ထူးဆန်းသော သွေးစက်.....
Vol. 51 Ch. 750
ခန်းမကြီးတစ်ခုထဲတွင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက တစ်ဖန် စုဝေးနေကြပြန်သည်။
" စုံစမ်းတာ ဘယ်လိုလဲ။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက မေးလိုက်သည်။
ယခင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက သက်ဆိုင်ရာ မျိုးနွယ်များသို့ ပြန်လာခဲ့ကြပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်းကို သေချာစုံစမ်းစစ်ဆေးခဲ့ကြသည်။
သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍနှင့် ပက်သက်သော အချက်အလက်များသာ မှန်ကန်နေခဲ့လျှင် လူသားမျိုးနွယ်တွင် အဆင့်မြင့် ဆင့်ကဲပြောင်းလဲသူများ ထွက်ပေါ်လာနိုင်ခြေက အလွန်မြင့်မားလာမည်ဖြစ်ပြီး အခြားအထွတ်အထိပ်မျိုးနွယ်များအပေါ် ကြီးမားသော သက်ရောက်မှုရှိပေလိမ့်မည်။
" ငါ့ရဲ့ မျိုးနွယ် ထောက်လှမ်းမှုအရ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးသူက နဂါးငွေ့တန်းကြယ်သခင် ဖြစ်နိုင်ခြေ ၉၅ ရာခိုင်နှုန်းရှိတယ်။ " ထျန်းယုမျိုးနွယ်၏ ကြီးမြတ်သူက ပြောလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်က ပြိုင်ဘက်ကင်းပါရမီရှင်တစ်ယောက်ဖြစ်ပြီး သူလျှောက်လှမ်းသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကလည်း ပြည့်စုံပြီး တည်ငြိမ်ပေလိမ့်မည်။ သို့သော် နဂါးငွေ့တန်းကြယ်သခင်နှင့် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တို့က ကန်လန်ကြယ်မှ ဆင်းသက်လာသည်ကို လျစ်လျူရှု၍ မရပေ။
ထိုအပြင် နဂါးငွေ့တန်း ကြယ်သခင် အဆင့်တက်တော့မည့်အချိန်တိုင်းတွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကလည်း ကဏ္ဍအသစ်များ တင်လေ့ရှိသည်။ ၎င်းက နဂါးငွေ့တန်းကြယ်သခင်မှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူဖြစ်ကြောင်းကို ပိုမိုခိုင်မာသွားစေသည်။
" နဂါးငွေ့တန်းကြယ်သခင်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ဖန်တီးသူဖြစ်တယ်ဆိုတာကို ငါ့ရဲ့ မျိုးနွယ်ကလည်း နှစ်ပေါင်းများစွာကတည်းက ခန့်မှန်းထားခဲ့တယ်။ " ယုမျိုးနွယ်၏ ကြီးမြတ်သူကလည်း ပြောလိုက်သည်။
အခြားအလွှာဆယ့်နှစ်ကြီးမြတ်သူများကလည်း တည်ငြိမ်စွာ ရှိနေကြပြီး အံ့ဩခြင်းမရှိကြပေ။ သူတို့၏ မျိုးနွယ်များသာ သတိပြုမိသည်မဟုတ်ဘဲ လူသားမျိုးနွယ်တွင်လည်း နဂါးငွေ့တန်းကြယ်သခင်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူဖြစ်ကြောင်းကို ခန့်မှန်းခဲ့ကြသည်။ ထို့ကြောင့် ထိုကိစ္စက အထွတ်အထိပ်မျိုးနွယ်များကြားတွင် လျို့ဝှက်ချက်တစ်ခုမဟုတ်ပေ။
အမှန်တော့ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလွှာတစ်ဆယ်ကဏ္ဍကို တင်ပြပြီးနောက် လူသားမျိုးနွယ်၏ အဆင့်တစ်ဆယ်ဖြစ်လာကတည်းက အခြားအထွတ်အထိပ်မျိုးနွယ်မှ ကြီးမြတ်သူများက တစ်စုံတစ်ခုမှားယွင်းနေသည်ကို ခံစားမိခဲ့ကြသည်။
