← Chapters

နမူနာကို အတုခိုးယုံပဲ

Vol. 29 Ch. 381

နမူနာကို အတုခိုးယုံပဲ

Vol. 29 Ch. 381

တစ်နာရီကျော်ကြာအောင် လိပ်ကြီး လိုက် သွားပြီးနောက် ဒီသင်္ဘောအုပ်စုရဲ့ တည်နေ ရာက ရေတိမ်ပိုင်း ဖြစ်တယ်ဆိုတာကို နော က်ထပ် အတည်ပြုနိုင်ခဲ့သည်။ ဒါပေမဲ့ သူ တို့ ဒီနေရာမှာ ဘာလုပ်ဖို့ စီစဉ်နေကြတာလဲ ဆိုတာကိုတော့ လိပ်ကြီး မသိပေ။

လိပ်ကြီးက ဘာဆက်လုပ်ရမှန်းမသိဘဲ အဖြေရှာလို့ မရခဲ့ပေ။

သူ အဖြေရှာမရတိုင်း လျူယောင်ကို ဆက် သွယ်လေ့ရှိပြီး ဒီတစ်ကြိမ်မှာလည်း ဒီအတိုင်းပဲ ဖြစ်၏။

“သခင်ရေ အရမ်း ထူးဆန်းတာပဲ ဒီမှာ သင်္ဘောအုပ်စုတစ်ခစု ရှိနေတယ် ..သူတို့က ရေတိမ်ပိုင်းကို သွားနေကြတယ်..”

လိပ်ကြီးရဲ့ အသံက စိတ်ထဲမှာ ထွက်ပေါ် လာတာကြောင့် လျူယောင် ချက်ချင်းပဲ တတိယအမြင်ကို ဖွင့်လိုက်၏။

ရေအောက် မီတာ အနည်းငယ်အကွာမှာရှိတဲ့ လိပ်ကြီးကိုသာမက ထိုသင်္ဘောအုပ်စုကိုပါ လျူယောင် မြင်လိုက်ရသည်။

တန်ချိန် သောင်းနဲ့ချီတဲ့ ဆယ်ယူရေးသင်္ဘော တစ်စီးအပြင် စုစုပေါင်း ကြီးမားတဲ့ သယ်ယူ ပို့ဆောင်ရေးသင်္ဘော လေးစီး ပါဝင်ပြီး တစ် စီးချင်းစီက တန်ချိန် ၁၀၀,၀၀၀ မရှိရင် တောင် အနည်းဆုံး တန်ချိန် သောင်းနဲ့ချီ ရှိ ပေသည်။

ဒီလို သင်္ဘောအုပ်စုမျိုးက ဒီနေရာမှာ ဘာ ကြောင့် ပေါ်လာရသနည်း။ပထမတော့ လျူယောင် အဖြေရှာလို့ မရပေ။

မြင်ကွင်းကို ချဲ့ကြည့်ပြီးနောက် သင်္ဘော တစ်စီးပေါ်မှ ဝတ်စုံတွေ ဝတ်ထားတဲ့ လူ အချို့ကို သူ တွေ့လိုက်ရသည်။ ဒီလူတွေ ဟာ ကုမ္ပဏီတစ်ခုခုက ဖြစ်လိမ့်မယ်လို့ သူ စိတ်ထဲကနေ ခန့်မှန်းလိုက်သည်။

သေချာ စောင့်ကြည့်ပြီးတဲ့အခါမှာတော့ သ င်္ဘောတိုင်းတွင် ဒီလိုလူမျိုးတွေ ရှိနေတာ ကို လျူယောင် တွေ့ရပြီး သူတို့က အလုပ်ဝတ်စုံ ကို ဝတ်ထားကြကာ အလုပ်ဝတ်စုံတွေပေါ်မှ အမှတ်အသားတွေကလည်း ရှင်းရှင်းလင်း လင်း ရှိနေသည်။

အထူးသဖြင့် အဲ့ဒီကြီးမားတဲ့ ဆယ်ယူရေးသ င်္ဘောပေါ်မှာ ဒီလိုလူမျိုးတွေ ပိုများပြီး ကုမ္ပ ဏီတစ်ခုခုရဲ့ လိုဂိုကိုပါ သူ မြင်လိုက်ရ၏။

ဖုန်းကို အမြန်ထုတ်ပြီး လျူယောင် ရိုက်ရှာ လိုက်ကာ အဲ့ဒီလိုဂိုက သံနက် ကုမ္ပဏီရဲ့ လိုဂို ဖြစ်တယ်ဆိုတာကို သူ ချက်ချင်း သိလိုက်ရသည်။

"အော် သူတို့ ဖြစ်နေတာကိုး ..."

