ယူနီဗာဆဲလ်ရဲ့ သူဋေးလား
Vol. 29 Ch. 387
ဖုန်းချပြီးနောက် အချိန်ကို ကြည့်ရန် လျူ ယောင် လက်မြှောက်လိုက်သည်။ ညနေ လေးနာရီ နီးပါး ရှိနေပြီ ဖြစ်တာကြောင့် သူ ခဏနေရင် ဟွားဟိုင်မြို့ အမှတ် ၁ အလယ် တန်းကျောင်းကို သွားနိုင်ပြီပဲ ဖြစ်သည်။
လီချန်လဲ့ကို WeChat ကနေ စာပို့ပြီး နောက်မှ ညစာစားဖို့ သွားကြမယ်လို့ သူ ပြောလိုက်ပြီးနောက် သူ့ရဲ့ စားပွဲကြီးပေါ်က ခလုတ်ကို နှိပ်လိုက်သည်။
မကြာခင်မှာပဲ ဝန်ထမ်းယောက်က တံခါးကို ခေါက်ပြီး ဝင်လာ၏။
“သူဋေး..ဘာလိုချင်ပါသလဲ...”
လျူယောင် တောင်းဆိုလိုက်သည်။
“ငါ့ကို ကော်ဖီတစ်ခွက် ဖျော်ပေးပါအုံး..”
လျူယောင်ကို ဝန်ဆောင်မှု့ပေးတဲ့ အမျိုး သမီး အတွင်းရေးမှူးနှစ်ယောက်ရှိပြီး ဒီ တစ်ယောက်က နေ့စဉ်ကိစ္စတွေကို အဓိက တာဝန်ယူထားသည်။
ဥပမာ- လက်ဖက်ရည် ဖျော်တာ၊ ကော်ဖီ ဖျော်တာ၊ ရုံးခန်း ရှင်းလင်းတာ စသဖြင့် ဖြစ်ပြီး နောက်တစ်ယောက်ကတော့ ဖိုင်တွေ စီတာအစည်းအဝေးတွေကို အသိပေးတာ စတဲ့ အလုပ်တွေကို တာဝန်ယူရ၏။
ရိုးရိုးသားသား ပြောရရင် အမျိုးသမီး အ တွင်းရေးမှူးနှစ်ယောက်လုံးက အရမ်း လှပ ကြပြီး အလှတရား တစ်ထောင်ထဲမှ တစ် ယောက်ပဲ ဖြစ်သည်။ သူတို့နှစ်ယောက်လုံး အကောင်းဆုံးကျောင်းမှ ဘွဲ့ရထားကြသူ များလည်း ဖြစ်၏။ မကြာခင်မှာပဲ ကော်ဖီကို ဖျော်ပြီးသွားပြီး အမျိုးသမီး အတွင်းရေးမှူး က ဖျော်ထားတဲ့ ကော်ဖီကို စားပွဲပေါ်ကို ညင် သာစွာ တင်လိုက်သည်။
“သူဋေး..တခြား လိုအပ်တာ ရှိသေးလား ရှင့်..”
“မလိုတော့ပါဘူး..” ပြောပြီးနောက် လျူ ယောင် လက်ဝှေ့ယမ်းပြလိုက်သည်။
လှပတဲ့ အတွင်းရေးမှူးမလေးက ညင်သာစွာ နောက်ပြန်ဆုတ်သွားပြီး ရုံးခန်းတံခါးကို ညင်သာစွာ ပိတ်လိုက်သည်။
လျူယောင်က ကော်ဖီကို ယူလိုက်ပြီး ပြ တင်း ပေါက်ရှေ့မှာ ရပ်လိုက်သည်။ မှန်က နေတဆင့် အောက်ကို ကြည့်လိုက်ပြီး အပြင် ကို ကြည့်ကာ စိတ်ထဲကနေ တွေးနေမိသည်။
“တင်းဝိန်က ညစာ စားဖို့ ဖိတ်ထားတာ ဆို တော့ အကြောင်း တစ်ခုခုတော့ ရှိရမယ်..”
