ရွှေအမြုတေ အမျိုးသမီးနှစ်ဦးကို လက်ထပ်ထားပြီးပြီလေ၊ ဂိုဏ်းချုပ်လင်းကိုပါ လိုချင်နေသေးတာလား(၂)။
Vol. 18 Ch. 227
‘နေဦး... သူသာ တကယ်ပဲ ပြန်လည် ကျင့်ကြံနေတဲ့ ရှေးဟောင်း အင်မော်တယ်တစ်ပါးဆိုရင်.. ငါ့အသက်က သူ့အသက်နဲ့ သိပ်ကွာမှာ မဟုတ်ဘူး.. ဒီတော့ သူ့မိန်းမတွေထဲက တစ်ယောက် ဖြစ်လာလို့ ရပြီ..'
‘ရှန်ပိချန်တောင် ဒီလောက် မျက်နှာပြောင်တိုက်ရဲရင်.. ငါ ဘာလို့ မလုပ်ရဲရမှာလဲ.. ဟုတ်ဘူးလား..’
အကြောင်းပြချက် တစ်စုံတစ်ရာကြောင့် သူမသည် ဤယောက်ျားနှင့် အချိန်အကြာကြီး အတူ ကုန်ဆုံးလေလေ၊ သူမကိုယ်သူမ ရုန်းထွက်ရန် ပိုခက်ခဲလေ ဖြစ်လာသည်။
သူမ ဤယောက်ျားကို ချက်ချင်း ပိုင်ဆိုင်ချင်စိတ် ပေါက်လာသည်။
"အတိအကျပဲ.. ငါတို့လေးယောက် ပေါင်းလိုက်ရင် ရှုံးနိမ့်ခြင်းမရှိတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်လာတာပဲ.."
ကျိုးစွေ့က ကျေနပ်စွာ ပြောလိုက်သည်။
သူသည် ဘေးလူတစ်ဦးမျှသာ ဖြစ်ပြီး သူ၏ စကားများသည် ရွှေအမြုတေအဆင့်တွင် လွှမ်းမိုးမှု သိပ်မရှိသော်လည်း၊ သူ၏ အခန်းကဏ္ဍသည် အရေးပါနေဆဲ ဖြစ်သည်။
ဤစကားများ ပြောပြီးနောက်၊ သူ လက်ဝှေ့ယမ်းလိုက်ပြီး 'အိပ်မက်ဝိညာဉ်ကူ'၏ စွမ်းအားကို အသက်သွင်းလိုက်ကာ၊ လောလောလတ်လတ် သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိညာဉ်များကို ချက်ချင်း ဝါးမျိုလိုက်ပြီး 'အိပ်မက်ဝိညာဉ်ကူ'ထဲသို့ ဝင်ရောက်သွားစေလိုက်သည်။
ဝှစ်…။
အကျိုးဆက်အနေဖြင့်၊ ကြီးမားသော စိတ်ဝိညာဉ်မှတ်ဉာဏ်များကို 'အိပ်မက်ဝိညာဉ်ကူ'က ဝါးမျို စုပ်ယူလိုက်ပြီး၊ အိပ်မက်ပူဖောင်းများအဖြစ် ပြောင်းလဲသွားသည်။
အချိန်တိုအတွင်းမှာပင် သူသည် ဝူညီအစ်ကိုသုံးယောက်၏ မှတ်ဉာဏ်အပြည့်အစုံကို ရရှိလိုက်သည်။
"ဒီလိုကိုး... ဒီကောင်သုံးကောင်က တကယ်တော့ ဝူကျိမဟာမိတ်အဖွဲ့ရဲ့ အလိုရှိ ရာဇဝတ်သားတွေပဲ…"
"ငါသာ သူတို့ ခေါင်းတွေကို သွားပေးလိုက်ရင်.. ဝူကျိမဟာမိတ်အဖွဲ့ဆီက ဆုငွေ ရလောက်တယ်…"
"သိပ်ကောင်းတယ်.. ငါက ဝူကျိမဟာမိတ်အဖွဲ့ကို သွားဖို့ အကြောင်းပြချက် မရှိလို့ စိတ်ပူနေတာ…"
"အခု ဝူညီအစ်ကိုသုံးယောက်ရဲ့ ခေါင်းတွေကို လက်ဆောင်အဖြစ် ပေးလိုက်ရင်.. ငါ ဝူကျိမဟာမိတ်အဖွဲ့ကို သေချာပေါက် ဝင်လို့ရပြီ…"
