ပီချင်းယွန်နဲ့ တွေ့ဆုံခြင်း
Vol. 29 Ch. 388
သူ့ရဲ့ ခန့်မှန်းချက် မမှားဘူးဆိုတာကို လျူ ယောင် နားလည်လိုက်သည်။တင်းဝိန်က ဧည့်ခံတာဆိုတော့ အကြောင်း တစ်ခုခုတော့ ရှိရမည်။
တင်းဝိန်က အရမ်း စိတ်အားထက်သန်နေ ၏။
သူက မီနူးကို ယူပြီးနောက် တစ်ခါတည်းနဲ့ ဟင်းပွဲများစွာကို မှာလိုက်သည်။ဒါတွေက အခြေခံအားဖြင့် ပင်လယ်စာအစိမ်းတွေ ဖြစ်ပြီး တကယ့် ပင်လယ်စာ ပွဲတော်တစ် ခုလိုပင်။
လျူယောင် နောက်ပြောင်ပြီး ပြောလိုက် သည်။
“မင်းက ချမ်းသာနေပြီပေါ့ ဒီလောက် အများကြီး မှာတာ..ငါတို့ သုံးယောက် ဘယ်လိုလုပ် အကုန်စားနိုင်မလဲ...”
တင်းဝိန် ပြုံးပြီး ပြန်ဖြေလိုက်၏။
" အကိုယောင် ပထမဆုံးအနေနဲ့ ခင်ဗျားကို တောင်းပန်ချင်ပါတယ်..တကယ်တော့ ဒီည ညစာစားတာက ကျွန်တော်တို့ သုံးယောက် တည်း မဟုတ်ဘူး.. တခြားလူနှစ်ယောက် လည်း ရှိသေးတယ်..”
“အော် ဒါ့ကြောင့်ကိုး.."
တစ်ခါတည်းနဲ့ ဟင်းပွဲအများကြီး မှာရုံသာ မက ဝိုင်ကောင်း နှစ်ပုလင်းကိုလည်း အ စောကြီးကတည်းက တင်းဝိန် ပြင်ဆင်ထား ပုံရသည်။
“ဘယ်သူတွေ ထပ်လာဦးမှာလဲ..”
လျူယောင်ရဲ့ စိတ်ထဲမှာ လူအချို့ရဲ့ နာမည် တွေ လင်းလက်သွားပြီး တစ်ယောက် ချင်း စီကို ငြင်းပယ်လိုက်သည်။ လောလောဆယ် ဘယ်သူလာမယ်ဆိုတာကို သူ တကယ် မသိ ပေ။
တင်းဝိန်က ဆက်ပြီး ဖုံးကွယ်မထားတော့ဘဲ တောင်းပန်တဲ့ မျက်နှာနဲ့ ရှင်းပြလိုက်၏။
"အကိုယောင်ကို မပြောပဲ အရင် ဆုံးဖြတ် ပြီးမှ ကစားခဲ့လို့ ခွင့်လွှတ်ပေးပါ.."
"ကျွန်တော့်အဖေနဲ့ တခြားသူတွေ ဟွာဟိုင်း မြို့ကို ရောက်နေပါပြီ.. လေယာဉ်ပေါ်က ဆင်းတာ မိနှစ်40 ရှိပြီဆိုတော့ မကြာခင် ရောက်လာတော့မှာပါ..”
“အမ် ချင်းယွမ်အပြည်ပြည်ဆိုင်ရာရဲ့ ဥက္ကဌ ပီချင်းယွန်လား..”
လျူယောင် ပထမတော့ အနည်းငယ် လန့် သွားပြီးနောက် သူ့စိတ်ထဲမှာ ပျော်ရွှင်လာ သည်။ ပီချင်းယွန်က အချိန်မှီ ရောက်လာ ခဲ့ပေသည်။
Universal ရဲ့ ချပ်ပြားထုတ်လုပ်တဲ့ စက်ရုံ ကြီး နှစ်ရုံ ကို ဆောက်လုပ်တာ ပြီးခါနီးနေ ပြီး နောက်လမှာ ထုတ်လုပ်ရေး အဆင့်ကို ဝင်ဖို့ လျူယောင် စီစဉ်ထား၏။ ဒါပေမဲ့ အော်ဒါတွေ လိုအပ်နေသည်လေ။
လျူယောင်ရဲ့ မျက်နှာပေါ်တွင် ပျော်ရွှင်တဲ့ အမူအရာက ချက်ချင်း ပေါ်လာသည်။
“ပီချင်းယွန် လာတာလား...”