“ဒီကောင် ငါ့ကို ဘာလို့ တွေ့ချင်နေတာ လဲ…”
ခဏကြာအောင် တွေးပြီးနောက် လျူယောင် ထပ်ပြီး စဉ်းစားသည်။
“ဘလူးဝေးလ်နဲ့ ရှီဝမ်တို့ ပြန်လာနေပြီဆို တော့အထူးသဖြင့် ရှီဝမ်ပေါ်မှာ သတ္တုအပိုင်း အစ တန်ပေါင်း ၅၀,၀၀၀ ကနေ ၆၀,၀၀၀ လောက် တင်ထားတယ်.. တစ်စုံတစ်ယောက် က မနာလိုဖြစ်လာနိုင်မလား”
“စူပါသတ္တုက လျှို့ဝှက်ချက် မဟုတ်တော့ ဘူးပြည်တွင်း ကာကွယ်ရေး လုပ်ငန်းတင် မကဘူး ဒီထူးချွန်တဲ့ သတ္တုကို လူများစွာ သိနေကြပြီ..”
ဟူကျန်းကော်က စာတမ်းများစွာကို ဆက် တိုက် ထုတ်ဝေခဲ့ပြီး ဒါက သူ့ရဲ့ သုတေသန ရလဒ်ဖြစ်တယ်လို့ တရားဝင် ကြေညာခဲ့၏။၊ ဒါကို သာမန်လူတွေဆီကနေ ဖုံးကွယ်ထား တာက ပြဿနာ မရှိပေ။
“တချို့နိုင်ငံတွေက သံသယဝင်လာနိုင်မ လား..”
M နိုင်ငံနဲ့ သံနက် ကုမ္ပဏီတို့က သံသယဝင် နေတာ ဖြစ်နိုင်ပြီး ဒါဟာ ဟူကျန်းကော်ရဲ့ သုတေသန ရလဒ်တွေ မဟုတ်ဘဲ ဘလူး ဝေးလ်က ပင်လယ်ထဲကနေ ဆယ်ယူခဲ့တဲ့ သတ္တုအပိုင်းအစတွေ ဖြစ်တယ်လို့ ခန့်မှန်း ထားတာ ဖြစ်နိုင်တယ်လို့ လျူယောင် တွေး လိုက်မိသည်။
“သူတို့ သံသယဝင်လာရင် ဘယ်လိုလုပ် မလဲ”
“ဘလူးဝေးလ်နဲ့ ရှီဝမ်တို့က ပြန်လာတဲ့ လမ်း ကြောင်းမှာ ပိုပြီး ဘေးကင်း သင့်တယ်..ငါ့ရဲ့ ရှီဝမ်ပေါ်က သတ္တုအပိုင်းအစတွေကို ဘယ် သူမှ မစဉ်းစားကြပါစေနဲ့..”
တစ်ခုခု ဖြစ်နိုင်တယ်လို့ လျူယောင် ခပ် ရေးရေး ခံစားလိုက်ရသည်။
ဘေးကင်းစေဖို့အတွက် လိပ်ကြီးနဲ့ လျူ ယောင် ဆက်သွယ်ပြီး နောက်ကနေ တိတ် တိတ်ကလေး လိုက်ဖို့ မှာလိုက်သည်။
“ဘာမှ မဖြစ်ပါစေနဲ့လို့ မျှော်လင့်တယ်..”
“သင်္ဘောနှစ်စီးက ဘေးကင်းစွာ ပြန်လာပါ စေလို့ ငါမျှော်လင့်တယ်...”