ကျိုးစွေ့က သူ့မေးစေ့ကို ပွတ်သပ်လိုက်ပြီး အလွန် ကျေနပ်သွားသည်။
သံသယဖြစ်ဖွယ် မလို၊ ဝူညီအစ်ကိုသုံးယောက်သည် သူ့ကို လက်ဆောင်ကြီး ပေးလိုက်ခြင်းပင် ဖြစ်သည်။
သူတို့သည် သူတို့၏ ပိုင်ဆိုင်မှု အားလုံးကို ပေးအပ်ခဲ့ရုံသာမက၊ သူတို့၏ အသက်များကိုပါ ပေးအပ်ခဲ့ပြီး၊ သူ့အား ဝူကျိမဟာမိတ်အဖွဲ့တွင် ရာထူးတိုးရန် အခွင့်အရေး ပေးခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ၊ ဤသုံးယောက်သည် ဝူကျိမဟာမိတ်အဖွဲ့၏ ဆုငွေစာရင်းတွင် ပါနေသည်မှာ ကြာပြီဖြစ်ပြီး၊ ၎င်းတို့၏ ဆုကြေးပမာဏသည် အရမ်း မြင့်မားနေသောကြောင့် ဝူကျိမဟာမိတ်အဖွဲ့အတွက် ခေါင်းကိုက်စရာ ဖြစ်နေခဲ့သည်။
ယခု သူ ဝူညီအစ်ကိုသုံးယောက်ကို သတ်လိုက်ခြင်းသည် ဝူကျိမဟာမိတ်အဖွဲ့အတွက် ပြဿနာကြီးတစ်ခုကို ဖြေရှင်းပေးလိုက်ခြင်း ဖြစ်သည်။
သူတို့၏ ခေါင်းများကို ပေးအပ်ခြင်းဖြင့် ရက်ရောသော ဆုငွေကိုပင် ထပ်မံရရှိနိုင်သေးသည်။
ယင်းသည် ခဲတစ်လုံးတည်းနှင့် ငှက်နှစ်ကောင် ပစ်လိုက်သလိုပင် ဖြစ်ချေသည်။
ဘုန်း…။
ဤအခိုက်အတန့်တွင် အဓိက ဂိုဏ်းကြီးသုံးခု ဖြစ်သော အင်မော်တယ်ရှားဂိုဏ်း၊ တန်တိန်ဂိုဏ်းနှင့် ချင်မုဂိုဏ်းတို့၏ လှေပျံများသည် ဤလူသူကင်းမဲ့သော ကျွန်းသို့ နောက်ကျပြီးမှ ရောက်ရှိလာကြသည်။
မြောက်မြားလှစွာသော ကျင့်ကြံသူများသည် ကျွန်းပေါ်ရှိ ကျင့်ကြံသူ အလောင်းအမြောက်အမြားကို မြင်တွေ့လိုက်ကြရပြီး၊ လူတိုင်း မှင်တက်သွားကြသည်။
"ဂိုဏ်းချုပ်က မျှော်လင့်ထားတဲ့အတိုင်းပဲ... သူ့ရဲ့ အရှိန်က တကယ် မြန်လွန်းတယ်.. အချိန်ခဏလေးပဲ ကြာသေးတာကို ဒီဓားပြအုပ်စုကို သုတ်သင်ပြီးနေပြီ.." တစ်စုံတစ်ယောက်က တအံ့တဩ ရေရွတ်လိုက်သည်။
"ဟုတ်တယ်မလား.. ဒီဓားပြတွေထဲမှာ ရွှေအမြုတေ ဆရာသခင် သုံးယောက်ပါတယ်လို့ ကြားတယ်… ဒါပေမဲ့ အခုတော့ ဂိုဏ်းချုပ်ရဲ့ လက်ချက်နဲ့ ကြက်ကလေးတွေလိုပဲ အလွယ်တကူ အသတ်ခံလိုက်ရပြီ…"
"ဒီဝူကျိမဟာမိတ်အဖွဲ့ နယ်မြေရဲ့ ရွှေအမြုတေ ဆရာသခင်တွေက အရမ်း အစွမ်းထက်တယ်လို့ ငါ အစက ထင်ထားခဲ့တာ.. ဒါပေမဲ့ ထင်သလောက်မဟုတ်ပုံပဲ.. ငါတို့ ဂိုဏ်းချုပ်က ဒီကောင်တွေကို လွယ်လွယ်လေး သတ်ပစ်လိုက်နိုင်တယ်.."
