← Chapters

ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်သို့ တိုးမြှင့်ခြင်း၊ မဟာဆရာသခင်အဆင့် ဆေးဖော်စပ်ပညာ(၁)။

Vol. 18 Ch. 223

ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်သို့ တိုးမြှင့်ခြင်း၊ မဟာဆရာသခင်အဆင့် ဆေးဖော်စပ်ပညာ(၁)။

Vol. 18 Ch. 223

ငါးနှစ်ကြာပြီးနောက်၊ ချန်လန်ပင်လယ်ဒေသ...။

လှေပျံအစင်း သုံးဆယ်ကျော်သည် ကောင်းကင်ယံထက်တွင် ပျံသန်းနေကြသည်။ ၎င်းတို့သည် အဓိက ဂိုဏ်းကြီးသုံးခုဖြစ်သော အင်မော်တယ်ရှားဂိုဏ်း၊ ချင်မုဂိုဏ်းနှင့် တန်တိန်ဂိုဏ်းတို့ ဖြစ်ကြသည်။

သူတို့သည် ကောင်းကင်ယံတွင် ခမ်းနားထည်ဝါစွာ ခရီးနှင်နေကြသည်။

လွန်ခဲ့သော ငါးနှစ်တာ ကာလအတွင်း သူတို့ မိုင်ပေါင်း မည်မျှ ပျံသန်းခဲ့ပြီးပြီကိုပင် မသိကြတော့ပေ။ သူတို့သည် မရေမတွက်နိုင်သော အခက်အခဲများနှင့် အန္တရာယ်များကို ကြုံတွေ့ခဲ့ကြရသည်။

သို့သော် ကံကောင်းစွာဖြင့်၊ သူတို့သည် နောက်ဆုံးတွင် ဦးတည်ရာခရီးလမ်းဆုံးသို့ ရောက်ရှိရန် နီးကပ်နေပြီ ဖြစ်သဖြင့် လှေပျံပေါ်ရှိ လူများမှာ ဝမ်းမြောက် စိတ်လှုပ်ရှားနေကြသည်။

တစ်ဦးချင်းစီတိုင်းသည် ဘဝသစ်တစ်ခု၏ ရောက်ရှိလာမှုကို မျှော်လင့်စောင့်စားရင်း စိတ်အားထက်သန်မှုများနှင့် ပြည့်နှက်နေကြသည်။

ဤအချိန်တွင် အင်မော်တယ်ရှားဂိုဏ်း၏ တတိယအဆင့် လှေပျံပေါ်ရှိ တိတ်ဆိတ်သော အခန်းတစ်ခု အတွင်း၌...။

၎င်းသည် ကျိုးစွေ့ ၏ ပုံမှန် တံခါးပိတ် ကျင့်ကြံလေ့ရှိသော နေရာလည်း ဖြစ်သည်။

ဝူးရှ်..။

ကျိုးစွေ့သည် ကြမ်းပြင်ပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး သူ၏ စိတ်အစဉ်မှာ တည်ငြိမ်အေးချမ်းနေသည်။

'ချစ်ခြင်းမေတ္တာကူ'ထံမှ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်စီးကြောင်းတစ်ခု ထွက်ပေါ်လာပြီး သူ၏ တစ်ကိုယ်လုံးသို့ စီးဆင်းကာ၊ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတိုင်းသို့ ပေါင်းစပ်သွားသည်ကို သူ အာရုံခံလိုက်ရသည်။ ၎င်းသည် သူ့အား ကမ္ဘာမြေ တုန်ဟီးစေလောက်သော ပြောင်းလဲမှုများကို ဖြစ်ပေါ်စေသည်။

အထူးသဖြင့်၊ ၎င်းသည် သူ၏စိတ်ဝိညာဉ်အမြစ်ထဲသို့ တိုးဝင်သွားပြီး ၎င်းကို အသွင်ပြောင်းလဲသွားစေသည်။

ဟူးလား…။

ဤအခိုက်အတန့်တွင် သူ၏ခန္ဓာကိုယ်တစ်ခုစလုံး တုန်ခါသွားသည်။ သူ၏ အရိုးများနှင့် ကြွက်သားများကို မိုးကြိုး ပစ်ချလိုက်သကဲ့သို့၊ တစ်ကိုယ်လုံးတွင် ပဲ့တင်ထပ်သော အသံတစ်ခု ထွက်ပေါ်လာသည်။

ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်..။

ငါးနှစ်တာ ကြိုးစားအားထုတ်မှုများအပြီးတွင် သူ၏စိတ်ဝိညာဉ်အမြစ်သည် ဆဌမအဆင့်မှ ပဉ္စမအဆင့်သို့ နောက်ဆုံးတွင် တိုးတက်သွားခဲ့ပြီ ဖြစ်သည်။

