← Chapters

ရွှေအမြုတေ အမျိုးသမီးနှစ်ဦးကို လက်ထပ်ထားပြီးပြီလေ၊ ဂိုဏ်းချုပ်လင်းကိုပါ လိုချင်နေသေးတာလား(၃)။

Vol. 18 Ch. 228

ရွှေအမြုတေ အမျိုးသမီးနှစ်ဦးကို လက်ထပ်ထားပြီးပြီလေ၊ ဂိုဏ်းချုပ်လင်းကိုပါ လိုချင်နေသေးတာလား(၃)။

Vol. 18 Ch. 228

မှန်ပေသည်၊ ကျိုးစွေ့သည် ဂိုဏ်းကျင့်ကြံသူများ၏ နာကျည်းချက်များအား မသိရှိပေ။

သိခဲ့လျှင်ပင် သူ အလေးအနက် ထားမည် မဟုတ်ချေ။

သာမန် ကျင့်ကြံသူများက သူ့အား မနာလိုဖြစ်ကြခြင်းသာ ဖြစ်ပြီး၊ ယင်းသည် ဘာမှ အရေးမပါပေ။

ဝှစ်..ဝှစ်..ဝှစ်…။

အချိန်တိုအတွင်းမှာပင် လန်ယွဲ့ရှီ၊ လင်းယာကျူနှင့် ရှန်ပိချန်တို့ ရွှေအမြုတေ အမျိုးသမီးကျင့်ကြံသူ သုံးဦးသည် တတိယအဆင့် လှေပျံဆီသို့ ပြန်ရောက်လာကြပြီး၊ ဓားပြများ၏ ခေါင်းများနှင့် သူတို့၏ သိုလှောင်အိတ်များကိုပါ ယူဆောင်လာခဲ့ကြသည်။

မှန်ပေသည်၊ ကျိုးစွေ့၏ ကိုယ်ပွားသည်လည်း ချက်ချင်း ပြန်ရောက်လာခဲ့သည်။

ဤအခိုက်အတန့်တွင် ကျိုးစွေ့သည် ထိုသုံးဦးထံမှ သိမ်းဆည်းရမိသော သိုလှောင်အိတ်များကို စစ်ဆေးနေပြီး၊ အတွင်းမှ ရတနာများကို ကြည့်ရှုနေသည်။

မည်သို့ပင်ဆိုစေကာမူ၊ ၎င်းတို့သည် ရွှေအမြုတေ ဆရာသခင်များ၏ သိုလှောင်အိတ်များ ဖြစ်သည်။ မည်သို့သော ရတနာများ ပါဝင်မည်အား မည်သူမျှ အတိအကျ မသိနိုင်ချေ။

"မဆိုးဘူး.. တော်တော်လေးကို မဆိုးဘူး..ထိပ်တန်း ဝိညာဉ်ကျောက်တုံးတွေ ဒီလောက်တောင် များတာလား.."

"ငါတော့ ချမ်းသာပြီ.."

"ဝူကျိမဟာမိတ်အဖွဲ့က အလိုရှိနေတဲ့ ဒီဓားပြတွေမှာ တကယ်ပဲ ပိုင်ဆိုင်မှုတချို့ ရှိနေတာပဲ…"

"ဒါက ငါ့ရဲ့ ဝူကျိမဟာမိတ်အဖွဲ့ ခရီးစဉ်အတွက် တကယ့် နိမိတ်ကောင်းပဲ…"

ကျိုးစွေ့ အတော်လေး ကျေနပ်သွားသည်။ သိုလှောင်အိတ်များကို စစ်ဆေးကြည့်ရာ အတွင်းတွင် ထိပ်တန်း ဝိညာဉ်ကျောက်တုံး နှစ်သောင်းခန့်အား တွေ့ရှိခဲ့သည်။ ဤသည်မှာ အတော်လေး အံ့ဩဖွယ်ရာ ပမာဏဖြစ်ပြီး ရတနာအများအပြားနှင့် လဲလှယ်နိုင်သည်။