အဓိက ဂိုဏ်းကြီးသုံးခုမှ ကျင့်ကြံသူများသည် သူတို့၏ ခေါင်းဆောင်များကို အလှည့်ကျ ချီးကျူးနေကြသည်။
မှန်ပေသည်၊ သူတို့သည် ဤစကားများအား စိတ်ရင်းမှန်ဖြင့် ပြောဆိုနေကြခြင်း ဖြစ်သည်။
လွန်ခဲ့သော ငါးနှစ်တာ ကာလအတွင်း သူတို့သည် ကြောက်မက်ဖွယ်သားရဲများနှင့် ဓားပြများစွာကို ရင်ဆိုင်ခဲ့ရသည်။ ရွှေအမြုတေ ဆရာသခင်သုံးဦး၏ အကာအကွယ်သာ မရှိခဲ့လျှင် သူတို့ ယခုအချိန်တွင် အကြိမ်ပေါင်းများစွာ သေဆုံးပြီးလောက်ပြီ ဖြစ်သည်။
မည်သည့် ကျင့်ကြံသူမျှ အင်မော်တယ်မြူခိုးကျွန်းမှ ထွက်ခွာရန် ဆန္ဒမရှိကြသည့် အကြောင်းရင်းကို နောက်ဆုံးတွင် သူတို့ နားလည်သွားကြသည်။
အဆုံးအစမရှိ ကျယ်ပြောလှသော ပင်လယ်ပြင်သည် အန္တရာယ်များလွန်းသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ရွှေအမြုတေအဆင့် ခွန်အားမရှိဘဲ ပင်လယ်ပြင်သို့ ထွက်ဝံ့ပါက၊ ၎င်းသည် သေလမ်းသို့ တည့်တည့်သွားခြင်းသာ ဖြစ်ပေလိမ့်မည်။
"ဒါပေမဲ့... တကယ် ဒေါသထွက်စရာ ကောင်းတာက.. ဟိုကောင်လေးက သူ့ရုပ်ရည်ကို အားကိုးပြီး ရွှေအမြုတေ ဆရာသခင်နှစ်ယောက်ကို လက်ထပ်ခဲ့တာပဲ.. ဂိုဏ်းချုပ်ရှန်နဲ့ ဂိုဏ်းချုပ်လန်တို့ နှစ်ယောက်လုံး သူ့လက်ထဲ ပါသွားပြီ… သူက ကောင်းမွန်တဲ့ ဘဝကို ခံစားနေရတယ်.. ဘာလို့ ဒီလို ဖြစ်ရတာလဲ…"
တစ်စုံတစ်ယောက်က မနာလိုဝန်တိုဖြစ်ကာ၊ လုံးဝ အဓိပ္ပာယ်မရှိဟု တွေးလိုက်မိသည်။
သူသည် ကျိုးစွေ့၏ ပုံရိပ်ကို မနာလိုမှုများဖြင့် ကြည့်လိုက်ပြီး၊ သူ့နှလုံးသား သွေးထွက်နေသကဲ့သို့ ခံစားလိုက်ရသည်။
သူသည်လည်း အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်သည်မှာ ထင်ရှားသည်။ သို့တိုင် သူသည် အဘယ်ကြောင့် ရွှေအမြုတေ ဆရာသခင်များ၏ မျက်နှာသာပေးမှုကို မရရှိဘဲ၊ အခွင့်ထူးခံများထဲမှ တစ်ဦး မဖြစ်လာရသနည်း။
