← Chapters

နဂါးငွေ့တန်းကြယ်သခင်၏ ကိုယ်ပွားများ....

Vol. 51 Ch. 760

နဂါးငွေ့တန်းကြယ်သခင်၏ ကိုယ်ပွားများ....

Vol. 51 Ch. 760

" နဂါးငွေ့တန်းကြယ်သခင်..." ကျန်းထျန်းကျိက တံတွေးများ မျိုချလိုက်သည်။

သူက နဂါးငွေ့တန်းကြယ်သခင်ထွက်ပေါ်လာချိန်မှ ယခုအချိန်ထိ တိုးတက်မှုလမ်းကြောင်းကို တွေးမိသွားသည်။ နှစ်တစ်ထောင်မပြည့်မီ ထိုအဆင့်သို့ ရောက်ခဲ့သော ဆင့်ကဲပြောင်းလဲခြင်းပါရမီရှင်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဖန်တီးသူ ဘယ်လိုဖြစ်နိုင်မှာလဲ။ သို့သော် သူတို့က တစ်ယောက်တည်း ဖြစ်နေခဲ့သည်။

" သိုင်းတာအိုအလွှာရှစ်..." ကျန်းထျန်းကျိက သိုင်းဘိုးဘေး၏ လမ်းညွှန်မှုများကို ပြန်တွေးလိုက်သည်။

ထိုအချိန်တွင် ကျန်းထျန်းကျိက သိုင်းတာအိုအလွှာရှစ်မှ အလွှာကိုးသို့ ရှင်းလင်းသော လမ်းကြောင်းတစ်ခုကို မြင်တွေ့ခဲ့ရသည်။ ၎င်းက သိုင်းဘိုးဘေး၏ ပိုမိုမြင့်မားသော နေရာမှ လမ်းညွှန်မှု ဖြစ်သည့်အပြင် သူနှစ်ပေါင်းများစွာ စုဆောင်းလာသော အသိအမြင်များကြောင့်လည်း ဖြစ်သည်။

" ငါ အခုပဲ တံခါးပိတ် ကျင့်ကြံတော့မယ်။ " ကျန်းထျန်းကျိက မျက်လုံးများမှိတ်ပြီး သိုင်းဘိုးဘေး၏ အသိအမြင်များကို နားလည်ရန် တံခါးပိတ်ကျင့်ကြံလိုက်သည်။

သဘာဝအတိုင်း ဖြစ်ပေါ်နေသော အချိန်လေဟာနယ် တွင်းနက်တစ်ခုရှေ့တွင် ထိုက်ယန်မူလစိတ်ဝိညာဉ်က ခြေချိတ်ထိုင်နေသည်။

အချိန်လေဟာနယ်တွင်းနက်များ တစ်ခုနှင့် တစ်ခု တိုက်မိခြင်းက အချိန်လေဟာနယ်ကို ပြိုလဲစေပြီး ကြီးမားသော ဖြစ်ရပ်ဆန်းများကို ဖြစ်ပေါ်စေသည်။ အလွှာဆယ့်တစ် အထွတ်အထိပ်များပင် ကြီးမားသော အချိန်လေဟာနယ်တွင်းနက်ရှေ့တွင် အရေးပါခြင်းမရှိဘဲ သတိမထားမိလျှင် အလွယ်တကူ ဆွဲသွင်းခံရနိုင်သည်။

အလွှာဆယ့်တစ် ရှေးဟောင်းနတ်ဘုရားများက စကြာဝဠာအတွင်း သဘာဝအတိုင်း ဖြစ်ပေါ်နေသော အချိန်လေဟာနယ် တွင်းနက်များကို အခြေခံ၍ အချိန်လေဟာနယ်လျို့ဝှက်နည်းစနစ်များကို ဖန်တီးခဲ့ကြသည်။

" အချိန်လေဟာနယ်တွင်းနက်..." လင်းယွမ်က သူ၏ ရှေ့မှ အချိန်လေဟာနယ်တွင်းနက်ကို ဂရုတစိုက် လေ့လာနေသည်။