ပြတင်းပေါက်ရှေ့မှာ ရပ်နေရင်း လျူယောင် ကော်ဖီသောက်နေစဉ် အများကြီး တွေး လိုက်မိသည်။
သူ မသိလိုက်ခင်မှာပဲ ညနေ လေးနာရီခွဲ သွားပြီးပဲ ဖြစ်၏။
ရုံးခန်းထဲကနေ လျူယောင် ထွက်လာခဲ့ပြီး ချန်းဟူနဲ့အတူ Universal အဆောက်အအုံရဲ့ မြေအောက်ထပ်ကို ဓါတ်လှေကား နဲ့တိုက် ရိုက် သွားလိုက်သည်။အဲ့ဒီနေရာမှ ကားပါက င်နေရာ အချို့က Universal အတွက်ပဲ ဖြစ်သည်။
ကားပါကင်နေရာတွေမှာ ကားတွေ ရပ်ထား ပြီး တစ်စီးချင်းစီက ဇိမ်ခံကားတွေဖြစ်၍ စုစုပေါင်းတန်ဖိုးက ယွမ် သန်းနှစ်ရာ၊ သုံး ရာလောက် ရှိပေသည်။
ချန်းဟူအား လျူယောင် ပြောလိုက်၏။
“ ကျောင်းကို သွားကြစို့...”
ချန်းဟူက ပြုံးပြီး မေးလိုက်သည်။
“သူဋေး Rolls-Royce ကို မမောင်းဘဲ Maybach ကို ပြောင်းမောင်းလိုက်ရလား..”
“ဘယ်လိုပဲဖြစ်ဖြစ် ငါတို့မှာ ကားတွေ အ များကြီးရှိတော့ ပြောင်းတာကလည်း မ ဆိုးပါဘူး ဒီနေ့က Maybach ပေါ့...”
ပြောပြီးနောက် ချန်းဟူ တံခါးမဖွင့်ခင် လျူ ယောင် ကားတံခါးကို ဖွင့်ကာ နောက်ခန်းထဲ ဝင်ထိုင်လိုက်သည်။
ချန်းဟူက ဒီနေရာကနေ မောင်းထွက်လာပြီး ဟွာဟိုင်းမြို့မှ အမှတ် ၁ အလယ်တန်းကျေ ာင်းကို မောင်းလာခဲ့သည်။ သူ ရောက်တဲ့ အခါ ကျောင်းက အချိန်မစေ့သေးလို့ တံခါး ကို တင်းတင်းကျပ်ကျပ် ပိတ်ထားပြီး ကျောင်းတံခါးဝတွင် အတော်လေး တိတ် ဆိတ်နေပေသည်။
ချန်းဟူက ဘေးနားမှာ နေရာတစ်ခု ရှာပြီး ကားကို ရပ်လိုက်ကာ တိုးတိုးလေး ပြော လိုက်သည်။
“သူဋေး ကျွန်တော် ကားထဲမှာ စောင့်နေမယ် နော်...”
“ဟုတ်ပြီ..”
လျူယောင် ကားထဲမှ ထွက်လာပြီး ကျောင်း တံခါးဝ ကို လျှောက်လာသည်။ ခဏကြာ တော့ ကျောင်းဆင်းလာပြီး ရုတ်တရက် ပတ်ဝန်းကျင်က အသက်ဝင်လာခဲ့သည်။ ကျောင်းသား အများအပြားက အုပ်စုဖွဲ့ပြီး ကျောင်းဝန်းထဲကနေ ထွက်လာကြသည်။
လီချန်လဲ့ကို WeChat ကနေ နောက်ထပ် စာတစ်စောင် လျူယောင် ထပ်ပို့လိုက် သည်။
“ပျားလေး ကိုယ် ကျောင်းတံခါးရှေ့မှာ ရောက်နေပြီ...”
လီချန်လဲ့က အမြန်ပြန်ဖြေလိုက်၏။
“ခဏလေး စောင့်ပါအူံး အများဆုံး ငါးမိနစ် ပဲ..”
သူမတို့ရဲ့ အတန်းက မပြီးသေးဘဲ သူမက စင်မြင့်ပေါ်ကနေ ကျောင်းသားတွေကို သင် ခန်းစာတွေ ပို့ချနေဆဲဖြစ်သည်။
လျူယောင် ငါးမိနစ်လောက် မစောင့် လိုက် ရပဲ လီချန်လဲ့က ထွက်လာခဲ့သည်။ သူမက ပျော်ရွှင်စွာ ပြုံးပြီး လျူယောင်ရဲ့ လက် မောင်းကို တွဲလိုက်ကာ ပြောလိုက်သည်။
“အကိုယောင် ကျွန်မတို့ ဘယ်ကို ညစာ သွားစားကြမလဲ..”
