E နိုင်ငံရဲ့ စစ်သင်္ဘော
Vol. 29 Ch. 390
"...ကြည့်ရတာ..."
"ဒီဘက်ကို လာနေတဲ့ စစ်သင်္ဘော တစ်စင်းရှိ ပြီး တစ်စင်းတည်းမဟုတ်ဘူး နှစ်စင်းတော င် ဟ...."
"သူတို့က မြန်လည်း မြန်တယ် "
"ငါတို့ဆီ လာနေတာလား..."
ဒီအခြေအနေကိုမြင်တော့ ထိုသင်္ဘောသားရဲ့ နှလုံးသားက ရပ်တန့်လုနီးပါး ဖြစ်သွားရ သည်။
နောက်ထပ် သင်္ဘောသားတစ်ဦးက တစ်ခု ခုကို သတိပြုမိသွားပုံရပြီး အလျင်အမြန် မေးလိုက်သည်။
"လောင်ကျူး တစ်ခုခု မှားနေတာလား..."
လောင်ကျူးက တွေဝေစွာ ပြန်ဖြေလိုက်၏။
"မင်း ကိုယ်တိုင်လာကြည့်လိုက်.."
ထိုသင်္ဘောသားက မှန်ပြောင်းကိုယူပြီး လော င်ကျူး ညွှန်ပြတဲ့ဘက်ကို ကြည့်လိုက်ရာ သူ့ မျက်နှာအမူအရာ အနည်းငယ် ပြောင်းသွား ကာ ပြောလိုက်သည်။
"ဟျောင် ငါတို့ဆီ လာနေပုံရတယ် မင်းဆက် ကြည့်နေ... ငါ ကပ္ပတိန်ကို ချက်ချင်း သ တင်းပို့လိုက်မယ်.."
သူ စကားမဆုံးခင်မှာပဲ လှေကားအတိုင်း ပြေးဆင်းလာသည်။ ကပ္ပတိန်အခန်းထဲ အ လျင်အမြန်ပြေးဝင်လာပြီး ကျယ် လောင်စွာ သူ အော်ပြောလိုက်သည်။
"ကပ္ပတိန်.. ကျွန်တော်တို့ဆီကို စစ်သင်္ဘော နှစ်စင်း အရှိန်နဲ့ ချဉ်းကပ်လာနေပါတယ်.."
ကပ္ပတိန်ရမ်ဇိကွမ်းရဲ့ မျက်ခုံးတွေ တွန့်သွား ၏။ သူ စိုးရိမ်နေတာတွေ တကယ်ဖြစ် တော့ မလားလို့ စိတ်ထဲကနေ တွေးမိသည်။
အချိန်မဆွဲတော့ဘဲ မှန်ပြောင်းကိုယူကာ သူ ပြေးထွက်လာသည်။ အတော်မြင့်တဲ့ နေရာ ကို ရောက်တာနဲ့ မှန်ပြောင်းဖြင့် ကပ္ပတိန် ရမ်ဇီကွမ်း ကြည့်လိုက်၏။ တကယ်ပဲ စစ် သင်္ဘောနှစ်စင်း အရှိန်နဲ့ ဒီဘက်ကို လာနေ သည်။
ရန်လိုတဲ့ အရှိန်အဟုန်ကို အဝေးကြီး ကနေတောင် ခံစားနေရသည်။ဒီလိုပုံစံနဲ့ လာတဲ့သူဟာ မိတ်ဆွေတော့ မဟုတ်နိုင်ပေ။
ကပ္ပတိန်ရမ်ဇိကွမ်း ချက်ခြင်းပဲ ကျယ် လောင်စွာ အော်ပြောလိုက်၏။
"သင်္ဘောတစ်စီးလုံးကို အချက်ပေး ကျွဲချို မူတ်ပြီး . ရှီဝမ် ကိုလည်း သတင်းပို့လိုက်.."
" ဘော် ..ဘော်..ဘော်.."
