← Chapters

သိုင်းတာအိုအလွှာရှစ်...

Vol. 51 Ch. 759

သိုင်းတာအိုအလွှာရှစ်...

Vol. 51 Ch. 759

" အလွှာဆယ့်နှစ်..." လင်းယွမ်၏ အတွေးများက စုစည်းသွားသည်ယ

ယခုအချိန်တွင် အချိန်မြစ်အတွင်း လင်းယွမ်၏ ပုံရိပ်က မြစ်တစ်ခုလုံး ပြည့်နှက်လုနီးပါးဖြစ်နေသည်။ သူက မြစ်ကြမ်းပြင်တွင် တတ်နိုင်သမျှ ဖုံးကွယ်ထားခြင်းမရှိလျှင် သူက မြစ်ထဲ၌ ဝင်ဆံ့တော့မည်မဟုတ်ပေ။

" ငါ မတ်တပ်ရပ်လိုက်ရင် အချိန်မြစ်တစ်ခုလုံးရဲ့ အနက်က ငါ့ခါးလောက်ပဲရှိမယ်ထင်တယ်။ " လင်းယွမ်က တိတ်တဆိတ်တွေးလိုက်သည်။

အခြားအလွှာဆယ့်တစ် အထွတ်အထိပ်များက သူတို့၏ ခွန်အားအပြည့်အဝ အသုံးပြုခြင်းဖြင့် မြစ်အတွင်းမှ ခုန်တက်ပြီး မြစ်အထက်တွင် ခဏနေနိုင်လေသည်။ သူတို့က အလွှာဆယ့်နှစ်သို့ တက်လှမ်းသောအခါ အချိန်မြစ်မှ ခုန်ထွက်ရန် ပိုမိုယုံကြည်မှုရှိစေရန် ဖရိုဖရဲဟင်းလင်းပြင် မူလရင်းမြစ်ကို လက်ခံရမည်ဖြစ်သည်။

သို့သော် လင်းယွမ်က အင်အားသုံးပြီး ခုန်ထွက်ရန် မလိုအပ်ပေ။ သူက သာမန်အတိုင်း မတ်တပ်ရပ်လိုက်ရုံဖြင့် သူ၏ ပုံရိပ်က အချိန်မြစ်၏ အပြင်ဘက်တွင် ပေါ်လာနိုင်သည်။

" ငါ့ရဲ့ လက်ရှိအခြေခံနဲ့ဆို အလွှာဆယ့်နှစ်ကို တက်လှမ်းနိုင်ဖို့ ၉၅ ရာခိုင်နှုန်း သေချာတယ်။ " လင်းယွမ်က တွေးလိုက်သည်။

" ဟင်..." လင်းယွမ်၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။

" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နောက်ဆုံးတော့ အလွှာရှစ်တစ်ယောက် ထွက်ပေါ်လာတာလား။ "

ဤအချိန်တွင် လင်းယွမ်က အချိန်လေဟာနယ် သတ္တမအဆင့်တွင် ရှိနေပြီး သိုင်းတာအို၏ ဘိုးဘေးအဖြစ် စကြာဝဠာထဲရှိ သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများကို အာရုံခံနိုင်သည်။

" မဆိုဘူး။ " လင်းယွမ်က ပြုံးလိုက်သည်။

စိတ်ဝိညာဉ်ကမ္ဘာတွင် နှစ်သန်းပေါင်းများစွာအတွင်း သိုင်းတာအိုကျင့်ကြံသူများက အလွှာရှစ်သို့ ရောက်နိုင်ခြင်းမှာ လင်းယွမ်၏ လမ်းညွှန်ပေးမှုလည်း ပါဝင်သည်။ သို့သော် ပင်မစကြာဝဠာအတွင်း နှစ်တစ်ထောင်မပြည့်မီ ပထမဆုံး သိုင်းတာအို အလွှာရှစ်တစ်ယောက် ထွက်ပေါ်လာခဲ့သည်။

အဓိကအကြောင်းရင်းမှာ ပင်မစကြာဝဠာမှ လူသားမျိုးနွယ်မှာ စနစ်တကျ ကျင့်ကြံပြီး တစ်ချိန်က နက်နဲဆန်းကြယ်သော ကျင့်ကြံခြင်းလမ်းစဉ်များကို ပွင့်လင်းစွာ ချပြထားသောကြောင့် ဖြစ်သည်။

ပိုမိုအဆင့်မြင့်သော ဆင့်ကဲပြောင်းလဲသူများ၏ လမ်းညွှန်မှုများနှင့်အတူ ပင်မစကြာဝဠာရှိ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖွံ့ဖြိုးတိုးတက်မှုက စိတ်ဝိညာဉ်ကမ္ဘာထက် များစွာ သာလွန်သည်။

