← Chapters

ချက်ထားတဲ့ ဘဲက ထပြန်ခြင်း

Vol. 29 Ch. 386

ချက်ထားတဲ့ ဘဲက ထပြန်ခြင်း

Vol. 29 Ch. 386

"ကြည့် ကြည့်..”

“ဟားဟား သူတို့ သင်္ဘော နစ်နေပြီ..”

“ဟုတ်တယ် အဲ့ဒီသင်္ဘောက တစ်ဝက်ကျော် နစ်နေပြီ..”

“ပင်လယ်ထဲမှာ လူတွေ အများကြီး ရှိနေ တယ်.. ဒီလူတွေ ခဏလောက် အလုပ်ရှုပ် နေရတော့မယ်”

…

လူတိုင်းရဲ့ ပျော်ရွှင်နေတဲ့ စကားတွေကို ကြားရပြီး အဝေးက နစ်မြုပ်နေတဲ့ သင်္ဘော တွေကို ကြည့်ရင်း ရှင်းပြလို့မရတဲ့ သက်သာ ရာရမှု့တစ်ခုကို ကပ္ပတိန်ရမ်ဇီကွမ်း ခံစားရ ပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါးသွားသလို ခံစားနေရသည်။

ငယ်ရွယ်တဲ့ သင်္ဘောသားတစ်ဦးက ပြော လိုက်၏။

“ကပ္ပတိန်.. ကျွန်တော်တို့ ဒီလူတွေကို ကူညီ ပြီး ကယ်သင့်လား..”

သူ စကားပြောလို့ မပြီးသေးခင်မှာပဲ အ သက်ကြီးတဲ့ သင်္ဘောသားတစ်ဦးက သူ့ ခေါင်းကို ဖြည်း ဖြည်းလေး ရိုက်လိုက် သည်။

“ရှောင်ယွမ် မင်း ခေါင်းထဲ ရေဝင်နေတာ လား ဒီလူတွေက..ငါတို့ရဲ့ ပစ္စည်းတွေကို ဘယ်လို အမြန် လုယူခဲ့လဲဆိုတာ မင်း မေ့နေပြီလား..."

“ဟုတ်တယ်..ဟုတ်တယ် ဒီလူတွေ ခုနက လေးတင် ဘယ်လောက်တောင် စက်ဆုပ် စရာ ကောင်းလဲ..သူတို့က ကျွန်တော်တို့ရဲ့ သတ္တုတွေကို အများကြီး လုယူသွားတာ ..သူတို့ရဲ့ သင်္ဘောတွေနစ်တာ ခံရသင့် တယ်..”

ကပ္ပတိန်ရမ်ဇိကွမ်းက ခေါင်းညိတ်လိုက်၏။

“သူတို့ လူတွေကို သူတို့ဘာသာ ကယ်နိုင် တယ်.. ငါတို့ရဲ့ အကူအညီ မလိုဘူး အရှိန် မြှင့် ငါတို့ ဟွာဟိုင်းမြို့ကို ပစ္စည်းပိုဖို့ အမြန်ပြန်ကြမယ်...”

ဘလူးဝေးလ်နဲ့ ရှီဝမ်တို့က အရှိန်မြှင့်ပြီး ဒီ နေရာကနေ ထွက်ခွာလာကြကာ တဖြည်း ဖြည်းနဲ့ ဝေးသွားတော့သည်။ သင်္ဘောနစ် မြုပ်တာ၊ သင်္ဘောသားတွေ ရေထဲကျတာ စသဖြင့် ဒါတွေက သံနက်ကုမ္ပဏီရဲ့ ကိုယ် ပိုင် ကိစ္စပဲ ဖြစ်သည်။

ရေမျက်နှာပြင်အောက် မဝေးတဲ့နေရာမှာ တော့ လိပ်ကြီး ရှိနေပြီး ဒီသင်္ဘောတွေ နစ်မြုပ်တာကို ကြည့်နေကာ အဲ့ဒီ M နိုင်ငံ သားတွေ ရေပေါ်မှာ ကူးခတ်နေတာကို ကြည့်နေပေသည်။

တတိယအမြင်ကနေတဆင့် ဒီနေရာက အခြေအနေကို လျူယောင် ကြည့်နေပြီး သာယာတဲ့ တိုက်ရိုက်ထုတ်လွှင့်မှု့ကို ကြည့်နေရသလိုမျိုး သူ ခံစားနေရသည်။

“ငါ့ကောင်ကြီး.. သူတို့ရဲ့ သင်္ဘောနစ်မြုပ် သွားရင် သင်္ဘောပေါ်က သတ္တုအပိုင်းအစ တွေကို ရွှေ့လိုက်ပါ တစ်ခုတောင် မကျန် စေနဲ့...”

