← Chapters

လမ်းစဉ်တစ်သောင်းမျှော်စင်....

Vol. 51 Ch. 756

လမ်းစဉ်တစ်သောင်းမျှော်စင်....

Vol. 51 Ch. 756

" အဲ့ဒါဘာလဲ။ " လင်းယွမ်က ကုန်းမြေ၏ အလယ်သို့ ကြည့်လိုက်သည်။

ထိုနေရာတွင် ကြောက်စရာကောင်းသော အော်ရာကို ထုတ်လွှတ်နေသော အနက်ရောင်တောင်ထိပ်တစ်ခု ရှိနေသည်။ ထိုအနက်ရောင်တောင်ထိပ်က အနက်ရောင်ဖရိုဖရဲစွမ်းအားများဖြင့် ပြည့်နှက်နေပြီး သာမန်လွှမ်းမိုးခြင်းအဆင့်များကိုပင် ကြောက်လန့်စေနိုင်သည်။

" ဒါက အရှင်သခင် ကုမင်ဖမ်းဆီးထားတဲ့ ဖရိုဖရဲနဂါးသားရဲရဲ့ ဦးချိုတစ်ခုပဲ။ " လင်းယွမ်က တွေးလိုက်သည်။

ဖရိုဖရဲအဆင့်တစ်ယောက်အနေဖြင့် ကုမင်က ဖရိုဖရဲဟင်းလင်းပြင်ထဲတွင် လှည့်လည်သွားလာနေခဲ့ပြီး ဖရိုဖရဲအဆင့် စွမ်းအားနီးပါးကို ပိုင်ဆိုင်သော ဖရိုဖရဲနဂါးသားရဲကို ဖမ်းဆီးခဲ့သည်။

ယခု ဖရိုဖရဲကုန်းမြေ၏ အလယ်တွင် တည်ရှိနေသော တောင်ထိပ်က ဖရိုဖရဲနဂါးသားရဲ၏ ဦးချိုသာဖြစ်ပြီး ၎င်း၏ ခန္ဓာကိုယ်က ဖရိုဖရဲကုန်းမြေ၏ အနက်ရှိုင်းဆုံးတွင် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်။

" ဖရိုဖရဲအဆင့် တိုက်ခိုက်ရေးစွမ်းအားရှိတဲ့ ဖရိုဖရဲနဂါးသားရဲတစ်ကောင်..." လင်းယွမ်က သူ၏ အကြည့်ကို ရုတ်သိမ်းလိုက်သည်။

ကုမင်ဖရိုဖရဲကုန်းမြေ၏ ကုန်သွယ်ရေးစည်ကားမှုက ထိုဖရိုဖရဲနဂါးသားရဲနှင့် ဆက်စပ်မှုမရှိသည်တော့ မဟုတ်ပေ။ လွှမ်းမိုးခြင်းအဆင့်ရှိသူများပင် ထိုကြောက်စရာကောင်းသည့် ဦးချိုကိုမြင်လျှင် ဖရိုဖရဲကုန်းမြေပေါ်တွင် ပြဿနာရှာရဲတော့မည်မဟုတ်ပေ။

ဖရိုဖရဲကုန်းမြေတစ်ခု စည်ကားခြင်းက ဖရိုဖရဲအဆင့် မဟာသူတော်စင်၏ ခွန်အားနှင့် အလုံးစုံ ဆက်စပ်နေခြင်းမရှိပေ။ မည်မျှအင်အားကြီးသည်ဖြစ်စေ ဖရိုဖရဲကုန်းမြေပေါ်တွင် ရှုပ်ထွေးနေလျှင် အခြားအင်အားကြီးသူများက ကုန်သွယ်ရန် တွန့်ဆုတ်​နေကြပေလိမ့်မည်။