" ထွက်သွားဖို့ အချိန်ကျပြီ။ " ခဏကြာသောအခါ လင်းယွမ်က သူ၏ အာရုံကို ရုတ်သိမ်းလိုက်သည်။

ယခုအချိန်တွင် သူက ကဏ္ဍတိုင်းတွင် အထွတ်အထိပ်သို့ ရောက်နေပြီး အလွှာဆယ့်နှစ်နှင့် နီးကပ်လာပြီဖြစ်သည်။ အလွှာဆယ့်နှစ်သို့ တက်လှမ်းပြီးနောက် အချိန်လေဟာနယ်တွင်းနက်များကို လေ့လာရန် ပြန်လာခြင်းက ပြဿနာမရှိပေ။

ခန်းမကြီးတစ်ခုထဲတွင် ကိုးရက်ဝတ်ပြုခြင်း၏ အချိန်က လျင်မြန်စွာ ကုန်ဆုံးသွားသည်။ အလွှာဆယ့်နှစ်ကြီးမြတ်သူများက တဖန်ပြန်လည်စုဝေးလာကြသည်။

" ကိုးရက်ကုန်သွားပြီ။ "

" ဖန်ဟို မင်း နဂါးငွေ့တန်းကြယ်သခင်ရဲ့ တည်နေရာကို ရှာဖွေနိုင်ပြီလား။ "

" မှန်တယ်။ သူ့ကို ရှာတွေ့ပြီလား။ အချိန်က အရေကြီးတယ်။ နဂါးငွေ့တန်းကြယ်သခင်က ဘယ်အချိန်မဆို အလွှာဆယ့်နှစ်ကို တက်လှမ်းနိုင်တယ်။ "

အလွှာဆယ့်နှစ် ကြီးမြတ်သူများ၏ အသံများက အလျင်လိုနေကြသည်။ နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် ကြိုးစားသည်နှင့် သူတို့က ဝင်ရောက်စွက်ဖက်ရန် အခွင့်အရေး ရှိတော့မည်မဟုတ်ပေ။

နဂါးငွေ့တန်းကြယ်သခင်က အလွှာဆယ့်နှစ်သို့ တက်လှမ်းသောအခါ လူသားမျိုးနွယ်၏ ကြီးမြတ်သူကိုးယောက်က သူ့ကို သေချာပေါက် ကာကွယ်ပေလိမ့်မည်။ ထိုအချိန်တွင် နဂါးငွေ့တန်းကြယ်သခင်က မည်သည့်နေရာတွင် အလွှာဆယ့်နှစ်သို့ တက်လှမ်းနေသည်ကို သူတို့က ရှာတွေ့နိုင်မည်မဟုတ်ပေ။

အလွှာဆယ့်နှစ်သို့ တက်လှမ်းချိန်တွင် အမြင့်ဆုံးခုန်ပျံကျော်လွှားခြင်းဖြင့် အချိန်မြစ်ထဲမှ ခုန်ထွက်သွားမည်ဖြစ်ပြီး ထိုအချိန်တွင် ပင်မစကြာဝဠာနှင့် အချိန်မြစ်တို့၏ တန်ပြန်မှုကို ခံစားရမည်ဖြစ်သည်။ ထိုတန်ပြန်တိုက်ခိုက်မှုကလည်း အကာအကွယ်တစ်ခုဖြစ်ပြီး ပြင်ပစွမ်းအားများက အဆုံးမဲ့ခုန်ပျံကျော်လွှားခြင်းကို ဝင်ရောက်စွက်ဖက်နိုင်ခြင်းမရှိပေ။

" အချိန်ပြည့်ခါနီးပြီ။ " ကျိုးမျိုးနွယ်မှ ကြီးမြတ်သူဖန်ဟိုက မျက်မှောင်ကြုတ်နေသည်။

သူ၏ မူလခန္ဓာကိုယ်က နဂါးငွေ့တန်းကြယ်သခင်ကို ကိုးရက် ဝတ်ပြုပြီးဖြစ်သည်။ ထိုကိုးရက်အတွင်း သူဒူးထောက်လိုက်သည့်အကြိမ်တိုင်း သူနှင့် နဂါးငွေ့တန်းကြယ်သခင်ကြားရှိ ကြောင်းကျိုးဆင်နွယ်မှုက တဖြည်းဖြည်း ပိုမိုခိုင်မာလာသည်။

