← Chapters

ရတနာများကို ပြန်ပို့ခြင်း....

Vol. 51 Ch. 749

ရတနာများကို ပြန်ပို့ခြင်း....

Vol. 51 Ch. 749

" ဒီကုန်းမြေကလည်း ရတနာတစ်ခုပဲ။ လွှမ်းမိုးခြင်းအဆင့် သက်ရှိတစ်ယောက်အတွက် အထူးအဆန်းမဟုတ်ပေမယ့် စကြာဝဠာထဲမှ အတားအဆီးမရှိလှုပ်ရှားနိုင်တယ်။ အလွှာဆယ့်နှစ်သက်ရှိတွေတောင် ဘာမှမလုပ်နိုင်လောက်ဘူး။ " လင်းယွမ်က တွေးလိုက်သည်။

ထိုသို့သော ကြီးမားသော ရတနာတစ်ခုကို အသက်သွင်းရန်အတွက် လိုအပ်သော စွမ်းအားက အလွန်ကြီးမားပြီး ပုံမှန် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် တစ်ယောက်ပင် ခံနိုင်ရည်မရှိနိုင်ပေ။

" ဒါတွေကို ပင်မစကြာဝဠာကို အရင်ပြန်ပို့လိုက်မယ်။ " လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်တွင် ပေါ်လာပြီး ကိုယ်ပွားတစ်ခုကို ခွဲထုတ်လိုက်သည်။

လင်းယွမ်၏ ထိန်းချုပ်မှုအောက်တွင် မိုင်းပေါင်းများစွာ ကျယ်ဝန်းသော ကုန်းမြေက လက်ဝါးအရွယ်အစားထိ လျင်မြန်စွာ ကျုံ့ဝင်သွားပြီး ကိုယ်ပွား၏ လက်ထဲသို့ ကျရောက်သွားသည်။

ဖရိုဖရဲဟင်းလင်းပြင်က အန္တရာယ်များနှင့် ပြည့်နှက်နေပြီး လင်းယွမ်က သူ့ကိုသူ ဖျက်ဆီးပစ်ရန် အဆင်သင့်ပြင်ထားသည်။ ထို့ကြောင့် တစ်စုံတစ်ခုကို ရရှိပြီးနောက် ချက်ချင်း ပြန်ပို့ခြင်းက အကောင်းဆုံးဖြစ်သည်။ ပြန်မပို့ဘဲ အန္တရာယ်တစ်ခုနှင့် ကြုံတွေ့ပြီး ကိုယ်ပွားပျက်စီးသွားလျှင် ရတနာအားလုံး ဆုံးရှုံးသွားနိုင်သည်။

ကန်ဝေယန်းချန်ခဲ့သော ရတနာများက လွှမ်းမိုးခြင်းအဆင့် တည်ရှိမှုများကိုပင် မနာလိုဖြစ်စေနိုင်သည်။ ဖရိုဖရဲဟင်းလင်းပြင်ကို စူးစမ်းနေသော လင်းယွမ်အတွက် ၎င်းက ပထမဆုံး အခွင့်အလမ်းပင်ဖြစ်သည်။

လင်းယွမ်၏ ကိုယ်ပွားက ပျောက်ကွယ်သွားပြီး ပင်မစကြာဝဠာဆီသို့ ဦးတည် ထွက်ခွာသွားသည်။

" နောက်ထပ်ဆက်ပြီးရှာဖွေရမယ်။ " လင်းယွမ်က စိတ်အားထက်သန်နေသည်။

၎င်းက ဖရိုဖရဲဟင်းလင်းပြင်ကို ပထမဆုံး စူးစမ်းခြင်းဖြစ်သောကြောင့် ဖရိုဖရဲဟင်းလင်းပြင်မှ ရရှိသည့် မည်သည့်အရာမဆို လင်းယွမ်အတွက် ကျေနပ်စရာဖြစ်နေခဲ့သည်။

" စီနီယာကန်ဝေယန်းက ဖရိုဖရဲဟင်းလင်းပြင်ရဲ့ မြေပုံကို ချန်ခဲ့ပေမယ့် တိကျတဲ့အမှတ်အသားမရှိရင် မြေပုံက အဓိပ္ပါယ်မရှိဘူး။ " လင်းယွမ်က တွေးလိုက်သည်။

