← Chapters

ကိုးရက်ဝတ်ပြုခြင်း လျို့ဝှက်နည်းစနစ်....

Vol. 51 Ch. 758

ကိုးရက်ဝတ်ပြုခြင်း လျို့ဝှက်နည်းစနစ်....

Vol. 51 Ch. 758

" ဘာတွေဖြစ်နေတာလဲ။ "

" နဂါးငွေ့တန်းကြယ်သခင်ရဲ့ ကြောင်းကျိုးဆက်နွယ်မှုကို အာရုံခံတာက ဘာလို့ဒီလောက်ဝေဝါးနေတာလဲ။ "

အလွှာဆယ့်နှစ်ကြီးမြတ်သူများက အချင်းချင်း ကြည့်လိုက်ကြ၏။ နဂါးငွေ့တန်းကြယ်သခင်က လူသားမျိုးနွယ်၏ အလယ်ပိုင်းကြယ်နယ်မြေတွင် ပုန်းအောင်းနေသည့် ဖြစ်နိုင်ခြေကိုလည်း သူတို့ စဉ်းစားမိကြသည်။ ထိုသိုဆိုလျှင် သူတို့က ယခုလောက်ထိ စိတ်ရှုပ်ထွေးကြမည်မဟုတ်ပေ။

သို့သော် အမှန်တကယ်တွင် ထိုသို့မဟုတ်ပေ။ နဂါးငွေ့တန်းကြယ်သခင်၏ ကိုယ်ပွားများက စကြာဝဠာထဲတွင် မကြာခဏ လျှောက်သွားနေသည်ကို သူတို့က တွေ့ခဲ့ရသည်။

" ဖြစ်နိုင်ခြေနှစ်ခုရှိတယ်။ " ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက စကားစပြောလိုက်သည်။ " တစ်ခုကတော့ နဂါးငွေ့တန်းကြယ်သခင်ရဲ့ ကြောင်းကျိနိယာမအပေါ် နားလည်မှုက ငါတို့ထက် သာလွန်နေတာပဲ။ အဲ့ဒါမှ သူ့ရဲ့ ကိုယ်ပိုင်ကြောင်းကျိုးဆက်နွယ်မှုကို ဖုံးကွယ်နိုင်လိမ့်မယ်။ "

" ဒုတိယဖြစ်နိုင်ခြေကတော့ နဂါးငွေ့တန်းကြယ်သခင်က သူ့ရဲ့ ကြောင်းကျိုးဆက်နွယ်မှုကို ဖုံးကွယ်ဖို့ ရတနာတစ်ခုခုကို အသုံးပြုနေတာပဲ။ လူသားမျိုးနွယ်ရဲ့ အရင်းအမြစ်တွေနဲ့ဆို အဲ့လိုရတနာမျိုး ဖန်တီးဖို့ မခက်ခဲဘူး။ "

ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက ခဏစဉ်းစားပြီး ဆက်ပြောလိုက်သည်။ " ငါကတော့ ဒုတိယဖြစ်နိုင်ခြေက ပိုများမယ်လို့ ထင်တယ်။ "

၎င်းကို ကြားသောအခါ အခြားကြီးမြတ်သူများကလည်း ခေါင်းညိမ့်လိုက်ကြသည်။ နဂါးငွေ့တန်းကြယ်သခင်က ကြောင်းကျိုးနိယာမတွင် သူတို့ထက် သလွန်နေခြင်းလား။ ထိုဖြစ်နိုင်ခြေက အလွန်နည်းလှသည်။

" သူ့ရဲ့ သွေး ဒါမှမဟုတ် ဆံပင်မရှိတာ ဆိုးတာပဲ။ မဟုတ်ရင် ကြောင်းကျိုးဆက်နွယ်မှုကို ဖုံးကွယ်ဖို့ ရတနာရှိရင်တောင် သူက ငါတို့ရဲ့ ခြေရာခံမှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။ " အကျဉ်းထောင်မျိုးနွယ်မှ အလွှာဆယ့်နှစ် ကြီးမြတ်သူက ခေါင်းခါပြီး ပြောလိုက်သည်။