ဤဓားပြများ ဤပင်လယ်ဧရိယာတွင် သောင်းကျန်းနေခဲ့ပြီး၊ ယခုအချိန်ထိတိုင် ကျင့်ကြံသူ မည်မျှအား သတ်ဖြတ်ခဲ့ပြီးသည်အား ဘုရားသခင်မှသာ သိနိုင်ပေလိမ့်မည်။

ဝိညာဉ်ကျောက်တုံး အများစုကို ဆေးလုံးများနှင့် စိတ်ဝိညာဉ်ဆေးဝါးအမျိုးမျိုး ဝယ်ယူရန် အသုံးပြုခဲ့ကြသည့်တိုင် ၎င်းတို့ထံတွင် အများကြီး ကျန်ရှိနေသေးသည်။

မှန်ပေသည်၊ ဝူကျိမဟာမိတ်အဖွဲ့သည် ဤသုံးယောက်အား ဆုငွေထုတ်ထားပြီး၊ တစ်ယောက်လျှင် ထိပ်တန်း ဝိညာဉ်ကျောက်တုံး တစ်သောင်း တန်ကြေး ရှိပေသည်။

၎င်းတို့၏ ခေါင်းများသည် သူ့အား အနည်းဆုံး ထိပ်တန်း ဝိညာဉ်ကျောက်တုံး သုံးသောင်းခန့် ရရှိစေနိုင်ဦးမည် ဖြစ်သည်။

ဤသည်မှာ မမျှော်လင့်ဘဲ ရသော ကံကောင်းမှုပင် ဖြစ်တော့သည်။

သို့သော် ဝိညာဉ်ကျောက်တုံးများသည် သူ စိတ်ဝင်စားသော အရာအားလုံးမဟုတ်ပေ။ သူ အတန်ဖိုးထားဆုံးသည် ဤသုံးယောက်၏ အမွေအနှစ်နှင့် လျှို့ဝှက်နည်းစနစ်များပင် ဖြစ်ချေသည်။

ထိုအရာများသည်သာ ဤသုံးယောက် ဝူကျိမဟာမိတ်အဖွဲ့ နယ်မြေတွင် သောင်းကျန်းနိုင်ခဲ့သည့် အကြောင်းရင်းပင် ဖြစ်၏။

"စိတ်ဝင်စားစရာပဲ... ဒါက ကျော်ကြားတဲ့ ဝူညီအစ်ကိုသုံးယောက်ရဲ့ အစွမ်းထက် ဓားသိုင်းပညာ အမွေအနှစ်လား…"

"ဝိညာဉ်ကြံ့ဓားသိုင်းက ဝိညာဉ်သန္ဓေသားအဆင့် ဘိုးဘေးတစ်ပါးဆီက ဆင်းသက်လာတာ.. အနည်းဆုံး ပဉ္စမအဆင့် ဓားသိုင်းပညာ နည်းစနစ်တစ်ခုပဲ…"

"ဒါကို နတ်ဘုရားအသွင်ပြောင်းအဆင့် အထိ လေ့ကျင့်လို့ ရတယ်…"

"ပြီးတော့ နှလုံးသားချင်းဆက် ဓားသိုင်းအစီအရင်က သူတို့ကို ပိုပြီးတော့ ကြောက်စရာ ကောင်းစေတာပဲ…"

ကျိုးစွေ့သည် သိုလှောင်အိတ်များထဲမှ အမွေအနှစ် နှစ်ခုကို စမ်းစစ်ရင်း သူ့မေးစေ့ကို ပွတ်သပ်လိုက်သည်။ ၎င်းတို့သည် ထိုညီအစ်ကိုသုံးဦး ဝိညာဉ်သန္ဓေသားအဆင့် လိုဏ်ဂူတစ်ခုထဲမှ ရှာတွေ့ခဲ့သော ဓားသိုင်းပညာ အမွေအနှစ်များ ဖြစ်သည်။