" ကောင်းပြီ။ အလွှာဆယ့်နှစ်ကို မတက်လှမ်းခင် သူနဲ့တွေ့လိုက်ရအောင်။ " လင်းယွမ်က ဆုံးဖြတ်လိုက်သည်။

လွန်ခဲ့သော ဆယ်စုနှစ်များစွာက သိုင်းတာအိုဆင့်ကဲပြောင်းလဲသူများ ကြိုးစားကျင့်ကြံရန်အတွက် သူက သိုင်းတာအိုအလွှာရှစ်သို့ ပထမဆုံး ရောက်ရှိသူကို ကိုယ်တိုင်တွေ့ဆုံမည်ဟု ကြေညာခဲ့သည်။

ဂြိုလ်တစ်ခုပေါ်တွင် ပုံရိပ်တစ်ခု ထိုင်နေသည်။

" သိုင်းတာအိုရဲ့ အလွှာရှစ်။ ဒါက သိုင်းတာအို အလွှာရှစ်ပဲ။ " သူ၏ ခန္ဓာကိုယ်အတွင်း စွမ်းအားများ ပြည့်နှက်နေပြီး သေးငယ်သော ကမ္ဘာတစ်ခု ပွင့်လာသကဲ့သို့ ကမ္ဘာတစ်ခု၏ အော်ရာထွက်ပေါ်လာသည်။

ထိုပုံရိပ်၏ နာမည်က ကျန်းထျန်းကျိဖြစ်ပြီး ယခင် သူက သိုင်းတာအိုအလွှာခုနှစ် အထွတ်အထိပ်ဖြစ်သည်။ မကြာသေးမီက သူက အတွင်းကမ္ဘာတစ်ခုကို ဖွင့်လှစ်ကာ သိုင်းတာအိုအလွှာရှစ်သို့ တက်လှမ်းခဲ့သည်။

ယခုအချိန်ထိ လူသားမျိုးနွယ်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် အစွမ်းထက်ဆုံးသူများမှာ အလွှာခုနှစ်တွင်ရှိပြီး အလွှာရှစ်တစ်ယောက်မှမရှိသေးပေ။ ဆိုလိုသည်မှာ ကျန်းထျန်းကျိက သိုင်းဘိုးဘေးပြီးနောက် အလွှာရှစ်သို့ တက်လှမ်းနိုင်သော ပထမဆုံး ဆင့်ကဲပြောင်းလဲသူဖြစ်လာခဲ့သည်။

" ရုပ်ခန္ဓာကို အခြေခံအုတ်မြစ်အဖြစ် အသုံးပြုပြီး သွေး၊ စိတ်ဝိညာဉ်နဲ့ စိတ်စွမ်းအားကို တစ်ပြိုင်နက် တိုးတက်စေတယ်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လူသားမျိုးနွယ်ရဲ့ အဆင့်ငါးနဲ့ တကယ်ထိုက်တန်ပါတယ်။ " ကျန်းထျန်းကျိက သူ၏ ခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကို အာရုံခံရင်း သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးခဲ့သူကို ပို၍ လေးစားလာသည်။

သူက ပြည့်စုံသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လျှောက်လှမ်းခဲ့ရုံဖြင့် ၎င်း၏ နက်နဲသော လျို့ဝှက်ချက်များကို ကြုံတွေ့ခဲ့ရသည်။ သို့ဆိုလျှင် ထိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖန်တီးခဲ့သူက မည်သို့သောတည်ရှိမှုမျိုးဖြစ်မည်နည်း။

" တစ်ယောက်ယောက်က ငါ့ကို ရှာနေတာလား။ " ကျန်းထျန်းကျိက အနည်းငယ် အံ့ဩသွားသည်။ ဉာဏ်ပညာနတ်ဘုရားက သူ့ကို တိုက်ရိုက်ဆက်သွယ်ပြီး တစ်စုံတစ်ယောက်က သူ့ကိုရှာနေကြောင်း သတိပေးခဲ့သည်။

" သိုင်းဘိုးဘေးက ငါ့ကို ဖိတ်ခေါ်တာလား။ "

သူ့ကို ဆက်သွယ်သော လူကို တွေ့သောအခါ ကျန်းထျန်းကျိက အံ့အားသင့်သွားခဲ့သည်။

" ဟုတ်သားပဲ။ သိုင်းဘိုးဘေးက အလွှာရှစ်ကို တက်လှမ်းနိုင်တဲ့ ဘယ်သူမဆို သူနဲ့တွေ့ဆုံနိုင်တယ်လို့ ပြောဖူးတယ်။ " ကျန်းထျန်းကျိက ၎င်းကို သတိရသွားသည်။

