ထရီဆာ၏ လျှို့ဝှက်ချက် (၂)
Vol. 45 Ch. 652
.....
“ကြည့်ရတာ စိတ်ဝင်စားစရာပဲ”
အာရန်သည် နှင်းပျိုဖြူနန်းတော် အတွင်းရှိ ပုံစံကွက် အားလုံးကို ထိန်းချုပ်နိုင်သည့် တံဆိပ်ပြားနှင့်အတူ လုံခြုံသောအတွင်းတစ်နေရာ၌ သိမ်းဆည်းထားသော စာရွက်စာတမ်းတွဲတစ်ခုကို ထုတ်ယူကြည့်လိုက်သည်။
ထိုသို့ ထုတ်ယူပြီးနောက်တွင်ပင် အာရန်သည် သူ့အတွက် အသုံးဝင်မည်ဟု ယူဆရသော အခြားအရာအချို့ကိုလည်း ထုတ်ယူထားလိုက်သေး၏။
အာရန် ယူထားလိုက်သော အရာအချို့တွင် သူ့အတွက် အသုံးဝင်နိုင်သည်ဟု ယူဆရသော လက်နက်အချို့ပင် ပါဝင်လေသည်။
သူ၌ ကိုယ်ပိုင် လက်နက်အတော်များများ ရှိနှင့်ပြီး ဖြစ်သော်လည်း နောက်ထပ် သဘောကျသည့်အရာအချို့ကို သူ၏ စနစ်သိုလှောင်ခန်းအတွင်းသို့ ထပ်မံထည့်ထားလိုက်၏။
ထိုသို့ယူဆောင်ရာတွင် ထရီဆာအနေနှင့် သတိမထားမိရန်အတွက် အချိန်အတော်ကြာ အသုံးမပြုရသေးသည့်အပြင် သိုလှောင်လက်စွပ်ရှိ အရေးသိပ်မပါသော နေရာများမှ ပစ္စည်းအချို့ကိုသာ ဂရုတစိုက် ယူဆောင်ခဲ့ခြင်းဖြစ်သည်။
သူသည် ဆေးဖက်ဝင် အပင် အနည်းငယ်အပါအဝင် ဆေးလုံးအချို့ကို ယူဆောင်ရန် လည်း မမေ့လျော့ခဲ့ပေ။
ထို့နောက် လက်စွပ် အတွင်းရှိ အဓိကနေရာ၌ သိမ်းဆည်းထားသော အစောပိုင်း စာရွက်စာတမ်းများကို ပြန်လည် အာရုံပြန်စိုက်ထားလိုက်သည်။
ထို စာရွက်များတွင် အချိန်အတော်ကြာပြီဖြစ်ကြောင်း ဖော်ပြနေသော အဝါရောင်ဖျော့ဖျော့ဖြစ်နေသည့် စာရွက်အချို့ပင် ပါဝင်နေသည်။
စာရွက် ငါးဆယ်ခန့် ရှိမည်ထင်ရသော ထို စာရွက်အထပ်လိုက်ကို ချည်မျှင်ငယ်လေး တစ်ခုဖြင့် လုံခြုံစွာ ချည်နှောင်ထားလေ၏။
ထို့နောက် ထိုချဥ်မျှင်ငယ်လေးကို ဂရုတစိုက် ဖြုတ်လိုက်ကာ စာရွက်များအား တစ်ရွက်ပြီး တစ်ရွက် စတင်လှန်လှော် ဖတ်ရှုတော့သည်။
[သင်သည် ရွေးချယ်ထားသော ရွေးချယ်မှုကို ပြီးမြောက်ခဲ့ပါသည်။ ထရီဆာ နှင့် ပတ်သက်သော အချက်အလက်များအား စနစ်အတွင်း ထပ်မံဖြည့်တင်ပေးလိုက်သည်။ ထိုဖြည့်တင်ပေးထားသော အချက်အလက်များ ကို ကြည့်ရှုရန် ခွဲခြားသတ်မှတ်ခြင်း အစွမ်းကို အသုံးပြုပါ။]
[သင်သည် ဉာဏ်အလင်းပွင့် လက်ဖက်ရည်ကို ဆုအဖြစ်လက်ခံ ရရှိလိုက်ပါပြီ။ အဆင့်မြှင့်တင် လိုသော အစွမ်းအား ရွေးချယ်ပါ။]