ဤဝိညာဉ်ကြံ့ဓားသိုင်းသည် အလွန် နက်နဲလှသည်။ လူတစ်ယောက်တည်း အသုံးပြုလျှင် စွမ်းအားက သာမန်မျှသာ ဖြစ်သည်။ သာမန် ဓားသိုင်းပညာ ကျွမ်းကျင်မှုများနှင့် မခြားနားလှဘဲ ထူးခြားသော လက္ခဏာများ မရှိပေ။

သို့သော် ဤဓားသိုင်းပညာ၏ အနှစ်ဿာရမှာ လူများစွာ အတူတူ လေ့ကျင့်၍ ရခြင်းပင် ဖြစ်၏။

အချင်းချင်း ထပ်တူကျနေသူများသာလျှင် ဤဓားသိုင်းပညာကို အထွတ်အထိပ် ရောက်အောင် ကျင့်ကြံနိုင်မည် ဖြစ်ပြီး၊ ယင်းသည် တစ်အပေါင်းတစ်ကဲ့သို့ မရိုးရှင်းဘဲ ဆတိုးကိန်းဖြင့် တိုးပွားခြင်းပင် ဖြစ်သည်။

လူနှစ်ယောက်ပေါင်းလျှင် လေးဆ ပိုမိုအစွမ်းထက်ပြီး၊ သုံးယောက်ဆိုလျှင်မူ ရှစ်ဆ ပိုမိုအစွမ်းထက်လာပေသည်။

လူများများ ထပ်တူကျလေလေ၊ စွမ်းအားက ပိုမို ကြောက်စရာ ကောင်းလေလေပင်။

ဝူညီအစ်ကိုများသည် ဤဓားသိုင်းပညာကို ရရှိပြီးနောက်၊ ကျားအား အတောင်ပံ တပ်ပေးလိုက်သကဲ့သို့ ဖြစ်သွားချေသည်။

မည်သို့ပင်ဆိုစေကာမူ၊ သူတို့သည် သုံးမွှာပူး ညီအစ်ကိုများ ဖြစ်ရာ သဘာဝအလျောက် ထပ်တူကျနေပြီး အချင်းချင်း ပြီးပြည့်စုံစွာ နားလည်ကြပေသည်။

ဤဓားသိုင်းပညာကို လေ့ကျင့်ပြီးနောက်၊ သူတို့၏ ဓားသိုင်းပညာအပေါ် နားလည်မှုသည် မယုံနိုင်လောက်အောင် တိုးတက်လာခဲ့သည်။ ၎င်းတို့ ဤဓားသိုင်းပညာကို တစ်ပြိုင်နက်တည်း ထုတ်ဖော်သည့်အခါ၊ ဓားချီစွမ်းအား ရှစ်ဆကို ထုတ်လွှတ်နိုင်သည်။

၎င်းတို့ သုံးဦးအတူတူဆိုလျှင်၊ ရွှေအမြုတေ နှောင်းပိုင်း ကျင့်ကြံသူတစ်ယောက်ကိုပင် အားစိုက်ထုတ်စရာ မလိုဘဲ သတ်ပစ်နိုင်ပေသည်။

တစ်ဦးချင်းစီဆိုပါက၊ သူတို့သည် သာမန် ရွှေအမြုတေ အလယ်အလတ် ကျင့်ကြံသူများကိုသာ အနိုင်ယူနိုင်ကြမည် ဖြစ်သည်။

သို့သော်၊ ၎င်းတို့သည် ရွှေအမြုတေ နှောင်းပိုင်းကျင့်ကြံသူများကို အတူတကွ သုတ်သင်နိုင်ခဲ့ပြီး ၎င်းတို့၏တိုက်ခိုက်ရေးစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းသော အဆင့်များအထိ တဟုန်ထိုး တိုးတက်လာခဲ့သည်။

ထို့အပြင်၊ ဝိညာဉ်ကြံ့ဓားသိုင်း၏ လျှို့ဝှက်ချက်သည် ၎င်း၏ မယုံနိုင်ဖွယ် စွမ်းအားတိုးမြှင့်လာမှုတစ်ခုတင် မကပေ။

