝင်ရောက် ပြောဆိုနိုင်သော စွမ်းအင် ရှိနေဆဲ ဖြစ်သည်။

"နတ်ဘုရား ဆေးလုံး သခင်ကြီး ဖုန်းဝူချန်ကို သတ်ဖို့ ကျွန်တော် တစ်ယောက်တည်း ဆို လုံလောက် ပါတယ်"

ဟု ပေမင်ကျန်းက အမှုမထားဘဲ

ဝင် ပြောလိုက်သည်။ သူက သူ၏ ကိုယ်ပိုင် စွမ်းအားအပေါ် အလွန် ယုံကြည်မှု ရှိနေ၏။

"ဘုန်း"

အလွန်တရာ ပြင်းထန်လှသော စွမ်းအား တစ်ခု ပေမင်ကျန်း၏ ခန္ဓာကိုယ်ထဲမှ ရုတ်တရက် ပေါက်ကွဲ ထွက်ပေါ်လာသည်။ သူ၏ တစ်ကိုယ်လုံး စူးရှ တောက်ပသော အဖြူရောင် အလင်းများဖြင့် လင်းလက် နေပြီး စွမ်းအင် လှိုင်းလုံးများက ကောင်းကင်ကြီးကို လှုပ်ခတ် သွားစေလေ၏။ ကြောက်မက်ဖွယ် စွမ်းအားများက လေဟာနယ်ထဲတွင် ပဲ့တင်ထပ် နေပြီး သူ၏ အစွမ်းထက်သော အရှိန်အဝါ မှာ ခြိမ်းခြောက်နိုင်စွမ်း အပြည့် ရှိနေသည်။

ထျန်းယွမ်ဘုံ ပဉ္စမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအား အပြည့်အဝ ထုတ်လွှတ်လိုက်လေပြီ။

ပေမင်ကျန်း၏ ရက်စက်သော အမူအရာကို ကြည့်ရသည်မှာ သူ တိုက်ပွဲကို အမြန် အဆုံးသတ် လိုနေသည်မှာ ထင်ရှားသည်။

သူက ဖုန်းဝူချန်ကို အမြန်ဆုံး အနိုင်ယူ လိုနေ၏။

"တကယ်ပဲ ပေမင်ကျန်းရဲ့ စွမ်းအားက မရိုးရှင်းဘူး။ သူ့ မျိုးဆက်တူတွေ ထဲမှာ သူ့ကို အနိုင်ယူ နိုင်တဲ့သူ များများစားစား မရှိဘူး။ ဖုန်းဝူချန်ကတော့ သေလမ်းကို ရွေးလိုက်တာ သေချာတယ်"

နန်းကုန်းထျန်းဟန်က ချီးကျူး လိုက်သည်။ သူက ပေမင်ကျန်းကို အထင်ကြီး လေးစားနေလေသည်။

ရှီဟွမ် ဂိုဏ်းချုပ်ကလည်း မျက်မှောင်ကြုတ်ရင်း သူ၏ စိတ်ထဲတွင် ထိတ်လန့် နေမိသည်။

"တစ်နှစ်နီးပါး တံခါးပိတ် ကျင့်ကြံ ပြီးတဲ့နောက် ပေမင်ကျန်း သူ့ စွမ်းအားကို တော်တော်လေး တိုးတက် လာအောင် လုပ်နိုင်ခဲ့တာပဲ”

ရှီဝမ်ဂိုဏ်း၏ မဟာ အကြီးအကဲ မျက်မှောင်ကြုတ် လိုက်ပြီး ပေမင်ကျန်း၏ စွမ်းအားကြောင့် တုန်လှုပ် နေမိသည်။

"ဂိုဏ်းချုပ်… ပေမင်ကျန်းရဲ့ စွမ်းအားက ခင်ဗျားထက် မနိမ့်ကျလောက်ဘူးဗျ။ ဒီ တည်ရှိမှုက သာမန် မဟုတ်ဘူး"