"နောက်ဆုံးတော့ အဆင့်မြှင့်နိုင်ခဲ့ပြီ…"

ကျိုးစွေ့၏ မျက်နှာပေါ်တွင် ပျော်ရွှင်သော အမူအရာတစ်ခု ပေါ်လာသည်။ လွန်ခဲ့သော ငါးနှစ်က သူ၏ ဆဌမအဆင့် စိတ်ဝိညာဉ်အမြစ်သည် အလားအလာ ၉၉% သို့ ရောက်ရှိနေပြီ ဖြစ်၍၊ နောက်တစ်လှမ်း လှမ်းလိုက်ရုံဖြင့် မြှင့်တင်နိုင်လိမ့်မည်ဟု ယုံကြည်ခဲ့သည်။

သို့သော် သူသည် စိတ်ဝိညာဉ်အမြစ် တက်လှမ်းမှု၏ ခက်ခဲမှုကို လျှော့တွက်ခဲ့မိသည်။ ဤသည်မှာ ကြီးမားသော အတားအဆီးတစ်ခု ဖြစ်သည်။ ၁% သာ ကျန်တော့သော်လည်း၊ ခက်ခဲကြမ်းတမ်းသော ကျင့်ကြံမှု ငါးနှစ်တာ အချိန်ယူခဲ့ရသည်။

ဤအဆင့်ပြီးမှသာ သူသည် ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်သို့ အမှန်တကယ် ဖောက်ထွက်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဖြစ်စဉ်သည် ပင်ပန်းခက်ခဲပြီး အချိန်များစွာ ကုန်ဆုံးစေခဲ့သော်လည်း၊ အရာအားလုံးသည် ထိုက်တန်လှသည်။

"ကျင့်ကြံမှုရဲ့ ထိရောက်မှုက တိုးလာပြီ… အနည်းဆုံး နှစ်ဆလောက် ပိုမြန်လာတယ်…"

ကျိုးစွေ့သည် အတိုင်းမသိ ဝမ်းမြောက်သွားပြီး၊ ကောင်းကင်နှင့်မြေကြီးကြားမှ ဝိညာဉ်စွမ်းအင်များကို ဆွဲယူရန် ကူနတ်ဘုရားကျင့်စဉ်ကို လှည့်ပတ်လိုက်သည်။ ကြီးမားသော ဝိညာဉ်စွမ်းအင်များသည် ရေလွှမ်းမိုးမှုကဲ့သို့ သူ၏စိတ်ဝိညာဉ်အမြစ်၏ စုပ်ယူဝါးမျိုခြင်းကို ခံလိုက်ရပြီး သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။

ဤအခိုက်အတန့်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ မှော်စွမ်းအားများ ကြီးမားစွာ မြင့်တက်လာသည်ကို သူ ခံစားလိုက်ရသည်။ သူ၏ ကျင့်ကြံမှု စွမ်းဆောင်ရည်သည် နှစ်ဆ တိုးလာခဲ့သည်။

ပဉ္စမအဆင့်နှင့် ဆဌမအဆင့် စိတ်ဝိညာဉ်အမြစ်ကြားတွင် အဆင့်တစ်ဆင့်သာ ကွာခြားသော်လည်း၊ ၎င်းတို့ကြားမှ ကွာဟချက်သည် ကောင်းကင်နှင့် မြေကြီးကဲ့သို့ ကြီးမားလှသည်။

ရွှေအမြုတေ ဂိုဏ်းတစ်ခုတွင် ရှိနေပါက၊ ဆဌမအဆင့် စိတ်ဝိညာဉ်အမြစ်သည် အပြင်စည်းဂိုဏ်းသား ဖြစ်ခွင့်သာ ရရှိနိုင်သော်လည်း၊ ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်သည် အတွင်းစည်းဂိုဏ်းသား တစ်ဦး ဖြစ်လာစေနိုင်သည်။

စတုတ္ထအဆင့် ဆိုလျှင်မူ အတွင်းဂိုဏ်းသားများ၏ ထိပ်တန်းအဆင့်များထဲတွင် ပါဝင်နိုင်ပေလိမ့်မည်။ အကယ်၍ တစ်စုံတစ်ယောက်၏ ပါရမီသည် တတိယအဆင့် အထိ ရောက်ရှိပါက၊ ထိုသူသည် တပည့်ရင်းတစ်ဦးအဖြစ် ဆက်ဆံခံရမည် ဖြစ်သည်။

