လင်းယွမ်၏ အစီအစဉ်....
Vol. 51 Ch. 753
" အသွင်ပြောင်းလဲခြင်းဧကရီက အဲ့ဒီသတ္တဝါရဲ့ သွေးတစ်စက်ကို ရယူနိုင်ခဲ့တာမဟုတ်လား။ "လင်းယွမ်က စဉ်းစားပြီး မေးလိုက်သည်။
" ဟုတ်ပါတယ်။ " အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က ပြန်ဖြေလိုက်သည်။ " အဲ့ဒီသွေးစက်က ရှုပ်ထွေးညစ်ညမ်းမှုတွေရဲ့ ရင်းမြစ်ဖြစ်ပြီး အလွှာဆယ့်နှစ်အောက် ဘယ်သက်ရှိမဆို သေစေနိုင်ပါတယ်။ နဂါးငွေ့တန်းကြယ်သခင် အထူးသတိထားရလိမ့်မယ်။ "
ထို့နောက် သူက အခြားမျိုးနွယ်များမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ အစီအစဉ်များကို ပြောပြခဲ့သည်။ ကွဲလွဲမှုများ ရှိနိုင်သော်လည်း ထူးဆန်းသော သွေးစက်က လင်းယွမ်၏ မူလခန္ဓာကိုယ်ကို ထိခိုက်စေသော အရာများထဲမှ တစ်ခုဖြစ်သည်။
လင်းယွမ်က တိတ်ဆိတ်စွာ နားထောင်နေသော်လည်း စိုးရိမ်ခြင်းမရှိပေ။ အင်းဆက်မျိုးနွယ်နှင့် အခြားမျိုးနွယ်များမှ ကြီးမြတ်သူများက မဟာစစ်မြေပြင်တွင် လင်းယွမ်ပြသခဲ့သော် ခွန်အားကို အခြေခံပြီး တိုက်ခိုက်နိုင်မည်ဟု ယုံကြည်နေကြခြင်းဖြစ်သည်။
သို့သော် အင်မော်တယ်ကမ္ဘာသို့ ဆင်းသက်ပြီးသောအခါ လင်းယွမ်၏ ခွန်အားက များစွာ တိုးတက်လာခဲ့ပြီး သာမန်အလွှာဆယ့်နှစ်တစ်ယောက်နှင့် မကွာခြားတော့ပေ။ ပို၍ တိကျစွာ ဆိုရလျှင် လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ် ကန်ဝေယန်း၏ အမွေအနှစ်ကို ရရှိပြီးနောက် လင်းယွမ်၏ တိုက်ခိုက်ရေးစွမ်းအားက သာမန်အလွှာဆယ့်နှစ်ကို ကျော်လွန်သွားပြီး အသွင်းပြောင်းလဲခြင်းဧကရီနှင့် ကြီးမြတ်သူရွှမ်ယွမ်တို့အဆင့်သို့ ချဉ်းကပ်နိုင်ခဲ့သည်။
ထူးဆန်းသော သတ္တဝါ၏ သွေးတစ်စက်က ကြောက်စရာကောင်းသည်မှန်သော်လည်း အလွှာဆယ့်နှစ်ကို ထိခိုက်အောင်မလုပ်နိုင်သည်မှာ ထင်ရှားသည်။ မဟုတ်လျှင် အသွင်ပြောင်းလဲခြင်းဧကရီက နှစ်များတစ်လျှောက် ထိုထူးဆန်းသော သွေးတစ်စက်ကို သိမ်းဆည်းထားမည်မဟုတ်ပေ။
အဓိကပြဿနာမှာ သွေးစက်၏ အကျိုးသက်ရောက်မှုကို ထုတ်ဖော်ရန်အတွက် လင်းယွမ်၏ ကိုယ်ပွားတစ်ခုကို လုံးဝဖိနှိပ်ရမည်ဖြစ်သော်လည်း ၎င်းက လုံးဝမဖြစ်နိုင်ပေ။
" မင်းတို့ ကပ်ဘေးမျိုးနွယ်က ဘာလို့ ငါ့ကို ဒါတွေ ပြောပြချင်တာလဲ။ " လင်းယွမ်က အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်ကို ကြည့်လိုက်သည်။
လင်းယွမ်၏ သူ၏ ခွန်အားကို ယုံကြည်မှုရှိသော်လည်း ကပ်ဘေးမျိုးနွယ်က ဘာကြောင့် ထိုလျို့ဝှက်ချက်များကို ပြောပြသနည်း။
" ဘိုးဘေးက အဲ့ဒီအကြောင်း မပြောခဲ့ပါဘူး။ " အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က ပြောလိုက်သည်။ သူလည်း ထိုအကြောင်းရင်းကို သိချင်သော်လည်း ဘိုးဘေးက ပြောဆိုခြင်း မရှိခဲ့ပေ။
" နားလည်ပြီ။ " လင်းယွမ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်က ချက်ချင်း ဆုတ်ခွာသွားသည်။