ထိုစနစ်ဆီမှ ပြန်ကြားချက်ကို ကြားပြီးနောက် စာရွက်များအား ဆက်လက်ဖတ်ရှုလိုက်ရာ အာရန်၏ မျက်နှာသည် ကြောက်ခမန်းလိလိ ဖြူဖျော့ သွားခဲ့တော့သည်။
အဆင့်မြှင့်တင် လိုသော အစွမ်းအား ရွေးချယ်ပါဆိုသည့် စနစ်ဆီမှ အကြံပြုချက်ကိုပင် သူ့အနေနှင့် အာရုံမစိုက်နိုင်လောက်အောင် စိတ်လှုပ်ရှားသွားခဲ့ရလေသည်။
ထိုရုတ်တရက်သိလိုက်သောအရာကြောင့် အရာန်သည် သူ၏ အောင်မြင်မှု ကိုပင် ဝမ်းသာရန် အချိန်မရခဲ့ပေ။
ထိုစာများကိုဖတ်ရှုပြီးနောက် အာရန်တစ်ယောက် ထရီဆာအား တစ်ဖန် ပြန်လည် စိုက်ကြည့်မိလိုက်သည်။
ဤတစ်ကြိမ်တွင်မူ သူ၏ မျက်လုံးများသည် ယခင်က မဖြစ်ဘူးခဲ့သော ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။
အာရန်သည် ငရဲ ၌ ထရီဆာအား ပထမဆုံးအကြိမ် မြင်ခဲ့ရစဉ်ကပင် ဤမျှလောက်ထိ မကြောက်ရွံ့ ခဲ့ပေ။
“ဒါက... ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ” အာရန်သည် လည်ချောင်းထဲသို့ တံတွေးအချို့ ကျိုးစား မြိုချရင်း တီးတိုး ရေရွတ်လိုက်၏။
ထို စာရွက်များသည် မန္တာန်အတတ် တစ်ခုအကြောင်း ဖော်ပြထားခြင်းဖြစ်လေသည်။ ထိုမန္တာန် အသက်ဝင်စေရန်အတွက် လူသန်းပေါင်းများစွာ၏ အသက်များ ကို စတေးရန်လိုအပ်သော နည်းလမ်းများကို ရေးသားထားခြင်းဖြစ်လေသည်။
ထို စာရွက် ထဲ၌ သူ မြင်ခဲ့ရသော လက်ရေးမူသည် ထရီဆာ ၏ လက်ရေးမဟုတ်ပေ။
၎င်းသည် လိုက်ဆန်ဒါ၏ လက်ရေးမူသာ ဖြစ်နေသည်။ အဘယ်ကြောင့်သိရသနည်းဆိုလျှင် အာရန်တစ်ယောက် ငရဲဘုံတွင်ရှိခဲ့စဥ်က မြင်ခဲ့ဘူးသောကြောင့်ပင်။
ထို့ကြောင့် ဤမန္တာန်အား လိုက်ဆန်ဒါမှ ကိုယ်တိုင် ရေးသားခဲ့သည် ဆိုခြင်းအား သံသယ ဝင်စရာ မလိုတော့ပေ။
ထိုမန္တာန်၏ အစပိုင်းစာမျက်နှာများတွင် ယစ်ပူဇော်ခြင်း အကြောင်းကို အသေးစိတ်ရေးဖွဲ့ထားလေသည်။
ထိုအရာအားဖတ်ရှုပြီးသောအခါ ၎င်းသည် လိုက်ဆန်ဒါမှ သူ၏ အင်အား ကို တိုးမြှင့်ရန်အတွက် အသုံးပြုခဲ့သော မကောင်းဆိုးဝါးဆန်ဆန် နည်းလမ်း တစ်ခု ဖြစ်နေမလားဟု အာရန်တစ်ယောက်တွေးမိခဲ့သေးသည်။
လိုက်ဆန်ဒါသည် ဤနည်းလမ်းကို အသုံးပြု၍ ပထမမူလကြယ်နေရာအား တက်လှမ်းနိုင်ခဲ့ခြင်းများလားဟုပင် သံသယဝင်မိခဲ့သေးသည်။
သို့သော် အာရန်အနေနှင့် နောက်ထပ်စာမျက်နှာများကို ဆက်လက် ဖတ်ရှုပြီးသွားသည့်အခါမှသာ ဤစာရွက်များ တွင် ရေးသားထားသော မန္တာန်သည် လူတစ်ဦးတစ်ယောက်အား ပိုမို အင်အားကြီး လာစေရန် ပြုလုပ်ပေးသည့် အရာမျိုး မဟုတ်ကြောင်း သဘောပေါက်သွားခဲ့သည်။