သို့သော် လူသားမျိုးနွယ်က နဂါးငွေ့တန်းကြယ်သခင်ကို လုံးဝ ကာကွယ်ပေးထားပြီး အခြားမျိုးနွယ်မှ ကြီးမြတ်သူများက လျို့ဝှက်တိုက်ခိုက်လိုသော်လည်း အခွင့်အရေးမရခဲ့ကြပေ။ နောက်ဆုံး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွှာဆယ့်တစ် ကဏ္ဍကို တင်ပြီး လူသားမျိုးနွယ်၏ အဆင့်ငါး ဖြစ်လာချိန်မှ သူတို့က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ စစ်မှန်သော အလားအလာကို နားလည်သွားခဲ့ကြသည်။
" အခုက သိတာမသိတာ အရေးမကြီးတော့ဘူး။ အဲ့ဒီကိစ္စကို ဘယ်လိုကိုင်တွယ်ကြမှာလဲ။ " အင်းဆက်ဧကရီက မျက်မှောင်ကြုတ်လိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူဖြစ်သည်ကို အင်းဆင်မျိုးနွယ်က လက်မခံချင်ဆုံးဖြစ်သည်။
" ဘာလုပ်သင့်လဲ။ " အလွှာဆယ့်နှစ် ကြီးမြတ်သူများက တိတ်ဆိတ်သွားကြသည်။
နဂါးငွေ့တန်းကြယ်သခင်က သာမန်အလွှာဆယ့်တစ် တစ်ယောက်သာ ဖြစ်လျှင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက ကိုင်တွယ်ရန် နည်းလမ်းများစွာ ရှိသည်။ သို့သော် မဟာစစ်မြေပြင်တွင် နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ် အင်အားကြီးသူများအားလုံးကို လွှမ်းမိုးထားပြီး စကြာဝဠာမွေးဖွားချိန်မှစ၍ အသန်မာဆုံး အလွှာဆယ့်တစ် အဖြစ် သတ်မှတ်နိုင်သည်။ ထို့ကြောင့် နဂါးငွေ့တန်းကြယ်သခင်ကို ကိုင်တွယ်ရန် အလွန်ခက်ခဲသည်။
အမှန်တော့ သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို ရင်ဆိုင်နေရခြင်းမဟုတ်ဘဲ လူသားမျိုးနွယ်မှ အဆင့်တူ ကြီးမြတ်သူကိုးယောက်ကိုပါ ရင်ဆိုင်နေရခြင်းဖြစ်သည်။
" သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍမှာ ပါဝင်တဲ့ နိယာမပုံစံတွေသာ အမှန်ဖြစ်ရင် နဂါးငွေ့တန်းကြယ်သခင်ရဲ့ နိယာမတွေအပေါ် နားလည်နိုင်စွမ်းက စိတ်ကူးမယဉ်နိုင်တဲ့ အဆင့်ကို ရောက်နေလောက်ပြီ။ "
" သူသာ အလွှာဆယ့်နှစ်ကို တက်လှမ်းနိုင်သွားရင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ကို မြန်မြန်ကြီးထွားသွားလိမ့်မယ်။ "
" အဲ့ဒီအချိန်ကျရင် ငါတို့က နဂါးငွေ့တန်းကြယ်သခင်ကို ကိုင်တွယ်မှာလဲမဟုတ်တော့ဘူး။ နဂါးငွေ့တန်းကြယ်သခင်က ငါတို့ကို ဘယ်လိုကိုင်တွယ်မလဲ ဖြစ်သွားလိမ့်မယ်။ " အကျဉ်းထောင်မျိုးနွယ်၏ ကြီးမြတ်သူက ပြောလိုက်သည်။
သူတို့၏ မျိုးနွယ်မှ လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် ကြီးမြတ်သူတစ်ယောက်ကိုသာ မွေးထုတ်နိုင်ခဲ့လျှင် သူတို့ ပထမဆုံး လုပ်ဆောင်မည်မှာ စကြာဝဠာအတွင်းမှ အထွတ်အထိပ် ရှင်းလင်းပေလိမ့်မည်။
