← Chapters

ငါက တအား ဥာဏ်ကောင်းတာပဲ

Vol. 29 Ch. 383

ငါက တအား ဥာဏ်ကောင်းတာပဲ

Vol. 29 Ch. 383

လိပ်ကြီးက ရက်ပေါင်းများစွာကြာအောင် အကောင်းဆုံး အလုပ်သမားတစ်ယောက်လို သရုပ်ဆောင်ခဲ့ပြီး မီးခိုးနက်ရောင် သတ္တု အ ပိုင်းအစတွေကို ရေတိမ်ပိုင်းနေရာကို သယ် ယူကာ ရေအောက် ၃၀ ကနေ ၄၀ မီတာ အနက်မှာ ချထားပေးခဲ့သည်။

သူက တစ်နေ့ကို အကြိမ်ပေါင်းများစွာ သယ် ယူခဲ့ပြီး ရက်အနည်းငယ်အတွင်းမှာပဲ သတ္တု အပိုင်းအစ တန်ပေါင်း ၂၀,၀၀၀ ကနေ ၃၀,၀၀၀ အထိ ဒီနေရာကို ရောက်လာခဲ့ သည်။

လိပ်ကြီးရဲ့ အခြေအနေကို လျူယောင် နေ့ တိုင်းလိုလို အာရုံစိုက်နေပြီး သတ္တုအပိုင်း အစ တန်ပေါင်း ၂၀,၀၀၀ ကနေ ၃၀,၀၀၀ လောက် ရှိနေပြီဆိုတာကို မြင်တော့ ဘလူး ဝေးလ်ကို ထွက်ခွာဖို့ အမိန့်ပေးလိုက်ပြီး ကုန် တင်သင်္ဘော ရှီးဝမ်ကလည်း အတူလိုက်ပါ လာ၏။

ဟွာဟိုင်းမြို့ကနေ သင်္ဘောနှစ်စီးက တစ်စီး ပြီးတစ်စီး ထွက်ခွာလာပြီး ပန်းတိုင် ပင်လ ယ်ရေပြင်ဆီသို့ ရွက်လွှင့်လာကြသည်။

.....

နောက်ဆုံးတော့ ဇာဗီးယားနဲ့ တခြားလူတွေ က ဟာဝိုင်ရီက ဆိပ်ကမ်းကို ပြန်ရောက်လာ ခဲ့သည်။ ကုန်းပေါ်သို့ တက်ပြီးနောက် သူက လေယာဉ်နဲ့ M နိုင်ငံကို ပြန်လာကြသည်။

သံနက်ကုမ္ပဏီကို ပြန်ရောက်တော့ စိတ်ဓာ တ်ကျနေတဲ့ အမူအရာနဲ့ ခေါင်းငုံ့ပြီး ရှာမန် ကို အစီရင်ခံလိုက်သည်။

“ဥက္ကဌကြီး..ကျွန်တော်တို့ အလုပ်မအောင် မြင်ခဲ့ပါဘူး..ကျွန်တော်တို့ အလကားနေရင်း ပင်ပန်းခဲ့ရပါတယ်ခဗျ...”

သူ အခြေအနေကို အကျဉ်းချုပ် ပြောပြ လိုက်၏။

ဇာဗီးယားရဲ့ အစီရင်ခံတာကို နားထောင် ပြီး နောက် ရှာမန် စဉ်းစားခန်း ဝင်သွားသည်။ သူက ဒီမေးခွန်းကို ပြီးခဲ့တဲ့ ရက်အနည်းငယ် ကတည်းက စဉ်းစားနေခဲ့တာပဲ ဖြစ်သည်။

"ဘာကြောင့်လဲ..."

Universal ရဲ့ ဘလူးဝေးလ်က အဲ့ဒီပင်လယ် ရေပြင်ကနေ မီးနက်ရောင် သတ္တုအပိုင်းအစ များကို နှစ်ကြိမ်တိုင်တိုင် ဆယ်ယူခဲ့တာ သေချာပါသည်။

ဒါပေမဲ့ သူတို့ကတော့ ဘာမှ မတွေ့ခဲ့ပေ။

ရှာမန်က အချိန်အကြာကြီး စဉ်းစားပြီး နောက် ဒီသတ္တုအပိုင်းအစတွေက ပင်လယ် ကနေ ရတယ်ဆိုတာကို သူ ယုံကြည်နေဆဲ ဖြစ်ပြီး Universal ရဲ့ ဘလူးဝေးလ်က ထပ် သယ်ဖို့ထွက်ခွာလာလိမ့်မယ်လို့ ထင်မိခဲ့ သည်။

ဒီအကြောင်းကို သိလိုက်တော့ ရှာမန်ရဲ့မျက် လုံးတွေ တောက်ပလာသည်။

ရှာမန် စိတ်လှုပ်ရှားနေတာကြောင့် ပေါင်ကို အားပါးတရ ရိုက်လိုက်သည်။

" ဖြောင်း.."

