← Chapters

အနက်ရောင်မျှော်စင်၏ အဋ္ဌမအထပ်...

Vol. 51 Ch. 754

အနက်ရောင်မျှော်စင်၏ အဋ္ဌမအထပ်...

Vol. 51 Ch. 754

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ။

လင်းယွမ်က ခြေချိတ်ထိုင်နေသည်။

" ဆယ့်တစ်ကြိမ်မြောက် ဆင်းသက်မှုပြီးတဲ့နောက်မှာ နတ်ဆိုးကျောက်စိမ်းနေရာကို မရောက်သေးဘူး။ " လင်းယွမ်က တွေးလိုက်သည်။

နတ်ဆိုးကျောက်စိမ်းနေရာမှ အနက်ရောင်မျှော်စင်၏ သတ္တမအထပ်မှ ဆုလာဘ်များအကြောင်းကို သူ အလွန်သိချင်နေသည်။ ထိုအချိန်တွင် ကြယ်စကြာဝဠာတွင် လှည့်လည်သွားလာနေသော ထိုက်ယန်မူလစိတ်ဝိညာဉ်၏ စိတ်အသိမျှင်က နတ်ဆိုးကျောက်စိမ်းနေရာသို့ ဝင်ရောက်သွားသည်။

လင်းယွမ်က အနက်ရောင်မျှော်စင်၏ ရှေ့တွင် ပေါ်လာသည်။

" သတ္တမအထပ်..." လင်းယွမ်က အနက်ရောင်မျှော်စင်ကို ကြည့်လိုက်သည်။ ဆယ့်တစ်ကြိမ်မြောက် ခရီးစဉ်မတိုင်မီ သူက အနက်ရောင်မျှော်စင်၏ သတ္တမအထပ်ကို စိန်ခေါ်ခဲ့သော်လည်း နောက်ဆုံးတွင် ကျရှုံးခဲ့သည်။

လင်းယွမ်က အချိန်လေဟာနယ် ဆဋ္ဌမအဆင့်တွင် ရှိနေသော်လည်း စစ်မှန်သော အခွှာဆယ့်နှစ် မဟုတ်သေးပေ။ အနက်ရောင်မျှော်စင်၏ သတ္တမအထပ်ကို အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များသာ ဖြတ်ကျော်နိုင်သည်။

" သတ္တမအထပ်ကို ထပ်စမ်းကြည့်မလို့လား။ ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို ပြုံး၍ ကြည့်လိုက်သည်။

" ဟုတ်ပါတယ်။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

အမှန်တော့ သူစမ်းသပ်လိုသည်မှာ သတ္တမအထပ်မဟုတ်ဘဲ အဋ္ဌမအထပ်သာ ဖြစ်သည်။ အချိန်လေဟာနယ် သတ္တမအဆင့်နှင် ဖရိုဖရဲနိယာမတို့ကို နားလည်ထားပြီး ဖြစ်သောကြောင့် သူက သတ္တမအထပ်ကို ဖြစ်ကျော်နိုင်သည်မှာသံသယဝင်စရာမလိုပေ။

" ဒါဆို စလိုက်ရအောင်။ " ကျောက်ရုပ်တုရှန်းကျိက ဘာမှဆက်မပြောတော့ပေ။ သူကလည်း သတ္တမအထပ်ကို လင်းယွမ် ဖြတ်ကျော်နိုင်မလား သိချင်နေမိသည်။

လင်းယွမ်က အလွှာဆယ့်တစ်သာ ရှိသေးပြီး ယေဘုယျအားဖြင့် သတ္တမအထပ်ကို မထိတွေ့နိုင်သော်လည်း သူက သတ္တမအထပ်ကို ဖြတ်ကျော်နိုင်လုနီးပါးဖြစ်ခဲ့သည်။