“ဟင်း..ဒီလူတွေ ငါ့ရဲ့ သတ္တုအပိုင်းအစ တွေ ကို ယူသွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး ဒါ တွေ က..ပင်လယ်ထဲမှာ ရှိနေသရွေ့ ငါ့ရဲ့ ထိန်း ချုပ်မှု့အောက်မှာ အားလုံး ရှိနေတယ်...”

“အိုကေဘာသခင်..ကျွန်တော် သင်္ဘော ပေါ်က သတ္တုအပိုင်းအစတွေ အားလုံးကို ကျနော် ရွှေ့ပစ်လိုက်မယ်...”

တစ်ရက် နှစ်ရက်လောက် ကြာပြီးနောက် သံနက် ကုမ္ပဏီရဲ့ သယ်ယူပို့ဆောင်ရေး သ င်္ဘော လေးစီးလုံးက ပင်လယ်အောက် ခြေ ကို နစ်မြုပ်သွားပြီး ဆယ်ယူရေးသင်္ဘော တစ်စီးပဲ ပင်လယ်ရေပြင်ပေါ်မှာ ကျန်ခဲ့ သည်။

သယ်ယူပို့ဆောင်ရေးသင်္ဘော လေးစီးပေါ်က ဝန်ထမ်း တစ်ရာကျော်အနက် အများစုကို တော့ ကယ်ဆယ်နိုင်ခဲ့ကြပေမဲ့ လူအနည်း ငယ်ကတော့ ဘယ်မှာမှ မတွေ့ရတော့ပေ။

သံနက် ကုမ္ပဏီရဲ့ ဆယ်ယူရေး တာဝန်ခံက ပင်လယ်ရေမျက်နှာပြင်ကို ကြည့်ပြီး ဘယ် သူမှ မရှိတော့တာကို အတည်ပြုပြီးနောက် စိတ်မကောင်းစွာပြောလိုက်၏။

“သင်္ဘောကို မောင်းပြီး ငါတို့ ..ဒီကနေ ထွက် ခွာကြစို့”

ပြောပြီးနောက် သူ ခေါင်းကို ငုံ့လိုက်သည်။

တခြားလူတွေကလည်း နှင်းခဲထိထားတဲ့ ခရမ်းချဉ်ပင်လို ခေါင်းတွေ ငိုက်စိုက် ကျ နေပြီး သင်္ဘောပေါ်မှ လေထုမှာ အေးစက် ပြီး ညိမ်သက်နေပေသည်။

ဒီတစ်ကြိမ်မှာလည်း သူတို့က အလကား နေရင်း ပင်ပန်းခဲ့ကြပြန်သည်။

တိကျစွာ ပြောရရင် "ချက်ပြုတ်ထားတဲ့ ဘဲက ထ ပျံသွားသလိုပါပဲ "

စုစုပေါင်း သတ္တုအပိုင်းအစ တန်ပေါင်း ၁၀,၀၀၀ ကျော်ကို ဆယ်ယူနိုင်ခဲ့ပေမဲ့ ရလဒ် ကတော့ သူတို့ရဲ့ သင်္ဘောလေးစီးလုံးနဲ့ သတ္တုအပိုင်းအစတွေ အကုန် ပင်လယ် အောက်ခြေကို နစ်မြုပ်သွားခဲ့ရသည်။

"ဟူး..ဘာကြောင့်လဲကွာ.…"

တာဝန်ခံက သက်ပြင်းရှည်ကြီးချလိုက်ပြီး ဒီကိစ္စကို ဖုံးကွယ်ထားဖို့ မဖြစ်နိုင်ဘူး ဆို တာကို သိတာကြောင့် သူက မကြည်မသာနဲ့ ဂြိုဟ်တုဖုန်းကို ယူကာ အစီရင်ခံဖို့ ပြင်လိုက် သည်။

....

သံနက်ကုမ္ပဏီတွင်...