တင်းဝိန် ခေါင်းညိတ်ကာ ပြောလိုက်၏။
“ကျွန်တော့်အဖေက အဓိကအားဖြင့် အကို့ ကို လာတွေ့ပြီး ပူးပေါင်းဆောင်ရွက် မှု့အ ကြောင်း ပြောဖို့ လာတာပါ”
လျူယောင်က စိတ်ပါလက်ပါနဲ့ ပြန်ပြော လိုက်သည်။
“မင်းအဖေ ကိုယ်တိုင် လာတွေ့တာက ..အ ရမ်း ယဉ်ကျေးရာ ရောက်ပါတယ်.. ချင်း ယွမ် အပြည်ပြည်ဆိုင်ရာနဲ့ ပူးပေါင်းဆောင် ရွက်ဖို့ ငါ မျှော်လင့်ပါတယ်”
အခန်းထဲမှ လေထုမှာ သာယာနေပေသည်။
ခဏအကြာမှာတော့...
တံခါးအပြင်ဘက်တွင် လှုပ်ရှားမှု့တွေ့ ရှိ လာခဲ့သည်။တင်းဝိန် ချက်ချင်း ထရပ်ပြီး တံခါးကို ကိုယ်တိုင်ဖွင့်လိုက်ကာ အံ့အားသင့် စွာနဲ့ ပြောလိုက်သည်။
" အဖေ ရောက်လာပြီလား.."
ပီချင်းယွန်က ပြုံးပြီး ပြန်ဖြေလိုက်၏။
“ကောင်လေး မင်း ငါ့ဆီကို စာသုံးစောင် ဆက်တိုက်ပို့တယ်.. ငါ အမြန်လာရမှာပေါ့”
တင်းဝိန်က ပြုံးပြီး သူ့ခေါင်းကို ကုတ်လိုက် သည်။
“အဖေ မိတ်ဆက်ပေးပါရစေ ..ဒီတစ် ယောက်က Universal က လျူယောင်ပါ ကျွန်တော့်ရဲ့ အကောင်းဆုံး မိတ်ဆွေလည်း ဖြစ်ပါတယ်..”
“ဦးလေးအကြောင်း ..တင်းဝိန်ပြောတာကို ကျွန်တော် အကြိမ်ပေါင်းများစွာ ကြားခဲ့ ရ ပါတယ် ဒီနေ့ ဦးလေးနဲ့ ပထမဆုံးတွေ့ရတာ အရမ်း ပျော်ပါတယ်ခဗျ...”
ပီချင်းယွန်က အသက်ကြီးတဲ့ လူတစ် ယောက်ရဲ့ ပုံပန်းသဏ္ဍာန်မျိုး မရှိသလို ပုံ မှန် တခမ်းတနားလည်း မရှိပေ။ သူ့မျက် နှာက နွေးထွေးပြီး ကြင်နာတဲ့ အပြုံးတစ်ခု ရှိနေသည်။
“မစ္စတာလျူ ..ကျွန်တော် စီးပွားရေး အ ကြောင်း ပြောဖို့ ဒီကို လာတာပါ ..ကျေးဇူး ပြုပြီး ကျွန်တော့်ကို ဥက္ကဌပီလို့ ခေါ်ပါ ဒါမှ ပိုပြီး အခမ်းအနားဆန်တာပေါ....”
နှစ်ယောက်သား ပျော်ရွှင်စွာ လက်ဆွဲနှုတ် ဆက်လိုက်ကြသည်။
ပြီးနောက် လျူယောင်က လီချန်လဲ့ကို မိတ် ဆက်ပေးပြီး ပီချင်းယွန်ကလည်း သူ့နဲ့အတူ လိုက်ပါလာတဲ့ အလယ်အလတ်အရွယ် အ မျိုးသားတစ်ဦးကို မိတ်ဆက်ပေးလိုက် သည်။
"ရန်ထောင် " ဒီလူက ချင်းယွမ် အပြည်ပြည် ဆိုင်ရာရဲ့ ဒုဥက္ကဌဖြစ်ပြီး ချပ်ပြားလုပ်ငန်း ကို တာဝန်ယူထား၏။ ချပ်ပြားဒီဇိုင်း၊ ဖန် တီးမှု့နဲ့ ထုတ်လုပ်မှု့တွင်လည်း ပါဝင်ပြီး ပီ ချင်းယွန်ရဲ့ ဘယ်လက်ရုံးနဲ့ ညာလက်ရုံး တွေထဲက တစ်ယောက်လည်း ဖြစ်သည်။
လူတိုင်း ထိုင်လိုက်ကြ၏။
တင်းဝိန်က ရုတ်တရက် စားပွဲထိုးအဖြစ် ပြောင်းလဲသွားပြီး ဝိုင်ပုလင်းတစ်လုံးကို ယူလိုက်ကာ ဖွင့်လိုက်သည်။ပြီးနောက် လူ တိုင်းအတွက် ဝိုင် လောင်းထည့်ပေးလိုက် သည်။
ပီချင်းယွန်က ဝိုင်ခွက်ကို မြှောက်လိုက်ပြီး ပြောလိုက်၏။
“မစ္စတာလျူ..ဒီနေ့ ကျွန်တော်တို့ စီးပွားရေး အကြောင်း မပြောကြသေးဘူး သောက်ပြီး စကားပြောကြရုံပဲ.. ကျွန်တော် မနက်ဖန်မှ လာရောက်တွေ့ဆုံပါ့မယ်..ပြီးမှ စီးပွားရေး အကြောင်း ထိုင်ပြီး ပြောကြတာပေါ့..”