လျူယောင် သူတို့ရဲ့ အထောက်အထားတွေ ကို သိပြီးနောက် စိတ်ထဲကနေ သံနက် ကုမ္ပဏီက လူတွေ က ဘယ်လိုလုပ် ဒီကို ရောက်လာခဲ့လဲဆိုတာကို ပြန်စဉ်းစားလိုက် သည်။

ခဏအကြာမှာတော့ လျူယောင် အဖြေ ရှာ နိုင်သွားသည်။ဒီလူတွေက စုံစမ်းစစ်ဆေး ခဲ့ပြီး သတ္တုအပိုင်းအစတွေကို ဒီ ရေတိမ် ပိုင်းကနေ ဆယ်ယူခဲ့တာကို သိသွားတာ ဖြစ် နိုင်တယ်လို့ လျူယောင် ကောက်ချက်ချ လိုက်၏။

ဒီအခြေအနေကို သိပြီးနောက် သူတို့က ရေတိမ်ပိုင်းနေရာကို သင်္ဘောအုပ်စုတစ်ခု စေလွှတ်လိုက်တာ ဖြစ်နိုင်ပြီး အဲ့ဒီနေရာက နေ မီးခိုးနက်ရောင် သတ္တုအပိုင်းအစ အများ အပြားကို ဆယ်ယူချင်ကြတာ ဖြစ်နိုင် လောက်သည်။

ဘာတွေဖြစ်နေတယ်ဆိုတာကို နားလည် ပြီးတဲ့အခါ လျူယောင် အော်ရယ်တော့ မလို ဖြစ်သွားရသည်။

“အကိုတို့ရေ ခင်ဗျားတို့က တအား ရိုးအ တာပဲ..”

“ခင်ဗျားတို့က တကယ်ပဲ အဲ့ဒီပင်လယ် ရေ ပြင်မှာ မီးခိုးနက်ရောင် သတ္တုအပိုင်းအစ တွေ အများကြီး ရှိတယ်လို့ ထင်နေတာ လား...”

“ဒါ မဖြစ်နိုင်ပါဘူး..."

“ခင်ဗျားတို့ အလကားနေရင်း ပင်ပန်းရတော့ မှာပဲ”

ဘာဖြစ်နေလဲဆိုတာကို လျူယောင် လိပ်ကြီးအား ရှင်းပြလိုက်၏။

“ငါ့ကောင်ကြီး..သူတို့က သံနက် ကုမ္ပဏီက ပဲ..မီးခိုးနက်ရောင် သတ္တုအပိုင်းအစတွေ ဆယ်ယူဖို့ ရေတိမ်ပိုင်းကို သွားနေကြတာ..."

လိပ်ကြီးလည်း ဘာတွေဖြစ်နေတယ် ဆိုတာကို နားလည်သွားကာ စိတ်ထဲကနေ အရမ်း ဒေါသထွက်နေတဲ့ အသံနဲ့ ပြောလို က်၏။

“သခင်ရ ..ဒီလူတွေက ကျွန်တော်တို့ရဲ့ သတ္တုအပိုင်းအစတွေကို လာပြီး ယူရဲတာပဲ သူတို့ကို.. ကျွန်တော် ပညာပေးလိုက် ရမ လား...”

လိပ်ကြီး ဒီလိုပြောလိုက်ပြီးနောက် သူ့ရဲ့ ဧရာမလှံကို ဒေါသတကြီး မြှောက်လိုက်၏။

လိပ်ကြီးရဲ့ သဘာဝအရတော့ အဲ့ဒီသင်္ဘော တွေကို ဧရာမလှံနဲ့ ထိုးပြီး အားလုံးကို ဖောက်ထွင်းပစ်ချင်နေတာ သေချာပါသည်။

လျူယောင်ကတော့ ဒီလိုလုပ်ဖို့ လက်ရှိမှာ မလိုအပ်သေးဘူးလို့ ထင်မိသည်။ဒီလူတွေ ကို အလကားနေရင်း ပင်ပန်းစေပြီး သူတို့ရဲ့ အလုပ်ကို ဟာသတစ်ခုအဖြစ် သဘောထာ းလိုက်ချင်သည်။

"မင်း ဒီလူတွေကို စိတ်မပူပါနဲ့..သူတို့ အဲ့ဒီ ရေတိမ်ပိုင်းကို သွားပြီး အလုပ်ရှုပ်ကြပါ စေ.."