“ငါက တအား ဉာဏ်ကောင်းတာပဲကွာ..”

“ငါတို့က ဘလူးဝေးလ်ကို စောင့်ကြည့် နေ ရုံပဲ.. သူတို့ ဘယ်ကို ဆယ်ယူဖို့ သွားသွား.. ငါတို့က လိုက်သွားမယ်..”

ရှာမန် ချက်ချင်းပဲ ဖုန်းကိုယူပြီး Universal ၏ ဘလူးဝေးလ်ရဲ့ လှုပ်ရှားမှု့တွေကို စုံစမ်း ဖို့ အမိန့်ပေးလိုက်သည်။

ဒီအချိန်တွင် ဇာဗီးယားလည်း တစ်ခုခုကို နားလည်သွားပုံရပြီး မျက်လုံးတွေ တောက်ပ လာကာ စိတ်ဓာတ်ကျနေတာကနေ ရုတ်တ ရက် အများကြီး ပြန်ကောင်းလာခဲ့သည်။

“ဥက္ကဌကြီးက အရမ်းကို ဥာဏ်ကောင်းတာပဲ ဒီအကြောင်းကို ကျွန်တော် ဘာလို့ မစဉ်းစား မိခဲ့တာလဲဗျာ ကျွန်တော်တို့ 'ဘလူးဝေးလ်' ရဲ့ လှုပ်ရှားမှု့တွေကို စောင့်ကြည့်နေသရွေ့ ပင်လယ်ထဲကနေ သတ္တုအပိုင်းအစတွေကို သေချာပေါက် ဆယ်ယူနိုင်မှာပါ..”

နှစ်ယောက်သား မျှော်လင့်ချက်ကို မြင်နေရ သလို ခံစားနေရပြီး သူတို့ရဲ့ စိတ်အခြေအ နေက မကြုံစဖူး ကောင်းမွန်နေသည်။

ခဏအကြာမှာတော့ အောက်ကငယ်သား တွေက ဘလူးဝေးလ်ရဲ့ လှုပ်ရှားမှု့ကို စုံစမ်း ခဲ့ပြီး ဖုန်းခေါ်ကာ အစီရင်ခံလိုက်သည်။

“ခေါင်းဆောင် 'ဘလူးဝေးလ်' က ဟွာဟိုင်း မြို့ကနေ.. မနေ့မနက်က ထွက်ခွာလာပြီး မြောက်ပစိဖိတ်သမုဒ္ဒရာဘက်ကို ရွက်လွှင့် နေပါတယ်ခဗျ..”

“ဘာ.."

“ဘလူးဝေးလ်က ထပ်ပြီး ထွက်ခွာလာပြီလ ား ဒါ ရေတိမ်ပိုင်းကို သွားတာ သေချာ တယ်..ဒီတစ်ကြိမ်မှာ ငါတို့ အခွင့်အရေးကို လက်လွှတ်မခံနိုင်ဘူး.."

သူတို့က ဂြိုဟ်တုဖုန်းကို ချက်ချင်း ခေါ် လိုက်ရာ ဘလူးဝေးလ်နဲ့ ရှီးဝမ်တို့ ပင်လယ် ပေါ်မှာ ရွက်လွှင့်နေတာကို တွေ့လိုက်ရ သည်။

ရှာမန်းက အတည်ပြုကာ ပြောလိုက်၏။

“'ဘလူးဝေးလ်' တစ်စီးတည်း မဟုတ်ဘူး နောက်ထပ် ကြီးမားတဲ့ ကုန်တင်သင်္ဘော တစ်စီးလည်း ပါသေးတယ်.. သံသယဖြစ်စ ရာ မရှိဘူး ဒါ သတ္တုအပိုင်းအစတွေကို ဆယ်ဖို့ သွားတာ သေချာတယ်...”

ဇာဗီးယားက သတိပေးကာ ပြောလိုက်၏။

“ဒါဆို ကျွန်တော်တို့ အမြန်လုပ်ရမယ်.. ဘလူးဝေးလ်' ဘယ်ကို သွားသွား ကျွန်တော် တို့လည်း နောက်ကနေ လိုက်သွားမယ်..”