လျူယောင်က ပျော်ရွှင်စွာ ပြန်ဖြေလိုက် သည်။
ဥက္ကဌပီ လာရောက်တွေ့ဆုံတာ အရမ်းယဉ် ကျေးတယ်လို့ မပြောရဲပါဘူး.. ကျွန်တော် မနက်ဖန် ဆိုဖာကို သန့်ရှင်းထားပြီး လာတာ ကို စောင့်နေပါ့မယ်...”
ပီချင်းယွန် အားရပါးရ ရယ်လိုက်၏။
လေထုက နွေးထွေးနေပြီး ပီချင်းယွန်က ပူး ပေါင်းဆောင်ရွက်မှု့အကြောင်း ဘာမှ မပြော ဘဲ စကားပြောကာ ပင်လယ်စာ စားနေ သည်။
နှစ်ပေါင်းများစွာ ကြာပြီဖြစ်တဲ့ မိတ်ဆွေ ဟောင်းတွေလိုပါပဲ.နှစ်ဖက်စလုံးက အလွန် စကားပြောကောင်းနေကြပြီး ပြောစရာ ကိစ္စတွေ အဆုံးမရှိသလို ဖြစ်နေသည်။
တင်းဝိန်က တိတ်တိတ်လေး အံ့ဩနေ၏။
သူ ခဏကြာတော့ သူ့အဖေကို ကြည့် လိုက် ပြီး လျူယောင်ကို ကြည့်လိုက်သည်။သူတို့ ပထမဆုံးအကြိမ် တွေ့တာတောင် ဘာလို့ ပြောစရာတွေ အများကြီး ရှိနေလဲဆိုတာကို သူ တွေးနေသည်။
ညစာက နှစ်နာရီ ကြာမြင့်ခဲ့သည်။
“ကျွန်တော်တို့ ဟိုတယ်ကို အရင်ပြန်ပြီး နားကြတော့မယ်.. မနက်ဖန် ကိုးနာရီ အချိန်မှီ Universal တာဝါကို လာခဲ့ပါ့မယ်”
ပီချင်းယွန်က နူတ်ဆက်ကာ ပြောလိုက်၏။
လျူယောင်လည်း ထရပ်ပြီး ပြန်ဖို့ ပြင်လိုက် သည်။
“ဥက္ကဌပီ ခင်ဗျား ရောက်လာတာကို ကျွန် တော် မျှော်လင့်နေပါတယ်...”
