← Chapters

ရတနာသစ်ပင်

Vol. 42 Ch. 582

ရတနာသစ်ပင်

Vol. 42 Ch. 582

ဝုန်း....

ပြင်းထန်လှသော ချီစွမ်းအင်များမှာ မုန်တိုင်းတစ်ခုအလား အစီအရင်အတွင်း ပေါက်ကွဲထွက်ပေါ်လာလေသည်။ အချို့သော ချီစွမ်းအင် အနည်းငယ်မှာ အစီအရင်အပြင်ဖက်သို့ ယိုစိမ့်သွားသောကြောင့် ခြောက်ရောင်စဉ်ရေကန်၏ ရေပြင်ထက်၌ပင် လှိုင်းထန်သွားရသည်။

တပည့်ခေါင်းဆောင် ခြောက်ဦးမှာ ၎င်းတို့၏ စွမ်းအင်အပြည့်အဝအားထုတ်ဖော်လျက် ဝိဉာဉ်မြွေနဂါးကြီးအား အဆက်မပြတ် တိုက်ခိုက်နေလျက် ရှိသည်။

ယခုဆိုလျှင် တိုက်ပွဲစတင်ခဲ့သည်မှာ အချိန်အနည်းငယ်မျှပင် ကြာမြင့်နေပြီ ဖြစ်သည်။

ဇူယွမ်နှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ အဆက်မပြတ် တိုက်ခိုက်နေလျက်ရှိသောကြောင့် ဝိဉာဉ်မြွေနဂါးကြီးမှာ ခေါင်းပင်မထောင်နိုင်လောက်အောင် ဖြစ်နေရ၏။ ယင်း၏ခန္ဓာကိုယ်ထံမှ အနက်ရောင်သွေးစက်များ ယိုစီးကျနေလျက်ရှိပြီး မဟူရာကြေးခွံများမှာလည်း အတော်ပင် ပျက်စီးနေပြီ ဖြစ်သည်။

ဝိဉာဉ်မြွေနဂါးကြီးမှာ ခြောက်ဦးတစ်ဦး ခုခံနေရခြင်းဖြစ်သဖြင့် အင်အားမမျှတပဲ အတော်ပင် အလူးအလဲ ခံစားနေရလေသည်။

တပည့်ခေါင်းဆောင် ခြောက်ဦး၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် ဝိဉာဉ်မြွေနဂါးကြီးမှာ ဖိနှိပ်ခြင်းခံနေရပြီပင် ဖြစ်သည်။

ဇူယွမ်၏ ကောင်းကင်ဘုံလှည့်စားခြင်းဝင်္ကပါအစီအရင်မှာ အမှန်တကယ်ပင် စွမ်းလှသည်။ ဝိဉာဉ်မြွေနဂါးကြီးနှင့် သူ၏ဦးခေါင်းနှစ်ခုအား ခွဲထုတ်လိုက်ပြီးသည့်နောက် အခြေအနေများမှာ အတော်ပင် ပြောင်းလဲသွားပြီ ဖြစ်သည်။

ဝုန်း....

မြွေနဂါးကြီးထံမှ အဆိပ်များပါဝင်သော အနက်ရောင်ချီစွမ်းအင်များ ထွက်ပေါ်လာသည်။ ဇူယွမ်မှာ လက်ဝါးပေါ်၌ မူလမှော်စာလုံးတစ်ခုအား ရေးဆွဲလိုက်၏။

"ကြီးမြတ်သောရွှေရောင်ဝါသလင်းကျောက်အကာအရံမှော်စာလုံး..."

ရုတ်ချည်းဆိုသလိုပင် မူလမှော်စာလုံးမှာ ပြန့်ကားလာပြီးနောက် ပေထောင်ကျော်မျှရှိသော ရွှေရောင်သလင်းကျောက်အကာအရံတစ်ခုအဖြစ်သို့ ပြောင်းလဲသွားသည်။

ဇူယွမ်မှာ စိတ်ဝိဉာဉ် အထွတ်အထိပ်ဒြပ်ထည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီးသည့်နောက်တွင် ထိုမှော်စာလုံးအား သင်ယူခဲ့ခြင်း ဖြစ်သည်။ ယင်းမှော်စာလုံးသည် အလွန်ပင် အစွမ်းထက်လှပြီး မူလစဦး နဝမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေသူ၏ တိုက်ခိုက်မှုကိုပင် ကာကွယ်နိုင်စွမ်း ရှိသည်။

ချပ်....ချပ်.....