ကြောင်းကျိုးနိယာမအတွက် ကြားခံပစ္စည်းက အလွန်အရေးပါသည်။ ကျိန်စာတိုက်သည်ဖြစ်စေ၊ ပစ်မှတ်တစ်ခုကို ရှာဖွေရာတွင်ဖြစ်စေ ကြားခံပစ္စည်းရှိခြင်းမရှိခြင်းက အလွန်ကွဲပြားသည်။

" နဂါးငွေ့တန်းကြယ်သခင်ရဲ့ ခွန်အားနဲ့ လူသားမျိုးနွယ်က သူ့ကို တန်ဖိုးထားပုံအရဆို သူ့ရဲ့ သွေး၊ ဆံပင် တစ်ခုခုကျန်နေခဲ့ဖို့က မဖြစ်နိုင်ဘူး။ " အင်းဆက်ဧကရီက ပြောလိုက်သည်။

" သာမန်အလွှာဆယ့်တစ်တွေတောင် အဲ့ဒါကို သတိထားကြပြီး သူတို့နဲ့ သက်ဆိုင်တဲ့ ဘယ်အရာကိုမှ အပြင်မှာ ချန်ထားခဲ့မှာမဟုတ်ဘူး။ "

စစ်မြေပြင်မှာပင် အင်အားကြီးသူများက အသက်ရှင်ရန် နည်းလမ်းမရှိလျှင် သူတို့၏ ခန္ဓာကိုယ်ကို တွန့်ဆုတ်ခြင်းမရှိဘဲ ဖောက်ခွဲပစ်ကြမည်ဖြစ်ပြီး သူတို့၏ ခန္ဓာနှင့် စိတ်ဝိညာဉ်အားလုံး ပြာအဖြစ်သို့ ပြောင်းလဲပစ်ကြပေလိမ့်မည်။ သူတို့၏ ခန္ဓာကိုယ်များမှတစ်ဆင့် ကြားခံပစ္စည်းကို ရရှိသွားမည် စိုးရိမ်သောကြောင့် ဖြစ်သည်။

" ပုံမှန်နည်းလမ်းတွေနဲ့တော့ နဂါးငွေ့တန်းကြယ်သခင်ကို ရှာမတွေ့နိုင်လောက်ဘူးထင်တယ်။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက ပြောလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင်ကို ထွက်လာအောင်လုပ်ဖို့ နည်းလမ်းရှိလား။ "

နဂါးငွေ့တန်းကြယ်သခင်ကို ထွက်လာအောင်လုပ်ရန် သူ၏ ဆွေမျိုးများနှင့် သူငယ်ချင်းများ၏ အသက်နှင့် ခြိမ်းခြောက်ခြင်းဖြစ်သည်။ နဂါးငွေ့တန်းကြယ်သခင်က ငယ်ရွယ်ပြီး သူ၏ ဆွေမျိုးများက အသက်ရှင်လျက် ရှိနေဆဲဖြစ်သည်။

" အဓိပ္ပါယ်သိပ်မရှိဘူး။ " ကြယ်စကြာဝဠာမဟာမိတ်မှ ကြီးမြတ်သူက ခေါင်းခါလိုက်သည်။ " နဂါးငွေ့တန်းကြယ်သခင်က စိတ်ခံစားမှုတွေကို အရမ်းတန်ဖိုးထားတဲ့သူမဟုတ်ဘူး။ "

" မှန်တယ်။ " အင်းဆက်ဧကရီကလည်း ခေါင်းညိမ့်လိုက်သည်။ " ရှေးဟောင်းနတ်ဘုရားထို့ပါက နဂါးငွေ့တန်းကြယ်သခင်ရဲ့ သူငယ်ချင်းကို ခြိမ်းခြောက်ခဲ့ပေမယ်။ နဂါးငွေ့တန်းကြယ်သခင်က အဲ့ဒီသူငယ်ချင်းကို ကိုယ်တိုင်သတ်ပစ်ခဲ့တယ်။ "

