← Chapters

လုယူခြင်း

Vol. 29 Ch. 384

လုယူခြင်း

Vol. 29 Ch. 384

ကပ္ပတိန်ရမ်ဇီကွမ်းက တည်ညိမ်နေပြီး အ ဝေးမှပင်လယ်ပြင်ကို အချိန်ပြည့် ကြည့်နေ ၏။

သူ အကြည့်တွေကို အဝေး ရွှေ့လိုက်ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

-“သူတို့က ငါတို့ရဲ့..သတ္တုအပိုင်းအစတွေကို ဆယ်ယူဖို့ လာနေတာပဲ နောက်မကျ သေး ဘူး..ငါ တို့ ဒီထက်ပိုပြီး အမြန် သယ်ရ မယ် ...”

" ကဲ အားလုံး အမြန်လုပ်ကြဟေ့ "

ကပ္ပတိန်ရမ်ဇီကွမ်းက အမိန့်ပေးလိုက်၏။

ဘလူးဝေးလ်ပေါ်တွင် အလုပ်များလာပြီး လူတိုင်းနေရာယူကာ ဆယ်ယူရေးလုပ် ငန်းကို စတင်လိုက်တော့သည်။

ကပ္ပတိန်ရမ်ဇီကွမ်းက စီစဉ်မှု့တွေ လုပ်ပြီး နောက် ဂြိုဟ်တုဖုန်းကို ကိုင်ကာ လျူယောင့် ကို ခေါ်လိုက်သည်။

“သူဋေး..အခြေအနေ မကောင်းပါဘူး ဒီလို ပါ...”

အခြေအနေကို အကျဉ်းချုပ် အစီရင်ခံလိုက် သည်။

ဖုန်းထဲတွင် လျူယောင် ခဏတာ တိတ် ဆိတ်သွားပြီး သံနက် ကုမ္ပဏီက သူ့ရဲ့ ဘလူးဝေးလ်‌ နောက်ကို လိုက်လာပြီး ဒီ လောက်အထိ ဒီလူတွေ မျက်နှာပြောင် တိုက်လိမ့်မယ်လို့ ဘယ်တုန်းကမှ သူ မ မျော်လင့်ထားပေ။

"* မားမား ##ဒီလောက်တောင် မျက်နှာ ပြောင် တိုက်ရလား.."

ဒီလူတွေက ဘလူးဝေးလ်ရဲ့ လှုပ်ရှားမှု့ကို အချိန်အကြာကြီး အာရုံစိုက်နေခဲ့တာ ဖြစ် နိုင်ပြီး ဘလူးဝေးလ်ကို စောင့်ကြည့်ဖို့ ဂြိုဟ် တုတွေကို အသုံးပြုခဲ့တာ ဖြစ်နိုင်လောက် ၏။ ဒီသတ္တုအပိုင်းအစတွေအ တွက် သံ နက်ကုမ္ပဏီက အားထုတ်မှု့များစွာ လုပ်ခဲ့ ရလောက်မည်။

ခဏစဥ်းစားကာ လျူယောင် မှာလိုက် သည်။

“မင်းတို့ ဘေးကင်းရေးကို အရင် ဦးစားပေး ပါ..ဆယ်ယူတာက တစ်ပိုင်း ဒါပေမဲ့ သူတို့နဲ့ ပဋိပက္ခဖြစ်ပါစေနဲ့...”

ကပ္ပတိန်ရမ်ဇီကွမ်းက နည်းနည်း စိုးရိမ် နေ ပြီး ဒေါသထွက်ကာ ပြောလိုက်၏။

“သူဋေး သူတို့လည်း ဒီသတ္တုအပိုင်း အစ တွေကို လာ ဆယ်ယူချင်တာပဲ ကျွန်တော် တို့ပိုင်တဲ့အရာတွေကို ဒီလူတွေ လုယူနေတာ ကျွန်တော်တို့ ဒီလိုပဲ ကြည့်နေရမှာလား..”