" ကောင်းပြီ။ " လင်းယွမ်က အနက်ရောင်မျှော်စင်၏ သတ္တမအထပ်၌ ပေါ်လာသည်။

" လွယ်တယ်။ " လင်းယွမ်က တစ်ချက်ကြည့်ရုံနှင့် သတ္တမအထပ်တစ်ခုလုံးကို မြင်နိုင်ခဲ့သည်။

အချိန်လေဟာနယ် သတ္တမအဆင့်သို့ ရောက်ရှိပြီးနောက် အချိန်လေဟာနယ် အတားအဆီးများနှင့် ဝင်္ကဘာများက လင်းယွမ်၏ အမြင်တွင် ကလေးကစားစရာကဲ့သို့ ရိုးရှင်းနေသည်။

ဝှစ်....

လင်းယွမ်က ခြေကိုးလှမ်းကို ဆက်တိုက်လှမ်းလိုက်သည်။ ခြေတစ်လှမ်းချင်းစီက ကြီးမားသော အကွာအဝေးသို့ ရောက်ခဲ့ပြီး ခြေကိုးလှမ်းက သတ္တမအထပ်၏ အဆုံးသို့ ရောက်သွားခဲ့သည်။

" ဘာလဲ။ " အပြင်မှ ကျောက်ရုပ်တုရှန်းကျိက အနည်းငယ် မှင်သက်သွားသည်။

သူက သတ္တမအထပ်တွင် လင်းယွမ် အချိန်လေဟာနယ် အတားအဆီးများအား ခက်ခဲစွာ ဖြတ်ကျော်မည်ကို စောင့်ကြည့်နေခဲ့သော်လည်း လင်းယွမ်က သတ္တမအထပ်၏ အဆုံးတွင် တိုက်ရိုက်ပေါ်လာခဲ့သည်။

ကျောက်ရုပ်တုရှန်းကျိက နားမလည်နိုင်ဖြစ်နေသည်။ သူက လင်းယွမ် စိန်ခေါ်မှုအား စတင်ခဲ့သည်ကို အတည်မပြုခဲ့လျှင် လင်းယွမ်က ဆက်ခံသူအခွင့်အရေးကို အသုံးပြု၍ သတ္တမအထပ်ကို ဖြတ်ကျော်သွားသည်ဟု သံသယဝင်မိပေလိမ့်မည်။

" အဲ့ဒါက အချိန်လေဟာနယ်သတ္တမအဆင့် နားလည်မှုလား။ " ကျောက်ရုပ်တု ရှန်းကျိက သေချာစစ်ဆေးပြီးနောက် အတည်ပြုလိုက်နိုင်သည်။

အနက်ရောင်မျှော်စင်၏ သတ္တမအထပ်ကို ဖြတ်ကျော်ရန် အချိန်လေဟာနယ်နားလည်မှု လိုအပ်ချက်မှာ ဆဋ္ဌမအဆင့် အထွတ်အထိပ်ရှိရန် လိုအပ်သည်။ သို့သော် လင်းယွမ်က ခြေလှမ်းအနည်းငယ်ဖြင့် သတ္တမအထပ်၏ ဆုံးမှတ်သို့ ရောက်သွားသောကြောင့် ၎င်းက အကြောင်းအရာ တစ်ခုကို ဖော်ပြနေသည်။

ဆိုလိုသည်မှာ လင်းယွမ်က အချိန်လေဟာနယ် သတ္တမအဆင့်သို့ ရောက်ရှိနေပြီဖြစ်သည်။ ၎င်းက ကျောက်ရုပ်တုရှန်းကျိကို အိပ်မက်မက်နေသကဲ့သို့ ခံစားရစေသည်။ လင်းယွမ်က နတ်ဆိုးကျောက်စိမ်းနေရာသို့ နောက်တစ်ကြိမ် ဝင်ရောက်လာသောကြောင့် သူက သတ္တမအထပ်ကို ဖြတ်ကျော်ရန် ယုံကြည်မှုရှိသည်မှာ သေချာသည်။