" ငါ နဂါးငွေ့တန်းပင်မကြယ်မှာ ဆက်မနေသင့်တော့ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
အခြားမျိုးနွယ်များမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ ကြံစည်မှုက လင်းယွမ်ကို ခြိမ်းခြောက်မှု မဖြစ်စေသော်လည်း သူတို့အားလုံး ပူးပေါင်းတိုက်ခိုက်ခဲ့လျှင် တိုက်ပွဲ၏ စွမ်းအားများက လင်းယွမ်အတွက် ပြဿနာမရှိသော်လည်း နဂါးငွေ့တန်းပင်မကြယ်နှင့် ပတ်ဝန်းကျင်ရှိ အသက်ဂြိုလ်များအားလုံးက ကံကြမ္မာဆိုးကို ရင်ဆိုင်ရပေလိမ့်မည်။ သဘာဝအတိုင်း လင်းယွမ်က နဂါးငွေ့တန်းပင်မကြယ်ပေါ်မှ နိုင်ငံသားများစွာကို ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။
" အခြားမျိုးနွယ်တွေရဲ့ ကြီးမြတ်သူတွေက ငါ့ရဲ့ တည်နေရာကို ကြောင်းကျိုးဆက်နွယ်မှုကို အသုံးပြုပြီး ရှာဖွေလိမ့်မယ်။ ဒါပေမယ့် ငါ့ရဲ့ မူလခန္ဓာကိုယ်နဲ့ ကိုယ်ပွားတွေက နဂါးငွေ့တန်းပင်မကြယ်မှာ မရှိဘူးဆိုရင် သူတို့က ဒီနေရာကို ပစ်မှတ်ထားမှာမဟုတ်တော့ဘူး။ " လင်းယွမ်က တွေးလိုက်သည်။
သူက ပင်မကြယ်ပေါ်မှ နိုင်ငံသားများစွာကို ဂရုစိုက်သော်လည်း အခြားမျိုးနွယ်များ၏ ကြီးမြတ်သူများက ဂရုစိုက်မည်မဟုတ်ပေ။ လူသားမျိုးနွယ်တွင်လည်း ကြီးမြတ်သူများရှိသည်။ ယနေ့ မျိုးနွယ်ခြားများက လူသားမျိုးနွယ်၏ ကြယ်နယ်မြေတစ်ခုကို ဖျက်ဆီးခဲ့လျှင် လူသားမျိုးနွယ်၏ ကြီးမြတ်သူများက နောက်နေ့တွင် ဆယ်ဆ ပြန်လည်လက်တုန့်ပြန်ပေလိမ့်မည်။
" နောက်တစ်ခုအနေနဲ့ ငါ့ရဲ့ မူလစိတ်ဝိညာဉ်နှစ်ခုနဲ့ ကိုယ်ပွားတွေက စွန့်ပစ်ကြယ်နယ်မြေတွေမှာပဲ လှုပ်ရှားသွားလာတော့မယ်။ " လင်းယွမ်က စိတ်ထဲမှ ဆုံးဖြတ်လိုက်သည်။
ထိုအချိန်အတွင်း သူ၏ ကိုယ်ပွားများမှ ကြောင်းကျိုးဆက်နွယ်မှုများကို ဖုံးကွယ်ရန် နိယာမများကို အသုံးပြုမည်ဖြစ်သည်။ သူ၏ လက်ရှိ နိယာမများအပေါ် နားလည်မှုဖြင့် အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် သူ၏ နေရာအတိအကျကို ရှာဖွေရန်ခက်ခဲပေလိမ့်မည်။
မူလခန္ဓာကိုယ်နှင့် ကိုယ်ပွားအားလုံးကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း ဝင်ရောက်ရန်မှာ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ကြောင်းကျိုးဆက်နွယ်မှုနှင့် အချိန်လေဟာနယ်ကို ခွဲခြားနိုင်သော်လည်း နိယာမလှုပ်ရှားမှုများကို မခံစားနိုင်ပေ။
" အတွင်းကမ္ဘာရဲ့ ပြောင်းလဲမှုနှုန်းအရဆို အများဆုံးနှစ်တစ်ရာအတွင်းမှာ ငါ အမြင့်ဆုံးအဆင့်ကို ရောက်လိမ့်မယ်။ ဒါဆို အလွှာဆယ့်နှစ်ကို တက်လှမ်းလို့ရပြီ။ " လင်းယွမ်က တွေးလိုက်သည်။
နှစ်တစ်ရာအတွင်း အခြားမျိုးနွယ်များမှ အလွှာဆယ့်နှစ် ကြီးမြတ်သူများက သူ၏ တည်နေရာကို ရှာဖွေနိုင်ခဲ့လျှင် လင်းယွမ်က သူတို့နှင့်အတူ ကစားပေးမည်ဖြစ်ပြီး ရှာမတွေ့ခဲ့လျှင် နှစ်တစ်ရာကြာပြီးနောက် သူက အလွှာဆယ့်နှစ်သို့ တက်လှမ်းမည်ဖြစ်သည်။
ကပ်ဘေးမျိုးနွယ်။