" အရင်ဆုံး အနီးနားက ဖရိုဖရဲကုန်းမြေတစ်ခုကို ရှာပြီး အနီးမှာ ဘာတွေရှိလဲကြည့်ရမယ်။ "

ဖရိုဖရဲဟင်းလင်းပြင် မြေပုံတွင် အများဆိုင်နှင့် ကိုယ်ပိုင်ဟူ၍ နှစ်မျိုးရှိသည်။ ဒုတိယတစ်ခုမှာ အင်အားကြီးသူတစ်ယောက်က ကိုယ်တိုင်စူးစမ်းရှာဖွေထားသော မြေပုံဖြစ်ပြီး အခြားသူများကို ထုတ်ပြောခြင်းမရှိဘဲ အခွင့်အလမ်းများစွာကို မှတ်သားထားသည်။ ကန်ဝေယန်းချန်ခဲ့သော မြေပုံက သူ၏ ကိုယ်ပိုင်မြေပုံဖြစ်သည်။

ဖရိုဖရဲကုန်းမြေက ဖရိုဖရဲဟင်းလင်းပြင်တွင် သက်ရှိများစွာ စုဝေးသော နေရာဖြစ်သည်။ ဖရိုဖရဲကုန်းမြေများက ဖရိုဖရဲအဆင့် သက်ရှိများက သူတို့၏ နယ်မြေများအဖြစ် ဖန်တီးထားခြင်းဖြစ်သည်။ ဖရိုဖရုဲကုန်းမြေများတွင် တင်းကျပ်သော စည်းမျဉ်းများရှိသည်။

" အနီးဆုံး ဖရိုဖရဲကုန်း​မြေက ဘယ်ဟာလဲဆိုတာ ငါဆုံးဖြတ်နိုင်ရင် စီနီယာကန်ဝေယန်းရဲ့ မြေပုံက အသုံးဝင်လာလိမ့်မယ်။ " လင်းယွမ်က ဦးတည်ရာတစ်ခုကို ရွေးချယ်ပြီး ဟင်းလင်းပြင်ကို လျင်မြန်စွာ ဖြတ်သန်းသွားသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်နှင့် ဧကရာဇ်ရွှမ်ဟွမ်တို့ကလည်း လင်းယွမ်အတွက် ဖရိုဖရဲဟင်းလင်းပြင်မြေပုံများ ချန်ထားခဲ့ကြသည်။ သို့သော် နှစ်ခုလုံးက ရှေးနှစ်သန်းပေါင်းများစွာကတည်းက ဖြစ်သည်။ မြေပုံများက ကန်ဝေယန်း၏ မြေပုံထက် များစွာ သာလွန်သော်လည်း ၎င်းတို့ကို အမှတ်အသားပြုရန် နည်းလမ်းသိပ်မရှိပေ။

စကြာဝဠာခေတ်များ ကုန်လွန်လာသည်နှင့်အမျှ ဖရိုဖရဲဟင်းလင်းပြင်ကလည်း ပြောင်းလဲသွားပြီး မြေပုံပေါ်တွင် မှတ်သားထားသော နေရာဒေသများကလည်း ယခုအခါ မရှိတော့သည်လည်း ဖြစ်နိုင်သည်။

ထို့အပြင် ဖရိုဖရဲဟင်းလင်းပြင်က အလွန်ကျယ်ပြောပြီး ဖရိုဖရဲအဆင့် မဟာသူတော်စင်များပင် အားလုံးကို ရှာဖွေနိုင်ခြင်းမရှိပေ။ သူတို့ချန်ခဲ့သော မြေပုံများက အကျိုးသက်ရောက်မှုရှိနေသေးသော်လည်း အနီးအနားရှိ နေရာများကို အမှတ်အသားပြုရန် မလွယ်ကူပေ။

ထိုခရိုဖရဲအဆင့် မဟာသူတော်စင်နှစ်ယောက်နှင့် ယှဉ်လျှင် ကန်ဝေယန်းချန်ခဲ့သော မြေပုံက အသုံးဝင်ဆုံးဖြစ်နေသည်။ ကန်ဝေယန်းချန်ခဲ့သော ကုန်မြေပေါ်ရှိ အချိန်ကုန်ဆုံးမှုအမှတ်အသားများအရ ၎င်းအား ထိန်းချုပ်မှုမရှိသော အချိန်က ကြာမြင့်မည်မဟုတ်ဘဲ စကြာဝဠာခေတ် နှစ်ခုမှ သုံးခုလောက်သာ ရှိပေလိမ့်မည်။

