သုတေသန စတင်ပါ
Vol. 29 Ch. 382
ရုတ်တရက် လျူယောင် လက်ထဲမှ နမူနာ ဘက်ထ္ထရီကို လူတိုင်းရဲ့ အကြည့်တွေ ကျ ရောက် လာသည်။
"ဒါက နမူနာပဲ နေမှာ.."
တစ်ယောက်ချင်းစီက အလွန် စူးစမ်းချင် စိတ် ပြင်းပြနေပြီး ဒီနမူနာ ဘထ္ထရီရဲ့ အ ခြေအနေကို သိချင်နေကြသည်။
လူတိုင်း ဘာတွေးနေလဲဆိုတာကို လျူ ယောင် သိပုံရပြီး ပြုံးလိုက်ကာ
“အားလုံးပဲ အရင်ကြည့်ကြပါ”
ပြောပြီးနောက် ဘက်ထရီကို သူ့ဘေးနားမှ အလယ်အလတ်အရွယ် လူတစ်ဦးကို ပေးလိုက်သည်။
“ဟူနန် “ ဒီလူက ယန်နိုင်ငံရဲ့ နာမည်ကြီး ဘ ထ္ထရီ ပညာရှင်တစ်ဦးဖြစ်ပြီး ပါရဂူ ဘွဲ့ရ ရှိ ထား သူလည်း ဖြစ်၏။စွမ်းအင်သစ် မော် တော်ယာဉ်ကုမ္ပဏီတစ်ခုရဲ့ အဓိက စွမ်းအင် သိပ္ပံပညာရှင်လည်း ဖြစ်ပြီး အခုတော့ Universal သုတေသန စင်တာရဲ့ အဓိက သိပ္ပံပညာရှင် ဖြစ်လာသည်။
သူက ပထမဆုံး ဘထ္ထရီကို ယူလိုက်ပြီး သေ ချာ ကြည့်လိုက်သည်။ မကြာခင်မှာပဲ သူ့ရဲ့ စိတ်ထဲတွင် နည်းနည်းလေး မတည်မငြိမ် ဖြစ်သွားရသည်။
လူမသိသူမသိ ပုဂ္ဂိုလ်က ပွဲကြည့်ရုံပဲ ဖြစ်ပြီး ပညာရှင်ကတော့ နည်းလမ်းကို ကြည်သလို မျိုးပင်။ ဟူနန်က ပညာရှင်တစ်ယောက် ဖြစ်တာကြောင့် ဒီဘထ္ထရီက ထူးခြားတယ် ဆိုတာကို သူ ချက်ချင်း သိလိုက်၏။
ဒီအချိန်မှာ သူက ဒီဘထ္ထရီရဲ့ အတွင်း ပိုင်း ဖွဲ့စည်းပုံနဲ့ နည်းပညာအချို့ကို သိဖို့အတွက် အသေးစိတ် သုတေသန လုပ်ချင်နေသည်။
ဒါပေမဲ့ တခြားသူတွေ စောင့်နေကြတာမို့လို့ ကြည့်ပြီးတဲ့နောက် ဘထ္ထရီကို နောက်လူအ ား ဟူနန်ပေးလိုက်ရသည်။
"နမ်ဇေထောင်.."
ယန်နိုင်ငံမှ နာမည်ကြီး ဘက်ထရီ ပညာ ရှင် တစ်ဦးဖြစ်၏။သူက နာမည်ကြီး ဖုန်း ဘက် ထရီ သုတေသန ဌာနတစ်ခုမှာ အလုပ်လု ပ်ခဲ့ဖူးပြီး မူပိုင်ခွင့်များစွာ ဖန်တီးခဲ့သူ ဖြစ် ကာ ဘက်ထ္ထရီလုပ်ငန်းမှာ နာမည်ကြီးသူ တစ်ဦးလည်း ဖြစ်သည်။
သူကလည်း ပညာရှင်ပဲ ဖြစ်၏။
ဘက်ထ္ထရီကို သူ ယူလိုက်တာနဲ့ သူ့ မျက် နှာက အနည်းငယ် ပြောင်းလဲသွားသည်။ သေချာကြည့်မယ်ဆိုပါက နမ်ဇေထောင်ရဲ့ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေတဲ့ အမူ အရာကို တွေ့ရပေလိမ့်မည်။
" ဘာလဲဟ "
"ဒီ ဘက်ထ္ထရီဟာ ထူးခြားလှချည်လား .."
