ဘုရင်မျိုးနွယ်စု
Vol. 45 Ch. 655
....
ခမ်းနားလွန်းသော လေသင်္ဘောကြီး တစ်စင်းသည် သဘာဝနိယာမများကို ဆန့်ကျင်နေသည့်နှယ် အရှိန်အဟုန်ပြင်းစွာဖြင့် တိမ်တိုက်များကြား တိုးဝှေ့ ပျံသန်းလျက်ရှိသည်။
ထိုသင်္ဘောပေါ်တွင် အထက်ကမ္ဘာရှိ မျိုးနွယ်စုကြီးများကပင် ပိုင်ဆိုင်ခွင့်ရရန် အိပ်မက် မက်ယူရသော အဖိုးတန်ပစ္စည်းများအား တင်ဆောင်ထားလေသည်။
လေသင်္ဘောသည် လျှောက်သွားနေသော ကုန်သည်အစည်းအရုံး ဌာနခွဲ တစ်ခုနှင့် တူညီနေခဲ့ပြီး ၎င်းတွင်ပါရှိသည့် ပစ္စည်းများအား ကာကွယ်ရန်အတွက် လုံခြုံရေး အစောင့် များစွာ ချထားလေ၏။
ထိုမျှ များပြားသော လုံခြုံရေးများပြွတ်သိပ်နေသည့်ကြားမှပင် တစ်စုံတစ်ဦးသည် မည်သူမျှ သတိမထားမိအောင် အတွင်းဘက်အခန်းများသို့ ခိုးဝင်နိုင်ခဲ့သည်။
လေသင်္ဘောအတွင်းရှိ အစေခံတစ်ဦး၏ အခန်းတစ်ခန်းတစ်ခုအတွင်း၌ သတ်လတ်ပိုင်းအရွယ် အမျိုးသား တစ်ဦးသည် မြေပြင်ပေါ်၌ လဲလျောင်းလျက်သားရှိနေခဲ့၏။
သူ၏ ခြေနှင့်လက်များ ကို ကြိုးများဖြင့် ချည်နှောင်ထားသည်။
အော်ဟစ်ကာ အကူအညီ မတောင်းနိုင်စေရန်အတွက်လည်း သူ၏ ပါးစပ်ကိုပင် ပိတ် သေးသည်။
ထို့ပြင် အာရန်သည် အပြင်မှ စစ်ဆေးမှုများ မပြုလုပ်နိုင်ရန်အတွက် ထိုအစေခံတည်ရှိရာ အခန်းအား ပုံစံကွက်ငယ်တစ်ခု ဖန်တီး၍ပင် ကန့်သတ်ထားခဲ့၏။
ထိုအစေခံမှ ထိုသို့ ချုပ်နှောင်ခြင်းခံထားရချိန်တွင် ကျူးကျော်သူ အာရန်မှာမူ ခုတင် ပေါ်၌ သက်တောင့်သက်သာ ထိုင်နေသည်။
အစေခံအမျိုးသားသည် မျက်ရည်များ ဝဲနေပုံရပြီး သူ၏ အသက် အတွက် အနည်းငယ် စိုးရွံ့ နေပုံလည်းရလေသည်။
သူသည် ဤအခန်းထဲသို့ ပြန်ဝင်လာသည့် အချိန်ခဏ၌ပင် ထိုကျူးကျော်သူ၏ အလစ်အငိုက်တိုက်ခိုက်ခြင်းကို ခံခဲ့ရ၏။
သူသည် တစ်ချက်ပင် မခုခံနိုင်ခဲ့ဘဲ ချက်ချင်း မေ့လဲ သွားခဲ့ရသည်။
‘သူ ငါ့ကို သတ်တော့မှာလား မသိဘူး။ ငါ မသေချင်သေးဘူး.... ငါ သေရင် ငါ့ရဲ့ ဇနီးသည် ခုနစ်ယောက် ကို ဘယ်သူက ရှာကျွေးမှာလဲ’