ရှာမန်က လုံးဝ သစ္စာ‌ စောင့်သိမူ့ အပြည့် ရှိ နေပြီး သူ့မျက်နှာတစ်ခုလုံး နီမြန်းကာ အ သံကလည်း အရင်ကထက် ပိုကျယ်နေ သည်။

သူတို့က အစည်းအဝေး လုပ်နေကြတာပဲ ဖြစ်သည်။

ဒီ အစည်းအဝေးကို သံနက် ကုမ္ပဏီရဲ့ ထိပ် တန်း အမှု့ဆောင်တွေ အားလုံးနီးပါးအပြင် M နိုင်ငံ စစ်တပ်မှ လူတွေနဲ့ M နိုင်ငံမှ စစ် ရေးနဲ့ ကာကွယ်ရေးကုမ္ပဏီ အများအပြားရဲ့ အကြီးတန်း အမှု့ဆောင်တွေလည်း တက် ရောက်လာကြသည်။

“လူကြီးမင်းများ အခြေအနေက အလွန် ကျေနပ်စရာကောင်းပါတယ်.. ကျွန်တော် တို့က သတ္တုအပိုင်းအစ တန်ပေါင်း ၂၀,၀၀၀ နီးပါးကို ဆယ်ယူခဲ့ပြီး အခုဆို ကျွန်တော် တို့ရဲ့ သင်္ဘောအုပ်စုက ပြန်လာနေပါပြီ…”

ချက်ချင်းပဲ အစည်းအဝေးခန်းတစ်ခုလုံးရဲ့ လေထုက ပူနွေးလာပြီး လူများစွာက စိတ် လှုပ်ရှားနေကြသည်။

သူတို့က ဒီသတ္တုရဲ့ စွမ်းဆောင်ရည်ကို သိနှ င့်ပြီးသားဖြစ်ပြီး အဲ့ဒါက ကာကွယ်ရေး၊ အာ ကာ သယာဉ်နဲ့ တခြား နယ်ပယ်တွေမှာ သုံး ရန် အကောင်းဆုံး သတ္တုပစ္စည်းပဲ ဖြစ် သည်။

ဒီ သတ္တုက သိပ်သည်းဆနည်းပြီး ခိုင်ခံ့မှု့မြ င့်မားခြင်း၊ အပူဒဏ်ခံနိုင်ရည်ရှိခြင်း၊ သံ ချေးတက်တာကို ခံနိုင်ရည်ရှိခြင်း စတဲ့ စွမ်းဆောင်ရည်များ ကောင်းမွန်တာ ကြောင့် ပဲ ဖြစ်၏။

“အဖွဲ့ခေါင်းဆောင်ကြီး၊..ဒီသတ္တုအများကြီးနဲ့ ကျွန်တော်တို့ရဲ့ ပဉ္စမမျိုးဆက် တိုက်လေ ယာဉ်ရဲ့ စွမ်းဆောင်ရည်ကို အများကြီး တိုး တက်စေနိုင်ပါတယ်..”

“ဒါက ပဉ္စမမျိုးဆက် တိုက်လေယာဉ်တင် မဟုတ်ဘူး.. အစွန်းရောက် လက်နက်တွေနဲ့ စက်ပစ္စည်းတွေ အားလုံးနီးပါးရဲ့ စွမ်းဆော င်ရည်ကိုလည်း တိုးတက်စေနိုင်တယ်ဗျာ..”

“ကျွန်တော် တကယ်ကို မျှော်လင့်နေပါ တယ် ..သင်္ဘောအုပ်စု ပိုပြီး အမြန်ပြန်လာနိုင်ပါ စေလို့မျှော်လင့်ပါတယ်..”

M နိုင်ငံ စစ်တပ်ရဲ့ ကိုယ်စားလှယ်က စိုးရိမ် စွာ ပြောလိုက်၏။

“မတော်တဆမှု့တွေ မဖြစ်အောင် ကျွန်တော် တို့ ရဲ့ စစ်သင်္ဘောတွေကို.. ဒီသင်္ဘောအုပ်စု ကို အစောင့်လိုက်ဖို့အတွက် စေလွှတ်ပေး မယ်..”

“ဘုရားရေ...”

“ဒီမျက်နှာက အရမ်း ကြီးတာပဲ..”

“ဘယ်လောက်တောင် ဂုဏ်ယူစရာကောင်း လိုက်လဲ...”

လူများစွာက ရှာမန်.ဇားဗီးယားနဲ့ တခြား သံနက်ကုမ္ပဏီရဲ့ အကြီးတန်းအမှု့ ဆောင် တွေကို မနာလိုစွာ ကြည့်နေကြသည်။

ဒီမနာလိုတဲ့ မျက်လုံးတွေကို ခံစားရတော့ ရှာမန် က အရမ်း ပျော်ရွှင်နေသည်။

" တူ...တူ..တူ.."

