လက်ပူးလက်ကြပ် မိခြင်း
Vol. 45 Ch. 650
….
“ငါ စွန့်စားကြည့်သင့်လား”
ထိုအချိန်ခဏ၌ အာရန်တစ်ယောက် အတော်လေး စိတ်ရှုပ်ထွေးသွားခဲ့ကာ တိုးတိုးလေး ရေရွတ်လိုက်မိသည်။
ထိုရွေးချယ်စရာ နှစ်ခုစလုံးသည် ထရီဆာ နိုးလာသည်နှင့် အလွန် အန္တရာယ်များသော အခြေအနေအတွင်းသို့ ကျရောက်သွားပေလိမ့်မည်။
ထိုမျှ အထင်အမြင် လွဲမှားမှုမျိုးဖြင့်ဆိုပါက သူ့အနေနှင့် ဖြေရှင်းချက်တစ်ခုခုကို ပေးနိုင်ရန်ပင် လွယ်ကူတော့မည် မဟုတ်ပေ။
နောက်ထပ် ဆယ်မိနစ်လုံး အာရန်တစ်ယောက် ထိုအကြောင်းကိုသာ တစ်ချိန်လုံး စဉ်းစားနေမိသည်။
ဤသို့ဖြင့် အချိန်များပိုမို ကုန်လွန်လာလေလေ သူ့အတွက် ပို၍စိတ်ပျက်လက်ပျက် ဖြစ်လာလေလေ ဖြစ်ခဲ့ရ၏။
အာရန်အနေနှင့်ပို၍ စဉ်းစားလေလေ ဤရွေးချယ်မှုနှစ်ခုစလုံးသည် ပို၍ ခက်ခဲလာလေလေပင် ဖြစ်လေသည်။
နောက်ဆုံးတွင် အာရန်သည် စကားတစ်ခွန်းကို ကိုယ့်ကိုယ်ကိုယ် အားတင်းသည့်အနေဖြင့် တိုးတိုးလေး ရေရွတ်လိုက်မိသည်။
“ချီးထဲမှပဲ။ ငါ့မှာ ကိုယ်ကျင့်တရားအတွက် စဉ့်စားဖို့ အချိန်ကော ရှိနေသေးလို့လား”
ထို့နောက်အာရန်သည် အသက်ကို ခပ်ပြင်းပြင်းတစ်ချက် ရှူသွင်းလိုက်နောက်ပြီး လက်ကို ဆန့်တန်းလိုက်သည်။
အာရန်၏ လက်ချောင်းကလေးများသည် ထရီဆာ ၏ ခါးအား ညင်သာစွာ ပွတ်သပ်မိလိုက်မိပြီး တစ်စုံတစ်ခု ဖွက်ထားသလားဆိုသည်အား စစ်ဆေးရန် ကျိုးစားလိုက်သည်။
ထရီဆာတစ်ယောက် သတိမထားမိစေရန် အာရန်သည် သူ၏ နဂါးလျှာအစွမ်းကိုပင် အသုံးပြုလိုက်ကာ တတ်နိုင်သမျှ ငြင်သာစေရန် ကျိုးစားရင်းဖြင့် သူ၏ လက်ချောင်းထိပ်ကလေးများသည် ဖြည်းဖြည်းချင်း အပေါ်သို့ တက်လာခဲ့၏။
အာရန်သည် သူ့အနေနှင့် စည်းကျော်၍ လုပ်ဆောင်နေမိပြီဖြစ်ကြောင်း အမှန်တကယ် သဘောပေါက်လိုက်သည်။
တစ်ခုတည်းသော အသက်ရှူချောင်စေသည့် အရာမှာ ဤနေရာ၌ သူ၏ လုပ်ဆောင်ချက်များအား သတိထားမိမည့်သူ မည်သူမျှ ရှိမနေခြင်းပင်။
အာရန်အား ယခင်က သိခဲ့ဖူးသူ မည်သူမဆို သူ၏ ယခုလုပ်ဆောင်ချက်များကို မြင်သွားမည်ဆိုပါက သူသည် အရှက်ဗြန်းဗြန်းကွဲ၍ အမှန်တကယ်ပင် သေဆုံးသွားနိုင်ပေ၏။