မြွေနဂါးကြီး၏ ချီစွမ်းအင်များမှာ ရွှေရောင်သလင်းကျောက်အကာအရံအား တိုးတိုက်နေကြသည်။

ဇူယွမ်၏ခန္ဓာကိုယ်မှာ ဒြပ်မဲ့သဏ္ဍာန်အဖြစ်သို့ ပြောင်းလဲသွားပြီးနောက် ဝိဉာဉ်မြွေနဂါးကြီး၏ရှေ့သို့ လျင်မြန်စွာပင် ရောက်ရှိသွားသည်။ ယင်းသည် ကောင်းကင်ဘုံယွမ်စုတ်တံအား ဆင့်ခေါ်လိုက်၏။

"ချီဖြိုခွဲခြင်း...."

အနက်ရောင်အလင်းတန်းတစ်ခုမှာ မြွေနဂါးကြီး၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားပြီးနောက် အနက်ရောင်သွေးစက်များစွာ ယိုစီးကျလာသည်။

ရွှီး.....

ဝိဉာဉ်မြွေနဂါးကြီးမှာ ဒေါသထွက်စွာ မြည်တွန်လိုက်သည်။

ဇူယွမ်၏အမူအရာမှာ အနည်းငယ် ခက်ထန်သွားရသည်။ အဘယ့်ကြောင့်ဆိုသော် ဝိဉာဉ်မြွေနဂါးကြီးမှ မြည်တွန်လိုက်သည်နှင့်တစ်ပြိုင်နက် ကွဲကွာနေသော ဦးခေါင်းနှစ်ခုမှာ ထိုနေရာသို့ လျင်မြန်စွာ ရောက်ရှိလာကြသောကြောင့်ပင် ဖြစ်သည်။

ယင်းမှာ သူ၏ပုံရိပ်ယောင် ခန္ဓာကိုယ်များအား ဆင့်ခေါ်လိုက်ခြင်းပင် ဖြစ်၏။

ဇူယွမ်မှ လျင်မြန်စွာ အော်ဟစ်လိုက်သည်။ "မြွေနဂါးက သူ့ရဲ့ပုံရိပ်ယောင်တွေနဲ့ ပေါင်းစည်းတော့မယ်။ မြန်မြန်သတ်ဖို့လုပ်ကြတော့။ ငါမထိန်းနိုင်တော့ဘူး။"

ဇူယွမ်၏စကားကြောင့် ဖန့်ယောင်၊ ထန်းရှောင်ယန့်နှင့် အခြားသော တပည့်ခေါင်းဆောင်များ၏ အမူအရာမှာ ပြောင်းလဲသွားရသည်။ ဝိဉာဉ်မြွေနဂါးကြီးသာ သူ၏ပုံရိပ်ယောင် ခန္ဓာကိုယ်များနှင့် ပေါင်းစည်းသွားမည်ဆိုပါက ၎င်းတို့အားလုံး မည်သို့မျှတိုက်လိုက်နိုင်လိမ့်မည် မဟုတ်တော့ပေ။

ထို့ကြောင့် ယင်းတို့အားလုံးမှာ ချက်ချင်းဆိုသလိုပင် တိုက်ခိုက်မှုများကို မြှင့်တက်လိုက်ကြသည်။

မြွေနဂါးကြီးမှာ ၎င်းတို့၏ ရည်ရွယ်ချက်ကို သိရှိနေသည့်အလား ခန္ဓာကိုယ်အား မဟူရာတောင်ကြီးတစ်လုံးကဲ့သို့ ရစ်ခွေလိုက်သည်။ ယင်း၏ ခုခံနိုင်စွမ်းမှာ ယခင်ကထက် မြင့်တက်သွား၏။

၎င်းသည် သူ၏ ပုံရိပ်ယောင်ခန္ဓာကိုယ်များနှင့် ချောမွေ့စွာ ပေါင်းစည်းနိုင်ရန်အတွက် အချိန်ဆွဲနေခြင်းပင် ဖြစ်သည်။

ထန်းရှောင်ယန့်၊ ဖန့်​ယောင်နှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ အံကြိတ်လျက် ခက်ထန်စွာဖြင့် မြွေနဂါးကြီးအား အဆက်မပြတ် တိုက်ခိုက်နေလျက်ပင် ရှိသည်။