ရှီဟွမ် ဂိုဏ်းချုပ်က ထိုစကားအတွက် ပြန်မဖြေခဲ့ပေ။ သို့သော် သူ၏ မျက်နှာအမူအရာ ပို၍ပင် လေးနက် သွားသည်။

နတ်ဘုရား ဆေးလုံး သခင်ကြီး မျက်မှောင် နက်နက်ရှိုင်းရှိုင်း ကြုတ်လိုက်ပြီး

"ပေမင်ကျန်းရဲ့ စွမ်းအား ဒီလောက် ကြောက်မက်ဖွယ် ကောင်းနေမှတော့ 'ဆေး ဧကရာဇ်' သူ့ကို ယှဉ်နိုင်မှာ မဟုတ်မှာ စိုးရိမ် နေမိတယ်”

ဟု စိုးရိမ်စွာ ပြောလိုက်သည်။

"အဲ့ဒါကတော့ စောင့်ကြည့်ရဦးမှာပဲ။ 'ဆေး ဧကရာဇ်'က ကျန့်လင်တောင်ကြားကို ကြောက်ရွံ့ နေပုံ မရဘူး။ သူ့မှာ စွမ်းအား မရှိဘူး ဆိုရင် ဘာလို့ အခု ကျန့်လင်တောင်ကြားနဲ့ စာရင်း ရှင်းဖို့ လုပ်မှာလဲဗျ"

ဟု ချူချန်ခုံးက လေးနက်စွာ ပြန်ပြောလိုက်သည်။

သူ၏ မျက်လုံးများက ဖုန်းဝူချန်၏ မတုန်မလှုပ် သော မျက်နှာအမူအရာပေါ်တွင် စူးစိုက် နေသည်။ ချူချန်ခုံးက အမှန်တကယ် ဖုန်းဝူချန်အပေါ် ယုံကြည်မှု အနည်းငယ် ရှိနေသည်။

ရှောင်မိသားစု၏ အဆင့်မြင့် ပုဂ္ဂိုလ်များ တိတ်ဆိတ် နေကြ၏။ သို့သော် သူတို့၏ မျက်လုံးများက ဖုန်းဝူချန်ထံတွင် စူးစိုက် နေပြီး သူ၏ စွမ်းအား မည်မျှ ရှိသည်ကို အတူတူပင် သိချင် နေကြသည်။

နတ်ဘုရား ဆေးလုံးမြို့တော်တွင် တိုက်ပွဲကို ကြည့်ရှု နေကြသော မရေမတွက်နိုင်သည့် ကျင့်ကြံသူများ ပေမင်ကျန်း၏ ကြောက်မက်ဖွယ် စွမ်းအားကြောင့် နောက်ကျောတွင် ချွေးစေးများ ပြန်လာကြပြီး အဆုံးစွန်ထိ ထိတ်လန့် နေကြ၏။

"ပေမင်ကျန်းရဲ့ စွမ်းအားက အရမ်း ကြောက်စရာ ကောင်းတယ်။ ဖုန်းဝူချန် သူ့ကို ဘယ်လိုမှ ယှဉ်နိုင်မှာ မဟုတ်ဘူး"

"ပေမင်ကျန်းကို ယှဉ်ပြိုင် နိုင်လောက်တဲ့ တစ်ဦးတည်းသော သူက နန်းကုန်းထျန်းဟန်ပဲ ဖြစ်လိမ့်မယ်"

"ဖုန်းဝူချန်က ပေမင်ဘိုးဘေးကို သတ်နိုင်ခဲ့တာ၊ သူ့စွမ်းအားကို လျှော့တွက်လို့ မရဘူး။ သူ ပေမင်ကျန်းကို ရင်ဆိုင်ရဲတယ် ဆိုကတည်းက သူ့မှာ တကယ် အဲ့ဒီလို စွမ်းအား ရှိချင် ရှိနေနိုင်တယ်"

မရေမတွက်နိုင်သော ကျင့်ကြံသူများ သူတို့၏ အမြင်များကို သုံးသပ်နေကြပြီး ဤတိုက်ပွဲနှင့် ဖုန်းဝူချန်၏ စွမ်းအားကို အလွန်အမင်း မျှော်လင့် နေကြသည်။