ထိုသူ၏ အကြီးမားဆုံး ကြောက်ရွံ့မှု မှာ သူ၏ အသက်ပင် ဖြစ်လေသည်။
ကျူးကျော်သူ၏ အခြားသော ရည်ရွယ်ချက်များကို သူ ဂရုမစိုက်ပေ။
ထိုကျူးကျော်သူမှ ဤလေသင်္ဘောပေါ်ရှိ တစ်စုံတစ်ရာ ခိုးယူရန် ကျိုးစားမည်ဆိုလျှင်ပင် သူ့အနေနှင့် လုံးဝ ဂရုစိုက်မည် မဟုတ်ပေ။
သူသည် အသက်ရှင်သန်ရေးကိုသာ ပို၍ အလိုရှိနေခဲ့၏။
သို့သော် သူ့အတွက် ကံကောင်းသည်ဟုဆိုရမည်။
အဘယ်ကြောင့်ဆိုသော် ထိုကျူးကျော်သူသည် သူ၏ အသက် ကို နုတ်ယူရန် အစကတည်းက ရည်ရွယ်ချက် ရှိပုံ မရပေ။
ထိုကျုးကျော်သူသည် မည်သည့်အရာကိုမျှ စိုးရိမ်နေဟန်မရဘဲ ခုတင် ပေါ်၌ သက်တောင့်သက်သာ ဝင်လှဲ၍ ဝိုင်တစ်ခွက်ကို အရသာခံ သောက်နေခဲ့၏။
“မင်း အသက်ရှင်ချင်တယ်မလား”
အာရန်သည် ထိုအစေခံအား မေးလိုက်ရာ ထိုအစေခံသည် ထပ်ခါတလဲလဲ ခေါင်းပြန်ညိတ်ပြနေ၏။
“ငါ မင်းကို အသက်ရှင်ဖို့ အခွင့်အရေး တစ်ခု ထပ်ပေးတဲ့အနေနဲ့ မင်းရဲ့ ပါးစပ် ကို ခုပဲ ပြန်ဖွင့်ပေးမယ်။ တကယ်လို့ မင်းသာ အော်ဟစ်အကူအညီတောင်းခံဖို့ ကြိုးစားရင် တော့ မင်းရဲ့အသံ လည်ချောင်းထဲက မထွက်နိုင်ခင်မှာပဲ မင်းသေရလိမ့်မယ်။ မင်း ဒီလို အကျိုးမရှိတဲ့ အရာမျိုး ကို လုပ်မှာမဟုတ်ဘူးလို့တော့ ငါ ယုံကြည်ချင်တယ်။ ဖြစ်တယ်မလား...”
အာရန်သည် လက်ထဲရှိ ဝိုင်ခွက် ကို ဘေးဖယ်ထားလိုက်ပြီး သူ၏ လက်တစ်ဖက်ကို ဝှေ့ယမ်းလိုက်သည်။
ထိုအခါ အစေခံ ၏ ပါးစပ်ပေါက် ပတ်လည်၌ ချည်နှောင်ထားသော အဝတ်စ သည် မမြင်နိုင်သော အင်အားတစ်ခု၏ သက်ရောက်မှုကြောင့် ပျက်ပျယ်သွားခဲ့သည်။
အစေခံသည် သူ၏ ပါးစပ်ပေါက်ပြန်လွပ်လပ်သွားသည်နှင့် ချောင်းအထပ်ထပ် ဆိုးလိုက်မိ၏။
“ငါ... ငါ တကယ်ပဲ သေတော့မယ်လို့ ထင်ထားခဲ့တာ”
ထိုလူသည် အသက်ခပ်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးမှသာ ပြန်လည်အဆင်ပြေသွားခဲ့သည်။
ရုတ်တရက် အော်ဟစ်အကူအညီတောင်းရန် စိတ်ကူးတစ်ခု သူ၏ အတွေးထဲ၌ တစ်ချက် ဖြတ်ပြေးသွားခဲ့သော်လည်း ထိုအတွေးကို အကောင်အထည်ဖော်ရန်တော့ မကြိုးစားခဲ့ပေ။