ကြယ်စကြာဝဠာတွင် လင်းယွမ်က ခြေချိတ်ထိုင်နေပြီး ကန်ဝေယန်း ချန်ခဲ့သော လျို့ဝှက်နည်းစနစ် ၉၂ခုက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။ ယခုအချိန်တွင် သူက အလွှာဆယ့်တစ် အမြင့်ဆုံးထိ ရောက်နေပြီဖြစ်သည်။ သူ၏ အတွင်းကမ္ဘာက ဆက်လက်ပြောင်းလဲနေခြင်းမရှိလျှင် သူက အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် ပြင်ဆင်နေလောက်ပြီဖြစ်သည်။

ထို့ကြောင့် မကြာသေးမီအချိန်များအတွင်း လင်းယွမ်က အတော်လေးအားလပ်နေခဲ့သည်။ ပင်မစကြာဝဠာနှင့် ဖရိုဖရဲဟင်းလင်းပြင်ရှိ နိယာမများက သူ့ကို ဆက်လက်ကူညီနိုင်သော်လည်း သူ၏ အသက်အဆင့်က ကန့်သတ်ထားသည်။

အလွှာဆယ့်တစ် အသက်အဆင့်တွင်ရှိသည့်အတွက် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းရှိသော်လည်း သူ၏ အချိန်လေဟာနယ်အပေါ် နားလည်မှုကို အဋ္ဌမအဆင့်ထိ မြှင့်တင်နိုင်ခြင်းမရှိသကဲ့သို့ ဖရိုဖရဲနိယာမကိုလည်း ဒုတိယအဆင့်ထိ မြှင့်တင်နိုင်မည်မဟုတ်ပေ။

သို့သော် အသစ်ရရှိသော လျို့ဝှက်နည်းစနစ် ၉၂ခုက လင်းယွမ်အတွက် အသုံးဝင်သွားသည်။ လျို့ဝှက်နည်းစနစ်များက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ မဟုတ်ဘဲ လေ့ကျင့်မှုလိုအပ်ချက်များ တင်းကျပ်ခြင်းမရှိပေ။

" လွှမ်းမိုးခြင်းအဆင့် လျို့ဝှက်နည်းစနစ် ၉၂ခုထဲမှာ ခြောက်ခုက ငါနဲ့ သင့်တော်တယ်။ "

လျို့ဝှက်နည်းစနစ်အများစုကို လေ့ကျင့်ရန် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်က်ု လိုအပ်ပြီး အလွှာဆယ့်တစ်တွင် ခြောက်ခုသာ လေ့ကျင့်နိုင်သည်။ ထိုခြောက်ခုထဲတွင် သုံးခုက တိုက်ခိုက်ရေးနည်းစနစ်များ၊ တစ်ခုက ကာကွယ်ရေးနည်းစနစ်ဖြစ်ပြီး နှစ်ခုက အထောက်အပံ့နည်းစနစ်များဖြစ်သည်။ အခြေခံအားဖြင့် လက်ရှိလင်းယွမ်အပေါ် ထင်ရှားသော သက်ရောက်မှုရှိနိုင်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သေခြင်းရှင်ခြင်းချိပ်တံဆိပ်ကို လေ့လာပြီး အလွှာဆယ့်တစ် အထွတ်အထိပ်သို့ နားလည်သွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် သိမ်းငှက်နတ်ဓားကို လေ့လာပြီး အလွှာဆယ့်တစ် အထွတ်အထိပ်သို့ နားလည်သွားပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် နဝမသတ်ဖြတ်ခြင်းကို လေ့လာပြီး အလွှာဆယ့်တစ် အထွတ်အထိပ်သို့ နားလည်သွားပါပြီ။ ]

တစ်လမပြည့်မီ လင်းယွမ်က လျို့ဝှက်နည်းစနစ်အားလုံးကို အမြင့်ဆုံးအဆင့်ထိ ကျင့်ကြံနိုင်ခဲ့သည်။