ထို့ကြောင့် ပါရမီ ကွာဟချက်သည် အနာဂတ် အောင်မြင်မှုများအတွက် ကွာခြားချက်ကို ဖြစ်ပေါ်စေသည်။ တစ်ကြိမ် နောက်ကျကျန်ခဲ့လျှင် အမြဲတမ်း နောက်ကျကျန်ရစ်နေမည် ဖြစ်သည်။

သို့သော် ကံကောင်းစွာဖြင့်၊ 'ချစ်ခြင်းမေတ္တာကူ'၏ စွမ်းအား အကူအညီဖြင့် သူ၏ စိတ်ဝိညာဉ်အမြစ် ပင်ကိုပါရမီ တိုးတက်လာခဲ့သည်။ ဆက်လက်၍ သန့်စင်နေပါက၊ နောက်ဆုံးတွင် ပထမအဆင့်၊ သို့မဟုတ် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်အထိပင် တိုးတက်လာနိုင်သည်။

"ဟုတ်ပြီ... ငါ့ခန္ဓာကိုယ်ရဲ့ အချက်အလက်တွေ ဘယ်လိုနေလဲ ကြည့်ရအောင်…"

ဤအခိုက်အတန့်တွင် ကျိုးစွေ့သည် သူ၏ အချက်အလက်ပြ မျက်နှာပြင်ကို ဖွင့်လိုက်သည်။

[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - အခြေတည် အလယ်အလတ်အဆင့် (တိုးတက်မှု - ၉၀%)၊ သက်တမ်း - ၄၀ (နှစ် ၁၆၀၀) ]

[ ပင်ကိုပါရမီ - ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ် (၁%) ]

[ ဓားသိုင်းပညာ - ဒုတိယအဆင့် အထွတ်အထိပ်အဆင့် (၇၀%) ]

[ အဆောင်ပညာ - ဒုတိယအဆင့် အောက်ခြေအဆင့် (၇၀%) ]

[ အစီအရင်ပညာ - တတိယအဆင့် အထွတ်အထိပ်အဆင့် (၇၀%) ]

[ ဆေးဖော်စပ်ပညာ - ဒုတိယအဆင့် အထွတ်အထိပ်အဆင့် (၉၉%) ]

[ နတ်ဆိုးအသွင်ပြောင်း ပညာရပ် - အကြီးစားအောင်မြင်မှုအဆင့် (၁၀%) ]

[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - မဟာဆရာသခင်အဆင့် (၅%) ]

[ အလင်းမျက်လုံးခုနစ်လုံး လျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း၊ နှလုံးသားမျက်လုံး အမြင်၊ နှလုံးသားမျက်လုံး ဘာသာစကား (၆၀%) ]

[ မီးလုံးပညာရပ် - မဟာဆရာသခင်အဆင့် (၉၉%)၊ လေဓားသွားပညာ - ကျွမ်းကျင်အဆင့်၊ ရွှေအလင်းပညာ - ကျွမ်းကျင်အဆင့်၊ ရေခဲနှင်းပညာ - ကျွမ်းကျင်အဆင့်၊ နွေလေမိုးပညာ - ကျွမ်းကျင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - ကျွမ်းကျင်အဆင့်၊… ]

[ ‘ချစ်ခြင်းမေတ္တာကူ’ - အဆင့်သုံး အလယ်အလတ်အဆင့်၊ ‘ကိုယ်ပွားကူ’ - အဆင့်နှစ် အလယ်အလတ်အဆင့်၊ ‘အရက်ကူ’ - အဆင့်နှစ် အလယ်အလတ်အဆင့်၊ ‘ရွှေစားကူ’ - အဆင့်နှစ် အလယ်အလတ်အဆင့်၊ 'စာအုပ်ကူ' - အဆင့်နှစ် အလယ်အလတ်အဆင့်၊ ‘အိပ်မက်ဝိညာဉ်ကူ’ - အဆင့်နှစ် အထွတ်အထိပ်အဆင့်၊ ‘နဂါးဆင်ကူ’ - အဆင့်နှစ် အလယ်အလတ်အဆင့်၊ ‘ရွှေအလင်းတစ်ထောင်ကူ’ - အဆင့်နှစ် အလယ်အလတ်အဆင့်၊ ‘တည်နေရာပြောင်းကူ’ - အဆင့်နှစ် အလယ်အလတ်အဆင့်၊ 'အစီအရင်နှလုံးသားကူ' - အဆင့်သုံး အထွတ်အထိပ်အဆင့်၊ 'ပစ္စည်းရှာဖွေကူ' - အဆင့်နှစ် အလယ်အလတ်အဆင့်။ ]