၎င်းသည် ဓားသိုင်းပညာအပေါ် နားလည်မှုကို တိုးတက်စေရန်လည်း ကူညီပေးနိုင်သည်။ အကယ်၍ လူတစ်ယောက် ဉာဏ်အလင်းပွင့်သွားသောအခါ၊ အခြားသူများလည်း ချက်ချင်း သင်ယူနိုင်သည်။

တစ်နည်းအားဖြင့်ဆိုရလျှင်၊ ထပ်တူကျနေသူများ ဤဓားသိုင်းပညာကို သင်ယူခြင်းသည် ကြီးမားသော အားသာချက်များကို ရရှိစေပြီး တစ်ဦးနှင့်တစ်ဦး ဖြည့်ဆည်းပေးသည်ဟု ပြောနိုင်သည်။

"ကောင်းတယ်... ဒီဓားသိုင်းပညာက ငါနဲ့ ငါ့ဇနီးမယားတွေအတွက် သီးသန့် ဖန်တီးထားသလိုပဲ.."

"ဒီဝိညာဉ်ကြံ့ဓားသိုင်းနဲ့ဆိုရင်.. ငါ့မိန်းမတွေရဲ့ တိုက်ခိုက်ရေး စွမ်းအားက သေချာပေါက် အများကြီး တိုးတက်လာမှာပဲ…"

ကျိုးစွေ့ ဝမ်းသာအားရ ရေရွတ်လိုက်မိသည်။

'ချစ်ခြင်းမေတ္တာကူ'၏ လွှမ်းမိုးမှုအောက်တွင် သူသည် ကျိပင်းယွီ၊ ရှားကျင်းယန်၊ မုဇီယန်၊ လန်ယွဲ့ရှီနှင့် ရှန်ပိချန်တို့နှင့် နက်ရှိုင်းသော ဆက်နွယ်မှု ရှိနှင့်ပြီး ဖြစ်သည်။ ဆိုရလျှင် သူတို့သည် အနီးစပ်ဆုံးဆိုသည်ထက်ပင် ပို၍ရင်းနှီးကြလေသည်။

အကယ်၍ သူတို့သည်သာ ဤဓားသိုင်းပညာကို ပိုင်နိုင်သွားပါက၊ လူခြောက်ယောက် ပေါင်းစပ်ထားသော ဝိညာဉ်ကြံ့ဓားသိုင်း၏ အစွမ်းသည် တွေးကြည့်၍ပင် ရမည်မဟုတ်ပေ။

ထို့ထက်ပိုမိုအရေးကြီးသည်မှာ၊ သူသည် သူ၏ ဓားသိုင်းပညာအပေါ် နားလည်မှုကို ဇနီးမယားများထံ လွှဲပြောင်းပေးနိုင်ပြီး၊ သူတို့ကို ပိုမို မြင့်မားသော ဓားသိုင်းပညာအဆင့်ကို လျင်မြန်စွာ နားလည် သဘောပေါက်စေနိုင်သည်။

မည်သို့ပင်ဆိုစေကာမူ၊ ကျိပင်းယွီနှင့် အခြားသူများ၏ ဓားသိုင်းပညာပါရမီသည် 'စာအုပ်ကူ'ရှိသော သူနှင့် မည်သို့မျှ နှိုင်းယှဉ်၍ မရနိုင်ပေ။

ထို့ကြောင့် သဘာဝအတိုင်းပင်၊ သူတို့၏ ခွန်အားကို မြှင့်တင်ရန် သူ၏ အကူအညီကို လိုအပ်ပေသည်။

ဤအချက်ကို စိတ်ထဲတွင်ထားလျက်၊ ကျိုးစွေ့သည် ဝိညာဉ်ကြံ့ဓားသိုင်းနှင့် နှလုံးသားချင်းဆက် ဓားသိုင်းအစီအရင်အကြောင်း သူ၏ ဇနီးမယားများကို ချက်ချင်း အသိပေးလိုက်သည်။