သို့သော် အများဆုံးအနေဖြင့် ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်၏ အချိန်လေဟာနယ်အပေါ် နားလည်မှုမှာ ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနိုင်သည်ဟုသာ ထင်ခဲ့သည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ပင် အချိန်လေဟာနယ်တွင် နဝမအဆင့်သာ ရှိသည်။

လင်းယွမ်က အချိန်လေဟာနယ်၏ ဆဋ္ဌမအဆင့် အထွတ်အထိပ်သို့ ရောက်နေသည်မှာပင် မယုံကြည်နိုင်စရာ ကောင်းနေပြီဖြစ်သည်။

ကျောက်ရုပ်တုရှန်းကျိက သတ္တမအထပ်၏ အဆုံးတွင် ပေါ်လာသည်။

" ဂုဏ်ပြုပါတယ်။ " ကျောက်ရုပ်တုရှန်းကျိက စိတ်ရှုပ်ထွေးစွာဖြင့် လင်းယွမ်ကို ကြည့်လိုက်သည်။

" ကျွန်တော် အဋ္ဌမအထပ်ကို စမ်းကြည့်ချင်တယ်။ " လင်းယွမ်က ပြောလိုက်သည်။

" ကောင်းပြီ။ " ခဏစဉ်းစားပြီးနောက် ကျောက်ရုပ်တုရှန်းကျိက ဘာမှဆက်မပြောတော့ပေ။

အကယ်၍ နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ အခြားအဖွဲ့ဝင်ဖြစ်လျှင် အလွှာဆယ့်နှစ် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် ဖြစ်လျှင်တောင် ​ကျောက်ရုပ်တုရှန်းကျိက အကြံဉာဏ်အချို့ ပေးပေလိမ့်မည်။

အနက်ရောင်မျှော်စင်၏ သတ္တမအထပ်က လမ်းစဉ်ခွဲထွက်ခြင်းအဆင့်များအတွက် မျှော်လင့်ချက်ရှိသော်လည်း အဋ္ဌမအထပ်ကို လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်များသာ ဖြတ်ကျော်နိုင်သည်။ နဝမအထပ်က ဖရိုဖရဲအဆင့် အထွတ်အထိပ်ဖြစ်သည်။ အနက်ရောင် မျှော်စင်၏ နဝမအလွှာကို ဖြတ်ကျော်နိုင်သူများက ဖရိုဖရဲအဆင့် မဟာသူတော်စင်များမဟုတ်လျှင်တောင် သိပ်မဝေးတော့ပေ။

လင်းယွမ်က အနက်ရောင်မျှော်စင်၏ အဋ္ဌမအထပ်သို့ ချက်ချင်း ဝင်ရောက်သွားခဲ့သည်။ ကျောက်ရုပ်တုရှန်းကျိက ချက်ချင်း စောင့်ကြည့်လိုက်သည်။

အနက်ရောင်မျှော်စင်၏ အဋ္ဌမအထပ်က အဆုံးမဲ့ အချိန်လေဟာနယ် လေပွေများနှင့် ပြည့်နှက်နေသည်။ ခဏဂရုတစိုက် လေ့လာပြီးနောက် လင်းယွမ်က အချိန်လေဟာနယ် သတ္တမအဆင့်ကို အသုံးပြုပြီး အများစုကို ဖြတ်ကျော်သွားသည်။

" နောက်ဆုံးအပိုင်း...." လင်းယွမ်က လမ်းကြောင်း၏ နောက်ဆုံးအပိုင်းကို ကြည့်လိုက်သည်။ ထိုနေရာတွင် အချိန်လေဟာနယ် လေပွေများက ပို၍ သိပ်သည်းနေပြီး အချိန်လေဟာနယ် နားလည်မှု သတ္တမအဆင့်နှင့်ပင် ဖြတ်ကျော်ရန် ခက်ခဲသည်။