မြင့်မားသော ကောင်းကင်ယံတွင် ထျန်းယွမ်ဘုံ ပဉ္စမအလွှာ၏ ကြောက်မက်ဖွယ် စွမ်းအားက ဆူနာမီ တိုက်ခတ်သည့် အရှိန်အဟုန်ဖြင့် ပျံ့နှံ့ နေပြီး လေဟာနယ်ထဲတွင် လေပြင်းများ တဟုန်းဟုန်း တိုက်ခတ် နေသည်။

အလွန်တရာ ရက်စက်သော သတ်ဖြတ်လိုစိတ်များ ပေမင်ကျန်း၏ ပတ်ပတ်လည်မှ ထုတ်လွှတ် နေသည်။

"ဖုန်းဝူချန်။ ဒီနေ့က မင်း သေနေ့ပဲ"

ပေမင်ကျန်းက ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။ သူ၏ ကျင့်ကြံခြင်းအဆင့်ကို မမြင်ရလျှင်တောင် ဖုန်းဝူချန်ကို သတ်နိုင်မည်ဟု သူ ယုံကြည် နေသည်။

ဖုန်းဝူချန် စကား မပြောခဲ့ပေ။ သို့သော် သူ၏ အရှိန်အဝါက လျင်မြန်စွာ တိုးတက်လာတော့သည်။

နဂါး မျိုးနွယ် သွေးမျိုးဆက်စွမ်းအား အပြည့်အဝ လှုံ့ဆော်လိုက်သောအခါ အလွန် ပြင်းထန်သော အရှိန်အဝါ ထွက်ပေါ်လာသည်။

"ထျန်းယွမ်ဘုံ ဒုတိယအလွှာ"

ဖုန်းဝူချန်၏ အရှိန်အဝါ ကို ခံစားမိသောအခါ အင်အားစု အသီးသီးမှ စွမ်းအားရှင်များ အကြီးအကျယ် အံ့အားသင့် သွားကြသည်။

'ဖုန်းဝူချန်က ထျန်းယွမ်ဘုံ ဒုတိယအလွှာ ပဲ ရှိသေးတာလား။'

'ဒီလို စွမ်းအားနဲ့ သူ ပေမင်ကျန်းကို ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ။'

"ထျန်းယွမ်ဘုံ ဒုတိယအလွှာ ကျင့်ကြံခြင်းအဆင့်။ ပေမင်ဘိုးဘေးကို သတ်နိုင်ခဲ့ရင်တောင် ပေမင်ကျန်းကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး။ ဖုန်းဝူချန် သေလမ်း ရွေးနေတာပဲ"

နန်းကုန်းထျန်းဟန်က အံ့အားသင့်မှု အပြည့် ဖြစ်နေသော မျက်နှာထားဖြင့် ဆိုသည်။

"ဒီကောင်လေး ရူးသွားပြီလား။ ထျန်းယွမ်ဘုံ ဒုတိယအလွှာနဲ့ လှုပ်ရှားရဲ သေးတယ်။ သူ သေချင် နေတာလား"

ရှီဟွမ် ဂိုဏ်းချုပ်လည်း အံ့အားသင့် သွားသည်။ သူတို့၏ ကျင့်ကြံခြင်းအဆင့် အလွန် ကွာခြား နေပါလျက် ဖုန်းဝူချန် ပေမင်ကျန်းကို တိုက်ခိုက်ရဲ သေးသည်ကို သူ တုန်လှုပ် သွားသည်။

ရှောင်ရန်က မထီမဲ့မြင် ပြုံးရယ်လိုက်ပြီး ဖုန်းဝူချန်၏ အကျပ်အတည်း အတွက် ပျော်ရွှင် နေသည်။

"ဟမ့်။ ဒီကောင် နည်းနည်းပါးပါး အစွမ်း ရှိမယ် ထင်ထားတာ။ သူက ထျန်းယွမ်ဘုံ ဒုတိယအလွှာပဲ ရှိသေးတာကိုး။ သူ ဘယ်လို သေမလဲ ကြည့်ချင် နေပြီ"

