← Chapters

လျှို့ဝှက်နယ်မြေပေါ်လာခြင်း(၂)

Vol. 18 Ch. 240

လျှို့ဝှက်နယ်မြေပေါ်လာခြင်း(၂)

Vol. 18 Ch. 240

တစ်နာရီကြာပြီးနောက်တွင် ဝိညာဉ်ဆေးပစ္စည်းများနှင့် ဝိညာဉ်သစ်သီးတို့သည် အသုတ်လိုက် လုံးဝပျက်စီး ပြိုကွဲသွားခဲ့သည်။

လေးသင်္ကေတမီးဖို၏ အောက်ခြေတွင် အရောင်အမျိုးမျိုး ရောစပ်နေသော ဆေးအနှစ်ခဲတစ်ခုသည် မီးဖိုထဲတွင် ငြိမ်သက်စွာ တည်ရှိနေ၏။

လင်းထျန်းမင်သည် နဖူးမှ ချွေးများကို သုတ်လိုက်ပြီးနောက် ဒုတိယအဆင့် ချင်းရှူမြွေ အတွင်းဆေးလုံးကို လေးသင်္ကေတမီးဖိုထဲသို့ ပစ်ထည့်လိုက်သည်။

ပြာနှမ်းကာ ဖြူစုတ်နေသော ချင်းရှူမြွေ အတွင်းဆေးလုံးသည် အလွန်ပူပြင်းသည့် မီးဖိုထဲသို့ ရောက်ရှိသွားသည်နှင့် ရုတ်တရက် အသက်ဝင်လာကာ ရိုင်းစိုင်းစွာ ခုန်ပေါက်လှုပ်ရှားလာသည်။

လင်းထျန်းမင်သည် မဆင်မခြင် မလုပ်ရဲချေ။ အဘယ်ကြောင့်ဆိုသော် နတ်ဆိုးသားရဲ အတွင်းဆေးလုံးသည် ဝိညာဉ်ဆေးပစ္စည်းများကဲ့သို့ တည်ငြိမ်နူးညံ့ ခြင်းမရှိပေ။ အနည်းငယ်မျှ မှားယွင်းမှုသည်ပင် ပေါက်ကွဲစေနိုင်၏။ ဒုတိယအဆင့် နတ်ဆိုးအနှစ်သာရတွင် ပါဝင်သော စွမ်းအင်သည် ကြောက်မက်ဖွယ်ကောင်းပြီး အုတ်မြစ်တည်ဆောက်ခြင်း ကျင့်ကြံသူတစ်ဦးပင်လျှင် ယခုလို အနီးကပ်နေရာတွင် သေလောက်သော အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်သည်။

သူသည် သူ၏ နတ်ဘုရားအာရုံကို အသုံးပြုရန် အာရုံစိုက်လိုက်ပြီး အတွင်းအနှစ်သာရကို အတင်းအဓမ္မ ဖိနှိပ်ထိန်းချုပ်ကာ ၎င်းကို ခွဲခြမ်းစိစစ်ရန် စတင်ခဲ့သည်။

နေ့တစ်ဝက် ကုန်လွန်သွားချိန်တွင် လေးသင်္ကေတမီးဖိုအတွင်း၌ ချင်းရှူမြွေ အတွင်းဆေးလုံးသည် လုံးဝပျောက်ကွယ်သွားပြီး မူလ ဆေးအနှစ်ခဲမှာ အရွယ်အစား ပိုမိုကြီးမားလာကာ ၎င်း၏ အရောင်သည်လည်း စိမ်းပြာရောင်သို့ ပြင်းထန်စွာ ပြောင်းလဲသွားသည်။

ဤအခြင်းအရာကို မြင်တွေ့ရသောအခါ လင်းထျန်းမင်မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွား၏။

အန္တရာယ်အရှိဆုံး အဆင့်ကို ကျော်ဖြတ်နိုင်ခဲ့ပြီဖြစ်ပြီး နောက်ဆက်တွဲမှာ အရေးကြီးဆုံးဖြစ်

သည့် ဆေးလုံး ခိုင်မာအောင် ခဲခြင်းလုပ်ငန်းစဉ် ဖြစ်သည်။

သူသည် အသက်ပြင်းပြင်း ရှူသွင်းလိုက်ပြီးနောက် လက်တစ်ဖက်တည်းဖြင့် တံဆိပ်တစ်ခုကို ပြုလုပ်ကာ မြေမီးပေါက်ပေါ်တွင် ဥပဒေအမိန့် တံဆိပ်တစ်ခုကို ရိုက်ချလိုက်လေသည်။