"နည်းပညာ ပါဝင်မှု့က အတော်လေး မြင့်မား တာပဲ "
"နမ်ဇေထောင်"က ဒီနယ်ပယ်တွင် ပညာရှင် ဖြစ်တာကြောင့် ဘက်ထ္ထရီရဲ့ ထူးခြားမှု့ကို ချက်ချင်း မြင်လိုက်ရပြီး ထိန်းချုပ်လို့ မရအောင် သူ စိတ်လှုပ်ရှားသွားခဲ့ရသည်။
ခဏကြာအောင် ကြည့်ပြီးနောက် သူက ဘထ္ထရီကို နောက်လူထံ ပေးလိုက်သည်။ လူတိုင်း အလှည့်ကျ ကြည့်နေတာ ဆယ် မိနစ်လောက် ကြာသွားခဲ့သည်။
လျူယောင်က အရမ်းကို သည်းခံစိတ်ရှိပြီး လူတိုင်းကို အချိန် အလုံအလောက် ပေး ထား၏။ ဘက်ထ္ထရီနမူနာကို အလှည့်ကျ ကြည့်လာပြီး သူ့ဆီ ပြန်ရောက်တဲ့အထိ လျူယောင် ဘာမှမပြောပေ။
“ဒါက ကျွန်တော်တို့ရဲ့ ဘထ္ထရီ နမူနာပဲ.. ဒီဘက်ထ္ထရီရဲ့ ဖွဲ့စည်းပုံနဲ့ နည်းပညာကို အဖြေရှာဖို့ ကျွန်တော် ခင်ဗျားတို့ကို တောင်းဆိုတယ်.. ဒီဟာကို အခြေခံပြီး ဖုန်းတွေ၊ မော်တော်ယာဉ်တွေနဲ့ တခြား ထုတ်ကုန်တွေအတွက် သင့်တော်တဲ့ ဘက်ထ္ထရီတွေကို ခဗျားတို့ အတုခိုးပြီး ဖန်တီးနိုင်ရမယ်...”
လျူယောင်က လိုအပ်ချက်တွေကို ပြောခဲ့ ပြီး သုတေသန ရလဒ်တွေကို အမြန်ဆုံး မြင်ရဖို့ သူ မျှော်လင့်နေသည်။ သုတေသန ရန်ပုံငွေအတွက်တော့ လိုသလောက် ပေးမ ယ်လို့ သူ ကတိပေးလိုက်သည်။
ဒီလိုပြောပြီးနောက် အိတ်ထဲကနေ အပြာ ရောင် ဖန်ပုလင်းငယ် စုစုပေါင်း ခုနစ်လုံးကို သူ ထုတ်ယူလိုက်သည်။
ဒီဖန်ပုလင်းငယ်တွေကို ဟွမ်ကွမ်း မြင်တာနဲ့ ဘာတွေလဲဆိုတာ ချက်ချင်း သိလိုက်၏။ အဲ့ဒါတွေက မျိုးရိုးဗီဇပြောင်းဆေးတွေပဲ ဖြစ်သည်။
လျူယောင်က လူတိုင်းရဲ့ မျက်နှာတွေကို ဝေ့ကြည့်လိုက်ပြီး ကျယ်လောင်စွာ ပြော လိုက်သည်။
“သိပ္ပံသုတေသန လုပ်တာဟာ စွမ်းအင်တွေ အများကြီး လိုအပ်တယ်.. ပိုပြီး အရေးကြီး တာကတော့ ကောင်းမွန်တဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု့နဲ့ ကျန်းမာတဲ့ ခန္ဓာကိုယ်ပဲ.. ကျွန်တော့်မှာ ခင်ဗျားတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု့ကို အများကြီး တိုးတက်စေနိုင်တဲ့ ဆေးတစ်မျိုး ရှိတယ်.. ခင်ဗျားတို့ တစ်ယောက်ချင်းစီ ဒီဆေးကို တစ်လုံးစီ သောက်စေချင်တယ်...”