လျူယောင်က ယုံကြည်မှုရှိစွာနဲ့ ပြန်ဖြေ လိုက်သည်။

“သူတို့ဟာ သတ္တုအပိုင်းအစအချို့ကို လု ယူပြီး ဆယ်ယူသွားရင်တောင်မှ အဲ့ဒီအပိုင်း အစတွေကို သယ်သွားနိုင်မှာ မဟုတ်ဘူး ..သူတို့ရဲ့ သင်္ဘောတွေ ဒီကနေ ထွက်ခွာနိုင်မ လားဆိုတာ ငါ့ အပေါ် မူတည်တယ် မင်းစိတ် မပူပါနဲ့ ..."

"သူဋေးက ဒီလောက်အထိ အာဏာရှိတာပဲ." ကပ္ပတိန်ရမ်ဇီကွမ်း စိတ်ထဲကနေ ပျော်ရွှင်စွာ ရေရွတ်လိုက်သည်။

“ဒီနေရာမှာ ငါပဲ နောက်ဆုံးဆုံးဖြတ်ပိုင်ခွင့် ရှိတယ် "

သူဋေးရဲ့ အနိုင်ယူလိုစိတ်ကို ခံစားရတော့ ကပ္ပတိန်ရမ်ဇီကွမ်း တဖြည်းဖြည်းနဲ့ ယုံ ကြည်မှု့များ ရလာခဲ့သည်။ ဂြိုဟ်တုဖုန်းကို ချပြီးနောက် ဆယ်ယူရေးလုပ်ငန်းကို ကိုယ် တိုင် ညွှန်ကြားလိုက်သည်။

ဘလူးဝေးလ်က သတ္တုအပိုင်းအစတွေကို တစ်ပိုင်းပြီးတစ်ပိုင်း ဆယ်ယူခဲ့ပြီး အနီးနား မှာ ရှိတဲ့ ရှီဝမ် သင်္ဘောဆီ တင်ပေးလိုက် သည်။ သံနက်ကုမ္ပဏီရဲ့ သင်္ဘောက နောက် ဆုံးတော့ ရောက်လာ၏။

သူတို့ရဲ့ ဆယ်ယူရေးသင်္ဘောက ဘလူးဝေး လ်ရဲ့ ဘေးမှာ ရပ်တန့်ပြီး ဆယ်ယူရေးကို စတင်လိုက်သည်။

ဘလူးဝေးလ်ပေါ်မှ လူတစ်ယောက်က အကြံပြုလိုက်သည်။

“ကပ္ပတိန် ဒီလူတွေကို ဘာလို့ မတိုက်တာ လဲ..ကျွန်တော်တို့ရဲ့ 'ဘလူးဝေးလ်' က သူတို့ရဲ့ ဆယ်ယူရေးသင်္ဘောထက် အများ ကြီး ပိုကြီးတယ်လေ..”

ဘလူးဝေးလ်ရဲ့ရှေ့မှာ သံနက် ကုမ္ပဏီရဲ့ ဆယ်ယူရေးသင်္ဘောက ကလေးတစ် ယောက်လို ဖြစ်နေပြီး ဘလူးဝေးလ် တန် ချိန်ရဲ့ သုံးပုံတစ်ပုံတောင် မရှိပေ။

ဘလူးဝေးလ်ကသာ သံနက်ကုမ္ပဏီရဲ့ ဆယ် ယူရေးသင်္ဘောကို တကယ်ပဲ ဝင်တိုက် ချင် ရင် တစ်ဖက်ကို အများကြီး ထိခိုက်စေမှာ သေချာပါသည်။

သို့သော်လည်း ဒါက မကောင်းတဲ့ နည်းဗျူ ဟာပင်။ ရန်သူ တစ်ထောင်ကို သတ်ဖို့ဆိုရင် လူ ရှစ်ရာကို အရှုံးခံရမှာဖြစ်ပြီး သူဋေးရဲ့ မပဋိပက္ခမဖြစ်အောင် ကြိုးစားဖို့ မှာကြား ချက်လည်း ရှိနေသည်။

ဒါကြောင့် ကပ္ပတိန်ရမ်ဇီကွမ်းက ခေါင်း ယမ်းလိုက်ပြီး ဒီအကြံပြုချက်ကို ငြင်းပယ် ကာ ကျယ်လောင်စွာ အော်ပြောလိုက်သည် ။

“မင်းတို့ တခြား ဘာမှ မစဉ်းစားကြနဲ့.. အမြန်ဆုံး ဆယ်ယူဖို့လုပ်.. လုပ်ကြ အမြန်..”

