← Chapters

သူမ ငါ့ကို သတ်လိမ့်မယ်

Vol. 45 Ch. 648

သူမ ငါ့ကို သတ်လိမ့်မယ်

Vol. 45 Ch. 648

….

‘သူမမှာ ကိုယ့်ကိုယ်ကိုယ် စိုးရိမ်စိတ် နည်းနည်းလေးတောင် မရှိတော့ဘူးလား။ ဒါမှမဟုတ် သူမက ငါ့ကို တကယ်ပဲ အဲဒီလောက်ထိတောင် ယုံကြည်နေတာလား’ ဟု အာရန်သည် ခေါင်းအုံးတစ်ခုပေါ်၌ ခေါင်းချရင်း တွေးနေလိုက်သည်။

ထရီဆာသည် သူ၏ အနာဂတ်စိတ်ဝိညာဥ်နှင့် ပတ်သတ်၍ တစ်စုံတစ်ရာ သိရှိထားသည့်အပြင် သူ့အား သူမ၏ သားမက်လောင်း အဖြစ် ဆက်လက် သဘောထားဆဲဖြစ်ကာ ယခုတစ်ခါ သူမနှင့်အတူ တစ်အိပ်ရာတည်း အိပ်ခွင့်ကိုပင် ထပ်မံ ခွင့်ပြုထားသည်တဲ့လား....။

သူမအနေနှင့် မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်းအပြည့်အဝရှိသည်ဟု ယုံကြည်မှုရှိနေဟန်ရသော်လည်း အာရန် အတွက်မူ အနည်းငယ် ကိုးရိုးကားယားနိုင်သော ခံစားချက်တစ်ခုကို ဖြစ်ပေါ်နေခဲ့ရ၏။

‘င့ါရဲ့ ယောက္ခထီးလောင်း....’

အာရန် သည် သူ၏ ခေါင်းထဲ၌ မေ့ပျောက်လုနီးပါးဖြစ်နေသော ပထမမူလကြယ်အား တိတ်ဆိတ်စွာ ရေရွတ်လိုက်မိသည်။

‘ခင်ဗျားရဲ့ ဇနီးအပေါ် ကျုပ်မှာ ဘာရည်ရွယ်ချက်မှ တကယ်မရှိခဲ့ပါဘူး။ ဒါကြောင့် ခုလို သူမနဲ့ တစ်အိပ်ရာတည်း အတူအိပ်လိုက်ရတာကိုလည်း ခင်ဗျား တကယ်ပဲ ကျုပ်ကို အပြစ်တင်လို့ မရဘူးနော်’

အာရန်အတွက် မည်မျှငြင်းဆန်နေပါစေ ဤကဲ့သို့ အခြေအနေမျိုးသည် လူ့ကျင့်ဝတ်အရ မှားယွင်း နေသည်ဟု ခံစားနေရဆဲဖြစ်သဖြင့် ထိုကဲ့သို့သော အခြေအနေမျိုးအား ရှောင်ရှားနိုင်ရန် သူ့အနေနှင့် အစွမ်းကုန် ကြိုးစားလုပ်ဆောင်ခဲ့လေသည်။

သို့သော် သူမည်သည့်အမှားအယွင်းမျှ မလုပ်မိပါဘဲ ယခုကဲ့သို့ အခြေအနေမျိုးဖြင့်သာ အဆုံးသတ်သွားခဲ့ရ၏။ ယခု မည်သူကို အပြစ်တင်ရမည်နည်း...။

အမှန်စင်စစ် သူ့အနေနှင့် နှင်းပျိုဖြူနန်းတော်မှ တိတ်တဆိတ် ထွက်ခွာလာခဲ့ရခြင်းသည်ပင် ထရီဆာ ထံမှ ပို၍ ခပ်ဝေးဝေး နေလိုသောကြောင့်လည်း တစ်စိတ်တစ်ပိုင်း ပါဝင်လေသည်။

သို့သော် သူ၏ ကံကြမ္မာသည် အလွန် ဆိုးဝါးလွန်းရကာ သူမနှင့်အတူ ကုတင် တစ်ခုတည်းပေါ်တွင်ပင် ထပ်မံ၍ နီးနီးကပ်ကပ်နေခွင့်ရခဲ့ပြန်လေပြီ...။