သင်္ဘောပေါ်မှ ထက်ရှပြီး နားဝင်ဆိုးတဲ့ အချက် ပေးသံများ ထွက်ပေါ်လာသည်။
မကြာခင်မှာပဲ ဘလူးဝေးလ်ရဲ့ ပထမ အရာ ရှိနဲ့ အင်ဂျင်နီယာချုပ်တို့ အပြေးအလွှား ရောက်လာကြပြီး မေးလိုက်သည်။
"ကပ္ပတိန်..ဘာဖြစ်တာလဲ"
ကပ္ပတိန်ရမ်ဇိကွမ်းက လေးနက်စွာ ပြန် ဖြေလိုက်၏။
" စစ်သင်္ဘောနှစ်စင်း ငါတို့ဆီကို အရှိန်နဲ့ လာနေတယ် သူတို့ ရိုးသားပုံမရဘူး..."
ဒါကိုကြားတော့ ပထမအရာရှိရဲ့ မျက်နှာက စိုးရိမ်ပူပန်မှု့တွေ ပြည့်နှက်လာသည်။
အင်ဂျင်နီယာချုပ်ကတော့ မျှော်လင့်ချက် လေး ရှိနေသေးသည်။
"ကပ္ပတိန် ကျွန်တော်တို့ဆီ လာတာ ဖြစ်ချင် မှ ဖြစ်မှာပါ ပြီးတော့ ကျွန်တော်တို့က ဥပ ဒေနဲ့ မလွတ် ကင်းတာ ဘာ တစ်ခုမှ မလုပ်ထားပါဘူး"
ကပ္ပတိန်ရမ်ဇိကွမ်းက ခေါင်းညိတ်ပြီး ဖြည်း ဖြည်းချင်း ပြောလိုက်သည်။
"မမေ့နဲ့..ဒီတစ်ခေါက် ငါတို့က သတ္တုအပိုင်း အစ တန်ချိန် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ အထိ ဆယ်ယူခဲ့တာကို လူတစ်ချို့ မနာလိုတာ ဖြစ်နိုင်တယ်.."
"သတ္တုအပိုင်းအစတွေလား.."
အချို့နိုင်ငံတွေက မနာလိုဖြစ်တာကြောင့် ဆင်ခြေတစ်ခုရှာပြီး သင်္ဘောကို ဖမ်းဆီး တာ ဖြစ်နိုင်လောက်သည်။
နိုင်ငံတကာဥပဒေဆိုတာကတော့ ပြက်လုံး တစ်ခုပါပဲ။ အဓိက အကျိုးစီးပွား ကိုရင် ဆိုင်တဲ့အခါ ဘယ်သူက အင်အားပိုကြီး သလဲဆိုတာကိုပဲ အာရုံစိုက်ကြသည်။
စစ်သင်္ဘောနှစ်စင်းက ပိုပိုနီးလာနေပြီး သူ တို့ရဲ့ အလံတွေကို မှန်ပြောင်းနဲ့ ရှင်းရှင်း လင်းလင်း မြင်နေရသည်။
ဒါက E နိုင်ငံရေတပ်ရဲ့ အလံပဲ ဖြစ်၏။
ပင်လယ်ထဲမှာ ဘလူးဝေးလ်နဲ့ မဝေးတဲ့ ရေ အောက်မီတာအနည်းငယ်အကွာမှာ ဧရာမ ပုံရိပ်ကြီးတစ်ခုက ဘလူးဝေးလ်နဲ့ ရှီဝမ်တို့ နောက်က နေလိုက်ပါလာသည်။
ဒီဧရာမ ပုံရိပ်က လိပ်ကြီးပဲ ဖြစ်၏။
သတ္တုအပိုင်းအစ တန်ချိန် ၅၀,၀၀၀ ကနေ ၆၀,၀၀၀ သယ်လာတာကို တစ်ယောက် ယောက် မနာလိုဖြစ်မှာ စိုးရိမ်တာကြောင့် သေချာစေရန် လိပ်ကြီးကို သင်္ဘောအား လိုက်စောင့်ရှောက်ရန် လျူယောင်စေလွှတ် ခဲ့တာပဲ ဖြစ်သည်။
လိပ်ကြီးရဲ့ အမြင်အာရုံက ကောင်းတာ ကြောင့် အဝေးကနေ ချဉ်းကပ်လာတဲ့ စစ် သင်္ဘောနှစ်စင်းကို မြင်နေရသည်။
လိပ်ကြီးက အခြေအနေကို လျူယောင်ဆီ ချက်ခြင်း သတင်းပို့လိုက်သည်။
"ဟေး သခင် စစ်သင်္ဘောနှစ်စင်းက ဘလူး ဝေးလ်နဲ့ ရှီဝမ်ဆီကို အရှိန်နဲ့ လာနေတယ် ဘာတွေဖြစ်နေလဲ ကြည့်ပါဦး..."