" ငါ့ရဲ့ နည်းစနစ်တွေထဲမှာ ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်က အသန်မာဆုံးဖြစ်နေတုန်းပဲ။ " လင်းယွမ်က တွေးလိုက်သည်။

ကောင်းကင်ဆုတ်ဖြဲခြင်းနတ်စွမ်းရည်က ရှေ့မှ အရာအားလုံးကို ဆုတ်ဖြဲပစ်သော ပြင်းထန်သည့် တိုက်ခိုက်ရေးနည်းစနစ်တစ်ခုဖြစ်သည်။ သို့သော် ထိုနတ်စွမ်းရည်ကို အသက်သွင်းရာတွင် ကန့်သတ်ချက်အချို့ ရှိသည်။ ထို့ကြောင့် အခြားလျို့ဝှက်နည်းစနစ်များလည်း လိုအပ်နေဆဲဖြစ်သည်။

" ကြီးမြတ်သူတစ်ယောက်တောင် ငါနဲ့ ထိပ်တိုက်ရင်ဆိုင်ရင် ဒဏ်ရာရသွားနိုင်တယ်။ " လင်းယွမ်က သူ့ကိုသူ ခန့်မှန်းလိုက်သည်။

ကျယ်ပြောလှသော စစ်မြေပြင်တစ်ခုတွင် ထာဝရလေဟာနယ်အက်ကြောင်းမှ ပုရိပ်တစ်ခု ထွက်ပေါ်လာသည်။ စစ်မြေပြင်ကြီးများက အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ စောင့်ကြည့်မှုအောက်တွင် ရှိသော်လည်း ထိုပုံရိပ်၏ အော်ရာက အချိန်လေဟာနယ်နှင့် ပေါင်းစပ်သွားပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ အာရုံကို ရှောင်လွှဲသွားသည်။

" နောက်ဆုံးတော့ ပြန်ရောက်လာပြီ။ " ထိုက်ယင်မူလစိတ်ဝိညာဉ်က ပေါ်လာပြီး အကျိုးအမြတ်များ သယ်ဆောင်လာသော ကိုယ်ပွားကို ပြန်ရုတ်သိမ်းလိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် လင်းယွမ်က အန္တရာယ်ရှိနိုင်သော်လည်း စကြာဝဠာအတွင်း၌ လင်းယွမ်က သူ၏ ဘေးကင်းမှုကို ယုံကြည်မှုရှိလေသည်။ လွှမ်းမိုးခြင်းအဆင့်နှင့် ဖရိုဖရဲအဆင့် တည်ရှိမှုများက စကြာဝဠာတစ်ခုကို ကျူးကျော်နိုင်ခြင်းမရှိပေ။

" သွားမယ်။ " ထိုက်ယင်မူလစိတ်ဝိညာဉ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ တိုက်ရိုက်ဝင်ရောက်သွားသည်။

လျို့ဝှက်နယ်မြေထဲတွင် လင်းယွမ်၏ မူလခန္ဓာကိုယ် ရှိနေသည်။ ထိုက်ယင်မူလစိတ်ဝိညာဉ်က ပေါ်လာပြီး လက်ဝါးအရွယ် ကုန်မြေတစ်ခုကို ပေးလိုက်သည်။ ၎င်းက လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ် ကန်ဝေယန်း၏ ကျင့်ကြံခြင်းနယ်မြေပင်ဖြစ်သည်။

" ပထမဆုံး လမ်းစဉ်ခွဲထွက်ခြင်းအဆင့် လက်နက်တွေကို သန့်စင်ရမယ်။ " လင်းယွမ်က လက်နက်အနည်းငယ်ကို ထုတ်ပြီး ချက်ချင်း သန့်စင်လိုက်သည်။

လွှမ်းမိုးခြင်းအဆင့်နှင့် ဖရိုဖရဲအဆင့် ရတနာများက လင်းယွမ်၏ လက်ရှိအဆင့်နှင့် မသန့်စင်နိုင်သေးပေ။ ၎င်းတို့က စိတ်ဝိညာဉ်မွေးဖွားနိုင်ပြီး မိမိကိုယ်ကို ပြန်လည်ထိန်းချုပ်နိုင်စွမ်းကို ပိုင်ဆိုင်ကြသည်။