"ဝိညာဉ်ကြံ့ဓားသိုင်း ဟုတ်လား.. လောကကြီးမှာ ဒီလို အံ့ဩစရာကောင်းတဲ့ ဓားသိုင်းပညာ ရှိတယ်လား.. ဝူညီအစ်ကို သုံးယောက် ဘာလို့ ဒီလောက် သန်မာနေရတာလဲ ဆိုတာ အံ့ဩစရာ မရှိတော့ပါဘူး.. ငါ့ခင်ပွန်းရဲ့အကူအညီသာ မရှိခဲ့ရင်.. သူတို့ကို အနိုင်ယူဖို့ ဒီလောက် လွယ်ကူခဲ့မှာ မဟုတ်ဘူး.."

ရှန်ပိချန်လည်း အံ့အားသင့်သွားသည်။ ရွှေအမြုတေ နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးအနေဖြင့် သူမသည် အရာများစွာ မြင်ဖူးကြုံဖူးပြီး ဝိညာဉ်ကြံ့ဓားသိုင်း၏ စွမ်းအားနှင့် နက်နဲမှုကို ချက်ချင်း အသိအမှတ်ပြုလိုက်သည်။

ဤသည်မှာ တန်တိန်ဂိုဏ်း၊ ချင်မုဂိုဏ်းနှင့် အင်မော်တယ်ရှားဂိုဏ်းတို့ စုဆောင်းထားသော အရာများထက် သေချာပေါက် သာလွန်သည်။ ၎င်း၏ နက်နဲမှုသည် စုဆောင်းဖူးသမျှသော ဓားသိုင်းပညာများထဲတွင် အကောင်းဆုံးဟု သတ်မှတ်နိုင်သည်။

သို့သော်ငြား၊ လေ့ကျင့်ရန်မှာလည်း အလွန်တရာ ခက်ခဲလှပေသည်။

စိတ်တူကိုယ်တူရှိသူ နှစ်ဦးကို ရှာဖွေခြင်းသည် ကောင်းကင်အဆင့် စိတ်ဝိညာဉ်အမြစ်ရှိသူတစ်ဦးကို ရှာဖွေခြင်းထက်ပင် ပိုမို ခက်ခဲသည်။

"ဘာလို့ စုံတွဲတွေ အတူတူ လေ့ကျင့်ရမယ့် ဓားသိုင်းပညာနဲ့ တူနေရတာလဲ.."

ရှားကျင်းယန်က စိတ်ဝင်တစား မေးလိုက်သည်။

"သိပ်ဟုတ်တာပေါ့.. တကယ်တော့ ဝိညာဉ်ကြံ့ဓားသိုင်းကို ဇနီးမောင်နှံ နှစ်ယောက်က ဖန်တီးခဲ့တာလေ.."

"အဲ့ဒီ စုံတွဲမှာ နက်ရှိုင်းတဲ့ အချစ်တွေ ရှိပြီး ဓားသိုင်းပညာမှာလည်း ပြိုင်ဘက်ကင်း ပါရမီရှင်တွေ ဖြစ်ကြတယ်…"

"ဒါပေမဲ့ စိတ်တူကိုယ်တူဖြစ်ဖို့ဆိုတာက စုံတွဲတွေပဲ ဖြစ်ရမယ်လို့ ကန့်သတ်မထားပါဘူး.. ညီအစ်ကို မောင်နှမတွေလည်း ဖြစ်နိုင်တယ်.."

ကျိုးစွေ့က ရှင်းပြလိုက်သည်။

"ဒီလိုဆိုရင်တော့.. ဒါက ငါတို့ အတူတူ လေ့ကျင့်ဖို့ တကယ် သင့်တော်တာပဲ…"

"ငါတို့သာ ဝိညာဉ်ကြံ့ဓားသိုင်းကို အတူတူ ကျင့်ကြံရင်.. ငါတို့ရဲ့ တိုးတက်မှုက မယုံနိုင်လောက်အောင် မြန်လိမ့်မယ်..”