လိပ်ကြီးလည်း ခေါင်းညိတ်ကာ သဘောတူ လိုက်၏။

“အိုကေဘာ သခင်..ကျွန်တော် သခင်ရဲ့ စ ကားကို နားထောင်ပါ့မယ်..ဒါကြောင့် သူတို့ အခုလောလောဆယ် သွားပါစေ အနီးအနား ကနေ ​ပွဲကောင်းကောင်း ကျွန်တော် ကြည့် နေမမယ်..”

ထိုသင်္ဘောအုပ်စုနောက်ကို လိပ်ကြီး လိုက် သွားရာ နာရီပေါင်းများစွာကြာပြီး နောက် ဆုံးတော့ ရေတိမ်ပိုင်းနေရာကို ရောက်လာ သည်။

တကယ်ပဲ သူတို့က ရေတိမ်ပိုင်းနေရာကို ရောက်တာနဲ့ ရေငုပ်သမားတွေကို စေလွှတ် ပြီး ရှာဖွေစေကာ ရေငုပ်သင်္ဘောကိုတောင် ထုတ်သုံးလိုက်ကြသည်။

အဲ့ဒီ မီးခိုးနက်ရောင် သတ္တုအပိုင်းအစတွေ ကို တွေ့နိုင်ဖို့ ရေငုပ်သင်္ဘောတွေနဲ့ ဒီပင် လယ်ရေပြင်ကို သူတို့ ရှာဖွေနေကြသည်။

လိပ်ကြီးက အကွာအဝေးတစ်ခုကို ထိန်း ထားပြီး အဝေးကနေ ကြည့်နေကာ ဟာသ ရုပ်ရှင်ကို စောင့်ကြည့်နေတဲ့ ပရိသတ်အဖြစ် သရုပ်ဆောင်ခဲ့သည်။

ဒါတွေကို သူ ထိုးမဖောက်နိုင်ရင်တောင် ပွဲ ကြည့်ရသလိုမျိုး ဖြစ်နေပြီး ဘဝရဲ့ ပျော်ရွှင် မှု့ကို သူ ခံစား ရပါလိမ့်မည်။

....

Universal သိပ္ပံ သုတေသန စင်တာကို တည် ထောင်တာ အရှိန်အဟုန် မြှင့်နေပြီး ပညာရှင် တွေလည်း ပိုမို များလာ၏။ အစက လူနည်း စုကနေ လူဒါဇင်နဲ့ချီသာရှိပြီး အခုဆိုရင် လူ တစ်ရာ၊ နှစ်ရာလောက် ရှိနေပြီပဲ ဖြစ်သည်။

ဒီအရှိန်က အတော်လေး မြန်ပေသည်။

ဒီလို စွမ်းဆောင်ရည် မြင့်မားတာဟာ Universal သိပ္ပံ သုတေသန စင်တာက ပေး တဲ့ လုပ်ခနဲ့ အနည်းငယ် ဆက်စပ်နေသည်။

လစာ မြင့်မားတာအပြင် အကျိုးခံစားခွင့် တွေလည်း ကောင်းမွန်ပြီး နေထိုင်ခွင့်ပါ ပေးထား​တာကြောင့်ပဲ ဖြစ်၏။

Universal သိပ္ပံ သုတေသန စင်တာကို ဝင် ရောက်လာသူတွေက Universal သင်္ဘော အဖွဲ့ရဲ့ ဝန်ထမ်းတွေနဲ့ တူညီတဲ့ ခံစားခွင့် တွေကို ပေးထားပြီး အနည်းဆုံး အိပ်ခန်းနှစ် ခန်းနဲ့ ဧည့်ခန်းနှစ်ခန်းပါတဲ့ အိမ်တစ်လုံးစီ ပေးထား၏။ နည်းပညာ အဆင့်အတန်း မြင့်မားတဲ့ ထူးချွန်တဲ့ ပညာရှင်အချို့ အ တွက်ကိုတော့ ပိုပြီး ကြီးမားတဲ့ နေရာတွေကို ပေးထားပေသည်။