"ဂိုဏ်းချုပ်လန်နဲ့ ဂိုဏ်းချုပ်ရှန်တင် မကဘူး… သူ့ကို လိုလိုလားလား ပြုစုနေတဲ့ ဟိုလှပတဲ့ အခြေတည်အဆင့် အမျိုးသမီးကျင့်ကြံသူ သုံးယောက်ကလည်း သူ့မိန်းမတွေပဲ.. ဒီကောင်လေးက မိန်းမတွေရဲ့ နှလုံးသားကို အနိုင်ယူနိုင်အောင် တကယ်ပဲ အိပ်ယာပေါ်မှာ စွမ်းတာလား…"
အခြားတစ်ယောက်သည်လား အလွန် စိတ်ရှုပ်ထွေးနေသည်။
"မင်း မသိဘူးလား.. ဒီကောင်လေးရဲ့ တာအိုဘွဲ့နာမည်က ကောင်းကင်ဘုံ ကျောက်စိမ်းတာအိုပညာရှင်တဲ့… သူက အင်မော်တယ်ရှားဂိုဏ်း တစ်လျှောက်လုံးမှာ နာမည်ကြီးတယ်.. သူ့ရဲ့ အထွတ်အထိပ် ကျွမ်းကျင်မှုနဲ့အတူ သူက အမျိုးသမီး ကျင့်ကြံသူ အများအပြားရဲ့ ချစ်ခင်မှုကို ရထားတာ.. ဖြစ်နိုင်တာက ဂိုဏ်းချုပ်တွေလည်း သူ့ရဲ့ တာအိုကြောင့် ညှို့ယူဖမ်းစားခံလိုက်ရတာ ဖြစ်မယ်..."
"သေစမ်း... တကယ့်ကို ကျိန်စာပဲ.. အဲ့ဒီကောင်က အမျိုးသမီး ကျင့်ကြံသူတွေကို ညှို့ယူတဲ့ နတ်ဆိုးပဲ.. မဟုတ်ရင် ဂိုဏ်းချုပ်က ဘာလို့ ဒီလို ဖြစ်သွားမှာလဲ.."
"ဒီကောင်စုတ် ညတိုင်း ပါတီပွဲလုပ်နေတာ မြင်ရတာ ငါ့ရင်ထဲ နာလိုက်တာကွာ.. ငါတို့အားလုံး အခြေတည်အဆင့် ကျင့်ကြံသူတွေချင်း အတူတူပဲလေ.. ဘာလို့ ကွာခြားချက်က ဒီလောက် ကြီးမားနေရတာလဲ.. နည်းနည်းလေးမှကို မတရားဘူးကွာ.."
"ငါ ကြားတာတော့ ဒီကောင်လေးမှာ အဆင့်နိမ် စိတ်ဝိညာဉ်အမြစ်ပဲ ရှိတာတဲ့.. ပုံမှန်ဆိုရင် သူ့ဘဝမှာ အခြေတည်အဆင့်ကို ရောက်ဖို့ မဖြစ်နိုင်ဘူး.. ဒါကို သူက ရွှေအမြုတေ ဆရာသခင်တွေရဲ့ ပြုစုပျိုးထောင်တာ ခံရပြီး သူ့ကျင့်ကြံမှုကို အခြေတည်အဆင့်ကို အတင်းအကျပ် မြှင့်တင်ပေးလိုက်တာ…"
"မတရားဘူးကွာ.. ရွှေအမြုတေ ဆရာသခင်ရဲ့ မျက်နှာသာပေးမှုကို ရလိုက်တာနဲ့ပဲ သူလုပ်ချင်ရာ လုပ်လို့ရရောလား…"
"တကယ်တော့... ငါလည်း စွမ်းဆောင်နိုင်ပါတယ်.. ငါလည်း အဲ့ဒီနေရာမှာ ပါရမီရှိပါတယ်.. ဘာလို့ ငါ့ကိုကျ ဘယ်သူမှ သတိမထားမိကြတာလဲ.."