ဒါပေမဲ့ အဲ့ဒီ့နောက်မှာတော့ ရှာမန်ရဲ့ ဖုန်းမှ မြည်လာသည်။

သူက ဖုန်းကို ထုတ်ယူပြီး တိတ်တိတ်နေဖို့ လက်မြှောက်လိုက်တော့ အစည်းအဝေးခန်း တစ်ခုလုံး တိတ်ဆိတ်သွားသည်။

ဒီအချိန်တွင် ရှာမန်က အဓိက ဇာတ်ဆောင်ပဲ ဖြစ်၏။

ဖုန်းခေါ်ဆိုမှု့က လျင်မြန်စွာ ချိတ်ဆက်သွား သည်။ခဏအကြာမှာတော့ ရှာမန်ရဲ့မျက်နှာ က တဖြည်းဖြည်း ပြောင်းလဲသွားပြီး ဖုန်း တောင် မြေကြီးပေါ်ကို ပြုတ်ကျသွား ခဲ့ရ သည်။

သူ အစောလေးကတင် အကန့်အသတ်မရှိ ရှုခင်းတွေ ရှိခဲ့တဲ့နေရာမှာ ရောက်နေပြီး အ ခုတော့ သူ့မျက်နှာက ဖြူဖျော့နေကာ တိုး တိုးလေး အဆက်မပြတ် ရေရွတ်နေသည်။

“မဖြစ်နိုင်ဘူး..မဖြစ်နိုင်ဘူး.. ဒါ မဟုတ်ဘူး "

တခြားလူတွေက တစ်ယောက်မျက်နှာ တစ် ယောက်ကြည့်ကာ အခြေအနေကို စောင့်နေ ကြည့်နေသည်။

"ဒါ ဘယ်လို ဖြစ်သွားတာလဲ..."

...

မြောက်ပစိဖိတ်သမုဒ္ဒရာတွင်...

လိပ်ကြီးက ပင်လယ်အောက်ခြေမှာ အလုပ် လုပ်နေပြီး သယ်ယူပို့ဆောင်ရေးသင်္ဘော ပေါ်က သတ္တုအပိုင်းအစတွေကို ရေမိုင် ဆယ်ဂဏန်းအကွာကို ရွှေ့ပြီး ယာယီအား ဖြင့် အဲ့ဒီမှာ ထားလိုက်သည်။

လိပ်ကြီးက အကြာကြီး အလုပ်လုပ်ပြီး နောက် သတ္တုအပိုင်းအစတွေ အားလုံးကို သူ ဖယ်ရှားလိုက်ကာ တစ်ခုတောင်မှ မကျန် တော့ပေ။

“သခင်ရေ..ခင်ဗျား ကျွန်တော့်ကို လုပ်ခိုင်း တဲ့ အလုပ်ကို ပြီးစီးပါပြီ..”

လိပ်ကြီးရဲ့ အသံက စိတ်ထဲမှာ ထွက်ပေါ် လာတာကြောင့် လျူယောင်က ချက်ချင်းပဲ သူ့ရဲ့ တတိယအမြင်ကို ဖွင့်ကာ ပင်လယ် အောက်ခြေက နစ်မြုပ်နေတဲ့ သင်္ဘောကို ကြည့်လိုက်သည်။

အရင်က သတ္တုအပိုင်းအစ တန်ပေါင်း ၁၀,၀၀၀ ကျော် ရှိခဲ့ပေမဲ့ အခုတော့ တစ်ခုမှ မရှိတော့ပေ။

“တော်တယ် ..မင်း အလုပ် ကောင်းကောင်း လုပ်ခဲ့တာပဲ..”

“အိုခေ သခင် ဒါနဲ့ ကျွန်တော် လုပ်ရမယ့် တခြား အလုပ် ရှိသေးလား.."

လျူယောင် ချက်ခြင်း ပြန်ဖြေလိုက်၏။

“လောလောဆယ် မရှိသေးပါဘူး.. မင်းရဲ့ အလုပ်က ပိုကြီးလာဖို့ပဲ ...”