"ဒါ ဒါ"

ချူချန်ခုံးနှင့် အခြားသူများ ချက်ချင်း ဆွံ့အ သွားကြပြီး သူတို့၏ အတွေးများကို ထုတ်ဖော် ပြောဆိုနိုင်ခြင်း မရှိတော့ပေ။

"ဒုက္ခ ပဲ"

နတ်ဘုရား ဆေးလုံး သခင်ကြီး အလွန်အမင်း စိုးရိမ် သွားသည်။ ချူချန်ခုံး၏ အစောပိုင်းက ဖုန်းဝူချန်အပေါ် ယုံကြည်မှုများ ချက်ချင်း ပျောက်ကွယ် သွားသည်။ သူတို့ ဖုန်းဝူချန် ထျန်းယွမ်ဘုံ ဒုတိယအလွှာတွင်သာ ရှိနေလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ကြပေ။

"ဝူချန်က ထျန်းယွမ်ဘုံ ဒုတိယအလွှာပဲ ရှိသေးတာလား။ သူ တကယ် သေလမ်း ရှာနေတာပဲ

"ငါ မျက်စိမှား နေတာ မဟုတ်ဘူး မဟုတ်လား။ ထျန်းယွမ်ဘုံ ဒုတိယအလွှာ"

"ဖုန်းဝူချန် ရူးသွားပြီလား။ ထျန်းယွမ်ဘုံ ဒုတိယအလွှာ ပဲ ရှိသေးတာ။ ပေမင်ကျန်းကို ဝင်တိုက်ရဲ သေးတယ်"

"အတိအကျ ပြောလို့ မရသေးဘူး။ ပေမင်ဘိုးဘေးက ထျန်းယွမ်ဘုံ တတိယအလွှာ။ သူ့စွမ်းအားက စတုတ္ထအလွှာနဲ့ ယှဉ်နိုင်တယ်။ ဖုန်းဝူချန်က သူ့ကို သတ်နိုင်ခဲ့ရင် သူ့စွမ်းအားက အရမ်း မြင့်ရမယ်"

မရေမတွက်နိုင်သော ကျင့်ကြံသူများလည်း တုန်လှုပ် နေကြသည်။ မည်သူမျှ ဖုန်းဝူချန် ထျန်းယွမ်ဘုံ ဒုတိယအလွှာတွင်သာ ရှိနေလိမ့်မည်ဟု မမျှော်လင့် ထားခဲ့ကြပေ။ ကြောက်မက်ဖွယ် အစွမ်းထက်သော ပေမင်ကျန်းကို ရင်ဆိုင်ခြင်းမှာ ကြက်ဥဖြင့် ကျောက်တုံးကို ပစ်ခွဲခြင်း [ဘာသာပြန်သူ မှတ်ချက်- တရုတ်စကားပုံ ဖြစ်ပြီး မဖြစ်နိုင်သောအရာကို လုပ်ဆောင်ခြင်း၊ မိမိကိုယ်ကို အဆုံးစီရင်ခြင်းဟု အဓိပ္ပာယ်ရပါသည်] နှင့် တူနေလေသည်။

'ဖုန်းဝူချန် ဒီ ယုံကြည်မှုတွေ ဘယ်က ရနေတာလဲ။'

'ထျန်းယွမ်ဘုံ ဒုတိယအလွှာမှာ ရှိနေပြီး ပဉ္စမအလွှာကို တိုက်ခိုက်ရဲ သေးတယ်။'

"ဟမ့်။ မင်း ဒီလောက်ပဲ လုပ်နိုင်တာလား"

ပေမင်ကျန်းက လှောင်ပြောင်လိုက်ပြီး သူ၏ မျက်လုံးများ မထီမဲ့မြင် အပြုများဖြင့် ပြည့်နှက် နေသည်။