လူတိုင်းက တစ်ယောက်ပြီးတစ်ယောက် ထ ရပ်ပြီး အခန်းကနေ ထွက်ခွာကြကာ ချူကျိ ပင်လယ်စာ စားသောက်ဆိုင်ကနေ ထွက် လာကြသည်။ စားသောက်ဆိုင်ရဲ့ အဝင်ဝမှ ာတော့ ဇိမ်ခံကားများစွာ ရပ်ထား၏။
ဥပမာ- လျူယောင်ရဲ့ Maybach တင်းဝိန်ရဲ့ စူပါကားနဲ့ ပီချင်းယွန်လည်း ဖန့်တွန်နဲ့ လာ ခဲ့တာဖြစ်လို့ ဘေးနားမှာ အတူတူ ရပ် ထားကြသည်။
ချူကျိ ပင်လယ်စာ စားသောက်ဆိုင်က အ ဆင့်မြင့်တဲ့ ပင်လယ်စာ စားသောက်ဆိုင် ဖြစ်လို့ ဒီကို လာစားတဲ့လူတွေက စီးပွားရေး အင်အားနဲ့ အဆင့်အတန်း နည်းနည်း ရှိ ကြပေသည်။
ဒါပေမဲ့ သူတို့က ဒီဇိမ်ခံကားတွေကို မြင်တဲ့ အခါ တချို့လူတွေက ရပ်ပြီး ကြည့်နေကြ ကာ စားသောက်ဆိုင်တံခါးဝမှာ လူတွေ အ များကြီး ရှိနေတာကြောင့် အတော်လေး အ သက်ဝင်နေပေသည်။
လျူယောင်၊ ပီချင်းယွန်နဲ့ တခြားလူတွေက ချူကျိ ပင်လယ်စာ စားသောက်ဆိုင်ကနေ ထွက်လာပြီး သူတို့ရဲ့ ကားတွေပေါ် တက်ဖို့ ပြင်ဆင်နေချိန်မှာ စိတ်အားထက်သန်စွာနဲ့ လက်ဆွဲနှုတ်ဆက်လိုက်ကြသည်။
“မစ္စတာလျူ ကျွန်တော် မနက်ဖန် လာခဲ့ ပါ့မယ် ပူးပေါင်းဆောင်ရွက်မှု့အကြောင်း ကောင်းကောင်း ပြောကြတာပေါ့...”
“ဥက္ကဌပီ ရောက်လာတာကို ကြိုဆိုပါ တယ် ဗျာ.. မနက်ဖန်မှ ထိုင်ပြီး ကောင်းကောင်း ပြောကြတာပေါ့...”
နှစ်ယောက်သား ထပ်မံ လက်ဆွဲနှုတ်ဆက် ခဲ့ကြသည်။
ဒီလို လှုပ်ရှားမှု့တွေက စားသောက်ဆိုင်ရဲ့ အဝင်ဝမှ လူအများအပြားရဲ့ အာရုံစိုက်မှု့ကို ဆွဲဆောင်နေခဲ့သည်။
လူတစ်ယောက်က လျူယောင်ကို သိသွား ၏။
“ဝိုး..အဲ့ဒါ Universal က သူဋေး လျူ ယောင်ပဲ.. သူလည်း ဒီမှာ လာစားတာပဲ...”
“ကြည့် လျူယောင်နဲ့ လက်ဆွဲနှုတ်ဆက် နေတဲ့လူက ချင်းယွမ် အပြည်ပြည်ဆိုင်ရာရဲ့ ဥက္ကဌ ပီချင်းယွန် ဖြစ်ပုံရတယ်..”
“ကျွန်မရဲ့ ဘုရားသခင် တစ်ချိန်တည်းမှာ အကြီးအကဲနှစ်ယောက်ကို တွေ့ရတာ ကျွ န်မ အရမ်း ကံကောင်းတာပဲ”
…
ဒီ အကြီးအကဲ နှစ်ယောက်ကို သိလိုက်တော့ လူများစွာက အံ့အားသင့်ကာ စိတ်လှုပ်ရှား ပြီး ပျော်ရွှင်နေကြသည်။ အုပ်စုလိုက် ဓာတ် ပုံရိုက်ဖို့ လာချင်တဲ့ စိတ်ကူးလည်း ရှိပေမဲ့ ဘယ်သူမှ ဒီလိုလုပ်ဖို့ သတ္တိမရှိခဲ့ကြပေ။
လူတိုင်းရဲ့ အံ့အားသင့်ပြီး စိတ်လှုပ်ရှား နေ တဲ့ မျက်လုံးအောက်မှာ လျူယောင်၊ ပီချင်း ယွန်နဲ့ တခြားလူတွေဟာ ကားထဲကို အသီး သီး ဝင်လာကြပြီး ဇိမ်ခံကားအချို့က ထွက် ခွာသွားကာ ခဏအကြာမှာတော့ လူအများ ရဲ့ မြင်ကွင်းမှ ပျောက်ကွယ်သွားပေသည်။
……
နောက်တစ်နေ့...