ခန်းမထဲမှ ကြီးမြတ်သူများက နဂါးင​ွေ့တန်းကြယ်သခင်အကြောင်း သေချာစုံစမ်းထားကြပြီး ရှေးဟောင်းနတ်ဘုရားထို့ပါနှင့် ပဋိပက္ခအကြောင်းကိုလည်း သိထားသည်။ ထိုဖြစ်ရပ်ကို ကြည့်ခြင်းဖြင့် နဂါးငွေ့တန်းကြယ်သခင်က ဆွေမျိုးများ၊ သူငယ်ချင်းများကို ဖမ်းဆီးထားလျှင်တောင် မျက်မှောင်ကြုတ်မည်မဟုတ်သည်ဟု ခန့်မှန်းကြသည်။

ထို့အပြင် အလွှာဆယ့်နှစ် ကြီးမြတ်သူများက ထိုနည်းလမ်းများကို အသုံးပြုပြီး ထိရောက်မှုမရှိလျှင် အလွန်ပင် ရှက်စရာကောင်းပေလိမ့်မည်။ နောက်ပိုင်းတွင် သူတို့က လူသားမျိုးနွယ်မှ ကြီးမြတ်သူများ၏ လက်တုန့်ပြန်မှုကိုလည်း ရင်ဆိုင်ရမည်ဖြစ်သည်။

" ဖန်ဟို " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက ကျိုးမျိုးနွယ်မှ ကြီးမြတ်သူကို ကြည့်လိုက်သည်။ " မင်းတို့မျိုးနွယ်က စကြာဝဠာစတင်ချိန်မှာ အထူးလျို့ဝှက်နည်းစနစ်တစ်ခုကို ရရှိခဲ့တယ်မဟုတ်လား။ "

" မင်း..." ကျိုးမျိုးနွယ်မှ ကြီးမြတ်သူ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ " မင်းက ကိုးရက်ဝတ်ပြုခြင်း လျို့ဝှက်နည်းစနစ်ကို ပြောနေတာလား။ "

ကိုးရက်ဝတ်ပြုခြင်း လျို့ဝှက်နည်းစနစ်က ကြောင်းကျိုးနိယာမ နည်းစနစ်တစ်ခုဖြစ်သည်။ ၎င်းက သက်ရှိနှစ်ယောက်ကြားရှိ ကြောင်းကျိုးဆက်နွယ်မှုကို အတင်းအကျပ်အားကောင်းစေပြီး နောက်ဆုံးတွင် ကျိန်စာတိုက်ရန် သို့မဟုတ် တည်နေရာကို အတိအကျ ဖော်ထုတ်ရန် ဖြစ်သည်။

သို့သော် ထိုနည်းစနစ်ကလည်း တန်ဖိုးတစ်ခုကို ပေးဆပ်ရသည်။ ထိုနည်းစနစ်ကို နဂါးငွေ့တန်းကြယ်သခင်အပေါ်သို့ အသုံးပြုရန် နဂါးငွေ့တန်းကြယ်သခင်ကို ကိုးရက်ဆက်တိုက် ဝတ်ပြုရမည်ဖြစ်ပြီး ပြုလုပ်သူ၏ မူလရင်းမြစ်ကလည်း နေတိုင်းလျော့ကျသွားပေလိမ့်မည်။

လျော့ကျသွားသော မူလရင်းမြစ်က နောက်ပိုင်းတွင် ပြန်လည်ရရှိနိုင်မည်ဖြစ်သော်လည်း ထိုကာလအတွင်း တိုက်ခိုက်ရေးစွမ်းအားက အထွတ်အထိပ်သို့ ရောက်ရှိနိုင်မည်မဟုတ်ပေ။

အကယ်၍ ၎င်းက အဆင့်တူ အလွှာဆယ့်နှစ်တစ်ယောက်ကို အသုံးပြုရန်ဖြစ်လျှင် ကျိုးမျိုးနွယ်မှ ကြီးမြတ်သူဖန်ဟိုက ဆန္ဒရှိသော်လည်း နဂါးငွေ့တန်းကြယ်သခင်ကို ရှာဖွေရန်အတွက် သူ၏ မူလရင်းမြစ်ကို အသုံးပြုရန် မဖြစ်နိုင်ပေ။

" နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်တစ်ရဲ့ ထိပ်ဆုံးမှာ ရှိနေပြီး ဘယ်အချိန်မဆို အလွှာဆယ့်နှစ်ကို တက်လှမ်းနိုင်တယ်။ သူသာ အလွှာဆယ့်နှစ်ကို တက်လှမ်းသွားရင် စကြာဝဠာခေတ်မကုန်ခင် လမ်းစဉ်ခွဲထွက်ခြင်းအဆင့် အထွတ်အထိပ်ကို ရောက်နိုင်ခြေ အရမ်းမြင့်မားတယ်။ "

" အဲ့ဒီအချိန်ကျရင် ငါတို့မျိုးနွယ်တွေ ဘာဖြစ်လာမလဲ မင်းသိပါတယ်။ " အကျဉ်း​ထောင်မျိုးနွယ်မှ ကြီးမြတ်သူက ပြောလိုက်သည်။

" ဖန်ဟို နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်ဖို့ အင်းဆက်မျိုးနွယ်က အဲ့ဒီထူးဆန်းတဲ့ သွေးတစ်စက်ကိုတောင် ပေးထားတာ။ လျို့ဝှက်နည်းစနစ်ကို အသုံးပြုဖို့ ရှင်က ဘာကို တွန့်ဆုတ်နေတာလဲ။ " အင်းဆက်ဧကရီက ပြောလိုက်သည်။

ပေးဆပ်ရမည့် တန်ဖိုးကို တွက်ကြည့်လျှင် အင်းဆက်မျိုးနွယ်ကလည်း ကြီးမားသော တန်ဖိုးကို ပေးဆပ်ထားခြင်းဖြစ်သည်။ သို့သော် အင်းဆက်မျိုးနွယ်က လူသားမျိုးနွယ်နှင့် ကြီးမားသော ရန်ငြိုးရှိပြီး နဂါးငွေ့တန်းကြယ်သခင် အလွှာဆယ့်နှစ်သို့ တက်လှမ်းသည်ကို လက်မခံနိုင်ကြပေ။

" ငါနားလည်ပြီ။ " ကျိုးမျိုးနွယ်မှ ကြီးမြတ်သူဖန်ဟိုက ခဏစဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။ " ငါ နဂါးငွေ့တန်းကြယ်သခင်ကို အခုပဲ ဝတ်ပြုတာစမယ်။ ကိုးရက်ကြာပြီးတဲ့နောက်မှ ငါနဲ့ နဂါးငွေ့တန်းကြယ်သခင်ကြားက ကြောင်းကျိုးဆက်နွယ်မှုမှုက အခိုင်မာဆုံး ဖြစ်လာလိမ့်မယ်။ အဲ့ဒီအခါ ငါ သူရဲ့ တည်ိနေရာကို ရှာပေးမယ်။ "

" စိတ်ချပါ။ နဂါးငွေ့တန်းကြယ်သခင်ရဲ့ တည်နေရာကို ရှာဖွေနိုင်ပြီဆိုတာနဲ့ ကျန်တာ ငါတို့တာဝန်ထားပါ။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက ပြုံး၍ ပြောလိုက်သည်။

အမှန်တော့ ကိုးရက်ဝတ်ပြုခြင်း လျို့ဝှက်နည်းစနစ်က ကိုးရက်ကြာဝတ်ပြုပြီးနောက် ကြောင်းကျိုးဆက်နွယ်မှုကို အသုံးပြု၍ ကျိန်စာတိုက်သတ်ဖြတ်ခြင်းဖြစ်သည်။ သို့သော် ကျိန်စာတိုက်သတ်ဖြတ်ခြင်းက မသေချာပေ။ နဂါးငွေ့တန်းကြယ်သခင်က ကြောင်းကျိုးဆက်နွယ်မှုကို ကာကွယ်နိုင်သော ရတနာတစ်ခုရှိနိုင်သောကြောင့် ကိုးရက်ဝတ်ပြုခြင်းလျို့ဝှက်နည်းစနစ်ဖြင့်ပင် အာမခံချက်မရှိပေ။