ဒီအချိန်တွင် လျူယောင်က သူ့ရုံးခန်းထဲ မှာရှိနေပြီး နောက်လမှာ စတင်မယ့် ချပ် ပြားထုတ်လုပ်ရေးစက်ရုံကြီးနှစ်ခုအကြောင်း စဉ်းစားနေသည်။ သူ့ရဲ့ အတွေးများကို လိပ်ကြီးရဲ့ အသံက ဖြတ်တောက် လိုက် သည်။
"ဘာ စစ်သင်္ဘောနှစ်စင်းက ဘလူးဝေးလ်နဲ့ ရှီဝမ်ဆီကို အရှိန်နဲ့ ချဉ်းကပ်လာနေတာ လား "
တတိယအမြင်ကို လျူယောင် ချက်ခြင်း ဖွင့်လိုက်ပြီး အခြေအနေကို လျင်မြန်စွာ ရှင်းရှင်း လင်းလင်း မြင်လိုက်ရ၏။ ပင် လယ်ပြင်မှာ စစ်သင်္ဘောနှစ်စင်း အရှိန်နဲ့ လာနေတာ တကယ်ပဲ ဖြစ်ပြီး အရှိန်က ၃၅ နူန်းထက် ကျော်လွန်နေသည်။
"ဒီလို မြန်နှုန်းမြင့်တဲ့ အရှိန်မျိုး... "
လျူယောင် ထိတ်လန့်သွား၏။ ဒီလို အရှိန် နှုန်းက လုံးဝ မလွဲမသွေပဲ ထိတိလန့်စရာ ကောင်းလှသည်။သာမန် စစ်သင်္ဘောရဲ့ အ မြင့်ဆုံး အရှိန်က ၃၅ နူန်းဝန်းကျင်ပဲ ရှိတာ ကြောင့် ဒီစစ်သင်္ဘောနှစ်စင်းက အမြင့်ဆုံး အရှိန်ကို ရောက်နေပုံရသည်။
"ဟမ်.."
စစ်သင်္ဘောနှစ်စင်းရဲ့ မော်ဒယ်တွေနဲ့ လွှင့်ထူ ထားတဲ့ နိုင်ငံအလံတွေကို မြင်လိုက်ရတော့ လျူယောင် အံ့ဩသွားသည်။
"ဒါက E နိုင်ငံရဲ့ ရေတပ်အလံပဲ ဘယ်တွေ ဖြစ်နေတာလဲ"
လျူယောင်ရဲ့ ခန့်မှန်းချက်တွင် "ဒါက M နိုင်ငံ ရေတပ် ဖြစ်သင့်ပြီး E နိုင်ငံရေတပ်က ဘယ်လိုဖြစ်နေတာလဲ.. "
ဒါက နည်းနည်းတော့ စိတ်ရှုပ်စရာ ကောင်း နေသည်။
သံနက် ကုမ္ပဏီက M နိုင်ငံပိုင်ဖြစ်၏။
လွန်ခဲ့တဲ့ ရက်အနည်းငယ်က သူတို့ဟာ ပင် လယ် ကြမ်းပြင်ကနေ သတ္တုအပိုင်း အစ တွေကို အလျင်စလို ဆယ်ယူခဲ့ကြပေမယ့် အဲဒီသတ္တုအပိုင်းအစတွေကို ပြန်သယ် ဆောင်နိုင်ခဲ့ခြင်း မရှိကြပေ။
"ဒီသတ္တုအပိုင်းအစတွေက သူတို့ကို မနာ လိုဆုံး ဖြစ်မှာ သေချာပြီး လိုက်ဖမ်းဖို့ ဆုံး ဖြတ်ခဲ့ရင်လည်း.. M နိုင်ငံရဲ့ လူတွေ ဖြစ် သင့်တာကို ..ဘာလို့ E နိုင်ငံ ရေတပ်က ဖြစ် နေတာလဲ..."