သို့သော် ထိုကိုးရက်အတွင်း ကြီးမြတ်သူဖန်ဟို ပေးဆပ်ခဲ့ရသော တန်ဖိုးကလည်း ကြောက်စရာကောင်းလှပြီး ပြန်လည်ကောင်းမွန်လာရန် နှစ်သန်းပေါင်းများစွာ အချိန်ယူရပေလိမ့်မည်။

" ငါ့လို ကြီးမြတ်တဲ့ အလွှာဆယ့်နှစ်တစ်ယောက်က မင်းရဲ့ တည်နေရာကို ရှာဖွေဖို့အတွက် ဒီလိုတန်ဖိုးကို ပေးဆပ်ရတာ မင်းဂုဏ်ယူသင့်တယ်။ " ကျိုးမျိုးနွယ်မှ ကြီးမြတ်သူဖန်ဟိုက အသက်ပြင်းပြင်းရှူလိုက်သည်။

သူပေးဆပ်ခဲ့ရသော တန်ဖိုးက အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများနှင့် တိုက်ခိုက်ခြင်းထက် ပိုမိုသာလွန်သည်။နဂါးငွေ့တန်းကြယ်သခင်မှ ဖြစ်ပေါ်လာသော ခြိမ်းခြောက်မှုက ကျိုးမျိုးနွယ်ကိုပင် သက်ရောက်ခြင်းမရှိလျှင် သူက ထိုသို့လုပ်ဆောင်မည်မဟုတ်ပေ။

ကျိုးမျိုးနွယ်မှ ကြီးမြတ်သူဖန်ဟိုက အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများကို ကြည့်လိုက်သည်။

" ပြီးပြီ။ "

" ဟားဟား ကောင်းတယ်။ "

အခြားအလွှာဆယ့်နှစ် ကြီးမြတ်သူများက ကျေနပ်သွားကြသည်။

" အပြင်မှာ နဂါးငွေ့တန်းကြယ်သခင်ရဲ့ ကိုယ်ပွား ဘယ်နှစ်ခုရှိလဲ။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက မေးလိုက်သည်။

" လက်ရှိ နဂါးငွေ့တန်းကြယ်သခင် စကြာဝဠာအတွင်းမှာ ဖြန့်ကျက်ထားတဲ့ ကိုယ်ပွား ၁၄၃ခု ရှိတယ်။ " ကျိုးမျိုးနွယ်မှ ကြီးမြတ်သူဖန်ဟိုက မျက်လုံးများ မှိတ်၍ အာရုံခံလိုက်သည်။

ယခုအချိန်တွင် လင်းယွမ်နှင့် သူ့ကြားရှိ ကြောင်းကျိုးဆက်နွယ်မှုက အခိုင်မာဆုံး ဖြစ်နေသည်။ လေဟာနယ်အလွှာပေါင်းများစွာ ခွဲခြားထားလျှင်တောင် သူက နဂါးငွေ့တန်းကြယ်သခင်၏ တည်နေရာကို ရှာဖွေနိုင်သည်။

" ကိုယ်ပွား ၁၄၃ခုလား။ "

အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူနှင့် အခြားကြီးမြတ်သူများက အချင်းချင်း ကြည့်လိုက်ကြသည်။ နဂါးငွေ့တန်းကြယ်သခင်က စကြာဝဠာအတွင်း ကိုယ်ပွားများစွာ ထုတ်လွှတ်ထားသော်လည်း သူတို့က တစ်ခုပင် ရှာတွေ့ခြင်းမရှိခဲ့ပေ။ နောက်ဆုံးတွင် ကြီးမြတ်သူဖန်ဟိုက ကြီးမားသော တန်ဖိုးကို ပေးဆပ်ပြီး ကိုးရက်ဝတ်ပြုခြင်း လျို့ဝှက်နည်းစနစ်ကို အသုံးပြုမှသာ ရှာတွေ့ခဲ့ကြသည်။