‘ငါ ဘယ်လောက်ပဲ ဆိုးဝါးတဲ့အရာတွေ အတိတ်မှာ လုပ်ခဲ့မိပါစေဦးတော့၊ ဒီလို အခြေအနေမျိုးမှာတော့ မရိုးသားတဲ့ ရည်ရွယ်ချက်မျိုး ထားလောက်အောင်ထိတော့ ငါဟာ ကိုယ်ကျင့်တရားမဲ့ တဲ့သူတစ်ဦး မဟုတ်သေးဘူး။ ဒါကြောင့် စိတ်ချလက်ချ အိပ်စက်ပါ င့ါရဲ့ ယောက္ခမလောင်းရေ....’

‘ဒါပေမဲ့ တစ်ခုပြောရရင်....’ ဟု အာရန်တစ်ယောက် ဆက်၍ အတွေးနယ်ချဲ့မိနေခဲ့၏။

‘ငါ့ရဲ့ ယောက္ခထီး လိုက်ဆန်ဒါဟာ ထရီဆာ လို မိန်းမမျိုးကို ပိုင်ဆိုင်ထားခွင့် ရခဲ့တဲ့အတွက် တော်တော် ကံကောင်းတယ်လို့ပြောရမယ်။ သူမက လှရုံတင်မကဘူး ခွန်အား နောက်ခံလည်းအတော်အတန် ကြီးမားတဲ့သူတစ်ဦး ဖြစ်နေတယ်။ ကမ္ဘာမြေက ဘန်းစကားနဲ့ ပြောရမယ်ဆို သကြားမေမေတစ်ယောက် ရှာတွေ့ခဲ့တယ်လို့တောင် တင်စားလို့ရတယ်’

ထရီဆာသည် ပင်ပမ်းလွန်းသဖြင့် အိပ်ပျော်နေနှင့်ပြီဖြစ်သော်လည်း အာရန် ၏ လက်ချောင်းထိပ်များက သူမ၏ နဖူးအား မတော်တဆ ထိမိလိုက်သောအခါ သူမ၏ မျက်ခုံးလေး များသည် အလိုလို တုံ့ပြန်လိုက်သည့်နှယ် အနည်းငယ် ကွေးညွတ်သွားခဲ့၏။

‘ငါ ဘာမှတော့ မလုပ်ရသေးဘူး။ ဒါပေမဲ့ ငါ့ကိုယ်ငါ ရုပ်ရှင်တွေထဲက ဗီလိန် တစ်ယောက်လို တကယ်ခံစားနေရပြီ’

အာရန်သည် သက်ပြင်းတစ်ချက်ချလိုက်ပြီးနောက် ထရီဆာ ၏ မျက်နှာကို ဆက်လက် ကြည့်မနေတော့ဘဲ အပေါ်ဘက် မျက်နှာကျက်ကိုသာ ကြည့်နေရင်း အတွေးနယ်ချဲ့နေလိုက်သည်။

ယခုအာရန်တွင် မရိုးသားသော ရည်ရွယ်ချက် မရှိသော်ငြားလည်း သူသည် ယောက်ျား တစ်ဦး ဖြစ်နေဆဲပင်။

အာရန်သည် အိပ်မပျော်သော ညတစ်ညကို ဖြတ်သန်းရမည်စိုးသောကြောင့် သူမ၏ အလှတရား ကို ထပ်မံ၍ စိုက်ကြည့်နေလိုခြင်းမရှိတော့ချေ။

သူသည် မျက်လုံးများကို မှိတ်ကာ အိပ်ရန် ကြိုးစားလိုက်သော်လည်း သူ၏ စိတ်သည် လွန်စွာ ရှုပ်ထွေးနေပြီး မည်သို့မျှအိပ်၍မရ ဖြစ်နေလေသည်။

အာရန်သည် အပြင်တွင် ခေတ္တခန့် လေကောင်းလေသန့် ထွက်ရှူချင်နေခဲ့သော်လည်း ထရီဆာနှင့် တွဲ၍ ချည်နှောင်ထားသော ကြိုး များက သူ့အား ထိုသို့ လုပ်ဆောင်ရန် ခွင့်မပြုခဲ့ပေ။