Universal က ပီချင်းယွန်နဲ့ သူ့ရဲ့အဖွဲ့ ရောက် လာတာကို စောင့်ဆိုင်းဖို့အတွက် အဆင်သင့် ပြင်ထား၏။ဟူဂျွန်းရှီကလည်း Universal အဆောက် အအုံရဲ့ အဝင်ဝကို ရောက်နှင့် နေပြီး Universal ရဲ့ချပ်ပြား ထုတ်လုပ်ရေး အကြီးတန်း အမှု့ဆောင်အချို့ကို ဦးဆောင် လာကာ ကြိုဆိုခဲ့ကြသည်။
မကြာခင်မှာပဲ ဇိမ်ခံကားအချို့ ပါဝင်တဲ့ ယာဉ်တန်းက Universal တာဝါရဲ့ အဝင်ဝ ကို ရောက်လာပြီး လူဆယ်ယောက်လောက် ကားပေါ်မှ ဆင်းလာကြကာ သူတို့က ပီချင်း ယွန်နဲ့ တခြားသူတွေပဲ ဖြစ်သည်။
“ဒါရိုက်တာပီ ကြိုဆိုပါတယ်.. ကျွန်တော်က Universal ချပ်ပြားငှာနက ဟူဂျွန်းရှီပါ...”
“အိုး..မစ္စတာဟူ မင်္ဂလာပါ..”
နှစ်ယောက်သား နွေးနွေးထွေးထွေးလက်ဆွဲ နှုတ်ဆက်လိုက်ကြသည်။ ဟူဂျွန်းရှီရဲ့ နွေး ထွေးတဲ့ ဖိတ်ခေါ်မှု့အောက်မှာ လူတိုင်းက Universal တာဝါထဲကို ဝင်လာကြ၏။
universal ချပ်ပြားဌာနဲ့ရဲ့ ရုံးချုပ်က အ ဆောက် အအုံရဲ့ ၉၁ ထပ်မှာ ရှိနေတာ ကြောင့် လူတိုင်းက ဓာတ်လှေကားနှစ်စီးနဲ့ ဒီအထပ်ကို ရောက်ရှိလာကြသည်။
ကုမ္ပဏီရဲ့ အဝင်ဝမှာ လျူယောင်က လူ အနည်းငယ်ကို ဦးဆောင်ကာ ကြိုဆိုဖို့ အ ဆင်သင့်ရှိနေသည်။
“ဥက္ကဌပီ ကြိုဆိုပါတယ်ခဗျာ..”
“ဥက္ကဌလျူ ယဉ်ကျေးစရာ မလိုပါဘူး..”
နှစ်ယောက်သား လက်ဆွဲနှုတ်ဆက်လိုက် ကြ၏။ပီချင်းယွန်က သူ့နဲ့အတူပါလာတဲ့ လူ တွေကို လျူယောင်နဲ့ တစ်ယောက်ချင်းစီ မိတ်ဆက်ပေးပြီး ဒီလူတွေကလည်း ရှေ့ကို တိုးလာကာ လျူယောင်နဲ့ တစ်ယောက် ချင်းစီ လက်ဆွဲနှုတ်ဆက်ကြသည်။
လျူယောင်ကလည်း သူ့ရဲ့လူတွေကို ပီချင်း ယွန်နဲ့ မိတ်ဆက်ပေးပြီးနောက် လူတိုင်းကို ဧည့်ခန်းမထဲ ဖိတ်ခေါ်လိုက်သည်။
ဧည့်ခန်းမကြီးတွင် လက်ဖက်ရည်ပူ၊ ကော်ဖီ ပူ၊ အဆာပြေစားစရာ၊ သရေစာ၊ အသီးအနှံ စသဖြင့် အစတည်းက လျူယောင် ပြင် ဆင်ထား၏။
ဂုဏ်သရေရှိ ဧည့်သည်တွေ ဧည့်ခန်းထဲမှာ ထိုင်လိုက်ကြကာ လျူယောင်နဲ့ ပီချင်းယွန် က အလယ်မှာဖြစ်ပြီး ဟူဂျွန်းရှီနဲ့ရန်ထောင် က သူတို့ဘေးမှာ ရှိနေကြသည်။
လူတိုင်း ထိုင်ပြီးနောက် ပျော်ရွှင်စွာနဲ့ အေး အေး ဆေးဆေး စကားပြောကြကာ တ ဖြည်းဖြည်း အဓိကအချက်ကို ရောက်လာ ကြ သည်။
ပီချင်းယွန်က ပျော်ရွှင်စွာ ပြောလိုက်၏။
“မစ္စတာလျူက ချပ်ပြားထုတ်လုပ်တဲ့ နယ် ပယ်ကို ဝင်လာတယ်ဆိုတာကို ကြားတော့ ကျွန်တော် အရမ်း ပျော်မိတယ်..အဲ့ဒါက ကျွန်တော့်ရဲ့ ကိုယ်ပေါ်က ဖိအားတွေကို လျော့သွားတာပဲ…”