" ဟင် နဂါးငွေ့တန်းကြယ်သခင်ရဲ့ ကိုယ်ပွားတွေထဲက တစ်ခုက စကြာဝဠာအပြင်ဘက်မှာလို့ ငါအာရုံခံမိနေတယ်။ " ကြီးမြတ်သူဖန်ဟို၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားပြီး ပြောလိုက်သည်။

စကြာဝဠာအပြင်ဘက်က အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် စူစမ်းရှာဖွေနိုင်ခြင်းမရှိသော နယ်ပယ်ဖြစ်သည်။

" စကြာဝဠာအပြင်ဘက်မှာလား။ ဘယ်နေရာမှာလဲ။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက မေးလိုက်သည်။

" မသေချာဘူး။ ကိုးရက်ဝတ်ပြုခြင်း လျို့ဝှက်နည်းစနစ်ကို ထုတ်ဖော်ထားပေမယ့် စကြာဝဠာရှိနေလို့ အသေးစိတ် မခံစားနိုင်ဘူး။ " ကျိုးမျိုးနွယ်မှ ကြီးမြတ်သူ ဖန်ဟိုက ခေါင်းခါလိုက်သည်။

စကြာဝဠာကိုယ်တိုင်က ကြောင်းကျိုးဆက်နွယ်မှုများနှင့် အချိန်လေဟာနယ်ကို ဖြတ်တောက်နိုင်စွမ်းရှိသည်။ ဖရိုဖရဲဟင်းလင်းပြင်က စကြာဝဠာအတွင်းပိုင်းထက် နိယာမများ ပိုမိုပေါများသောကြောင့် အတွင်းဘက်မှ ကြောင်းကျိုးနိယာမဖြင့် အပြင်ဘက်မှ ကြောင်းကျိုးနိယာမကို အာရုံခံရန် ကောင်းကင်ကို တက်လှမ်းခြင်းထက်ပင် ပိုမိုခက်ခဲ့သည်။

" နဂါးငွေ့တန်းကြယ်သခင်ရဲ့ စိတ်စွမ်းအားက အလွှာဆယ့်နှစ်ကို ရောက်နေပြီလို့ အင်းဆက်ဧကရီက အရင်ကပြောဖူးတယ်။ သူ့ရဲ့ စိတ်စွမ်းအားနဲ့ဆို ​စကြာဝဠာအပြင်ဘက်ကို ကိုယ်ပွားတစ်ခု စေလွှတ်နိုင်လိမ့်မယ်။ " အကျဉ်းထောင်မျိုးနွယ်မှ ကြီးမြတ်သူက ပြောလိုက်သည်။

အလွှာဆယ့်နှစ် ကြီးမြတ်သူများကလည်း စကြာဝဠာအပြင်ဘက်သို့ ကိုယ်ပွားများစေလွှတ်နိုင်သော်လည်း ကိုယ်ပွားများနှင့် မူလခန္ဓာကိုယ်က ခဏသာ ဆက်သွယ်မှုရှိပြီး ဖရိုဖရဲစွမ်းအား၏ တိုက်စားခြင်းကို ခံရပေလိမ့်မည်။

ထို့ကြောင့် စမ်းသပ်မှုအနည်းငယ် ပြုလုပ်ပြီးနောက် အလွှာဆယ့်နှစ်ကြီးမြတ်သူများက စိတ်ဝင်စားခြင်းမရှိကြတော့ပေ။

" ကောင်းပြီ။ ကြောင်းကျိုးဆက်နွယ်မှု အနက်ရှိုင်းဆုံး ကိုယ်ပွားတစ်ခုကို ရွေးချယ်မယ်။ ပြီးရင်လေဟာနယ်ဆုံမှတ်တွေကို ရှာဖွေပြီး ငါတို့ အဲ့ဒီနေရာကို ဆင်းသက်ကြမယ်။ " အကျဉ်း​ထောင်မျိုးနွယ်မှ ကြီးမြတ်သူက ပြောလိုက်သည်။

