← Chapters

ကယ်တင်ရှင်

Vol. 29 Ch. 389

ကယ်တင်ရှင်

Vol. 29 Ch. 389

ပီချင်းယွန် ပြောပြီးတဲ့အခါ ချင်းယွင် အင် တာနေရှင်နယ်မှ လူများ သဘောတူ ခေါင်း ညိတ်လိုက်ကြသည်။ သူတို့ကလည်း ပိတ် ဆို့ခံရပြီး လည်ပင်းညှစ်ခံထားရတဲ့ အခြေ အနေကို ပြင်းပြင်းထန်ထန် ခံစားရဖူးသည်။

ခုတော့ အဆင်ပြေသွား၏။

ကမ္ဘာ့အဆင့်မီ ချပ်ပြားထုတ်လုပ်ရေး ကုမ္ပဏီ ပေါ်ပေါက်လာပြီး ၅ နာနိုမီတာနှင့် ၈ နာနိုမီတာ စက်နှစ်လုံးပါဝင်လာခြင်းက ချင်း ယွင် အင်တာနေရှင်နယ်ရဲ့ အိပ်မက်ပဲ ဖြစ် သည်။

ချင်းယွင်အင်တာနေရှင်နယ်မှ လူတိုင်း လိုလို ပင် မျှော်လင့်ချက်အပြည့်ဖြင့် ရှိနေကြ သည်။

လျူယောင် အနည်းငယ် အချက်ပြလိုက် တာနဲ့ ဟူဂျွန်းရှီ နားလည်သွား၏။ သူက အသင့်ရှိနေသည်။

Universal ရဲ့ မိတ်ဆက်ပစ္စည်းများကို ပရို ဂျက်တာသုံးပြီး စလိုက်များပုံစံဖြင့် လူတိုင်း ရှေ့တွင် ပြသလိုက်သည်။

ဟူဂျွန်းရှီကိုယ်တိုင် ချပ်ပြားထုတ်တဲ့ စက်ကို ဓာတ်ပုံနဲ့စာသားများဖြင့် လူတိုင်းအား မိတ် ဆက်ပေးနေသည်။ ဧည့်ခန်းမ တစ်ခုလုံး တိတ်ဆိတ်နေပြီး ဟူဂျွန်းရှီရဲ့ အသံသာ ထွက်ပေါ်နေကာ လူတိုင်းက အာရုံစိုက်၍ သေချာနားထောင်နေကြသည်။

မိတ်ဆက်တာကို နားထောင်ပြီးနောက် ချင်း ယွင် အင်တာနေရှင်နယ်မှ လူများရဲ့ မျက်နှာ ပေါ်မှ မျှော်လင့်ချက်များ ပိုမို ထင်ရှား လာ သည်။

ပီချင်းယွန်က ဝမ်းသာအားရ ပြောလိုက် သည်။

"ကျွန်တော်ဘယ်လောက်ကံကောင်းသလဲ အရေးကြီးတဲ့အချိန်မှာ Universal ကချပ်ပြ ားထုတ်လုပ်တဲ့ စက်ရုံပေါ်လာတယ်ဗျာ.."

ဒါက ကယ်တင်ရှင်တစ်ယောက် ပေါ်ပေါက် လာခြင်းပဲ ဖြစ်၏။

Universal ကော်ပိုရေးရှင်းက ချင်းယွင် အင် တာနေရှင်နယ်လို ချပ်ပြားလိုအပ်နေတဲ့ ကုမ္ပဏီတွေရဲ့ ကယ်တင်ရှင်ပဲ ဖြစ်သည်။

ပီချင်းယွန်က ဆက်ပြီး ပြောလိုက်သည်။

"၅ နာနိုမီတာနဲ့ ၈ နာနိုမီတာ စက်တွေ ရှိတာ ကြောင့် ဒါက ကျွန်တော်တို့ ဒီဇိုင်းထုတ် ထားတဲ့ ချပ်ပြားအားလုံးကို Universal မှာ ထုတ်လုပ်နိုင်ပါတယ်"

"မစ္စတာလျူ ..ကျွန်တော်တို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှု့အကြောင်း ဆွေးနွေး ကြရင် ဘယ်လိုလဲ..."