ဤ ကြိုးတွင် ထူးဆန်းသော အစွမ်းသတ္တိတစ်မျိုး ရှိနေသောကြောင့် သူ့ကိုယ်သူ လွတ်မြောက်အောင် ပြုလုပ်ရန် မဖြစ်နိုင်ပေ။

ဤကြိုးသည်သည် သူ၏ ရုပ်ခန္ဓာကိုသာမက သူ၏ စိတ်ဝိညာဉ် ကိုပါ ချည်နှောင်ထားသည့်ပုံပင်။

အာရန်အနေဖြင့် ဤကြိုးများမှ လွတ်မြောက်အောင် လုပ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ ထိုကြိုးများကို ဖြတ်တောက်ပြစ်ရန်သာ ဖြစ်လေသည်။

သူ့အနေနှင့် ထိုသို့ လုပ်ဆောင်နိုင်စွမ်းရှိနေသော်လည်း ထိုအခါ ထရီဆာအား နှိုးလိုက်မိသလိုဖြစ်သွားမည်ဖြစ်ကာ ဤကဲ့သို့သော ရတနာပစ္စည်းမျိုးကို ဖျက်ဆီးမိခြင်းအတွက် သူမသည် သူ့အား ပို၍ပင် ဆူပူကြိမ်းမောင်းမည်ပေလိမ့်မည်။

ထိုအခါ သူ့ကိုယ်သူ လွတ်မြောက်အောင် လုပ်ဆောင်ရန် နောက်ထပ် နည်းလမ်းတစ်ခု သာ ရှိတော့သည်။

၎င်းမှာ ထိုကြိုးကို ဖြုတ်နိုင်မည့် တစ်ခုတည်းသော သော့ကို အသုံးပြုရန်ပင်ဖြစ်၏။

ထရီဆာသည် ထိုသော့အား သူမ၏ သိုလှောင်လက်စွပ် အတွင်း၌ သိမ်းဆည်းထားသည်ကို အစောပိုင်းက ရုတ်တရက် မြင်လိုက်မိသော်လည်း ယခုအခါ ထိုသိုလှောင်လက်စွပ်သည် သူမ၏ လက်ချောင်းများတွင် ရှိမနေတော့ပေ။

‘သူမက ငါ သူမရဲ့ လက်စွပ် ကို ခိုးယူလိမ့်မယ်လို့ တကယ်ပဲ သံသယဝင်နေခဲ့တာလား။ သူမက င့ါကို နည်းနည်းတော့ ပိုပြီး သတိထားလွန်းလာသလိုပဲ’

အာရန် သည် သူ၏ လွတ်နေသော အခြားလက်တစ်ဖက်ဖြင့် သူ၏ နဖူးကို ပြန်လည် ပွတ်သပ်လိုက်မိ၏။

ထို့နောက် သူ၏ မျက်လုံးများကို ပြန်ဖွင့်ကာ ထရီဆာအား ပြန်ကြည့်လိုက်သည်။ လက်စွပ် သည် သူမ၏ လက်ချောင်းများတွင် ရှိမနေသော်လည်း သူမ၏ဘေးတစ်နေရာရာ၌ ရှိနေသေးသည်ဟု သူ့အနေနှင့် လုံးဝ ယုံကြည်ထား၏။

သူမ အသုံးပြုခဲ့သော ထိုသိုလှောင်လက်စွပ် သည် အလွန် အဆင့်မြင့်သော ရတနာတစ်ခုဖြစ်ဟန်ရကာ မည်သည့် နည်းနှင့်မျှ အခြားနေရာတစ်ခုသို့ ရောက်သွားစရာအကြောင်းမရှိချေ။

‘ဒေါ်လေးရာ အဲဒီ လက်စွပ် ကို ဘယ်မှာများ ဖွက်ထားတာလဲဟင်’

အာရန်သည် ဤအချိန်လုံး ထရီဆာနှင့်အတူ ရှိနေခဲ့သော်လည်း သူမ လက်စွပ် ကို ချွတ်လိုက်သည့်အချိန်ကို သူပင် သတိမထားခဲ့မိပေ။

သူ သိထားသည့် တစ်ခုတည်းသောအရာမှာ သူတို့ ဤအခန်းထဲသို့ ဝင်ပြီးနောက် သူမ လက်အတွင်းမှ ထိုလက်စွပ်ပျောက်သွားခဲ့ခြင်းသာဖြစ်သည်။