အဝေးမှ စောင့်ကြည့်နေကြသော ကလန်သုံးခုမှ တပည့်များမှာမူ အသက်ပင် မရှူရဲလောက်အောင် ဖြစ်နေကြရ၏။ ၎င်းတို့အားလုံးမှာလည်း မြွေနဂါးကြီးမှ သူ၏ပုံရိပ်ယောင်ခန္ဓာကိုယ်များနှင့် ပေါင်းစည်းသွားမည်ကို အလွန်ပင် ကြောက်ရွံ့နေကြသည်။ ထိုသို့ဖြစ်လာပါက ရောင်စဉ်ခြောက်သွယ်ရတနာအား ရရန်မဆိုထားနှင့် ၎င်းတို့၏ အသက်မဆုံးရှုံးစေရန်ပင် သုတ်ခြေတင် ထွက်​ပြေးရလိမ့်မည်။

ဝုန်း...ဝုန်း....

မြွေနဂါးကြီး၏ ခန္ဓာကိုယ်မှ ပြင်းထန်လှသော ချီစွမ်းအင်များ ပေါက်ကွဲထွက်ပေါ်လာသည်။ ၎င်းသည် ပြင်းထန်စွာ ဒဏ်ရာရရှိထားပြီး သွေးစက်များစွာ ယိုစီးကျနေပါသော်လည်း ယခုအချိန်ထိ ကောင်းမွန်စွာ လှုပ်ရှားတိုက်ခိုက်နိုင်နေဆဲပင် ဖြစ်သည်။

ဝုန်း....

ထို့နောက် မကြာမီမှာပင် မြွေနဂါးကြီး၏ ပုံရိပ်ယောင်ခန္ဓာကိုယ်များ ပေါ်ထွက်လာပြီး ယင်းနှင့်စတင်ပေါင်းစည်းရန် လုပ်ဆောင်လိုက်ကြသည်။

ကျင်ကျန်းမှ အလျင်စလို အော်ဟစ်လိုက်သည်။ "သူတို့ကို တား...."

တပည့်ခေါင်းဆောင်များမှာ တိုက်ခိုက်နှုန်းများအား မြှင့်တင်လိုက်ပါသော်လည်း ပုံရိပ်ယောင်ခန္ဓာကိုယ်နှစ်ခုမှာ အခိုးအငွေ့အဖြစ် ကွယ်ပျောက်သွားကြ၏။ ထို့နောက် မြွေနဂါးကြီးနှင့် လွန်စွာနီးကပ်သော အကွာအဝေးသို့ ရောက်ရှိသွားသည်။ မြွေနဂါးကြီးမှာ စူးရဲလှသော မျက်ဝန်းများနှင့် ဖန့်ယောင်နှင့် တပည့်ခေါင်းဆောင်များအား ကြည့်ရှုလိုက်သည်။ တပည့်ခေါင်းဆောင်များမျာ ကြောက်မက်ဖွယ်ကောင်းလှသော မြွေနဂါးကြီး၏ အကြည့်ကြောင့် စိတ်နှလုံးများပင် တုန်ခါသွားရ၏။

ဝမ့်ယွမ်မှာ ကူကယ်ရာမဲ့စွာဖြင့် အံကြိတ်ကာ ရေရွတ်လိုက်သည်။ "ငါတို့တော့သွားပြီပဲ။"

ဖန့်ယောင်မှာမူ ထွက်ပြေးဆုတ်ခွာရန် နည်းလမ်းများစွာကို တွေးတောနေမိသည်။ အဘယ့်ကြောင့်ဆိုသော် မြွေနဂါးကြီးမှ ခန္ဓာကိုယ်များ ပေါင်းစည်းလိုက်သည်နှင့်တကွ အခြေအနေများမှာ ပြောင်းလဲသွားမည်ဖြစ်သောကြောင့်ပင် ဖြစ်သည်။

ထို့ကြောင့် ဤနေရာတွင် ဆက်လက်ရှိနေခြင်းမှာ ၎င်းတို့၏ သေလမ်းအား ကိုယ်တိုင်ရွေးချယ်မိသကဲ့သို့ပင် ဖြစ်နေရပေလိမ့်မည်။