လျူယောင် ချက်ချင်း သဘောတူလိုက်ကာ ပြောလိုက်သည်။

"ပြဿနာမရှိပါဘူး..ကျွန်တော် ကြိုဆိုပါ တယ်"

နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်မှု့ အ သေးစိတ်အချက်အလက်များကို စတင် ဆွေးနွေးလိုက်ကြသည်။ လုပ်ငန်းစဉ် တစ်ခုလုံး မှာ အလွန်ချောမွေ့နေပေသည်။

တစ်ရက်အတွင်းပဲ အသေးစိတ် အချက်အ လက်အားလုံးနီးပါးကို အခြေခံအားဖြင့် ဆွေးနွေးညှိနှိုင်းနိုင်ခဲ့သည်။

ချင်းယွင် အင်တာနေရှင်နယ်က ဒီဇိုင်းနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် တာဝန်ယူပြီး Universal က ချပ်ပြားများ ထုတ်လုပ်မူ့အ တွက် တာဝန်ယူခဲ့သည်။

လုပ်ငန်းခွဲဝေမှု့က ရှင်းလင်းပြတ်သားပြီး နက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှု့ပဲ ဖြစ် သည်။

ပီချင်းယွန် အပါအဝင် ချင်းယွင် အင်တာ နေရှင်နယ်မှ လူများသည် ညှိနှိုင်းမှု ချောမွေ့ စွာ ပြီးဆုံးသွားတာကို မြင်တဲ့အခါ အားလုံး စိတ်သက်သာရာရသွားပြီး သူတို့ရဲ့ စိတ်ဖိစီး မှု့လည်း အများကြီး လျော့နည်းသွားသည်။

Universal မှ ပညာရှင်များရော..

ဟူဂျွန်းရှီ အပါအဝင် သူတို့အားလုံး တိတ် တဆိတ် ပျော်ရွှင်နေကြတာ သေချာပေ သည်။ ဒါက ကြီးမားတဲ့ လုပ်ငန်းကြီးပဲ ဖြစ်၏။ ဟွမ်ဟွမ်းနဲ့ ချင်းယွင် အင်တာ နေရှင်နယ်တို့ ပူးပေါင်းဆောင်ရွက်ခြင်းက တစ်နှစ်ကို ဝင်ငွေ ဘီလျံနဲ့ချီ ဝင်ရောက် လာတော့မည်လေ။

အဲ့ဒါက ဘီလျံများစွာ ပမာဏပင်။

လူတိုင်း မပျော်ရွှင်ဖို့ဆိုတာက မဖြစ်နိုင်ပေ။

ချင်းယွင် အင်တာနေရှင်နယ်က နှစ်စဉ် ဒေါ် လာ ဘီလျံရာပေါင်းများစွာတန်ဖိုးရှိ ချပ်များ ကို တင်သွင်းပြီး နောက်လမှစကာ တင်သွင်း မှု့ကို တဖြည်းဖြည်း လျှော့ချသွားမှာပဲ ဖြစ် ၏။ လိုအပ်တဲ့ ချပ်ပြားများကို ချင်းယွင် အင်တာနေရှင်နယ်က ဒီဇိုင်းဆွဲပြီး တီထွင် ကာ Universal က ထုတ်လုပ်မှု့အတွက် တာ ဝန်ယူမှာပဲ ဖြစ်သည်။

အရာအားလုံးက အခြေခံအားဖြင့် ပြီးစီး သွားခဲ့သည်။

ကျန်နေတာက တရားဝင်စာချုပ်ချုပ်ဆိုခြင်း ပဲဖြစ်သည်။

ပီချင်းယွန် အကြံပြုလိုက်သည်။

"မစ္စတာလျူ..မနက်ဖြန် မစ္စတာရဲ့ စက်ရုံ အမှတ် (1) ကို သွားလည်ကြမယ်လေ.. နေ့ လယ်ကျမှ တရားဝင် ပူးပေါင်းဆောင်ရွက်မှု့ စာချုပ်ချုပ်တာ ပေါ့ ဘယ်လိုလဲ.."

"ပြဿနာမရှိပါဘူး..."

"ဒီအဆိုပြုချက် ကောင်းပါတယ် ကျွန်တော် တို့ မနက်ဖန် စီစဉ်ပေးပါ့မယ် ...ဒါက ပြဿ နာမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်"

လျူယောင် သဘောတူကာ ပြန်ဖြေလိုက် ၏။

နောက်တစ်နေ့တွင်...