“ချူကျိ ပင်လယ်စာ စားသောက်ဆိုင် ...လဲ့လဲ့ ကြားဖူးလား..”
“သေချာပေါက် ကြားဖူးပါတယ်..ဒါက ဟွာ ဟိုင်းမြို့မှာ အဆင့်အမြင့်ဆုံး ပင်လယ်စာ စားသောက်ဆိုင်တစ်ဆိုင်ပဲ.. ဖွင့်တာ နှစ်လပဲ ရှိသေးပေမဲ့ အရမ်းကို နာမည်ကြီးနေပြီ..”
လျူယောင်က ခေါင်းညိတ်ကာ ပြောလိုက် ၏။
“အင်း ဒီတစ်ကြိမ်တော့ ကိုယ်တို့ ချူကျိ ပင်လယ်စာ စားသောက်ဆိုင်ကို သွားကြ မယ်..”
နှစ်ယောက်သား ရယ်မောပြောဆိုရင်း မဝေး တဲ့ နေရာမှ Maybach ကား ဆီကို လျှောက် လာကြသည်။
ကျောင်းသားတွေအပြင် ကျောင်းကနေ ထွက်လာတဲ့ ဆရာတွေလည်း ရှိနေသည်။ ကျောင်းသားတွေ ကျောင်းဆင်းပြီးနောက် ဆရာများစွာလည်း အလုပ်ဆင်းလာကြ သည်။
“ဟေး အဲ့ဒါ ဆရာမ လီပဲ.”
ငယ်ရွယ်တဲ့ အမျိုးသားဆရာ သုံး၊ လေး ယောက် ကျောင်းတံခါးဝကနေ ထွက်လာ ပြီး သူတို့ရဲ့ရှေ့တွင် လီချန်လဲ့နဲ့ လျူယော င်ကို မြင်တော့ ကျောင်း ဆရာတစ်ယောက် က အံ့အားသင့်သွားသည်။
ဒီငယ်ရွယ်တဲ့ အမျိုးသားကျောင်းဆရာက အသစ်ဖြစ်ကာ ဟွားဟိုင်မြို့ အမှတ် ၁ အ လယ်တန်းကျောင်းကို ပြောင်းရွှေ့လာတာ မကြာသေးပေ။ လီချန်လဲ့ကို ပထမဆုံး အကြိမ် သူ မြင်တော့ အံ့အားသင့်သွားပြီး ချက်ချင်းပဲ ချစ်မိသွားသည်။
သူ့ဘေးနားမှ အနည်းငယ် အသက်ကြီးတဲ့ ကျောင်းဆရာက သတိပေးလိုက်၏။
“ဆရာဆွန်..ဆရာမ လီချန်လဲ့နဲ့ ပတ်သက်ပြီး ဘာမှ မတွေးနဲ့တော့.. သူမှာ ရည်းစား ရှိ တယ်..”
ငယ်ရွယ်တဲ့ ဆရာဆွန်က မကျေမနပ် ဖြစ် ကာ ပြန်ပြောလိုက်သည်။
"ရည်းစား ရှိလည်း အရေးမကြီးပါဘူး ကျွန် တော်လည်း သူ့ကို လိုက်ပိုးဖို့ အခွင့်အရေး ရှိပါတယ်..”
သူ့ဘေးနားမှ တခြား ကျောင်းဆရာ နှစ် ယောက်မှာ ရယ်လိုက်ကြသည်။
ဆရာဆွန် နားမလည်နိုင်အောင် ဖြစ်သွား ခဲ့ရသည်။
" ဘာလို့ ဒီလောက် ရယ်စရာကောင်းနေ တာ လဲ၊ ငါ တစ်ခုခု မှားပြောမိတာလား ဘာမှ မမှားပါဘူး ."
“ဆရာဆွန်..ဆရာမ လီချန်လဲ့ ရည်းစားက ဘယ်သူလဲဆိုတာ ခင်ဗျား မသိသေးတာ ဖြစ်နိုင်တယ်..”