သံသယဖြစ်ဖွယ်မလို၊ ဤငါးနှစ်တာ ကြိုးစားအားထုတ်မှုသည် ကြီးမားသော တန်ဖိုး ရှိခဲ့သည်။

သူ၏ စိတ်ဝိညာဉ်အမြစ်ကို ပဉ္စမအဆင့်သို့ မြှင့်တင်နိုင်ခဲ့ခြင်းအပြင်၊ သူ၏ စွမ်းရည် အသီးသီးသည်လည်း ကြီးမားစွာ တိုးတက်လာခဲ့သည်။

အထူးသဖြင့်၊ အစီအရင်ပညာတွင် သူ၏ ကျွမ်းကျင်မှုသည် တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။ စတုတ္တအဆင့် အစီအရင်ပညာရှင်ဖြစ်လာရန် အကွာအဝေးမှာ သိပ်မဝေးတော့ပေ။

"တတိယအဆင့် အထွတ်အထိပ် အစီအရင်ပညာရှင်အဆင့်ကို ရောက်သွားပြီလား.. အစီအရင်တွေကို ပင်ပင်ပန်းပန်း ကျင့်ကြံခဲ့ရတာ တကယ် အလကားမဖြစ်ဘူးပဲ…"

ကျိုးစွေ့က သူ့မေးစေ့ကို ပွတ်သပ်ရင်း အလွန် ကျေနပ်နေသည်။

လွန်ခဲ့သော ငါးနှစ်တာ ကာလအတွင်း၊ သူတို့သည် လှေပျံပေါ်တွင် အချိန်အများစု နေထိုင်ခဲ့ရသောကြောင့် အတော်လေး ပျင်းစရာ ကောင်းခဲ့သည်။

သူ၏ တာအိုလက်တွဲဖော်များနှင့် တူနှစ်ကိုယ်ကျင့်ကြ့ခြင်း၊ ကျင့်ကြံခြင်းတာအိုကို နားလည်သဘောပေါက်ခြင်းတို့အပြင်၊ ကျန်ရှိသော အချိန်များကို အဓိကအားဖြင့် ကျင့်ကြံခြင်း ပညာရပ်အမျိုးမျိုးကို လေ့ကျင့်ရန်သာ အသုံးပြုခဲ့သည်။

ထိုအထဲတွင် အစီအရင်ပညာသည် သူ၏ ကျင့်ကြံချိန် အများဆုံးကို သုံးစွဲခဲ့ရသော ပညာရပ် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် အစီအရင်ပညာသည် ကျင့်ကြံသူများအတွက် အလွန် အရေးကြီးသောကြောင့် ဖြစ်သည်။ ဂိုဏ်းများ တည်ထောင်ခြင်း၊ မိသားစုများ တည်ဆောက်ခြင်း၊ သို့မဟုတ် ကိုယ်ပိုင်လိုဏ်ဂူ တည်ဆောက်ခြင်း မည်သည်မဆို အစီအရင်သည် အလွန် အရေးပါသည်။

အကာအကွယ်ပေးမည့် အစီအရင်မရှိပါက၊ ရန်သူများသည် နယ်မြေအတွင်းသို့ လွယ်ကူစွာ ကျူးကျော် ဝင်ရောက်နိုင်သည်။ တံခါးပိတ် ကျင့်ကြံနေချိန်တွင်ပင်၊ အစီအရင်၏ အကာအကွယ် မရှိပါက လွယ်ကူစွာ အနှောင့်အယှက် ပေးခံရနိုင်သည်။

ထို့ကြောင့် မည်သည့် ကျင့်ကြံသူမဆို၊ အခြေအနေပေးပါက အစီအရင်အကြောင်း အတိုင်းအတာတစ်ခုအထိ နားလည်ထားရန် လိုအပ်သည်။ ကိုယ်တိုင် အစီအရင်မတည်ဆောက်နိုင်လျှင်ပင် အနည်းဆုံး သဘောတရားအချို့ကို နားလည်ထားသင့်သည်။ သို့မှသာ ကျင့်ကြံခြင်းက ပိုမို ထိရောက်မည် ဖြစ်သည်။

တတိယအဆင့် အထွတ်အထိပ် အစီအရင်အဆင့်သို့ ရောက်ရှိသွားသည်နှင့်တပြိုင်နက်၊ သူသည် အခြေခံအားဖြင့် အင်မော်တယ်ရှားဂိုဏ်း၊ ချင်မုဂိုဏ်းနှင့် တန်တိန်ဂိုဏ်းဟူသော အဓိက ဂိုဏ်းကြီးသုံးခုအကြားတွင် အသန်မာဆုံး အစီအရင်ပညာရှင် ဖြစ်လာခဲ့ပြီ ဖြစ်သည်။ သူ့ထက် ပိုမို မြင့်မားသော ကျင့်ကြံမှုအဆင့်ရှိသည့် အစီအရင်ပညာရှင် မရှိတော့ပေ။