သံနက်ကုမ္ပဏီလည်း ဆယ်ယူတာကို စတင် ခဲ့ပြီး ပထမဆုံး သတ္တုအပိုင်းအစကို ဆယ် ယူလိုက်တဲ့အခါ သူတို့က ပျော်ရွှင်မှု့တွေ ထွက်ပေါ်လာ၏။

လူတချို့က ဘလူးဝေးလ်ဘက်ကို လက်ခ လယ်ထောင်ပြကာ ဒါက ပြင်းထန်တဲ့ ရန်စ မှု့ကို ပြသနေသည်။

သူတို့ရဲ့ ဆယ်ယူရေး တာဝန်ခံကလည်း ဂုဏ်ယူနေပုံရသည်။ဒီလူက ဆယ်ယူခဲ့တဲ့ သတ္တု အပိုင်း အစတွေကို ကြည့်ပြီးနောက် ဖုန်းနဲ့ ဗီဒီယိုကိုတောင် ရိုက်လိုက်သေး သည်။

.....

မိုင်ထောင်ချီအကွာမှာရှိတဲ့ ရုံးခန်းထဲမှာ တော့ ရှာမန်၊ ဇာဗီးယားနဲ့ တခြား ထိပ်တန်း အရာရှိအချို့ ထိုင်နေကြပြီး လေထုက အေး ချမ်းကာ ပျော်ရွှင်စရာ ကောင်းနေသည်။

ရှာမန်က ကြွားဝါစွာ ပြောလိုက်၏။

“လူကြီးမင်းတို့.. ခင်ဗျားတို့အားလုံး ဗီဒီ ယိုကို ကြည့်ခဲ့ပြီးပြီမို့လား ကျွန်တော်တို့ရဲ့ သင်္ဘောက အဲ့ဒီသတ္တုအပိုင်းအစတွေကို ဆယ်ယူတာ စတင်နေပြီ.. မကြာခင်မှာပဲ ကျွန်တော်တို့က Universal နဲ့ တူညီတဲ့ သ တ္တုကို ရတော့မှာပါ..”

သူ့ရဲ့ စကားသံဆုံးသွားတာနဲ့ တခြား အ ကြီးတန်းအမှုဆောင်တွေဟာ ထိုးကြိတ်ခံ ထားရသလို စိတ်လှုပ်ရှားနေကြသည်။

“ဟားဟားဟား အရမ်းကောင်းတာပဲ ကျွန်တော်တို့လည်း ဒီသတ္တုကို ရပြီကွ..”

“အဖွဲ့ခေါင်းဆောင်ကြီး ခင်ဗျားက တကယ် ကို ဉာဏ်ပညာရှိတာပဲဗျာ ဘလူးဝေးလ်ကို ခြေရာခံတာက အထိရောက်ဆုံး ဖြစ်ပုံရ တယ်..”

“အစတုန်းက Universal ရေကြောင်းပို့ ဆောင်ရေးအဖွဲ့ကြီးက ဒီသတ္တု တစ်တန်ကို အမေရိကန်ဒေါ်လာ သန်း၂၀ ဈေးနဲ့ ကျွန် တော် တို့ကိုရောင်းဖို့ ကြိုးစားခဲ့သေးတယ်..”

“ဟားဟား ဒီနေ့ အရမ်း ပျော်တာပဲဗျာ အ လုပ်ဆင်းပြီးရင် ကျွန်တော် ဧည့်ခံမယ်. .ကျွန်တော်တို့ ပါတီဆင်နွှဲကြစို့..”

…

သူတို့အားလုံးက စိတ်လှုပ်ရှားနေကြသည်။

ပျော်ရွှင်စွာ စကားပြောနေကြပြီး ရယ်သံ တွေလည်း တခါတလေ ထွက်ပေါ်နေပေ သည်။

သူတို့ ပျော်ရွှင်ပြီးနောက် ရှာမန်က လက်ကို မြှောက်ပြီး အမူအရာပြလိုက်တော့ အားလုံး တိတ်ဆိတ်သွားကြသည်။