ကျိပင်းယွီ အလွန် ပျော်ရွှင်သွားပြီး ကျိုးစွေ့ကို ချစ်ခင်မြတ်နိုးစွာ ကြည့်လိုက်သည်။

သူမ၏ အခြေအနေကို သူမ ကောင်းစွာ သိသည်။ သူမတွင် ပဉ္စမအဆင့် စိတ်ဝိညာဉ်အမြစ်နှင့် ကောင်းမွန်သော ဓားသိုင်းပညာပါရမီ ရှိသော်လည်း၊ သူမသည် အခြေတည်အဆင့်အထိသာ အောင်မြင်နိုင်သည်။

ရွှေအမြုတေအဆင့်အထိ ရောက်နိုင်မည်လော ဆိုသည်မှာ ကံကြမ္မာအခွင့်အလမ်းများအပေါ်တွင်သာ မူတည်ပေသည်။

ဝိညာဉ်သန္ဓေသားအဆင့်အတွက်မူ မဖြစ်နိုင်သလောက်ပင် ဖြစ်ချေသည်။

သို့သော်၊ သူမ၏ခင်ပွန်းဖြစ်သူသည် အင်မော်တယ်တစ်ပါး၏ အလားအလာကို ပိုင်ဆိုင်ထားသည်။ ခင်ပွန်းဖြစ်သူ၏ ကျင့်ကြံမှုအလျင်ကို လိုက်မီလိုပါက ကံကြမ္မာအခွင့်အလမ်းကောင်းများ မရှိဘဲ မဖြစ်နိုင်ချေ။

သို့သော် ယခုအခါ အရာရာပြောင်းလဲသွားပြီ ဖြစ်သည်။ သူမသည်သာ ဝိညာဉ်ကြံ့ဓားသိုင်းအား လေ့ကျင့်မည်ဆိုပါက၊ ခင်ပွန်းဖြစ်သူထံမှ ဓားသိုင်းပညာဆိုင်ရာ အတွေးအမြင်များအား ရယူနိုင်ပေသည်။

ယင်းသည် သူမ၏ ဓားသိုင်းပညာ နယ်ပယ်ကို လျင်မြန်စွာ တိုးတက်စေရန် အကူအညီပေးနိုင်ပေသည်။

ဤသည်မှာ ဖြတ်လမ်းလိုက်ခြင်းနှင့် တူနေသော်လည်း၊ မည်သို့ အရေးစိုက်ရမည်နည်း။

ခင်ပွန်းဖြစ်သူ၏ အကူအညီအား မှီခိုခြင်းသည် မိန်းမတစ်ဦးအတွက် သဘာဝပင် ဖြစ်သည် မဟုတ်ပါလော။

"ကောင်းပြီ.. အရင်ဆုံး ဒီဓားသိုင်းပညာကို စမ်းကြည့်ကြတာပေါ့.."

ကျိုးစွေ့သည် ဝိညာဉ်ကြံ့ဓားသိုင်းနှင့် နှလုံးသားချင်းဆက် ဓားသိုင်းအစီအရင်၏ အမွေအနှစ် ကျောက်စိမ်းမှတ်တမ်းအားလုံးကို 'စာအုပ်ကူ'ဖြင့် ဝါးမျိုလိုက်စေပြီး၊ လက်ချောင်းအနည်းငယ် ညွှန်ပြလိုက်ကာ ဤအမွေဆက်ခံထားသော မှတ်ဉာဏ်များကို ဇနီးမယားများ၏ သိစိတ်ပင်လယ်ထဲသို့ ထည့်သွင်းပေးလိုက်တော့သည်။

ချက်ချင်းဆိုသလိုပင်၊ ကျိပင်းယွီနှင့် အခြားသူများသည် ဝိညာဉ်ကြံ့ဓားသိုင်း ကျင့်ကြံခြင်း၏ နက်နဲသော လျှို့ဝှက်ချက်များ အားလုံး သူတို့၏ စိတ်ထဲတွင် ပေါ်လာသည်ကို အာရုံခံမိလိုက်ကြသည်။

All Chapters