"အဟတ်... အိပ်မက်မက်မနေနဲ့.. မင်းအကြောင်း ငါ မသိဘူးများ ထင်နေလား.. ပန်းတစ်ရာမျှော်စင်က မိန်းမတွေ မင်းအကြောင်း ငါ့ကို ပြောပြီးသား.."
"သွားစမ်းပါကွာ... ငါက သန်မာပါတယ်ကွ.."
"စောင့်ကြည့်နေလိုက်.. ဒီကောင်စုတ် ကြာကြာခံမှာ မဟုတ်ပါဘူး.. ဂိုဏ်းချုပ်က သူနဲ့ ကစားရတာ ငြီးငွေ့သွားတာနဲ့ သူ စွန့်ပစ်ခံရမှာ သေချာတယ်.."
"ဟုတ်တယ်.. ဒီလို လှည့်ကွက်တွေနဲ့ ဂိုဏ်းချုပ်ကို မျက်နှာလိုမျက်နှာရ လုပ်တာက ရေရှည်ခံမယ့် နည်းဗျူဟာ မဟုတ်ဘူး…"
"မျက်နှာသာ မရတော့တာနဲ့ ဒီကောင်လေး သေလူ ဖြစ်သွားမှာ.."
ဂိုဏ်းကျင့်ကြံသူများ ဒေါသတကြီး အံ့ကြိတ်နေကြသည်။ လွန်ခဲ့သော ငါးနှစ်တာ ကာလပတ်လုံး သူတို့ တကယ်ကို မနာလို ဖြစ်ခဲ့ကြရသည်။ ဤကောင်လေးသည် သူတို့ကဲ့သို့ အခြေတည်အဆင့်တွင်သာ ရှိသည် မဟုတ်ပါလော။
သို့သော်ငြား၊ သူသည် ဂိုဏ်းချုပ်၏ တာအိုလက်တွဲဖော် ဖြစ်လာခဲ့ပြီး၊ အကောင်းဆုံး ဆက်ဆံမှုအား ရရှိခဲ့သည်။ အကောင်းဆုံး အခန်းတွေမှာ နေရပြီး၊ အကောင်းဆုံး အရင်းအမြစ်များကို သုံးစွဲခွင့်ရသည့်အပြင်၊ အမျိုးသမီး ကျင့်ကြံသူ အများအပြား၏ပြုစုမှုကိုပင် ခံယူရသေးသည်။ သူ၏ဘဝက ဧကရာဇ်များအလား အထူးပင် ကောင်းမွန်လှသည်။
သို့သော် သူတို့ ဘာမှ မတတ်နိုင်ကြချေ။ မည်သို့ပင်ဆိုစေကာမူ၊ ယင်းသည် ရွှေအမြုတေ ဆရာသခင်၏ အမိန့်ပင်ဖြစ်၏။ သူတို့ မကျေနပ်လျှင်ပင် ဘာလုပ်နိုင်မည်နည်း။
"ဂိုဏ်းချုပ်လင်းကရော ဒီကောင်လေးကို ကြွေသွားမယ် ထင်လား…"
"ဂိုဏ်းချုပ်လင်းနဲ့ ဒီလူ အချိန်အကြာကြီး အတူတူ ရှိနေတာ တွေ့ရတယ်.. သူလည်း ဒီလူရဲ့ ညှို့ယူဖမ်းစားတာ ခံလိုက်ရနိုင်တယ်…"
တစ်စုံတစ်ယောက်က ချင်မုဂိုဏ်း၏ ဂိုဏ်းချုပ် လင်းယာကျူအကြောင်း စတင်ပြောလာပြီး၊ လေးနက်သော စိုးရိမ်ပူပန်မှုကို ထုတ်ဖော်လိုက်သည်။
