လရောင်အောက်မှ အရိပ်တစ်ခု
Vol. 45 Ch. 653
….
အာရန် သည် သူ အမြင်မမှားကြောင်း သေချာစေရန် မျက်တောင် အနည်းငယ်ပင် ခတ်လိုက်မိသည်။
သို့သော် စနစ်မျက်နှာပြင် ရှိ အချက်အလက်များသည် ပြောင်းလဲမသွားခဲ့ပေ။
ထရီဆာ၏ စွမ်းရည်များသည် အတော်လေးကို မြင့်လားလေသည်။
၎င်းသည် လိုက်ဆန်ဒါထက်ပင် အပြတ်အသတ် ပိုများနေ၏။
ထိုအထဲတွင် အာရန်၏ အာရုံကို အများဆုံး ဖမ်းစားနိုင်ခဲ့သည့် အရာမှာ သူမ၏ အခြေအနေဆိုသည့်နေရာတွင် ဖြစ်သည်။
သူမသည် အမှန်တကယ်ပင် သေဆုံးခဲ့ပြီးဖြစ်ကြောင်း ၎င်းက ပြသနေသည်။
အာရန်သည် ထိုဖြစ်နိုင်ခြေကို မျှော်လင့်ထားပြီး ဖြစ်သော်လည်း စနစ်မှ ၎င်းကို လုံးဝ အတည်ပြုပေးခဲ့ခြင်း ဖြစ်လေ၏။
ထရီဆာသည် လိုက်ဆန်ဒါ မှ ပြန်လည် အသက်သွင်း ခံထားရသူတစ်ဦး ဖြစ်နေသော်လည်း ငရဲဘုံ ၌ ထိုသို့သော အကြီးစား ယစ်ပူဇော်ခြင်းမျိုး ဖြစ်ပျက်ခဲ့ကြောင်း သူ့အနေနှင့် မကြားမိခဲ့ပေ။
အကယ်၍ လိုက်ဆန်ဒါသည်သာ ငရဲဘုံ၌ သန်းပေါင်းများစွာသော လူများကို သတ်ဖြတ်ခဲ့ပါက အခြားသော မူလကြယ်များသည် ငြိမ်ခံနေကြမည်မဟုတ်ချေ။
‘သူက အခြား မူလကြယ်တွေ ရဲ့ မျက်စိအောက်ကနေ ဘယ်လိုနည်းလမ်းနဲ့များ ဒီလောက်လူတွေအများကြီးကို စတေးပြီး ယစ်ပူဇော်နိုင်ခဲ့တာပါလိမ့်’
ထရီဆာအကြောင်းပြသထားသည့် စနစ်မျက်နှာပြင် ပြန်လည် ပျောက်ကွယ်သွားပြီး နောက် အာရန်သည် သူ၏ မျက်လုံးများကို ပြန်လည်မှိတ်ထားလိုက်၏။
အာရန်သည် ငရဲဘုံ၌ ရှိခဲ့စဥ်က သူ့အနေနှင့် လွတ်သွားသော အချက်များ ရှိမရှိကို ပြန်လည်စဉ်းစားလိုက်သည်။
‘အဲဒါက မူလကြယ်တွေ အများကြီး သေဆုံးခဲ့ရတဲ့ နောက်ဆုံးစစ်ပွဲ ကာလအတွင်းမှာများ ဖြစ်သွားခဲ့တာလား။ အဲ့ဒီအချိန်မှာဆိုရင်တော့ ယစ်ပူဇော်ခြင်းအမှုကို ပြီးပြည့်စုံဖို့အတွက် အကောင်းဆုံး အခွင့်အရေးတစ်ခု ရနိုင်ကောင်း ရနိုင်ခဲ့လိမ့်မယ်။ အဲဒါမှ မဟုတ်ဘူးဆိုရင် ငရဲဘုံ နဲ့ ဆက်နွှယ်နေတဲ့ အောက်ကမ္ဘာ တစ်ခုခုမှာများ ဖြစ်နေမလား....’