“ကုတင် အောက်မှာများ ကျနေမလား”

အာရန်သည် ဖြစ်နိုင်ခြေအရှိဆုံး အခြေအနေတစ်ခုကို စဉ်းစားလိုက်သည်။

ထရီဆာသည် အာရန်အား သူမနှင့် ဝေးကွာခွင့် မပြုဟု ပြောခဲ့ကာ သူမ၏ နွေးထွေးသော အသက်ရှူလေများသည် သူ၏ ဦးခေါင်းပိုင်းအား အဆက်မပြတ် ထိတွေ့နေခဲ့ကာ သူ့အား ပို၍ပင် နှိပ်စက်သလိုဖြစ်နေသောကြောင့် ဤ နှိပ်စက်မှုအား သူအနေနှင့် ဆက်လက်၍ သည်းမခံနိုင်တော့ပေ။

သူသည် ထရီဆာ အနားသို့ ပိုမိုနီးကပ်စွာ ရွေ့လျားသွားပြီး ထိုသော့ ကို ရှာဖွေရန် သူ၏ လွတ်နေသော လက်များကို အသုံးပြုခဲ့သည်။

သူသည် သူမအား မနှောင့်ယှက်မဖြစ်စေဘဲ သူမ၏ ခေါင်းအုံးအောက်ကို ဦးစွာ ရှာဖွေခဲ့သော်လည်း သိုလှောင်လက်စွပ်သည် ထိုနေရာ၌ ရှိမနေပေ။

ထို့ကြောင့် ၎င်းသည် ထရီဆာ ဘက်ခြမ်းရှိ ကုတင် အောက်၌ ရှိနေသည်ဟု အာရန်အား ပို၍ယူဆသွား စေခဲ့၏။

ထို့နောက် အာရန်သည် သူ၏ လွတ်နေသော လက်တစ်ဖက်ဖြင့် လှမ်းထိရန် ကြိုးစားလိုက်သော်လည်း ကုတင် ၏ အစွန်းတစ်ဖက်သို့ပင် မရောက်နိုင်ခဲ့ပေ။

အာရန်သည် အသက်ပြင်းပြင်းတစ်ချက် ရှူထုတ်လိုက်ပြီးနောက် စိတ်ကို ပိုမို တည်ငြိမ်စေခဲ့သည်။

အာရန်သည် သူ၏ နဂါးလျှာအစွမ်းကို ထရီဆာသတိမထားမိစေရန် အနည်းငယ်အသုံးပြုလိုက်သည်။

ထို‌နောက် ထရီဆာအနားသို့ ပို၍ နီးကပ်စွာ ရွေ့လျားသွားပြီး သူတို့နှစ်ဦးကြား၌ လက်မအနည်းငယ်ခွာနေရန် သေခြာစွာဂရုစိုက်ရင်း သူမ၏ ကိုယ်ပေါ်မှ ဖြေးညင်းစွာ ဖြတ်ကျော်ရန် ကျိုးစားလိုက်သည်။

ထိုသို့ဖြင့် အာရန်သည် ကုတင်၏ တစ်ဖက်အစွန်းသို့ လက်လှမ်းမီနိုင်ခဲ့၏။

အာရန်သည် ထရီဆာ၏ ကိုယ်ပေါ်၌ ရှိနေစဉ် သူသည် အတွေးတစ်ခုတည်းကိုသာ ဆက်လက်တွေးတောနေခဲ့သည်။

‘ဘုရားသခင် စောင်မတော်မူပါ။ ကျေးဇူးပြုပြီး သူမကို မနိုးလာပါစေနဲ့ သူမသာ ခုချိန် ရုတ်တရက် နိုးလာခဲ့ရင် ဒီအခြေအနေကို ဘယ်လို ရှင်းပြရမယ်မှန်း ကျုပ်တကယ် မသိတော့ဘူး’

ထို့နောက် အာရန်သည် သူ၏ လွတ်နေသောလက်တစ်ဖက်ဖြင့် မွေ့ရာ အောက်ဘက်ကို စမ်းကြည့်လိုက်သည်။

သူ၏ လက်ကို ပို၍ လှမ်းလိုက်လေလေ၊ သူ၏ ခန္ဓာကိုယ်သည် ထရီဆာ နှင့် ပို၍ နီးကပ်လာလေဖြစ်နေခဲ့၏။