“ဟုတ်တယ် မင်း အခုပဲ စီစဉ်နိုင်တယ် ..ဟာ ဝိုင်ရီ သင်္ဘောအုပ်စုကို အခုပဲ ထွက်ခွာ ခိုင်း လို့ရပြီ..”

အချိန်ကုန်သက်သာဖို့အတွက် သူတို့က ဟာဝိုင်ရီဆိပ်ကမ်းကို ဖုန်းခေါပြီး သူတို့၏ သင်္ဘောအုပ်စုကို ချက်ချင်း ထွက်ခွာဖို့ အမိန့်ပေးလိုက်သည်။

ဒီသင်္ဘောအုပ်စုအတွက် သနားစရာကောင်း လှသည်။ စုစုပေါင်း သင်္ဘောငါးစီး ရှိပြီး ဆယ်ယူရေးသင်္ဘောတစ်စီးနဲ့ ကြီးမားတဲ့ ကုန်တင်သင်္ဘောလေးစီး ပါဝင်၏။ သူတို့က ဆိပ်ကမ်းမှာ တစ်ရက်တောင် မပြည့်သေး ဘဲ ထပ်ပြီး ထွက်ခွာဖို့ ပြင်ဆင်နေရ ပြန် သည်။

......

သုတေသန ရုံးခန်းထဲတွင်...

ဒီနေရာက Universal သိပ္ပံ သုတေသန စင် တာရဲ့ ယာယီနေရာပဲ ဖြစ်၏။ သိပ္ပံ သုတေ သန စင်တာအသစ် ဆောက်လုပ်၍ မပြီးမ ချင်း လူတိုင်း ဒီမှာပဲ ယာယီ အလုပ်လုပ်ကြ လိမ့်မည်။

ဓာတ်ခွဲခန်းတွေ၊ သုတေသနခန်းတွေ စသ ဖြင့် တည်ထောင်ပြီးပြီပဲ ဖြစ်သည်။ သုတေ သနခန်းတစ်ခုမှာ ဟူနန်နဲ့ "နမ်ဇေထောင်"လို နည်းပညာ ကျွမ်းကျင်သူများနဲ့ အဓိကလူ အချို့ ရှိနေသည်။

သူတို့က အလုပ်ခုံပေါ်မှာ ဘထ္ထရီကို သေချာ ဂရုတစိုက် ဖြုတ်နေသည်။ အပိုင်းတစ်ပိုင်း ကို ဖြုတ်တိုင်း ဘက်ပေါင်းစုံကနေ ဓာတ်ပုံ ရိုက်ပြီး ဖြုတ်ထားတဲ့ အပိုင်းတွေကိုလည်း နံပါတ်တပ်ကာ သိမ်းထားရသည်။

သူတို့က လုပ်ငန်းစဉ်တစ်ခုလုံးကို သေချာ ဂရုတစိုက် လုပ်ဆောင်နေပြီး ပေါ့ပေါ့ဆဆ မလုပ်ရဲပေ။

ဓာတ်ပုံရိုက်တာအပြင် လုပ်ငန်းစဉ်တစ်ခုလုံး ကိုလည်း အဆင့်မြင့် ကင်မရာနဲ့ မှတ်တမ်း တင်ထားသည်။

လူတိုင်းက မျက်နှာထား တည်တည်နဲ့ ရှိနေ ကြပေမဲ့ တချို့လူတွေကတော့ စိတ်ထဲမှာ နည်းနည်း မငြိမ်မသက် ဖြစ်နေကြ၏။

“မစ္စတာဟူ... ဖြုတ်တာကို ကျွန်တော်တို့ ဆက်လုပ်တဲ့အခါ အဆင့်တိုင်းနီးပါးက အံ့အားသင့်စရာပဲ.."

“ဟုတ်တယ် ..မယုံနိုင်စရာပဲ.. ကျွန်တော်တို့ ဒီလိုမျိူး ဘက်ထ္ထရီရဲ့ ဖွဲ့စည်းပုံကို တစ်ခါမှ မမြင်ဖူးပါဘူး.. ဒီဇိုင်းတွေက အရမ်း ဆန်း သစ်ပြီး နည်းပညာသစ်အချို့လည်း ပါဝင် နေတယ်ဗျာ..”