အာရန်၏ အတွေးသည် အောက်ကမ္ဘာဆိုသောနေရာသို့ ရောက်သောအခါ ရုတ်တရက် တစ်စုံတစ်ရာကို စဥ့်စားရင်း ထိတ်လန့်သွားခဲ့သည်။
အခြားသော မူလကြယ်များ သတိထားခြင်း မခံရဘဲ သန်းပေါင်းများစွာသော လူများကို စိတ်ကြိုက် လွတ်လပ်စွာ ယစ်ပူဇော်နိုင်သည့် အောက်ကမ္ဘာ တစ်ခု....။
‘မဖြစ်နိုင်ဘူး။ သူ... သူ င့ါရဲ့ မိခင်ကမ္ဘာမြေကို အသုံးမပြုခဲ့လောက်ဘူး။ ဟုတ်တယ်မလား’
လိုက်ဆန်ဒါတစ်ယောက် သူ၏ ဇာတိကမ္ဘာမြေ အပေါ် ထိုမျှအထိ ရက်စက်နိုင်ခဲ့လိမ့်မည်ဟု အာရန်တစ်ယောက် မယုံကြည်ချင်သော်ငြားလည်း သူ၏ နှလုံးသား၌မူ ထိုအရာသည် အမှန်တကယ် ဖြစ်နိုင်ခြေ ရှိနေကြောင်းကိုမူ မငြင်းဆန်နိုင်ခဲ့ချေ။
လိုက်ဆန်ဒါသည် ကမ္ဘာမြေသို့ သွားရောက်နိုင်သည့် ဂိတ်တံခါးပေါက်ကို သူကိုယ်တိုင် တံဆိပ်ခတ်ခဲ့သူ ဖြစ်လေသည်။
အာရန်သည် အစောပိုင်းကာလများ၌ ကမ္ဘာမြေကို ကာကွယ်ချင်သော လိုက်ဆန်ဒါ၏ ဆန္ဒကြောင့်သာထိုသို့ပြုလုပ်ခဲ့ခြင်းဖြစ်မည်ဟု ထင်မှတ်ထားခဲ့သော်လည်း ယခုအခါတွင်မူ အခြားကွဲပြားသော အကြောင်းရင်းတစ်ခုခု အမှန်တကယ် ရှိနေခဲ့ခြင်းကြောင့်လားဟု သံသယဝင်လာခဲ့ပြီဖြစ်၏။
အာရန်အား ပို၍ သံသယဝင်စေခဲ့သော အချက်မှာ သူ့အနေနှင့် ကမ္ဘာမြေသို့ ပြန်သွားခြင်းသည်ဟု ပြောဆိုမိခဲ့စဥ်အခါက လိုက်ဆန်ဒါတို့ လင်မယား၏ တုံ့ပြန်မှုသည် အလွန် ပြင်းထန်နေခဲ့ခြင်းပင်။
အာရန်သည် ကမ္ဘာမြေ သို့ ရက်အနည်းငယ်သာ သွားရောက်လည်ပတ်မည်ဟူ၍သာ ပြောခဲ့ခြင်းဖြစ်သော်လည်း သူသည် ပြင်းထန်သောသတ်ဖြတ်လိုသည့် အော်ရာတစ်ခုကို အာရုံခံမိခဲ့သည်။
၎င်းသည် သူ့အနေနှင့် မည်သည့်အခါမျှ မေ့ပျောက်နိုင်တော့မည့် အရာမျိုး မဟုတ်ပေ။ ၎င်းတို့အနေနှင့် သူ့အား ကမ္ဘာမြေ သို့ မပြန်စေလိုသည့် အကြောင်းရင်း တစ်ခုခု ရှိနေကြောင်းကို သူ့အနေနှင့် ရိပ်မိခဲ့သော်လည်း ဤကဲ့သို့သော အကြောင်းရင်းမျိုး ဖြစ်လိမ့်မည်ဟုတော့ လုံးဝ မမျှော်လင့်ထားခဲ့ပေ။
“မဟုတ်သေးဘူး ငါက ကမ္ဘာမြေရဲ့ အနာဂတ် ကနေ လာခဲ့တယ်လို့ ပြောလို့ရတယ်။ ဒီလို ကြီးမားတဲ့ ယစ်ပူဇော်ခြင်းတစ်ခုသာ ရှိခဲ့မယ်ဆိုရင် ငါကိုယ်တိုင် သတိပြုခဲ့မိမှာပေါ့။”
