လွယ်လွယ်နဲ့တော့ ဘယ်ရမှာလဲ
Vol. 29 Ch. 385
“ကဲ ငါတို့ သွားလို့ရပြီ..” ကပ္ပတန်ရမ်ဇီကွမ်း အမိန့်ပေးလိုက်၏။
ချက်ချင်းပဲ ဘလူးဝေးလ်ပေါ်မှာ ပျော်ရွှင်မှု့ တွေ ထွက်ပေါ်လာပြီး အလုပ်ပြီးသွားတာ ကြောင့် လူတိုင်းက အရမ်း ပျော်နေခဲ့ကြ သည်။
သူတို့နဲ့ သိပ်မဝေးတဲ့နေရာမှ ရှီဝမ် သင်္ဘော ပေါ်မှာလည်း ပျော်ရွှင်မှု့တွေ ထွက်ပေါ်လာ ကြသည်။
လူအများစုက စိတ်ကောင်း ဝင်နေကြ၏ ။အထူးသဖြင့် ရှီဝမ်သင်္ဘောပေါ်တွင် သတ္တု အပိုင်းအစ တန်ပေါင်း ၅၀,၀၀၀ ကနေ ၆၀,၀၀၀ လောက် ရှိနေတာကို သူတို့ မြင်ရ လို့ပဲ ဖြစ်သည်။
သူတို့နဲ့ မဝေးတဲ့နေရာမှ သံနက် ကုမ္ပဏီရဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောကို ကြည့် လိုက်ကြပြီး အဲ့ဒီသင်္ဘောပေါ်မှာ သတ္တု အ ပိုင်းအစ တန်ပေါင်း သောင်းနဲ့ချီ ရှိနေ တာကို မြင်တော့ ဝမ်းနည်းမိသည်။
“ကပ္ပတိန် ကျွန်တော်တို့ ဒီလိုပဲ ထွက်သွား တော့မှာလား အဲ့ဒီသတ္တုအပိုင်းအ စတွေက ရောဗျာ..”
“ဟုတ်တယ် ဒီသတ္တုအပိုင်းအစတွေက ကျွန် တော်တို့ပိုင်တာလေ ဒါပေမဲ့ အခု သူတို့ရဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောပေါ်မှာ ရှိနေပြီ တန် ၂၀,၀၀၀ လောက် မရှိရင်တောင် အ နည်းဆုံး တန် ၁၀,၀၀၀ ရှိတယ်..”
“ဒါက ပိုက်ဆံတွေ အများကြီးပဲ..တစ်တန်ကို ယွမ် ၂ သန်းအထိ ဈေးမြင့်တယ်လို့ ကျွန် တော် ကြားတယ်.. ကျွန်တော်တို့ ဒီလိုပဲ မေ့လိုက်ရတော့မှာလား.."
…
လူတိုင်းက ဝမ်းနည်းစရာ ကောင်းတယ်လို့ ပြောနေကြပေမဲ့ ကပ္ပတိန်ရမ်ဇိကွမ်းလည်း ဘာမှ မတတ်နိုင်ဘူးလို့ ခံစားနေရသည်။ တစ်ဖက်မှာ သင်္ဘောတွေ အများကြီးနဲ့ ဝန် ထမ်းတွေ အများအပြားရှိပေမဲ့ သူက ဘလူး ဝေလ်းနဲ့ တိုက်ပစ်ချင်မိသည်။
သူ့ စိတ်ထဲကနေ သူဋေးရဲ့ စကားတွေကို စဉ်းစားကြည့်လိုက်တော့ သူဋေး ပြောတာ က အကြောင်း ပြချက် ရှိရမယ်လို့ ခံစား ရ ၏။
ဒါ့ကြောင့် ကပ္ပတိန်ရမ်ဇီကွမ်း လက်ဝှေ့ယ မ်းပြီး ပြန်ဖြေလိုက်သည်။
“သွားကြစို့ ဟွာဟိုင်းမြို့ကို ပြန်သွားကြမယ်”
ဘလူးဝေးလ်က ဒီပင်လယ်ရေပြင်ကနေ ရွက်လွှင့်လာခဲ့ပြီး ရှီဝမ်က သတ္တုအပိုင်းအစ တန်ပေါင်း ၅၀,၀၀၀ ကနေ ၆၀,၀၀၀ အပြည့်နဲ့ နောက်ကနေ လိုက်ပါလာခဲ့သည်။
Universal ရဲ့ သင်္ဘောများ ထွက်ခွာသွား တာကို မြင်တော့ သံနက်ကုမ္ပဏီက လူတွေ လည်း နောက်ဆုံးတော့ အသက်ပြင်း ပြင်း ရှူထုတ်လိုက်ကြသည်။
ဆယ်ယူရေးလုပ်ငန်းစဥ် တစ်ခုလုံးအတွင်းမှ ာ သူတို့က လုံးဝ အနိုင်ယူခံခဲ့ရတယ်လို့ ပြောလို့ရပြီး သူတို့ ဆယ်ယူခဲ့တဲ့ သတ္တုအ ပိုင်းအစတွေက Universal ရဲ့ သုံးပုံတစ်ပုံ တောင် မရှိပေ။
“ဟူး သူတို့ နောက်ဆုံးတော့ ထွက်သွားပြီ...”