အရှင်သခင်ကုမင်က မျှတမှုရှိပြီး မည်သည့်မကောင်းသတင်းမှ မရှိခဲ့သောကြောင့် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်နှင့် လွှမ်းမိုးခြင်းအဆင့်များက ကုမင်ဖရိုဖရဲကုန်းမြေတွင် ကုန်သွယ်ရန် သို့မဟုတ် တံခါးပိတ်ကျင့်ကြံရန် လာရောက်ကြသည်။

လင်းယွမ်က မြို့ကြီးကိုးမြို့ထဲမှ တစ်မြို့ဖြစ်သော မင်ချွမ်မြို့သို့ ဝင်ရောက်လာခဲ့သည်။ မြို့က ကျယ်ဝန်းပြီး ကုန်သွယ်ရေးဧရိယာနှင့် လူနေဧရိယာ အစရှိသော ဧရိယာများ ခွဲခြားထားသည်။

" ကုန်သွယ်ရေးဧရိယာက ဆိုင်တွေရဲ့ နောက်မှာ လွှမ်းမိုးခြင်းအဆင့် အင်အားကြီးသူတွေရှိနေတယ်။ " လင်းယွမ်က မြို့ထဲသို့ ကြည့်လိုက်သည်။

မြို့၏ အတွင်းပိုင်းတွင် ကြီးကျယ်ခမ်းနားသော အဆောက်အအုံများ ရှိနေပြီး အခြားဖရိုဖရဲကုန်းမြေများမှ အင်အားစုများလည်း ရှိနေသည်။ လွှမ်းမိုးခြင်းအဆင့်များ၏ ဆိုင်များနှင့်ယှဉ်လျှင် ထိုဆိုင်ကြီးများက ပိုမိုကောင်းမွန်သော ဂုဏ်သတင်းများရှိကြပြီး စျေးနှုန်းလည်း ပိုမိုမြင့်မားကြသည်။

" လမ်းစဉ်တစ်သောင်းမျှော်စင်..." လင်းယွမ်က မြူခိုးများဖုံးလွှမ်းနေသော မျှော်စင်တစ်ခုကို ကြည့်လိုက်သည်။

လမ်းစဉ်တစ်သောင်းမျှော်စင်က ရတနာပစ္စည်းများကို ကုန်သွယ်ခြင်းမရှိဘဲ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ကုန်သွယ်ခြင်းဖြစ်သည်။ အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု၏ အဆုံးသို့ ရောက်ရမည်ဖြစ်ပြီး ထိုလမ်းစဉ်တွင် အလွှာဆယ့်နှစ်သက်ရှိလည်း ရှိရမည်မဟုတ်ပေ။

ဖရိုဖရဲဟင်းလင်းပြင်က ကျယ်ပြောပြီး အဆုံးမဲ့သည်။ ကိုယ်ပိုင်ခွန်အားဖြင့် လုံးဝအသစ်ဖြစ်သော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ရှာဖွေပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းက အလွန်ရှားပါးသည်။

အလွှာဆယ့်နှစ်အောက်ရှိ သက်ရှိများက အလွှာဆယ့်နှစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို ဖန်တီးရန် ကြီးမားသော အားထုတ်မှုနှင့် အခွင့်အလမ်းများ လိုအပ်သည်။ သို့သော် ဖရိုဖရဲအဆင့် မဟာသူတော်စင်များအတွက် တစ်ခါတံခါးပိတ်ကျင့်ကြံရုံနှင့် အလွှာဆယ့်နှစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာကို ဖန်တီးနိုင်ကြသည်။

တာအိုက အဆုံးမဲ့ပြီး မည်သည့်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မဆို အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် အလားအလာရှိသည်။ ၎င်းက ဖြစ်နိုင်ခြေကိစ္စသာ ဖြစ်သည်။

သို့သော် ဖရိုဖရဲအဆင့်များအတွက် တာအိုကို လေ့လာသောအခါ လမ်းစဉ်များထွက်ပေါ်လာပြီး သူတို့က ၎င်းတို့ကို ထိုလမ်းစဉ်များကို မှတ်တမ်းတင်ကာ သန့်စင်ကြသည်။

" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေမှာလည်း အဆင့်တွေ ရှိသေးတယ်။ အချို့က လွှမ်းမိုးခြင်းအဆင့် ဒါမှမဟုတ် ဖရိုဖရဲအဆင့်ကို တက်လှမ်းနိုင်တဲ့ အလားအလာရှိကြတယ်။ " လင်းယွမ်က တိတ်ဆိတ်စွာ တွေးလိုက်သည်။

သူက လမ်းစဉ်တစ်သောင်းမျှော်စင်မှ ရောင်းချသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို အထူးစိတ်ဝင်စားခြင်းမရှိပေ။ မည်သည့်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မဆို မိမိနှင့် သင့်လျော်ရမည်ဖြစ်ပြီး သူကိုယ်တိုင်ဖန်တီးထားသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က သူနှင့် အသင့်တော်ဆုံးဖြစ်သည်။

လမ်းစဉ်တစ်သောင်းမျှော်စင်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို ရောင်းချသောကြောင့် ၎င်း၏ နောက်ကွယ်ရှိ သက်ရှိက စိတ်ကူးမယဉ်နိုင်လောက်အောင် မြ့င်မားပေလိမ့်မည်။ လွှမ်းမိုးခြင်းအဆင့် အထွတ်အထိပ်ရှိသော ကန်ဝေယန်းထားခဲ့သော ထောက်လှမ်းချက်များအရ လမ်းစဉ်တစ်သောင်းမျှော်စင်က စိန်မခေါ်သင့်ကြောင်း ပြောထားသည်။

ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့ကလည်း လမ်းစဉ်တစ်သောင်းမျှော်စင်ကို အလွန်သတိထားခဲ့ကြသည်။

" လမ်းစဉ်တစ်သောင်းမျှော်စင်ရဲ့ နောက်ကွယ်မှာ ပြည့်စုံတဲ့ အချိန်သက်ရှိနဲ့ နီးစပ်တဲ့ သက်ရှိတစ်ယောက် ရှိနေနိုင်လား။ " လင်းယွမ်က ဧကရာဇ်ရွှမ်ဟွမ်၏ အချက်အလက်များကို ပြန်တွေးမိသည်။

သူက ယခုအချိန်တွင် လမ်းစဉ်တစ်သောင်းမျှော်စင်နှင့် ပက်သက်ရန် ရည်ရွယ်ချက်မရှိပေ။ မင်ချွမ်မြို့သို့ ဝင်ရောက်ခဲ့ခြင်း၏ အဓိကရည်ရွယ်ချက်မှာ ထိုနေရာတွင် အခြေချရန် ဖြစ်သည်။

ဖရိုဖရဲဟင်းလင်းပြင်က အလွန်အန္တရာယ်များသည်။ လွန်ခဲ့သော လေးလအတွင်း သူက အသက်အန္တရာယ်အချို့နှင့် ကြုံတွေ့ခဲ့ရပြီး သူက အချိန်လေဟာနယ် သတ္တမအဆင့်ကိုသာ နားမလည်ခဲ့လျှင် ဖရိုဖရဲဟင်းလင်းပြင်၏ ခရီးစဉ်က အဆုံးသတ်သွားသည်မှာ ကြာပြီဖြစ်သည်။

မင်ချွမ်မြို့တွင် ပုံမှန်နေထိုင်ခြင်းက အကျိုးကျေးဇူးများရှိသည်။ ပထမအချက်မှာ လုံခြုံမှုရှိပြီး ဒုတိယအချက်မှာ ထိုနေရာတွင် ကုန်သွယ်မှုစည်ကားသောကြောင့် လင်းယွမ်က သူအလိုရှိသော ရတနာများကို ကုန်သွယ်နိုင်သည်။