တိတ်ဆိတ်သော အသံတစ်ခုနှင့်အတူ မြေမီးသည် ပန်းထွက် လာပြီး လေးသင်္ကေတမီးဖို အတွင်းရှိ အပူချိန်ကို အခြားအဆင့်တစ်ခုသို့ မြှင့်တင်လိုက်သည်။

လင်းထျန်းမင် ၏ မျက်နှာသည် တင်းမာနေပြီး လေးသင်္ကေတမီးဖိုအတွင်းမှ အပြောင်းအလဲများကို အဆက်မပြတ် အာရုံခံနေသည်။

အပူချိန် သင့်တော်သည်နှင့် သူသည် လေးသင်္ကေတမီးဖိုကို ရိုက်လိုက်ရာ သူ၏ လက်မှ ဝိညာဉ်စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး မီးဖိုထဲသို့ ငုပ်လျှိုး ဝင်ရောက်သွားကာ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားသည်။

ဝိညာဉ်ထည့်သွင်းမှုပြီးမြောက်သောအခါ သူသည် မြေမီး၏ အပူချိန်ကို ထိန်းချုပ်ရင်း သူ့ဘာသာ တီးတိုးရွတ်ဆိုလိုက်သည်။

"ခဲစေ"

ဖောက်ထွင်းသော အသံတစ်ခု ထွက်ပေါ်လာပြီးနောက် ဆေးလုံးဖိုအတွင်းမှ ကြည်လင်

ပြတ်သားသော ပေါက်ကွဲသံအနည်းငယ် ဆက်တိုက် ထွက်ပေါ်လာသည်။

ထိုဆူညံသံကို ကြားသောအခါ လင်းထျန်းမင်၏ မျက်နှာက အရောင်ပြောင်းလဲသွားသည်။ အသံများ ရပ်တန့်သွားပြီးနောက် သူသည် မီးဖိုအဖုံးကို ချက်ချင်း ပင့်တင် လိုက်သည်။

အတွင်း၌ ကျန်ရှိနေသည်မှာ ဆေးဖတ်အစုအပုံနှင့် ကွဲအက်နေသော ဆေးလုံးနှစ်လုံးသာ ဖြစ်သည်။

သူသည် ကွဲကြေနေသော ဆေးအနှစ်တစ်ခုကို ကောက်ယူကာ လက်ထဲတွင် ကိုင်ထားပြီး သေချာစွာ ဆင်ခြင်သုံးသပ်နေသည်။

"အောင်မြင်စွာ ရောစပ်ဖို့ ဖြစ်နိုင်ခြေရှိပုံပေါ်ပါတယ်။ ကျွန်တော်က ဝိညာဉ်ထည့်သွင်းမှု ရဲ့ အပူချိန်နဲ့ အချိန်ကိုက်ထိန်းချုပ်တာ မကောင်းလို့သာ ဆေးစီရင်မှုမအောင်မြင် သွားတာ ဖြစ်

မယ်"

"ဒါဆိုရင် ချင်းရှူမြွေ အတွင်းဆေးလုံးဟာ ချင်းနဂါးကျောင်း အတွင်းဆေးလုံးနေရာမှာ အစားထိုးနိုင်တယ်။ ပြီးတော့ နဂါးအရိုးဆေးလုံးကို ဖော်စပ်ဖို့ တကယ်ပဲ အသုံးပြုနိုင်တယ်ဆိုတာ ထင်ရှားတယ်"

လင်းထျန်းမင်က သူ့ကိုယ်သူ တီးတိုးရေရွတ်ရင်း မျက်နှာတွင် အပြုံးတစ်ခု လျှပ်တစ်ပြက် ဖြစ်ပေါ်သွားသည်။

ပထမဆုံး ဆေးအသုတ်သည် မအောင်မြင်ခဲ့သော်လည်း အောင်မြင်ခြင်းနှင့် နီးစပ်ခဲ့ သောကြောင့် သူ့အား အကန့်အသတ်မဲ့သော မျှော်လင့်ချက် ကို ပေးခဲ့သည်။