ဖန့်ယောင်တစ်ဦးတည်းမှ ထိုသို့တွေးတော​နေသည်မဟုတ်ပဲ အခြားသော တပည့်ခေါင်းဆောင်များမှာလည်း ဆုတ်ခွာထွက်ပြေးရန် စတင်တွေးတောလာကြပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းတို့အားလုံးမှာ ဆုတ်ခွာထွက်ပြေးနိုင်ရန်အတွက် တိုက်ခိုက်မှုစွမ်းအင်အား သိသာစွာ လျှော့ချလာကြ၏။

စိုးရိမ်ကြောင့်ကြနေသော အကြည့်များစွာ၏အောက်၌ပင် ပုံရိပ်ယောင်ခန္ဓာကိုယ်နှစ်ခုမှာ မြွေနဂါးကြီး၏ ခန္ဓာကိုယ်အတွင်းသို့ စတင်ဝင်ရောက်သွားတော့၏။

"ပြေးတော့...." ဖန့်ယောင်မှာ ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီးနောက် တွေဝေတုံ့ဆိုင်းမနေတော့ပဲ လျင်မြန်စွာပင် ဆုတ်ခွာထွက်ပြေးသွားလေသည်။

ဝမ့်ယွမ်မှာလည်း ၎င်း၏နောက်သို့ အလျင်စလိုပင် လိုက်ပါသွားသည်။

ထန်းရှောင်ယန့်မှာလည်း အံကြိတ်လိုက်ပြီးနောက် ကျောက်ရူအားကြည့်ကာ အော်ဟစ်လိုက်သည်။ "ဆုတ်တော့....."

ကျောက်ရူမှာ ကူကယ်ရာမဲ့စွာဖြင့် လျင်မြန်စွာပင် ဆုတ်ခွာထွက်ပြေးလိုက်၏။

ကျင်ကျန်းမှာ ခက်ထန်စွာဖြင့် ဇူယွမ်အားကြည့်ကာ ပြောလိုက်သည်။ "ဇူယွမ် ငါတို့လည်း တပ်ဆုတ်သင့်ပြီ။"

သို့သော် ဇူယွမ်မှာ ကျင်ကျန်းအား လျစ်လျူရှုထားလျက် ဝိဉာဉ်မြွေနဂါးကြီးကိုသာ စူးရဲစွာ စိုက်ကြည့်နေလျက် ရှိသည်။ ၎င်းမှာ မျက်မှောက်ကျုံ့လျက် တည်ငြိမ်သောအသံဖြင့် စကားဆိုလိုက်၏။ "မင်းကိုငါအလွတ်ပေးလိမ့်မယ်လို့ ထင်နေလား။"

"ပျက်စီးစမ်း...."

ဝုန်း....

ဇူယွမ်မှ အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် ဝိဉာဉ်မြွေနဂါးကြီး၏ ခန္ဓာကိုယ်အတွင်းမှ လင်းလက်တောက်ပနေသော အမွှေးမျှင်များစွာ ထွက်ပေါ်လာသည်။

ထိုအမွှေးမျှင်များမှာ ကောင်းကင်ဘုံယွမ်စုတ်တံမှဖြစ်ပြီး ဝိဉာဉ်မြွေနဂါးကြီး၏ ခန္ဓာကိုယ်အတွင်း၌ တိတ်တဆိတ်ပုန်းအောင်းနေခဲ့ခြင်း ဖြစ်လေသည်။

ရွှီး.....

ဝိဉာဉ်မြွေနဂါးကြီးမှာ အလွန်ပင် နာကျင်နေဟန်ဖြင့် နင့်နဲစွာ မြည်တွန်လိုက်သည်။ ယင်းသည် ခန္ဓာကိုယ်တစ်ခုလုံးအနှံ့ စူးရှနာကျင်သော ခံစားချက်များအား ခံစားနေရ၏။

"ပေါက်ကွဲစမ်း...."

ဝုန်း....