သူသည် ထိုကျုးကျော်သူ ၏ သတိပေးချက်များ နောက်ကွယ်ရှိ အမှန်တရားကို စမ်းသပ်ကြည့်ရှုရန် မစွန့်စားလိုခဲ့ချေ။
“ခင်ဗျား ကျုပ်ဆီက ဘာလိုချင်တာလဲ” ထိုလူသည် စိတ်တည်ငြိမ်မှု ပြန်ရပြီးနောက် သူ၏ရှေ့ရှိ ကျုးကျော်သူလူငယ်အား မေးလိုက်သည်။
“ခင်ဗျား သင်္ဘော ပေါ်ကနေ တစ်စုံတစ်ရာကို ခိုးယူဖို့ ကျုပ်ကို ကူညီစေချင်တယ်ဆိုရင်တော့ ခင်ဗျား လူရွေးမှား သွားပြီလို့ပြောရမယ်။ ရတနာတွေက သင်္ဘောရဲ့ အတွင်းနက်နက်မှာ သိုလှောင်ထားတာဖြစ်ပြီး နတ်ဘုရားတစ်ပိုင်းအဆင့်တွေ ကိုတောင် ထိခိုက် စေနိုင်တဲ့ ပုံစံကွက် အကာအကွယ်လွှာတွေနဲ့ ဝန်းရံထားတယ်”
“ရတနာတွေကို ဒီလောက်တောင်မှ အကာအကွယ်လွှာအထပ်ထပ်နဲ့ ကာကွယ်ထားရသလား...။ ငါ ဒီ ကုန်သည်အစည်းအရုံး ရဲ့ ဧည့်သည်တော်ကို အထင်သေးမိခဲ့ပုံပဲ”
အာရန် သည် သူ့ကိုယ်သူ အင်အားကြီးမားသူ တစ်ဦး၏ လေသင်္ဘောပေါ်၌ လမ်းကြုံလိုက်လာခဲ့မိကြောင်း သိထားခဲ့သော်လည်း ထိုမျှ အကာအကွယ်အထပ်ထပ် လိုအပ်သော အရာများကို ဤသင်္ဘော၌ သယ်ဆောင်ထားမည်ဟုတော့ သူ့အနေနှင့် မမျှော်လင့်မိခဲ့ပေ။
“မင်း စိတ်ပူစရာ မလိုပါဘူး။ ငါက မင်းတို့ရဲ့ ရတနာတွေကို စိတ်မဝင်စားသေးပါဘူး၊ ဒီလို ကာကွယ်မှု အထပ်ထပ်အောက်မှာ ရှိနေရင်တော့ ပိုလို့တောင် စိတ်မဝင်စားဘူး။ ငါ့ရည်ရွယ်ချက်က အစောပိုင်းမြို့နဲ့ အတော်ဝေးဝေးနေရာတစ်ခုအထိ လိုက်ပါခွင့်ရရင် လုံလောက်ပါပြီ။”
“ခင်ဗျား... ခင်ဗျားက သင်္ဘောကို လမ်းကြုံလိုက်စီးချင်လို့ ဒီအထဲထိ ခိုးဝင် လာခဲ့တာလား”
သတ်လတ်ပိုင်းအရွယ် အမျိုးသား သည် အာရန်အား ထူးဆန်းစွာ ကြည့်လိုက်သည်။ သူသည် ဖြစ်နိုင်ချေ အများအပြားကို စဉ်းစားခဲ့ပြီးဖြစ်၏။
သူသည် ဤလူစိမ်း၏ ရည်ရွယ်ချက်ကို အဘယ်အရာဖြစ်နိုင်မည်နည်းဟုပင် မျိုးစုံ ခန့်မှန်းကြည့်ခဲ့ပြီး ဖြစ်နေသော်လည်း ယခုကဲ့သို့ သာမန်လမ်းကြုံလိုက်ရုံ သက်သက်ဖြစ်လိမ့််မည်ဟုတော့ ဘယ်သောအခါမှ မမျှော်လင့်ထားခဲ့ပေ။