ဘလူးဝေးလ် ထွက်သွားတာနဲ့ သံနက် သင်္ဘောအုပ်စုလည်း ဒီပင်လယ်ရေပြင်ကနေ ထွက်ခွာလာပြီး နှစ်ဖက်ကြားမှ အကွာအ ဝေးက သိပ်မဝေးလှပေ။
ခဏအကြာမှာတော့ သံနက်သင်္ဘော ပေါ်မှ လူများက တဖြည်းဖြည်း ပျော်ရွှင်လာကြ သည်။ ဘာလို့လဲဆိုတော့ ဒီခရီးက အလက ား မဖြစ်ခဲ့ပဲ သတ္တုအပိုင်းအစ တန်ပေါင်း ၁၀,၀၀၀ ကျော်ကို သူတို့ ဆယ်ယူနိုင်ခဲ့လို့ ပင်။
ပြန်သယ်ယူပြီးနောက် ဒီသတ္တုအပိုင်းအစ တွေကို ပြုပြင်ပြီး အဆင့်မြင့် စက်ပစ္စည်း လုပ်ငန်းများစွာမှာ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါလိမ့်မည်။
“ဟားဟားဟား ကျွန်တော်တို့ ဒီတစ်ကြိမ် ရိတ်သိမ်းမှု့က အတော်လေး ကောင်းတယ်. .”
“သတ္တုအပိုင်းအစ တန် ၁၀,၀၀၀ ကျော်က ကျွန်တော့်ရဲ့ မျှော်မှန်းချက်တွေကို လုံးဝ ကျော်လွန်သွားတယ်ဗျာ..”
“ကျွန်တော်တို့ သတ္တုအပိုင်းအစတွေ အများ ကြီး ပြန်သယ်လာခဲ့တာကြောင့် သူဋေးက ကျွန်တော်တို့ကို ကောင်းကောင်း ဆုချမှာ သေချာတယ်..”
…
သူတို့က ပျော်နေကြပြီး သတ္တုအပိုင်းအစ ဆယ်ယူရေး တာဝန်ခံက ရှာမန်ကို ကိုယ် တိုင် အစီရင်ခံဖို့ ဂြိုဟ်တုဖုန်းကို ယူလိုက် သည်။
အစီရင်ခံပြီးနောက် သူက ကော်ဖီတစ်ခွက် ဖျော်လိုက်၏။ ကော်ဖီသောက်ရင်း မှန်တံ ခါးကနေ တဆင့် ကျယ်ပြန့်တဲ့ ပင်လယ်ပြင် ကို ကြည့်နေသည်။
သူ့စိတ်ထဲမှာတော့ မိုင်ထောင်ချီအကွာမှာ ရှိတဲ့ M နိုင်ငံကို လေထဲမှာ ပျံသန်းသွား ချင်ပြီး M နိုင်ငံကို အမြန်ဆုံး ပြန်ကာ ရှာမန် ၏ ရှေ့မှာ ဂုဏ်ယူဝံ့ကြွားချင်နေတာ ဖြစ်နို င်ပါသည်။
တခြားလူတွေက ပိုပြီး ဂုဏ်ယူနေကြကာ စကားပြောဆို ရယ်မောနေကြသည်။သံ နက်သင်္ဘောတစ်စီးပေါ်မှ လူတွေက သတ္တု အပိုင်းအစ တန်ပေါင်း ၁၀,၀၀၀ ကျော် ရရှိ ခဲ့တာကို ပါတီဆင်နွဲဖို့တောင် လုပ်နေကြ သည်။
ရုတ်တရက်....