ဇူယွမ်မှ အော်ဟစ်လိုက်သည်နှင့်တစ်ပြိုင်နက် ဝိဉာဉ်မြွေနဂါးကြီး၏ ခန္ဓာကိုယ်အတွင်းမှ ကျယ်လောင်လှသော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။

မြွေနဂါးကြီး၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးမှာ အပိုင်းပိုင်းအစစ ပေါက်ကွဲသွားရပြီး ယင်း၏အသက်ဓာတ်မှာလည်း ချုပ်ငြိမ်းသွားရသည်။

မြွေနဂါးကြီး၏ ရုပ်အလောင်းမှာ ခြောက်ရောင်စဉ်ရေကန်အတွင်းသို့ ကျရောက်သွား၏။

ဆုတ်ခွာထွက်ပြေးသွားကြသော ဖန့်ယောင်၊ ထန်းရှောင်ယန့်နှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ အဖြစ်အပျက်များအား ပါးစပ်အဟောင်းသားဖြင့် အံ့အားသင့်စွာ ငေးမောကြည့်ရှုနေမိကြသည်။

မည်သူကမှ ဇူယွမ်သည် ဝိဉာဉ်မြွေနဂါးကြီးကိုပင် ဇီဝိန်ခြွေပစ်နိုင်လိမ့်မည်ဟု ထင်မှတ်မထားကြပေ။

"ဒါ....ဒါက...." ကျောက်ရူမှာ မျက်တောင်ပင်မခတ်နိုင်ပဲ ကြောက်ရွံ့ထိတ်လန့်နေသော မျက်ဝန်းများဖြင့် ဇူယွမ်အား ကြည့်ရှုနေမိသည်။

ထန်းရှောင်ယန့်မှာလည်း နှုတ်ခမ်းအစုံအား လက်ကလေးဖြင့်အုပ်ထားလျက် အံ့အားသင့်နေ၏။

ဖန့်ယောင်မှာ အံ့အားသင့်နေသော မျက်ဝန်းများဖြင့် ဇူယွမ်ကိုင်ဆောင်ထားသော ကောင်းကင်ဘုံယွမ်စုတ်တံအား ကြည့်ရှုနေမိသည်။ ယင်းလက်နက်သည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလွန်းလှ၏။

"ဟေး......"

အဝေးမှ စောင့်ကြည့်နေ့ကြသော ကန်ရွှမ်းကလန်၏ တပည့်များမှာ အလွန်ပင် ပျော်ရွှင်ဝမ်းမြောက်စွာဖြင့် အောင်ပွဲခံကြတော့သည်။

အခြားကလန်နှစ်ခုမှ တပည့်များမှာမူ မည်သည့်စကားမှပင် မဆိုနိုင်ပဲ ပါးစပ်အဟောင်းသားဖြင့်သာ ဇူယွမ်အား ငေးမောကြည့်ရှုနေမိကြသည်။

ဇူယွမ်မှာ ခပ်ဖွဖွပြုံးလိုက်ပြီးနောက် ထန်းရှောင်ယန့်နှင့် ဖန့်ယောင်တို့အားကြည့်ကာ စကားဆိုလိုက်သည်။ "မင်းတို့ထွက်မပြေးကြတော့ဘူးလား။"

ထန်းရှောင်ယန့်မှာ ပါးမို့မို့လေးများ ရဲတက်လာပြီးနောက် ရှက်ရွံ့နေဟန်ဖြင့် ခပ်ဖွဖွပြုံးလိုက်သည်။

ဝုန်း....

ထိုအချိန်မှာပင် ခြောက်ရောင်စဥ်ရေကန်၏ အလယ်ဗဟို၌ လှုပ်ရှားမှုတစ်ခု ဖြစ်ပေါ်လာ၏။

ထန်းရှောင်ယန့်၊ ဖန့်ယောင်နှင့် အခြားသော တပည့်ခေါင်းဆောင်များမှာ ထိုနေရာသို့ လျင်မြန်စွာ ကြည့်ရှုလိုက်ကြသည်။

ဝေါ...ဝေါ...

ခြောက်ရောင်စဉ်ရေကန်၏ အလယ်ဗဟိုနေရာ၌ ရေလှိုင်းလုံးများ စုဝေးတက်လာပြီးနောက် ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် ပေါ်ထွက်လာလေသည်။

"ဒါက...."

ဆန်းကြယ်လှသော ရှေးဟောင်းသစ်ပင်ကြီးမှာ လူတိုင်း၏ အမြင်အာရုံအား ဖမ်းစားသွားတော့သည်။

လူတိုင်းမှာ ရှေးဟောင်းသစ်ပင်ကြီးထံမှ အကြည့်ပင်မလွှဲနိုင်လောက်အောင် အံ့အားသင့်စွာ ငေးမောကြည့်ရှုနေမိကြလေတော့သတည်း။

All Chapters