လင်းယွမ်က ကုန်းမြေထဲသို့ ဝင်ရောက်လာပြီး အံ့ဖွယ်သစ်ပင် ဆယ့်ရှစ်ပင်ရှေ့တွင် ရပ်နေသည်။ သစ်ပင်တစ်ပင်စီတွင် ကြီးမားသော စွမ်းအားများ ပါဝင်သည့် စိတ်ဝိညာဉ်သစ်သီးများ သီးနေသည်။ လင်းယွမ်က စိတ်ဝိညာဉ်သစ်သီးများအားလုံးကို ခူးဆွတ်ပြီး သေချာသိမ်းဆည်းလိုက်သည်။

" ဒီစိတ်ဝိညာဉ်သစ်သီးတွေကို ရွှမ်ဟွမ်မူလခန္ဓာ အလွှာဆယ့်နှစ်ကို ကျင့်ကြံရာမှာ အသုံးပြုလို့ရတယ်။ " လင်းယွမ်က တွေးလိုက်သည်။

ရွှမ်ဟွမ်မူလခန္ဓာကို အလွှာဆယ့်နှစ်ထိ ကျင့်ကြံရန် မည်မျှခက်ခဲသည်ကို လင်းယွမ်က သိနေပြီဖြစ်သည်။ ရွှမ်ဟွမ်မူလခန္ဓာ အလွှာဆယ့်နှစ် ပြည့်စုံခြင်းအဆင့် စကြာဝဠာပျက်ဆီးခြင်းကို ခံနိုင်ရည်ရှိသည်။

" ဖြည်းဖြည်းပေါ့။ " လင်းယွမ်က သူ၏ အတွေးများကို ထိန်းချုပ်လိုက်သည်။

သူ၏ ခန္ဓာကိုယ်အခြေခံက အလွန်သန်မာသောကြောင့် ရွှမ်ဟွမ်မူလခန္ဓာကို ကျင့်ကြံရန် လိုအပ်သော အရင်းအမြစ်ကလည်း ကြီးမားလှသည်။ သို့သော် ဖရိုဖရဲဟင်းလင်းပြင်က ကျယ်ပြောလှပြီး အဆုံးမရှိသော အရင်းအမြစ်များရှိနေသည်။ လင်းယွမ်သာ လုံလောက်သော စွမ်းအားရှိလျှင် တစ်နေ့တွင် လိုအပ်သော အရင်းအမြစ်များကို စုဆောင်းနိုင်ပေလိမ့်မည်။

" ဒီအံ့ဖွယ်သစ်ပင်တွေက သူတို့ဘာသာသူတို့ ဖရိုဖရဲစွမ်းအားကို စုပ်ယူနိုင်တယ်။ " လင်းယွမ်က အံ့ဖွယ်သစ်ပင် ဆယ့်ရှစ်ပင်ကို ကြည့်နေသည်။

ထိုသစ်ပင်များ၏ အမြစ်များက အချိန်လေဟာနယ်၏ နက်ရှိုင်းရာသို့ ထိုးဖောက်ကာ အချိန်တိုင်း ကြီးမားသော ဖရိုဖရဲစွမ်းအားကို စုပ်ယူနေသည်။ ဖရိုဖရဲစွမ်းအားများကို ဖရိုဖရဲအဆင့် တည်ရှိမှုများပင် ပေါ့ဆစွာ စုပ်ယူဝံ့ခြင်းမရှိကြပေ။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် ဖရိုဖရဲပေါင်းစည်းခြင်းကို လေ့လာပြီး ဖရိုဖရဲစွမ်းအား၏ အနှစ်သာရကို နားလည်သွားပါပြီ။ ]

လင်းယွမ်၏ ရှေ့တွင် ဖရိုဖရဲစွမ်းအားမျှင်တစ်ခု ပေါ်လာသည်။

" ဒါက အထူးသက်ရှိလား။ " လင်းယွမ်က လေ့လာနေသည်။ သူက ဆက်လက်လေ့လာနေလျှင် ထိငသစ်ပင်များကဲ့သို့ ဖရိုဖရဲစွမ်းအားကို စိုးရိမ်စရာမလိုဘဲ စုပ်ယူနိုင်ပေလိမ့်မည်။

All Chapters