လိပ်ကြီးက အခု တန်ချိန် ၁,၀၇၄ ရှိနေ သည်။ တန်ချိန် ၁,၀၀၀ ကို ကျော်လွန်ပြီး နောက် သူက တစ်နေ့ကို သုံးတန်၊ လေးတန် လောက် အလေးချိန် တက်နေပါလိမ့်မည်။

လျူယောင်က ဒီ့ထက် ပိုပြီး ကြီးမားလာဖို့ မျှော်လင့်နေသည်။လိပ်ကြီး တန်ချိန် ၁,၂၀၀ ဒါမှမဟုတ် ၁,၅၀၀ ကျော်ကို ရောက် ရင် အာကာသ ယာဉ်အပျက်အစီး ထဲကို ထပ်ပြီး ဝင်ခိုင်းဖို့ လျူယောင် စီစဉ်ထား သည်။

"ဒါဆို သခင် ကျွန်တော် ချောက်နက်ထဲ သွားပြီး ဧရာမ ရေဘဝဲတစ်ကောင် သွား ရှာလိုက်အူံးမယ်..”

ပြောပြီးနောက် လိပ်ကြီးက အမြန် ကူးခတ် သွား၏။

တတိယအမြင်ကို လျူယောင် ပိတ်လိုက် ပြီး သူဋေးကုလားထိုင်ပေါ်မှာ ထိုင်ကာ စိတ် ထဲကနေ တွေးလိုက်သည်။

"အင်း တစ်ပတ်လောက်ကြာရင် ဘလူး ဝေးလ်နဲ့ ရှီဝမ်တို့ ပြန်ရောက်လာ လိမ့်မယ်.. ဒီတစ်ကြိမ်မှာတော့ သူတို့ သတ္တုအပိုင်း အစ တန်ပေါင်း ၅၀,၀၀၀ ကနေ ၆၀,၀၀၀ ကို ပြန် ပါလာလိမ့်မယ်.. "

နောက်ထပ် သတ္တု တန်ပေါင်း ၅၀,၀၀၀ က နေ ၆၀,၀၀၀ ရှိမယ်လို့ တွေးမိလိုက်တာနဲ့ လျူယောင် ခဏတာ ပျော်ရွှင်သွားသည်။

သူ့ အတွက်တော့ အာကာသယာဉ်အပျက် အစီးက တကယ်ကို ကြီးမားတဲ့ ရတနာ တစ် ခုဖြစ်ပြီး အဲ့ဒါကို နားလည်မှု့ကတောင် အ ပေါ်ယံပဲ ရှိသေး၏။ ဒီ သတ္တုအပိုင်း အစအ ချို့ ပြန်ယူလာရုံနဲ့ အကျိုးအမြတ်တွေက ကြီးမားလှပေသည်။

ကြီးမားတဲ့ စီးပွားရေး အကျိုးအမြတ်တွေ ရလာတာအပြင် ပိုပြီး အရေးကြီး တာက တော့ စစ်တပ်နဲ့ အဆင့်မြင့် နိုင်ငံတော် အရာရှိတွေရဲ့ တန်ဖိုးထားမှု့ကို ရခဲ့တာပဲ ဖြစ်၏။

“လိပ်ကြီး ပိုကြီးလာတဲ့အခါ.. ငါ အာကာ သယာဉ်အပျက်အစီးထဲကို ထပ်ပြီး ဝင်မယ် ဘယ်လို အံ့အားသင့်စရာတွေ တွေ့ရမလဲ မသိဘူး..”

လျူယောင် ဒီအကြောင်းကို တွေးနေတုန်း ဖုန်းမြည်သံက သူ့ရဲ့ အတွေးတွေကို ဖြတ် တောက်လိုက်သည်။

ဖုန်းခေါ်သူက တင်းဝိန် ဖြစ်ပြီး ဖုန်းထဲမှ သူ့ရဲ့ အသံ ထွက်ပေါ်လာ၏။

“အကိုယောင် အားလား ..ကျွန်တော် ဒီည ဧည့်ခံမယ် ပင်လယ်စာအစုံ စားရအောင်ဘ ယ်လိုလဲ..”

လျူယောင် ချက်ချင်းပဲ သဘောတူလိုက် သည်။

“ကောင်းပြီ..ပြဿနာမရှိဘူး ငါ အချိန်မှီ လာခဲ့မယ်...”

ဒီတင်းဝိန်က သူ့ကို တစ်ခုခုကြောင့် ရှာတာ ဖြစ်နိုင်တယ်လို့ လျူယောင် ကြိုတင် ခန့်မှ န်းမိသည်။

"အကိုယောင် ဒါဆို သဘောတူပြီနော် မရီး ကိုယ်ပါ ခေါ်လာခဲ့.. ကျွန်တော် နေရာနဲ့ အ ချိန်ကို နောက်မှ WeChat ကနေ ပို့လိုက် မယ်...”

တင်းဝိန်က ဝမ်းသာအားရ ပြောလိုက်၏။

All Chapters