" ဒါပေမယ့် ငါ အခုမှအဆင့်တက်တာ ဘယ်သူ့ကိုမှ မပြောရသေးပါဘူး။ သိုင်းဘိုးဘေးက ဘယ်လိုလုပ်သိတာလဲ။ " ကျန်းထျန်းကျိက တွန့်ဆုတ်ခြင်းမရှိဘဲ လက်ခံလိုက်သည်။

ရုတ်တရက် ကျန်းထျန်းကျိ၏ စိတ်အသိအပိုင်းအစတစ်ခုက ကုယ်ပိုင်ကမ္ဘာတစ်ခုအတွင်းသို့ ဆွဲယူခြင်းခံလိုက်ရသည်။ အဆင့်ဆယ့်တစ်နိုင်ငံသားဖြစ်လာပြီးနောက် လင်းယွမ်၏ အခွင့်အရေးများက ကြီးမားစွာ တိုးတက်လာပြီး VR ကမ္ဘာမှ သူ၏ ကိုယ်ပိုင်နေရာကလည်း ကိုယ်ပိုင်ကမ္ဘာတစ်ခုဖြစ်လာခဲ့သည်။

" သိုင်းဘိုးဘေးကို အရိုအသေးပေးပါတယ်။ " ကျန်းထျန်းကျိက ကမ္ဘာ၏ အလယ်မှ ပုံရိပ်တစ်ခုကို မြင်သည်နှင့် လျင်​မြန်စွာ အရိုအသေပေးလိုက်သည်။

" မင်း မဆိုးဘူး။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

သိုင်းတာအိုအလွှာခုနှစ်မှ အလွှာရှစ်သို့ တက်လှမ်းခြင်းက အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုဖြစ်ပြီး မိမိ၏ အတွင်းကမ္ဘာကို ဖန်တီးခြင်းဖြစ်သည်။ လင်းယွမ်ဖန်တီးထားသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွင် လူတစ်ယောက်က အလွှာခုနှစ်တွင် အပြည့်စုံဆုံးအခြေအနေသို့ ရောက်လျှင် ကိုယ်ပိုင်အတွင်းကမ္ဘာကို ဖန်တီးနိုင်သော်လည်း ၎င်းက အလွန်ခက်ခဲသည်။

" ကျင့်ကြံခြင်းနဲ့ ပက်သက်တဲ့ မေးခွန်းတွေရှိရင် မေးလို့ရတယ်။ " လင်းယွမ်က ကျန်းထျန်းကျိကို ကြည့်ပြီး ပြောလိုက်သည်။

သူက ကျန်းထျန်းကျိကို ကိုယ်တိုင်တွေ့ဆုံခဲ့သောကြောင့် အနည်းငယ် လမ်းညွှန်ပေးခြင်းက ပြဿနာမရှိပေ။

" ကျေးဇူးတင်ပါတယ် သိုင်းဘိုးဘေး။ " ကျန်းထျန်းကျိက ၎င်းကို ကြားသောအခါ စိတ်လှုပ်ရှားသွားသည်။

" နှစ်ပေါင်းများစွာ ကျင့်ကြံနေချိန်မှာ ကျွန်တော်က ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များစွာကို လေ့လာခဲ့ပါတယ်။ လမ်းစဉ်အများစုက နိယာမတွေကို နားလည်မှုအပေါ် အာရုံစိုက်ထားတာကို တွေ့ရပါတယ်။ " ကျန်းထျန်းကျိက သူ၏ မေးခွန်းကို စတင်လိုက်သည်။

သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံခြင်းမပြုမီ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များကို စမ်းသပ်ခဲ့ပြီး တစ်ခုစီက မတူညီသော ကဏ္ဍများအား အထူးပြုသည်ကို တွေ့ခဲ့ရသည်။ ဤကမ္ဘာတွင် ကဏ္ဍအားလုံးကို ပေါင်းစပ်ထားသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရှိမရှိ သူသိလိုခဲ့သည်။

" ဒါကပုံမှန်ပါပဲ။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကို လူတွေက ဖန်တီးထားတာ။ လူတိုင်းမှာ သူတို့ရဲ့ ကိုယ်ပိုင်အားသာချက်နဲ့ အားနည်းချက်တွေ ရှိတယ်။ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေလည်း အတူတူပဲ။ " လင်းယွမ်က ပြုံး၍ ပြောလိုက်သည်။

" နားလည်ပါပြီ။ " ကျန်းထျန်းကျိက နားလည်သွားသည်။ ထို့နောက် သူက တစ်စုံတစ်ခုကို တွေးမိပြီး ထပ်မေးလိုက်သည်။ " ဒါဆို သိုင်းဘိုးဘေးမှာ အထူးပြုနယ်ပယ်ရှိလား။ "