ပီချင်းယွန်တို့အဖွဲ့မှာ စက်ရုံအမှတ် ( ၁) သို့ ရောက် လာကြသည်။ ဧက ၃၀၀ မှ ၄၀၀ အ ထိ ကျယ်ဝန်းတဲ့ စက်ရုံကြီးက အခြေခံအ ားဖြင့် ပြီးစီးနေပြီပဲဖြစ်သည်။ အတွင်းကို ဝင်လိုက်တာနဲ့ ခံစားရတာက ခေတ်မှီပြီး အဆင့်မြင့် နည်းပညာစက်ရုံတစ်ခုလိုပင် ဖြစ်နေသည်။

စက်ရုံက သန့်ရှင်းပြီး လှပနေသည်။

လျူယောင် ကိုယ်တိုင်ပင် အလွန်စိတ် ကျေ နပ်မှု့ ခံစားရသည်။

စက်ရုံဧရိယာကို ပတ်ကြည့်ပြီးနောက် လူ တိုင်းက ချပ်ပြားထုတ်လုပ်ရေး အလုပ်ရုံထဲ သို့ ဝင်ရောက်လာကြသည်။

သူတို့အားလုံး အဝတ်အစားလဲပြီး လေဖြင့် အညစ်အကြေးဖယ်ရှားခြင်းနဲ့ ဖုန်မှုန့်ကင်းစ င်သည့် လုပ်ငန်းစဉ်များကို ဖြတ်သန်းပြီး နောက် လူတိုင်းက နောက်ဆုံးတွင် အလုပ်ရုံ ထဲသို ရောက်လာကြ၏။

ထုတ်လုပ်မှု့နေရာတွင် အထူးပြု စက်ကိရိ ယာ အများအပြား ရှိနေသည်။ အရေးအ ကြီးဆုံးက ၅ နာနိုမီတာ လစ်သိုဂရက် ဖီစက် ပဲ ဖြစ်သည်။

လူတစ်စုက စက်တစ်လုံးဆီ လျှောက် သွားကြသည်။

လူအများအပြားက စိတ်လှုပ်ရှားစွာဖြင့် ကြည့်ကာ ဒါဟာ သူတို့ရဲ့ လည်ပင်းကို ညှစ်ထားတဲ့အရာ ဖြစ်တယ်လို့ စိတ်ထဲမှာ တွေးနေကြသည်။

ပီချင်းယွန်က စိတ်ခံစားမှုအပြည့်ဖြင့် လစ် သိုဂရက်ဖီစက်ကို လက်နဲ့ပင် လှမ်းကိုင် ကြည့်သည်။

လူတိုင်းရဲ့ အမူအရာကို သတိပြုမိသွားတဲ့ လျူယောင် နှစ်သိမ့်ပေးလိုက်သည်။

"အခုတော့ အားလုံး ပြီးသွားပါပြီ.. ချပ်ပြား နယ်ပယ်မှာ တခြားသူတွေရဲ့ လည်ပင်းညှစ် တာ ခံရတဲ့နေ့ရက်တွေ ပျောက်ကွယ်သွား ပါပြီဗျာ.."

"ဟုတ်တယ် မစ္စတာလျူပြောတာ မှန်တယ်"

" ဖြောင်း..ဖြောင်း..ဖြောင်း.."

ပီချင်းယွန်က လုံးဝသဘောတူပြီး ပျော်ရွှင် စွာ လက်ခုပ်တီးသူထဲမှာ ပထမဆုံးပဲ ဖြစ်၏ ။ ပူနွေးတဲ့ လက်ခုပ်သံတွေဟာ ကြာ ရှည်စွာ ထွက်ပေါ် လာပေသည်။

နေ့လယ်ပိုင်းတွင် နှစ်ဖက်စလုံးက တရားဝင် ပူးပေါင်းဆောင်ရွက်မှု့ စာချုပ်ကို လက်မှတ် ရေးထိုးလိုက်ကြသည်။

ချင်းယွင် အင်တာနေရှင်နယ်က ချပ်ပြား အားလုံးကို Universal အား အိုအီးအမ်ပုံစံ ထုတ်လုပ်ရန် လွှဲပြောင်းပေးခဲ့သည်။

နှစ်ဖက်စလုံး ပူးပေါင်းဆောင်ရွက်မှု့က အလွန် ကျေနပ်စရာ ကောင်းလှသည်။

.....

နောက်တစ်နေ့တွင်...