"E နိုင်ငံရေတပ်ရဲ့ ဒီစစ်သင်္ဘောနှစ်စင်းက ဒီနေရာကို ဖြတ်သွားတာရော ဖြစ်နိုင်သ လား... "
သို့သော် ခဏအကြာမှာပဲ ဒီထင်ကြေး ပေး မှု့ကို လျူယောင် ငြင်းဆိုလိုက်သည်။ဒီ လူ တွေက ဖြတ်သွားတာမဟုတ်ပဲ သတ္တုအပို င်းအစတွေအတွက် လာတာပဲ ဖြစ်လိမ့်မည်။
သူတို့က ဘလူးဝေးလ်နဲ့ ရှီဝမ်တို့ဆီ ပိုမို နီး ကပ်လာ၏။ အကွာအဝေးက ရေမိုင် တစ် မိုင်လောက်ပဲ ကျန်တော့သည်။ သူတို့ရဲ့ အရှိန်ကို မလျှော့ဘဲ ဆက်လက် ချဉ်းကပ် လာနေသည်။
"ဟဟ.."
"E နိုင်ငံကတောင် လာပြီး လောဘကြီး နေ တာပဲ သူတို့လည်း ဒီသတ္တုအပိုင်း အစ တွေကို မနာလိုဖြစ်နေတာလား .."
" အင်း ဖြစ်နိုင်လောက်တယ်... "
ဒါမှမဟုတ် M နိုင်ငံရဲ့ တိတ်တဆိတ် လှုံ့ ဆော်မှုလည်း ဖြစ်နိုင်၏။ E နိုင်ငံက ကမ္ဘာ မှာ M နိုင်ငံရဲ့ ညီလေးအဖြစ် ကိုယ့်ကိုယ် ကိုယ် အမြဲ သတ်မှတ်ထားပြီး နှစ်နိုင်ငံက အတူတူနီးပါးပင် ဖြစ်သည်လေ။
ဥပမာ ဒီစစ်သင်္ဘောနှစ်စင်းက M နိုင်ငံရဲ့ အရမ်းအဆင့်မြင့်တဲ့ ဒုံးပျံဖျက်သင်္ဘောများ ဖြစ်ပြီး တစ်စင်းကို ဒေါ်လာ ၁.၅ ဘီလျံ ကျော် ကုန်ကျပေသည်။ M နိုင်ငံက အလွန်န ည်းပါးတဲ့ နိုင်ငံအနည်းငယ်ကိုသာ အဲ့ဒါတွေ ကို တင်ပို့ထားသည်။
"အမလေးဗျာ.."
"ဒီလို အဆင့်မြင့် စစ်သင်္ဘောနှစ်စင်းကို တစ် ခါတည်း စေလွှတ်လိုက်တာ အကုန်အကျ များလိုက်တာကွာ..."
"အိုး..သခင်ရေ ကျွန်တော် ရေငုပ် သင်္ဘော တစ်စင်းကိုလည်း တွေ့တယ်.."
လိပ်ကြီးရဲ့ အသံက လျူယောင်ရဲ့ စိတ်ထဲ တွင်ထပ်ထွက်လာပြီး ရုတ်တရက် သူ အ နည်းငယ် လန့်သွားသည်။ စစ်သင်္ဘော နှစ် စင်းအပြင် တကယ်ပဲ ရေငုပ်သင်္ဘော တစ် စင်းလည်း ရှိနေသည်။
တတိယအမြင်ကို သုံးပြီး ရေအောက်မှာ ပုန်းအောင်းနေကာ ဖြည်းဖြည်းချင်း ရွက် လွှင့်နေတဲ့ ရေငုပ်သင်္ဘောကိုလည်း လျူ ယောင် လျင်မြန်စွာ မြင်လိုက်ရသည်။
လျူယောင် မှတ်မိလိုက်၏။ ဒါက M နိုင်ငံမှ သမားရိုးကျ စွမ်းအင်သုံး ရေငုပ်သင်္ဘော ဖြစ်ပြီး အတော်လေး ခေတ်မှီတဲ့ မော်ဒယ်ပဲ ဖြစ်၏။
ဒီအချိန်မှာတော့ လျူယောင် အပြည့်အဝ နားလည်သွားခဲ့သည်။E နိုင်ငံ ရေတပ်က အပေါ်ယံပဲ ရှိနေကာ ညီလေးရဲ့ အခန်းက ဏ္ဍကနေ ကစားနေတာဖြစ်ပြီး သူတို့က Universal ရဲ့ သင်္ဘောနှစ်စင်းကို အပေါ်ယံ မှာ ဖမ်းဆီးမည်။ ဆင်ခြေအတွက်တော့ သူ တို့ ကြိုတင် စဉ်းစားထားပြီး ဖြစ်မှာ သေချာပေသည်။
ရေအောက်မှာ ပုန်းအောင်းနေတာက M နိုင်ငံရဲ့ လူတွေ ဖြစ်ပြီး E နိုင်ငံရေတပ်ရဲ့ စစ်သင်္ဘောနှစ်စင်းကို ရေအောက်ကနေ လိုက်ပါစောင့်ရှောက်နေသည်။
"သခင်ရေ သူတို့မှာ စစ်သင်္ဘောနှစ်စင်းနဲ့ ရေငုပ်သင်္ဘောတစ်စင်း ရှိတယ် ကျွန်တော် အဲ့ဒီရေငုပ်သင်္ဘောကို အရင်နစ်ပစ်လိုက်ရ မလား.."