အောင်မြင်ခဲ့လျှင်တောင် နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်မဟုတ်သောကြောင့် သူ၏ အသက်တံဆိပ်က အချိန်မြစ်ထဲတွင် ရှိနေဆဲဖြစ်သည်။ လူသားမျိုးနွယ်မှ ကြီးမြတ်သူများက သူ့ကို ပြန်လည်အသက်သွင်းနိုင်သည်။

ထို့ကြောင့် အလုံခြုံဆုံးနည်းလမ်းမှာ ကိုးရက်ဝတ်ပြုခြင်းမှတစ်ဆင့် နဂါးငွေ့တန်းကြယ်သခင်၏ ကိုယ်ပွားတစ်ခု တည်နေရာကို ရှာဖွေပြီး အလွှာဆယ့်နှစ်ကြီးမြတ်သူများ ပူးပေါင်း၍ ထူးဆန်းသော သွေးတစ်စက်နှင့် နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခို​က်ကြမည်ဖြစ်သည်။

" ငါတို့က နဂါးငွေ့တန်းကြယ်သခင်ကို လုံးဝသတ်ပစ်နိုင်ဖို့မလိုဘူး။ သူ့ကို အဲ့ဒီထူးဆန်းတဲ့ သွေးနဲ့ စွန်းထင်ဖို့ပဲ လိုအပ်တယ်။ "

" ဒါဆို ငါစမယ်။ " ကျိုးမျိုးနွယ်မှ ကြီးမြတ်သူဖန်ဟိုက အသက်ပြင်းပြင်ရှူသွင်းလိုက်သည်။

ကျိုးမျိုးနွယ်၏ နယ်မြေမှ သူ၏ မူလခန္ဓာကိုယ်က ဒူးထောက်လိုက်ပြီး နဂါးငွေ့တန်းကြယ်သခင်နှင့် ပက်သက်သော အချက်အလက်များက သူ၏ စိတ်ထဲတွင် ပေါ်လာသည်။ ချက်ချင်း သူနှင့် နဂါးငွေ့တန်းကြယ်သခင်ကြားတွင် ကြောင်းကျိုးဆက်နွယ်မှုတစ်ခု ပေါ်လာသည်။ ထို့နောက် ကြီးမြတ်သူဖန်ဟိုက ဦးညွှတ်လိုက်သည့် အကြိမ်တိုင်း သူတို့ကြားမှ ကြောင်းကျိုးဆက်နွယ်မှုက ပို၍ ခိုင်မာလာသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်က အလွှာဆယ့်နှစ် ကြီး​မြတ်သူများ၏ အကြံအစည်ကို မသိသေးပေ။ သူသိသည်မှာ သူတမင်ထုတ်ဖော်ထားသော မူလစိတ်ဝိညာဉ်နှစ်ခုနှင့် ကိုယ်ပွားများကိုပင် ထိုအလွှာဆယ့်နှစ် ကြီး​မြတ်သူများက ရှာမတွေ့ကြသေးပေ။

" ဒါပေမယ့် သူတို့က ငါ့ဆွေမျိုးတွေနဲ့ ဆရာတွေကိုတော့ တိုက်ခိုက်တာမရှိသေးဘူး။ "

လွန်ခဲ့သော နှစ်တစ်ရာက အလွှာဆယ့်နှစ် ကြီးမြတ်သူများ သူ့ကို ပစ်မှတ်ထားနေသည့်အကြောင်း ကပ်ဘေးမျိုးနွယ်မှ သတင်းရရှိပြီးနောက် လင်းယွမ်က ကြီးမြတ်သူရှချင်နှင့် အခြားကြီးမြတ်သူများကို သူ၏ မိဘများနှင့် ချီခွန်ကြယ်သခင်တို့အပေါ်တွင် အာရုံစိုက်ပေးရန် ဂရုတစိုက် တောင်းဆိုခဲ့သည်။

ထို့အပြင် လင်းယွမ်က အဆိုးဆုံးအခြေအနေကို ကာကွယ်ရန် သူတို့၏ စိတ်အသိမျှင်များကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ယူဆောင်လာခဲ့သည်။

All Chapters