အနက်ရောင်ဝတ်ရုံနှင့်လူက နဂါးငွေ့တန်းပင်မကြယ်မှ ထွက်လာပြီးနောက် ကပ်ဘေးမျိုးနွယ်၏ နယ်မြေသို့ လျင်မြန်စွာ ပြန်ရောက်လာခဲ့သည်။ နယ်မြေ၏ အနက်ရှိုင်းဆုံးတွင် လျို့ဝှက်နယ်မြေတစ်ခုရှိပြီး အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က ထိုနေရာသို့ ရောက်လာသည်။
" အခြေအနေဘယ်လိုလဲ။ " ထိုအချိန်တွင် အသံတစ်သံက သူ၏ နားထဲသို့ ဝင်ရောက်လာသည်။
" ဘိုးဘေး နဂါးငွေ့တန်းကြယ်သခင်ကို အားလုံး အသိပေးပြီးပါပြီ။ " အနက်ရောင်ဝတ်ရုံနှင့်လူက လေးစားစွာ ပြန်ဖြေလိုက်သည်။
" ကောင်းပြီ။ " ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူက ပြောလိုက်သည်။
" ဘိုးဘေး.... ကျွန်တော် သိပ်နားမလည်ဘူး။ " အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က မနေနိုင်တော့ဘဲ ပြောလိုက်သည်။ " အဲ့ဒီအလွှာဆယ့်နှစ်တွေ နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်ဖို့ ပူးပေါင်းနေကြတာ ကျွန်တော်တို့ ဝင်မပါတာ မကောင်းဘူးလား။ ဘာလို့နဂါးငွေ့တန်းကြယ်သခင်ကို သတင်းပေးဖို့ လိုတာလဲ။ "
နဂါးငွေ့တန်းကြယ်သခင်၏ အလားအလာက မေးခွန်းထုတ်စရာမလိုပေ။ ထိုအခြေအနေတွင် နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်ရန် ကပ်ဘေးမျိုးနွယ်က လက်လျော့ခြင်းမှာ လက်ခံနိုင်သည်။ သို့သော် မည်သည့်အကြောင်းရင်းကြောင့် နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ရိုက်သတင်းပေးရမှာလဲ။
နဂါးငွေ့တန်းကြယ်သခင်က သေဆုံးသွားလျှင် သို့မဟုတ် အလွှာဆယ့်နှစ်ကို တက်လှမ်းရာတွင် ကျရှုံးခဲ့လျှင် အနာဂတ်တွင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ပြိုင်ဘက်တစ်ယောက် လျှော့နည်းသွားမည်ဖြစ်ပြီး ကပ်ဘေးမျိုးနွယ်အတွက်လည်း အကျိုးရှိသည်။
" နဂါးငွေ့တန်းကြယ်သခင်ကို ကိုင်တွယ်ဖို့ အဲ့လောက်လွယ်မယ်လို့ မင်းက ထင်နေတာလား။ " အလွှာဆယ့်နှစ် ကြီးမြတ်သူက ပြောလိုက်သည်။
" မဟုတ်ဘူးလား။ " အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
အလွှာဆယ့်နှစ် ကြီးမြတ်သူများက ပူးပေါင်းစီစဉ်နေကြပြီး ထူးဆန်းသော သွေးကိုလည်း အသုံးပြုဦးမည်ဖြစ်သည်။ ထိုမျှ ကြီးမားသော ပူးပေါင်းကြံစည်မှုကြီးဖြင့် နဂါးငွေ့တန်းကြယ်သခင်ကို လုံးဝမသတ်နိုင်ခဲ့လျှင်တောင် ထင်ရှားသော သက်ရောက်မှုများ ရှိပေလိမ့်မည်။
" မင်းနားမလည်သေးပါဘူး။ ဒီကိစ္စကို အခြားသူတွေ မသိစေနဲ့။ " ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူက ထပ်မံရှင်းပြခြင်းမရှိဘဲ စကားကို အဆုံးသတ်လိုက်သည်။
" ဟုတ်ကဲ့။ " အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်က ဘာမှဆက်မမေးတော့ပေ။
တဲအိမ်လေးတစ်လုံးရှေ့တွင် ပုံရိပ်တစ်ခု ထိုင်နေပြီး သူ၏ နက်ရှိုင်းသော အကြည့်က အချိန်လေဟာနယ်အလွှာများစွာကို ဖြတ်သန်းသွားသည်။