ထိုကျူးကျော်သူသည် နောက်တစ်မြို့ သို့ လိုက်ပါ လိုသောကြောင့် ရတနာများ အပြည့်သယ်ဆောင်လာသည့် လုံခြုံရေးအပြည့်ဖြင့် ယခုကဲ့သို့ လေသင်္ဘောအတွင်းသို့ ခိုးဝင် ခဲ့သည်တဲ့လား...။
“ခင်ဗျားက ငတုံးတစ်ယောက်လား”
၎င်းက သူ့အနေနှင့် ထိုကျုးကျော်သူအား အမှန်တကယ် ပြောလိုက်ချင်သော စကားဖြစ်နေသော်လည်း လက်တွေ့တွင်မူ ထိုစကားလုံးကို ထုတ်ပြောရဲသည်အထိ သတ္တိတော့ မရှိပေ။
သူသည် ဤစကားများကို စိတ်ကူး ဖြင့်သာ အာရန်အား ပြောလိုက်မိခြင်းဖြစ်လေ၏။
“ဒီ သင်္ဘော ရဲ့ ပိုင်ရှင် က ဘယ်သူလဲဆိုတာကော ခင်ဗျား သိသလား။ ဒါမှမဟုတ် ကျုပ်တို့ ဘယ်ကို သွားနေတာကိုကော....” ဟု အစေခံမှ မေးလိုက်သည်။
“ဒါက ကျုပ် ခင်ဗျားကို မေးချင်နေတဲ့မေးခွန်းပဲလေ။ ခင်ဗျား ပါးစပ် ကို ဖွင့်ပေးခဲ့တာ ဒါပြောဖို့အတွက်လေ....”
အာရန်သည် အစောပိုင်း ဝိုင်ခွက်အား ပြန်ကောက်ယူလိုက်ပြီးနောက် ထိုအစေခံအား ရှင်းပြမှု ကို စတင်ရန် လက်ဟန် ပြလိုက်သည်။
ထိုအချိန်တွင် ပြဿနာ တစ်ခုတော့ ရှိနေခဲ့သည်။
ထိုလူ ပြောပြခဲ့သော အရာများသည် ဤလေသင်္ဘောပေါ်သို့ မတက်မီက အာရန်အနေနှင့် လုံးဝ မမျှော်လင့်မိ ခဲ့သော အရာများ ဖြစ်လေသည်။
သို့သော် သူသာ ကြိုသိနေခဲ့လျှင်ပင် ထိုကဲ့သို့သော အရေးပေါ် အခြေအနေမျိုး၌ ယခုကဲ့သို့ပင် ရွေးချယ်ခဲ့မိပေလိမ့်မည်။
သတ်လတ်ပိုင်းအရွယ် အမျိုးသားသည် အာရန် မမေးမိသော အရာများကိုပင် အလုံးစုံပြန် ပြောပြခဲ့သည်။
သူ၏ အဆိုအရ ဤလေသင်္ဘော သည် ကုန်သည်အစည်းအရုံးဌာနချုပ် နှင့် သက်ဆိုင်နေပြီး လက်ရှိတွင် ကုန်သည်ခေါင်းဆောင်၏ သမီးဖြစ်သူမှ ဦးစီးမောင်းနှင်နေခြင်းဖြစ်လေသည်။
ထိုအထဲတွင် အာရန်အတွက် ခေါင်းအခဲရဆုံးကိစ္စမှာ ထိုလေသင်္ဘော ၏ ဦးတည်ရာနေရာပင် ဖြစ်လေသည်။
သင်္ဘောသည် ကုန်သည်အစည်းအရုံး ၏ ချမ်းသာသော ဖောက်သည်တော် တစ်ဦးထံသို့ ပစ္စည်းများတင်ပို့ရန် သွားနေခြင်းမျိုး မဟုတ်ပေ။