လျူယောင် သတိပေးလိုက်၏။
"မလောနဲ့..ဒီလူတွေ ဘာလုပ်ချင်လဲဆိုတာ ကြည့်ရအောင်"
လိပ်ကြီးက အလျင်စလို လုပ်ဆောင်ခြင်း မရှိဘဲ ရေအောက်မှာ တိတ်တိတ်လေး နေ ကာ ဘလူးဝေးလ်ရဲ့ နောက်ကနေ တိတ် တိတ်လေး လိုက်ပါသွားသည်။
ပင်လယ်ရေပြင်ပေါ်တွင်...
သူတို့ရဲ့ မြန်နှုန်းအားသာချက်ကို အသုံးပြု ပြီး စစ်သင်္ဘောနှစ်စင်းက နောက်ဆုံးမှာ ဝန်းရံခြင်းကို အဆုံး သတ်နိုင်ခဲ့သည်။ ဘ လူးဝေးလ်နဲ့ ရှီဝမ်ကို သူတို့က အလယ်မှာ ညှပ်ထားကြသည်။
အထူးသဖြင့် ဘလူးဝေးလ်နဲ့ မီတာ ၁၀၀ အ ကွာတွင် စစ်သင်္ဘောတစ်စင်း ရှိနေသည်။ ဘလူးဝေးလ်ပေါ်မှ မှန်ပြောင်းမလိုဘဲနဲ့ တောင် စစ်သင်္ဘောရဲ့ အခြေအနေကို ရှင်း ရှင်းလင်းလင်း မြင်နေရသည်။
"ကပ္ပတိန် ကျွန်တော်တို့ ဘာလုပ်ရမလဲ.."
" ကျွန်တော်တို့ အဖမ်း ခံရတော့မှာလား.."
ကပ္ပတိန်ရမ်ဇိကွမ်းက ပို စိတ်ငြိမ်သွားပြီး ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"အားလုံး မကြောက်ကြနဲ့.. စိတ်မပူကြနဲ့ ငါ တို့ရဲ့ လေ့ကျင့်ရေးအစီအစဉ်အတိုင်း ကိုယ့် နေရာကိုယ်ယူကြ.."
သင်္ဘောသားများကို စိတ်သက်သာရာ ရ စေပြီးနောက် ကပ္ပတိန်ရမ်ဇီကွမ်းက ဂြိုလ် တုဖုန်းကို ယူကာ အခြေအနေကို လျူယော င်ဆီ ချက်ချင်း သတင်းပို့လိုက်သည်။
"သူဋေး ကျွန်တော်တို့ အကြီးအကျယ် ဒုက္ခ ရောက်နေပါပြီ ဘလူးဝေးလ်နဲ့ ရှီဝမ်ကို E နိုင်ငံရဲ့ စစ်သင်္ဘောနှစ်စင်းက ဖမ်းဆီးလိုက် ပါပြီ.. သူတို့က ကျွန်တော်တို့ရဲ့ သင်္ဘောကို သိမ်းထားချင်ပုံရပါတယ်..."