" မကြားမီက ဒီနေရာကို ခိုးကြည့်ခဲ့တဲ့သူက နဂါးငွေ့တန်းကြယ်သခင်လို့ မင်းထင်လား။ " တဲအိမ်အတွင်းမှ အသံတစ်ခုထွက်ပေါ်လာသည်။
" အင်း " တဲအပြင်မှ ကြီးမြတ်သူက ပြန်ဖြေလိုက်သည်။
" ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ " တဲအိမ်အတွင်းမှ အသံက မယုံကြည်နိုင်ဖြစ်နေသည်။ " ဒီနေရာကို ခိုးကြည့်နိုင်ဖို့ အချိန်လေဟာနယ် ဆဋ္ဌမအဆင့် အထွတ်အထိပ် ဖြစ်ရမယ့်အပြင် အချိန်လေဟာနယ်ရတနာတစ်ခုလည်း လိုအပ်တယ်။ နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်ပဲ ရှိသေးတယ်။ သူဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။ "
" သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍမှာ နိယာမပုံစံတွေ အများကြီး ပါဝင်နေတာကို မမေ့နဲ့။ " အပြင်မှ ကြီးမြတ်သူက ပြောလိုက်သည်။
" အဲ့ဒီနိယာမပုံစံတွေကို ငါတို့ကိုယ်တိုင် မမြင်ရသေးဘူး။ နဂါးငွေ့တန်းကြယ်သခင်က နိယာမတွေပေါ် နားလည်မှု ဘယ်အဆင့်ရှိလဲဆိုတာ သက်သေပြလို့မရဘူး။ " အတွင်းမှ အသံက မယုံကြည်နိုင်သေးပေ။
သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍတွင် ပါဝင်သော နိယာမပုံစံများကို လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က မြင်တွေ့ခဲ့ကြပြီး လင်းယွမ်၏ နိယာမများအပေါ် နားလည်မှုက သူတို့ထက် ကျော်လွန်သည်ကို အတည်ပြုခဲ့ကြသည်။ သို့သော် အခြားမျိုးနွယ်မှ ကြီးမြတ်သူများက ၎င်းကို မမြင်တွေ့ဖူးသောကြောင့် လင်းယွမ်၏ နားလည်မှုကို အတည်မပြုနိုင်ကြပေ။
" အချိန်လေဟာနယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်ကို ရောက်ဖို့က အဲ့လောက်မလွယ်ဘူး။ ဒီလောက်နှစ်ပေါင်းများစွာကြာတာတောင် အလွှာဆယ့်နှစ်တွေက အဲ့ဒီအဆင့်ကို မထိတွေ့နိုင်သေးဘူး။ ပြီးတော့ အဲ့ဒီအကြည့်က သိုင်းတာအိုအလွှာဆယ့်တစ်ကဏ္ဍ မပေါ်လာခင်က ဖြစ်ခဲ့တာပဲ။ "
အပြင်ဘက်မှ ကြီးမြတ်သူက ပြုံးလိုက်သည်။ " အဲ့လောက်တိုက်ဆိုင်လိမ့်မယ်လို့ ငါမထင်ဘူး။ "
" နဂါးငွေ့တန်းကြယ်သခင်က အချိန်လေဟာနယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်ကို တကယ် ရောက်နေခဲ့ရင် အဲ့ဒီအလွှာဆယ့်နှစ်တွေ ထူးဆန်းတဲ့ သွေးရှိရင်တောင် သူ့ကို အလွယ်တကူ ဖိနှိပ်နိုင်မှာမဟုတ်ဘူး။ ဒီသတင်းကို နဂါးငွေ့တန်းကြယ်သခင်ဆီ ပို့လိုက်တာက ငါတို့အတွက် အကျိုးပဲရှိပြီး အရှုံးမရှိဘူး။" တဲအပြင်မှ ကပ်ဘေးမျိုးနွယ်၏ ကြီးမြတ်သူက တည်ငြိမ်စွာ ပြောလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်ကို ဖိနှိပ်ရန် သူ့ကို အချိန်လေဟာနယ်တွင် ပစ်မှတ်ထားရမည်ဖြစ်ပြီး နဂါးငွေ့တန်းကြယ်သခင်သာ အချိန်လေဟာနယ် ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်နေခဲ့လျှင် အချိန်လေဟာနယ်တွင် ပစ်မှတ်ထားနိုင်မည်မဟုတ်ပေ။ ပစ်မှတ်ထားနိုင်ခြင်းမရှိလျှင် နဂါးငွေ့တန်းကြယ်သခင်က အတွေးတစ်ချက်ဖြင့် အချိန်လေဟာနယ်ထဲတွင် ပျောက်ကွယ်သွားနိုင်သည်။