“ဒါပေမဲ့ ကမ္ဘာမြေ နဲ့ ငရဲဘုံကြားက အချိန်စီးဆင်းမှုက တူညီမနေဘူး။ ကမ္ဘာမြေ မှာ တစ်ရက်တာအချိန်က ငရဲ မှာ ဆယ်နှစ်အချိန် ဖြစ်နေနိုင်ပြီး အခြား ကမ္ဘာတွေနဲ့ယှဥ်ရင်လဲ အချိန်ကွာခြားမှုတွေက ရှိနေဆဲပဲ”
လိုက်ဆန်ဒါသည် ငရဲဘုံ ၌ နှစ်ထောင်ပေါင်းများစွာ အချိန်ကုန်ဆုံးခဲ့ပြီးဖြစ်သော်လည်း အာရန် ကမ္ဘာမြေမှ ရောက်ရှိလာခဲ့သော အချိန်ကာလနှင့်ယှဥ်လျှင်မူ လိုက်ဆန်ဒါရောက်ရှိသွားခဲ့သော အချိန်သည် ကမ္ဘာမြေ၌ ဆယ်စုနှစ် တစ်စုစာသာ ရှိသေးလေသည်။
“လိုက်ဆန်ဒါသာ တကယ်ပဲ ထရီဆာ ကို ပြန်လည် အသက်သွင်းဖို့အတွက်နဲ့ ကမ္ဘာမြေ က လူတွေကို ယစ်ပူဇော်ခဲ့တာသာဆိုရင်တော့ ဒီအရာအားလုံးက အတော်လေး ဖြေရှင်းပြီးသားဖြစ်သွာလိမ့်မယ်။ ဒါပေမဲ့ မေးခွန်းအချို့တော့ ကျန်နေသေးတယ်။ ပြီးတော့ ... ငါ့ရဲ့ ကမ္ဘာကူးပြောင်းလာခြင်း ဖြစ်စဥ်ကကော ဒီကိစ္စတွေနဲ့ တစ်ခုခုများ ပတ်သက်နေနိုင်မလား”
အာရန်သည် ထိုအကြောင်း ပို၍ စဉ်းစားလေလေ သူ၏ ခေါင်းသည် ပို၍ကိုက်ခဲလာရလေလေပင်။
လျှို့ဝှက်ချက် အချို့သည် သည်အတိုင်း မဖော်ထုတ်မိခြင်းက ပို၍ကောင်းလေသည်။
ယခု သူသည် ပထမမူလကြယ်နှင့် သူ၏ ဇနီးသည်ကြားရှိ ဤကဲ့သို့သော လျှို့ဝှက်ချက်တစ်ခုကို သိလိုက်ရသောကြောင့် သူသည် ပို၍ ရှုပ်ထွေးသော အခြေအနေတစ်ခုအတွင်းသို့ အလိုလိုသက်ဆင်းမိလျက်သား ဖြစ်သွားခဲ့ရသည်။
အာရန်သည် ထိုလျှို့ဝှက်ချက်ကို သူသိသွားပြီးဖြစ်ကြောင်း လိုက်ဆန်ဒါတို့အား လုံးဝ မသိစေလိုသေးပေ။
ထိုသို့ ဖြစ်စေရန်အတွက် သူ့အနေနှင့် ထိုသိုလှောင်လက်စွပ်ကို ထရီဆာထံ မူလအတိုင်း ပြန်ထားပေးရမည် ဖြစ်သည်။
သို့သော် မည်သို့ ပြန်ထားပေးရမည်နည်း။
အဖြေ တစ်ခုကို မစဉ်းစားနိုင်မီမှာပင် အာရန်သည် ထိုစာရွက်များကို ပြန်လည် ချိတ်ပိတ်ရင်း ထရီဆာ ၏ သိုလှောင်လက်စွပ်ထဲသို့ ခြေရာလက်ရာမပျက် ပြန်ထည့်ထားလိုက်သည်။
ထို့နောက်သော့ကို ထုတ်ယူကာ သူ့အားချည်နှောင်ထားသောကြိုးကို ဖြုတ်လိုက်ပြီးနောက် ထိုသော့ကိုလည်း သိုလှောက်လက်စွပ်အတွင်း၌ပင် ပြန်ထည့်ထားလိုက်၏။
ဤအချိန်ခဏ၌ အာရန်၏ ထရီဆာအပေါ် မြင်သည့် အမြင်များသည် အစောပိုင်းကာလများနှင့် လုံးဝ ကွာခြားသွားခဲ့ပြီဖြစ်၏။
သူမသည် ယခင်အတိုင်း ဆွဲဆောင်မှု ရှိနေဆဲဖြစ်သော်လည်း သူမ၏ လျှို့ဝှက်ချက်ကို သိရှိသွားခဲ့ပြီး ဖြစ်သည့်အတွက် သူမအပေါ်ထားရှိသော အာရန်၏ အမြင်သည် သိသိသာသာပင် ကွဲပြားသွား၏။