နောက်ဆုံးတွင် သူမ၏ နှုတ်ခမ်းများသည် အာရန်၏ ပါးတစ်ဖက်အား ထိလုထိခင်အခြေအနေထိပင် ဖြစ်သွားခဲ့သည်။

၎င်းသည် အာရန် အတွက် ပြဿနာတစ်ခု ဖြစ်လေသည်။

အထူးသဖြင့် သူသည်သာ အနည်းငယ် အားစိုက်မိလိုက်ပါက ထိုအမျိုးသမီးသည် အချိန်မရွေး နိုးထလာနိုင်သောကြောင့်ပင်။

သူသည် နဂါးလျှာအစွမ်းကို အသုံးပြုထားခဲ့သော်လည်း ထရီဆာကဲ့သို့ အဆင့်မျိုးအတွက်မူ များစွာသက်ရောက်မှုရှိမည်ဟု မဆိုလိုပေ။

ထိုအချိန် ပို၍ကြီးမားသော နောက်ထပ် ပြဿနာတစ်ခုမှာ ထိုအောက်ဘက်တွင်ပင် သိုလှောင်လက်စွပ်အား ရှာမတွေ့နိုင်ခဲ့ခြင်းပင် ဖြစ်လေ၏။

အနည်းဆုံးတော့ သူ၏ လက်ချောင်းထိပ်များ လက်လှမ်းမီနိုင်သလောက် အကွာအဝေး၌ ထိုအရာသည် ရှိမနေခဲ့ပေ။

သူ့အနေနှင့် ပို၍ နှံ့နှံ့စပ်စပ် ရှာဖွေလိုပါက ထရီဆာအား ကြိမ်းသေနှိုးမိသလို ဖြစ်သွားခဲ့ပေလိမ့်မည်။

‘သိုလှောင်လက်စွပ်က ကုတင် အောက်မှာ မရှိဘူးဆိုရင် သူမ ဘယ်မှာများ ဖွက်ထားတာဖြစ်နိုင်မလဲ’

အာရန် သည် သူ၏ လက်ကို ပြန်ရုပ်သိမ်းရင်း တွေးလိုက်မိသည်။

ထို့နောက် အာရန်သည် နဂိုနေရာသို့ ပြန်လည် ရွှေ့လိုက်သော်လည်း ထရီဆာ ၏ နှုတ်ခမ်းနီရာသည် သူ၏ တစ်ဖက်ပါးပြင်ပေါ်၌ ထင်ကျန်ရစ်နေသည်ကိုမူ သူ့အနေနှင့် သတိမထားမိခဲ့ချေ။

“ကုတင် အောက်မှာလဲမဟုတ်ဘူး၊ ခေါင်းအုံး အောက်မှာလဲ မဟုတ်ဘူးဆိုတော့ သူမကိုယ်ပေါ်မှာပဲ ရှိရမယ်။ ဒါပေမဲ့ သူမဝတ်စုံမှာ အိတ်ကပ်တစ်ခုမှမှ မပါတာ” အာရန်သည် လွတ်နေသော လက်တစ်ဖက်ဖြင့် သူ၏ ဦးခေါင်းအား ပြန်ကုတ်လိုက်၏။

“ဒါပေမဲ့... ဒါကတော့ မဖြစ်နိုင်ဘူး။ ငါ သူမရဲ့ အဝတ်အစားထဲထိပါ သွား ရှာဖွေကြည့်လို့တော့ မဖြစ်သေးဘူး။ သူမ ငါ့ကို တကယ်သတ်လိမ့်မယ် ငါ လက်လျှော့တာပဲကောင်းမယ် ထင်ပါတယ်”

ထို့နောက် အာရန်သည် ထိုစိတ်ကူးအား လက်လျှော့လိုက်ရန်သာ ဆုံးဖြတ်လိုက်တော့၏။

သို့သော် ထိုသို့ ဆုံးဖြတ်ချက်ချရန် ပြင်လိုက်သည့်အချိန်ခဏမှာပင် သူ၏ ရှေ့၌ စနစ်ဆီမှ ရွေးချယ်စရာများ ရုတ်တရက် ပေါ်ထွက်လာခဲ့သည်။

#Catfoot

All Chapters