ရှာမန်က လူတိုင်းရှေ့မှာ ဖုန်းနံပါတ်တစ်ခုကို နှိပ်ပြီး အစီရင်ခံလိုက်သည်။

ဒီလူက M နိုင်ငံ စစ်တပ်က အကြီးအကဲ တစ်ဦး ဖြစ်ပြီး သံနက်ကုမ္ပဏီမှာ ခိုင်မာတဲ့ စစ်ရေး နောက်ခံ ရှိပေသည်။

ရှာမန်က ဖုန်းထဲတွင် သူ့ရင်ဘတ်ကို ပုတ်ပြ ပြီး သတ္တုအပိုင်းအစတွေ အများအပြားကို မကြာမီ ပြန်ရလိမ့်မယ်လို့ အာမခံပြီး သံနက် ကုမ္ပဏီက စစ်တပ်ကို စူပါသတ္တုတွေ မကြာ မီ ထောက်ပံ့နိုင်တော့မယ်လို့ အာမခံကာ ပြောလိုက်၏။

....

လိပ်ကြီးက ရေတိမ်ပိုင်းကို အမြန် ကူးခတ် နေသည်။ ဒါက လျူယောင်ရဲ့ စီစဉ်မှု့ပဲ ဖြစ် ၏။ ဒီ သံနက် ကုမ္ပဏီက သူ့ရဲ့ သတ္တု အပိုင်းအစတွေကို လုယူပြီး ဆယ်ယူချင်နေ တာကြောင့် ဒီလူတွေကို သတ္တုအပိုင်း အစ တွေ ပြန်သယ်ယူသွားခွင့်ကို လျူယောင် ပေးမည် မဟုတ်ပေ။

ရေမိုင် ၆၀၀ ကျော်ကို လိပ်ကြီးက နှစ်နာရီ အတွင်း ရောက်လာပြီး သိပ်မဝေးတဲ့ နေရာ ကနေ ကြည့်နေသည်။

တတိယအမြင်မှတဆင့် အဲ့ဒီနေရာက အခြေ အနေကို နောက်ဆုံးတော့ လျူယောင် ရှင်း ရှင်း လင်းလင်း မြင်လိုက်ရသည်။

ဆယ်ယူရေးသင်္ဘောနှစ်စီးက အမြန် အလုပ် လုပ်နေကြပြီး သတ္တုအပိုင်းအစ အများအ ပြားကို ဆယ်ယူနေသည်။

ခဏကြာအောင် ကြည့်ပြီးနောက် လျူ ယောင် စိတ် သက်သာရာ ရသွားသည်။ ရှင်းနေတာကတော့ ဘလူးဝေးလ်ရဲ့ ဆယ်ယူ ရေး စွမ်းဆောင်ရည်က အများကြီး ပိုမြင့် မားနေသည်။

ဘလူးဝေးလ်က သတ္တုအပိုင်းအစတွေကို အောင်မြင်စွာ ဆယ်ယူခဲ့တဲ့ အတွေ့အကြုံ နှစ်ခု ရှိတာကြောင့် ကောင်းကောင်း ပြင် ဆင်ထားပုံရသည်။

ဒါ့အပြင် ဘလူးဝေးလ်ရဲ့ တန်ချိန်က အများ ကြီး ပိုကြီးပြီး သင်္ဘောပေါ်က ကရိန်း အရေ အတွက်လည်း များပေသည်။ အဓိက က ရိန်းအပြင် အကူကရိန်းနှစ်ခုလည်း ရှိ၏။

အစတုန်းက ဘလူးဝေးလ်ပေါ်မှ အဖွဲ့သား တွေက နည်းနည်း တည်ကြည်နေခဲ့ကြပေမဲ့ အခုတော့ အများကြီး ပိုပြီး သက်တောင့် သက်သာ ရှိနေကြပြီး တခါတလေ ရယ် မောသံတွေလည်း ထွက်ပေါ်နေကြသည်။

အခြေအနေက ရှင်းရှင်းလင်းလင်းပဲ ပြောင်း ပြန် ဖြစ်သွား၏။ သံနက်ကုမ္ပဏီရဲ့ သင်္ဘော ပေါ်မှာတော့ သူတို့ ကိုယ်တိုင် ရယ်မော ပျော် ရွှင်နေမယ့်အစား တိတ်ဆိတ်နေကြသည်။

ဘာလို့လဲဆိုတော့ တစ်ဖက်မှ သူတို့ထက် အများကြီး စွမ်းဆောင်ရည် ရှိနေလို့ပဲ ဖြစ်၏။

တခြားလူတွေက အသားစားနေကြပြီး သူတို့ ကတော့ ဟင်းချိုအနည်းငယ်ပဲ သောက်နေ ရသည်။

"ဒါက အလုပ်မဖြစ်ဘူး.."