“သူ့ကို ရည်းစားလို့ မခေါ်သင့်ဘူး. .စေ့စပ် ထားတဲ့သူလို့ ခေါ်တာ ပိုပြီး သင့်တော်မယ်.. မကြာခင် လက်ထပ်တော့မယ့် အမျိုးအစား ပေါ့..”
ဆရာဆွန် နားမလည်ပဲ မေးလိုက်၏။
“ဘာလဲ ..သူ့ ရည်းစားက ထူးခြားတာ တစ် ခုခု ရှိလို့လား..”
“ဟဲဟဲ” အသက်ကြီးတဲ့ ဆရာက ပြုံးလိုက် ပေမဲ့ အဲ့ဒီအပြုံးက ပိုပြီး လှောင်ပြောင် နေ သလိုပင်။
“ဆရာဆွန်.. ဒီလူက သေချာပေါက် အံ့ဩစ ရာကောင်းပါတယ်... ဆရာမလီရဲ့ ရည်းစား က Universal ရဲ့ သူဋေးပဲ...”
“ဘာ.."
ဆရာဆွန်၏ ပါးစပ်က ဟောင်းလောင်း ပွင့် သွားပြီး ရှင်းနေတာကတော့ ကြောက် လန့် သွားတာ ဖြစ်နိုင်သည်။
ခဏအကြာမှာတော့ သူ ခါးသီးစွာ ပြော လိုက်၏။
“ကျွန်တော် အခုလေးတင် ပြောခဲ့တဲ့ စကား ကို မပြောမိသလိုပဲ သဘောထားလိုက် ကျွန်တော် အရမ်း မောက်မာတာပဲ...”
ဆရာမလီရဲ့ စေ့စပ်ထားသူက Universal ရဲ့ သူဋေးဖြစ်လို့ သူ့အတွက် အခွင့်အရေး မရှိ ဘူးဆိုတာ ဆရာဆွန် သေချာပေါက် သိ လိုက်သည်။
သူကလည်း မိသားစု နောက်ခံကောင်းတဲ့ လူ လို့ ပြောလို့ရပြီး အိမ်နဲ့ ကားလည်း ရှိသည်။ ဒါပေမဲ့ လျူယောင်နဲ့ ယှဉ်ရင်တော့ ကွာခြား ချက်က အရမ်း ကြီးမားလှ၏။
လျူယောင်နဲ့ လီချန်လဲ့တို့ စကားပြောဆို ရယ်မောရင်း ကားထဲကို ဝင်လာကာ မိနစ် သုံးဆယ်၊ လေးဆယ်ကြာပြီးနောက် ချူကျိ ပင်လယ်စာ စားသောက် ဆိုင်ကို ရောက်လာ ကြသည်။
တင်းဝိန်က အခန်းထဲမှာ အဆင်သင့် စောင့် နေပြီးသား ဖြစ်သည်။
လျူယောင်နဲ့ လီချန်လဲ့တို့ တံခါးတွန်းဖွင့် ဝင်လာတာကို မြင်တော့ သူ ချက်ချင်းပဲ စိတ်အားထက်သန်စွာ ထရပ်လိုက်သည် ။
“အကိုယောင် မရီး မင်္ဂလာပါ..”
လျူယောင် ပျော်ရွှင်စွာ ရယ်လိုက်၏။
လီချန်လဲ့က နည်းနည်း ရှက်နေပုံရပြီး သူ့မ မျက်နှာက အနည်းငယ် နီရဲသွားသည်။
သူတို့ ထိုင်ပြီးနောက် စားပွဲပေါ်မှာ ဘီယာ နှစ်ပုလင်း ရှိနေတာကို လျူယောင် သတိထ ားမိပြီး စိတ်ထဲကနေ တွေးလိုက်သည်။
“တခြားလူတစ်ယောက် လာဖို့ရှိ နေသေး တာလား”
သူနဲ့ တင်းဝိန်ပဲဆိုရင် ဘီယာနှစ်ပုလင်း မလို အပ်ပေ။ဒီဘီယာရဲ့အဆင့်က မနိမ့်ပဲ ပိုက်ဆံ ရှိရင်တောင် ဝယ်ရခက်တဲ့ အမျိုးအစား ဖြစ် နေသည်လေ။