“သူမကို မနှိုးမိစေပဲ ဘယ်လို ပြန်ထားရမလဲ” အာရန်အတွက်မူ ယခု သူ၏ လက်ထဲမှ လက်စွပ်သည် သူ့အတွက် အကြီးဆုံး ပြဿနာတစ်ခု ဖြစ်လာခဲ့ပြီဖြစ်၏။
ထရီဆာအား နှစ်ချိုက်စွာ အိပ်ပျော် နေခြင်းဖြစ်ကြောင်း သေချာစေရန်အတွက် လက်စွပ်အား ပြန်မထားမှီ အချိန်တစ်ခုအထိ ထပ်မံစောင့်ဆိုင်းနေခဲ့သည်။
“သူမ ခုလောက်ဆိုရင်တော့ နှစ်နှစ်ချိုက်ချိုက် အိပ်ပျော်နေလောက်ပြီ မဟုတ်လား”
တစ်နာရီနီးပါးခန့် ကြာမြင့်ပြီးနောက် အာရန်သည် သူ၏လက်ကို အလျင်အမြန်ပင် လှုပ်ရှားလိုက်ကာ သူမ၏ အဝတ်အစားများအတွင်းသို့ လျှပ်စီးကဲ့သို့ အမြန်နှုန်းဖြင့် လက်စွပ်အား ပြန်ထည့်ထားလိုက်သည်။
ထို့နောက် အလျှင်အမြန်ပင် လက်ကို ပြန်ရုပ်လိုက်၏။
ထိုအချိန်တွင် အာရန်၏ နှလုံးခုန်နှုန်း သည် လွန်စွာမြန်ဆန်နေခဲ့ပြီး ထရီဆာ၏ အသေးငယ်ဆုံးသော လှုပ်ရှားမှုလေးများကိုပင် စောင့်ကြည့်နေခဲ့မိ၏။
ကံကောင်းထောက်မစွာဖြင့် သူမသည် အနည်းငယ်မျှပင် လှုပ်ရှားမှု မပြခဲ့ပေ။ သူမ နိုးမလာခဲ့ပေ။
အာရန် သည် နောက်ဆုံးတွင်တော့ သက်ပြင်းချ ကာ စိတ်သက်သာရာ ရသွားခဲ့သည်။
အာရန်သည် လက်ရှိ ယာယီ ပြဿနာကို ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ကာ ကြိုးဖြင့် ချည်နှောင်ခံထားရခြင်းမှလည်း လွတ်မြောက်သွားခဲ့ပြီဖြစ်၏။
“စနစ်က င့ါကို ရည်ရွယ်ချက်ရှိရှိနဲ့ ဒီအကြောင်းကို နေမထွက်ခင်မှာ သိစေချင်ရတာ အကြောင်းတစ်ခုခုတော့ရှိရမယ်။ ဒါကလည်း ငါ့အတွက် အရေးကြီးနေမယ်ဆိုတာ သေချာလောက်တယ်။ ငါ့အနေနဲ့ မနက်အထိ ဒီမှာ ဆက်နေလို့ ဘယ်လိုမှ မဖြစ်နိုင်တော့ဘူး”
စနစ်မှအစောပိုင်း ဖော်ပြခဲ့သော ရွေးချယ်စရာ အများစုသည် နေမထွက်မီ အပြီးသတ် လုပ်ဆောင်ရန် တောင်းဆိုနေခဲ့သည်။
ထိုသို့ ဖြစ်ရခြင်း အကြောင်းရင်းကို အာရန်အနေနှင့် မသိခဲ့သလို သိချင်စိတ်လည်း မရှိတော့ပေ။
ထို့နောက် အာရန်သည် အခန်ပြတင်းပေါက်အား ဂရုတစိုက် ဖွင့်လိုက်ပြီးနောက် လရောင်အောက်တွင်ပင် အပြင်သို့ ခုန်ထွက်လိုက်၏။
ထို့နောက် အာရန်သည် သူ၏ ခန္ဓာကိုယ်အား အရိပ် အဖြစ် ပြောင်းလဲလိုက်ပြီး တတ်နိုင်သမျှ အမြန်ဆုံးနည်းဖြင့် ရွေ့လျားသွားခဲ့သည်။