ချင်းယွင် အင်တာနေရှင်နယ်က သတင်း စာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး ချပ်ပြား အားလုံးကို Universal က ထုတ်လုပ်မှာ ဖြစ်ကြောင်း တရားဝင် ကြေညာခဲ့သည်။

ပိတ်ဆို့ခံရပြီး လည်ပင်းညှစ်ခံရတဲ့ နေ့ရက် များမှာထာဝရ ပျောက်ကွယ်သွားပြီ ဖြစ် ကြောင်းကိုလည်း တရားဝင် ကြေညာလိုက် သည်။

သတင်းစာရှင်းလင်းပွဲ စတင်တာနဲ့ ချက် ချင်းပဲ ဒီသတင်းက ထိပ်တန်း သတင်း အ ချက်အလက်အဖြစ် အရာရောက်သွားပြီး မီဒီယာများစွာက အပြင်းအထန် ရေးသား ဖော်ပြကြသည်။

သတင်းဖော်ပြချက်ရဲ့ အကြောင်းအရာက ပျော်ရွှင်မှုတွေနဲ့ ပြည့်နေပြီး ဒီအချက်မှာ ရှားရှားပါးပါး စည်းလုံးညီညွတ်မှု့တစ်ခုလို ဖြစ်ပေါ်နေ၏။

"အလွန်ကောင်းတယ် Universal က ချပ် ပြားထုတ်လုပ်တာ အရမ်းကောင်းတယ် လက်မတစ်စုံတောင် ထောင်ပြလိုက်ချင် တယ်ကွာ.."

"ဒါက စိတ်အချရဆုံးပဲ M နိုင်ငံက လူအချို့ က ဒေါသထွက်ပြီး သွေးအန်နိုင်တယ်.."

လျူယောင်က ရုံးခန်းကြီးထဲမှာ ထိုင်နေရင်း ဒီကဏ္ဍနဲ့ပတ်သက်တဲ့ သတင်းများကို လှန် လှောကြည့်နေရာ သူ့ရဲ့ စိတ်ခံစားချက်က ကောင်းမွန်နေသည်။

M နိုင်ငံက နိုင်ငံထဲမှ အဆင့်မြင့် နည်းပညာ ကုမ္ပဏီအချို့ကို ချမှတ်ထားတဲ့ ပိတ်ဆို့မှု့ တွေကို ဖျက်သိမ်းနိုင်ရုံသာမက Universal ကလည်း နာမည်ကောင်း ရရှိခဲ့သည်။

အဓိကအချက်ကတော့ Universal က ချပ် ပြားထုတ်လုပ်တာကို အော်ဒါအမြောက် အ မြား ရရှိလာမှာပဲဖြစ်သည်။ ဒီဖြစ်ရပ်ပြီး နောက် ပြည်တွင်းကုမ္ပဏီအချို့က သူတို့ ဆီကို တစ်ခုပြီးတစ်ခု ရောက်ရှိလာနိုင် တယ်လို့ လျူယောင် ခန့်မှန်းမိသည်။

......

ပစိဖိတ်သမုဒ္ဒရာပေါ်တွင်...

ဘလူးဝေးလ်နှင့် ရှီဝမ်တို့က အတူတူ ရွက် လွှင့်နေကြသည်။ငါးရက်အတွင်း သူတို့က ဟွာဟိုင်းမြို့သို့ ရောက်မှာဖြစ်ပြီး သတ္တု အပိုင်းအစ တန်ချိန် ၅၀,၀၀၀ မှ ၆၀,၀၀၀ ခန့်ကို သယ်ဆောင်လာကြသည်။

နှစ်ရက် သုံးရက်ဆက်တိုက် ခရီးစဉ်ဟာ အ လွန်ချောမွေ့ နေပေသည်။ ပင်လယ်ကတော့ အခြေခံအားဖြင့် ငြိမ်သက်နေပြီး ရာသီဥတု ကလည်း အလွန်ကောင်းမွန်နေသည်။

ဒါပေမဲ့ ကပ္ပတိန်ရမ်ဇီကွမ်းက ဒီနှစ်ရက် အ တွင်း အနည်းငယ် စိတ်မသက်မသာ ခံစား နေရသည်။ သူ့ရဲ့ ဆဌမအာရုံက တစ်ခုခု ဖြစ်ပျက်တော့မှာကို ပြောပြနေသလိုပင်။