" ငါလား။ " လင်းယွမ်၏ အကြည့်က တည်ငြိမ်နေပြီး သူ့ကို မကြည့်ရဲသော ကျန်းထျန်းကျိကို ကြည့်ပြီး ပြုံးလိုက်သည်။ " ငါက အားလုံးကို နည်းနည်းတော့ သိထားတယ်။ "

" အားလုံးကို နည်းနည်းသိတယ်။ " သိုင်းဘိုးဘေး၏ တည်ငြိမ်သော အသံကို ကြားသောအခါ ကျန်းထျန်းကျိက ခဏ တိတ်ဆိတ်သွားသည်။

အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များပင် အထူးပြုသော နယ်ပယ်များရှိပြီး ကြီး​မြတ်သူများလည်း အတူတူဖြစ်သည်။ သိုင်းဘိုးဘေးက အရာအားလုံးကို နည်းနည်းသိခြင်းက ဖြစ်နိုင်ပါသလား။

နည်းနည်းဟုဆိုသော်လည်း ကျန်းထျန်းကျိက ၎င်းကို မယုံကြည်ပေ။ အချို့ကဏ္ဍများတွင် သိုင်းဘိုးဘေးက လူသားမျိုးနွယ်၏ ကြီး​မြတ်သူများထက် ပိုမိုအစွမ်းထက်သည်ဟု ဆိုလိုပေသည်။ လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က လူသားမျိုးနွယ်တွင်သာမက ကြယ်စကြာဝဠာ၏ အထွတ်အထိပ်တွင် ရပ်တည်နေကြသည်။ သူတို့ထက် သာလွန်ရန် မဖြစ်နိုင်ပေ။

သို့သော် သိုင်းဘိုးဘေးက လိမ်ညာမည်မဟုတ်သည်ကို ကျန်းထျန်းကျိက ခံစားမိနေသည်။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွှာဆယ့်နှစ်သို့ မရောက်သေးသော်လည်း လူသားမျိုးနွယ်၏ အဆင့်ငါး ဖြစ်နေခြင်းမှာ သေချာသော ရှင်းပြချက်တစ်ခုပင်ဖြစ်သည်။

ထို့နောက် လင်းယွမ်က ကျန်းထျန်းကျိ၏ မေးခွန်းများကို ဖြေဆိုပြီး ခေါ်ဆိုမှုကို အဆုံးသတ်လိုက်သည်။ သူက ကျန်းထျန်းကျိကို ကိုယ်တိုင်တွေ့ဆုံခြင်းမှာ အလွှာရှစ်သို့ ပထမဆုံး တက်လှမ်းနိုင်ခဲ့သောကြောင့် ဖြစ်သည်။

ကျန်းထျန်းကျိက VR ကမ္ဘာမှ ထွက်လာပြီးနောက် ကျေနပ်သော အမူအရာနှင့် ရှိနေသည်။ သိုင်းဘိုးဘေးနှင့် ခဏ စကားပြောပြီးနောက် သိုင်းတာအိုနှင့် အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များအပေါ် သူ၏ နားလည်မှုက ပြောင်းလဲသွားသည်ဟု ခံစားလိုက်ရသည်။

" အဲ့ဒါ သိုင်းဘိုးဘေးပဲ။ " ကျန်းထျန်းကျိက သူ၏ စိတ်ကို ထိန်းချုပ်လိုက်သည်။ " သိုင်းဘိုးဘေးက နဂါးငွေ့တန်းကြယ်သခင်လို့ ကြားတယ်။ "

သူက လူသားမျိုးနွယ်တွင် ပျံ့နှံ့နေသော ကောလဟာလများကို တွေးမိသွားသည်။ နဂါးငွေ့တန်းကြယ်သခင်က သိုင်းတာအိုကို ဖန်တီးခဲ့သည်ဟူသော သတင်းက ကျယ်ပြန့်စွာ ပျံ့နှံ့နေခဲ့သည်။ လူသားမျိုးနွယ်၏ အာဏာပိုင်များက ၎င်းကို ရပ်တန့်ခြင်းမရှိသကဲ့သို့ သိုင်းဘိုးဘေးကလည်း ရှေ့ထွက်ပြီး ရှင်းပြခဲ့ခြင်းမရှိပေ။

၎င်းက ကောလဟာလများကို ပိုမိုသေချာသွားစေခဲ့သည်။ တစ်ခါတစ်ရံ တိတ်ဆိတ်ခြင်းက ဝန်ခံခြင်းဖြစ်သောကြောင့် သိုင်းဘိုးဘေးလည်း အတူတူပင် ဖြစ်သည်။

All Chapters