ဖရိုဖရဲဟင်းလင်းပြင်တွင် အခွင့်အလမ်းများ ရှာဖွေခြင်းက အလွှာဆယ့်တစ်သာ ရှိသော လင်းယွမ်အတွက် လိုအပ်နေဆဲ ဖြစ်သည်။ ယခင် သူက လွှမ်းမိုးခြင်းအဆင့် အထွတ်အထပ် ကန်ဝေယန်း၏ နေရာကို ကံကောင်း၍ ရရှိခဲ့ခြင်းသာ ဖြစ်သည်။ သို့သော် ကံကောင်းခြင်းက အမြဲတမ်းရှိနေမည်မဟုတ်ပေ။

" ကိုယ်ပွားက နောက်ဆုံးတော့ အခြေကျသွားပြီ။ " ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်က မျက်လုံးများ ဖွင့်၍ ပြုံးလိုက်သည်။

ကန်ဝေယန်း၏ နယ်မြေက လင်းယွမ်အတွက် ကြီးမားသော အကျိုးအမြတ်များ ရရှိခဲ့သည်။ ထို့ကြောင့် သူက ထိုအကျိုးအမြတ်များကို စစ်ဆေးရန် နေရာတစ်ခုလိုအပ်ပြီး ကုမင်ဖရိုဖရဲကုန်းမြေက အလွန်သင့်တော်သည်။

" ပထမဆုံး ကိုယ်ပွားကို အဲ့ဒီမှာ ထားပြီး အလွှာဆယ့်နှစ်ကို တက်လှမ်းပြီးတဲ့အခါ မလိုအပ်တဲ့ အရင်းအမြစ်တွေကို အဲ့ဒီကို ယူသွားပြီး ကုန်သွယ်လို့ရတယ်။ " လင်းယွမ်က တွေးလိုက်သည်။

အလွှာဆယ့်နှစ်သို့ မရောက်မီ လင်းယွမ်က ကိုယ်ပွားတစ်ခုကို တန်ဖိုးကြီးသော ရတနာများနှင့် စကြာဝဠာအပြင်သို့ မထွက်စေလိုပေ။ ရတနာများအတွက် တိုက်ခိုက်ခြင်းနှင့်ယှဉ်လျှင် လင်းယွမ်က မျှတသော ကုန်သွယ်ခြင်းကို ပိုမိုနှစ်သက်သည်။ လင်းယွမ်က အခြားသူများကဲ့သို့ အလွှာဆယ့်နှစ်သို့ တက်လှမ်းခြင်းက မသေချာခြင်းမရှိပေ။ သူလိုအပ်သည်မှာ ဘေးကင်းလုံခြုံသော ပတ်ဝန်းကျင်သာ ဖြစ်သည်။

" ငါ့ရဲ့အတွင်းကမ္ဘာက..." လင်းယွမ်က အတွင်းကမ္ဘာထဲသို့ စိတ်အသိ ပို့လွှတ်လိုက်သည်။

လွန်ခဲ့သော နှစ်တစ်ရာနှင့် ယှဉ်လျှင် လင်းယွမ်၏ အတွင်းကမ္ဘာက များစွာကျယ်ပြန့်လာပြီး အလင်းနှစ် ဆယ့်တစ်နှစ်သို့ ရောက်လာခဲ့သည်။

" ငါ့ရဲ့ အတွင်းကမ္ဘာ၊ ရုပ်ခန္ဓာနဲ့ စိတ်ဝိညာဉ်တို့က ကန့်သတ်ချက်ကို ရောက်နေပြီ။ ဖရိုဖရဲနိယာမရဲ့ ပြောင်းလဲမှုတွေကလည်း ပြီးလုနီးပါး ဖြစ်နေပြီ။ " လင်းယွမ်က တွေးလိုက်သည်။

ဖရိုဖရဲနိယာမကို ဆက်လက်နားလည်နိုင်သော်လည်း ၎င်းက အသက်အဆင့် ခုန်ပျံကျော်လွှားခြင်းနှင့် နှိုင်းယှဉ်၍ မရပေ။ သူ၏ အတွင်းကမ္ဘာထဲမှ ဖရိုဖရဲဟင်းလင်းပြင် မူလစွမ်းအားကို စုပ်ယူခြင်းကလည်း အကန့်အသတ်သို့ ရောက်နေခဲ့သည်။