"နှမြောစရာပဲ... ငါ စတုတ္တအဆင့် အစီအရင်ကို ရှာမတွေ့ခဲ့ဘူး…"

"ငါသာ စတုတ္တအဆင့် အစီအရင်ကို ရှာတွေ့ခဲ့ရင်.. 'အစီအရင်နှလုံးသားကူ'ကို သင်ယူခိုင်းလိုက်လို့ ရမှာ.."

"ဖြစ်နိုင်တာက... ငါ စတုတ္တအဆင့် အစီအရင်ရဲ့ လျှို့ဝှက်ချက်ကို ဖော်ထုတ်နိုင်ပြီး.. ငါ့ရဲ့ အစီအရင် ကျင့်ကြံမှုအဆင့် မြှင့်တင်တာကို အရှိန်မြှင့်နိုင်လောက်တယ်…"

ကျိုးစွေ့က သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။

မည်သို့ပင်ဆိုစေကာမူ၊ အင်မော်တယ်ရှားဂိုဏ်း၊ ချင်မုဂိုဏ်းနှင့် တန်တိန်ဂိုဏ်းတို့သည် ရွှေအမြုတေဂိုဏ်းများသာ ဖြစ်ကြသည်။ သူတို့တွင် တတိယအဆင့် အစီအရင် အမွေအနှစ် ရှိနေခြင်းကပင် အတော်လေး ထူးခြားနေပြီ ဖြစ်သည်။ စတုတ္တအဆင့် အစီအရင်အတွက်မူ စိတ်ကူးယဉ်၍ပင် မရနိုင်ချေ။

အင်မော်တယ်ရှားဂိုဏ်းသည် တစ်ချိန်က ဝိညာဉ်သန္ဓေသားအဆင့်ဂိုဏ်း ဖြစ်ခဲ့သော်လည်း၊ နှစ်ပေါင်း သုံးထောင် ကြာပြီးနောက် သူတို့၏ အမွေအနှစ် အများအပြား ဆုံးရှုံးခဲ့ရသည်။ ကျမ်းစာဆောင်တွင် စတုတ္တအဆင့် အစီအရင်နှင့် ပတ်သက်သော မှတ်တမ်းအပိုင်းအစ အချို့သာ ကျန်ရှိတော့သည်။ သီးခြား အမွေအနှစ်အတွက်မူ အလွန် နည်းပါးလှသည်။

"အလျင်လိုစရာ မရှိပါဘူး… ငါ ဝူကျိမဟာမိတ်အဖွဲ့ကို ရောက်ရင် အဲ့ဒီ ဝိညာဉ်သန္ဓေသားအဆင့် အင်အားစုဆီမှာ စတုတ္တအဆင့် အစီအရင်အသိပညာတွေ ရှိကောင်း ရှိနိုင်တယ်…"

ကျိုးစွေ့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။

အမှန်တကယ်တွင် သူသည် စတုတ္တအဆင့် အစီအရင်အသိပညာကို ရှာဖွေရန် သိပ်အလျင်မလိုပေ။ မည်သို့ပင်ဆိုစေကာမူ၊ သူသည် ယခုချိန်တွင် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးသာ ဖြစ်သေးပြီး၊ တတိယအဆင့် အစီအရင်အသိပညာသည် သူ့အတွက် လုံလောက်နေပြီ ဖြစ်သည်။

စတုတ္တအဆင့် အစီအရင်အကြောင်း သိနေလျှင်ပင်၊ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးအတွက် ၎င်းကို တည်ဆောက်ရန် ခက်ခဲပေလိမ့်မည်။

ထို့ကြောင့် အဆင့်မြင့် အသိပညာကို အလွန်အကျွံ လိုက်စားရန် မလိုအပ်ပေ။ ယင်းသည် မိမိအဆင့်ရှိ အသိပညာကို အပြည့်အဝ နားမလည်သေးသော မူလတန်း ကျောင်းသားတစ်ဦးက တက္ကသိုလ်အဆင့် အသိပညာကို လိုက်စားနေခြင်းနှင့် တူသည်။ ၎င်းသည် ရည်မှန်းချက် ကြီးလွန်းခြင်းသာ ဖြစ်သည်။

All Chapters