" ဗြုန်း.."
သတ္တုအပိုင်းအစ တန်ပေါင်း ၁၀,၀၀၀ ကျော်ကို သယ်ဆောင်ထားတဲ့ သယ်ယူပို့ ဆောင်ရေးသင်္ဘောက အနည်းငယ် တုန်ခါ သွားပုံရပြီး ရေအောက်ကနေ အသံတစ်သံ ထွက်လာပုံရသည်။
ဒါပေမဲ့ သင်္ဘောပေါ်က ဘယ်သူမှ ဒီအရာကို သတိမထားမိခဲ့ကြပေ။
အခုချိန်မှာ သူတို့က သတ္တုအပိုင်းအစ တန် ပေါင်း ၁၀,၀၀၀ ကျော် ရရှိခဲ့တာကို ပျော်ကြ ဖို့ သင်္ဘောပေါ်မှာ ပါတီလုပ်နေကြသည်။
တချို့လူတွေက ကုန်းပတ်ပေါ်မှာပဲ ရှန်ပိန် ပုလင်းတွေကို ဖွင့်ပြီး ပျော်ပွဲရွှင်ပွဲ လုပ်နေ သူတွေဆီ ပက်ဖျန်းကြသည်။
ဒါပေမဲ့ သူတို့ ပျော်ရွှင်ဖို့ အရမ်း စောနေ သေးသည်။
ရေအောက်မှာ ဧရာမ ပုံရိပ်ကြီးတစ်ခု ရှိနေ တာကို ဒီလူတွေ မသိခဲ့ကြပေ။
အဲ့ဒါက လိပ်ကြီးပါပဲ။
သတ္တုဆယ်ယူရေး လုပ်ငန်းစဉ်တစ်ခုလုံးအ တွင်းမှာ လိပ်ကြီးက အနီးအနားမှာပဲ ရှိနေ ပြီး လျူယောင်ကလည်း တတိယအမြင်မှ တဆင့် သူတို့ ဆယ်ယူနေတဲ့ အခြေအနေကို မကြာခဏ စစ်ဆေးနေသည်။
သံနက် ကုမ္ပဏီမှ လူတွေက သတ္တုအပိုင်း အစ တန်ပေါင်း ၁၀,၀၀၀ ကျော်ကို ဆယ် ယူပြီး ထွက်ခွာသွားတာကို မြင်တော့ လိပ် ကြီးက လျူယောင်ကို ကိုယ်တိုင် ဆက် သွယ်လိုက်သည်။
သတ္တုအပိုင်းအစတွေ အများကြီးကို ဒီလို အလွယ်တကူနဲ့ ဒီလူတွေကို လျူယောင် ယူသွားခွင့် ပြုမည် မဟုတ်ပေ။
သံနက် ကုမ္ပဏီရဲ့ သင်္ဘောအုပ်စုက ဒီပင် လယ်ရေပြင်ကနေ ရေမိုင်ဆယ်ဂဏန်း လောက်ပဲ ထွက်ခွာချိန်တွင် လျူယောင်ရဲ့ အမိန့်အရ လိပ်ကြီးက တိုက်ခိုက်တာကို စတင်လိုက်၏။
ရေအောက်တွင် လိပ်ကြီးက ဧရာမလှံနဲ့ သယ်ယူပို့ဆောင်ရေးသင်္ဘောရဲ့ သင်္ဘော ကိုယ်ထည်ကို ထိုးထည့်လိုက်သည်။
သူက အားသိပ်မစိုက်ခဲ့ရပေ။
စက္ကူကို ထိုးဖောက်သလိုပဲ လွယ်ကူလွန်းလှ သည်။ ဧရာမလှံက တစ်ကြိမ်တည်းနဲ့ ထိုး ဖောက်လိုက်ပြီး ထိုးလိုက်တာနဲ့ အပေါက် ကြီးတစ်ပေါက် ဖြစ်ပေါ်လာသည်။
လိပ်ကြီးက တစ်ဆက်တည်း ဆယ်ကြိမ် ကျော် ထိုးလိုက်တော့ ဒီအပေါက်ကြီး တွေ အတိုင်း ပင်လယ်ရေတွေ အများအပြား သင်္ဘောထဲကို ဝင်လာတာကို သင် စိတ်ကူး ယှဥ်၍ ကြည့်နိုင်ပါသည်။
ပင်လယ်ရေတွေ ဝင်လာတာနဲ့အမျှ သင်္ဘော က နစ်မြုပ်လာပြီး တဖြည်းဖြည်း စောင်း သွား၏။
သံနက်သင်္ဘောပေါ်မှ လူတွေက နောက်ဆုံး တော့ အဖြစ်အပျက်ကို သိသွားကြသည်။
လူတစ်ယောက်က အရင်ဆုံး ထိတ်လန့်တ ကြား အော်ပြောလိုက်၏။
“ကျွန်တော်တို့ သင်္ဘောက ဘာဖြစ်တာ လဲ..တစ်ခုခု မှားနေပုံရတယ်..”