လျူယောင်ရဲ့ ရုံးခန်းထဲကို ဟွမ်ကွမ်း ထပ် ဝင်လာပြီး Universal သိပ္ပံ သုတေသန စင် တာရဲ့ လက်ရှိအခြေအနေကို အသေးစိတ် အစီရင်ခံလိုက်သည်။

ဝမ်ဟိုင်ခရိုင်မှာ စတင်တည်ဆောက်နေတဲ့ Universal သိပ္ပံ သုတေသန စင်တာအပါအ ဝင်ပဲ ဖြစ်၏။

အခြေအနေကို အစီရင်ခံပြီးနောက် ဟွမ် ကွမ်း ဆက်ပြောလိုက်သည်။

“အကိုယောင် ကျွန်တော်တို့နဲ့ ပူးပေါင်းခဲ့တဲ့ ပညာရှင်တွေထဲမှာ ထူးချွန်တဲ့လူ အနည်း ငယ် ရှိပါတယ်..သူတို့က ပြည်တွင်း အား ပြန်သွင်းနိုင်တဲ့ ဘက်ထ္ထရီလုပ်ငန်းမှာ နာမည် ကြီးပြီး ထူးချွန်တဲ့ အောင်မြင်မှု့တွေ ရရှိထား ပါတယ်”

လျူယောင် ခေါင်းညိတ်ပြကာ မှာလိုက်၏။

“အင်း အခြေအနေကို ခဏ စောင့်ကြည့်ပြီး ဒီပညာရှင်တွေကို သင့်တော်သလို မင်း အ သုံးပြုလိုက် ..ဒီလူတွေ ကောင်းတယ်လို့ ထင်ရင် မျိုးရိုးဗီဇပြောင်းဆေး ပေးဖို့ ငါ့ကို အကြံပေးပါ ”

ဟွမ်ကွမ်းက ချက်ချင်းပဲ စိတ်အားထက်သန် လာသည်။အဲ့ဒီ မျိုးရိုးဗီဇပြောင်းဆေးကို သူ သောက်ပြီးနောက် ခန္ဓာကိုယ် ပြောင်းလဲမှု့ တွေကို ရှင်းရှင်း လင်းလင်း သိပေသည်။

ဟွမ်ကွမ်းက ဒီလူတွေအတွက် စိတ်ထဲကနေ ပျော်ရွှင်နေပြီးနောက် မေးလိုက်သည်။

“အကိုယောင် ကျွန်တော်တို့မှာ ပညာရှင်နဲ့ နည်းပညာပိုင်းဆိုင်ရာ ဝန်ထမ်း တစ်ရာ ကျော် ရှိပြီး သိပ္ပံ သုတေသနနဲ့ နည်းပညာ အဖွဲ့ကို အခြေခံအားဖြင့် ဖွဲ့စည်းပြီးပြီလို့ ပြောလို့ရတယ်...နောက်ပိုင်းမှာ ကျွန်တော် တို့ ဘယ်လို သုတေသနလုပ်ငန်းတွေ လုပ် ဆောင်ကြမှာလဲ..”

လျူယောင် သက်သောင့်သက်သာ ပြုံးပြ လိုက်ပြီး ပြန်ဖြေလိုက်၏။

“သုတေသနလုပ်ငန်းတွေကို ဘယ်လို လုပ် ဆောင်ရမယ်ဆိုတာကို ငါ့ မှာ အစီအစဉ်ရှိ ပြီးသား မနက်ဖန်မှာ ..အဓိကလူအချို့ကို မင်း ဒီကို ခေါ်လာခဲ့ ငါ သူတို့နဲ့ သေချာ စကားပြောချင်တယ်...”

....

နောက်တစ်နေ့တွင်...