ယင်းအစား မန္တာန်၌ ရည်ရွယ်ချက် တစ်ခုတည်းသာ ရှိလေ၏။
ဤမန္တာန် ၏ ရည်ရွယ်ချက်မှာ သေဆုံးသွားခဲ့သော ပုဂ္ဂိုလ် တစ်ဦးအား ပြန်လည် အသက်သွင်းရန် ဖြစ်လေသည်။
ထိုမန္တာန်သည် သန်းပေါင်းများစွာသော လူများ၏ အသက်ကို ယစ်ပူဇော်ကာ သေဆုံး ပြီးသူတစ်ဦးအား နဂိုမူလအတိုင်း ပြန်လည်ရှင်သန်ထမြောက်စေရန် လုပ်ဆောင်နိုင်သည့် ထူးခြားသော မကောင်းဆိုးဝါးဆန်သည့် မန္တာန်တစ်ခုလည်း ဖြစ်လေသည်။
သေခြင်းတရားသည် နတ်ဘုရားများကိုယ်တိုင်သည်ပင် ဝင်ရောက်မစွက်ဖက်နိုင်သော အရာတစ်ခုဖြစ်သည်ဟု သတ်မှတ်ထားကြလေသည်။
သို့သော် ဤ မန္တာန် သည် ထိုကဲ့သို့ မဖြစ်နိုင်သောအရာတစ်ခုကိုပင် အမှန်တကယ် ဖြစ်လာနိုင်စေသည့် အလွန်တရာ ထူးဆန်းသည့် မန္တာန်တစ်ခုဖြစ်နေခဲ့၏။
လိုက်ဆန်ဒါ အနေဖြင့် မည်သည့် လူသေအလောင်းတစ်လောင်းအား ပြန်လည် အသက်သွင်း ချင်ခဲ့ရသနည်း။
သူ့ကဲ့သို့လူမျိုးအား ဤကဲ့သို့သော မကောင်းဆိုးဝါးဆန်ဆန် နည်းလမ်းမျိုးကို အသက်သွင်းချင်ရသည်အထိ မည်သည့်အရာကများ တွန်းအားပေးခဲ့သနည်း။
သူ မှတ်မိသလောက်ဆိုလျှင် လိုက်ဆန်ဒါ အနေဖြင့်အမှန်တကယ် ဂရုစိုက်သော လူဟူ၍ လောကတွင် နှစ်ယောက်သာရှိကြောင်း သိထားလေသည်။
ပထမဆုံးတစ်ယောက် မှာ သူ၏ သမီး အယ်လီနာပင် ဖြစ်လေ၏။
အာရန် သည် ထိုမိန်းကလေးအပေါ် ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို အသုံးပြုခဲ့ပြီး ဖြစ်သည်။
သူတို့နှစ်ဦးကြား၌ အဆင့်ကွာခြားမှု သိပ်မရှိခဲ့သောကြောင့် အာရန်အနေဖြင့် အယ်လီနာအကြောင်း အချက်အလက်အားလုံးနီးပါးကို စစ်ဆေးကြည့်နိုင်ခဲ့သည်။
ထိုအချိန်က အာရန်အနေနှင့် မစစ်ဆေးနိုင်ခဲ့သော ပုဂ္ဂိုလ်များမှာ လိုက်ဆန်ဒါ နှင့် ထရီဆာ တို့သာ ဖြစ်ကြလေသည်။ အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ ကျင့်စဥ်အဆင့်သည် သူ့ထက်များစွာ သာလွန်နေခဲ့သောကြောင့်ပင်။
လိုက်ဆန်ဒါ နှင့် ဆက်စပ်၍ သူ မြင်နိုင်ခဲ့သော အရာအားလုံးမှာ ထိုပုဂ္ဂိုလ်၏ ကျင့်စဥ်အဆင့် နှင့် သူ၏ အမည် သာ ဖြစ်လေသည်။
လိုက်ဆန်ဒါ ၏ ကြယ်အဆင့်သတ်မှတ်ချက်ကိုပင် မမြင်ခဲ့ရပေ။
နောက်တစ်ယောက်မှာ ထရီဆာ ဖြစ်လေသည်။