သူသည် အန္တရာယ်များသော နေရာများဆီသို့ မရှာဖွေမီ သိုလှောင်လက်စွပ်အား တွေ့ရှိရန် မျှော်လင့်နေခဲ့သည်။
သို့သော် ယခုအချိန်ထိ သိုလှောင်သိုလှောင်လက်စွပ်အား အရိပ်အယောင်ကလေးမျှပင် မတွေ့ခဲ့ရပေ။
သူ စဉ်းစားနိုင်သော နောက်ထပ် နေရာတစ်ခုမှာ ကမ္ဘာမြေပေါ်တွင်ပင် အမျိုးသမီးများစွာ သူမတို့၏ ပစ္စည်းများကို ဖွက်ထားလေ့ရှိသော နေရာတစ်ခု ဖြစ်နေလေ၏။
“ကဲကွာ တစ်တက်စားလည်း ကြက်သွန်၊ နှစ်တက်စားလည်း ကြက်သွန်ပဲ မထူးတော့ဘူး။ ငါဒီလိုလုပ်တာလဲ လုပ်ချင်လို့လုပ်တာမှ မဟုတ်တာပဲလေ။ ”
ဤသို့ဖြင့် အာရန်တစ်ယောက် ကိုယ့်ကိုယ်ကိုယ် ဆင်ခြေတစ်ခုကြံဖန်ပေးရင်း သူ၏ လက်ချောင်းကလေးများမှာမူ ထရီဆာ၏ ရင်သားရှိရာနေရာဆီသို့ တဖြည်းဖြည်း ရွေ့လျားသွားခဲ့၏။
သူ၏ လက်ချောင်းများသည် ထရီဆာ၏ လည်ပင်းနေရာမှတစ်ဆင့် ဖြည်းညှင်းစွာဖြင့် အောက်ဘက်ဆီသို့ ရွေ့သွားခဲ့သည်။
ထို့နောက် သူမ၏ ရင်သားနှစ်ဖက်ကြားမှတစ်ဆင့် သူမ၏ အဝတ်အစားများအတွင်းသို့ လက်ကို ဖြည်းဖြည်းချင်း လျှိုသွင်းလိုက်၏။
နဂါးလျှာအစွမ်းကို တိကျစွာအသက်သွင်းကာ ထရီဆာအား ထိုအရာကို သတိမထားမိစေရန် ကျိုးစားနေရခြင်းသည်လည်း အာရန်အတွက် ဇောချွေးများပင် ပြန်လာစေခဲ့သည်။
ဤသို့ဖြင့် မကြာမီမှာပင် အာရန်၏ လွတ်နေသော လက်တစ်ဖက်သည် ထရီဆာ၏ ရင်ဘတ်နေရာရှိ အဝတ်အစားများအတွင်းသို့ ရောက်ရှိသွားခဲ့တော့သည်။
ထရီဆာသည် အာရန်ထက် အသက်များစွာ ပိုမိုကြီးရင့်သည်ဟု ဆိုနိုင်သော်လည်း သူမ၏ အရေပြားသည် အသက်နှစ်ဆယ်တင်းတင်း ပြည့်ခါစ အမျိုးသမီးငယ်လေး တစ်ဦးပမာ အလွန်ပင် နုဖက်လွန်းနေခဲ့၏။
အာရန်၏လက်သည် ဖြေးညင်းစွာ ရွေ့လျားသွားနေခြင်းဖြစ်သော်လည်း သူ၏ လက်ချောင်းထိပ်များ၌ ထရီဆာ၏ နူးညံ့သော အသားအရည်အား အလိုလို ခံစားမိနေဆဲပင်။
“ဟင်”
ဤသို့ဖြင့် မကြာမီမှာပင် အာရန် ၏ လက်ချောင်းကလေးများသည် အနည်းငယ် ပို၍ မာကျောသော အရာတစ်ခုကို စမ်းမိသွားခဲ့၏။