လူတိုင်းက ချက်ခြင်း အံ့အားသင့်သွား၏။
"ဘာ ဒီလိုအရာမျိုး ရှိတာလား...."
ဟွမ်ကွမ်းက လူတိုင်းရဲ့ တုံ့ဆိုင်းမှု့နဲ့ အံ့အား သင့်မှုကို မြင်တော့ အမြန် ပြောလိုက်သည်။
“ဒါက လုံးဝ အမှန်ပဲ.. ကျွန်တော် သောက်ခဲ့ ပြီးပါပြီ.. အခုဆိုရင် မာရသွန်ပြေးပြီးနောက် ကျွန်တော် အရမ်း သက်တောင့်သက်သာ ခံစားရတယ်..ဘိလပ်မြေအိတ်ကို ဆယ်ထ ပ်အထိ သယ်သွားရင်တောင် ကျွန်တော် အသက်ရှူ မကြပ်ဘူး..”
" ဘုရားရေ .."
"ဒီလောက်အထိ ကောင်းတာလား.."
ဟူနန်က လျူယောင်နဲ့ ဟွမ်ကွမ်းကို ပထမ ဆုံး ယုံကြည်သူပဲ ဖြစ်၏။ သူက ဘာမှ မ ပြောပဲ တောင်းဆိုလိုက်သည်။
“သူဋေး ဒီလောက် ကောင်းတဲ့ဟာဆို ကျွန် တော့်ကို တစ်လုံး ပေးပါ..”
ဟူနမ်ကို ကျေနပ်တဲ့ အကြည့်နဲ့ လျူယောင် ကြည့်ပြီး အပြာရောင် ပုလင်းငယ်တစ်လုံး ပေးလိုက်သည်။
ဟူနမ်က မတုံ့ဆိုင်းဘဲ အဖုံးကို ဖွင့်ကာ အ ပြာရောင် ပုလင်းငယ်ထဲမှ အရည်ကို လူ တိုင်းရဲ့ရှေ့မှာပဲ တစ်ကျိုက်တည်း သောက် ချလိုက်ပြီး စိတ်ထဲကနေ ရေရွတ်လိုက် မိ သည်။
" အိုး..နည်းနည်းချိုတယ်.. ဒါပေမဲ့ အရသာ ရှိတယ် .."
ဟူနန်က ဦးဆောင်လိုက်တော့ နောက်ဆက် တွဲက လွယ်ကူသွား၏။ နမ်ဇေထောင်က ဒုတိယလူ အဖြစ် တစ်ပုလင်း သောက်လိုက် ပြီးနောက် တတိယ၊ စတုတ္ထလူတွေလည်း သောက်လိုက်ကြသည်။
ဟွမ်ကွမ်းမှလွဲ၍ စုစုပေါင်း လူခုနစ်ဦးက မျိုးရိုးဗီဇပြောင်းဆေးကို သောက်ခဲ့ကြ သည်။ ဒီလိုဆိုရင်တော့ လျူယောင်ရဲ့ စိတ်က လုံးဝ အေးချမ်းသွား ၏။
အစည်းအဝေး ပြီးဆုံးပြီးနောက် သူတို့ တစ် ယောက်စီကို စွမ်းရည်အမှတ် ၁၀၀ စီ လျူ ယောင် ပေးလိုက်မည်။ဒါက သူတို့ရဲ့ ရုပ် ပိုင်းဆိုင်ရာ ကြံ့ခိုင်မှု့ကို ပြည့်စုံစွာ တိုးတက် စေတာအပြင် သူတို့ကို အလွန်အမင်း သစ္စာ စောင့်သိအောင်လည်း လုပ်ဆောင်ပေးမှာ ကြောင့် ဒီဂြိုလ်သားနည်းပညာ ဘက်ထ္ထရီကို လျူယောင် စိတ်ချလက်ချ အပ်နှံနိုင် တော့မ ည်လေ။
လူတိုင်းက မျိုးရိုးဗီဇပြောင်းဆေးကို သောက်ပြီးနောက် ဘထ္ထရီနမူနာကို ဟူနန်ထံ လျူယောင်လွှဲပြောင်းပေး လိုက်သည်။
“ပစ္စည်းတွေကို ခင်ဗျားတို့ဆီ အပ်လိုက်ပါ ပြီ.. ဒီအပေါ် အခြေခံပြီး အသေးစိတ် သု တေသနတွေ လုပ်ဆောင်ကြပါ.. ခင်ဗျားတို့ ရဲ့ သုတေသန ရလဒ်တွေကို အမြန်ဆုံး မြင်ရဖို့ ကျွန်တော် မျှော်လင့်တယ်...”