နဂါးငွေ့တန်းကြယ်သခင်၏ မည်သည့်ကိုယ်ပွားမဆို အဆင်ပြေသော်လည်း ကြောင်းကျိုးဆက်နွယ်မှု အနက်ရှိုင်းဆုံးက အကောင်းဆုံးဖြစ်သည်။

" အဲ့ဒီမှာပဲ။ အချိန်လေဟာနယ်တွင်နက် နံပါတ် ၅၂ ရှေ့မှာပဲ။ " ကြီးမြတ်သူဖန်ဟိုက တိကျသော ဆုံမှတ်တစ်ခုကို ပြောလိုက်သည်။

" ငါမင်းတို့ကို ခေါ်သွားပေးမယ်။ " ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက လက်ဝှေ့ရမ်းလိုက်ရာ အချိန်လေဟာနယ်လှိုင်းများ ထွက်ပေါ်လာပြီး အလွှာဆယ့်နှစ် ကြီးမြတ်သူများအားလုံး ပျောက်ကွယ်သွားကြသည်။

လင်းယွမ်က အချိန်လေဟာနယ်တွင်းနက်ရှေ့တွင် ရပ်နေသည်။ သူက မူလခန္ဓာကိုယ်နှင့် ပြန်လည်ပေါင်းစည်းပြီး အလွှာဆယ့်နှစ်သို့ တက်လှမ်းရန် ပြန်တော့မည်ဖြစ်သည်။ သို့သော် ထိုအချိန်တွင် အချိန်လေဟာနယ်စီးဆင်းမှုက ရေလှိုင်းကဲ့သို့ လှုပ်ရှားသွားသည်။

ခမ်းနားသော ပုံရိပ်ဆယ်ခုကျော်က တစ်ခုပြီးတစ်ခု ပေါ်လာပြီး လင်းယွမ်ကို ဝန်းရံလိုက်ကာ အချိန်လေဟာနယ်ဖြင့် ခွဲခြားလိုက်သည်။ ထျန်းယုမျိုးနွယ်၏ ဘိုးဘေးက တောင်ပံ ၂၄ခုကို စကြာဝဠာတစ်ခုလုံး ဖုံးလွှမ်းပြီး လင်းယွမ်ကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။

ကြောက်စရာကောင်းသော အော်ရာတစ်ခုက ပျံ့နှံ့လာပြီး အဆုံးမဲ့စွမ်းအားတစ်ခုက အချိန်လေဟာနယ်ကို လွှမ်းမိုးလာသည်။

" ဟင် " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားပုံရသည်။

ရုတ်တရက် ရောက်ရှိလာသော ပုံရိပ်များ၏ ရှေ့တွင် အလင်းနှစ်ထောင်ပေါင်းများစွာ ကျယ်ဝန်းသော အချိန်လေဟာနယ်တွင်းနက်များက အရေးမပါသကဲ့သို့ ဖြစ်သွားသည်။

" အခြားမျိုးနွယ်က အလွှာဆယ့်နှစ် ကြီးမြတ်သူတွေလား။ " လင်းယွမ်က အလွှာဆယ့်နှစ်​ ကြီးမြတ်သူဆယ်​ယောက်ကျော်ကို ကြည့်ပြီး ထိတ်လန့်ခြင်းမရှိဘဲ အနည်းငယ် အံ့ဩသွားရုံသာဖြစ်သည်။

" အချို့ကြီး​မြတ်သူတွေနဲ့ ကြောင်းကျိုးဆက်နွယ်မှုတွေက အများကြီး အားကောင်းလာတယ်။ " လင်းယွမ်က အနီးကပ်လေ့လာပြီး အကြောင်းရင်းကို ရှာတွေ့သွားသည်။

သူက ကြောင်းကျိုးဆက်နွယ်မှုများကို ယာယီတိုးမြှင့်ပေးနိုင်သော လျို့ဝှက်နည်းစနစ်များ ရှိသည်ကို သိထားသည်။ သို့သော် ကြီးမားသော တန်ဖိုးတစ်ခုကိုတော့ ပေးဆပ်ရန် လိုအပ်သည်။

All Chapters