သံနက်ရဲ့ ဆယ်ယူရေး တာဝန်ခံက အရမ်း အလျင်လိုနေပြီး သူ့ရဲ့ မျက်ခုံးတွေလည်း တွန့်ချိုးနေသည်။သူက ဒယ်အိုးပူပေါ်မှ ပုရွက်ဆိတ်တစ်ကောင်လိုပဲ အရမ်း စိုးရိမ် နေမိသည်။

“ငါ ဘာလုပ်သင့်သလဲ..”

ဘေးနားက ဘလူးဝေးလ်ပေါ်မှာတော့ ပျော် ရွှင်မှု့နဲ့ လက်ခုပ်သံတွေ ထွက်ပေါ်နေသည်။

သတ္တုအပိုင်းအစတစ်သုတ်ကို ဆယ်ယူတိုင်း အဖွဲ့သားတွေက ပျော်ရွှင်ပြီး လက်ခုပ်တီး လိုက်ကြသည်။

ခြားနားမှု့က ရှင်းရှင်းလင်းလင်းပင်။

“ဟေး နိုင်ငံခြားသားတွေ မြင်လား ငါတို့ နောက်ထပ် တစ်သုတ် ဆယ်ယူလိုက်ပြန် ပြီ..”

“ဟားဟား ခင်ဗျားတို့ ကြိုးစားကြဦး မဟုတ် ရင် ဟင်းချိုတောင် သောက်ရမှာ မဟုတ်ဘူး နော် "

“ခင်ဗျားတို့ရဲ့ မောက်မာမှု့တွေ ဘယ်ရောက် သွားပြီလဲဗျ ..ဘယ်မှာလဲပြစမ်းပါအုံး ဘာ လို့ ဒီလောက် ညိမ်နေရတာလဲ.ဟား..ဟား.. ဟား...”

…

သံနက်ကုမ္ပဏီမှ လူတွေက ယန်ဘာသာစ ကားကို နားမလည်ပေမဲ့ အဓိပ္ပါယ်ကိုတော့ ခန့်မှန်းနိုင်ကြပြီး သူတို့အားလုံး မျက်နှာပျ က်နေကြသည်။

သူတို့ အရမ်း ဒေါသထွက်နေကြပြီး ပြန် မ တုံ့ပြန်နိုင်ခဲ့ပေ။ ဘာလို့လဲဆိုတော့ စွမ်း ဆောင်ရည်မှာ သူတို့က တကယ်ပဲ နောက် ကျနေပြီး အများကြီး နောက်ကျကျန်ခဲ့လို့ပဲ ဖြစ်သည်။

ဘလူးဝေးလ်က သတ္တုအပိုင်းအစ များစွာ ကို ဆယ်ယူခဲ့ပြီး သံနက်ကုမ္ပဏီ ကတော့ နောက်ကျမှ သတ္တုအပိုင်းအစ အနည်းငယ်ပဲ ဆယ်ယူနိုင်ခဲ့သည်။

....

တစ်ရက်အကြာမှာတော့...

ပင်လယ်ကြမ်းပြင်တွင် သတ္တုအပိုင်းအစ တစ်ခုမှ မကျန်တော့ဘဲ ရှီဝမ်က သတ္တုအပိုင် းအစတွေ အပြည့်ပါနေပြီး အနည်းဆုံး တန် ၅၀,၀၀၀ ကနေ ၁၀,၀၀၀လောက် ပါရှိပေ သည်။

သံနက်ကုမ္ပဏီကတော့ သတ္တုအပိုင်းအစ တန် ၁၀,၀၀၀ ကျော်လောက်ပဲ အများဆုံး ဆယ်ယူနိုင်ခဲ့ပြီး တန် ၂၀,၀၀၀ အောက်ပဲ ရှိတာ သေချာပေသည်။

အဲ့ဒါက Universal ရဲ့ သုံးပုံတစ်ပုံတောင် သူတို့ မရရှိပေ။

All Chapters