အခြားရှေးဟောင်း မိသားစု တစ်ခုခုထံသို့ သွားနေခြင်းမျိုးပင် မဟုတ်ပေ။
ဤလေသင်္ဘောသွားလိုသည့်နေရာမှာ တစ်နေရာတည်းသာ ရှိလေ၏။
ထိုနေရာသို့ မရောက်မီ ဤလေသင်္ဘောသည်နောက်ထပ် မည်သည့် မြို့ ၌မျှ ထပ်မံရပ်တန့်တော့မည် မဟုတ်ပေ။
အာရန် တက်၍ လိုက်ပါခဲ့သော မြို့သည် ဤ လေသင်္ဘော၏ ခရီးစဥ်၌ နောက်ဆုံး ရပ်တန့်ခဲ့သောမြို့ ဖြစ်နေလေသည်။
“ခုသင်္ဘော က သူ့ပန်းတိုင်ကို မရောက်မချင်း မရပ်တော့ဘူးလို့ ခင်ဗျားက ပြောချင်တာလား”
အာရန်သည် ထိုအရာကို သိလိုက်ရသောအခါ အတော်လေး စိတ်ကသိကအောက် ဖြစ်သွားခဲ့ရသည်။
သူသည် အာကေးဒီးယားမျိုးနွယ်စုမှ တစ်စုံတစ်ဦးအား ငရဲဘုံ၌ သတ်ပစ်ခဲ့ကာ ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ရန် သူ၏ စိတ်ဝိညာဉ်အပိုင်းအစအား ချန်ထားခဲ့လေသည်။
ထိုသူ၏ မှတ်ဉာဏ်များအတွင်းမှ သူ့အနေနှင့် သတင်းအချက်အလက်အတော်များများ ရယူနိုင်ခဲ့၏။
ထိုလူသည် ရှေးဟောင်းမျိုးနွယ်စုတစ်ခုမှ ဖြစ်သောကြောင့် သာမန်လူများ မသိနိုင်သော လျှို့ဝှက်ချက် အတော်များများကို သိနေခဲ့သည်။
ယခု ကုန်သည်အစည်းအရုံး သွားရောက်မည့်နေရာ မှာ အထက်ကမ္ဘာ တစ်ခုလုံး၏ ရန်သူဟုပင် ခေါ်ဆို၍ရနိုင်သည့် မျိုးနွယ်စုတစ်ခုဆီသို့ ဖြစ်သည်။
၎င်းက အထက်ကမ္ဘာ ကို အုပ်စိုးသော အခြားရှေးဟောင်း မျိုးနွယ်စုများနှင့် နှိုင်းယှဉ် နိုင်သောအဆင့်တွင်ရှိနေသော်လည်း အချို့သော ကဏ္ဍများ၌မူ ၎င်းတို့ကပို၍ပင် ကြောက်မက်ဖွယ် ကောင်းနေသေး၏။
ထို မျိုးနွယ်စု တစ်ခုတည်းဖြင့် အထက်ကမ္ဘာ တစ်ခုလုံးအား အုပ်စိုးခဲ့ဖူးသော အချိန်ကာလတစ်ခုပင် ရှိခဲ့ဖူးသည်။
၎င်းတို့အနေဖြင့် အကျဘက်သို့ရောက်လာသည့် ယခုကဲ့သို့ကာလမျိုးတွင် ၎င်းတို့၏ ဩဇာသက်ရောက်မှုများ သိသိသာသာ လျော့ပါး သွားခဲ့သည်။
သို့သော် ၎င်းတို့အား ဘုရင်မျိုးနွယ်စုဟု ယခုအချိန်ထိ အများက ဆက်လက် ခေါ်ဆိုနေရဆဲ ဖြစ်လေသည်။
အတွဲ(၈): ငရဲဘုံ... (End)
#Catfoot