ဆေးဖတ်အမှိုက်များကို ရှင်းလင်းပြီးနောက် သူ၏ အခြေအနေ အမြင့်ဆုံး သို့ ရောက်ရှိသည်

အထိ စောင့်ဆိုင်းရင်း အားအင်ပြန်လည်ဖြည့်တင်းခြင်းကို စတင်ခဲ့သည်။ ထို့နောက်မှ ဆက်လက် ဖော်စပ်ရန် ပြင်ဆင်သည်။

"ပစ္စည်း သုံးစုံရှိတဲ့အတွက် ဆေးလုံးတစ်သုတ် ကိုတော့ မဖြစ်မနေ အောင်မြင်အောင် ဖန်တီးရမယ်"

သူ စိတ်ထဲတွင် တွေးပြီးနောက် သူ၏ စွမ်းအင်များကို ပြန်လည် စုဆောင်းစပြုသည်။

နေ့တစ်ဝက် ကြာပြီးနောက် လင်းထျန်းမင် ၏ အခြေအနေသည် ပြန်လည်ကောင်းမွန်လာခဲ့ပြီး ပြင်းထန်သော ဆေးလုံးဖော်စပ်ခြင်း လုပ်ငန်းစဉ်ထဲသို့ တစ်ဖန် ပြန်လည်ဝင်ရောက်ခဲ့သည်။

ပထမအကြိမ် မအောင်မြင်မှုမှ သင်ခန်းစာယူ ပြီးနောက် ဒုတိယဆေးအသုတ်ကို ဖော်စပ်ရာတွင် သူသည် အလွန်အမင်း သတိထား လျက် အဆင့်တစ်ဆင့်ချင်းစီကို အပြည့်စုံဆုံး ဖြစ်အောင် ကြိုးစား လုပ်ဆောင်ခဲ့သည်။

ကျွမ်းကျင်မှုနှင့် ဇွဲရှိရှိ ကြိုးစားမှုတို့ကြောင့် သူ၏ ကြိုးစားအားထုတ်မှုက အကျိုးပေးခဲ့ပြီး ဒုတိယဆေးအသုတ်ကို အောင်မြင်စွာ ခဲစေနိုင်ခဲ့သည်။

ဆေးစီရင်ခန်းထဲတွင် ဆေးလုံးဖိုမှ ထူးခြားသော ဆေးနံ့မွှေးတစ်ခု သင်းပျံ့လာသောအခါ သူသည် ချွေးများ တဒီဒီးကျနေခြင်းကို ဂရုမစိုက်ဘဲ မီးဖိုအဖုံးကို အလျင်အမြန် ဖွင့်လှစ်လိုက်သည်။

အတွင်း၌ စိမ်းပြာရောင်အနီရောင်ဆေးလုံး ငါးလုံး သည် မီးဖိုထဲတွင် ဝဲလွင့်နေသည်။ သူသည် ဆေးလုံးတစ်လုံးကို ချက်ချင်း ထုတ်ယူပြီး သေချာစွာ စစ်ဆေးကြည့်ရှုသည်။

"ဒါက ပြီးပြည့်စုံတဲ့ ဆေးလုံးဖြစ်တာတော့ သေချာပါတယ်။ ဒါပေမဲ့ အစွမ်းထက်ရဲ့လား ဆိုတာ သိချင်တယ်"

လင်းထျန်းမင်က စိတ်လှုပ်ရှားမှုနှင့်အတူ မျက်နှာတွင် ထင်ဟပ်ရင်း သူ့ကိုယ်သူ တွေးလိုက်သည်။

သို့သော်လည်း ယခုအချိန်တွင် သူ၏ အခြေအနေမှာ မကောင်းသေးသောကြောင့် နောက်နေ့မှသာ စမ်းသပ်ကြည့်နိုင်မည် ဖြစ်သည်။

ထိုအတွေးနှင့်အတူ သူသည် မျက်လုံးများကို မှိတ်လိုက်ပြီး တရားထိုင်ခြင်းကို စတင်ခဲ့သည်။ ကျန်ရှိနေသေးသော ပစ္စည်းတစ်စုံကို ဆေးစီရင်ရန်နှင့် အောင်မြင်သော ဆေးလုံးများကို စမ်းသပ်ရန်အတွက် ပြင်ဆင်လိုက်ခြင်း ဖြစ်သည်။

All Chapters