" အသက်အနှစ်သာရက အားနည်းနေတုန်းပဲ။ " လင်းယွမ်က တွေးလိုက်သည်။

အနက်ရောင်မျှော်စင်၏ အဋ္ဌမအထပ်က အသက်အနှစ်သာရကို စမ်းသပ်ခြင်းမရှိသော်လည်း လင်းယွမ်က သူ၏ အသက်အဆင့်နှင့် လွှမ်းမိုးခြင်းအဆင့်များကြား ကွာဟချက်ကို ကောင်းကောင်းနားလည်သည်။

" ဖရိုဖရဲ..." လင်းယွမ်၏ အတွေးနှင့်အတူ ဖရိုဖရဲစွမ်းအားက ဟင်းလင်းပြင်၏ အနက်ရှိုင်းဆုံမှ ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခု ဖြစ်ပေါ်လာကာ လင်းယွမ်၏ အသက်အနှစ်သာရကို ယာယီမြှင့်တင်ပေးသွားသည်။

" အဲ့ဒါ ဖရိုဖရဲစွမ်းအားလား။ " လင်းယွမ်ကို စောင့်ကြည့်နေသော ကျောက်ရုပ်တုရှန်းကျိက တစ်ဖန်တိတ်ဆိတ်သွားပြန်သည်။

ဖရိုဖရဲနိယာမ။ နတ်ဆိုးကျောက်စိမ်းမျှော်စင်၏ ခေတ်တွင် ဖရိုဖရဲနိယာမကို နားလည်ခြင်းက ထူးဆန်းသောအရာမဟုတ်ပေ။ သို့သော် ယခု အလွှာဆယ့်တစ် သက်ရှိတစ်ယောက်က ဖရိုဖရဲနိယာမကို နားလည်သွားတာလား။

ကျောက်ရုပ်တုရှန်းကျိက သူ၏ နားလည်မှုများ ပျက်စီးသွားသကဲ့သို့ ခံစားလိုက်ရသည်။

ဝုန်း ဝုန်း ဝုန်း....

ဖရိုဖရဲစွမ်းအား၏ အကူအညီဖြင့် လင်းယွမ်က အဋ္ဌမအထပ်တွင် မရပ်မနား ရှေ့တက်သွားပြီး နောက်ဆုံးနေရာသို့ ရောက်လာသည်။

" ဒီနေရာက..." လင်းယွမ်က ဂရုတစိုက် လေ့လာလိုက်သည်။

" အသက်အနှစ်သာရက ပိုပြီး အားကောင်းခဲ့ရင် ငါဖြတ်ကျော်နိုင်လောက်တယ်။ " လင်းယွမ်က ခေါင်းခါပြီး နေရာမှ ပျောက်ကွယ်သွားသည်။

အနက်ရောင်မျှော်စင်၏ အဋ္ဌမအထပ်က အသက်အနှစ်သာရကို ကန့်သတ်ထားခြင်းမရှိဘဲ လွှမ်းမိုးခြင်းအဆင့်၏ မည်သည့်သက်ရှိမဆို လိုအပ်ချက်ကို ပြည့်မီနေသည်။

သို့သော် လင်းယွမ်က အလွှာဆယ့်တစ်သာ ရှိသေးသည်။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ကိုယ်တိုင်ပင် အလွှာဆယ့်တစ် သက်ရှိတစ်ယောက်က အဋ္ဌမအထပ်ထိ ရောက်လာလိမ့်မည်ဟု မျှော်လင့်ထားမည်မဟုတ်ပေ။

အနက်ရောင်မျှော်စင်၏ သတ္တမအထပ်တွင် လင်းယွမ်၏ ပုံရိပ်က ပြန်ပေါ်လာသည်။

" ကံမကောင်းစွာနဲ့ မဖြတ်ကျော်နိုင်ခဲ့ဘူး။ " လင်းယွမ်က သက်ပြင်းချလိုက်သည်။

ကျောက်ရုပ်တုရှန်းကျိက မှင်သက်နေသော အမူအရာနှင့်ရှိနေသည်။ အလွှာဆယ့်တစ် သက်ရှိတစ်ယောက်က အဋ္ဌမအထပ်ကို မဖြတ်ကျော်နိုင်သောကြောင့် နောင်တရနေသည်။