“မကောင်းတော့ဘူး မကောင်းတော့ဘူး ကျွန် တော်တို့ရဲ့ သင်္ဘောထဲကို ရေတွေဝင်နေပြီ ပင်လယ်ရေတွေ အများကြီး ဝင်လာပြီ..”
“အိုး ဘုရားရေ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာ လဲ...”
…
ထိုသင်္ဘောမှာသေချာပေါက် ခရီးမဆက် နိုင်တော့ဘဲ သင်္ဘောပေါ်မှ လူတွေအားလုံး ထိတ်လန့်သွားခဲ့ကြသည်။
တချို့လူတွေက ခေါင်းပြတ်နေတဲ့ ကြက် တွေလို အော်ဟစ်ပြီး ပြေးလွှားနေကြသည်။
လူနည်းစုကတော့ အသိစိတ်ရှိပြီး အသက် ကယ်လှေကို ချဖို့ အသည်းအသန် ပြင်ဆင် နေကာ တချို့လူတွေကတော့ အသက်ကယ် အင်္ကျီတွေကို အလုအယက် ဝတ်နေကြ သည်။
သံနက်သင်္ဘောပေါ်မှာတော့ တကယ့် ငရဲ တစ်ခုလိုပင်။
တခြားသင်္ဘောအနည်းငယ်ကလည်း ဒီအ ဖြစ်အပျက်ကို သတိထားမိပြီး သူတို့အား လုံး အရှိန်လျှော့လိုက်ကြသည်။
ဆယ်ယူရေးသင်္ဘောက အနီးဆုံး ဖြစ်ပြီး လူများစွာက ကုန်းပတ်ပေါ်မှာ ရပ်နေကာ သူတို့ရဲ့ သင်္ဘော တဖြည်းဖြည်း စောင်းနေ တာကို အံ့အားသင့်စွာ ကြည့်နေကြသည်။
“ဘာတွေဖြစ်နေတာလဲ ငါတို့ရဲ့ သင်္ဘောက နစ်နေပုံရတယ်..”