“ဒါက သိုလှောင်လက်စွပ်များလား”
အာရန်သည် သူ၏ လက်ညှိုးနှင့်လက်မ ကို အနည်းငယ်အားစိုက်လိုက်ကာ ထိုအရာအား ညင်သာစွာ ဆွဲထုတ်ရန်ပြင်လိုက်သည်။
သို့သော် ထိုသို့လုပ်ရန် ကြိုးစားလိုက်သောအခါ ၎င်းသည် လွယ်စွာပျော့အိအိနိုင်သော အရာတစ်ခုဖြစ်နေမှန်း သိလိုက်ရလေသည်။
၎င်းသည် သိုလှောင်လက်စွပ်ကဲ့သို့ မာကျောသော အရာဝတ္ထုတစ်ခု ဟုတ်မနေခဲ့ပေ။
“အွမ့်...”
ထို့နောက် ထရီဆာတစ်ယောက် အိပ်ပျော်နေရာမှ တစ်စုံတစ်ရာ ခံစားလိုက်ရဟန်ဖြင့် ရုတ်တရက် ထူးဆန်းသော ညည်းညူသံတစ်ခု ပြုလိုက်မိရာ အာရန်အား အငွေ့ပျံမတက်ပင် ကြောက်ရွံ့သွားစေခဲ့၏။
အာရန်သည် သူ၏ လက်ကို နောက်ထပ်တစ်လက်မမျှပင် မရွေ့ရဲတော့ဘဲ ထရီစာတစ်ယောက် အမှန်တကယ် နိုးသွားခြင်းများလားဟု အကဲခပ်ကြည့်လိုက်သည်။
သို့သော် ကံကောင်းစွာဖြင့် ထိုသို့ မဖြစ်ခဲ့ပေ။
ဤသို့ဖြင့် စက္ကန့်အနည်းငယ်ကြာသည်အထိ သည်အတိုင်းငြိမ်ငြိမ်လေး စောင့်ဆိုင်းနေခဲ့သည်။
သူယခုကိုင်ဆုပ်ထားမိသည့် အရာသည် သူ မျှော်လင့်ထားသကဲ့သို့ သိုလှောင်လက်စွပ်တစ်ခု ဟုတ်မနေသည်မှာတော့ သေချာနေပြီဖြစ်၏။
အမှန်မှာ အာရန်၏ လက်ညှိုး နှင့် လက်မသည် ထရီဆာ၏ ဘယ်ဘက် နို့သီးခေါင်းနေရာလေးအား မတော်တဆ ညှစ်မိသွားခဲ့ခြင်းပင် ဖြစ်လေသည်။
ထရီဆာတစ်ယောက် နိုးလာမည်ကို စိုးရိမ်သောကြောင့် အာရန်သည် သူ၏ လက်ချောင်းများကိုပင် အနည်းငယ်မျှ နေရာ မရွှေ့ရဲခဲ့ချေ။
“ငါ့ကိုယ်ငါ တကယ်ကို တနှာရူး တစ်ယောက်လို ခံစားနေရပြီ။ ဒါပေမဲ့ ခုမှ နောက်ဆုတ်ဖို့ကျ အရမ်းနောက်ကျသွားပြီ”
စက္ကန့်အနည်းငယ် ထပ်မံစောင့်ဆိုင်းပြီးနောက် သူမ နိုးလာခြင်းမရှိကြောင်း သေချာသွားတော့မှ အာရန်သည် သူ၏ လက်ချောင်းများပေါ်ရှိ ဖိအားကို ဖြေလျော့ပေးလိုက်သည်။
ထို့နောက် အာရန်သည် အသက်ကို ခပ်ပြင်းပြင်းတစ်ချက်ရှူထုတ်လိုက်ပြီးနောက် သူ၏ လက်သည် သိုလှောင်သိုလှောင်လက်စွပ် ကို ရှာဖွေရန်အတွက် သူမ၏ အခြား ရင်သားတစ်ဖက်ဆီသို့ ထပ်မံ၍ ရွေ့လျားသွားခဲ့၏။
“ဒါလား...”