ဟူနန်က လူတိုင်းကိုယ်စား ဘထ္ထရီကို ယူ လိုက်ပြီး ကတိပေးလိုက်၏။
“စိတ်ချပါ သူဋေး.. ကျွန်တော်တို့ သေချာ ပေါက် အစွမ်းကုန် ကြိုးစားပြီး အမြန်ဆုံး အောင်မြင်မှု့ ရအောင် လုပ်ပါ့မယ်ခဗျ..”
အစည်းအဝေး ပြီးဆုံးသွားပြီးနောက် ဟူနန်နဲ့ အဖွဲ့က ဘထ္ထရီနဲ့အတူ ပြန်သွားကြသည်။
သူတို့က ချက်ချင်းပဲ အသေးစိတ် သုတေသ န လုပ်ကြမှာ သေချာပါသည်။ လျူယောင် က သူတို့ တစ်ယောက်စီကို စွမ်းရည်အမှတ် ၁၀၀ စီ ပေးလိုက် ၏။
အခု လူတိုင်းကို စွမ်းရည်အမှတ်တွေ ပေး လို့ မရဘူးဆိုတာကို အခြေခံအားဖြင့် လျူ ယောင် နားလည်သွားသည်။ စွမ်းရည် အ မှတ် ပေးခံရဖို့ လိုအပ်တဲ့လူက အနည်းဆုံး တော့ သူ့ကို အန္တရာယ် ပြုမယ့်လူ မဖြစ်ရ ပေ။
...
မြောက်ပစိဖိတ်သမုဒ္ဒရာတွင်...
အစာဝအောင် စားပြီးနောက် လိပ်ကြီးက ရေ တိမ်ပိုင်းနေရာကို ထပ်ပြီး ရေကူးသွား၏။ သူက အဝေးကနေ ဟာသကို စောင့်ကြည့် နေတဲ့ ပရိသတ်လို ဖြစ်နေပြီး သံနက်ကုမ္ပ ဏီမှ လူတွေ အဲ့ဒီမှာ အလုပ်များနေတာကို ကြည့်နေသည်။
သူတို့က ဒီနေရာကို ရက်အနည်းငယ်ကြာ ရောက်နေပြီး ပင်လယ်ကြမ်းပြင်အောက်က မီးခိုးနက်ရောင် သတ္တုအပိုင်းအစတွေကို တစ်နေ့လုံးရှာဖွေဖို့ ကြိုးးစားရင်း အလုပ်မျာ းနေကြသည်။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ပဲ သူတို့ ဘာမှမတွေ့ခဲ့ကြပေ။
အဲ့ဒီကြီးမားတဲ့ ဆယ်ယူရေးသင်္ဘောပေါ်မှ ဇာဗီးယားက ပေါက်ကွဲလုမတတ် ဖြစ်နေ သည်။ Universal ရဲ့ ဘလူးဝေးလ်က ဒီရေ တိမ်ပိုင်းနေရာနေ သတ္တုအပိုင်းအစ အများ အပြားကို ဆယ်ယူသွားတာ ရှင်းနေလျက်နဲ့ သူတို့က တစ်ခုတောင် မတွေ့ခဲ့ရပေ။
“ဘုရားရေ.. ဘာတွေဖြစ်နေတာလဲ...”
“သတ္တု အပိုင်းအစတွေရော.."
“အဲဒါတွေ ဘယ်ရောက်သွားပြီလဲကွာ ..."