ယခုတစ်ကြိမ်တွင် သူက စွမ်းအင်အပြည့် ဖြင့် ရှိနေပြီး အနည်းငယ်မျှပင် ပေါ့ဆရဲခြင်း မရှိပေ။

ကပ္ပတိန်ရမ်ဇီကွမ်းက မှန်ပြင်ကနေ အဆုံးမဲ့ ပင်လယ်ပြင်ကို ကြည့်လိုက်ပြီး စိတ်နှလုံးထဲ ကနေ ဆုတောင်းလိုက်သည်။

"ဘုရားသခင် ..ကျွန်တော်တို့ကို ကောင်းချီး ပေးတော်မူပါ.. ကျွန်တော်တို့ ငါးရက် အ တွင်း ဟွာဟိုင်းမြို့ကို ပြန်ရောက် တော့မှာပါ ဆိပ်ကမ်းကို ချောမွေ့စွာ ရောက်ရှိနိုင်မယ်လို့ မျှော်လင့်ပါတယ်.."

ဘလူးဝေးလ်ရဲ့ အမြင့်ဆုံး စောင့်ကြည့် မျှော်စင်ပေါ်တွင် သင်္ဘောသားနှစ်ဦး ရှိနေ သည်။ကပ္ပတိန်ရမ်ဇိကွမ်းက ပင်လယ်ပြင် ပေါ်က လှုပ်ရှားမှုတွေကို သတိထားဖို့ သူတို့အား အထူး မှာကြားထားသည်။

" လောင်ကျုူး ဘာကောင်မှတောင် မတွေ့ ဘူးကွာ..စီးကရက်သောက်ရအောင်.."

သင်္ဘောသားတစ်ဦးက အိတ်ထဲကနေ စီးက ရက်တစ်ထုပ်ကို ယူပြီး သူနဲ့အတူရှိနေတဲ့ အခြားသင်္ဘောသားတစ်ဦးကို ပစ်ပေးလိုက် သည်။

သူတို့နှစ်ဦးက စီးကရက်တစ်လိပ်စီ ဖွာရင်း စကား ပြောနေကြသည်။

"ဒီအလုပ်က နည်းနည်းတော့ ပျင်းဖို့ ကောင်းတယ်ကွာ ..ကပ္ပတိန်က နည်းနည်း အစိုးရိမ်လွန်နေတာ မဟုတ်ဘူးလား.."

နောက်ထပ်တစ်ဦးက စီးကရက်ကို တစ်ဖွာ ရိူက်ရင်း ပြောလိုက်၏။

"သတိထားတာ မမှားပါဘူး..ကျွန်တော် ခဏနေမှ နားလိုက်မယ် ခင်ဗျား အခု ခဏနားလိုက်"

"ကောင်းပြီ ကျွန်တော်လဲ စောင့်ရတာ နည်း နည်းပင်ပန်းနေပြီ..."

မိနစ်အနည်းငယ်ကြာတဲ့အထိ သူတို့နှစ်ဦး စီးကရက်သောက်နေကြသည်။ ကပ္ပတိန်က အဝေးကပင်လယ်ကို မှန်ပြောင်းနဲ့ ကြည့် နေပြီး နောက်တစ်ဦးက သူ့အလှည့်မှာ နားနေသည်။

"လောင်ကျူး ဘာမှ မတွေ့သေးဘူးလား.."

"အင်း ဘာမှ မရှိပါဘူး..ပင်လယ်ပြင်က ညိမ် နေတုန်းပဲ အဝေးမှာ ကွန်တိန်နာ သင်္ဘော တစ်စီးပဲ ရွက်လွှင့်နေတယ်.."

"ကပ္ပတိန်က အရမ်းကို ဂရုစိုက်လွန်း တယ် ကွာ.. အခု ငါ တို့က နိုင်ငံတကာ ရေပိုင်နက် ထဲ ရောက်နေပြီ ဘာမှဖြစ်လာမှာ မဟုတ်တဲ့ ဟာကို... "

မကြာခင်မှာပဲ...

မှန်ပြောင်းနဲ့ ကြည့်နေတဲ့ လောင်ကျူးက တ စ်ခုခုကို တွေ့လိုက်ရသလိုမျိုး သူ့မျက်နှာ အ မူအရာက အနည်းငယ် ပြောင်းလဲသွား၏။

All Chapters