" ဖရိုဖရဲဟင်းလင်းပြင်မှာတောင် ငါက အလွှာဆယ့်တစ် အသန်မာဆုံးထဲမှာ ပါလောက်တယ်။ " လင်းယွမ်က သူ၏ ကြီးမားသော စွမ်းအားကို ခံစားလိုက်သည်။

ဖရိုဖရဲဟင်းလင်းပြင်က မည်သည့်ခေတ်တွင် ရောက်နေသည်ကို သူ သေချာမသိသော်လည်း ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်တို့၏ ခေတ်တွင် သူထက် ပိုသန်မာသော အလွှာဆယ့်တစ်မရှိပေ။

ဖရိုဖရဲဟင်းလင်းပြင်တွင် အခွင့်အလမ်းများစွာ ရှိပြီး အလွှာဆယ့်တစ် သက်ရှိများက အလွှာဆယ့်နှစ်ကို စိန်ခေါ်ခဲ့သော ဖြစ်ရပ်များလည်း ရှိသည်။ ၎င်းတို့က ပြင်ပစွမ်းအား၏ အကူအညီများသာ ဖြစ်သည်။ လင်းယွမ်က သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် အလွှာဆယ့်နှစ် သက်ရှိများကို ယှဉ်နိုင်ခြင်းဖြစ်သည်။

" ဒီနှစ်တစ်ရာအတွင်း သိုင်းတာအို အလွှာဆယ့်နှစ်ကဏ္ဍကလည်း ပြည့်စုံလုနီးပါး ဖြစ်နေပြီ။ " လင်းယွမ်၏ အတွေးများက လှုပ်ရှားသွားသည်။

အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် လမ်းစဉ်ခွဲထွက်ခြင်းအဆင့်ကို ပြည့်စုံအောင်လုပ်ခြင်းက သဘာဝကျသည်။ လင်းယွမ်က လွန်ခဲ့သော နှစ်တစ်ရာကပင် ကနဦးအဆင့်ကို ပြည့်စုံခဲ့ပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းနိုင်ပြီဖြစ်သည်။ သို့သော် သူ၏ ကိုယ်ပိုင်ပြောင်းလဲမှုကို စောင်းဆိုင်းနေစဉ် အဆင့်တစ်ခုလုံးကို ပြည့်စုံအောင် လုပ်ဆောင်နေခဲ့သည်။

" အလွှာဆယ့်နှစ်ကို မတက်လှမ်းခင် အနက်ရောင်မျှော်စင်ရဲ့ အဋ္ဌမအထပ်ကို ဖြတ်ကျော်နိုင်မလားမသိဘူး။ "

လင်းယွမ်က လွန်ခဲ့သော နှစ်တစ်ရာက သတ္တမအထပ်ကို အလွယ်တကူ ဖြတ်ကျော်ခဲ့သော်လည်း အဋ္ဌမအထပ်တွင် ရပ်တန့်ခဲ့ရသည်။ ထိုအချိန်က သူ၏ အသက်အနှစ်သာရတွင် လိုအပ်ချက်ရှိသည်ကို သိခဲ့ရသည်။ သူက အလွှာဆယ့်တစ် သက်ရှိသာဖြစ်သည်။

သို့သော် ယခု သူ၏ အတွင်းကမ္ဘာက များစွာ ကျယ်ဝန်းလာပြီး အသက်အနှစ်သာရကလည်း သဘာဝအတိုင်း သိသိသာသာ မြင့်တက်လာခဲ့သည်။ လွှမ်းမိုးခြင်းအဆင့် သက်ရှိများနှင့် မယှဉ်နိုင်သော်လည်း ဖရိုဖရဲနိယာမကို နားလည်နိုင်ခြင်းကြောင့် သာမန်လွှမ်းမိုးခြင်းအဆင့်များထက် ကျော်လွန်ခဲ့သည်။

All Chapters