…
ဒီလို ဘာကြောင့် ဖြစ်တာလဲဆိုတာကို ဘယ် သူမှ မသိကြဘဲ သင်္ဘောအုပ်စုတစ်ခုလုံး ရပ်တန့်သွားသည်။
ဒါက အစပဲ ရှိပါသေးသည်။
လိပ်ကြီးက ဒီသယ်ယူပို့ဆောင်ရေးသင်္ဘော ကို ဖောက်ထွင်းပြီးနောက် ဒုတိယသင်္ဘော ကို ချက်ချင်း တိုက်ခိုက်လိုက်၏။
သူက သင်္ဘောအောက်ခြေကို ရေကူးသွား ပြီး ဧရာမလှံကို ကိုင်ကာ ထပ်ခါတလဲလဲ ထိုးလိုက်ကာ အပေါက်ကြီး ဆယ်ပေါက် ကျော် ဖောက်ထွင်းပြီးမှ ရပ်တန့်လိုက်၏။
လျူယောင်ရဲ့ အမိန့်အရ ကျန်သင်္ဘော များ ကိုပါ လိပ်ကြီးက ထပ်ဖောက်လိုက်ရာ သယ်ယူပို့ဆောင်ရေးသင်္ဘော လေးစီးလုံး နစ်မြုပ်သွားပြီး ဆယ်ယူရေးသင်္ဘော တ စ်စီးပဲ ကျန်တော့သည်။
ဒါက လျူယောင် စိတ်သဘောထား နူးညံ့ နေတုန်းပဲလို့ ပြောလို့ရပြီး အစွန်းရောက် တာမျိုး မလုပ်ခဲ့ပေ။
ဒီလူတွေရဲ့ ဆယ်ယူရေးသင်္ဘောက မနစ် မြုပ်ခဲ့တာကြောင့် သယ်ယူပို့ဆောင်ရေးသ င်္ဘော လေးစီးရဲ့ အဖွဲ့သားတွေကိုတော့ ပင် လယ်အောက်ခြေကို မနစ်မြုပ်ခင် ကယ် ဆယ်နိုင်ပေလိမ့်မည်။
မိနစ်အနည်းငယ်အတွင်းမှာပဲ လိပ်ကြီးက သင်္ဘောလေးစီးလုံးကို ဆန်ခါအဖြစ် ရိုက် ချိုးလိုက်ရာ သင်္ဘောများက စတင်နစ်မြုပ် ကာ စောင်းလာကြသည်။
ပင်လယ်ပြင်တစ်ခုလုံးက ထိတ်လန့်နေပြီး တချို့လူတွေက အသက်ကယ်အင်္ကျီတောင် မဝတ်နိုင်ဘဲ ပင်လယ်ထဲ ခုန်ဆင်းလိုက် ကြ သည်။
" အား ဘာဖြစ်တာလဲ.. မြန်မြန် မြန်မြန် ပင်လယ်ထဲ ခုန်ဆင်းကြ.. "
ဆယ်ယူရေးသင်္ဘောပေါ်က လူတွေကတော့ သူတို့ရဲ့ လူတွေကို ကယ်ဆယ်ဖို့ ပိုပြီး အ လျင်လိုလာကြသည်။
အခုတော့ ဒီ သင်္ဘောက တကယ်ပဲ ကယ် ဆယ်ရေးသင်္ဘောလိုဖြစ်နေပြီး ရေထဲကျနေ တဲ့လူတွေကို လိုက်ကောက်နေရ၏။
အဝေးမှာတော့ ဘလူးဝေးလ်နဲ့ ရှီဝမ်တို့ ရွက် လွှင့်နေကြပြီး အကွာအဝေးမှာ သိပ်မဝေးတဲ့ အတွက် သံနက်ကုမ္ပဏီရဲ့ သင်္ဘောများ နစ်မြုပ်နေတာက လူတိုင်းရဲ့ မြင်ကွင်းထဲမှာ ရှိနေခဲ့သည်။
“ကပ္ပတိန် ဟိုမှာ ကြည့်ပါဦး.."
ကပ္ပတိန်ရမ်ဇိကွမ်းက ချက်ချင်း မှန်ဘီလူး ကို ယူပြီး ထိုနေရာမှ အခြေအနေကို ကြည့် လိုက်ကာ ဝမ်းသာအားရ ပြောလိုက်၏။
“ဟားဟား သူတို့ရဲ့ သင်္ဘောငါးစီးထဲက လေးစီး နစ်နေပြီ မင်းတို့အားလုံး တစ်ချက် ကြည့်လိုက်ဦး..”
သူ ပြောပြီးနောက် မှန်ဘီလူးကို ဘေးနားမှ လူကို ပေးလိုက်သည်။
မှန်ဘီလူးရှိတဲ့လူတွေက တစ်ယောက်ပြီး တစ်ယောက် မှန်ဘီလူးကို ယူကြည့်လိုက် ကြပြီး မှန်ဘီလူးမရှိတဲ့ အဖွဲ့သားတွေ က လည်း လည်ပင်းတွေကို ဆန့်ကာ အဲ့ဒီဘက် ကို ကြည့်လိုက်ကြ၏။