သို့သော် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်သို့ ရောက်ရန် အလွန်ခက်ခဲသည်။ စကြာဝဠာခေတ်များစွာအတွင်း ထိုအဆင့်သို့ ရောက်နိုင်သူ တစ်ယောက်သာ ရှိသည်။ ကပ်ဘေးမျိုးနွယ်တွင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ရှိသော်လည်း သူတို့က စကြာဝဠာစိတ်အသိ၏ ပစ်မှတ်ထားခြင်း ခံရပြီး သူတို့၏ စွမ်းအားအပြည့်အဝ ထုတ်ဖော်ရဲခြင်းမရှိကြပေ။
" လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်.... လူသားမျိုးနွယ်..." အင်းဆက်ဧကရီ၏ မျက်နှာက မဲမှောင်သွားသည်။
ထိုအချိန်ကျရင် အင်းဆက်မျိုးနွယ်က လူသားမျိုးနွယ်၏ နှိမ်နင်းမှုကို အရင်ဆုံး ခံရပေလိမ့်မည်။ မျိုးနွယ်ကာကွယ်ရေးလက်နက်ကို ကိုင်စွဲထားသော လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ် တစ်ယောက်ကို တွေးကြည့်ရုံနှင့် သူမကို ထိတ်လန့်တုန်လှုပ်စေရန် လုံလောက်သည်။
" နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ် အထွတ်အထိပ်ကို ရောက်နေပြီ။ သူ့ရဲ့ မူလခန္ဓာကိုယ်ကို လူသားမျိုးနွယ်က သေချာပေါက်ကာကွယ်ပေးလိမ့်မယ်။ သူ့ကို ဘယ်လိုကိုင်တွယ်မှာလဲ။ " ယုမျိုးနွယ်၏ ကြီးမြတ်သူက ပြောလိုက်သည်။
သူတို့က နဂါးငွေ့တန်းကြယ်သခင်ကို ယခု ကိုင်တွယ်ဖြေရှင်းချင်လျှင်တောင် သူတို့မှာ စွမ်းဆောင်ရည်ရှိမရှိ စဉ်းစားရဦးမည်ဖြစ်သည်။ ကျိန်စာတိုက်သတ်ဖြတ်ရန်ကလည်း အလွှာဆယ့်နှစ် ကြီးမြတ်သူများကိုယ်တိုင်လုပ်ဆောင်လျှင်တောင် အလွှာကိုးနှင့် အလွှာတစ်ဆယ်အဆင့်ရှိ အင်အားကြီးသူများ၏ မူလခန္ဓာကိုယ်များနှင့် ကိုယ်ပွားအားလုံးကို သတ်ပစ်နိုင်လေသည်။
သို့သော် နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်ဖြစ်သောကြောင့် မည်သည့်တန်ဖိုးကို ပေးဆပ်သည်ဖြစ်စေ အလွှာဆယ့်နှစ် ကြီးမြတ်သူများက သူ့ကို ကျိန်စာတိုက်သတ်ပစ်နိုင်မည်မဟုတ်ပေ။
" တကယ်တော့ နည်းလမ်းမရှိတာတော့မဟုတ်ဘူး။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက ရုတ်တရက် ပြောလိုက်ပြီး သူ၏ အကြည့်က အင်းဆက်ဧကရီဆီသို့ ရောက်သွားသည်။ " ငါထင်တာမှန်ရင် စကြာဝဠာအပြင်ဘက်ကနေ ထူးဆန်းတဲ့ သတ္တဝါတစ်ကောင်ပြုတ်ကျလာတုန်းက အသွင်းပြောင်းလဲခြင်းဧကရီက အဲ့ဒီသတ္တဝါရဲ့ သွေးတစ်စက်ကို ယူခဲ့တယ်မဟုတ်လား။ "
စကြာဝဠာစတင်ဖွဲ့စည်းချိန် အစောပိုင်းတွင် ထူးဆန်းသော သတ္တဝါတစ်ကောင်က စကြာဝဠာထဲသို့ ကျလာခဲ့ပြီး သက်ရှိများစွာကို မျိုးသုဥ်းလုနီးပါးဖြစ်စေခဲ့သည်။ အလွှာဆယ့်နှစ် ကြီးမြတ်သူများ ပူးပေါင်းပြီးမှသာ ထိုသတ္တဝါကို စကြာဝဠာအပြင်ဘက်သို့ မောင်းထုတ်နိုင်ခဲ့သည်။
ထိုထူးဆန်းသော သတ္တဝါက ပုံမှန်သက်ရှိမဟုတ်ဘဲ ဗီဇသာ ရှိပြီး အသိမရှိပေ။ အပြင်မှ အလွှာဆယ့်နှစ် သက်ရှိများက စကြာဝဠာထဲသို့ ဝင်ရောက်နိုင်ခြင်းမရှိကြပေ။
ထိုထူးဆန်းသော သတ္တဝါက အင်အားကြီးမားသော ခန္ဓာကိုယ်ကို ပိုင်ဆိုင်ပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် ထိခိုက်စေနိုင်ခြင်း မရှိသလောက်ပင်ဖြစ်သည်။ သို့သော် အသွင်ပြောင်းလဲခြင်းဧကရီက ထိုသတ္တဝါ၏ အရေပြားကို ထိုးဖောက်ပြီး သွေးတစ်စက်ကို ရယူနိုင်ခဲ့သည်။