ကုန်သည်အစည်းအရုံး နှင့် တွေ့ဆုံရန်ပင် သူ့၌ အချိန်မရှိတော့ပေ။
သူသည် တတ်နိုင်သမျှ အမြန်ဆုံး ဤနေရာမှ ထွက်ပြေးသွားချင်နေခဲ့သည်။
အာရန်၏ လက်ရှိ အဓိက ရည်ရွယ်ချက်မှာ ဤမြို့မှ အမြန်ဆုံး ထွက်ခွာနိုင်ရန်ပင် ဖြစ်၏။
“ဟင်... ဒါက ကုန်သည်အစည်းအရုံး ရဲ့ လေသင်္ဘောမဟုတ်လား”
အာရန်သည် မြို့တော် တစ်ဝက်နီးပါးခန့် ခရီးပေါက်နေပြီဖြစ်ကာ ထွက်ပေါက်သို့ ရောက်ခါနီးတွင် မြေပြင်ပေါ်၌ ဆိုက်ကပ်ထားသော လေသင်္ဘော တစ်စီးကို မြင်လိုက်ရခြင်း ဖြစ်လေသည်။
ကုန်သည်အစည်းအရုံးမှ လူများသည် သေတ္တာ အချို့ကို ထိုလေသင်္ဘောပေါ်သို့ ဂရုတစိုက်တင်နေကြသည်။
“မြန်မြန်လုပ်ကြ... ငါ ဒီလောက် ပျင်းစရာကောင်းတဲ့ မြို့မှာ အချိန်နည်းနည်းတောင် ထပ်ပြီးမဖြုန်းချင်တော့ဘူး”
အာရန်တို့နှင့် ဆက်ဆံစဥ်က အလွန်မာနကြီးပုံရခဲ့သော လူများသည် ထိုသေတ္တာများကို သယ်ဆောင်နေချိန်၌မူ အလွန် ရိုကျိုးနပုံ ပေါ်လေသည်။
အထူးသဖြင့် သင်္ဘော ကုန်းပတ် ပေါ်တွင် မာနကြီးစွာ ရပ်နေသော အမျိုးသမီးငယ် လေးအနီးသို့ ဖြတ်လျှောက်သွားမိကြသောအခါတွင် ဖြစ်လေ၏။
“သူတို့ ထွက်ခွာတော့မှာထင်တယ်။ ဒါက င့ါအတွက် အလွန်ကောင်းမွန်တဲ့ အခွင့်အရေးတစ်ခု ဖြစ်နိုင်တယ်” အာရန်သည် ထိုအမျိုးသမီး၏ မြင်ကွင်းမှ ရှောင်ရှားလိုက်ပြီးနောက် သင်္ဘောပေါ်သို့ နောက်ဘက်တစ်နေရာမှ တွယ်တက်ရန်ပြင်လိုက်သည်။
ဤသို့ဖြင့် အာရန်တစ်ယောက် လေသင်္ဘော ထဲသို့ ဝင်ရောက်နိုင်ခဲ့ကာ တစ်နေရာ၌ လျှင်မြန်စွာ ပုန်းအောင်း နေလိုက်၏။
ထို့နောက် အာရန်သည် ကုန်းပတ်ပေါ်၌ ကြာကြာမနေခဲ့ဘဲ ပို၍ လူစည်ကား ပြီး ပုန်းအောင်းရန် ပိုမိုလွယ်ကူသည့် အောက်ထပ် ရှိ အစေခံများရှိရာ နေရာသို့ လျှို့ဝှက်စွာ ထွက်သွားခဲ့သည်။
ထို့နောက် ကံကောင်းသည်ဟု ဆိုရမည်လော...။ သို့မဟုတ် ကံဆိုးသည်ဟုပင် ဆိုရမည်လော....။
မည်သို့ပင်ဆိုစေ အာရန်တစ်ယောက်မှာမူ ကုန်သည်အစည်းအရုံး မှ အထူးဧည့်သည်များ အတွက် ပြင်ဆင်ပေးထားသည့် လေသင်္ဘော အတွင်း၌ ပုန်းအောင်း ခွင့်ရသွားခဲ့လေသည်။
သေတ္တာများအားလုံးကို သေခြာစွာ တင်ဆောင်ပြီးသွားသောအခါ ကုန်သည်အစည်းအရုံး ၏ ဌာနခွဲ အကြီးအကဲသည် ထိုမိန်းကလေးငယ်အား နှုတ်ဆက်ရန်အတွင် ကိုယ်တိုင်ပင် ဤနေရာသို့ ရောက်ရှိလာခဲ့သည်။
#Catfoot