“ဒီဘထ္ထရီရဲ့ နည်းပညာနဲ့ ဖွဲ့စည်းပုံကို သေ ချာ နားလည်သွားပြီဆိုရင် ဒါကို အခြေခံပြီး ဒီဘက်ထ္ထရီနဲ့ ဆင်တူတာကို ဒီဇိုင်းဆွဲပြီး ဖန်တီးနိုင်မှာပါ...”

သူတို့ရဲ့ စကားတွေထဲမှာ စိတ်လှုပ်ရှားမှု့များ စွာ ပါဝင်နေ၏။ သူတို့က ဒီနယ်ပယ်မှာ သု တေသနလုပ်နေသူတွေ ဖြစ်ပြီး သူတို့ရဲ့ ရှေ့ မှာ ဒီလို ဘက်ထ္ထရီ နမူနာမျိုး ရှိနေတဲ့အခါ သူတို့ရဲ့ စိတ်ထဲမှာ တည်တည်ငြိမ်ငြိမ် ရှိနိုင် မှသာ ထူးဆန်းပေလိမ့်မည်။

သူတို့က နေ့တိုင်း နာရီပေါင်းများစွာ ဖြုတ် နေရပြီး လုပ်ငန်းစဉ်တစ်ခုလုံးက အလွန် နှေးကွေးပေသည်။

လူတိုင်းက တခါတလေ ရပ်ပြီး ဆွေးနွေး ကြကာ တိုင်ပင်ပြီးမှသာ ဆက်ဖြုတ် ကြ သည်။

နောက်ဆုံးတော့ သူတို့က ဘက်ထ္ထရီကို အပိုင်းတစ်ခုချင်းစီအဖြစ် ဖြုတ်နိုင်သွား၏။ အစိတ် အပိုင်း ရာနဲ့ချီကို နံပါတ်တပ်ပြီး အစိတ်အပိုင်းတွေရဲ့ အရွယ်အစားကိုလည်း တိကျစွာ တိုင်းတာခဲ့ကြသည်။

"ကျွန်တော်တို့က ဘက်ထ္ထရီရဲ့ ဖွဲ့စည်းပုံနဲ့ နည်းပညာကို လေ့လာဖို့ စတင်ခဲ့ကြ တယ်.. ဘထ္ထရီ သုတေသန စတင်လာတာနဲ့အမျှ နည်းပညာအသစ်အချို့ ပါဝင်နေတာကို တွေ့ရပြီး ကျွန်တော် တို့ရဲ့ရှေ့မှာ တံခါး အ သစ်တစ်ချပ် ဖြည်းဖြည်းချင်း ပွင့်လာသလို မျိုးပဲဗျာ..."

ဘထ္ထရီ သုတေသန လုပ်နေတဲ့ ပညာရှင် တစ်ယောက်က စိတ်လူပ်ရှားစွာ ရေရွတ် လိုက်၏။

...

မြောက်ပစိဖိတ်သမုဒ္ဒရာတွင်..

ရှစ်ရက်အပြည့် ရွက်လွှင့်ပြီးနောက် ဘလူး ဝေးလ်က နောက်ဆုံးတော့ တည်နေရာ ပင် လယ်ရေပြင်ကို ရောက်ရှိလာပြီး ရပ်တန့် လိုက်၏။

နောက်ဆုံးတော့ ကပ္ပတိန်ရမ်ဇီကွမ်း. နည်း နည်း စိတ်အေးသွားသည်။

"ဟူး နောက်ဆုံးတော့ ငါတို့ ရောက်လာပြီ.. "

သူ့အတွေ့အကြုံအရ ရေငုပ်စက်ရုပ်ကို ချ ပြီး စူးစမ်းလိုက်တာနဲ့ ပင်လယ်ကြမ်းပြင် အောက်မှာ သတ္တုအပိုင်းအစတွေ တွေ့နိုင် လိမ့်မယ်လို့ ထင်ထားမိသည်။

သင်္ဘောပေါ်က လူတွေလည်း ချက်ခြင်းပဲ အလုပ်များသွားကြ၏။ ရေငုပ်စက်ရုပ်ကို ပင်လယ်ထဲ ချလိုက်ပြီး ရေအောက်မှာ ရှာ ဖွေခဲ့သည်။ ရိုက်ကူးထားတဲ့ ပုံတွေကို သင်္ဘောဆီ ပြန်ပို့ပြီး လူတိုင်းက ပင်လယ် အောက်ခြေမှ အခြေအနေကို ဖန်သားပြင် ကနေ မြင်နေရသည်။