" အဲ့ဒီသတ္တဝါမှာ ကြောက်စရာကောင်းတဲ့ ညစ်ညမ်းစေနိုင်စွမ်းရှိတယ်။ သူ့ရဲ့ သွေးကို ငါတို့တောင် မထိရဲဘူး။ နဂါးငွေ့တန်းကြယ်သခင်ရဲ့ ကိုယ်ပွား ဒါမှမဟုတ် မူလခန္ဓာကိုယ်ကို ရှာဖွေပြီး အဲ့ဒီထူးဆန်းတဲ့ သွေးနဲ့သာ ညစ်ညမ်းစေနိုင်ခဲ့ရင် နဂါးငွေ့တန်းကြယ်သခင်က မသေရင်တောင် ဒဏ်ရာအပြင်းအထန်ရပြီး အလွှာဆယ့်နှစ်ကို တက်လှမ်းနိုင်မယ့် အလားအလာကို ထိခိုက်သွားစေလိမ့်မယ်။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက ပြောလိုက်သည်။
ထိုအကြောင်းကို ကြားသောအခါ အလွှာဆယ့်နှစ် ကြီးမြတ်သူများက အနည်းငယ် တုန်လှုပ်သွားကြသည်။ သူတို့က ထိုအကြောင်းကို သေချာမသိသော်လည်း အကျဉ်းထောင်မျိုးနွယ်၏ ကြီးမြတ်သူက ပြောသောကြောင့် အမှန်ဖြစ်ပေလိမ့်မည်။
" ထူးဆန်းတဲ့ သွေးလား။ " အင်းဆက်မျိုးနွယ်ဧကရီက မျက်မှောင်ကြုတ်လိုက်သည်။ " ငါ ဒီကိစ္စကို အသွင်ပြောင်းလဲခြင်းဧကရီနဲ့ ပြောဖို့လိုတယ်။ "
အင်းဆက်မျိုးနွယ်၏ ဧကရီများထဲတွင် အသွင်ပြောင်းလဲခြင်းဧကရီက အစွမ်းထက်ဆုံးနှင့် ရှေ့အကျဆုံးဖြစ်ပြီး အမြင့်ဆုံးသော အဆင့်အတန်းကို ပိုင်ဆိုင်သည်။
" အသွင်ပြောင်းလဲခြင်းဧကရီက ပိုကြီးမားတဲ့ ကိစ္စကို မြင်နိုင်ဖို့ မျှော်လင့်ပါတယ်။ " အကျဉ်းထောင်မျိုးနွယ်၏ ကြီးမြတ်သူက ပြောလိုက်သည်။
ခဏကြာသောအခါ အင်းဆက်ဧကရီက အခြားကြီးမြတ်သူများကို ကြည့်လိုက်သည်။ " အသွင်ပြောင်းလဲခြင်းဧကရီက အဲ့ဒီသွေးတစ်စက်ကို ပေးဖို့ ဆန္ဒရှိပါတယ်။ "
" အဲ့ဒါကောင်းတယ်။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက သက်ပြင်းချလိုက်၏။
ထူးဆန်းသော သတ္တဝါ စကြာဝဠာထဲသို့ ကျရောက်လာချိန်တွင် လူသားမျိုးနွွက ထွက်ပေါ်လာခြင်းမရှိသေးသဖြင့် လူသားမျိုးနွယ်၏ ကြီးမြတ်သူများက ထိုအကြောင်းကို မသိခဲ့ကြသေးပေ။ အကျဉ်းထောင်မျိုးနွယ်၏ ကြီးမြတ်သူက သူ၏ စွမ်းရည်များကြောင့် ထိုအကြောင်းကို သိရှိခဲ့ခြင်းဖြစ်သည်။
" ဒါပေမယ့် အဲ့ဒီသွေးတစ်စက်က အဆုံးမဲ့ ရှုပ်ထွေးမှုတွေနဲ့ ညစ်ညမ်းမှုတွေရဲ့ ရင်းမြစ်ပဲ။ အသွင်ပြောင်းလဲခြင်းဧကရီက အဲ့ဒါကို ရတနာတစ်ခုအဖြစ် သတ်မှတ်ထားတယ်။ သူမက ဒါကို ထုတ်ပေးဖို့ ဆန္ဒရှိပေမယ့် အကြောင်းမဲ့တော့ မဟုတ်ဘူး။ " အင်းဆက်ဧကရီက ရုတ်တရက် ပြောလိုက်သည်။
" အသွင်ပြောင်းလဲခြင်းဧကရီရဲ့ တောင်းဆိုမှုကို ပြောနိုင်ပါတယ်။ " အကျဉ်းထောင်မျိုးနွယ်၏ ကြီးမြတ်သူက ပြောလိုက်သည်။
" စိတ်မပူပါနဲ့။ အသွင်ပြောင်းလဲခြင်းဧကရီတောင်းဆိုတာကို ငါတို့က အတတ်နိုင်ဆုံး လုပ်ပေးမှာပါ။ " အခြားကြီးမြတ်သူကလည်း အာမခံလိုက်ကြသည်။
ခဏကြာသောအခါ ကြီးမြတ်သူများအားလုံးက အသွင်ပြောင်းလဲခြင်းဧကရီ၏ တောင်းဆိုမှုကို လက်ခံလိုက်ကြသည်။