ဇာဗီးယားက ကုန်းပတ်ပေါ်မှာ ရပ်နေပြီး ပင် လယ်ပြင်ကို ကြောင်တောင်တောင် ကြည့်နေ ၏။ သိပ်မဝေးတဲ့နေရာမှာတော့ ရေငုပ်သမ ားနှစ်ယောက်က ရေထဲမှ ထွက်လာသည်။
နေ့လယ်ပိုင်းကနေ ညနေပိုင်းအထိ ပြီးတော့ ညရောက်တဲ့အထိ သူတို့ ဘာမှ မတွေ့ခဲ့ရ ပေ။ သူတို့ရဲ့ အလုပ်ရှုပ်မှု့တွေက လုံးဝ အ လကား ဖြစ်သွားခဲ့ရသည်။
လိပ်ကြီးက ဒါတွေကို အဝေးကနေ ကြည့်နေ ပြီး စိတ်ထဲကနေ ပျော်ရွှင်နေသည်။ရယ် လို့ ရရင် လိပ်ကြီး အကျယ်ကြီးအော်ရယ်မိမှာ သေချာပေသည်။
ညမှောင်တဲ့အထိ လိပ်ကြီးက ဒီနေရာမှ ထွက်မသွားခဲ့ပေ။
နှစ်ရက်အကြာမှာတော့ ဇာဗီးယားနဲ့ တခြား သူတွေဟာ စိတ်မပါလက်မပါနဲ့ ဒီပင်လယ် ရေပြင်ကနေ ထွက်ခွာသွားကြသည်။
သူတို့ ထွက်သွားပြီးနောက် လျူယောင်က အလုပ်လုပ်ဖို့ ပြင်ဆင်နေပြီး တခြား ပင် လယ်ရေပြင်တစ်ခုကို ရွေးကာ သတ္တုအပို င်းအစ တန်ပေါင်း သောင်းနဲ့ချီ သယ်ဖို့ လိပ် ကြီးကို အမိန့်ပေးလိုက်သည်။
လိပ်ကြီးက ချက်ချင်းပဲ အလုပ် စလုပ်တော့ ၏။
သူက အာကာသယာဉ် အပျက်အစီးရဲ့ အနောက်တောင်ဘက် ရေမိုင် ၆၀၀ လောက် အကွာအဝေးမှာရှိတဲ့ ရေတိမ်ပိုင်းတစ်ခုကို ရှာတွေ့ခဲ့သည်။ ရေအနက်က ၃၀ မှ ၄၀ မီတာသာ ရှိပြီး ပင်လယ်ကြမ်းပြင်ကလည်း အလွန် ပြန့်ပြူးပေသည်။
အရင်တစ်ကြိမ်က ရေတိမ်ပိုင်းကတော့ အာ ကာသယာဉ် အပျက်အစီးရဲ့ အနောက် မြောက်ဘက်မှာ ဖြစ်ပြီး တစ်ခုက အနောက် တောင်ဘက်၊ နောက်တစ်ခုက အနောက် မြောက်ဘက် ဖြစ်သည်။ နှစ်နေရာကြားမှ အကွာအဝေးက ရေမိုင် နှစ်ရာလောက် ရှိပြီး ဟွာဟိုင်းမြို့နဲ့ အကွာအဝေး အတူတူပဲ ဖြစ် ၏။
“သခင်ရေ ဒီပင်လယ်ရေပြင်ကိုရော ဘယ်လို ထင်လဲ...”
တတိယအမြင်ကနေတဆင့် လျူယောင် ကြည့်လိုက်ပြီးနောက် ပြန်ဖြေလိုက်သည်။
“အင်း ဒီနေရာ မဆိုးဘူး..မင်း ဒီနေရာကို သတ္တုအပိုင်းအစတွေ နည်းနည်း သယ်လာ လို့ရတယ်..တန်ပေါင်း တစ်သိန်းကျော် လောက် သယ်လာနိုင်ရင် လုံလောက်ပြီ..”
“အိုကေဘာ သခင်”
လိပ်ကြီးက ပွဲကြည့်ပရိသတ်အဖြစ်ကနေ အလုပ်သမားတစ်ယောက်အဖြစ် ပြောင်းလဲ သွားပြီး ဒီရေတိမ်ပိုင်းနေရာဆီသို့ သတ္တုအ ပိုင်းအစများ သယ်ယူလာခဲ့သည်။