" ဒါက သတ္တမအထပ်ရဲ့ ဆုလာဘ်တွေပဲ။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။

" ကျွန်တော်ကြည့်လိုက်မယ်။ " လင်းယွမ်က မျက်လုံးများ တောက်ပလာပြီး စတင် ကြည့်ရှုလိုက်သည်။

သတ္တမအထပ်၏ ဆုလာဘ်များက အဓိကအားဖြင့် လွှမ်းမိုးခြင်းအဆင့် ရတနာများနှင့် လျို့ဝှက်နည်းစနစ်များ ဖြစ်သည်။ ဂရုတစိုက် လေ့လာပြီးနောက် လင်းယွမ်က ရှန်းယွမ်မျက်လုံးဟုခေါ်သော လျို့ဝှက်နည်းစနစ်တစ်ခုကို ရွေးချယ်ခဲ့သည်။

ထိုနည်းစနစ်က ရုပ်ခန္ဓာ သို့မဟုတ် စိတ်ဝိညာဉ်တိုက်ခိုက်ခြင်းမဟုတ်ဘဲ စိတ်စွမ်းအားတိုက်ခိုက်မှု နည်းစနစ်ဖြစ်သည်။လင်းယွမ်၏ လက်ရှိခွန်အားဖြင့် ရှန်းယွမ်မျက်လုံးကို အသုံးပြုခြင်းက အလွှာဆယ့်နှစ် ကြီးမြတ်သူများကိုပင် သိသိသာသာ သပ်ရောက်မှုရှိစေပေလိမ့်မည်။

နတ်ဆိုးကျောက်စိမ်းနေရာမှ ထွက်လာပြီးနောက် လင်းယွမ်၏ ကိုယ်ပွားများက စကြာဝဠာ၏ မတူညီသော နေရာများနှင့် ဖရိုဖရဲဟင်းလင်းပြင်တွင် နိယာမများကို လေ့လာနေခဲ့သည်။ ထိုသို့ဖြင့် နှစ်တစ်ရာကုန်လွန်သွားခဲ့သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် ပုံရိပ်တစ်ခု ပေါ်လာခဲ့သည်။

" ရောက်​ပြီ။ " လင်းယွမ်က အဝေးတွင် လွင့်မျောနေသော ကုန်းမြေကြီးကို ဂရုတစိုက် လေ့လာနေသည်။

ကုန်းမြေ၏ အရွယ်အစားက ပင်မစကြာဝဠာထက် ဆယ်ဆကျော် ကြီးမားပြီး ၎င်း၏ အော်ရာက အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့နေသည်။

" ကုမင်ဖရိုဖရဲကုန်းမြေ..." လင်းယွမ်က ပြုံးလိုက်သည်။

ထိုကုန်း​မြေက ပင်မစကြာဝဠာနှင့် အနီးဆုံးဖြစ်သည်။ ပင်မစကြာဝဠာတွင် နှစ်တစ်ရာကုန်လွန်ခဲ့သော်လည်း ဖရိုဖရဲဟင်းလင်းပြင်တွင် လေးလသာ ရှိသေးသည်။

လွန်ခဲ့သော သုံးလက လင်းယွမ်က ဖရိုဖရဲဟင်းလင်းပြင်တွင် လှည့်လည်သွားလာနေရင်း ကုမင်ဖရိုဖရဲကုန်းမြေမှ ထွက်ပေါ်လာသော အော်ရာကို မတော်တဆ ခံစာမိခဲ့သည်။ သုံးလကြာ ခရီးဆက်ပြီးနောက် လင်းယွမ်က နောက်ဆုံး ဤနေရာသို့ ရောက်လာခဲ့သည်။

All Chapters