သူမသည် လိုက်ဆန်ဒါမှ ဤ နည်းလမ်းကို အသုံးပြု၍ အသက်သွင်းခဲ့သူများလား...။ ထိုသို့ဆိုပါက သူမသည် တစ်ကြိမ် သေဆုံး ခဲ့ပြီးသား ဖြစ်သည်ဟု ဆိုလိုရာ ရောက်သွားပေလိမ့်မည်။
သူ၏ ဘေးနား၌ အိပ်မောကျနေသော အမျိုးသမီးသည် အမှန်တကယ်တွင်မူ ဖုတ်ကောင်တစ်ဦး ဖြစ်နေသည်တဲ့လား။
ထရီဆာသည် သူမကိုယ်သူမပင် ဖုတ်ကောင်တစ်ဦး ဖြစ်ကြောင်း သိနိုင်ပါ့မလား။
သူမအား တစ်စုံတစ်ယောက်က ဖုတ်ကောင်တစ်ကောင်ဟု စွတ်စွဲမည်ဆိုပါကပင် မည်သူကမျှ ယုံကြည်ကြလိမ့်မည်မဟုတ်ပေ။
အဘယ်ကြောင့်ဆိုသော် သူမ၏ အသားအရည်သည် သာမန်အမျိုးသမီးငယ် များထက်ပင် များစွာပို၍ နုဖတ်နေသောကြောင့်ပင်။
သူမတွင် ဖုတ်ကောင်တစ်ကောင်ဟု သတ်မှတ်နိုင်စရာ မည်သည့် လက္ခာဏာအချက်အလက်မျှ မတွေ့ရပေ။
ထို့ကြောင့် သူမကိုယ်တိုင် ဤကိစ္စအား မသိဟုပြောလျှင်လည်း သူ့အနေနှင့် လက်ခံနိုင်စရာ ရှိလေသည်။
သို့သော် အကယ်၍ သူမအနေနှင့် ထိုကိစ္စကို မသိဘူးဆိုပါက ဤ စာရွက်များသည် သူမနှင့်အတူ အဘယ်ကြောင့် ရှိနေရသနည်း။
သူမအနေနှင့် ထိုစာရွက်များအား လိုက်ဆန်ဒါ ထံမှ ရယူနိုင်ခဲ့သည်မှာ ရှင်းနေသည်မဟုတ်ပါလား...။
‘သူမက...’ အာရန် သည် တံတွေးချစ်ချက် မြိုချလိုက်သည်။
မိမိ၏ ယောက္ခမလောင်းတစ်ဦးထံမှ အနမ်းကို ခံယူခဲ့ရခြင်းထက် ပို၍ ဆိုးရွားသည့်အရာမှာ အဘယ်နည်း။
၎င်းသည် သန်းပေါင်းများစွာသော လူ့အသက်များကို ယစ်ပူဇော်စတေး၍ အသက်ပြန်သွင်းထားသော ဖုတ်ကောင် ယောက္ခမလောင်းဆီမှ အနမ်းပင် ဖြစ်ပေလိမ့်မည်။
ထို့နောက် အာရန်သည် သူမအကြောင်းပိုမိုသေခြာသွားစေရန်အတွက် သူ၏ ခွဲခြားသတ်မှတ်ခြင်းအစွမ်းကို နောက်တစ်ကြိမ် သူမအပေါ်သို့ ထပ်မံ အသုံးပြုရန် ကြိုးစားလိုက်သည်။
ထရီဆာနှင့် သက်ဆိုင်သော အဆင့်မြှင့်တင်ထားသည့် စနစ်မျက်နှာပြင်တစ်ခု ပေါ်လာသည့် အခါတွင်တော့ အာရန်၏ အတွေးများ တစ်ဖန် ဇောက်ထိုးမိုးမျှော် ထပ်ဖြစ်သွားခဲ့ရသည်။
......
အမည်: ထရီဆာ
အဆင့်: ၂၀၅
အချက်အလက် : နှင်းပျိုဖြူနန်းတော်၏ သခင်မ
အခြေအနေ: တစ်ကြိမ် သေဆုံးပြီးသူ (ဖုတ်ကောင်)
အသက်: ၅၅၀
စရိုက်လက္ခဏာများ : သတိကြီးသူ
-အဆင့်သတ်မှတ်ချက်များ-
ခွန်အား : ၁၆၅၇၀၀၀
လျှင်မြန်မှု: ၁၅၉၆၇၂၅
ခွန်အား : ၁၅၅၃၇၈၃
ဉာဏ်ရည်: ၇၁
မာနာ : ၈၀၈၄၄၄၈
ကျင့်ကြံခြင်းအဆင့်: မရှိ
ရုပ်ခန္ဓာ : ကြမ္မာဖီဆန်ခြင်းခန္ဓာ
#Catfoot