ရေအနက်က ၃၀ ကနေ ၄၀ မီတာလောက် ရှိပြီး သန္တာကျောက်တန်းတွေနဲ့ ပင်လယ် ရေညှိတွေ အတော်လေး နည်းပါးနေကာ ပင်လယ် ကြမ်းပြင်တွင် အဓိကအားဖြင့် သဲမှုန်တွေ ဖြစ်နေ၏။ မြေမျက်နှာပြင် က လည်း အတော်လေး ပြန့်ပြူးပြီး ပင်လယ် ရေမှာလည်း အတော်လေး ကြည်လင်နေ ပေသည်။

တစ်နာရီမပြည့်ခင်မှာပဲ ရေငုပ်စက်ရုပ်က ပင်လယ်ကြမ်းပြင်အောက်မှ မီးခိုးနက်ရောင် သတ္တုအပိုင်းအစတွေကို တွေ့လိုက်ရပြီး အဲ့ ဒါတွေက ဘလူးဝေးလ်နဲ့ တစ်ကီလိုမီတာ တောင် မဝေးပေ။

ဘလူးဝေးလ်က ထိုနေရာကို ရွက်လွှင့်လာ ပြီး ကျောက်ဆူးချကာ အလုပ်စဖို့ ပြင် ဆင် လိုက်၏။ ရေထဲကို ဆင်းဖို့ ပြင်ဆင် နေတဲ့ ရေငုပ်သမားအချို့က ရေငုပ်ဝတ်စုံကို ဝတ် ထားကြပြီး အောက်ဆီဂျင်ဘူးတွေကို ကျော ပေါ်မှာ လွယ်ထားကြသည်။

ရုတ်တရက် လူတစ်ယောက်က ကျယ် လောင်စွာ အော်ပြောလိုက်သည်။

“ကပ္ပတိန် ဟိုဘက်ကို ကြည့်ပါဦး..”

ကပ္ပတိန်ရမ်ဇီကွမ်း အမြန်ကြည့်လိုက်တော့ အဝေးက ပင်လယ်ရေပြင်ပေါ်မှာ အနက် ရောင် အစက်အနည်းငယ် ရှိနေတာကို တွေ့ လိုက်ရပြီး ကြီးမားတဲ့ သင်္ဘောလို ပုံစံရှိနေ ကာ သူတို့ဘက်ကို ရွက်လွှင့်လာ နေပုံရ သည်။

ကပ္ပတိန်ရမ်ဇီကွမ်းက မှန်ဘီလူးကို အမြန် ယူပြီး ကြည့်လိုက်တော့ သင်္ဘောကြီး များစွာဖြစ်နေသည်။ အတိအကျအားဖြင့် ဆယ်ယူရေးသင်္ဘောကြီးတစ်စီးနဲ့ ကုန်တင် သင်္ဘောလေးစီးကို သူ ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

" ဘာလဲဟ.. "

"ဒီနေရာက နိုင်ငံတကာ ရေလမ်းကြောင်း မဟုတ်တာ.. ပုံမှန်အားဖြင့် ဒီနေရာမှာ သင်္ဘောတွေ ပေါ်လာလေ့ မရှိပါဘူး ..."

ကပ္ပတိန်ရမ်ဇီကွမ်း စဥ်းစားလို့မရခဲ့ပေ။

သင်္ဘောတွေ ပေါ်လာတာတင် မဟုတ်ဘဲ အဲ့ဒါကသင်္ဘောအုပ်စုတစ်စု ဖြစ်နေသည်။

ဒီသင်္ဘောအုပ်စုက လူတိုင်းရဲ့ အကြည့်ထဲကို ရောက်လာရုံတင် မဟုတ်ဘဲ သူတို့ဘက်ကို ပါ တိုက်ရိုက် ရွက်လွှင့်လာနေသည်။

မကြာခင်မှာပဲ ကပ္ပတိန်ရမ်ဇီကွမ်းက ဖြစ် နိုင်ခြေတစ်ခုကို စဥ်းစားမိပြီး ရုတ်တရက် သူ့ စိတ်ထဲကနေ တုန်လူပ်သွား၏။

တခြားလူတွေကလည်း ဒါက မကောင်းတဲ့ ကိစ္စတစ်ခုလို့ ထင်သွားကြပြီး လူတစ် ယောက်က ကပ္ပတိန်ရမ်ဇီကွမ်းအား ကျယ်လောင်စွာ သတိပေးလိုက်သည်။

“ကပ္ပတိန် ကျွန်တော်တို့ ဘာလုပ်သင့်လဲ...”

All Chapters