တစ်ဖန် သူ၏လက်သည် တစ်စုံတစ်ရာကို ထပ်မံ၍ စမ်းမိလိုက်ပြန်သည်။
ဤတစ်ကြိမ်တွင်မူ အာရန်သည် များစွာ ပိုမို၍ သတိထားနေခဲ့၏။
ထိုအရာကို သေချာစွာ စစ်ဆေးရန် သူ၏ လက်ချောင်းများကို ဂရုတစိုက် ရွှေ့လျားလိုက်ရသည်။
“ဒီတစ်ခါတော့ တကယ်တွေ့ပြီ”
နောက်ဆုံးတွင်တော့ အာရန်တစ်ယောက် သူအလိုရှိနေသော သိုလှောင်လက်စွပ် ကို အမှန်တကယ်ပင် ရှာဖွေတွေ့ရှိသွားတော့သည်။
ထို့အချိန် အာရန်သည် စိတ်လှုပ်ရှားလွန်းသဖြင့် ရုတ်တရက် အာမေဋိတ်သံအနည်းငယ်ကိုပင် ပြုလိုက်မိသည်။
ထို့နောက် သိုလှောင်လက်စွပ်ကို ဆွဲထုတ်တော့မည့်ဆဲဆဲအချိန်မှာတွင် သူ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ရောက်ရှိလာသည်ကို ခံစားလိုက်ရသည်။
သူ၏ ခန္ဓာကိုယ်သည် ချွေးများဖြင့် ရွှဲနစ်သွားခဲ့ပြီး သူ၏ ခေါင်းကို မော့ကာ ထရီဆာ ၏ မျက်နှာလှလှလေးကို လှမ်းကြည့်လိုက်၏။
သူမသည် မျက်လုံးနှစ်လုံးစလုံး ပွင့်နေပြီးဖြစ်ကာ အာရန်၏ လက်တစ်ဖက် ဝင်ရောက်နေသည့် သူမ၏ ရင်ဘတ်နေရာဆီသို့ ငုံ့၍ ကြည့်လိုက်သည်။
“နိုးပြီလား ဒေါ်လေး”
အာရန်သည် ပြုံးစိစိမျက်နှာဖြင့် ပြန်ပြောလိုက်လေသည်။
ဤတစ်ကြိမ်တွင်မူ သူ့အနေနှင့် အမှန်တကယ်ကို ဒုက္ခရောက်ပြီဟု အာရန်တစ်ယောက် အာရုံခံမိလိုက်၏။
“မင်း ဘာလုပ်နေတာလဲ” ထရီဆာသည် ဒေါသထွက်လွန်းသဖြင့် အနည်းငယ် တုံယင်နေဟန်ရသော လေသံဖြင့် မေးလိုက်သည်။
သူမသည် ထိုအချိန်ခဏ၌ သူမ၏ ဒေါသကို အစွမ်းကုန် ထိန်းချုပ်ရန် ကြိုးစားနေရသည်မှာ သိသာလွန်းနေ၏။
ထိုအခြေအနေ၌ အခြားသူတစ်ဦးသာဆိုပါက သူမအနေနှင့် ချက်ချင်းဘာမှမစဥ့်စားဘဲ ထိုလက်ကို ကောက်ဖြတ်ပစ်လိုက်မိပြီးဖြစ်မည်။
သို့သော် အာရန်မှာမူ မတူညီပေ။
သူ၏ အခြားတစ်ဖက်သည် လွန်စွာ အင်အားကြီးမားလွန်းလေသည်။