သို့သော် လူတိုင်း ဖုန်းဝူချန်၏ အားနည်းမှု ကြောင့် တုန်လှုပ် နေကြစဉ်မှာပင် ပို၍ ကြောက်မက်ဖွယ် ကောင်းသော စွမ်းအားတစ်ခု သူ၏ အတွင်းထဲမှ ရုန်းကြွလာသည်။

“ဝုန်း”

အထွတ်အထိပ် ခန္ဓာကျင့်စဉ် ဒုတိယအဆင့်၏ စွမ်းအား တိုးထွက် လာပြီး ထူးဆန်းသော သွေးရောင် အရှိန်အဝါ များ ဖုန်းဝူချန်၏ ခန္ဓာကိုယ် ပတ်လည်တွင် ရစ်ဝဲလာသည်။ ထို့နောက် သွေးရောင် အလင်းများဖြင့် လွှမ်းခြုံ သွား၏။

ဖုန်းဝူချန်၏ အရှိန်အဝါ အရူးအမူး ထိုးတက် လာပြီး ချက်ချင်း ထျန်းယွမ်ဘုံ တတိယအလွှာကို ကျော်လွန် သွားကာ ကြီးမား ကျယ်ပြန့်စွာ တိုးပွား လာသည်။

ဖုန်းဝူချန်ထံမှ ထွက်ပေါ်လာသော အဆုံးစွန် ပြင်းထန်ပြီး ကြီးမားသော စွမ်းအားကို ခံစားမိသောအခါ နေရာတစ်ခုလုံး ချက်ချင်း တိတ်ဆိတ် သွားပြန်သည်။

လူတိုင်း တုန်လှုပ်စွာ စိုက်ကြည့် နေကြပြီး ဖုန်းဝူချန် ထုတ်လွှတ်လိုက်သော ကြောက်မက်ဖွယ် စွမ်းအားကြောင့် အံ့အားသင့် နေကြသည်။

"ဖုန်းဝူချန်ရဲ့ စွမ်းအားက အဆင့် တစ်ဆင့်လုံး တက်သွားတယ်"

မိသားစုခေါင်းဆောင်များနှင့် အခြား ထိပ်တန်း စွမ်းအားရှင်များ လုံးဝ တုန်လှုပ် သွားပြီး အော်ဟစ် လိုက်ကြသည်။

"ဒါ အစစ်အမှန်ယွမ် စွမ်းအင် မဟုတ်ဘူး။ ဖုန်းဝူချန်ရဲ့ တိုက်ခိုက်ရေး စွမ်းအားက ထျန်းယွမ်ဘုံ စတုတ္ထအလွှာနဲ့ တန်းတူ ရှိနေတာ သေချာတယ်"

ဟု ရှီဟွမ် ဂိုဏ်းချုပ်က ထိတ်လန့်တကြား ကောက်ချက်ချသည်။

ဖုန်းလန်ဂိုဏ်း၏ ဂိုဏ်းချုပ်ကလည်း "ထူးကဲတဲ့ အရှိန်အဝါ ပဲ။ ကြည့်ရတာ ဝူချန်က ကျုပ်တို့ ထင်သလောက် မအားနည်းဘူး ထင်တယ်"

ဟု ထုတ်ဖော်ချီးကျူးလိုက်သည်။

မုရုန်ထျန်း၏ မျက်နှာအမူအရာ အနည်းငယ် တင်းမာ သွားပြီး သူ စိတ်ထဲမှ တွေးလိုက်သည်။

'ဝူချန်ရဲ့ စွမ်းအားကလည်း သိသိသာသာ တိုးတက် လာတယ်။ ကိုးထပ် ချန်ခွန်း မျှော်စင်ကိုသာ ထုတ်သုံး လိုက်ရင် ပေမင်ကျန်းကို ယှဉ်ပြိုင်နိုင်လောက်တယ်။'

ပေမင်ကျန်း၏ မျက်လုံးများထဲမှ မထီမဲ့မြင် အရိပ်များ ထို အခိုက်အတန့်တွင် ပျောက်ကွယ် သွားပြီး