လင်းယာကျူလည်း အန္တရာယ် ရှိနေမည်ကို သူ စိုးရိမ်သည်။ မကြာမီတွင် ထိုယောက်ျားသည် ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးဦးလုံးကို လက်ထပ်လိုက်ပြီး အဓိက ဂိုဏ်းကြီးသုံးခုကို ပေါင်းစည်းလိုက်တော့မည် ဖြစ်သည်။
"ပေါက်ကရတွေ.. ရယ်စရာ ကောင်းလိုက်တာကွာ.. ကောင်းကင်ဘုံ ကျောက်စိမ်းတာအိုပညာရှင်လို လူစားမျိုးက ဂိုဏ်းချုပ်လင်းကို ဘယ်လိုလုပ် ညှို့ယူဖမ်းစားနိုင်မှာလဲ.. သူမမှာ ကျောက်တုံးလို ခိုင်မာတဲ့ နှလုံးသား ရှိတယ်ကွ"
"အတိအကျပဲ.. ဂိုဏ်းချုပ်လင်းက ပါရမီရှင် လူငယ်တွေ အများကြီးနဲ့ တွေ့ဖူးပြီး လောကကြီးအကြောင်း ကောင်းကောင်း နားလည်တယ်.. ကောင်းကင်ဘုံ ကျောက်စိမ်းတာအိုပညာရှင်လို လူစားမျိုးရဲ့ ညှို့ယူဖမ်းစားတာ ခံရဖို့ဆိုတာ မဖြစ်နိုင်ဘူး.. ဂိုဏ်းချုပ်လန်နဲ့ ဂိုဏ်းချုပ်ရှန်တို့က ငယ်သေးလို့ သူ့ထောင်ချောက်ထဲ ကျသွားကြတာ.. သူတို့ မကြာခင် သူ့ရဲ့ အလိမ်အညာတွေကို မြင်သွားကြမှာပါ.."
"ဟုတ်တယ်.. ပေါက်ကရတွေ လျှောက်ပြောပြီး လန့်အောင်မလုပ်နဲ့.. ဒီလို ကောလာဟလတွေ ဖြန့်နေတာ ရပ်လိုက်တော့…"
"ဂိုဏ်းချုပ်အတွက် ပူပန်နေမယ့်အစား ကိုယ့်ကိုယ်ကိုယ်သာ ပူပန်စမ်းပါ.. သတိထားနော်... မင်းရဲ့ တာအိုလက်တွဲဖော် အဲ့ဒီယောက်ျားရဲ့ ဖြားယောင်းသွေးဆောင်တာ ခံလိုက်ရဦးမယ်.. မင်းတစ်ယောက်တည်း ကျန်ခဲ့လို့.. အဲ့ဒီအခါကျမှ ငိုတောင်မငိုနိုင် ဖြစ်နေဦးမယ်…"
"ဂိုဏ်းချုပ်သာ သူ့ကို တကယ်လက်ထပ်လိုက်ရင်.. ရှိသမျှချီးတွေ အကုန်လုံးကို အဲ့ဒီနေရာမှာတင် ငါ စားပြလိုက်မယ်.. အတည်ပြောတာ.."
ချင်မုဂိုဏ်း ကျင့်ကြံသူအားလုံး တဲ့တိုးပင် ကျိန်ဆဲနေကြပြီး၊ သူတို့၏ ဂိုဏ်းချုပ် အရှက်ခွဲခံလိုက်ရသကဲ့သို့ ခံစားနေကြရသည်။
သူတို့သည်လည်း အနည်းငယ် စိုးရိမ်မိသည်။ သူတို့၏ ဂိုဏ်းချုပ်သာ ထိုယောက်ျားကို တကယ် ကြွေသွားလျှင် သူတို့ ဘာလုပ်ကြမည်နည်း။
သို့သော် မည်သို့ သူတို့ တားဆီးနိုင်ပါမည်နည်း။
…