ဟွမ်ကွမ်းကိုယ်တိုင် အဖွဲ့ကို ဦးဆောင် လာ ပြီး စုစု ပေါင်း လူ ခုနစ် ရှစ်ယောက်နဲ့အတူ Universal တာဝါထဲကို ဝင်လာ၏။

လျူယောင်ရဲ့ အစီအစဥ်အရ သူတို့အားလုံး က အစည်းအဝေးခန်းငယ်တစ်ခုမှာ ထိုင် စောင့်နေကြသည်။

မကြာခင်မှာပဲ လက်ထဲမှာ အိတ်တစ်လုံး နဲ့အတူ လျူယောင် ရောက်လာခဲ့သည်။

ဒီလူတွေက လျူယောင်ကို ဒုတိယအကြိမ် မြင်ဖူးကြတာပဲ ဖြစ်သည်။ လျူယောင် Universal သိပ္ပံ သုတေသန စင်တာကို ပထ မဆုံး တည်ထောင်တဲ့နေ့မှာ သူတို့နဲ့ တစ်ဦး ချင်း တွေ့ဆုံခဲ့ပြီး ကိုယ်တိုင် စကားပြော ခဲ့ ဖူးသည်။

ဟွမ်ကွမ်းအပါအဝင် လူတိုင်းက တစ် ယောက်ပြီးတစ်ယောက် ထရပ်လိုက်၏။ လျူယောင် လက်ကို မြှောက်ပြီး ဖိချလိုက် ကာ ပြောလိုက်သည်။

“အားလုံး ထိုင်ကြပါ.."

အိတ်ကို အစည်းအဝေး စားပွဲပေါ်တင်လိုက် ပြီး လျူယောင် အားလုံးကို စကားပြော လိုက်၏။ အဓိကအားဖြင့် အနာဂတ် ရည်ရွယ်ချက်များအကြောင်းပဲ ဖြစ်သည်။

“လူကြီးမင်းတို့.. ကျွန်တော်တို့ရဲ့ နောက်ထပ် သုတေသနနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အလုပ် တာဝန်က ကမ္ဘာပေါ်မှာ အကောင်းဆုံး ဘ ထ္ထရီကို ဖန်တီးဖို့ ပဲဖြစ်တယ် ..ကမ္ဘာပေါ် မှာရှိတဲ့ အကောင်းဆုံး အားပြန်သွင်းနိုင်တဲ့ ဘထ္ထရီထက် အများကြီး သာလွန်နေရ မယ်..”

လူတိုင်းက တိတ်တိတ်ကလေး တုန်လှုပ်သွ ားပြီး ရုတ်တရက် ဖိအားကို ခံစားလိုက် ရသည်။

လျူယောင်ကတော့ အရမ်းကို သက်သောင့် သက်သာ ရှိပုံရသည်။ အနာဂတ် ပန်းတိုင် တွေအကြောင်း ပြောပြီးနောက် သူ ဆက် ပြောလိုက်သည်။

“ဖိအားတွေ သိပ်မယူပါနဲ့..ကျွန်တော့်မှာ လေ့ လာစရာ နမူနာတွေ ရှိပြီးသားမို့ ခင်ဗျားတို့ အတုခိုးရုံပဲ..”

" ဘာလဲ "

“နမူနာတွေ ရှိတာလား..”

ဒီလိုဆိုရင်တော့ သူတို့အတွက် အခက်အခဲ တွေ အများကြီး လျော့သွားပြီပဲ ဖြစ်သည်။

သူတို့အားလုံးက ပညာရှင်တွေ ဖြစ်ကြပြီး ဒီနယ်ပယ်မှာ အနည်းဆုံး ဆယ်နှစ် ဒါမှ မဟုတ် နှစ် နှစ်ဆယ်၊သုံးဆယ်ကြာအောင် အသေးစိတ် သုတေသနတွေ လုပ်ခဲ့ကြသူ တွေပဲ ဖြစ်သည်။

အခု နမူနာတွေ ရှိနေပြီဆိုတော့ သူတို့က အတုခိုးဖို့ပဲ လိုအပ်တာကြောင့် အားလုံးရဲ့ မျက်နှာပေါ်တွင် ယုံကြည်မှု့များ ပြည့်နှက် နေသည်။

တစ်ချိန်တည်းမှာပဲ သူတို့အားလုံးက မစ္စတာ လျူ ပြောတဲ့ နမူနာက ဘယ်လိုပုံလဲ ဆိုတာ ကို အရမ်း သိချင်နေကြသည်။ ဒီနမူနာ ဘ ထ္ထရီက ကမ္ဘာ့အဆင့်မှီတဲ့ အဆင့်ကို ရောက် နေပြီလားဆိုတာ သူတို့ အရမ်းသိချင်နေကြ သည်။

လျူယောင် အပိုစကားမပြောတော့ဘဲ လက် ဆွဲ အိတ်ထဲမှ နမူနာဘက်ထ္ထရီကို ထုတ်ယူ လိုက်သည်။

All Chapters