သူမသည် ကိုယ့်ကိုယ်ကိုယ်ထက် သူမ၏ နှင်းပျိုဖြူနန်းတော်အတွက် ပို၍ စိုးရိမ်နေခဲ့ခြင်းဖြစ်သည်။
ထို့ပြင် သူမသည် အာရန်အနေနှင့် မည်သည့်ဆင်ခြေများပေးလာမည်ကို အနည်းဆုံးတော့ ကြားချင်နေသေး၏။
သူသည် အမှန်တကယ်ပင် သူမအား မတော်တရော်ပြုလုပ်ရန် ကျိုးစားနေခဲ့ခြင်းများလား....။
“ဟိုဒေါ်လေးရဲ့ အင်္ကျီထဲကို ပိုးကောင်တစ်မျိုး ဝင်သွားတာ တွေ့လိုက်လို့ ကျွန်တော် ဖမ်းဖို့ ကြိုးစားနေတာပါ” ဟု အာရန်သည် ခြောက်ကပ်ကပ်နိုင်သော အပြုံးဖြင့် ပြန်ပြောလိုက်၏။
“အဲဒီ ပိုးကောင်ကပဲ မင်းရဲ့ လက်တွေကို လှီးဖြတ် လိုက်တယ်လို့ ငါက ပြန်ပြောရင်ကော”
ဤတစ်ကြိမ်တွင်မူ ထရီဆာ၏ လေသံသည် ပို၍ပင် အေးစက်လာခဲ့သည်။
သူမသည် အာရန်ပေးသော အကြောင်းပြချက်ကို မည်သည့်နည်းနှင့်မျှ မယုံကြည်ပေ။
သူမကဲ့သို့ အဆင့်မျိုး ၌ သာမန် ပိုးကောင်တစ်ကောင်သည် သူမအား ဒုက္ခပေးနိုင်စရာ အကြောင်းမရှိချေ။
အာရန် သည် ထို ပိုးကောင်အား ဖမ်းဆီးရန် ထိုမျှအထိ စွန့်စားစရာမလိုပေ။
ထို့ပြင် သူမ၏ ခန္ဓာကိုယ်အတွင်း၌လည်း မည်သည့် ပိုးကောင်၏ တည်ရှိမှုကိုမျှ မခံစားမိခဲ့ပေ။
ယခုအချိန် သူမ ခံစားမိနေသော တစ်ခုတည်းသောအရာမှာ သူမ၏ ရင်သားတစ်ဖက်ပေါ်တွင် ထိကပ်နေသော အာရန် ၏ နွေးထွေးသော လက်ချောင်းထိပ်ကလေးများကိုပင် ဖြစ်လေ၏။
“ဆယ်စက္ကန့်ပဲ .....အဲ့အချိန် အတွင်းမှာ ငါ့ကို လုံလောက်တဲ့ အကြောင်းပြချက် မပေးနိုင်ဘူးဆိုရင် ငါ မင်းကို ဘာလုပ်မိမလဲ ဆိုတာ င့ါကိုယ်ငါတောင် အာမခံနိုင်မှာ မဟုတ်ဘူး” ဟု ထရီဆာမှ ပြောလိုက်လေသည်။
အာရန် သည် သူမ၏ စကားများကို သံသယ မဝင်ခဲ့ပေ။
ထရီဆာသည် ဤဗဟိုနယ်မြေ အတွင်၌ အင်အားအကြီးဆုံး ပုဂ္ဂိုလ်တစ်ဦး မဟုတ်သည့်တိုင် အနည်းဆုံးတော့ သူ့ထက်မူ များစွာပို၍ ခွန်အားကြီးသူတစ်ဦး ဖြစ်နေဆဲပင်။
#Cafoot