မျက်ခုံးများ အနည်းငယ် တွန့်ချိုး သွားသည်။

လူအုပ်ကြီး ဖုန်းဝူချန်၏ ရုတ်တရက် တိုးတက်လာသော ကျင့်ကြံခြင်းအဆင့် ကြောင့် တုန်လှုပ် နေကြစဉ်မှာပင် နောက် မြင်ကွင်း တစ်ခုက သူတို့ကို ပို၍ပင် တုန်လှုပ်သွားစေခဲ့၏။

"ချီလင် ချပ်ဝတ်"

ဖုန်းဝူချန်က အသံတိုးတိုးဖြင့် အော်ဟစ် လိုက်ပြီး ချီလင် ချပ်ဝတ်ကို ဆင့်ခေါ် လိုက်သည်။

အနက်ရောင် တောင်ပံ တစ်စုံ ဖုန်းဝူချန်၏ နောက်ကျောတွင် ရုတ်တရက် ပေါ်ထွက်လာပြီး ကြောက်မက်ဖွယ် ရက်စက် ကြမ်းကြုတ်မှု နှင့် သွေးဆာနေသော အရှိန်အဝါ များ ထုတ်လွှတ် နေသည်။ ခံစားမိသူတိုင်းအား ကြောက်ရွံ့ သွားစေ၏။

ချီလင် ချပ်ဝတ်ကို ဆင့်ခေါ် လိုက်သည်နှင့် ဖုန်းဝူချန်၏ တိုက်ခိုက်ရေး စွမ်းအား နောက်တစ်ကြိမ် ထိုးတက် သွားပြန်သည်။ သူ၏ အရှိန်အဝါ ပို၍ပင် ကြောက်မက်ဖွယ် ကောင်းလာပြီး သူ ထျန်းယွမ်ဘုံ စတုတ္ထအလွှာ အဆင့်သို့ ရောက်ရှိ သွားခဲ့သည်။

"ဖုန်းဝူချန်ရဲ့ စွမ်းအား ထပ်တက် သွားပြန်ပြီ"

"ဒါ မှော် လက်နက် လား။ မဟုတ်ရင် သူ သူ့ တိုက်ခိုက်ရေး စွမ်းအားကို ဒီလောက် သိသိသာသာ ဘယ်လို တိုးမြှင့် နိုင်မှာလဲ"

" တိုက်ခိုက်ရေး စွမ်းအားကို ထပ် တိုးမြှင့် နိုင်သေးတယ် ဟုတ်လား။ သူက မိစ္ဆာ လား"

လူအုပ်ကြီး တုန်လှုပ်မှုဖြင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်။ သူတို့၏ အာမေဍိတ်သံများက မိုးခြိမ်းသံ ကဲ့သို့ ကျယ်လောင် လှပြီး ဖုန်းဝူချန် ထုတ်လွှတ်လိုက်သော စွမ်းအားက နတ်ဘုရား ဆေးလုံးမြို့တော်ရှိ လူတိုင်းကို သွေးပျက် မတတ် ကြောက်လန့် သွားစေသည်။

အဓိက အင်အားစုကြီး ငါးခုမှ အဆင့်မြင့် ပုဂ္ဂိုလ်များ နတ်ဘုရား ဆေးလုံး သခင်ကြီးများ နှင့် ချူချန်ခုံးတို့ အံ့အားသင့် လွန်း၍ သူတို့၏ မျက်လုံးများ ပြုတ်ထွက် မတတ် ဖြစ်သွားကြသည်။

ဖုန်းဝူချန်၏ တိုက်ခိုက်ရေး စွမ်းအား အဆင့် နှစ်ဆင့်လုံး တိုးတက် သွားခဲ့သည်ပင်။

"ထျန်းယွမ်ဘုံ စတုတ္ထအလွှာရဲ့ တိုက်ခိုက်ရေး စွမ်းအား"

ပေမင်ကျန်း၏ မျက်နှာပေါ်တွင် ယခုအခါ တုန်လှုပ်မှု နှင့် မယုံနိုင်မှု တို့ ထင်ဟပ် နေတော့သည်။

All Chapters